Wednesday, July 10, 2019

ဘာသာပြန်မမှားဖို့လိုတယ်


 ကိုယ့်ကိုပြုံးပြနေတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
အပြုံးတစ်ခုနောက်ကွယ်မှာ လှို့ဝှက်ခြင်းတွေရှိတတ်တယ်

ကိုယ့်ကိုမြှောက်ပေးနေတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
မြှောက်ပေးနေတာရဲ့နောက်မှာ ရိုက်ချ ခြင်းတွေရှိတတ်တယ်

ကိုယ့်ကို လေးစားပြနေတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
လေးစားပြတာနဲ့နောက်မှာ ကဲ့ရဲ့ခြင်းတွေလည်းရှိတတ်တယ်

ကိုယ့်ကို အခွင့်အရေးပေးတိုင်း ချစ်ခင်တယ်လို့မထင်နဲ့
အခွင့်အရေးပေးတာရဲ့နောက်မှာပေးဆပ်ရခြင်းတွေရှိတတ်တယ်

ဘ၀မှာ အရေးအကြီးဆုံး
က လူတွေရဲ့အပြုအမူတွေကို ဘာသာပြန် မမှားဖို့ပါပဲ ။

သက်တန့်ချို
10-July-2019

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment