Wednesday, March 31, 2010

အကြီးဆုံးဂဏန်းကြီး

အကြီးဆုံးဂဏန်းကြီး



ဗြိတိန်နိုင်ငံက ဂဏန်းကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဂဏန်းဖြစ်ပြီး ဆက်လက်ပြီးတော့ လည်း ကြီးထွား လျှက်ရှိ ပါသေးတယ် ။ ဒီအကောင်ကြီးကို အရွယ်အစားကြီးလွန်းတဲ့အတွက် ဂေါ်ဇီလာနဲ့ နှိုင်းယှဉ်ပြီးတော့ သူတို့က Crabzilla လို့ခေါ်ကြပါတယ် ။


ဒီCrabzilla ဟာ ဟိုဘက်လက်မ ကနေ ဒီဘက်လက်မထိ အရှည်တိုင်းကြည့်မယ်ဆိုရင် ၁၀ ပေခန့်ရှည် လျှား ပါတယ် ။ ပြီးတော့ ဒီကောင်ကြီးဟာဆက်လက် ကြီးထွားလျှက်ရှိပါသေးတယ် ။ ဒီကောင်ကြီးကို Pacific သမုဒ္ဒ ယာ ထဲမှာ ငါးဖမ်းသမားတစ်ဦးက ရေထဲမှာ ငါးဖမ်းနေစဉ် ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ပါတယ် ။ ဒီအကောင်ကြီးဟာ ပင်လယ် သမုဒ္ဒယာထဲမှာ အခုအချိန်အထိ အစားမခံရသေးတဲ့အတွက် ကံကောင်းသွားပါတယ် ။ ဘာကြောင့် လည်းဆိုတော့ ဂဏန်းသားဟာ အလွန်ပဲ ချိန်မြိန်ပြီး အသားစားရေသတ္တ၀ါ အများစုကလည်းနှစ်သက်ကြလို့ ပဲ ဖြစ်ပါတယ် ။ သင်ဒီကောင်ကြီးကို အပြင်မှာ မြင်တွေ့ဖူးချင်တယ်ဆိုရင်တော့ Brimingham မှ National Sea Life Center မှာ Crabzilla ကို အများပြည်သူတွေ ကြည့်ရှုလေ့လာဖို့အတွက် ပြသထားပါတယ် ။

စာရေးသူ.....သက်တန့်ချို (၃၁.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ၁၀ ပေ တောင်
    တော်တော် ကြီးတာပဲ ... ;

    ReplyDelete
  2. တော်တော်ကြီးတာပဲနော်
    စားလိုက်ရလို့ကတော့ အဟဲ :)

    ReplyDelete
  3. ဂဏန်းကြိုက်ပေမဲ့ကြီးလွန်းတော့ စားရမှာ ကြောက်မိတယ်..
    အင်း... အလှကြည့်ဖို့ပဲ ကောင်းမှာပါလေ...

    ReplyDelete
  4. အိမ်ကျယ်ဟာလေ တော်တော်ငတ်ကြီးကျတယ် စားမယ်ဆိုတာချည်းပဲ (အမှန်တော့ နာတော့လာတူနေလို့ နာအရင်မပြောရဘဲ သူအရင်ပြောလို့ အဟီးးး)

    အေးနော် မိသက် စားလိုက်ရရင် ဘယ်လောက်ကောင်းမလဲနော် ဟဲဟဲ

    ReplyDelete
  5. အော်မေ့လို့ vote လေးလဲ ပေးသွားပါတယ်နော်

    ReplyDelete
  6. အမလေး အပြင်မှာမတွေ့ပါရစေနဲ့ ။ ခုတောင် တော်တော်လန့်စရာပဲ။

    ReplyDelete
  7. သူဘယ်လောက်အထိဆက်ကြီးထွားနိုင်မလဲ မသိဘူးနော်။ အသက်လည်းအတော်ကြီးပြီနေမှာ။

    ReplyDelete
  8. ဂဏန်းစားချင်တာတောင် ပျောက်သွားပြီ...းး((

    ReplyDelete