Wednesday, June 29, 2011

Access has been denied

Access has been denied




အင်း .. မိုးနတ်မင်းကြီးကို အတိုင်တည်ကောင်းလိုက်တာ အခုတော့ အနီစာတမ်းလေးလာချိတ်သွားပါကလား ။ Action and responce အရမ်းမြန်တာကိုတော့ ချီးကျူးတယ်ဗျာ ။ ကဲထားပါတော့ ဘလော့လေး ပိတ်သွားတော့ နိုင်ငံခြားကလူတွေအတွက်တော့ ဘာမှမထူးပေမယ့် မြန်မာပြည်က ၀င်ဖတ်နေ တဲ့စာဖတ် သူတွေအတွက်တော့အ ထူးပဲ ၀မ်းနည်းပါတယ်ဗျာ ။ ဒိုမိန်းအသစ်ပြောင်းဖို့ စဉ်းစားပါဦးမယ် ။ လောလော ဆယ်တော့ သိပ်မကြာခင်ကပဲ တစ်နှစ်စာ ပေးချေထားတဲ့အတွက်မပြောင်းဖြစ်သေးပါဘူး ။ လောလောဆယ် Favicon လေးပြောင်းထားပါတယ် ။ ပြောင်းနည်းကိုလည်းမကြာခင်ပို့စ်ရေးပြီးတင်ပေးပါ့မယ် အရမ်း လွယ်ပါ တယ် ။

ကဲ ကျွန်တော်ကပဲ ဥာဏ်တုံးလွန်းနေတာလားမသိပါဘူး ။ နားမလည်တာတွေရှိသေးတယ် ဗျ ။ ကျွန်တော့်လိုပဲ blogger hosting သုံးပြီးတော့ ဒိုမိန်းချိတ်ထားတဲ့ 18+ ဆိုက်တစ်ချို့ရှိတယ်ဗျ ။ တစ်နေ့တစ်နေ့ ကို လူပေါင်း မနည်း ဘူး ဆိုပါတော့ဗျာ ။ အဲဒီဆိုက်တွေကျတော့ အပိတ်မခံရဘူးဗျ ထူးတော့ထူးဆန်းနေသလားလို့ ။ ကျွန်တော် သိချင်တာတွေက

၁ ။ မည်သို့သော ဆိုက်များကို ပိတ်ပါသနည်း ။ ( ကျွန်တော် ရတနာပုံတယ်လီပို့က သူငယ်ချင်း တစ်ယောက် ကပြောတာတော့ ဆိုက်တွေနဲ့ဒိုမိန်းတွေကို မဘမ်းပါဘူးတဲ့ အရမ်းဆိုးမှသာ By Name နဲ့ ဘမ်းတာ ပါတဲ့ ကိုသက် တန့်ဘလော့ကိုလည်း ဒီကနေ ၀င်ဖတ်နေတဲ့ ပရိတ်သတ်တွေအများကြီးပါတဲ့ google ကနေ service ပေး ထားတဲ့ဟာတွေကိုပဲ ပိတ်တာပါတဲ့ ) အဲဒလိုပြောပြီး နောက်တစ်ရက်လည်းကျရော အနီစာ တမ်းလေး က အခန့်သားလေးပေါ်လာရောခင်ဗျ ။

၂ ။ မည်သည့်ရည်ရွယ်ချက်ကြောင့် ဒိုမိန်းများကို ဘမ်းပါသနည်း ။ ( အရေမရ အဖတ်မရရေးလို့ လူတွေကို အဆိပ် အတောက်ဖြစ်စေလို့ ဘမ်းတယ်ဆိုလည်းထားပါတော့ အခု သာမန် ကဗျာစာရေးတဲံ့ဘလော့တွေပါ ဘမ်းနေတာတွေ့ရတော့ စိတ်မကောင်းပါဘူး )

၃ ။ မည်သည့်အချိန်ထိ website များကို ပိတ်ထားမှာ ပါလဲ ။ ( အကန့်အသက်မရှိလား ၊ တစ်နှစ်လား ၊ ဆယ်နှစ် လား အချိန်အတိုင်းအတာ တစ်ခုထိဆိုလည်း အရိပ်အမွက်လောက် အဲဒီအချိန်အတိုင်းအတာကိုသိချင်ပါတယ် ။ )

၎ ။ အနီရောင်စာတမ်းချိတ်ရခြင်း၏ Ban words များကိုသိလိုပါတယ် ။ ( ပို့စ်ထဲမှာ ဘယ်လိုစာ လုံးတွေ ထည့်မရေးသင့်ပါဘူးလဲ ၊ ဘယ်လိုအဓိပ္ပါယ်တွေမရေးရပါဘူးလဲ ဒါမှ အပိတ်မခံရသေးတဲ့ ဒိုမိန်းချိတ် ထားတဲ့ ဘလော့တွေ ရှောင်ကြဉ်လို့ ရနိုင်အောင်ဖြစ်ပါတယ် )

၅ ။ Access has been denied ဖြစ်နေတဲ့ ဒိုမိန်းတွေ ဟာ ပြန်ပွင့်ချင်ရင်မည်သို့ ပြုလုပ်ရပါမည်လဲ ။ ( ဒိုမိန်းအ သစ်တစ်ခုပြောင်းရမှာလား ၊ ဒါမှမဟုတ် ???? )

ဘာရယ်မဟုတ်ပါဘူး ။ အခုတလော အလုပ်ပိနေလို့ ပို့စ်ကောင်းကောင်းမရေးနိုင်သေးပါဘူး ။ နောက် ပိုင်းဆေး ပညာဆိုင်ရာတွေများများတင်ပေးသွားမှာဖြစ်ပါတယ် ။ မြန်မာပြည်က စာဖတ်သူတွေ ကတော့ လောလော ဆယ် ကျော် ခွပြီးကြည့်ကြပါကုန် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

2 comments:

  1. အဲဒါကြီးက လုံးဝကို မမိုက်ဘူး သူကြီးရေ၊၊ ကြည့်ရတာ နာမည်လေးနည်းနည်းကြီးတာနဲ့ မနာလိုဖြစ်ပြီး ဘန်းတာနေမှာ ဟိဟိ ဥာဏ်မှီသလောက် စဉ်းစားကြည့်တာပါ၊၊ သူကြီးက ဘာမှလဲ ညိစွန်းအောင် ရေးတာ မဟုတ်ပဲနဲ့ လိုက်ဘန်းတာကတော့ လွန်ပါတယ်၊၊

    ReplyDelete
  2. အင်း...ရှိတာတွေကို ရှိပါစေလေ...ဖြစ်တာတွေကို ဖြစ်ပါစေလေ...သဘာဝဟာ သဘာဝပါ...ဆိုတဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ သီချင်းကိုပဲ ဆိုပြလိုက်ချင်တော့တာပဲ...ဒါမှ အားမရရင်လည်း...ကိုစိုးပိုင်ရဲ့ သီချင်း...စောင့်စားရင်း စောင့်မျှော်...တစ်နေ့တော့ ဖြစ်လာမှာပါ...ဆိုတာကိုပဲ ထပ်ဆိုပြချင်ပါရဲ့...ဘာပဲဖြစ်ဖြစ် ရေးစရာရှိတာကိုသာ ဆက်ရေးပါလေ...စေတနာမှန်ရင် ကံကောင်းပါလိမ့်မယ်...

    ReplyDelete