Tuesday, March 16, 2010

ရှန်ဟိုင်းပြည်နယ်မှ အရက်ပုဇွန်ဆိတ်

ရှန်ဟိုင်းပြည်နယ်မှ အရက်ပုဇွန်ဆိတ်



ယခုအချိန်ကစပြီး ရှန်ဟိုင်းပြည်နယ်မှ မနှစ်မြို့ဖွယ်ကောင်းသော အစားအသောက်များကို တင်ဆက်ပေးပါ့မယ် ။ ရှန် ဟိုင်းပြည်နယ်သားအားလုံး လိုလိုဟာ အစားအသောက်နဲ့ပတ်သတ်ရင် နားမလည်နိုင်လောက်အောင် ဖြစ်ရ ပါတယ် ။ သူတို့ဟာ " ဟုတ်ကဲ့ ကျွန်တော်တို့ ရှန်ဟိုင်းသားတွေဟာ ရှန်ဟိုင်းပြည်နယ်က အစား အသောက် တွေကိုပဲ နှစ်သက်စွာ စားသုံးလေ့ရှိပါတယ် " လို့ အမြဲတမ်းပြောလေ့ရှိပါတယ် ။ သူတို့စကား မှန်ပါတယ် ။



တရုတ်ပြည်ဟာ ကြီးမားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ် ။ အဲဒီပြည်နယ်မှာပဲ မတူညီတဲ့ ချက်ပြုတ် နည်းအ မျိုး မျိုး ရှိ ပါ တယ် ။ တရုတ်ပြည်ပြင်ဖက်က အစားအစာတွေကိုလည်း တရုတ်ဖြစ်အစားအစာလို့ပဲ ခေါ်လေ့ရှိပြီး များ သော အားဖြင့် တောင်တရုတ်ပြည်နယ်မှ နှစ်ပေါင်းများစွာကတည်းက ချက်ပြုတ်နည်းတွေဟာ တည်ရှိ လာခဲ့ တာ ဖြစ်ပါတယ် ။ ဒါကြောင့် ရှန်ဟိုင်းပြည်နယ်ကို မသွားပဲနဲ့ သင်ဟာ ရှန်ဟိုင်းအစားအသောက်တွေကို စား သောက်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ပါဘူး ။

ရှန်ဟိုင်းအစားအသောက်အများစုဟာ ချွဲကျိတဲ့ အစားအစာများဖြစ်ပြီး အသီးအရွက်အစားအသောက်တွေ ချပေး တဲ့ ပန်းကန်ပြားတွေတောင်မှ ဆီဂျီးစော်နံနေလေ့ ရှိပါတယ် ။ ဒါပေမယ့် အဲဒီအထဲကို သကြား နှစ်စွန်း လောက်နဲ့ ဟင်းခတ်အမွှေးအကြိုင်ထည့်လိုက်ယုံနဲ့ ဘာကြောင့် အရသာပြောင်းလဲသွားပြီး သိမ်မွေ့သွား ရသလဲ ဆိုတာ မယုံကြည်နိုင်လောက်အောင် ပါပဲ ။



ဒါကြောင့် ရှန်ဟိုင်းစားတော်ဆက်တွေမှာ အသွင်ပြောင်းအစားအစာတစ်ခုအနေနဲ့ အရက်ပုဇွန်ဆိတ်ဆိုတဲ့ မီနူး တစ်မျိုး ထပ်တိုးလို့လာပါတယ် ။ သင်ဟာ စားသောက်ဆိုင်အများစုမှာ ပုဇွန်သုပ်အရက်စိမ်ပုဇွန် ပုဇွန်ပေါင်း စတဲ့ အရာတွေအများကြီး မြည်းစမ်းကြည့်ဖူးမှာပါ ။ ဒါပေမယ့် အဲဒါတွေအာလုံးဟာ ချက်ပြီးသားတွေ ဖြစ်ပါတယ် ။ ရှန်ဟိုင်းပြည်မှ အရက်ပုဇွန်ကတော့ အရှင်တွေဖြစ်ပါတယ် ။ ရှန်ဟိုင်းပြည်နယ်သားတွေဟာ ဒီမ နှစ်မြို့ဖွယ် ကောင်းတဲ့ အကောင်တွေကို အရှင်စားသောက်ခြင်းကို အထူးတလည် ပြောဆိုလေ့မရှိကြပါဘူး ။ အချို့သော အမေရိကန်လူမျိုးတွေလည်း ကရုကမာအရှင်တွေကိုစားသောက်လေ့ရှိပါတယ် ။ ဒါပေမယ့် ဒီပုဇွန် အရှင်တွေက တော့ သင်သူတို့ကိုစားသောက်ဖို့ ကြိုးစားနေချိန်မှာ သူတို့ရဲ့ လက်မတွေနဲ့ သင့်ကို ပြန်လည်တိုက် ခိုက်နိုင် ပါတယ် ။

အရက်ပုဇွန်ကို အိုးတစ်လုံးထဲထည့်ပြီး တည်ခင်းဧည့်ခံပါတယ် ။ သူတို့ဟာ ချိုမွှေးတဲ့အရက်ထဲမှာ ကူးခတ်လို့ နေပါတယ် ။ အရက်ထဲထည့်ရတဲ့ ရည်ရွယ်ချက်ကတော့ အညှီနံ့ကိုပျောက်စေပြီး ပုဇွန်အရှင်တွေကို တက် ကြွစေတယ်လို့ ဆိုပါတယ် ။ ဒါကြောင့် တက်ကြွတဲ့ ပုဇွန်ကို စားတဲ့ လူလည်း ဖျတ်လက်တက်ကြွမယ်လို့ အယူရှိပါတယ် ။ Nanjing လမ်းမကြီး swanky အပိုင်းမှ Shanghai Ren Jia ဆိုတဲ့ စားသောက်ဆိုင်မှာ ရနိုင်ပါတယ် ။ ဒီစားသောက်ဆိုင်က ရှန်ဟိုင်းအစာတွေကို သီးသန့်ရောင်းချပေးပြီး လူတွေဟာ နွားအစာ အိမ်ထဲမှ မွှေးပျံ့တဲ့ ဘီယာကိုလည်း သုံးဆောင်နိုင်ပါသေးတယ် ။



ဒီနွားအစာအိမ်ကလည်း ပျော့ပြောင်းနူးညံ့ပြီး အမြှောင်းလေးတွေပါရှိပါတယ် ။ အပြင်ပန်းကကြည့်မယ်ဆိုရင် စားချင် စဖွယ်မရှိပေမယ့် စားမိလိုက်တယ်ဆိုရင်ဖြင့် ဆွေမျိုးမေ့လောက်အောင်ပါပဲ ။



အရက်ပုဇွန်ရောက်လာလို့ အဖုံးဖွင့်ကြည့်လိုက်တဲ့အခါ ပုဇွန်အရှင်ကိုတွေ့ရပြီး စားပွဲထိုးမလေးတွေက ချက်ချင်း မစားခိုင်းပါဘူး ။ ပုဇွန်တွေဟာ အရက်ထဲမှာ အချိန်ကြာကြာကူးခတ်ဖို့ လိုတယ်လို့ ဆိုပါတယ် ။ အဲဒီအချိန်မှာ ပုဇွန်အရမ်းကို ဖျက်လတ်တက်ကြွတဲ့အချိန်ထိစောင့်ဆိုင်းနေချိန်မှာ စားပွဲထိုးမလေးတွေက အစား အသောက် တွေ အကြောင်း ရှင်းပြပြီးသင့်ကို ဘီယာတွေ ငှဲ့ပေးနေမှာ ဖြစ်ပါတယ် ။



ငါးမိနစ်လောက်ကြာပြီးတဲ့အခါ ပုဇွန်ဆီက အဆိပ်အတောက်တွေပြေပြီးတဲ့အခါ သင်နဲ့ ပုဇွန်ခေါင်း ချင်း ဆိုင်လို့ရပါပြီ ။ တူကိုကိုင်ပြီး သင်တိုက်ပွဲဆင်နွှဲရပါမယ် ။ ပုဇွန်လက်မမညှပ်မိအောင်လည်း ရှောင်တိမ်း နိုင်ရပါမယ် ။ ပုဇွန်ကို မိပြီဆိုရင် ပန်းကန်ပြားထဲထည့်ပြီး ခေါင်းကိုနွှာရပါမယ် ။ လက်မတွေကတော့ လှုပ်ရှား နေပါဦးမယ် ။ ဒါပေမယ့် ခေါင်းနွှာပြီးတဲ့အချိန်မှာတော့ နှေးကွေးသွားပါပြီ ။ ဒါဆိုရင် သင်စားလို့ရပါပြီ ။ အရမ်းကို နူးညံ့ပျော့ပြောင်းပြီး အရသာရှိတဲ့ အစားအစာပါပဲ ။

စာရေးသူ.....သက်တန့်ချို (၁၆.၃.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

17 comments:

  1. ကံငါးပါးထဲက တပါးကို ပျော်ပျော်ကြီးကျုးလွန်နေကြ တာပါ့ကော ။ စိတ်ပျက်စရာကောင်းတဲ့ လူတွေဗျာ။

    ReplyDelete
  2. ဟုတ်ပါ့ဗျာ အရှင်လတ်လတ်ကြီးတော့ မစားရဲပေါင်းD

    ReplyDelete
  3. ဟင်းးးးးးးးးးးးးး

    တစ်ခါစားဘို့ အတွက် သူ့ ပုဇွန်က ပါးစပ်ကို ထိုးတာ ခံရဦးမယ်။

    တရုတ်တွေက တော်တော်ထူးထူးဆန်းဆန်း စားတယ်နော်။

    တကယ်တော့ အရှင်မစားရဲဘူး။ သွားနဲ့ ကြိတ်လို့ ထွက်လာတဲ့အသံကို စိတ်ကူးကြည့်ရုံနဲ့ တင် ဖျားလောက်တယ်ဆရာ။
း)

    ReplyDelete
  4. အရှင်လတ်လတ်တော့ မစားချင်ပါဖူးဗျာ ငရဲကြီးမှာ

    ReplyDelete
  5. အောင်မလေး စဉ်းစားကြည့်ရုံနဲ့တောင် အသဲယားလိုက်တာ ... အဲဒီလှုပ်စိလှုပ်စိ ပုဇွန် အရှင်ကြီး ကို ပါးစပ်ထဲ ထည့်ဝါးဖို့ဆိုတာ ....

    ReplyDelete
  6. အစားပက်စက်တဲ့နေရာမှာတော့ သူတို့ကို ဘယ်သူကမှလိုက်မမှီဘူး
    သူတို့မစားရဲတာ ဘာမှမရှိ..
    ကင်းမြီးကောက်လို ကင်းခြေများလို အကောင်တွေလဲ မရှောင် စာတာပါဘဲ
    မျောက်တောင် ဦးနှောက်အရှင်ဖောက်စားတဲ့ သူတွေ..

    :(

    ReplyDelete
  7. ပုစွန် သွားဝယ်ရင် အသေပဲ ရှာဝယ်ရတာ တခါတလေ အရှင်ရောင်းတဲ့ ဆိုင်သွားပြီး အသေရှိလားမေးလို့ မျက်စောင်းထိုးချင်သေး တယ်။ အစား တလုတ်အတွက်နဲ့တော့ အဲဒီလောက်ကြီး မလိုအပ်ဘူးလို့ ခံယူထားတယ်။ ဗဟုသုတ တွေ ဖတ်ရတာကို ကျေးဇူးတင်မိတယ်။

    ReplyDelete
  8. အဲ ဒီ တီလုပ်တွေကတော့ ပြောမနေနဲ့ဗျိုးးး မျောက်ဦးနှောက်လဲ အရှင်လတ်လတ်ဖောက်စားတာ သူတို့ပဲမလား စိတ်ညစ်ထှာာအေ မိသက် နီပဲ အဲလိုမျိုးဟာတွေ ရှာရှာနဲ့ ဖွေဖွေ တင်တယ်အေ ဟွင့်
    အရှင်ကြီး စားချင်ပေါင်အေ အလကားပေးလဲ အစားဘူး တွားးးးးးးးးးး

    ReplyDelete
  9. စိတ်မချမ်းသာလိုက်တား(

    ReplyDelete
  10. တကယ်ကို စိတ်ညစ်စရာ ကောင်းနေပါရောလား ..

    ReplyDelete
  11. အင်းးး ဘီလူး ဆိုတာတွေပဲဖြစ်မှာ
    ဒါပေမဲ့
    အသားကတော့ဖြူပြီး မျက်စေ့မှေးနေတဲ့ ဘီလူး

    ReplyDelete
  12. တရုတ်တွေကိုကြည့်ရေုာင်၊ကိုယ်လဲတရုတ်သွေးပါတယ်၊
    တရုတ်ပြည်ကိုဘယ်တော့မှမသွားတော့ဘူး။

    ReplyDelete
  13. အဲလောက်ကြီးတော့ မစားရဲပါဘူး.. ပုစွန်အသေတွေကို အရက်နဲ့ ချက်ထား၊ ပေါင်းထားရင် တော်သေး.. :)

    ReplyDelete
  14. ရှာရှာဖွေဖွေကွယ်မစားရဲပါဘူးနော်အန်တီတို.ဗမာတွေနဲ.တော.မကိုက်ပါဘူးကွယ်တင်ပေးတဲ.အတွက်ကျေးဇူးမောင်သက်တန်.

    ReplyDelete
  15. အသဲယားတယ်ပြောရမလား အူယားတယ်ပြောရမလားဘဲ ကိုသက်တန့်ရေ...
    ကျေးဇူးတင်ပါတယ်... ညီမလေး နွယ်

    ReplyDelete
  16. ငါလခွီး

    ReplyDelete
  17. ငါ့လခွီး

    ReplyDelete