အနောက်က ဆင်ထိန်းက တကယ်တော့ ဆင်ကြီးကို တွန်းတင်နိုင်တဲ့ခွန်အားလည်းမရှိသလို တွန်းတင်ပေးနေတာလည်းမဟုတ်ဘူး 
နောက်မှာ သူ့လက်တင်ပြီး " မင်းအနောက်မှာ ငါရှိတယ် အားငယ်စရာမလိုဘူးဆက်ကြိုးစားပါ " ဆိုတဲ့ အဓိပ္ပါယ်နဲ့အားပေးနေခဲ့တာ 
ကိုယ်တို့ဘ၀တွေဖြတ်သန်းတဲ့အခါ .. လောကဓံဆိုတာ ကြမ်းတမ်းလွန်းပါတယ်
တခါတလေကိုယ့်အနောက်မှာ " မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် " ဆိုတဲ့ခံစားချက်မျိုး ပေးတတ်တဲ့ မိတ်ဆွေမျိုးရှိရင်လုံလောက်ပြီမဟုတ်လား။  
သက်တန့်ချို
၀၁ ဧပရယ် ၂၀၂၂
Friday, April 1, 2022
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
Tuesday, March 29, 2022
ဒီကမ္ဘာရယ် .. သံသရာ အဆက်ဆက်ရယ်
လက်ပြခဲ့ကြတာမှမဟုတ်ပဲ 
တော်ယုံဆို ပန်းတွေပွင့်နေရောပေါ့
ဒီကမ္ဘာရယ် .. 
သံသရာ အဆက်ဆက်ရယ် ။ 
အရာရာဟာ 
ကိုယ်နိုင်တဲ့ဇတ်မှာ "က" ခဲ့ကြယုံ 
ဒါဟာ ပုံပြင် တဲ့လား ။ 
ကိုယ့်လမ်းကိုယ်လျှောက်ကြတုန်းပေါ့ 
ခလုတ်မထိ ဆူးမညိစေဖို့ ဆုတောင်းကြယုံ 
မြေပုံအညွှန်းတိုင်းဟာ တိတ်ဆိတ်လွန်းခဲ့ ။ 
မခမ်းနားခဲ့ဘူးဆိုတောင် 
တောက်ပခဲ့ကြဖူးတာပဲမဟုတ်လား
အဆင်ပြေပါစေ ဆုတောင်းယုံနဲ့ 
နံနက်ခင်းတိုင်း... အေးချမ်းစေ ။ 
သက်တန့်ချို
၂၉ မတ်လ ၂၀၂၂
Monday, March 28, 2022
အားမကျနဲ့
တချို့ပြည့်စုံမှုတွေကို အားမကျနဲ့ 
ပြည့်စုံခြင်းတွေရဲ့နောက်ကွယ်မှာ
လစ်ဟာပေးဆပ်ခြင်းတွေကို သင်မမြင်နိုင်ဘူး ။ 
တချို့ကံကောင်းမှုတွေကို အားမကျနဲ့
ကံကောင်းမှုတွေအတွက် 
အရင်းအနှီးပေါင်းများစွာ ပေးဆပ်နေရတာ သင်မမြင်နိုင်ဘူး ။ 
တချို့ အောင်မြင်မှုတွေကို အားမကျနဲ့
အောင်မြင်ခြင်းတွေရဲ့နောက်ကွယ်မှာ 
ချနင်းခဲ့ရတဲ့ သိက္ခာတရားနဲ့ရိုးသားမှုတွေကို သင်မမြင်နိုင်ဘူး ။ 
သက်တန့်ချို
၂၈ မတ်လ ၂၀၂၂
Thursday, April 1, 2021
အလကား လူ
ဘယ်လောက်ပဲ တရားထိုင်ထိုင်
ဘယ်လောက်ပဲ အလှူတွေလုပ်လုပ်
ဘယ်လို ဘွဲ့ထူးတွေပဲရရ
လူလူချင်း .. ကိုယ်ချင်းစာတရားမရှိရင်
သင်ဟာ
" အလကားလူ " ပါပဲ ။
သက်တန့်ချို
1.4.2021
Monday, March 29, 2021
အလင်းနှစ်
အလင်းနှစ်
သံသရာဟာရှည်လျား
ခရီးသွားသူတစ်ယောက်ရယ်ပါ
ရယ်လိုက် ငိုလိုက်
ချစ်လိုက် မုန်းလိုက် နဲ့ပေါ့ ။
ဒီနှစ်ကောင်းကင်မှာ
အလင်းတွေပွင့်ခဲ့သလို
ဒီနွေရဲ့ရိုးပြတ်တွေမှာ
ကဗျာတွေ တိတ်ဆိတ်ငြိမ်သက်လို့ ။
အာရုဏ်မတက်မချင်း
အမှောင်ကိုသည်းခံမယ်
အိပ်မက်တွေ အရောင်ခြယ်တဲ့အခါ
ကျေးဇူးပြု၍ ငါ့ကိုလည်းခေါ်ပါ ။
ဒီတစ်ရက် ဒီတစ်နှစ်မက
နောင် အနာဂါတ်တိုင်းမှာ
ပွင့်လင်းဝေသီ
တေးတွေသီပါစေ .. ။
သက်တန့်ချို
29.3.2021
 

 



