Thursday, September 3, 2009

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား ( အပိုင်း ၂ )

ရွှေမြန်မာနိုင်ငံရဲ့ အလှအပတရား ( အပိုင်း ၂ )

ရွှေမြန်မာရဲ့ နံနက်ခင်းအလှ



ဧရာဝတီမြစ်ကြီးရဲ့ ဘေးမှာတည်ရှိနေတဲ့ ရွာငယ်လေးတွေရဲ့ နံနက်ခင်းအလှကို သင်ခံစားဖူးပါသလား။ ဧရာဝတီ မြစ်ကြီးရဲ့ ရွာနံနံက်ခင်းအလှကို ရိုက်ကူးထားတာဖြစ်ပါတယ် ။ အာရုံတက်ချိန်လေး ဖြစ်ပါတယ် ။ ဒီနေရာလေးကို ခံစားကြည့်လိုက်တာနဲ့ သင်တို့ ရွှေမြန်မာကို ပြန်လာချင်စိတ် တဖွားဖွား ပေါ်လာပါလိမ့်မယ် ။ ရင်သပ်ရှုမောဖွယ် အလှအပတွေကို သင်ငေးမော ခံစားကြည့်လိုက်ပါ ။ ကျွန်တော်လည်း အရမ်းလွမ်းပါတယ်... ဧရာဝတီကို... ။

ရာဇ၀င်တွေနဲ့ ပုဂံ





ပုဂံမြို့ရဲ့ နေ၀င်ချိန်အလှကလည်း စာဖွဲလို့မမှီလောက်အောင် ပြောင်မြောက်လွန်းလှပါတယ် ။ ပုဂံဟာ မြန်မာနိုင်ငံ ရဲ့ မြို့တော်တွေအနက်မှာ အလွန်လှပတဲ့ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်ပါတယ်။ နိုင်ငံခြားသား အများစုက အရှေ့တောင် အာရှတစ်ခွင်မှာ ပုဂံမြို့ ရဲ့ နေ၀င်ချိန်အလှ ဟာဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရအောင် လှပဆွဲဆောင်နိုင်တယ် လို့ ဆိုပါတယ် ။ နေ၀င်ချိန်အလှကို စောင့်ပြီး ကြည့်ရတာလောက် ဘယ်အရာမှ ဘ၀ရဲ့ အနှစ်သာရကို ပြည့်စုံစေမှာ မဟုတ်ပါဘူး ။ ပုဂံမြို့ရဲ့ ရာဇ၀င်တွေ ဘုရားတွေ ဂူဘုရားတွေက သင့်ရဲ့ နှလုံးသားကို စွဲဆောင်နိုင်မှာပါ ။

ကရ၀ိတ် ( ကန်တော်ကြီးပန်းခြံ)








မြန်မာနိုင်ငံဟာ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကန်တော်ကြီးပန်းခြံကို လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကတည်းက ပြန်လည် ပြုပြင်ခဲ့ပါတယ် ။ ကန်တော်ကြီးပန်းခြံဟာ အလွန်လှပပြီး သပ်ရပ် သန့်ရှင်း လှပါတယ်။အနားယူဖို့အတွက်တော့အကောင်းဆုံးနေရာလေးတစ်ခုပေါ့။ကန်တော်ကြီးပန်းခြံကနေရွှေတိဂုံဘုရား ကြီးကိုလည်း လှမ်းပြီးဓါတ်ပုံရိုက် နိုင်ပါသေးတယ် ။ မြင်ကွင်းကတော့ အရမ်းကို ပြီးပြည့်စုံတာပေါ့ ။

ရွှေမန္တလေး

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ် ။ အထင်ကရနေရာတွေနဲ့ အလှအပတွေ စုဝေးရာ နေရာလေးလည်းဖြစ်ပါတယ် ။မန္တလေးတောင်ကြီးကို လှမ်းမျှော်ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မတူလောက်အောင် ဆွဲဆောင်နိုင်ပါတယ် ။ နန်းမြို့ရိုးကလည်းရာဇ၀င်ထဲက မြန်မာတွေကို ပြန်မြင်ယောင်မိအောင် ဆွဲဆောင်နိုင်ပါတယ် ။

မန္တလေး နန်းမြို့ရိုး



မန္တလေးတောင်


ပင်းတယ



ရွှေကျောင်းကြီး


စာရေးသူ.... သက်တန့်ချို... ( ၃း၀၀ ညနေ ၃.၉.၀၉ )


11 comments:

  1. အရမ်းကိုကောင်းပါတယ်ဗျာ...

    ဧရာဝတီရဲ့ အလှကိုလည်းခံစားသွားပါတယ်..

    မရောက်ဖူးဘူးဗျ.. ပုဂံလည်း. မရောက်ဖူးဘူး..

    မန္တလေးကိုလည်း... မရောက်ဖူးဘူး

    နှံ့စပ်ချက်ကတော့ မပြောလိုက်ပါနဲ့ဗျာ...

    အခုရောက်သွားပါပြီး...

    ကျေးဇူးပါ ကို Sweet Rainbow...!

    ReplyDelete
  2. ရွှေမြန်မာရဲ့ အလှကို ခံစားသွားပါတယ်..


    မြန်မာပြည်ကို လွမ်းတယ်ဗျာ..


    ကျေးဇူးပါဗျာ....

    ReplyDelete
  3. မြန်မာပြည်ကတော့ လည်စရာကို မကုန်နိုင်ပါဘူး။ ၀ိုင်းတောင် ရန်ကုန်မှာနေတယ်ဆိုပေမယ့် ကရ၀ိတ်ကို ငယ်ငယ်က တစ်ခါပဲရောက်ဖူးတယ် ရှုခင်းတွေကြည့်ပြီး ပိုပြီး လွမ်းသွားပြီ....

    ReplyDelete
  4. ရန်ကုန်သားဆိုပေမယ့် မန္တလေးကိုလည်း သိပ်ချစ်တာမို့ အားလုံး အလွမ်းလွမ်းအဆွေးဆွေး..........း(

    ReplyDelete
  5. မြန်မာပြည်ကို သေချာ မလည်ဖူးဘူး။ ခု မောင်လေးကျေးဇူးနဲ့ ရောက်သွားပြီ လည်ရတာပေါ့လေ့နော့်။ ကျေးဇူး မောင်လေး မြန်မာ့ရှုခင်းကိုကြည့်ရင် မြန်မာ့ရင်တွင်းကို အစင်းသိရမယ်တဲ့ ဟုတ်တယ်နော် ကျေးဇူးပါမောင်လေး

    ReplyDelete
  6. ဧရာဝတီ နဲ့ ပုဂံက မြန်မာပြည်ရဲ့ အသက်
    တော်ရှည်ဘိုးဘိုးကြီးတွေလေ အိုလေ လှလေ
    စိုစိုမြမြနဲ့  ...ဘယ်အချိန်ကြည့်လေလှနေတာပဲ
    ညနေဆည်းဆာ ဆိုရင်တော့ မင်သက်ငေးငိုင်
    နေတာနဲ့ တင် ထမင်းငတ်သွားလောက်အောင်
    လှတယ် ကန်တော်ကြီး ကျပြန်တော့် ဘုရား
    ခြေတော်ရင်းမှာ ကရဝိတ်ကြီးတွေနဲ့ ကျက်
    သေရေရှိနေတယ်လေ .... မန္တလေးကိုရောက်
    ရင် ဇာတိမာန်လေးတွေတောက်တောက်လာ
    တယ် မန်းတောင် စစ်ကိုင်းတောင်တော်တွေ
    ဟာ ဘာသာတန်ခိုးနဲ့ ကျက်သရေရှိလွန်း
    တယ် .... နောက်ဆုံးပုံက ရွှေကျောင်းလား
    ကိုသက်တန့် ရ ကျနော့် စိတ်ထဲ မယ်နု အုတ် ကျောင်းလို့ ထင်မိတယ် (မသေချာပါ)
    အင်မတန် လှပပြီးကျက်သရေ ရှိလွန်းတဲ့ 
    မြင်ကွင်းတွေပေါ့
    ခင်မင်လေးစားလျှက်
    ရန်ကုန် :D

    ReplyDelete
  7. အမိမြန်မာပြည်ရဲ့ အလှအပတရားတွေကို ခံစားသွားပါတယ် သက်တန့်ချိုရေ
    ဓာတ်ပုံတွေ အရမ်းကောင်းတယ်ဗျာ
    တကယ့်ကို သဘောကျမိတယ်

    ReplyDelete
  8. ခံစားသွားတယ်ဗျာ မိုက်တယ်

    ReplyDelete
  9. ဓါတ်ပုံတွေရှုစားရင်း
    အိမ်ကိုလွမ်းသွားတယ်ဗျာ
    ပုဂံတော့မရောက်ဖူးသေးဘူး
    ရောက်အောင်သွားဦးမယ်ဗျာ

    ReplyDelete
  10. ပထမအကြိမ်ရောက်လာပါတယ်ဗျာ မြန်မာပြည်ကို ပိုလွမ်းမိစေတယ်ဗျို့, ပြန်ချင်နေတာ ထွက်သွားကတည်းကပဲ အခုလို့ အထင်ကရနေရာလေးတွေမြင်ရတော့ ပြန်ချင်စိတ်ပိုတောင် ဖြစ်မိတယ်ဗျာ

    ReplyDelete
  11. ကိုသက်တန့်ရေ
    ဒီပိုစ့်လေး အတွက်တကယ့်ကို ကျေးဇူးဗျို့။ ဧရာဝတီနဲ့ မြန်မာပြည် ကိုလွမ်းနေပါတယ်ဆိုမှ။ ဧရာဝတီရှုခင်းလေးတွေ ကျွန်တော်လည်း တင်ဖူးတယ် အားတဲ့ အခါ လာအားပေးပါဦး။ အဲ အောက်ဆုံးက ပုံကတော့ ရွှေကျောင်းကြီး မဟုတ်ဘူးခင်ဗျ။ မဟာအတုလဝေယံ ကျောင်းတော်ကြီး၊ ရွှေကျောင်းနားမှာပဲလေ။ ဒါကြောင့် ကိုသက်တန့်ရောသွားတာ နေမှာ။
    ရွှေကျောင်းကြီး အကြောင်းကို ကျွန်တော် ဒီမှာရေးဖူးပါတယ် http://ayeyawaddythar.blogspot.com/2009/08/blog-post.html


    နောက်လည်း မကြာမကြာ လာဖတ်မယ်ဗျို့၊ ဗဟုသုတ ရတယ်ဗျ ကိုသက်တန့် အိမ်က။
    အခုတော့ လင်ခ့် ယူသွားတယ်
    ခင်မင်လျက်
    ဧရာဝတီသား

    ReplyDelete