Wednesday, May 31, 2017

တောင်းပန်ခြင်းနဲ့ ခွင့်လွှတ်ခြင်းကိုသင်ယူပါ



ဘ၀မှာ လူတိုင်း ကြုံတွေ့နိုင်တဲ့ နောင်တ ( ၃ ) မျိုးရှိတယ်

- ကိုယ်ပြန်မရနိုင်တော့တဲ့အချိန်တွေကို မိုက်မိုက်မဲမဲ ဖြုန်းတီးမိတဲ့နောင်တ
- ကိုယ်သိပ်သံယောဇဉ်ရှိတဲ့လူကို လက်လွှတ်မိလိုက်တဲ့နောင်တ
- တောင်းပန်ခြင်းနဲ့ခွင့်လွှတ်ခြင်းကို မသင်ယူမိခဲ့တဲ့နောင်တ

ဘယ်လိုနောင်တမျိုးမဆို ... တစ်သက်လုံး
နာကျင်မှုကို ဖက်တွယ်ရင်းပဲ နေသွားရလေ့ရှိတယ်

နောင်တမရချင်ဘူးဆိုရင်

- ဘယ်လိုအချိန်မျိုးကိုဖြစ်ဖြစ် ကိုယ့်အတွက်အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးပါစေ
- သိပ်မြတ်နိုးရတဲ့လူလက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့
- အကြိမ်ကြိမ်တောင်းပန်ပါ ...အကြိမ်ကြိမ်လည်းခွင့်လွှတ်ပေးပါ ။

" ငါတောင်းပန်ပါတယ် .. ခွင့်လွှတ်ပေးပါ " ဆိုတဲ့စကားတစ်ခွန်းထဲနဲ့
လူ ၂ ယောက်ကြားထဲက ပူလောင်မှုတွေကို ချေဖျက်ပေးနိုင်ပါတယ် ။

#သက်တန့်ချို
31.5.2017 #ttclovequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 30, 2017

လူတစ်ယောက်ကို လက်မလွှတ်နိုင်ဘူးဆိုရင်



လူတစ်ယောက်ကို လက်လွှတ်နိုင်တယ်ဆိုရင်

- ဥပက္ခာတရား ကို ရှေ့တန်းတင်ပါ
- ကောင်းခြင်းဆိုးခြင်းအရာရာကို မေ့ပစ်လိုက်ပါ
- ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း စိတ်ခံစားချက်တွေကို အဆုံးသတ်ပါ
- အရာရာကို ခွင့်လွှတ်ခြင်းနဲ့အတူ မေ့ပစ်လိုက်ပါ

လူတစ်ယောက်ကို လက်မလွှတ်နိုင်ဘူးဆိုရင်တော့

- အဆိုးတွေကို ပြုပြင်ပြီးအကောင်းတွေကို ဖန်တီးယူပါ
- အားနည်းချက်တွေကို လစ်လှူရှုပြီးအားသာချက်တွေကို လေ့လာပါ
- အမုန်းတွေကို မေ့ပစ်ပြီး အချစ်တွေကို စိုက်ပျိုးယူပါ
- အပြစ်တွေကို ဖြေဖျောက်ပြီး ခွင့်လွှတ်ခြင်းကို သင်ယူပါ

လူတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုတာ
ကိုယ့်ကိုယ်ကို ထက် ..
လူ တစ်ဖက်သားကို ပိုတွယ်တာလိုက်ရခြင်းတစ်မျိုးပါပဲ ။

#သက်တန့်ချို
30.5.2017 #ttclovequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မသိုးသော ထမင်းကိုသာစားပါ

သိုးနေတဲ့ ထမင်းဟင်းကို
လှပတဲ့ ပန်းကန်အသစ်ထဲ ပြောင်းထဲပေမယ့်
ထမင်းသိုးဟင်းသိုးဆိုတဲ့ ဂုဏ်သတ္တိမပြောင်းလဲသွားနိုင်သလို
အရသာလည်းမကောင်းလာနိုင်ပါဘူး

အဲ့ဒီလိုပဲ ကိုယ်ကျင့်တရားယိုယွင်းပျက်စီးနေတဲ့လူတစ်ယောက်ကို
ဘယ်လိုပဲ လှပတဲ့ ဂုဏ်ဒြပ်တွေနဲ့ စည်းစိမ်တွေနဲ့ကာရံထားပါစေ
မကောင်းတဲ့ ကိုယ်ကျင့်တရား သိက္ခာတရားက မပြောင်းလဲသွားနိုင်သလို
ပိုပြီးလည်း ဖြူစင်မလာနိုင်ပါဘူး

ဟောင်းနွမ်းနေတဲ့ပန်းကန်နဲ့စားနေရပါစေ
မသိုးသော ထမင်းဟင်းကိုသာ စားပါ
စည်းစိမ်နဲ့ဂုဏ်ဒြပ်တွေ မရှိပါစေ
ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူကိုသာ ရွေးချယ်ပါ ။

#သက်တန့်ချို
30.5.2017  #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 29, 2017

တခါတလေ


တခါတလေ လက်လွှတ်ပေးလိုက်တာကလည်း
တစ်ဖက်လူ စိတ်ချမ်းသာဖို့ဖြစ်သလို

တခါတလေ ကျောခိုင်းပေးလိုက်တာကလည်း
တစ်ဖက်လူ လွတ်လပ်သွားဖို့လည်းဖြစ်တယ်

တခါတလေ ခေါင်းငုံ့ပေးလိုက်တာကလည်း
တစ်ဖက်လူ စိတ်ကျေနပ်ဖို့ဖြစ်သလို

တခါတလေ အရှုံးပေးလိုက်တာကလည်း
တစ်ဖက်ကလူ ကို အနိုင်ရစေချင်လို့ဖြစ်တယ်

#သက်တန့်ချို
29.5.2017 #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, May 24, 2017

ရိုးသားစွာ ရှင်သန်ပါ


တခါတလေ အမှန်တရားကို ခါးသီးစွာလက်ခံလိုက်တာက
အမှားတွေထဲမှာ ချိုမြိန်စွာ ပြုံးပျော်နေတာထက်
လိပ်ပြာပိုသန့်ပါတယ်

တခါတလေ အထီးကျန်မှုမှာ တိတ်ဆိတ်စွာ နေလိုက်ခြင်းက
ဟန်ဆောင်မှုတွေထဲမှာ ဟန်ပြပျော်ရွှင်နေရတာထက်
လိပ်ပြာပိုသန့်ပါတယ်

တခါတလေ  ၀မ်းနည်းမှုတွေကို အားပါးတရ ငိုချလိုက်ခြင်းက
ဝမ်းသာဟန်ဆောင်ပြီး ကိုယ့်စိတ်ကို ချုပ်တည်းထားတာထက်
လိပ်ပြာပိုသန့်ပါတယ်

ရိုးသားစွာ ရှင်သန်ပါ
သန့်ရှင်းစွာ ပျော်ရွှင်ပါ
ဘ၀ က .. သိပ်ကို တို ပါတယ် ။

#သက်တန့်ချို
24.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ပိုင်ဆိုင်မှု ဆိုတာ


တစ်ခါတုန်းက အိမ်ရှေ့ ရေနှုတ်မြောင်းမှာ ရေစီးရေလာကောင်းဖို့ ရေမြောင်းကို အုတ်စီပြီး ဖောက်တယ်
အုတ်စီရင်းတစ်ဖက်အိမ်ရှေ့ကို အုတ်ခဲတစ်လုံးစာ ပိုသွားတယ်
ချက်ချင်းပဲ ဘယ်တုန်းကမှန်းမသိ စောင့်ကြည့်နေတဲ့အိမ်ရှင်က ထွက်ပြောတယ်
" ငါတို့ဖက်ကို အုတ်ခဲတစ်လုံး ပိုရောက်နေပြီ ဖယ်ပေးပါ " တဲ့

အသိအိမ်တစ်အိမ်မှာ အလည်ရောက်နေတုန်း သူ့အိမ်ရှေ့မှာ
ဘေးအိမ်က လူတွေနဲ့ စုရုံးစုရုံးစကားများနေကြတာတွေ့လို့ စပ်စုမိတယ်
" ကျွန်တော့်အိမ်ရှေ့အမိုးမိုးတာ လေ ထဲမှာ သူတို့ဖက်ကို ၆ လက်မ အစွန်းထွက်နေလို့ ပြန်ဖျက်ခိုင်းနေလို့
သူငယ်ချင်းရေ .. အစအဆုံး သံဖရိန်တွေအကုန်ပြန်ဖြုတ်ပြီး ပြန်ပြင်ရတော့မယ် " တဲ့

-------------------------------------------------

ဖြစ်စဉ် ၂ ခုစလုံးမှာ ဘယ်သူမှားလဲ ဘယ်သူမှန်လဲဆိုတဲ့ အမြင်တွေကို မပြောလိုပါဘူး
ပြောချင်တာက " ပိုင်ဆိုင်မှု နဲ့ ပိုင်ဆိုင်ခြင်း " ဆိုတဲ့အတွေး တစ်စကိုပါ ။

ကျွန်တော်တို့ ပိုင်တယ် ထင်တဲ့အရာတွေ က တကယ်ရော ပိုင်တာဟုတ်ရဲ့လား
အိမ်တွေ ခြံတွေ မြေတွေ ကားတွေ ပိုက်ဆံတွေ စည်းစိမ်တွေ အသာထားဦး
ကိုယ့်ခန္ဓာကိုယ်တောင် ကျွန်တော်တို့ ပိုင်ဆိုင်ကြရဲ့လား
ဟင့်အင်း .. မပိုင်ပါဘူး နှစ်ပေါင်း ၆၀ ကျော် လောက် ခနသုံးစွဲပြီးနောက် စွန့်ပစ်ခဲ့ကြရမှာပါ

ကိုယ့်ခန္ဓာကိုယ်တောင် မပိုင်ကြတဲ့ဟာ သာမန်ရုပ်ဝထ္ထုပစ္စည်းတွေကို ဘာလို့ ပိုင်ဆိုင်ချင်နေကြပါလိမ့်
အုတ်နီခဲတစ်လုံးစာ အစွန်းထွက်သွားတဲ့ ရှေ့ရေမြောင်းကာရံမှုက တကယ်ပဲ တစ်ဖက်အိမ်ရဲ့
ပိုင်ဆိုင်မှုကို ထိပါးသွားခဲ့တာလား
ပေ ၄၀ လောက်အမြင့်မှာရှိတဲ့ လေထဲမှာ ၆ လက်မ အစွန်းထွက်နေတဲ့ သံ တန်းလေးက တစ်ဖက်အိမ်ရဲ့
ပိုင်ဆိုင်မှုကို လျော့နည်းသွားစေခဲ့တာလား

ကိုယ့်ကိုယ်ကိုတောင်မပိုင်ကြတဲ့ဟာ
ငါ့နေရာ ငါ့ရာထူး ငါ့ပိုက်ဆံ ငါ့အိမ် ငါ့ခြံဆိုတဲ့ ငါ ပိုင်ဆိုင်သော အရာ ဆိုတဲ့အတွေးတွေဟာ တကယ်တော့
သိပ်ရယ်စရာကောင်းလွန်းပါတယ်

ခင်ဗျားရော ကျွန်တော်ရော လောကမှာ ပိုင်တဲ့အရာ .. ဘာဆို ဘာမှမရှိပါဘူး
ကျွန်တော်တို့တကယ်ပိုင်ဆိုင်တာက ကိုယ်လုပ်ခဲ့သမျှ ကုသိုလ် နဲ့ အကုသိုလ်ပဲ ရှိတယ်
ပိုင်ဆိုင်မှုနဲ့ ပိုင်ဆိုင်ခြင်းဆိုတာတွေကို စွန့်ခွာနိုင်သမျှ စွန့်ခွာလိုက်ပါ
ငါ ပိုင်တာ လောကကြီးမှာ ဘာမှ မရှိဘူးဆိုတဲ့အတွေးကို လက်ခံလိုက်ရင်
ပူပန်နေရတဲ့ သောက တွေ တစ်ဝက်လောက်လျော့သွားပါလိမ့်မယ် ။

#သက်တန့်ချို
24.5.2017 #ttcthinking

Tuesday, May 23, 2017

ဘယ်အရာကိုမှ ပုံသေမတွက်ထားပါနဲ့


အကောင်းဆုံးလို့ကိုယ်ထင်ထားမိတဲ့အရာတွေက
အချိန်တွေကြာသွားတာနဲ့အမျှ
အဆိုးဆုံးအရာတွေဖြစ်သွားတတ်ကြတယ်

အဆိုးဆုံးလို့ကိုယ်ထင်ထားမိတဲ့အရာတွေက
အချိန်တွေကြာတာနဲ့အမျှ
အကောင်းဆုံးအရာတွေဖြစ်သွားတတ်ကြတယ်

ဒီလိုပဲ .. ဘ၀မှာ

အချစ်ဆုံးတွေက အမုန်းဆုံးဖြစ်သွားနိုင်သလို
အလေးစားဆုံးတွေကလည်း အရွံ့ရှာဆုံးတွေဖြစ်သွားနိုင်တယ်

အမြတ်နိုးဆုံးအရာကို မေ့ပျောက်သွားနိုင်သလို
မေ့နိုင်တဲ့အရာတွေကလည်း သတိပြန်ရရလာနိုင်တယ်

ဘယ်အရာကိုမှ ပုံသေ မတွက်ထားပါနဲ့
ဒီနေ့မှာ ရှင်သန်နေပေမယ့်
မနက်ဖြန်မှာ ကိုယ်ဟာ သေလူလည်းဖြစ်နိုင်ပါတယ်

ဘယ်အရာကိုမှ အလွန်မယုံကြည်ပါနဲ့
အချိန်နဲ့အမျှ အပြောင်းလဲနိုင်ဆုံးကလည်း
လူ ... တွေပါပဲ ။

#သက်တန့်ချို
23.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မိဘတွေသတိထားနိုင်ဖို့


 တစ်ခါတုန်းက သားငယ်ဖြစ်သူက မိခင်ကိုမေးတယ်

“ မေမေ ... တခါတလေမှာ မေမေါပိုက်ဆံအိတ်ထဲ လက်ဝတ်ရတနာတွေအပြည့်နဲ့ပိုက်ဆံအပြည့်ထည့်ပြီး အိမ်ဖော်နားမှာ ထားခဲ့တတ်သလားဟင် ”

မိခင်ကဖြေတယ်

“ ဟင့်အင်း ... ဘယ်တုန်းကမှ မထားခဲ့ဘူး သား .. မေမေက အိမ်ဖော်ကို မယုံကြည်ဘူးလေ ”

သားဖြစ်သူကပြန်မေးတယ်

“ ဒါဆို မေမေဘာလို့ သားကို အိမ်ဖော်နဲ့ထားခဲ့တာလဲဟင် ”

================

ဖြူစင်ရိုးရှင်းတဲ့ ကလေးငယ်ရဲ့အတွေးဖြစ်ပေမယ့်တော်တော်လေးစဉ်းစားဖို့ကောင်းတဲ့အချက်ပါ
မိခင်တချို့က အလုပ်ကိစ္စတွေ ငွေရှာ၇တဲ့ကိစ္စတွေနဲ့ အိမ်ဖော်တွေနဲ့ပဲ သားသမီးတွေကို ထိမ်းခိုင်းထားခဲ့လေ့ရှိတယ်
ကိုယ်လက်ဝတ်ရတနာပစ္စည်းတွေကိုတောင်အိမ်ဖော်ကိုမယုံကြည်လို့ မထားခဲ့သေးတာ
လက်ဝတ်ရတနာတွေထက်တန်ဖိုးရှိတဲ့ ရင်သွေးကို ဘယ်လို ယုံကြည်စိတ်ချလို့ အိမ်ဖော်တွေနဲ့ထားခဲ့တာပါလိမ့်လို့ ကျွန်တော်လည်းတွေးမိပါတယ် ။

ဒါကြောင့်ပြောပါတယ် ..
“ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးတဲ့ ဂရုစိုက်ခြင်းဆိုတာ .. ငွေနဲ့ပေးဝယ်တိုင်းမရဘူး ” ဆိုတာကိုပေါ့ ..
တခါတလေ သားသမီးတွေလိုချင်တာက
တစ်နေကုန် အိမ်ကနေထွက်စီးပွားရှာနေပြီး
အိမ်ပြန်လာမှ အားလုံးဖြည့်ဆည်းပေးတတ်တဲ့မိဘတွေထက် ..
ကိုယ်နဲ့နာရီဝက်လောက်အတူရှိနေပေးမယ့် မိဘတွေကို ပိုလိုလားတာများဖြစ်နေသလား ။

မိဘတွေ သတိထားပြီးစဉ်းစားဖို့ကောင်းတဲ့အချက်တစ်ချက်ပါပဲ ။

#သက်တန့်ချို
23.7.2017 #ttcrepost 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 22, 2017

စစ်မှန်တဲ့သူငယ်ချင်းဆိုတာ


စစ်မှန်တဲ့သူငယ်ချင်းက ကိုယ့်အားသာချက်ကို များများပြောတယ်
မစစ်မှန်တဲ့သူငယ်ချင်းက ကိုယ့်အားနည်းချက်ကို များများပြောတယ်

စစ်မှန်တဲ့သူငယ်ချင်းက ကိုယ့်အောင်မြင်ရင် မုဒိတာပွားတယ်
မစစ်မှန်တဲ့သူငယ်ချင်းက ကိုယ်ကျရှုံးနေရင် ၀မ်းသာနေတတ်တယ်

စစ်မှန်တဲ့သူငယ်ချင်းက ကိုယ့်ကိုသစ္စာစောင့်သိတယ်
မစစ်မှန်တဲ့သူငယ်ချင်းက ကိုယ့်ကိုသစ္စာ အမြဲဖောက်တယ်

မပေါင်းအပ်တဲ့အပေါင်းအသင်းဆိုတာ

ကိုယ့်နောက်ကျောကိုဓါးနဲ့ထိုးတဲ့သူ
ကိုယ့်ကို အတွင်းကျကျ သစ္စာဖောက်တဲ့သူ
ကိုယ့်ကို အားမနာပဲ သူ့အကျိုးအတွက်ပဲကြည့်တတ်သူ
( နောက်ဆုံး )
ကိုယ့်အားနည်းချက်ကို အသုံးချတတ်သူ ကို ခေါ်တယ် ။


#သက်တန့်ချို
22.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 19, 2017

လူမုန်းမခံချင်ရင်

လူမုန်းမခံချင်ရင်

- ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကို ထဲထဲဝင်ဝင် မဝေဖန်မိစေနဲ့

- သူတစ်ပါးစိတ်ကို ပိတ်မလှောင်ထားနဲ့ ထွက်ပေါက်ပေးလိုက်ပါ

- နေရာတကာမှာ ကိုယ်အတော်ဆုံးကိုယ်အတတ်ဆုံးမလုပ်နဲ့

- စကားတစ်ခွန်းကို စိတ်ထဲကမပါပဲ ပေါ့ပေါ့လေးမပြောနဲ့

- ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကို သိပ်ခံစားမနေနဲ့

#သက်တန့်ချို
19.5.2017  #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 18, 2017

Don't let go


သင့်ကို တစ်ခါလိမ်ဖူးတဲ့လူဟာ
နောက်တစ်ကြိမ် ထပ်လိမ်ဖို့လွယ်လွယ်လေးပါပဲ

သင့်ကိုတစ်ခါ ကတိဖျက်ဖူးတဲ့လူဟာ
နောက်တစ်ကြိမ် ကတိဖျက်ဖို့ လွယ်လွယ်ပေးပါပဲ

သင့်ကို တစ်ခါ တစ်ခါစွန့်လွှတ်ဖူးသူဟာ
အကြိမ်ပေါင်းများစွာ စွန့်လွှတ်ဖို့လွယ်လွယ်လေးပါပဲ

ကိုယ့်အပေါ် စစ်စစ်မှန်မှန်ကောင်းမွန်တဲ့လူရှိခဲ့ရင်
ဘယ်လိုအကြောင်းနဲ့လက်မလွှတ်ပါနဲ့ ။

#သက်တန့်ချို
18.5.2017 #ttclifequote



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 16, 2017

ငါကံဆိုးလိုက်တာလို့ တွေးမိရင်

ငါကံဆိုးလိုက်တာလို့ တွေးမိရင်

ခင်ဗျားရော ကျွန်တော်ရော တခါတလေ ငါ ကံဆိုးလိုက်တာလို့ မွေးမိဖူးကြမှာပါ
လုပ်သမျှ အလုပ်တွေ မအောင်မြင် ၊ အရှုံးတွေ ခဏခဏတွေ့ပြီး
ဘ၀ဆိုတာ နေလို့မကောင်းလိုက်တာလို့ တွေးမိရင် အောက်ကစာလေးကို ခဏလာက်အချိန်ပေးပြီး ဖတ်ကြည့်ပါဦး

====================


အလုပ်ကိစ္စတစ်ခုနဲ့ အိန္ဒိယကို ခဏရောက်နေတဲ့ ကျွန်တော်ဟာ မနက်ခင်းတစ်ခုမှာ သူငယ်ချင်းဖြစ်သူနဲ့ချိန်းဆိုထားတဲ့ နေရာကို ထွက်လာခဲ့တယ် ။ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့နေရာမို့ တနည်းအားဖြင့် ဆင်းရဲသားတွေနေတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးကို ဖြတ်သွားရတာမို့ ခြေလျင်သွားခြင်းကိုသာ ကျွန်တော်ရွေးချယ်ခဲ့တယ် ။ ဒီလိုနဲ့ လမ်းခုလတ်တစ်နေရာအရောက်မှာ ထူးဆန်းမင်သက်ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို ကျွန်တော်မြင်ခဲ့ရတယ် ။ ကလေးငယ်တစ်ယောက်ကို မိခင်ဖြစ်သူက အိမ်ရှေ့ကို တရွတ်တွဲပြီးခေါ်လာတဲ့မြင်ကွင်းပါ ။ ကြည့်နေတုန်းမှာပဲ အမေလုပ်သူက ကလေးရဲ့လက်ကို ဓါးနဲ့ ခုတ်လိုက်တာကို ထိတ်လန့်စရာ မြင်ခဲ့ရတယ် ။
ဘေးနားကလူတွေကလည်း ကလေးကို မငိုဖို့ ချော့မော့ကြပြီး ပြတ်သွားတဲ့လက်ကို သွေးတိတ်ဖို့ အ၀တ်ခပ်နွမ်းနွမ်းစည်းပြီး အထဲကို ပြန်ခေါ်သွားကြတယ် ။ အချိန်တော်တော်ကြာ ဆွံ့အနေခဲ့တဲ့ ကျွန်တော်ဟာ လောကကြီးနဲ့အဆက်ပြတ်သွားသလိုပါပဲ ။

ဘာလို့လဲ ? ကလေးလက်ကို မိခင်ဖြစ်ရဲ့သားနဲ့ ဘာလို့ဖြတ်ရတာလဲ ? ကလေးက ခွင့်မလွှတ်နိုင်တဲ့အရာတစ်ခုခုကို လုပ်မိလို့လား ဒါမှမဟုတ် ကလေးမှာ ကူးစက်နိုင်တဲ့ ရောဂါတစ်ခုခုဖြစ်နေလို့လား သို့လောသို့လောအတွေးတွေနဲ့ဖြစ်ရပ်အမှန်ကို ကျွန်တော်စုံစမ်းကြည့်ပါတော့တယ် ။ တကယ့်အဖြစ်မှန်ကတော့ အဲ့ဒီရပ်ကွက်ဟာ သူဖုန်းစားတွေ ချည်းနေတဲ့ရပ်ကွက်ဖြစ်ပြီါ် ကလေးဟာ ကိုယ်လက်အဂါင်္အစုံရှိနေရင် တောင်းရမ်းစားသောက်ဖို့မလွယ်လို့ ကလေးလက်ကို ဖြတ်ပစ်လိုက်ရခြင်းဖြစ်ပါတယ်တဲ့ ။ ဒီရပ်ကွက် ဒီပတ်ဝန်းကျင်မှာ မွေးဖွားလာတဲ့ကလေးတော်တော်များများ မှာ ဒီလိုအဖြစ်ဟာ ကြုံရလေ့ရှိပြီး ဖြစ်ရိုးဖြစ်စဉ်ပါလို့ ရှင်းပြကြတယ် ။ စိတ်မကောင်းခြင်းကြီးစွာနဲ့ လျောက်လာခဲ့တဲ့ခြေလှမ်းတိုင်းဟာ ကျွန်တော့်အဖို့ အတွေးပေါင်းများစွာနဲ့ လေးလံနေစေခဲ့ပါတယ် ။
ဒီလိုနဲ့ ချိန်ထားတဲ့ နေရာရောက်တော့ အဲ့ဒီအကြောင်းကို ကျွန်တော့်မိတ်ဆွေကိုပြောပြခဲ့တယ် ။  သူ.. ထိတ်လန့်အံ့သြစွာ နဲ့လက်ထဲက စားလက်စ ပေါင်မုန့်ဟာ မြေပေါ်ကျသွားခဲ့တယ် ။ အဲ့ဒါကိုလှမ်းမြင်လိုက်တဲ့ကလေးတစ်သိုက်ဟာ သူ့ဆီက ကျသွားတဲ့ပေါင်မုန့်အပိုင်းအစကို အလုအယက် လုကြပြီး ထွက်ပြေးသွားကြတော့တယ် ။ ငူငူငိုင်ငိုင်ကြီးကျန်နေခဲ့တဲ့ကျွန်တော့်မိတ်ဆွေဟာ ကျွန်တော်နဲ့အတူ အဲ့ဒီနားမှာရှိတဲ့ ပေါင်မုန့်ဆိုင်ကို လိုက်ရှာကြတယ် ။ ဒေသတစ်ခုလုံးမှာ ပေါင်မုန့်ဆိုင် ၂ ဆိုင်ပဲရှိပါတယ် ။ ၂ ဆိုင်လုံးက ပေါင်မုန့် အလုံး ၄၀၀ ကျော်ကို ကျွန်တော်တို့ဝယ်ခဲ့ကြတယ် ။

ဒေါ်လာ ၂၀၀ တောင်မကျခဲ့ဘူး ။ ပေါင်မုန့်တစ်လုံးဟာ ၂၅ ပြား တောင်မပေးရပဲ ဈေးသက်သာပါတယ် ။ ဒီလိုနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ ပစ္စည်းတွေအသုံးအဆောင်တွေ ကို နောက်ထပ် ဒေါ်လာ ၃၀၀ ဖိုးကျွန်တော်တို့ထပ်ဝယ်ခဲ့ကြတယ် ။ ပြီးတော့ သူဖုန်းစားရပ်ကွက်ထဲက ကလေးငယ်တွေကို ကျွန်တော်တို့ ၂ ယောက် ဝေပေးခဲ့ကြတယ် ။ အလုအယက် နဲ့ မျက်ရည်တွေ အံ့သြမင်သက်ခြင်းတွေနဲ့သူတို့ မျက်နှာတွေကို ကျွန်တော်အခုအချိန်ထိမေ့မရနိုင်ခဲ့ဘူး ။ အရှုံးတွေ စိတ်ပျက်မှုတွေကြုံလာရတာတောင် ငါကံကောင်းနေသေးတာပဲလို့ ကျွန်တော်တွေးတောတတ်လာပါတယ် ။

============================

ခင်ဗျားတို့ရော ဘ၀မှာ သိပ်ကံဆိုးလှပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တွေးမိကြလား အဲ့ဒီလို တွေးမိတဲ့အခါမျိုးမှာ လမ်းပေါ်မှာပိုက်ဆံတောင်းရမ်းဖို့အတွက် ကိုယ့်လက်ကိုယ်အဖြတ်ခံလိုက်ရတဲ့ ဘာမှမသိနားမလည်သေးတဲ့ကလေးအရွယ်လေးတွေ ကမ္ဘာရဲ့ ထောင့်တစ်နေရာမှာ ရှိနေသေးတယ်ဆိုတာ ပြန်တွေးကြည့်စမ်းပါ ။ ၂၅ ပြားတောင်မတန်တဲ့ပေါင်မုန့်တစ်လုံးအတွက် အလုအယက် သဲပေနေတဲ့ စားစရာတစ်ခုကို ၀ိုင်းလုနေကြတဲ့ ကလေးငယ်တွေ ရှိတယ်ဆိုတာ တွေးကြည့်စမ်းပါ ။

ခင်ဗျား သူတို့လောက်ကံမဆိုးသေးပါဘူး ။ တခါတရံ ရှုံးနိမ့်ခြင်း ၀မ်းနည်းခြင်း ပူဆွေးခြင်း တွေဟာ ကံဆိုးခြင်းမဟုတ်သေးပါဘူး ။ လောကကြီးမှာ ရှိတဲ့ပြဿနာတွေဟာ နေ့စဉ် ဒုနဲ့ဒေးပါ ။

ကျွန်တော်တို့ဘ၀တွေက အဲ့ဒီလောက်ကံဆိုးကြလို့လား ?

#သက်တန့်ချို
16.5.2017 #ttcinspirationalstories
Source : Be Content About Your Life
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 15, 2017

စိတ်ကူးအိပ်မက်

လူတစ်ယောက်

နေ့တိုင်းစုတ်ပြတ်နေလို့ရတယ်
ဒါပေမယ့် တစ်ရက်လောက် မျှော်လင့်ချက် မရှိလို့မဖြစ်ဘူး

နေ့တိုင်းဆင်းရဲနေလို့ရတယ်
ဒါပေမယ့် တစ်မိနစ်လောက် စိတ်ကူးအိပ်မက်မရှိလို့မဖြစ်ဘူး

ဆင်းရဲစုတ်ပြတ်ပြီး မွေးလာတာ ဘယ်သူ့အပြစ်မှမဟုတ်ဘူး
ဆင်းရဲစုတ်ပြတ်ပြီး သေသွားရင်တော့ ကိုယ့်အပြစ်ဖြစ်သွားပြီ

၃ နှစ်အရွယ်တုန်းက မြင်းစီးသူရဲကောင်းလုပ်မယ်လို့ စိတ်ကူးယဉ်တယ်
၁၀ နှစ်အရွယ်တုန်းက စက်ရုပ်သူရဲကောင်းလုပ်မယ်လို့စိတ်ကူးယဉ်တယ်
၁၆ နှစ်အရွယ်မှာ လေယာဉ် ပိုင်းလော့လုပ်မယ်စိတ်ကူးတယ်
၃၂ နှစ်အရွယ်မှာတော့ ကိုယ်ပိုင်ခြံလေး အိမ်လေးနဲ့စာတွေဖတ်မယ်စိတ်ကူးတယ်

နေ့တိုင်း မျှော်လင့်ခြင်း စိတ်ကူးအိပ်မက်အလင်းရောင်ကို ထွန်းညှိပါ

စိတ်ကူးအိပ်မက်မရှိတဲ့သူထက်စာရင်
စိတ်ကူး အိပ်မက်ရှိတဲ့လူရဲ့နောက်မှာ
မျှော်လင့်ချက်ဆိုတာ အမြဲရှိပါတယ်

#သက်တန့်ချို
15.5.2017 #ttclifequote
Photo : The Sun Daily
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လူတစ်ယောက်ကောင်းတယ်ဆိုးတယ်ဆိုတာ

တစ်ခါတုန်းက လူတစ်ယောက်ဟာ သူ့အိမ်ရှေ့မှာ အလှပန်းစိုက်ဖို့ မြေဆွေးသွားဝယ်တယ်
ဆိုင်တစ်ဆိုင်မှာ သူ နှစ်သက်တဲ့ မြေဆွေးတချို့ကို တွေ့ခဲ့တယ်
ဆိုင်ရှေ့ရောက်ကတည်းက အဲ့ဒီမြေဆွေးကနေ နှင်းဆီရနံ့တွေ ထွက်နေတာကြောင့် သူ ၀ယ်ခဲ့တယ်

ဒီလိုနဲ့ သူ့အိမ်ကို မြေဆွေးတွေ သယ်လာတဲ့ လမ်းတလျောက်မှာ သူကမေးတယ်
" တခြားမြေဆွေးတွေနဲ့မတူပဲ ဘာလို့ နှင်းဆီရနံ့ရနေတာလဲ တမင်ဖန်တီးထားတာလား ဒါမှမဟုတ်
မိုးပေါ်ကနေကျလာတာများလား "
မြေဆွေးကပြန်ဖြေတယ်
" ရိုးရိုးမြေဆွေးပါပဲ  တန်ခိုးလည်းမရှိပါဘူး မိုးပေါ်က ကျလာတာလည်းမဟုတ်ပါဘူး
ဒါပေမယ့် နှင်းဆီ စိုက်ခင်းထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့ဖူးတဲ့အတွက်ဖြစ်ပါတယ် " တဲ့

===============================

ကိုယ်နဲ့အနီးကပ် နေတဲ့လူ အပေါင်းအသင်း နဲ့ပတ်ဝန်းကျင်က အကျင့်တွေ ကိုယ့်ဆီမှာလည်းရှိနေတတ်ပါတယ်
တချို့လူတွေက ယဉ်ကျေးတယ် တချို့က ရိုင်းစိုင်းတယ်
တချို့လူတွေက သည်းခံတယ် တချို့က မောက်မာတယ်
လူတစ်ယောက် ကောင်းတယ်ဆိုးတယ်ဆိုတာ အကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူး
ပတ်ဝန်းကျင်ရိုက်ခတ်မှုနဲ့ သူဖြတ်သန်းလာခဲ့တဲ့ ဘေးနားကလူတွေရဲ့ အကျင့်တွေကြောင့်လည်းပါတယ်

#သက်တန့်ချို
15.5.2017 #ttcinspirationalstories
Source : soil under the rose 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 13, 2017

ကလေးငယ်နဲ့ချိုချဉ်တစ်လုံး


ကိုယ်သိပ်ကြိုက်မိတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်

------------------------------------------

အလွန်ချမ်းသာတဲ့သူဌေးကြီးတစ်ဦးဟာ
ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာ ၀ါသနာကြီးပါတယ်
သူ့အခန်းထဲမှာလည်း ရှေးဟောင်းပစ္စည်းတွေ အများကြီးပေါ့ ...

သူဌေးကြီးမှာ သူအလွန်ချစ်ရတဲ့ သားငယ်တစ်ယောက်ရှိတယ်
တစ်နေ့တော့ အလွန်အဖိုးတန်တဲ့ ရှေးဟောင်းပန်းအိုးကြီးထဲမှာ
သူ့သားငယ်ရဲ့ လက်ဆွဲထုတ်မရဖြစ်နေတာကို တွေ့ခဲ့တယ် ..
နည်းအမျိုးမျိုးသုံးပြီး အိမ်ကလူတွေ ကြိုးစားကြပေမယ့် ပန်းအိုးထဲကနေ
ကလေးရဲ့လက်ကို ဆွဲမထုတ်နိုင်ခဲ့ကြဘူး

နောက်ဆုံး နှမျောတသစွာနဲ့ သူဌေးကြီးဟာ ကလေးအနာတရမဖြစ်အောင်
သူအလွန်တန်ဖိုးထားရတဲ့ ရှေးဟောင်းပန်းအိုးကြီးကို
ခွဲပစ်လိုက်ရပါတယ် .. အဲ့ဒီအခါ ကလေးရဲ့လက်ထဲမှာ
ချိုချဉ်လေးတစ်လုံးကို တင်းတင်းဆုပ်ကိုင်ထားတာတွေ့လိုက်ရတယ်

ကလေးငယ်ရဲ့ချိုချဉ်ကို တင်းတင်းဆုပ်ကိုင်လက်မလွှတ်ချင်တဲ့စိတ်ကြောင့်
တန်ဖိုးကြီးတဲ့ ရှေးဟောင်းပန်းအိုးကိုဖျက်ဆီးခဲ့ရတယ် ..

================================

သင်တို့ရော ...
ကိုယ်တင်းတင်းဆုပ်ကိုင်ထားမိတဲ့ အရာ ၊ ယုံကြည်ချက် ၊ စိတ်ခံစားမှု တွေကြောင့်
ကိုယ့်ပတ်ဝန်းကျင်
ကိုယ့်မိဘ
ကိုယ့်မိသားစု
ကိုယ့်အသိုင်းအ၀ိုင်းသူငယ်ချင်း
ကိုယ့်အချိန်
ကိုယ့်ကျန်းမားရေး ကို လဲလှယ်မိနေပြီလား ?

#သက်တန့်ချို
13.5.2017 #ttcinspirationalstories
Credit to mybetter.cn/engtranslate
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အိပ်မက်

ငယ်ငယ်တုန်းက လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြတယ်
ကျွန်တော်လည်းအပါအ၀င်ပေါ့

တချို့က အောင်မြင်ခြင်းအိပ်မက်
တချို့က ပျော်ရွှင်ခြင်းအိပ်မက်
တချို့က ချမ်းသာခြင်းအိပ်မက်
တချို့က ကျော်ကြားခြင်းအိပ်မက်

လူတိုင်းမှာ အိပ်မက်ကိုယ်စီမက်ခွင့်ရှိကြတယ်
ဒါပေမယ့် အိပ်မက်က နိုးလာခဲ့ရင်တော့
လက်တွေ့ဆန်တတ်ဖို့လည်းလိုတယ်

လောကကြီးထဲမှာ မှာတော့ ဘယ်သူကမှ ဇာတ်လိုက်မဟုတ်သလို
ဘယ်သူကမှ ဇာတ်ပို့လည်းမဟုတ်ကြဘူး

ရုပ်ရှင်တွေထဲကလို ဇာတ်လိုက်ဘေးမှာ ဇတ်ပို့တွေ ၀ိုင်းနေမှာလည်းမဟုတ်ဘူး
ရုပ်ရှင်တွေထဲကလို မင်းသားနဲ့မင်းသမီးလည်း သီချင်းနောက်ခံလေးနဲ့ကခုန်နေမှာမဟုတ်ဘူး
ရုပ်ရှင်တွေထဲကလို ကိုယ်ငိုရင် ဘေးကနေ စာနာချော့မော့ပေးနေမှာလည်းမဟုတ်ဘူး

လူတိုင်းက ကိုယ့်ဘ၀နဲ့ကိုယ်
ကိုယ့်အခြေအနေနဲ့ကိုယ်
ကိုယ့်အတိုင်းအတာနဲ့ကိုယ်

တခါတလေ စိတ်ကူးယဉ်အိပ်မက်ဆိုတာ အိပ်မက်ထဲမှာပဲထားခဲ့တာကောင်းပါတယ်
ကိုယ့်ဝမ်းနာ ကိုယ်သာသိ
ပကတိကိုယ့်အခြေအနေမှာ ကိုယ့်ဘာသာ နေသားတကျ
လက်ခံ ကျော်ဖြတ်နိုင်ဖို့ပဲအရေးကြီးပါတယ် ။

#သက်တန့်ချို
13.4.2017  #ttclifequote


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, May 12, 2017

အမှိုက်တွေလို စွန့်ပစ်လိုက်ပါ

ကိုယ့်အတွက် အဆင်သင့်ဖြစ်နေတဲ့အရာမှန်သမျှ အပေါ်
မသာယာမိပါစေနဲ့
နောင်တချိန် ဘယ်အရာမှ အဆင်သင့်မဖြစ်တဲ့အခါ
ကိုယ်ပဲနောင်တရလိမ့်မယ် ။

စကားလေးတွေဟာ  ပန်းနဲ့တူသလို အဆိပ်နဲ့လည်းတူတယ်
အဆိပ်လိုမျိုး ကြမ်းတမ်းနှိမ်ချ မောက်မာတဲ့စကားလုံးတွေကြောင့်
တစ်ပါးသူကို မနာကျင်မိပါစေနဲ့
ကိုယ်ပြောလိုက်တဲ့ စကားတိုင်း ပန်းရနံ့တွေသင်းနေသလို
ချိုသာသိမ်မွေ့ပါစေ ။

လူတွေရဲ့ စိတ်ဟာ သမုဒ္ဒရာနဲ့တူတယ်
ကျယ်ပြန့်တယ် အဆုံးမရှိဘူး တခါတခါ သိမ်မွေ့တယ် တခါတခါ မုန်တိုင်းထန်တယ်
ဘယ်သူ့စိတ်ကိုမှ မခန့်မှန်းပါနဲ့
ကိုယ့်စိတ်ကိုယ်သာ ထိမ်းနိုင်အောင်ကြိုးစားပါ ။

ကိုယ့်ဘ၀ ထဲကို ပေါပေါပဲပဲ ၀င်လာတဲ့အရာမှန်သမျှကို
စွန့်ပစ်ရမယ့်အမှိုက်လို သဘောထားပြီးစွန့်ပစ်ပါ
အမှိုက်တွေ များလာရင် ကိုယ်တန်ဖိုးထားတဲ့အရာတွေ ထားဖို့
နေရာလွတ်တွေနည်းသွားပါလိမ့်မယ် ။

#သက်တန့်ချို
12.5.2017 #ttclifequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

စောင့်ထိမ်းတဲ့ ကတိသစ္စာ


သွေးကြောလေးတစ်ချောင်းက နှလုံးသားချင်းတိုက်ရိုက်ဆက်သွယ်ထားတယ်
ကမ္ဘာပေါ်မှာ သူရှိနေတယ်ဆိုတဲ့ အသိက ခန္ဓာကိုယ်ကို နွေးထွေးစေတယ်
အကြည့်တစ်ချက် က အရာရာကို ဆွံ့အသွားစေတယ်

တန်ဖိုးထားကြသူအချင်းချင်းဟာ ကတိသစ္စာတွေအကြိမ်ကြိမ်ပေးနေစရာမလိုပါဘူး

ချစ်နေကြတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားပြီး
တစ်နေ့တာကို နောက်ဆုံးရက်ချစ်ရသလိုမျိုးသတ်မှတ်ပြီးချစ်ကြမယ်
အေးအတူပူအမျှ လက်ချင်းတွဲထားနိုင်သမျှ
အသက်တွေ ဘယ်လောက်ကြီးကြီး
ရုပ်ရည်ဘယ်လောက်ပဲ အိုမင်းရင့်ရော်နေပါစေ
ကိုယ့်မှတ်ဥာဏ်ထဲ ချစ်ရသူသာ စွဲမြဲ ထင်ဟပ်နေမယ်ဆိုရင်

ဒါဟာ ကိုယ်စောင့်ထိန်းတဲ့ ကတိ သစ္စာပါပဲ ။

#သက်တန့်ချို
12.5.2017 #ttclovequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အရှိတရားဟာ ပစ္စုပ္ပန်ထဲ ချောင်ပိတ်သတ်ခံရတယ်

အရှိတရားဟာ ပစ္စုပ္ပန်ထဲ ချောင်ပိတ်သတ်ခံရတယ်


အခွံတစ်ခုထဲမှာ အခွံပေါင်းများစွာ ပိတ်မိနေတယ်
ပစ္စုပ္ပန်ဟာ ချောင်ပိတ်သတ်ခံရတဲ့ အရှိတရားတစ်ခုလိုပါပဲ
လူတချို့ဟာ ဟားတိုက်ရယ်မောရင်း
အတွင်းထဲက မျက်ရည်တွေ လှိုက်လှိုက်အန်ချနေခဲ့သလို ။

ဟင့်အင်း ...
မပြောနဲ့ မဆိုနဲ့ မဝေဖန်နဲ့
မျက်စိလည်းပိတ် နားလည်းပိတ် ပါးစပ်လည်းပိတ်
ဒွါရပေါက်တွေ အကုန်ပိတ်
ဘ၀ဆိုတာ ချိတ်ပိတ်ထားတဲ့ အိမ်ပျက်ကြီးတစ်ခုမဟုတ်လား ။

ခင်ဗျား လွှင့်ပစ်လိုက်တဲ့ စားကြွင်းစားကျန်တွေရဲ့တစ်ဖက်မှာ
ကိုယ့်တံတွေးကိုယ်ပြန်သပ်ရင်း
စိတ်ကူးယဉ်နေရတဲ့ဘ၀တွေ လည်းရှိတယ်

ခင်ဗျား ညည်းတွားလိုက်တဲ့ နေအပူရှိန်ရဲ့တစ်ဖက်မှာ
ကိုယ့်ချွေးစက်ကိုယ် ပြန်အရသာခံရင်း
မှောင်မိုက်နေရတဲ့ဘ၀တွေလည်း ရှိတယ်

အစိုးမရဘူး
ရန်သူမျိုးငါးပါးဆိုတာ ရှားပါးကုန်ပစ္စည်းတစ်ခု
ကျုပ်တို့ခေတ်မှာ ကိုယ်တွင်းကိုယ်ပ ရန်သူ နဲ့
ပြည်တွင်းပြည်ပ ရန်သူတွေကလည်းအပြိုင်အဆိုင်
နိုင်တဲ့သူတွေချည်း ရွေးသေပေးရတဲ့ ခေတ် ။

လူပင်လယ် ကြီးဟာ
သောက ပင်လယ်ကြီးထဲ လက်ပစ်ကူးရင်း
စိတ်ကူးပင်လယ်ကြီးထဲ မျောပါနေကြ
တကယ့်အရှိတရားဟာ
ပစ္စုပ္ပန်ထဲ ချောင်ပိတ်သတ်ခံနေရတယ် ။

#သက်တန့်ချို
12.5.2017 #ttcpoems
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 11, 2017

တန်ဖိုးရှိခြင်း တန်ဖိုးမဲ့ခြင်းဆိုတာ

ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ရုပ်ဖြောင့်နေပါစေ
စာရိတ္တမကောင်းရင် တန်ဖိုးမဲ့တာပါပဲ ။

မိန်းမတစ်ယောက် ဘယ်လောက်ပဲ ရုပ်ချောနေပါစေ
စောင့်ထိန်းမှုမရှိရင် တန်ဖိုးမဲ့တာပါပဲ ။

ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ၀င်ငွေကောင်းနေပါစေ
သိက္ခာမရှိဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

မိန်းမတစ်ယောက် ဘယ်လောက်ပဲ သိမ်မွေ့နေပါစေ
နှုတ်စည်းမစောင့်ဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ ချစ်တတ်ပါစေ
သစ္စာ မရှိဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

မိန်းမတစ်ယောက် ဘယ်လောက်ပဲ အချစ်ခံရပါစေ
ရိုးသားမှုမရှိဘူးဆိုရင် တန်ဖိုးမဲ့တာပါပဲ ။

#သက်တန့်ချို
11.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, May 9, 2017

နာကျင်ခံစားနေရတဲ့အခိုက်အတန့်မှာ


နာကျင်ခံစားနေရတဲ့အခိုက်အတန့်မှာ

ကိုယ့်လို တွေးနေမလားလို့မစဉ်းစားပါနဲ့
ကိုယ်က ကိုယ် သူက သူပါ ။

ကိုယ့်လို ခံစားနေမလားလို့ မစဉ်းစားပါနဲ့
ကိုယ်က ကိုယ် သူက သူပါ။

ကိုယ့်လို ၀မ်းနည်းနေမလားလို့မစဉ်းစားပါနဲ့
ကိုယ်က ကိုယ် သူက သူပါ ။

ဘယ်အရာဖြစ်ဖြစ် ကိုယ့်နေရာကို တစ်ပါးသူအနေနဲ့ ၀င်ဝင်ခံစားစေတာဟာ
သိပ်ကို မှားယွင်းတဲ့အယူအဆဖြစ်ပါတယ် ။

ကိုယ်ဝမ်းနည်းနေတဲ့အချိန်
တစ်ဖက်သားက ပျော်ချင်ပျော်နေမယ်

ကိုယ် အားငယ်ခေါင်းငုံ့နေတဲ့အချိန်
တစ်ဖက်သားက အားတက်ခေါင်းမော့နေချင်နေမယ်

ကိုယ်သတိရလွမ်းမောနေတဲ့အချိန်
တစ်ဖက်သားက လစ်လျှုရှုသတိမေ့ချင်မေ့နေမယ်

မတူညီတဲ့ စိတ်ခံစားမှုကို ထပ်တူလိုက်စဉ်းစား နေတာကိုက
သင်ကိုယ်တိုင် မှားယွင်းနေတာပါ ။

#သက်တန့်ချို
9.5.2017 #ttclifequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, May 8, 2017

စစ်မှန်တဲ့ချစ်ခြင်းတရားဆိုတာ


စစ်မှန်တဲ့အချစ်က
တစ်ရက်နီးလာလေ
တစ်ရက်ပိုခိုင်မာလေ

မစစ်မှန်တဲ့အချစ်က
တစ်ရက်ကုန်ဆုံးလေ
တစ်ရက် စိတ်ပျက်ရလေ

စစ်မှန်တဲ့အချစ်က
တစ်ရက်နီးလာလေ
တစ်ရက်ရင်ခုန်ရလေ

မစစ်မှန်တဲ့အချစ်က
တစ်ရက်နီးလာလေ
တစ်ရက်ရင်ခုန်သံကင်းမဲ့လေ

" နီးခြင်းဝေးခြင်းနဲ့ တည်ဆောက်ထားတယ်ဆိုရင်
သေချာပါတယ် .. အချစ်မဟုတ်သေးဘူး

ပေးဆပ်ခြင်း ရယူခြင်းနဲ့ တည်ဆောက်ထားတယ်ဆိုရင်
သေချာပါတယ် ...အချစ်မဟုတ်သေးဘူး

ပိုင်ဆိုင်ခြင်း စွန့်လွှတ်ခြင်းနဲ့ တည်ဆောက်ထားတယ်ဆိုရင်
သေချာပါတယ် .. အချစ်မဟုတ်သေးဘူး "

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ
ဝေးနေပေမယ့် ... နီးနေသလိုခံစာားရတယ်
"ပေး" နေပေမယ့်... " ရ" နေသလို ခံစားရတယ်
စွန့်လွှတ်နေရပေမယ့်ပိုင်ဆိုင်နေရသလို ခံစားနေရတယ် ။

#သက်တန့်ချို
8.5.2017 #ttclovequote 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တစ်ခါတစ်လေ

တစ်ခါတစ်လေ ကိုယ့်ဖက်က
အမှတ်တမဲ့ပြောလိုက်တဲ့စကားလုံးတွေက
ကိုယ့်ကို သံယောဇဉ်ရှိသူအတွက် နာကျင်စေတတ်တယ်
ပျော်ရွှင်ပါစေဆိုပြီးလုပ်လိုက်တဲ့ လုပ်ရပ်တွေက
ကိုယ့်ကို စိုးရိမ်နေတဲ့သူအတွက် ၀မ်းနည်းစေတတ်တယ်
တစ်ခါတစ်လေမှာလည်း ကိုယ့်ဖက်က
အရိပ်တကြည့်ကြည့် ဂရုအမြဲစိုက်နေခြင်းဟာ
ကိုယ့်ကို တန်ဖိုးမထားသူအတွက် စိတ်ကျဉ်းကြပ်နေစေတတ်တယ်
ကိုယ့်ကို ပြန်ချစ်ပါစေပြီး တန်ဖိုးထားပေးဆပ်သမျှဟာ
ကိုယ့်နဲ့မထိုက်တန်သူအဖို့ မုန်းတီးနာကျည်းသွားစေတတ်တယ်
===================================
ကိုယ့်ကို သံယောဇဉ်ရှိသူနဲ့ အမြဲစိုးရိမ်နေတတ်သူကို တန်ဖိုးထားပါ
ကိုယ့်ကို တန်ဖိုးမထားသူနဲ့ မထိုက်တန်သူကို မေ့ပစ်လိုက်ပါ
ဘ၀ဆိုတာ .. ကိုယ်နဲ့ထိုက်တန်တာ ကိုယ့်ဆီရောက်လာစမြဲပါပဲ ။
#သက်တန့်ချို
8.5.2017 #ttclovequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, May 6, 2017

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ

ခွင့်မလွှတ်နိုင်ဘူးထင်ထားပေမယ့်
အဆုံးစွန်ထိ ခွှင့်လွှတ်ပေးနိုင်ခဲ့တယ်ဆိုရင် ....

လက်လွှတ်နိုင်မယ်ထင်ထားပေမယ့်
အဆုံးစွန်ထိ လက်မလွှတ်နိုင်ခဲ့ဘူးဆိုရင် ....

နာကျင်စေချင်ပေမယ့်
အဆုံးစွန်ထိ မနာကျင်စေရက်ဘူးဆိုရင်

သေချာပါတယ်
ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပါပဲ ။

#သက်တန့်ချို
6.5.2017 #ttclovequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အဆုံးသတ်မှာ အတူရှိမယ်ဆိုရင်

အဆုံးသတ်မှာ အတူရှိမယ်ဆိုရင်
အကွာအဝေးက ပြဿနာမဟုတ်ဘူး

နားလည်ခွင့်လွှတ်ခြင်းသာပေးမယ်ဆိုရင်
အထင်လွဲနာကျင်မှုတွေက ပြဿနာမဟုတ်ဘူး

တကယ်စစ်မှန်စွာ ချစ်တယ်ဆိုရင်
အခက်အခဲတိုင်းကပြဿနာမဟုတ်ပါဘူး ။

#သက်တန့်ချို
6.5.2017 #ttclovequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ချစ်ခြင်းကသာ အမုန်းတွေကိုဖယ်ရှားနိုင်တယ်


မာတင်လူသာကင်းကပြောခဲ့တယ်

" အမှောင်ထုကို အမှောင်က မဖယ်ရှားနိုင်ဘူး
အလင်းကသာ ဖယ်ရှားနိုင်တယ်

အမုန်းတရားကိုလည်း အမုန်းတွေက မဖယ်ရှားနိုင်ဘူး
အချစ်ကသာ ဖယ်ရှားနိုင်တယ် " တဲ့

----------------------------------

ကိုယ်သိပ်ချစ်ရတဲ့လူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေတယ်ဆိုရင်
သင်ဟာ ကံအကောင်းဆုံးလူသားပါပဲ

ချစ်ခြင်းတရားက ကိုယ့်ကို ကံဆိုးခြင်းတွေယူလာပေးတာမဟုတ်ဘူး
ချစ်ခြင်းတရားက ကိုယ့်ကို နာကျင်ခြင်းတွေယူလာပေးတာမဟုတ်ဘူး
ချစ်ခြင်းတရားက ကိုယ့်ကို ရှုံးနိမ့်စေခဲ့တာမဟုတ်ဘူး

တစ်စုံတစ်ယောက်ကို နက်ရှိုင်းစွာ ချစ်နေခြင်းက
ကိုယ့်ကို ခွန်အားဖြစ်စေတယ်
တစ်စုံတစ်ယောက်က ကိုယ့်ကို နက်ရှိုင်းစွာ ချစ်နေခြင်းက
ကိုယ့်ကို သတ္တိတွေဖြစ်စေပါတယ် ။

#သက်တန့်ချို
6.5.2017 #ttclovequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, May 4, 2017

အမှားကိုလည်းမြင်ရမယ် အရှုံးကိုလည်းလက်ခံရမယ်

ကိုယ်မှားနေတာကို ၀န်ခံလိုက်တာ ရှက်စရာမဟုတ်ဘူး
သတ္တိရှိခြင်းတစ်မျိုးသာဖြစ်တယ်

ကိုယ်ရှုံးနေတာကို ၀န်ခံလိုက်တာ ရှက်စရာမဟုတ်ဘူး
အရည်အချင်းတစ်ခုသာဖြစ်တယ်

အမှားကို မြင်နိုင်တာက သတ္တိရှိခြင်းတစ်မျိုးဖြစ်သလို
အရှုံးကို လက်ခံတာကလည်း အရည်အချင်းတစ်မျိုးပါပဲ ။

#သက်တန့်ချို
4.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကြောက်ရွံ့ရှောင်ပြေးနေစရာမလိုပါဘူး


ကွယ်ရာမှာ အတင်းအဖျင်းဘယ်လောက်များများ
ကိုယ်လျောက်ရမယ့်လမ်းရဲ့ အစိတ်အပိုင်းတစ်ခုလောက်ပါပဲ

ဘ၀မှာ ဘယ်လောက် နာကျင်ဝမ်းနည်းပါစေ
ကိုယ်ပျံသန်းရမဲ့နယ်ပယ်ရဲ့အစိတ်အပိုင်းတစ်ခုလောက်ပါပဲ

ခွဲခွာစွန့်လွှတ်ခြင်းတွေ ဘယ်လောက်များများ
ကိုယ်သွားရမယ့်ခရီးရဲ့အစိတ်အပိုင်းတစ်ခုလောက်ပါပဲ

ဘ၀ကို အားငယ်အရှုံးပေးခြင်းနဲ့မတည်ဆောက်ပါနဲ့
အစိတ်အပိုင်းတစ်ခုလောက်ကို ကြောက်ရွံ့ရှောင်ပြေးနေစရာမလိုပါဘူး ။

#သက်တန့်ချို
5.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အားနာဖို့ကောင်းပါတယ်

ဘ၀ကို မစွန့်လွှတ်ပါနဲ့
ကိုယ့်ကို ကျွေးမွေးစောင့်ရှောက်ခဲ့သူကို အားနာဖို့ကောင်းပါတယ်

ဘ၀ကို အရှုံးမပေးလိုက်ပါနဲ့
ကိုယ့်အတွက်ဒုက္ခခံခဲ့သူတွေကို အားနာဖို့ကောင်းပါတယ်

ဘ၀ကို နာကျင်မှုအတွက်ပဲ မရှင်သန်ပါနဲ့
ကိုယ့်ဘေးနားက မိဘမောင်နှမသူငယ်ချင်းတွေကို အားနာဖို့ကောင်းပါတယ်

ကိုယ့်ကို သူများဘယ်လိုမြင်လဲဆိုတာ အဓိကမကျဘူး
ကိုယ့်ကိုယ်ကို မြင်နိုင်ဖို့ကသာ အရေးကြီးပါတယ် ။ 

#သက်တန့်ချို
4.5.2017 #ttclifequote

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လက်မလွှတ်ပါနဲ့

လက်မလွှတ်ပါနဲ့

ကိုယ့်အနားမှာ ဘယ်သူမှ မရှိတဲ့အချိန်
ကိုယ်နဲ့အတူ အမြဲ ရှိနေတဲ့သူကို လက်မလွှတ်ပါနဲ့

ကိုယ်ဝမ်းနည်းနေတဲ့အချိန်
ကိုယ့်မျက်ရည်တွေ အမြဲသုတ်ပေးနေတဲ့သူကို လက်မလွှတ်ပါနဲ့

ကိုယ်နာကျင်နေရချိန်
ကိုယ့်သောကတွေကို အမြဲ ဖေးမစာနာပေးနေသူကို လက်မလွှတ်ပါနဲ့

ကိုယ်က နားလည်မပေးနိုင်တဲ့အချိန်တွေမှာတောင်
ကိုယ့်ကို နှစ်နှစ်ကာကာချစ်နေပေးတဲ့သူကို လက်မလွှတ်ပါနဲ့

#သက်တန့်ချို
4.5.2017 #ttclovequote

Wednesday, May 3, 2017

ပြုပြင်သင့်သည် မြန်မာပြည် ( ၁ )



ပြုပြင်သင့်သည် မြန်မာပြည် ( ၁ )

ရွှေတိဂုံဘုရား ပေါ်တက်တဲ့ စောင်းတန်းတလျှောက်မှာ ဘုရားဖူးတွေတက်တဲ့ လမ်းလှေကားတွေထိ နေရာယူထားတဲ့ ဈေးသည် ဈေးဆိုင်တွေ ဟာ ရုပ်ဆိုးအကျည်းတန်လွန်းပါတယ် ။

သက်ဆိုင်ရာကနေ ရှင်းလင်းပေးသင့်ပါတယ် ။ ဈေးသည်တွေရဲ့
"၀င်ကြည့်ပါဦး ဘာယူဦးမလဲ"
" ၀င်ကြည့်ဦးလေ ဘာရှာလဲပြောကြည့်လိုက် "
" ဘာပစ္စည်းရှာလဲ ဘာယူဦးမလဲ "
 စတဲ့ အသံတွေနဲ့ ဘုရားဖူးတွေကို လက်မကိုင်ယုံတမယ် အပြိုင်အဆိုင် ဆွယ်ကြတဲ့အသံတွေကလည်း တော်တော် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလှပါတယ် ။

အနယ်နယ်အရပ်ရပ်က ဗုဒ္ဓဘာသာဝင်တိုင်းသာမက တစ်ကမ္ဘာလုံးက ကမ္ဘာလှည့်ခရီးသွားများပါ အမြတ်တနိုးလာရောက်ဖူးမျော်ကြတဲ့ အထင်ကရ သမိုင်းဝင်နေရာဖြစ်တာကြောင့် လူသွားသည့်လှေကားထစ်များပေါ်သို့ နေရာယူထားသည့်ဈေးသည်များအား ရှင်းလင်းဖယ်ရှားသင့်ပါကြောင်းနှင့်
ပြုပြင်သင့်သည့် အရာတစ်ခုဖြစ်ကြောင်းထင်မြင်မိပါသည် ။

#သက်တန့်ချို
3.5.2017 #ttcpublicawareness
Photo : Credit to owner and uploader

အဖြူခြယ်မလား အမည်းခြယ်မလား


ပုံ ၁ - အဖြူပေါ်မှ အနက်
ပုံ ၂ - အနက်ပေါ်မှ အဖြူ

ပုံ ၁ မှာ ဘာသတိထားမိလဲ ?
ပုံ ၂ မှာ ရော ဘာသတိထားမိလဲ ?

လူအများစုက ပုံ ၁ မှာ အနက်စက်လေးပါနေတာ သတိထားမိပါလိမ့်မယ် ပုံ ၂ မှာတော့ အဖြူစက်လေးပါနေတာသတိထားမိပါလိမ့်မယ်

အဖြူဟာ ကောင်းမှုကုသိုလ်နဲ့ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတာတွေဆိုပါစို့
အနက်ရောင် ဟာ မကောင်းမှုအကုသိုလ် ကိုယ်လုပ်ခဲ့တဲ့ မကောင်းတာတွေဆိုပါစို့

ပုံ ( ၁ ) အရ .. သင်ဘယ်လောက် ကောင်းတာတွေပဲလုပ်ခဲ့ပါစေ မကောင်းတာတစ်ခု လုပ်မိတာနဲ့ အဲ့ဒီအမည်းစက်ဟာ ထင်းခနဲပေါ်နေပါလိမ့်မယ်
ရုပ်ဆိုးအကျည်းတန်တဲ့အမည်းစက်ဟာ သင်လုပ်နေတဲ့အဖြူရောင် ကောင်းမှုတွေထဲမှာ နေရာယူနေသလို လူတွေကလည်း အဲ့ဒီအမည်းစက်ကိုပဲ သတိပြုမိပါလိမ့်မယ် ။

ပုံ ( ၂) အရ .. သင်ဘယ်လောက် မကောင်းတာတွေလုပ်ပါစေ သင့်မှာ ကောင်းမှုကုသိုလ်လေးရှိနေရင် အနက်ရောင်မကောင်းမှုတွေအလယ်မှာ ရှင်းလင်းပြတ်သားစွာ နေရာယူနေပါလိမ့်မယ်
အကျည်းတန်တဲ့မကောင်းမှုအနက်ရောင်မှာ အဖြူရောင် ကုသိုလ်စက်ကလေး ထင်းနေတာ သိပ်ကြည့်ကောင်းလွန်းတယ်မထင်မိဘူးလား

ကိုယ်လုပ်ရမှာက
ကိုယ့်မှာ အမည်းရောင်တွေများနေရင် အဖြူရောင်တွေတိုးပွားအောင်လုပ်ပါ ။
အဖြူစက်တွေတဖြည်းဖြည်းများလာရင် အမည်းရောင်တွေပျောက်သွားမှာပါ ။

ကိုယ့်မှာ အဖြူရောင်တွေများနေရင် အမည်းစက်တွေမရှိအောင် သတိပြုဆင်ခြင်သုံးသပ်ပါ ။
အမည်းစက်တွေများလာရင်ကိုယ့်မှာ နဂိုရှိပြီးသား ကောင်းမှုကုသိုလ်အဖြူတွေနည်းပြီးပျောက်သွားလိမ့်မယ် ။

ကိုယ့်ဘ၀ကိုယ် .. အဖြူရောင်တွေနဲ့ခြယ်သမလား .. အမည်းရောင်တွေနဲ့ခြယ်သမလားဆိုတာ
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ့်လုပ်ရပ်ပေါ်ပဲမူတည်ပါတယ် ။

#သက်တန့်ချို
3.5.2017 #ttclifequote
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................