Wednesday, July 17, 2019

ဒီအချက်တွေက သင့်ကို စိတ်အေးချမ်းစေလိမ့်မယ်


 ဒီအချက်တွေက သင့်ကို စိတ်အေးချမ်းစေလိမ့်မယ်

- သင့်ကို ငိုအောင်လုပ်ဖူးတဲ့သူကို မေ့လိုက်ပါ
မေ့လိုက်ခြင်းဟာ သတိရနေတာထက်ပိုသက်သာစေတယ်

- သင့်ကို လိမ်နေတဲ့သူကို စွန့်လွှတ်လိုက်ပါ
စွန့်လွှတ်လိုက်တာက ပိုင်ဆိုင်ရတာထက် ပိုပေါ့ပါးတဲ့အချိန်တွေရှိပါတယ်

- သင့်ကို မုန်းနေတဲ့သူကို ဥပက္ခာပြုလိုက်ပါ
လစ်လျှူရှုနေသရွေ့ ၊ သင်လက်မခံသရွေ့ အမုန်းဆိုတာသင့်ဆီမရောက်နိုင်ဘူး

- သင့်ကို နာကျင်စေတဲ့လူကို ဖယ်ထုတ်လိုက်ပါ
စိတ်ထဲမှာရှိနေတဲ့ ဆူးတွေက ဖယ်ထုတ်လိုက်မှ သက်သာလာမှာပါ

- သင့်ကို မချစ်တဲ့လူကို နှလုံးသားရဲ့တစ်နေရာရာမှာ သိမ်းထားလိုက်ပါ
သင်သတိရတဲ့အခါ ခဏခဏ ထုတ်ကြည့်လို့ရနေမှာပါ

သက်တန့်ချို
17-July-2019
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment