Wednesday, July 10, 2019

BBC ကသီးသန့်ရရှိထားတဲ့ CCTV Record








 Video ကြာမြင့်ချိန် ၂၈ မိနစ်

- မုဒိမ်းမှု သံသယတရားခံအဖြစ်ရဲက တရားရုံးမှာ စွဲချက်တင်ထားတဲ့ ကိုအောင်ကြီးရဲ့လှုပ်ရှားသွားလာမှုတွေကို ပြတ်ပြတ်သားသားမြင်တွေ့ရ

- မေလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၁၂ မိနစ်-  အကျီင်္အဖြူ ပုဆိုးအပြာ ၀တ်ဆင်သူ ကျောင်းအဆောက်အအုံထဲဝင်သွားတာတွေ့ရ ။ ညီဖြစ်သူမှ သူ့အကိုအောင်ကြီးဖြစ်ကြောင်းအတည်ပြု ။ ကျောင်းအုပ်ချုပ်ရေးမှူးခေါ်လို့လာရောက်ကြောင်းသိရ ။

- ၃နာရီ ၁၅ မိနစ်နဲ့ ၃၀ စက္ကန့် - ကျောင်းထဲကနေ ထီးကိုင်ထားတဲ့အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသမီးငယ်တစ်ယောက်ထွက်လာတာတွေ့ရ ။

- ၃ နာရီ မိနစ် ၂၀ - ကားတစ်စီးဆိုက်လာ အမျိုးသမီးတစ်ဦးကျောင်းထဲဝင်သွား  နောက်ထပ် ၁ မိနစ်အတွင်း အဆိုပါမျိုးသမီး ကလေးနဲ့အတူပြန်ထွက်လာချိန် တံခါးဖွင့်ထားချိန် အကျီအဖြူဝတ်ဆင်ထားသူ ၀င်ပေါက်နားမှာ ထိုင်နေတာတွေ့ရ ။

- ၃ နာရီ ၃၂ မိနစ် ၄၃ စက္ကန့် - ကျောင်းတံခါးဖွင့်လျက်ပဲတွေ့ရ အကျီအဖြူနဲ့လူ ထိုင်နေတာပဲတွေ့ရ

- ၃ နာရီ ၃၅ မိနစ် - အနက်ရောင်ကားတစ်စီး ကျောင်းဝင်ပေါက်ထိုးရပ် - ကားထဲကနေ ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်ထားတဲ့အမျိုးသားတစ်ဦးထွက်လာတာတွေ့ရ (ဖုန်းပြောနေ ) ကျောင်းအုပ်ချုပ်ရေးမှူး၏ ခင်ပွန်းဖြစ်သူဟုသိရ။ ထိုအချိန် အကျီအဖြူနဲ့ကိုအောင်ကြီး အဆောက်အအုံထဲကနေထွက်လာတယ်

- ၃ နာရီ ၃၈ မိနစ် - အဆိုပါကားအနက်ရှေ့ဘယ်ဖက်တံခါးဖွင့် တစုံတရာပြုလုပ် ပြန်လှည့်ထွက်လာတာတွေ့ရ

- ၃ နာရီ ၃၈ မိစန် ၄၉ စက္ကန့် - ကျောင်းရှေ့ကနေ အနက်ရောင်ကားမောင်းထွက်လာ CCTV ရှေ့ အခင်းဖြစ်ပွားတဲ့ ကျောင်းအဆောက်အအုံရှေ့မျက်စောင်းထိုးနေရာရောက်လာ ။ ကားဘေးကနေကိုအောင်ကြီးလမ်းလျှောက်လိုက်လာခဲ့ တယ် ။

- ၃နာရီ ၄၀ မိနစ် - ကျောင်းသား ၄ ယောက်နဲ့ ဆရာမတစ်ဦးအဆိုပါအနက်ရောင်ကားပေါ်တက်ရောက် သွား အောင်ကြီးလည်း အနက်ရောင်ကားပေါ်လိုက်သွားတာတွေ့ရ ။

ကိုအောင်ကြီးဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ဖို့ လုံလောက်တဲ့အချိန်ရခဲ့လား ? ရဲ ဖက်ကနေ ရော ခိုင်မာတဲ့သက်သေတွေရှိထားပြီလား ? လာမယ့် ၁၅ ရက်နေ့ သတင်းကို ဆက်လက်စောင့်ကြည့်ပါမယ် ။

Source : BBC Burmese

CCTV မှတ်တမ်းပေးပို့သူဟာ CID နဲ့ ရဲတပ်ဖွဲ့ကို မပေးပဲ ဘာလို့ BBC ကိုပေးအပ်ခဲ့သလဲဆိုရင်တော့ ????

 #JusticeForVictoria
#ToPromotetheRuleofLaw
#StopChildSexAbuseInMyanmar

သက်တန့်ချို
10-July-2019

Video Link - https://www.facebook.com/BBCnewsBurmese/videos/449316492526977/

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment