Wednesday, July 3, 2019

No More Victorias !!

 ဘယ်တော့မှ အရှိန်အဟုန်ကို မရပ်တန့်လိုက်ကြပါနဲ့

မရိုးသားဘူး ဒါ လူတိုင်း သိတယ်
ဘယ်လိုတွေးတွေး ပါဝင်ပတ်သတ်နေတာ တစ်ဦးစနှစ်ဦးစမဟုတ်ပဲ
တစ်နွယ်ငယ်တစ်စင်ပါ တစ်သီတစ်ထွေးကြီးမို့ထင်တယ်

အမှန်တရားပေါ်လာနိုင်ချေရှိတဲ့ အကွက်တွေကို တစ်ကွက်ပြီးတစ်ကွက်လိုက်ဖုံးရင်း
အကုန်လုံးကို ပြည်ပုံးကားချဖို့ ကြိုးစားနေကြပြီလို့ ခံစားလာရတယ် ။

ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်

အကြောင်းအရာတစ်ခုကို စဖုံးပြီးလိမ်လိုက်တဲ့ ရာခိုင်နှုန်းက ၁% ဆိုကြပါစို့
အဲ့ဒီလူဟာ သူ ဖုံးလိုက်တဲ့အရာကို ထပ်မပေါ်အောင် နောက်ထပ် ၉၉% ဆက်လိမ်ပြီး ဆက်ဖုံးရပါတော့သတဲ့

ဒီ Victoria ကလေးငယ်အမှုမှာ
လိမ်တယ် လိမ်ကြတယ် ဖုံးကြတယ်
ကိုယ်လုပ်ခဲ့တဲ့ ပြစ်ဒါဏ်ကို ခံနိုင်ဖို့ ဝေးစွ ကိုယ်လွတ်ရုံးဖို့အတွက် ရှိသမျှ အောက်ခြေသိမ်းအပေါက်မှန်သမျှ
လိုက်ဖုံးနေတယ်လို့ပဲမြင်တယ်

တစ်ခုလေးပဲ မှာပါရစေ ဒီနေ့ ဇူလိုင် (၃)ရက်နေ့ရှိပါပြီ
ပြစ်မှုတွေရဲ့ထုံးစံအတိုင်း ကြုံခဲ့ရတဲ့ ဖြတ်သန်းခဲ့ရတဲ့ facebook လှိုင်းတွေရဲ့ထုံးစံအတိုင်း
အချိန်အတိုင်းအတာတစ်ခုထိ ကြာသွားတဲ့အခါ
အရှိန်တန့်ပြီး .. မျောပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြမှာစိုးတယ်

အယောက် ၁၀၀၀၀ အစက ၀န်းရံတယ် နောက်တော့ ၉၀၀၀ နောက်တော့ ၈၀၀၀ စသဖြင့် လူတွေရဲ့ စိတ်ဝင်စားမှု နဲ့ဝန်းရံမှု
လျော့နည်းသွားတဲ့အခါ တရားခံဟာ (နဂိုကတည်းက အလွန့်အလွန် ခက်ခဲနက်နက်တဲ့အမှုမို့ ဖော်ထုတ်ရခက်နေရတဲ့ကြားထဲ )
လူအားလုံးမေ့သွားတဲ့အချိန်
ခင်းဗျားတို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဟာသလုပ်ပြီး ရယ်မောနေမှာ စိုးပါတယ် ။

အမှန်တရားပေါ်ထွက်ဖို့ တိုက်ခိုက်နေကြတဲ့ တိုက်ပွဲရဲ့ အရှိန်အဟုန်ကို
ဘယ်တော့မှ မရပ်တန့်ကြပါနဲ့လို့ တိုက်တွန်းပါတယ် ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
3-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment