Friday, June 24, 2011

Blogspot များပြန်လည်ဖွင့်ပေးခဲ့ရင်....

Blogspot များပြန်လည်ဖွင့်ပေးခဲ့ရင်....




မိုးနတ်မင်းကြီးရေ

အခုဆိုရင် အခြေအနေအရပ်ရပ်တွေ ပြောင်းလဲသွားပြီလို့ ဂျာနယ်တွေရော စာနယ်ဇင်းတွေမှာပါ မီဒီယာ လွပ်လပ်ခွင့်တွေ ရလာပြီလို့ ကြားသိနေရပါတယ် ။ ဒီတော့ မြန်မာနိုင်ငံရဲ့ နည်းပညာနဲ့တခြား အင်တာ နက်ဆိုင်ရာ ဗဟုသုတများ ဖွံဖြိုးတိုးတက်လာဖို့အတွက် နည်းလမ်းပေါင်းစုံ အရှိန်အဟုန်မြှင့် လုပ်ဆောင် ရမယ့်အခြေအနေကိုရောက်ရှိလို့လာပါပြီ ။ ကာလတစ်ခုကြာအထိ Blogspot ဆိုက်များကို Blog စာလုံးမှန်သမျှ Access deined ဖြစ်နေတာ အားလုံးသိကြပြီး ဖြစ်ပါတယ် ။ ဒါဟာလည်း အရင်တုန်းက အခြေအနေအရ ယာယီပိတ် ထားတာမျိုးပဲ ဖြစ်သင့်တာပါလို့ ကျွန်တော်ရိုးသားစွာ မြင်မိပါတယ် ။ ဒီတော့တစ်ခုခုကို ပိတ်ထား တယ်ဆို ကတည်းကတော့ ရည်ရွယ်ချက်တွေရှိရမှာပါ ။ ဘာလို့ ပိတ်ထားတာလည်းဆိုတာကို ပြန်လည် ဆန်း ဆစ် ကြည့်တော့

၁ ။ အစိုးရရဲ့ Policy ကို ထိပါးသော မဟုတ်မမှန်လုပ်ကြံရေးသားသော နိုင်ငံရေးဘလော့များ
၂ ။ မိဘပြည်သူ မောင်နှမအချင်းချင်း သားအမိအချင်းချင်းကြည့်ရှူရင်မသင့်တော်သော 18+ ဘလော့ပို့စ်များ

ကျွန်တော်စဉ်းစားကြည့်မိသလောက်တော့ အထက်ပါ အကြောင်းအချက် ၂ ရပ်ကြောင့်လို့ထင်တာပါပဲ ။ ဒါပေ မယ့် ကျွန်တော်နိုင်ငံရေးကို ထဲထဲဝင်ဝင်နားမလည်သေးတာရယ် တချို့အကြောင်းအ ရာတွေကို လေးလေး နက် နက်မ စဉ်းစားတတ်သေးတာကြောင့်များလားတော့မသိပါဘူး ။ အခုထိ ကျွန်တော်အဖြေရှာမ ရတဲ့ မေး ခွန်းတွေ ရှိပါသေးတယ် ။ Ban တယ်ဆိုတာ blogspot နဲ့ blog ဆိုတဲ့ စာလုံး၂လုံးကို ဘမ်းလိုက် တဲ့အ တွက် ကျွန်တော်တို့ အားလုံးအောက်ပါ ဒုက္ခများကို လတ်တလော ကြုံတွေ့နေရပါတယ် ။ ဒါ မြန်မာပြည်က ဘလော့ရေး သားခြင်းကို သေလောက်အောင်ရူးသွပ်တဲ့ ဘလော့ဂါများ (ကျွန်တော်အပါအ၀င်) ကိုဆိုလိုပါတယ် ။

၁ ။ ကျော်ခွပြီး ၀င်ရတဲ့ ဒုက္ခတွေကြုံရပါတယ် ။ တချို့ဆို Proxy တွေကို ဈေးကြီးကြီးနဲ့တစ်လ တစ်ခါ ၀ယ်သုံးနေ ကြရ တယ် ။ တခါတလေ ငါ ဘလော့ ၀င်တာ တစ်ခုခုများ ငြိနေသလား ငါစာရေးနေတာ ဘလော့မှာရေးနေတာ သတိပေး များခံရမလား သို့လောသို့လောနဲ့ ကျွန်တော် depression တွေ တောင် ၀င်မိတယ် ။ ဘာလို့လည်း ဆိုတာ့ Access Denied ဆိုတဲ့ အနီရောင်စာတမ်းကြီးကျွန်တော်တို့က proxy တွေ ဆော့ ၀ဲတွေသုံး ပြီး ကျော် ခွဝင်မိတာကိုး ။ ဘုရား ဘုရား ကျွန်တော်တို့ အပစ်တစ်ခုကို ကျူးလွန်နေ မိကြတာလား ။ အင်း ဒါလည်းမ ဟုတ်သေးပါဘူးလေ ။ စာရေးသားဖို့နဲ့ ကိုယ်ပိုင်အတွေးအရေးလေတွေမျှဝေဖို့က ဘလော့စပေါ့က အကောင်း ဆုံးပဲ လို့ ဆိုရင် လူတိုင်းငြင်းနိုင်မယ်မထင်ဘူး ။ဒါဆို တစ်ခုတော့ပြောစရာရှိတယ် wordpress သုံးပေါ့ မဘမ်း ထားပါဘူး https လေးနဲ့ဝင်ရင်ရတာပဲလို့ပြောကြလိမ့်မယ် ။ blogspot လောက် wordpress ဟာ စာရေး သူတွေနဲ့ familier မဖြစ်ဘူးဆိုတာ ကျွန်တော်တို့ ၀န်ခံရပါလိမ့်မယ် ။

၂ ။ တခါတလေ အင်တာနက်ကွန်နက်ရှင်ကလည်းကျ ၊ ကိုယ်သုံးနေတဲ့ Ultrasurf တို့ Freegate တို့ Freedom တို့က လည်း အသုံးမကျပဲ လိပ်ကအဖေခေါ်ရလောက်အောင်နှေးနေရင်တော့ အဲဒီတစ်နေ့လုံး က နေမထိထိုင်မ သာ နဲ့ ဖျားချင်သလိုလိုဖြစ်နေပြန်ရော ။

၃ ။ ကိုယ်က အပင်ပန်းခံပြီး ပို့စ်တွေကျော်ခွတင်ပြီးတဲ့အခါမှာလည်း မြန်မာကလူတွေကိုမေးကြည့်တော ဟင့်အင်း အနီစာတမ်းကြီးပဲပေါ်နေတယ် နင်ဘလော့လုပ်ထားတယ်ဆိုတာ လာမလိမ်နဲ့လို့ ပြောတဲ့သူနဲ့တောင် လာကြုံရသေး တယ် ။ ဒီတော့ ကျွန်တော့်ရဲ့မတောက်တခေါက် ဘလော့ပေါက်စလေးကနေပြီး အကြံ ခပ်သေးသေးလေးတွေပေး ကြည့်ချင်ပါတယ် ။

အကယ်၍ မိုးနတ်မင်းကြီးအနေနဲ့ တကယ့်ကို တိုင်းပြည်လုံခြုံအေးချမ်းသာယာရေးအတွက် နဲ့ အများပြည် သူအတွက် တကယ်ကြည့်ဖို့မသင့်တော်တဲ့ ဘလော့အချို့ ကို Selection နည်းနဲ့ ဘမ်းတဲ့ စနစ်ကို ရှာဖွေကြည့်စေ ချင်ပါတယ် ။ အခုလိုမျိုး ဘလော့စပေါ့တွေ အကုန်လုံးကိုတော့ မပိတ်ထားစေချင်ပါဘူး ။ ကျွန်တော် သုတ ၊ ရသ ၊ ဘာသာ ပြန် ၊ ဆေးပညာ ၊ နဲ့ တခြား စာဖတ်သူတွေကို တစ်ခုခုပေးချင်လို့ ဘလော့လေးကို လုပ်ထားမိပါတယ် ။ ဒီတော့ မြန်မာက လူတွေဖတ်စေချင်ရင်တစ်နည်းပဲရှိပါတယ် ။ အဲဒါကတော့ Domain ၀ယ်ပြီးတော့ ဘလော့မှာ ချိတ်တဲ့နည်းပါပဲ ။ ဒါဟာလည်း အပေါ်ယံအခွံကို ချိတ်တာသာဖြစ်ပြီး ကိုယ့် Template ရဲ့ ပုံတွေပေါ်စေချင်တယ်ဆိုရင် Photobucket လိုမျိုး Ning လိုမျိုး Facebook လိုမျိုး Hosting တွေမှာ သွားပြီး ပုံတွေတင် လင့်တွေ ပြန်ပြောင်းရပါတယ် ။ ကျွန်တော့်ဘလော့ဆို ရင် အဲဒီလိုလုပ်ထားခြင်းဖြစ်ပါတယ် ။အရမ်းကို အချိန်ပေးရပြီး code တွေကိုင်ရတာဖြစ်တဲ့အတွက် တစ်ခုခုမှားရင်လည်း Template က ပျက်သွားနို င်ပါသေးတယ် ။ အဲ အဲဒီလို ဒိုမိန်းချိတ်လိုက်ပြန်ရင်လည်း By Name နဲ့ ဒိုမိန်းဘမ်းထားရင် မပေါ်လာပြန်ပါဘူး ။ အနီစာတမ်းကြီးက နေရာယူနေပြန်ရော ။ ဒီနေရာမှာ ကျွန်တော်လုံးဝနားမလည်တဲ့ အရာတစ်ခုရှိပါတယ် ။ ကိုယ့် ကိုယ်ကိုယ် ဥာဏ်မမှီဘူးလို့ပဲထင်ပါတယ် ။ www.99sanay.com နဲ့ www.health.ngoinmyanmar.org လိုမျိုးဆိုက်တွေကို ဘာလို့ domain တွေကို နာမည်နဲ့ ဘမ်းထားလည်း မသိတာပါပဲ ။ နိုင်းနိုင်းစနေဘလော့ဟာ ကျွန်တော် အသေးစိတ်ရှာကြည့်သလောက်တော့ ဘာ နိုင်ငံရေးနဲ့ 18+ ပို့စ်တွေတစ်ပုဒ်မှမရှိပါဘူး ။ တကယ့်ကို စာအရေးအသား ညက်ညောပြီး ကျွန်တော်တို့အခုခေတ်လို စိတ်ဖိစီးမှုများတဲ့ခေတ်မှာ စိတ်ခံစားမှု ခွန် အားတွေပေး စွမ်းနိုင်တဲ့ ဘလော့တစ်ခုဖြစ်ပါတယ် ။ Public Health In Myanmar ဆိုရင် စာဖတ်သူတွေ အတွက် တကယ်အကျိုးရှိတဲ့ ဆေးပညာ လေးတွေတင်ပေးနေတာဖြစ်တဲ့အတွက် အဲဒီဆိုက်ကို ပိတ်ထား တာကိုလည်း နားမလည်ပါဘူး ။

အထက်ပါဘလော့ ၂ ခုအပြင် တခြားစာဖတ်ရတာ အရမ်းကောင်းတဲ့ ဗဟုသုတတွေအများကြီးရစေမယ့် ဘလော့တွေ အများကြီးရှိပါသေးတယ် ။ ရေတွက်လို့ကို မကုန်နိုင်အောင်ပါပဲ ။ ကျွန်တော် ဒီပို့စ်လေးမရေးခင်က စဉ်း စားကြည့် ပါသေးတယ် ။ အင်းငါ့ဘလော့အခုထိတော့ ပွင့်နေတယ် ဒါပေမယ့် ဒီပို့စ်ရေးလိုက်မှ အနီရောင် ကြီးရောက် လာမလားဆိုပြီးတော့ပေါ့ ။ ပြီးတော့ လည်း အီလက်ထရောနစ် ဥပဒေတွေဘာတွေ လည်းရှိသေးတော့ ကျွန်တော်အခုရေးတဲ့ဘလော့ဟာ သာမန်လူသားတစ်ဦးက သူ့စိတ်ထဲရှိနေတဲ့ အတွေးတ ချို့ကို စာလုံး လေးတွေအဖြစ်ချရေးသားခြင်းဖြစ်တယ်လို့ပဲ ယူဆစေချင်ပါတယ် ။

နောက်တစ်နည်းကတော့ မြန်မာပြည်က တကယ်ဘလော့လုပ်ချင်တဲ့သူတွေကို register နည်းနဲ့ လုပ်တဲ့နည်းလေး များ ရှိမလားလို့ပါ ။ ဥပမာ ဘလော့လုပ်ချင်တဲ့သူတွေ ကို Hosting ပေးမယ် Blogger ဖွင့်ပေးမယ် ။ ဒိုမိန်းတွေဘာတွေချိတ်ပေးမယ် ဒီအတွက် service fees ယူပေါ့ ။ အင်း ဒါကလည်း တွေးသာတွေးတာပေါ့ သိပ်တော့မလွယ်ဘူး ။ လူတိုင်းက ရတဲ့အချိန်လေး ဘလော့ လေး အမြန်တင် ရတာဆိုတော့ ပိုက်ဆံတွေဘာတွေ အများကြီး ပေးပြီး လုပ်ရမယ်ဆိုရင် လုပ်ဖြစ်ကြမယ်မထင်ပါဘူး ။ အကောင်းဆုံး နည်းကတော့ Blogger ကို ပြန်ဖွင့်ပေးပြီး ဘမ်းချင်တဲ့ဆိုက်တွေကို Selected ban စေချင်ပါတယ် ။ ဒါမှ သာမန် ကဗျာလေးစာရေးရေးနေတဲ့ဘလော့တွေ ( ကျွန်တော့်ဘလော့အပါအ၀င် ) အကုန်လုံး ၀မ်းမြောက် ၀မ်းသာနဲ့ ဘလော့လောကကြီးတရှိန်ထိုး တိုးတက်လာမှာဖြစ်တယ်လို့ မြင်မိပါတယ် ။ Facebook မှာတောင် နာမည်ကို selection နဲ့ ပိတ်ထားလို့ရသေးရင် Blogger မှာလည်းရလောက်မယ်လို့ထင်ပါတယ် ။

ဒီပို့စ်လေးဟာ တစ်နေ့တစ်နေ့ ပရောက်ဆီတွေ ရှာရ ဆော့ဝဲတွေ run ရ နဲ့ စာလေးတစ်ပုဒ်တင်ဖို့ကို ၂ နာရီလောက် အချိန်ပေးနေရတဲ့ မြန်မာပြည်က ၀ါသနာရှင်စာရေးသူတွေရဲ့ ဒုက္ခကို ထင်ဟပ်မိစေဖို့ပဲဖြစ်ပါတယ် ။ ကဲ မိုးနတ်မင်းကြီးရေ ကျွန်တော်တို့ကို ဒီအတိုင်းပစ်မထားပါနဲ့ဗျာ ။ ကြည့်ရှုစောင့်ရှောက်တော်မူပါ ။ အမိုက်အမဲတွေ မို့ အပစ်ရှိလည်း သည်းခံတော်မူပါ ။

ဝါသနာရှင် ၊ ဘလော့ရေးခြင်း ရူးသွပ်သူ

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

12 comments:

  1. ဟားးးးးးးး မိုးနတ်မင်း ကြီး ကို ကိုသက်တန့် နဲ့ အတူ ရွှေစင်ဦး လည်း ပန်ကြားပေးပါမယ်

    ကဲ မိုးနတ်မင်းကြီးရေ ကျွန်တော်တို့ကို ဒီအတိုင်းပစ်မထားပါနဲ့ဗျာ ။ ကြည့်ရှုစောင့်ရှောက်တော်မူပါ ။ အမိုက်အမဲတွေ မို့ အပစ်ရှိလည်း သည်းခံတော်မူပါ ။

    ရွှေစင်ဦး
    မြန်မာဘလော့ဂ်ဂါ

    ReplyDelete
  2. အင်း အားပေးသူတစ်ယောက်တော့ ရောက်လာပြီ ဟိဟိး)

    Fighting !! we are myanmar bloggers !!!

    ReplyDelete
  3. ဟိတ် ကောင်လေး သက်တန့်..

    ဘာ အပိုတွေ မှ တွေးမနေနဲ့..
    ဘာမဆလာတွေမှ ရောမနေနဲ့
    ဦးနှောက်ခြောက် ဦးနှောင်ချောင်ခံပြီး ဘာမှ စဉ်းစား မနေနဲ့ ကွ...

    ဒီဘလော့တွေ စပေါ့ တွေ ကို ငါ ပိတ်ချင်လို့ ပိတ်တယ်ကွာ..
    ဒါ ဗြဲ... ဘာအကြောင်းပြချက်မှ မလိုဘူး.. ဟားဟားဟား

    ပုံ/
    မင်းတို့ထက် လည်တဲ့
    မိုးနတ်မင်းကြီး..( www .အဝီဇိ.com )

    ReplyDelete
  4. တောင်ကြီးပြန်တုန်းက အင်တာနက်ဆိုင်ကနေ ဘလော့မှာ စာတွေတင်ဖူးပါတယ်.. စာမတင်ခင် နာရီဝက်လောက်က သူငယ်ချင်းတွေနား Proxy တွေ လိုက်တောင်းရပါတယ်။ အဲဒီနေ့ Proxy မရရင် စာတင်လို့မဖြစ်တော့ပါဘူး... ဒါကြောင့် ပြည်တွင်းထဲက ဘလော့ဂါဝါသနာရှင်တွေကို ကိုယ်ချင်းစာမိပါတယ်။

    99sany.comကို ဘာလို့ဘန်းထားသလဲဆို ဒိုမိန်းကသာ ဝယ်ထားတဲ့ဒိုမိန်းဖြစ်ပြီး ဘလော့က blogspotအောက်မှာရှိနေသေးလို့ ထင်ပါတယ် :P
    ဘလော့တွေ မြန်မာပြည်မှာ ပြန်ဖွင့်ပေးခဲ့မယ်ဆိုရင် အတိုင်းထက်အလွန်ပါ... လူငယ်ဝါသနာရှင်တွေ၊ ငုပ်နေတဲ့အစွမ်းအစတွေ အများကြီး ထပ်ထွက်လာနိုင်ပါတယ်။

    မွမ်းထားတဲ့အတွက် ကျေးဇူးပါ သက်တန့်ချို...း)
    တချိန်ချိန်မှာ တံခါးဖွင့်ပေးမယ်လို့ မျှော်လင့်ရင်း...

    ReplyDelete
  5. @နိုင်းနိုင်းစနေ

    “ 99sany.comကို ဘာလို့ဘန်းထားသလဲဆို ဒိုမိန်းကသာ ဝယ်ထားတဲ့ဒိုမိန်းဖြစ်ပြီး ဘလော့က blogspotအောက်မှာရှိနေသေးလို့ ထင်ပါတယ် ”

    အဲဒီလိုလည်းမဟုတ်သေးဘူးထင်ပါတယ်အစ်မရ ကျနော့် ဒိုမိန်းလည်း blogspot အောက်မှာချိတ်ထားတာပဲလေ ဒါပေမယ့် ဒီကနေဖွင့်ရင်ပွင့်နေတာပဲ ဒီတော့ အစ်မဆိုက်ကို By Name နဲ့ Ban ထားတာဖြစ်ပါတယ် ။ တစ်ချိန်တော့ပြန်ပွင့်ပါစေလို့ ၀ိုင်းပြီးဆုတောင်းပေးနေပါတယ်ဗျာ ။

    ReplyDelete
  6. blogspot ကို ပြန်ဖွင့်စေချင်သူတွေထဲမှာ တို့လည်းပါပါတယ်။ စာရေးချင်ကြသူ ဝါသနာရှင် လူငယ်လေးတွေအတွက် အခွင့်အရေးရသင့်ပါတယ်။ ခုကျတော့ စာရေးနိုင်ဖို့ နိုင်ငံခြားမှာနေမှ ကောင်းကောင်းရေးခွင့် ရတော့မလို ဖြစ်နေတယ် ပြည်တွင်းကလူတွေကျတော့ စာလေးရေးနိုင်ဖို့ အခက်အခဲမျိုးစုံနဲ့ ကြုံနေရတယ်

    ReplyDelete
  7. ဟန်ကြည်June 26, 2011 at 10:31 PM

    ကိုသက်တန့်ရေ...
    ဒီပို့စ်ကိုဖတ်ရတာ တကယ်ခံစားရပါတယ်...စာရေးတဲ့သူချင်းမို့ မရေးရရင် မနေနိုင်တဲ့ ရောဂါကိုလည်း ကိုယ်ချင်းစာပါတယ်...ကိုယ်ရေးထားတဲ့စာတွေကို ပရိသတ်လက်ထဲ ချပြချင်တဲ့ စိတ်ကိုလည်း နားလည်ပါတယ်...ဒါပေမယ့် ဘာမဆို ပြောင်းလဲနေတဲ့ ဒီလောကကြီးမှာ ဘယ်အရာမှ အမြဲမတည်မြဲနိုင်တာ သဘာဝမို့ အဲဒီဗန်းတာတွေ၊ ဇကောတာတွေလည်း တစ်နေ့နေ့တော့ လွတ်ကင်းလာမှာပါ...ဘာပဲဖြစ်ဖြစ် ရေးနေဖို့က အဓိကမို့ အားမလျှော့ဘဲ ရေးဖြစ်အောင်ရေးနေဖို့ တိုက်တွန်းချင်ပါရဲ့...

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ဘာတွေလဲသိဝူး ... ဘမေလာ့လဲမရေးတော့ နားလဲလည်ဝူး... ဒါပေမဲ့မြန်မာပြည်ကလူတွေရဲ့ ဘလော့ရေးတဲ့အခက်အခဲတွေတွေ့ လိုက်ရလို့ စိတ်မကောင်းပါဘူး.....

    ReplyDelete
  10. အင်း ဒါကြောင့်ပဲ သူကြီးက ရွာကလေး အဘန်းခံရမှာစိုးလို့ နည်းနည်းမှကို ဟိုပိုစ်တွေ အတင်မခံတာကိုး၊၊

    ReplyDelete
  11. ဟုတ်တယ်နော် ဘလော့တွေကို ဖွင့်ပေးရင် စာရေးသူ စာဖတ်သူတွေအတွက် တော်တော်လေး အဆင်ပြေ ပျော်ရွင် ကြမိမှာ....

    ReplyDelete
  12. မြန်မာပြည်ပြန်နေတုန်း..အိမ်ကလုပေါ့ ဘလော့ပေါ်မှာကဲနေတာ..ဘယ်ရမလဲ..အင်တာနက်ဆိုင်ကအကူအညီနဲ့ ကျော်ခွဖွင့်ဝင်တော့တန်းတွေ့တာပဲ..လားးလားး..
    အဲကျမှသိရတာနော်..
    အဲလိုအဲလို....
    ခင်တဲ့
    ချစ်ခြင်းအလကာင်္

    ReplyDelete