Monday, June 6, 2011

Yeti ဂဏန်း

Yeti ဂဏန်း




ဒီထူးထူး ဆန်းဆန်း ဂဏန်းကောင် Yeti carb ကိုနောက်တစ်မျိုးအနေနဲ့ Kiwa hirsuta လို့ လည်းခေါ် ပါသေးတယ် ။ ၂၀၀၅ ခုနှစ်မှာ တောင်ပစိဖိတ်က ပင်လယ်ရေအောက် အနက် ၇၂၀၀၀ ပေ အနက်မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။ တွေ့ရခဲတဲ့အကောင်မို့ ရှာရှာဖွေဖွေ တင်ပြပေးလိုက်ပါတယ် ။

Yeti ဂဏန်းမှာ များစွာသော ချောမွေ့ပြောင်လက်သော အမွှေးနုလေးများပါရှိပြီး သိုးမွှေးနဲ့ဆင်တူလှပါတယ် ။ အဲဒီအမွှေးလေးတွေမှာ ရှည်မျောမျော တုတ်ချောင်းပုံစံ ဘတ်တီးရီးများ ( filamentous bacteria)များပါရှိပြီး သူတို့နေ ထိုင်ရာ အနက်လောက်မှာရှိတဲ့ အဆိပ်အတောက်ထုတ်လွင့်တတ်သော hydrothermal emission မှ အဆိပ်အတောက်ပစ္စည်းတွေကို အဆိပ်ဖြေပေးခြင်း detoxify လုပ်ပေးတယ်လို့ သိရပါတယ် ။


www.thettantvillage.com
သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment