Saturday, April 8, 2017

မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို မုန်းသွားတဲ့လူတွေက
ကိုယ်ပေးတဲ့ ချစ်ခြင်းတရားကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို လွှတ်ချသွားတဲ့လူက
ကိုယ်ကမ်းပေးတဲ့ လက်တစ်စုံကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို ဥပက္ခာပြုသွားတဲ့လူက
ကိုယ်ထားရှိတဲ့ သံယောဇဉ်ကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

ကိုယ့်ကို သစ္စာမဲ့သွားသူက
ကိုယ်စောင့်ထိမ်းတဲ့ ကတိတွေကို မမြင်နိုင်လို့ဖြစ်ပါလိမ့်မယ်

သက်တန့်ချို
8.4.2017

No comments:

Post a Comment