Friday, July 5, 2019

အမှန်တရား ဘယ်မှာလဲ ?



အမှန်တရား ဘယ်မှာလဲ ?

အခု ဖမ်းထားတဲ့ ယာဉ်မောင်းဟာ တရားခံ အစစ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ အချိန်ကသက်သေပြလိမ့်မယ်

တွေးမိရင်း စုစည်းထားတဲ့ သံသယဖြစ်ဖွယ်အချက်များကို ချရေးထားပါတယ် ။

၁ ။ မေ ၁၆ ရက်နေ့မှ အလုပ်စ၀င်တဲ့ လူတစ်ယောက်ဟာ သူမကျွမ်းကျင်တဲ့ နယ်မြေ (ကျောင်းခန်း) ထဲကိုဝင်ပြီး ကလေးငယ်တစ်ယောက်ကို လိင်အကြမ်းဖက်မှု ဖြစ်နိုင်သလား ။

၂ ။ ယာဉ်မောင်းပါဝင်တဲ့ CCTV အပိုင်းသာ အကောင်းအတိုင်းရှိပြီး သံသယဖြစ်ဖွယ်ရာ ပြတ်တောက်နေတဲ့ အပိုင်းတွေကို ဘာလို့ ခုထိ ပြန်မရသလဲ ဘာလို့ပျက်သလဲ ခုထိ ရှင်းရှင်းလင်းလင်းမသိရ ။

၃ ။ ကျောင်းကြီးကြပ်ရေးမှူးက ခိုင်းလို့ CD ခွေယူဖို့ ကျောင်းထဲဝင်တယ်သိရတယ် ပြီးတော့ ကျောင်းကြီးကြပ်ရေးမှူး ညွှန်ပြတဲ့ထိုင်ခုံမှာ ထိုင်စောင့်နေရတယ်လို့သိရတယ် ။ အခုမှ အသစ်ဝင်တဲ့ယာဉ်မောင်းကို ကလေးငယ်တွေနဲ့အနီးဆုံးနေရာကို ခိုင်းခဲ့တာ တကယ်ပဲ ရိုးသားမှုရှိရဲ့လား ။

၎ ။ မေ ၃၀ မှာ ယာဉ်မောင်းကို ဖမ်းတယ် စစ်တယ် DNA တွေ ဘာတွေလည်းစစ်မယ်လို့ယူဆတယ် သံသယဖြစ်ဖွယ်မရှိဘူးဆိုပြီး ဇွန် ၂၄ မှာ ပြန်လွှတ်တယ် ပြီးတော့ တရားခံမိပြီဆိုပြီး ဇူလိုင် ၃ ရက်နေ့မှာ ပြန်ဖမ်းတယ် ရိုးသားမှုမရှိ Professional မဆန်ဘူးလို့မြင်တယ်

၅ ။ လမ်းမှာ လိင်အဓမ္မမှုမဖြစ်နိုင် လို့ယူဆလို့ ကျောင်းမှာ အခုမှ အလုပ်စ၀င်တဲ့ယာဉ်မောင်း ( ဒါတောင် ဖယ်ရီ ယာဉ်မောင်းမဟုတ် ကျောင်းကြီးကြပ်ရေးမှူးရဲ့ယာဉ်မောင်း ) က နေရာသစ်မှာ ၀င်ရောက်ပြီး ကလေးငယ်တစ်ယောက်ကို အဓမ္မကျင့်နိုင်မလား ?

၆ ။ လူ့စိတ်က မှန်းရခက်လို့ အဓမ္မကျင့်ရဲသည်ဟု ယူဆရသည့်တိုင်အောင် ဒီယာဉ်မောင်းဟာ အဲ့လောက်သတ္တိကောင်းသလား ? ပြီးတော့ ဟန်မပျက်ပဲ ကားမောင်းနိုင်သလား သူ့အလုပ်သူ ဆက်လုပ်နိုင်သလား ?

၇ ။ ဆရာမ N ဟာ ယာဉ်မောင်းကို ဒီလို အမှုအခင်းကြီးကို သိသည့်တိုင်အောင် နောက်မလုပ်ရဘူးနော် လို့ ဆူလိုက်တာလား ကလေးငယ်ရဲ့ နှုတ်ထွက်စကား ကိုကိုဟာ ယာဉ်မောင်းလား ဖြစ်နိုင်လား ? ကလေးငယ်ရဲ့ ကနဦး နှုတ်ထွက်စကားမှာ ကိုကို ၂ ယောက်လို့ပါနေတဲ့အတွက် တရားခံက တစ်ယောက်လား နှစ်ယောက်လား ?

၈ ။ ကလေးငယ်မမေ့ခင် သံသယလူစာရင်းပါယောက်ျားအားလုံးတန်းစီပြီးလက်ညှိုးထိုးမစစ်ခိုင်းခဲ့ဘူးလား ဒါမှမဟုတ် မှန်လုံခန်းတစ်ဖက်ပိတ်ကနေ မစစ်ခိုင်းခဲ့ဘူးလား ဘာလို့လဲ ?

၉ ။ ကျောင်းဖက်ကလူတွေက အစက ဘာလို့ကျောင်းထဲမှာ ဖြစ်ခဲ့တာမဟုတ်ဘူးလို့ ရဲရဲကြီးအာမခံနိုင်တာလဲ ကာကွယ်ခဲ့တာလဲ အခု ယာဉ်မောင်းကတရားခံအစစ်သာတကယ်ဖြစ်ခဲ့မယ်ဆိုရင် CD ခွေယူခိုင်းတဲ့ကျောင်းကြီးကြပ်ရေးမှူး ကရော ဘယ်လို တာဝန်ခံမလဲ ?

၁၀ ။ ကလေးငယ်ရခဲ့တဲ့ဒါဏ်ရာက လူကြီးတစ်ယောက်နဲ့ဖြစ်တာဆိုတာ ယုတ္တိရှိရဲ့လား ။ အရွယ်ရောက်စ လူပျိုပေါက်စနဲ့ဖြစ်တာနဲ့ပိုမတူဘူးလား ? ယာဉ်မောင်းဟာ လူပျိုပေါက်စလား ၊ ဒါမှမဟုတ် လိင်တံသေးလို့လား ?

၁၁ ။ အသက် ၂ နှစ် ၁၁ လအရွယ်ကလေးငယ်တစ်ယောက်က အသက် ၃၀ အရွယ်ခန့်ယောက်ျားတစ်ယောက် ၊ မရင်းနှီးတဲ့လူစိမ်းတစ်ယောက်ကို ကိုကိုခေါ်ပါ့မလား ?

၁၂ ။ ကျောင်းပိုင်ရှင်က ကလေးရေဆေးပေးတဲ့ကိစ္စ ဆရာမ N ကိစ္စကို ဘာလို့ လိုက်ရှင်းပေးနေရလဲ ? ဆရာမ N က သူဘာမှမသိဘူးလို့ငြင်းတယ် ဒါဆိုကလေးတစ်ယောက် အချိန် အပိုင်းအခြားတစ်ခုထိ ပျောက်သွားတဲ့ကိစ္စဟာ ဆရာမ မသိဘူးဆိုတာ ယုတ္တိရှိရဲ့လား ?

၁၃ ။ အမှုဖြစ်ပြီးနောက်ရက်မိခင်ကတိုင်ချက်ဖွင့်ပြီးပြီးချင်းမှာ သံသယဖြစ်စရာ ယောက်ျားအားလုံးကို တန်းစီ စစ်ခိုင်းရင်ရပါလျက်နဲ့ ဘာလို့ DNA အဖြေကိုစောင့်နေရသလဲ DNA ဟာ တရားခံဟုတ်တယ်မဟုတ်ဘူး စတဲ့ ပြောင်းလဲလို့ရတဲ့ changable excuse အနေနဲ့သုံးချင်တာလား ?

၁၄ ။ ဆရာမ N သိတယ်လို့ ကလေးက တပ်အပ်ပြောနေတာတောင် ဆရာမကို ဘာလို့ အဖြေပေါ်အောင် မစစ်နိုင်တာလဲ ၊ မစစ်ရက်တာလား မစစ်နိုင်တာလား ?

၁၅ ။ ကိုကို ဆိုတာ ရင်းနှီးတဲ့ အသုံးအနှုန်းလို့လက်ခံလား ရိုးရိုးသားသား ကလေးငယ်တစ်ယောက်က သူ့ထက် အသက်အနည်းငယ်ကြီးတဲ့ ယောက်ျားလေးတစ်ယောက်ကိုခေါ်တာမဟုတ်ဘူးလား အဲ့ဒီတော့ ကလေးက ကိုကို လို့ခေါ်နိုင်လောက်တဲ့ ယောက်ျားက ဘယ်နှစ်ယောက်များ ရှိနေနိုင်လို့လဲ ဘာကြောင့် အမှုက ခက်ခဲနက်နဲတယ်လို့ပြောရတာလဲ ?

.....................................

ကလေးငယ်ရဲ့ ဖခင် ဆန္ဒအရ Video ဖိုင်တင်ထားမိသူများ ပြန်ဖျက်ပေးကြပါခင်ဗျာ ။ တစ်လက်စတည်း အခု ဖမ်းထားတဲ့ ယာဉ်မောင်းရဲ့ လုံခြုံရေး ကိုလည်း ဂရုစိုက်ရမယ်ထင်ပါတယ် ။ ဘာလို့လည်းဆိုတာတော့ ကိုယ့်ဘာသာသာကိုယ်ဆက်ပြီးသာ စဉ်းစားကြည့်ကြပါတော့ ။ ဒီပြည်ကြီးမယ် ရုပ်ရှင်ဆန်တာတွေ တအားဖြစ်နေတာဆိုတော့လေ ။

ပြည်သူ့အစိုးရလက်ထက် နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အကြီးအကဲများ အမှန်တရားကို ဖော်ထုတ်ပေးကြပါလို့ ထပ်မံ မေတ္တာရပ်ခံပါတယ် ။

 #JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar

သက်တန့်ချို
5-July-2019


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment