Thursday, June 16, 2011

သစ်စိမ်းချိုး



သစ်စိမ်းချိုး

အရာရာကို တွယ်ငြိပြီးကာမှ...
မိုးရာသီဟာ...အုံ့အုံ့မှိုင်းမှိုင်းနဲ့
လှောင်ပြုံးပြုံးတယ်....
နောက်ကျိနေတဲ့...သမိုင်းစာမျက်နှာမှာ
မှင်နီခပ်ရဲရဲနဲ့...
သူမ ရိုက်နှိပ်ခဲ့တဲ့ ကြက်ခြေခတ်တွေ..
ရုတ်တရက်နဲ့...ပြိုပျက်ခဲ့တဲ့ကောင်းကင်
ဟိုးအဝေးကြီးက နေခြည်ဟာ...
ဝေေ၀၀ါးဝါးနဲ့ ....ပျောက်ကွယ်ခဲ့
နင်သင်ပေးခဲ့တဲ့အချစ်ရယ်...
ငါရရှိခဲ့တဲ့ အမှန်တရားရယ်...
ပြောင်းပြန်အချိုးကျခဲ့တဲ့ သီအိုရီ...
မနာကျည်းရက်ခဲ့ဘူး..
ဒီလိုချစ်တတ်ခဲ့သူမှာမှ..
ဘာကြောင့်များ....
ဘာရယ်ကြောင့်များ...
“ သစ်စိမ်းချိုး ” ချိုးခဲ့ရသလဲ
မျှော်လင့်ခဲ့တဲ့ နေခြည်ဟာ...
ကန်ရေပြင်ထဲက ၀ိုးတ၀ါးအရိပ်လား....
ဓါးထက်ထက်အလား
ချွန်မြစူးရှတဲ့
ငါ့အတွက်...ကျိန်စာ
မယုံနိုင်ခဲ့ဘူးကွယ်..
မသိလိုက်မသိဘာသာနဲ့ပဲ
ငါ့ကိုယ်ငါ သင်္ဂြိုလ်မယ်..
နင်....ကျေ နပ် ပါ စေ ကွ ယ် . . . .

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. " ဟိုးအဝေးကြီးက နေခြည်ဟာ...
    ဝေေ၀၀ါးဝါးနဲ့ ....ပျောက်ကွယ်ခဲ့
    နင်သင်ပေးခဲ့တဲ့အချစ်ရယ်...
    ငါရရှိခဲ့တဲ့ အမှန်တရားရယ်...
    ပြောင်းပြန်အချိုးကျခဲ့တဲ့ သီအိုရီ...
    မနာကျည်းရက်ခဲ့ဘူး.....

    ကဗျာလေးကို အားပေးသွားပါတယ်...

    ReplyDelete
  2. ချိုးစရာ အကြောင်းတော့ ရှိလို့နေမှာပေါ့...
    ဒါမှမဟုတ်...
    နှောက်ယှက်သူ အန္တရာယ်ကို ရင်မဆိုင်ချင်လို့ အဝေးကိုပြေးထွက်သွားတာလည်းဖြစ်နိုင်တာပဲ..
    သိဘူး..
    မေးကြည့်ပေးမယ်...း)

    ReplyDelete
  3. နင်သင်ပေးခဲ့တဲ့အချစ်ရယ်...
    ငါရရှိခဲ့တဲ့ အမှန်တရားရယ်...
    ပြောင်းပြန်အချိုးကျခဲ့တဲ့ သီအိုရီ...
    မနာကျည်းရက်ခဲ့ဘူး..
    လန်းတယ် ... မိုက် မိုက်

    ReplyDelete