Thursday, April 6, 2017

ရှက်တတ်ပါစေ

ရှက်တတ်ပါစေ

ကိုယ့်အပြစ်ကို ၀န်ခံခြင်းက ရှက်စရာမဟုတ်ဘူး
ကိုယ့်အပြစ်ကို သူတစ်ပါးအပေါ် လွှဲချခြင်းကသာ ရှက်စရာပါ

ကိုယ့်အလုပ်ကို လုပ်တာ ရှက်စရာမဟုတ်ဘူး
ကိုယ်လုပ်ရမယ့်အလုပ်ကို သူတစ်ပါးကို ခိုင်းစေခြင်းကသာ ရှက်စရာပါ

ကိုယ့်ထက် အင်အားကြီးသူကို ကြောက်ရွံ့တာရှက်စရာမဟုတ်ဘူး
ကိုယ့်ထက်အားနည်းတဲ့သူကို အနိုင်ကျင့်ခြင်းကသာ ရှက်စရာပါ

ဆင်းရဲပြီး မပြည့်စုံတာ ရှက်စရာမဟုတ်သေးဘူး
မတည်မြဲတဲ့ ဥစ္စာ ဓန ရာထူးဂုဏ်ဒြပ်တွေကို ကြွားဝါခြင်းကသာရှက်စရာပါ

သူတစ်ပါးကို အနစ်နာခံ ကူညီပေးခြင်းက ရှက်စရာမဟုတ်ဘူး
သူတစ်ပါး ဒုက္ခရောက် အရှက်ရစေမည့်ကိစ္စကို တမင်ပြုလုပ်ခြင်းကသာ ရှက်စရာပါ

ကိုယ့်ထက် အဆင့်မြင့်သူကို အားကျလေးစား တာ ရှက်စရာမဟုတ်ဘူး
ကိုယ့်ထက်နိမ့်ကျ နွမ်းပါးသူကို အထင်သေးခြင်းရှံ့ချခြင်းကသာ ရှက်စရာပါ

လောကကြီးမှာ မရှက်တတ်တဲ့သူတွေအများကြီးရှိတယ်
ဒါကြောင့် ဘယ်အရာတွေကို ရှက်သင့်သလဲဆိုတာ သင်ယူကြရအောင် ။

သက်တန့်ချို
6.4.2017

No comments:

Post a Comment