Monday, April 10, 2017

မထိုက်တန်လို့မဟုတ်ဘူး

တစ်ခါတလေ ကိုယ်လက်လွှတ်လိုက်ရတာက
ကိုယ်နဲ့မထိုက်တန်လို့မဟုတ်ဘူး
ဒီထက်ပိုကောင်းတဲ့ အရာနဲ့ ဆုံရမှာဖြစ်လို့ပါ ။

တစ်ခါတလေ ကိုယ်ပေးဆပ်လိုက်ရတာက
နုံအ လွန်းလို့ မဟုတ်ဘူး
သူတစ်ပါး စိတ်ချမ်းသာစေချင်တာ တစ်ခုတည်းအတွက်ပါ ။

တစ်ခါတလေ ကိုယ်စွန့်လိုက်ရတာက
သံယောဇဉ်မရှိတော့လို့မဟုတ်ဘူး
(ကိုယ်နဲ့အတူရှိနေတာထက်စာရင်)
ပိုကောင်းသွားစေချင်တဲ့ စေတနာနဲ့ပါ ။

သက်တန့်ချို
10.4.2017

No comments:

Post a Comment