Saturday, April 22, 2017

ကိုယ် .. သေသွားတဲ့အခါ

ကိုယ် .. သေသွားတဲ့အခါ

- ၃ ရက်လောက်တော့ အားနာစွာ ထားကြလိမ့်မယ်
ပြီးတာနဲ့ ကိုယ့်ကို ရွံ့ရှာလာကြလိမ့်မယ်

- ၇ ရက်လောက်တော့ ကိုယ့်ကို သတိရနေကြလိမ့်မယ်
ပြီးတာနဲ့ စကားပြောမပျက် TV ကြည့်မပျက် ဘ၀ကို ပုံမှန်ဖြတ်သန်းကြလိမ့်မယ်

- ၁ လပြည့်တဲ့အခါ ကိုယ့်အတွက် ဆွမ်းကပ်ပေးကြလိမ့်မယ်
ပြီးတာနဲ့ ကိုယ့်အကြောင်းမေ့ပြီးသူများအကြောင်းတွေကို ပုံမှန်ပြောနေကြလိမ့်မယ်

- ၁ နှစ်ပြည့်တဲ့အခါ ကိုယ့်အတွက် အလှူအတန်းလေးလုပ်ပေးလိမ့်မယ်
ပြီးတာနဲ့ ကိုယ့်နာမည်ကို စကားထဲထည့်ပြောသူ မရှိသလောက်ရှားပါးသွားမယ်

- ၁၀ နှစ်လောက်ကြာပြီးတဲ့အခါ ကိုယ်ရှိခဲ့တယ်ဆိုတာတောင် သတိရတဲ့သူ ရှားသွားပါလိမ့်မယ်

" သံယောဇဉ်တွေသိပ်မထားပါနဲ့
ကိုယ့်ကိုယ်သာ ချစ်တတ်ဖို့ သင်ယူပါ
လောကကြီးက ..ကိုယ်မရှိလည်း သူ့ဖာသာ ပုံမှန်လည်ပတ်နေမှာပါ "

သက်တန့်ချို
22.4.2017 #ttclifequote

No comments:

Post a Comment