Monday, April 3, 2017

ချောမွေ့ဖြောင့်ဖြူးတဲ့လမ်းဆိုတာကို စိတ်ကူးမယဉ်ပါနဲ့

အခက်အခဲတိုင်းက စိတ်ပင်ပန်းစေသလား
ထမင်းနပ်မှန်အောင်စားနိုင်နေသရွေ့ သိပ်မဆိုးသေးပါဘူး

စိတ်ဒါဏ်ရာတွေနဲ့ နာကျင်မှုတိုင်းက မျက်ရည်ကျစေသလား
စွန့်ပစ်ခံ အပယ်ခံမဖြစ်သေးသရွေ့ သိပ်မဆိုးသေးပါဘူး

ပင်ပန်းဆင်းရဲခြင်းကို အရှုံးပေးချင်နေပြီလား
ညစဉ်မှန်မှန် အိပ်နေနိုင်သရွေ့ သိပ်မဆိုးသေးပါဘူး

ချောမွေ့ဖြောင့်ဖြူးတဲ့လမ်းဆိုတာကို စိတ်ကူးမယဉ်ပါနဲ့
ကြမ်းတမ်းခက်ခဲတဲ့လမ်းမှာသာ ရုန်းကန်နိုင်အောင်ကြိုးစားပါ

ဒါဏ်ရာတွေအထပ်ထပ်ရလာတဲ့အခါ ..
ဘ၀ဆိုတာ နေသားကျသွားမှာပါ ။

သက်တန့်ချို
3.4.2017

No comments:

Post a Comment