Saturday, January 29, 2011

ညီမလေးဖတ်ဖို့ (၄)

ညီမလေးဖတ်ဖို့ (၄)

ညီမလေးရေ...စ်တွေလည်းတစ်နှစ်ပြီးတစ်နှစ်ပြောင်းလို့....နှစ်သစ်တစ်နှစ်ကိုရောက်ရှိလာခဲ့ပြန်ပြီ။အ သက်တွေ ကြီး လာ တာနဲ့အမျှ တို့တွေအားလုံး ဘယ်လောက်များ ရင့်ကျက်ခဲ့ကြပြီလဲ ။ ဘ၀ ဆိုတဲ့အရာကို လူတိုင်း လူတိုင်းက ကိုယ်ကြုံတွေ့ခဲ့တဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ဖွင့်တတ်
ကြတယ်...ညီမလေးရေ....အဆင်ပြေချော့မွေ့ခြင်းဟာလူတိုင်းလိုချင်တောင့်တကြတဲ့အရာဖြစ်ပေမယ့်အခက်အခဲဆိုတာကလည်း တို့တွေ ချွန်မြလာစေမဲ့ ဓါးတစ်လက်သာဖြစ်တယ် ။ တို့တွေအား လုံးလျှောက် ခဲ့ကြတဲ့ လမ်းတွေတလျှောက် ပြန်လည် ဆင်ခြင်သုံးသပ်ကြည့်ရအောင် ။ ဆိုးတာတွေ ဘယ်လောက် များ လုပ်ခဲ့ကြပြီးပြီလဲ ။ ကောင်း တာတွေ ဘယ်လောက် များ လုပ်ခဲ့ကြပြီးပြီလဲ ။

ညီမလေးရေ...ပန်းတိုင်းမှာ အလှကိုယ်စီရှိကြတယ် ။ ပန်းခြံထဲက တယုတယ စိုက်ပျိုးထားတဲ့ ပန်းပွင့်ဟာ လှပသ လို တောတောင်ထဲက ဘယ်သူမှ ပြုပြင်ဖန်တီးထားခြင်းမရှိတဲ့ ပန်းရိုင်းလေးတွေမှာလည်း သူ့အလှနဲ့ သူရှိကြ တယ် ။ ဒါပေမယ့် အဲဒီပန်းကလေးတွေရဲ့ တန်ဖိုးဟာ သူ့ရဲ့အလှ အပတင်မဟုတ်ပဲ လောကကြီးအတွက် ဘယ်လောက် များအလှဆင်ပေးနိုင်မလဲ ၊ အသုံးဝင်မလဲဆိုတာနဲ့အန္တရာယ်ရှိမရှိ ဆိုတာတွေအပေါ် မူတည် တယ်လေ ။ ညီမလေး...နှင်းဆီတစ်ပွင့်ရဲ့ တန်ဖိုးဟာ သူ့ရဲ့လှပတဲ့ပွင့်ဖတ်ပွင့်ချပ်တွေမဟုတ်ဘူး ။ အန္တရာယ်တွေကနေ သူ့ကိုယ်သူကာကွယ်ပေးမဲ့ချွန်ထက်ထက် ဆူးချွန်တွေသာဖြစ်တယ် ။ အဲဒီလိုပဲ မိန်းကလေး တစ်ယောက်ရဲ့တန်ဖိုးဟာလည်း အပေါ်ယံအရေပြားအလှအပက အဓိကမကျဘူး ညီမလေးရေ...။ ဒါတွေဟာ မတည်မြဲတဲ့အရာတွေသာဖြစ်တယ် ။ မိန်းကလေးတစ်ယောက်ရဲ့ တကယ့်အစစ်အမှန်တန်ဖိုးဟာ အသိပညာ ၊ အတတ်ပညာ၊ ယဉ်ကျေးသိမ်မွေ့မှုနဲ့ ခံယူချက်သဘောထားတွေသာဖြစ်တယ် ။ အဲဒီခံယူ ချက်တွေမှာ လူတစ်ဖတ်သားအပေါ်နားလည်ခွင့်လွှတ်ပေးနိုင်မှု ၊ သနားကြင်နာမှုနဲ့ မေတ္တာစေတနာ ထားခြင်းတွေ ပါဝင်တယ် ။ ညီမလေးလည်း တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ဦးဖြစ်အောင်ကြိုးစားပါ ။ နေထိုင်ပါ ။ ဖြတ်သန်း ပါကွယ်...။

ညီမလေးရေ...လောကမှာ ဒေါင်းယောင်ဆောင်သောကျီးတွေအများကြီးရှိကြတယ် ။ တကယ်တော့ ကိုယ်ဟာ ဒေါင်းဖြစ်စေ ၊ ကျီးဖြစ်စေ ရှက်နေဖို့မလိုအပ်ပါဘူး ။ ကိုယ်ဟာ သူဌေးဖြစ်နေ လို့ဘ၀င်မြင့်ဖို့မလို အပ်သလို ဆင်းရဲနေလို့လည်း အားငယ်ရှက်ရွံ့နေစရာမလိုအပ်ဘူးလေ ။ဘ၀မှာ ပျော်စရာတွေ ချည်းကြုံကောင်းကြုံရလိမ့်မယ် ။ ၀မ်းနည်းစိတ်ညစ်စရာတွေချည်းပဲလည်း ကြုံကောင်းကြုံရလိမ့်မယ် ။ ဒါပေမယ့် ညီမလေးမှတ်ထားဖို့က လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ကိုယ် ရွေးချယ်ခွင့်မရှိဘူး ။ ကိုယ်ဖြစ်နေ တဲ့ကြုံတွေ့ နေရတဲ့ အရာဟာ ကိုယ့်ဘ၀သာလျှင်ဖြစ်တယ် ။ လူတစ်ချို့ဟာ ယဉ်ကျေးတယ် ။ တစ်ချို့ဟာ ရိုင်းစိုင်းတယ် ။ တစ်ချို့ကကောက်ကျစ်တယ် ။ တစ်ချို့က ယုတ်မာတယ် ။ လူတွေနဲ့ ဆက်ဆံ တာများ လာလေလေ တစ်ယောက်အကြောင်းတစ်ယောက်သိလေလေပါပဲ ။ "Few words are best" တဲ့ညီမလေး ။
စကားနည်းခြင်းဟာလည်း အကောင်းဆုံးအရာပါပဲ ။

တို့တွေကြုံတွေ့နေရတဲ့ အရာအတော်များများ ၊ အခက်အခဲအတော်များများဟာ စကားမှားလို့ ဖြစ်တာ ၉၀% ကျော်ပါဝင်တယ်ညီမလေး ။ ဒီတော့ လူတွေနဲ့ဆက်ဆံတဲ့အခါမှာ စကားကိုပြောသင့်မပြောသင့် ချင့်ချိန် ဆက်ဆံတာ အကောင်းဆုံးပါပဲ ။ လူတစ်ချို့က လူတစ်ချို့ရဲ့ဘ၀ကိုနင်းပြီး ဘ၀ကိုတည်ဆောက်တယ် ။ လူတစ်ချို့က ကိုယ့်ဘ၀ကိုယ်အနင်းခံပြီး သူများဘ၀ကိုတည်ဆောက်ပေးတယ် ။ ဒုတိယအမျိုး အစားမဖြစ်နိုင် တာတောင်မှ သူများဘ၀ကို မနင်းမိစေနဲ့ကွယ်..။ တကယ်တော့တို့တွေအားလုံးဟာ ဒီဘ၀မှာ ခဏတာ လာဆုံကြတဲ့ ဧည့်သည်တွေပါပဲ ။ အဲဒီခဏလေးအတွင်းမှာပဲ တွေ့ကြတယ် ၊ ချစ်ကြတယ် ၊ ကြိုက်ကြတယ် ၊ မုန်းကြတယ် ။ ဘာတွေပဲဖြစ်ဖြစ် အချိန်တန်ရင်တော့ ထွက်ခွာသွားရမှာပါပဲ ။ ကမ္ဘာကြီးကတော့ တို့တွေရှိရှိမရှိရှိ
ဆက်လက်လည်ပတ်နေဦးမှာပါပဲ ။ ခဏတာတွေ့ဆုံကြတဲ့အချိန်လေးမှာ ဘာလို့များ သူများကို စိတ်ဆင်း ရဲစေမလဲ ။ ကိုယ့်ကိုယ်ကိုယ်ရော စိတ်ဆင်းရဲစေမလဲ ။ လေးနက်ခြင်းဟာ ဘ၀အတွက်လိုအပ်သလို တခါတ ခါ ပေါ့ပါးဖို့လည်းလိုအပ်တယ် ။ လူရယ်လို့ ဖြစ်လာတော့ တို့တွေလူပီသဖို့ လိုတယ်လေ ။

ညီမလေးရ...အတွေးအခေါ်သဘောတရားတွေရေးနေလို့ စိတ်ညစ်နေပြီလား ။ နောက်ဆုံးမှာချင် တဲ့အချက် ကတော့ လောကမှာ လုပ်သင့်တဲ့အရာရှိတယ် ။ မလုပ်သင့်တဲ့အရာရှိတယ် ။လုပ်ကိုမလုပ် ရမယ့်အ ရာတွေ ရှိတယ် ။ ရိုးရိုးလေးနဲ့ ဘ၀ကိုဖြတ်သန်းရတာလည်း ပျော်စရာကောင်းပါတယ် ။ ညီမလေးရေ... လုပ်သင့် တဲ့အရာတွေကို အသက်အရွယ်အပိုင်းအခြားအလိုက် မလုပ်မိတာတာတောင်မှ မလုပ် ရမဲ့ အရာတွေကိုတော့ မလုပ်မိစေနဲ့ကွယ်...။ ငါ့ရဲ့..ညီမလေး...ရေလိုအေးလို့ ပန်းလိုလန်း ပါစေ...။ လောက အ လယ် ၀င့်ထည်နိုင်ပါစေကွယ်...။

အကိုသက်တန့်ချို

ညီမလေးဖတ်ဖို့ အပိုင်း ၁ ၊ ၂ ၊ ၃ အား Label ထဲမှ ညီမလေးဖတ်ဖို့ ဟူသော လင့် တွင်ဝင်ရောက် ဖတ်ရှုနိုင် ပါသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, January 19, 2011

အမွှာ ၁၀၁ တွဲပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရုပ်ခြင်းဆင်တူပြိုင်ပွဲ

အမွှာ ၁၀၁ တွဲပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရုပ်ခြင်းဆင်တူပြိုင်ပွဲ

၂၀၁၁ ခုနှစ် ဇန်န၀ါ၇ီ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ရုပ်ခြင်းဆင်တူပြိုင်ပွဲမှာ အမွှာ တစ်တွဲ ဓါတ်ပုံရိုက်နေပုံပဲဖြစ်ပါတယ် ။ ဒီရုပ်ခြင်းဆင်တူပြိုင်ပွဲမှာ အမွှာပေါင်း ၁၀၁ တွဲပါဝင် ယှဉ်ပြိုင်ခဲ့တယ်လို့ သိရ ပါတယ် ။

















စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သက်တန့်ချို

Monday, January 17, 2011

မြို့ထဲသို့ရောက်ရှိလာသောမြေခွေး

မြို့ထဲသို့ရောက်ရှိလာသောမြေခွေး





ထူးထူးဆန်းဆန်းပဲ တောထဲမှာ နေထိုင်ကျက်စားလေ့ရှိတဲ့ မြေခွေးတစ်ကောင်ဟာ မျက်စိလည်လမ်းမှားပြီး မြို့ကြီးဆီ ရောက်ရှိလာခဲ့ပါတယ် ။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့မှာ ဂျာမဏီနိုင်ငံ Berlin မှာ မြေခွေး တစ် ကောင်ဖြတ်သွားတာကိုအခုလို မြင်ရမှာပါ ။ မြေခွေး တွေကို မြို့ကြီးတွေဖြစ်တဲ့တဲ့ Berlin , Zurich , London နဲ့ တခြား ကြီးမားတဲ့မြို့ပြကြီးတွေမှာလည်း လွန်ခဲ့တဲ့ နှစ်အနည်းက တွေ့ခဲ့ရပါသေးတယ် ။

Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

တိုကျိုမြို့မှကမ္ဘာ့ပထမဆုံးမှန်ပြဒါးအပူချိန်တိုင်းကိရိယာ

တိုကျိုမြို့မှကမ္ဘာ့ပထမဆုံးမှန်ပြဒါးအပူချိန်တိုင်းကိရိယာ





တိုကျိုမြို့မှာ ပြသခဲ့တဲ့ Thermo Mirror လို့ခေါ်တဲ့ မှန်ပြဒါးအပူချိန်တိုင်း နည်းပညာကို NEC Infrared Technologies အရ ကမ္ဘာ့ပထမဆုံး စမ်းသပ် ထုတ်လုပ် ခဲ့ပါတယ် ။ ဒီကိရိယာဟာ အသုံးပြုသူရဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိတွေ့စရာမလိုပဲ အာရုံခံနည်းပညာအသုံးပြီး တိတိကျကျ အပူချိန်ကို ဖော်ပြပေးမှာဖြစ်ပါတယ် ။ ထိတွေ့မှု Physical contact နည်းသွားတဲ့အတွက် အနာဂါတ်အတွက်တော့ အကျိုးရှိမယ့် နည်းလမ်းတစ်ခုပါပဲ ။




Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရေခဲပြင်မှာငါးမျှားကြမယ်

ရေခဲပြင်မှာငါးမျှားကြမယ်




တရုတ်ပြည်အရှေ့ပိုင်း Shandong စီရင်စုမှ Yantai မှာကျင်းပတဲ့ ငါးမျှားပွဲမှာ Waijia မြစ်တလျောက် အေးခဲ နေတဲ့ရေခဲပြင်မှာ ငါးမျှားနေကြခြင်းဖြစ်ပါတယ် ။ ဒီငါးမျှားပွဲတော်ကို ဗုဒ္ဓဟူးနေ့က ငါးဖမ်းဝါသနာပါသူ ငါးဆယ် ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ကြပါတယ် ။ ချမ်းချမ်းအေးအေးမှာ ရေခဲပြင်အောက်က ငါးတွေကို ဖမ်းဆီးရခြင်း ဟာလည်းစိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းမှာအမှန်ပါပဲ ။











Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Hainan ပြည်သုံး ကာဗွန်လျော့ချရေးစက်ဘီးများ

Hainan ပြည်သုံး ကာဗွန်လျော့ချရေးစက်ဘီးများ




Haikou ဆိုတာ တောင်တရုတ်ပြည် Hainan စီရင်စုရဲ့ မြို့တော်ဖြစ်ပြီး လူထုသုံး စက်ဘီးများကို စက်ဘီး ဌာန တစ်ခုမှာ တွေ့ရပုံဖြစ်ပါတယ် ။ Haikou ရဲ့ လည်စည်ကားတဲ့ နေရာတွေမှာ စက်ဘီးအစီးရေ ၆၀ စီ ချထား ပေးခဲ့ပါတယ် ။ ရည်ရွယ်ချက်ကတော့ နေရာ ၁၀၀၀ မှာ စက်ဘီးအစီးရေ ၂ သောင်းချပေးသွားမယ်လို့ဆိုပါတယ် ။ ဒီလို စက်ဘီးတွေကို အစားထိုးအသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ ကာဗွန်စက်ဝန်းကို နည်းအောင် ပြုလုပ်လိုချင်းဖြစ်တယ်လို့လည်းဆိုပါတယ် ။ carbomonoxide ရဲ့ အန္တရာယ်ကို လျော့ချချင်တဲ့အ တွက်ကြောင့်ပဲ ဖြစ်ပါတယ်။








Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, January 8, 2011

ကိုယ်လုံးတီးဆို အလကားပေးမယ်

ကိုယ်လုံးတီးဆို အလကားပေးမယ်




၂၀၁၁ ခုနှစ်ရဲ့ brand အသစ်ေ ဈးကွက်ထဲကို ၀င်လာတဲ့အထိမ်းအမှတ်အဖြစ် ပထမဆုံးလာရောက်တဲ့ ဈေးဝယ် သူတစ်ရာကို အလကား Free of charge ပေးမှာဖြစ်ပါတယ် ။ ဒါပေမယ့် ဒီအတိုင်းတော့မရဘူးနော် ။ လာတဲ့ ဈေးဝယ်သူတွေက Underwearမှလွဲ၍ ဘာအ၀တ်အစားမှ ၀တ်လာရမှာမဟုတ်ပါဘူး ။ ပုံထဲမှာတော့ အပေါက်ဝ ကျဉ်းလေးကို အလုအယက် အတွင်းခံလေးတွေနဲ့ စုပြုံတိုးနေကြတာမြင်ရမှာပါ ။ ရွာထဲက ဆန္ဒရှိသူများ လည်းသွားရောက်နိုင်ပါတယ် ။






Posted @ www.thettantvillage.com
သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရေခဲထဲမှာ ၂နာရီကြာနေပြတဲ့အာဂလူသား

ရေခဲထဲမှာ ၂နာရီကြာနေပြတဲ့အာဂလူသား





ရေခဲလူသားလို့ခေါ်တဲ့ တရုတ်လူမျိုး Jin Songhao ဟာ ကမ္ဘာ့စံချိန်သစ်တစ်ခုဖြစ်တဲ့ အလွန်အမင်းအေးခဲတဲ့ ရေခဲအ တွင်းမှာ အချိန်အကြာဆုံးနေပြနိုင်တဲ့စံချိန်သစ်တင်ခဲ့လို့ အောင်ပွဲခံနေပုံဖြစ်ပါတယ် ။ စံချိန်ပြသ ခဲ့တဲ့နေရာကတော့ Hunan စီရင်စုအလယ်ပိုင်း Zhangjiajie မှာဖြစ်ပါတယ် ။ တနင်္လာနေ့တုန်းက Jin Songhao နဲ့အခြား စိန်ခေါ်သူ Chen Kecai တို့ဟာ ဒီရေခဲပြင်စိန်ခေါ်မှုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ဒီပြိုင်ပွဲမှာ ၂ ဦးစလုံး ဟာ ရေကူးဝတ်စုံလေးမှလွဲ၍ ဘာမှ ၀တ်ဆင်ထားခြင်းမရှိခဲ့ပါဘူး ။ Jin Songhao ဟာ Win HOf ရဲ့စံချိန်ကို ရေခဲထဲမှာ ၁၂၀ မိနစ်ကြာအောင်နေထိုင်ပြခြင်းအားဖြင့် ချိုးဖျက်နိုင်ခဲ့ပြီး Chen ကတော့ ၁၁၈ မိနစ်ပဲ စံချိန်တင်နိုင်ခဲ့ပါတယ် ။ အရင်ကမ္ဘာ့စံချိန်ကတော့ ၁၁၅ မိနစ်ဖြစ်ပြီး စံချိန်တင်ခဲ့သူကတော့ Dutch လူမျိုး Win Hof ဖြစ်ပါတယ် ။










Posted @ www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................