Monday, March 29, 2010

ကျွန်တော်နှင့် ကိုဘကြိုင်(ချဉ်ပေါင်ခြံ)

ကျွန်တော်နှင့် ကိုဘကြိုင်(ချဉ်ပေါင်ခြံ)


ကိုဘကြိုင်ကြီး တစ်ယောက် ရဟန်းဝတ်မယ်ဆိုတဲ့ သတင်းကို တနေ့က ဘလော့ထဲမှာ တွေ့လိုက်ရပါတယ် ။ ဒါနဲ့ အချိန်နဲ့ နေရာကို ကြည့်လိုက်တော့ သန္တာလမ်း ရန်အောင်ကျောင်းတိုက်ဝင်း အောင်သာဝ တီစာ သင်တိုက်ဆိုတော့ မြောက်ဥက္ကလာပ ထဲမှာ ဆိုတာ သိလိုက်ရပါတယ် ။ ဒါနဲ့ ကျွန်တော်လည်း မြောက်ဥက္ကလာ ပမှာ နေတာ ဆိုတော့ သူ့ကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ မနက် ကိုးနာ၇ီခွဲလောက်မှာ ကားစီးပြီး အောင်သာဝ တီစာသင်တိုက်ကို သွားခဲ့ပါတယ် ။ ကိုဘကြိုင်ကြီးနဲ့ တွေ့ရမှာကိုးး)

ကျောင်းတိုက်ဝင်းထဲလည်း ရောက်ရော ဘယ်သူမှ မတွေ့ဘူးခင်ဗျ ။ ဘုန်းကြီး တရားဟောသံတော့ ကြား နေရ တယ် ။ ကံကောင်းထောက်မစွာနဲ့ အဒေါ်ကြီး တစ်ယောက်နဲ့ ကလေးလေး တစ်ယောက်ကို ကျောင်းတိုက် အတွင်းပိုင်းမှာ လှမ်းတွေ့လိုက်တယ် ။ ဒါနဲ့ အဒေါ်ကြီးကို

" အန်တီ ဒီမှာ ကိုဘကြိုင် ဘုန်းကြီးဝတ်မယ် ဆိုလို့ ဟုတ်လားမသိဘူး "

" ရှင် ကိုဘကြိုင်မဟုတ်ဘူး ကျွန်မတူလေး သီဟဇော်ပါ "

" ဗျာဟုတ်လား "

အဲဒီအချိန်မှာပါ ဘေးနားက ကောင်လေးတစ်ယောက်က

" ဒေါ်လေး ဟုတ်တယ်ဟုတ်တယ် ကိုကြီး သီဟဇော်က ကိုဘကြိုင် ဟုတ်တယ်"

လို့ လှမ်းအော်ပြောပါတယ် ။ အောင်မလေး ဘုရားသိကြားမလို့ နို့မို့ဆို ပြန်ရကိန်း မြင်နေပြီ ။ ဒါနဲ့ သူတို့ လမ်းညွှန်လိုက်တာနဲ့ ၀င်ပေါက်နားက စာသင်တိုက်လေးဆီ ပြန်လျောက်ရပါတယ် ။ အပေါ်ထပ်ကို တက်သွား တော့မှ ဘုန်းကြီး က တရားဟော နေပြီး ကိုဘကြိုင်ကြီးက မိန့်မိန့်ကြီး ထိုင်လို့ ( ဘုန်းကြီးဝတ်ကြီးနဲ့နော်) ဘုန်းကြီး တရားဟောတာက ၁၀ နာရီခွဲမှ ပြီးပါတယ် ။ တရားဟောနေတုန်း ဘေးနားက မိန်းကလေး တစ် ယောက် ကို ကိုဘကြိုင်က ဒါပြီးရင် မန္တလေး ပြန်မှာလားလို့ မေးလိုက်တယ်။

" ရှင် ..ကိုကြီး သီဟဇော်က ဒီမှာပဲ နေမှာပါ ကျွန်မ က သူ့ညီမပါ သူမန္တလေး သွားမယ်လို့ တော့ မပြောသေးဘူး "

တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း သူ့ဘလော့မှာ ဖိတ်ထားလို့ လာရတာဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ် ။



ဒါကတော့ ဘုန်းကြီး တရားဟောနေတုန်း ကိုဘကြိုင်ကြီး အိပ်ငိုက် ( အဲလေ. ဟုတ်ပေါင် ) တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေတဲ့ပုံပါ ။ တရားဟောပြီးတော့ ရေစက်ချ ပြီးတော့ ကိုဘကြိုင်ကြီး မိခင်က ပိုက်ဆံတွေ ကြဲပါသေးတယ်။ ( ကျွန်တော်တောင် ၀င်လုမလို့ စဉ်းစားသေးတယ် ဟီး ) ဒါနဲ့ ကိုဘကြိုင်ကြီး သင်္ကန်းဝတ်ရုံပြင်ဝတ်နေတုန်း သူ့နား သွားပြီးတော့

" ဦးဇင်းဘုရား တပည့်တော်ကို သိပါသလားဘုရား”

“ မ..မသိ”

“ တပည့်တော် သက်တန့်ချိုပါဘုရား”

“ အော်..သက်တန့်ချိုလား”

ဆိုပြီး ဦးဇင်းက လက်ဆွဲနှုတ်ဆက်ပါတယ် ။ ပြီးတော့ ဦးဇင်း နဲ့ တွဲပြီး ဓါတ်ပုံတွေ ရိုက်ခဲ့ပါတယ် ။ ဦးဇင်းက ဘေးက လူတွေနဲ့ မိတ်ဆက်ပေးပါသေးတယ် ။

" ဟဲ့ ဟဲ့.. ဒါသက်တန့်ချို "

" သက်တန့်ချိုလား ဓါတ်ပုံရိုက်မယ် ဓါတ်ပုံ ရိုက်မယ် "

ဆိုပြီး အုပ်စုလိုက် ဓါတ်ပုံ တွဲရိုက်ခဲ့ပါသေးတယ် ။



ဦးဇင်းရဲ့ ဘွဲနာမည်က သုန္ဒရ လို့ သိရပါတယ် ။ ( လက်ဝဲ သုန္ဒရ အမတ်ကြီးကို သတိရမိသေးး) ) ဦးဇင်းက ၃၀ ရက်နေ့ လက်မှတ်ဖြတ်ထားပြီး မန္တလေးကြွမယ်လို့ သိရပါတယ် ။ ကျွန်တော်လည်း ဆေးခန်းအတွက် ဆေးဝယ်စရာရှိသေးတာနဲ့ ဦးဇင်းကို နှုတ်ဆက်ပြီး ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထမင်းကို မစားဖြစ်တော့ပဲ ပြန်ခဲ့ပါတယ် ။ ဓါတ်ခဲက အားနည်းနေတာကြောင့် ပုံတွေကိုတော့ အများကြီး ရိုက်မလာဖြစ်ပါဘူး ။



မှတ်ချက် ။ ။ ကိုဘကြိုင်ကို အသက်အကြီးကြီးထင်နေတာ တွေ့လိုက်တော့မှ ကျွန်တော့်ထက်တောင် အရွယ်က ငယ်ပြီး နုနေပါသေးတယ် ။ မလေးက ပြန်လာတာလို့ သိရပါတယ် ။ ကိုဘကြိုင်ကြီးရေ သူများတွေ သင်္ကြန်မှာ ပျော်နေကြတဲ့အချိန် တရားဘောင်မှာ ပျော်မွေ့မယ် ဆိုတဲအတွက် သာဓု သာဓု သာဓု ပါဗျာ ။

စာရေးသူ.....သက်တန့်ချို (၂၉.၃. ၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

14 comments:

  1. ဏီလင်းညိုMarch 29, 2010 at 10:33 AM

    ကိုသက်တန့်ရေ.......
    ဘလော့ဂ်ရေးသူအချင်းချင်းတွေ့ရတာ ပျော်စရာနေမယ်နော်...။
    ကိုဘကြိုင်ရေ......သာဓုဗျာ...သာဓု...သာဓု....။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. ကိုသက်တန့်ချိုရေ...
    မဥက္ကလာကဆိုတာရော....
    နောက်ပြီးတော့ တင်ထားတဲ့ ဓာတ်ပုံအရရော..
    ကျွန်တော် သိနေတယ်ထင်ပါတယ်....
    ကိုသက်တန့် မ/ဥ ထ(၁)ကျောင်းထွက်များလား ခင်ဗျာ...။

    ReplyDelete
  3. အော် .... ကိုဘကြိုင် ဘုန်းကြီးဝတ်မှ သက်တန့်ကိုလည်း တွေ့ရတော့တယ်နော်။း)

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. ကိုဘကြိုင်တော့ ဘုန်းကြီးဝတ်လေပြီ
    ကိုသက်တန့်က ဘယ်တော့တုန်း
    ဒါပေမဲ့ကိုသက်တန့်ကတော့
    ချိုကလေးနဲ့ ခွဲနိုင်ပုံမရလို့
    ဘုန်းကြီးဝတ်မဲ့ပုံတော့ မမြင်
    သင်္ကြန်မှာ အပြတ်ကဲမဟဲ့လို့
    အားခဲထားတဲ့ ပုံကြီးနဲ့း)

    ReplyDelete
  5. နှစ်ပါးလုံး အဲလေ..တပါး တယောက်..ကြည်ညိုဖွယ်ရာတွေ ချည့်ပါပဲဗျာ...

    ReplyDelete
  6. ဟုတ်ပါတယ်ကိုမိုးခေတ်ရေ ကျွန်တော်က ထ.၁ ကျောင်းထွက်ပါခင်ဗျား)

    ReplyDelete
  7. ချောရေ မှန်ပါ့ မှန်ပါ့ သင်္ကြန်ရောက်ရင် အပြတ်ကဲမယ့် ပုံ အဟား... အင်းလေ သူတို့များကျတော့ ကဲစရာလူ တွေနဲ့ ကျွန်တော်ပဲကဲစရာမရှိဖြစ်နေတယ်
    (မှတ်ချက်..ကြော်ငြာခြင်းမဟုတ်)အဟဲ
    ဒါပေမယ့် မန်းတလေးသူလေးတွေချောပါတယ်ဗျ

    ReplyDelete
  8. ကိုဘကြိုင်ရော မောင်သန့်တန့်ချိုပါ တစ်ခါတည်းမြင်ဖူးသွား
    ပါတယ်း)))

    ReplyDelete
  9. အကိုတော်က မြောက်ဥက္ကလာကလား
    ညီမလေးနဲ့ တူတူပဲ
    ညီမလေးက သန္တာ(3)လမ်းထဲမှာလေ ..

    ReplyDelete
  10. မြောက်ဥက္ကာအထက(၁)က ကိုး။ ကျမရဲ့ သူငယ်ချင်းတွေလည်း အဲဒီကျောင်းထွက်တွေပါပဲရှင်။ သူငယ်ချင်းတွေကိုတော့ ကိုသက်တန့်ချိုကို သိမယ်ထင်တယ်။

    ReplyDelete
  11. မြင်ဖူးသွာာာာားပြီ...........

    ReplyDelete
  12. ဘယ်သူပြောတုန်း တို့ သူကြီ်းကိုအရုပ်ဆိုးတယ်လို့ ..ဟွန်း
    မင်းသားရှုံးအောင်ချောတာကိုများ…
    :P

    ReplyDelete
  13. ကိုသက်တန့်ချို က မြောက်ဥက္ကလာ ကလား ညီမနဲ့တူတူပဲ
    ပြန်လာမှ လာတွေ့ဦးမယ် ကိုသက်တန့်ချို ရေးတဲ့စာတွေ ကို လည်းကြိုက်ပါသည်

    ReplyDelete
  14. အ.ထ. က (၁) ကပဲကို အဲ့ဒါကြောင့်မြင်ဖူးနေတာ ကျန်တဲ့ သူငယ်ချင်း အစ်ကို အစ်မ တွေလည်း ရှိရင်ပြောပြပေးကြပါနော်။ အ.ထ.က (၁) က လူတွေစုပီး FB မှာ ဖွဲ့မလို့ပါ

    ReplyDelete