Thursday, April 20, 2017

" လောကကြီးက ကိုယ်ပေးသလောက် ကိုယ်ပြန်ရတာပါပဲ "

ကိုယ့်ကြောင့် သူတစ်ပါး မျက်ရည်ကျဖူးရင်
ကိုယ်လည်း တစ်နေ့နေ့ ပြန်နာကျင်ရလိမ့်မယ်

ကိုယ့်ကြောင့် သူတစ်ပါး စိတ်ဆင်းရဲဖူးရင်
ကိုယ်လည်းတစ်နေ့နေ့ ပျော်ရွှင်ခြင်းဆိုတာ မေ့သွားလိမ့်မယ်

ကိုယ့်ကြောင့် သူတစ်ပါး စိတ်ထိခိုက်စေခဲ့ဖူးရင်
ကိုယ်လည်းတစ်နေ့နေ့ စိတ်ဒါဏ်ရာ ရလိမ့်မယ်

" လောကကြီးက ကိုယ်ပေးသလောက် ကိုယ်ပြန်ရတာပါပဲ "

သူတစ်ပါးကို ပျော်ရွှင်စေတယ်ဆိုရင်
နောင်တချိန် ကိုယ့်ဆီကို ပျော်ရွှင်ခြင်းတွေကူးစက်လာစေတဲ့နည်းပါပဲ ။

သက်တန့်ချို
20.4.2017 #ttcmotivationalquote

No comments:

Post a Comment