Saturday, October 31, 2009

ငါ့...နတ်သမီး


ငါ့...နတ်သမီး

လေဝှေ့လိုက်တိုင်း....
ယိမ်းနွဲ့တတ်တဲ့.....ဆံနွယ်လေးရေ.....
ငါ့....နတ်သမီးပေါ့....
အဖြူရောင်ပိုးဝတ်စုံတွေအောက်မှာ....
ငါ....သေဆုံးခဲ့တာ......
ဟားတိုက်လိုက်ပါကွယ်.....
ငါ့ရူးသွပ်မှုကို....
မင်းမှမသိခဲ့ပဲ....
ဒီဆံနွယ်တွေကြားမှာ.....
ငါအရည်ပျော်ခဲ့ရတာ......
ငါ့....နတ်သမီး....
မင်း..သုံးဆောင်ပါ....
ဟောဒီ..သကောင့်သားကို....
အငွေ့ဖြစ်ဖြစ်...အကြည့်ဖြစ်ဖြစ်.....
ငါပေးခဲ့ပြီးသားပဲ....
ဒီဝိဥာဉ်တစ်ခုကိုတောင်....
မင်း....သံသရာတလျောက်....
အပျင်းပြေဆော့ကစားစရာ....
အရုပ်လေးဖြစ်ဖြစ်....
ငါ...ကျေနပ်တယ်....

(သက်တန့်ချို)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လင်းကြယ်စင်


လင်းကြယ်စင်

လင်းလက်နေတဲ့....
ဒီကြယ်စင်တွေ...
ငါ့ကောင်းကင်မှာ....
တာရာအစုံစုံနဲ့....
အစွမ်းကုန်တောက်ပနေလေရဲ့.....
ဒီကြယ်စင်တွေအောက်မှာပဲ.....
ငါ....ဂန္တ၀င်...ဆန်ခဲ့တယ်......
ရာဇ၀င်ရေးခဲ့တယ်.....
သမိုင်းတွင်ခဲ့တယ်......
ငါတို့ခေတ်ကို.....
ကြယ်စင်ရေ.......
မင်း...လမ်းပြပါ....
ငါတို့ပန်းတိုင်ဆီ....
ရွှေမလိုဘူး....ငွေမလိုဘူး.....
ခံစားမှုတွေရှိတဲ့.....
နေရာဒေသဆီ.....
ဒါပေမယ့်.....
" လူသားတော့ဆန်ရလိမ့်မယ်......."

(သက်တန့်ချို)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အကြည့်တစ်ချက်



အကြည့်တစ်ချက်

ရေခဲတမျှ....
အေးစက်လွန်းတဲ့...
မင်း...အကြည့်လက်လက်တွေထဲ....
ငါ....ခဲသွားတယ်....
မိုးကုတ်စက်ဝိုင်းဆီက....
ဖန်ဝါ၀ါနေမင်းနဲ့...
ဒီအသူရာတောနက်ထဲ....
မင်းပစ်လွှတ်လိုက်တဲ့...
လေးညှို့တစ်စင်းနဲ့တင်...
သားကောင်အကုန်သေတယ်....
ရနံ့တွေတော့မပေးခဲ့ပါနဲ့...
ထိမ်းမရတဲ့ဒီရင်ဘတ်က....
အထက်အောက်စုန်ချည် ဆန်ချည်....
ဝဲဂယက်တွေ...တလှပ်လှပ်ထလို့.....
ငါ့ပင်လယ်ပါ....ပျက်ဆီးတယ်....
အဲဒီလှိုင်းတစ်ခုနဲ့တင်....
ဒီကြင်သူကို....
ပြုံးယောင်လေးတော့ ....သန်းပေးလိုက်ပါ.....

(သက်တန့်ချို)
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, October 30, 2009

လူ့ဦးနှောက်ပုံစံဖြစ်နေသော ကမ္ဘာမြေ၏ အစိတ်အပိုင်းများ

လူ့ဦးနှောက်ပုံစံဖြစ်နေသော ကမ္ဘာမြေ၏ အစိတ်အပိုင်းများ



တစ်ကယ်လို့တစ်စုံတစ်ယောက်က လတ်တလောမှတ် ဥာဏ်ချို့ယွင်းသွားတယ်ဆိုရင် သူ့ကို ကူညီဖို့ အဆင်သင့်ပါပဲ ။ Parque National Park ထဲမှာ Track ကားတွေကြောင့် ကုန်းမြေတွေဟာ ပုံစံအမျိုးမျိုးဖြစ်လို့ နေပါတယ်။ ဒါပေမယ့် အံ့သြစရာကတော့ အပေါ်စီးကနေကြည့်မယ်ဆိုရင် လူ့ဦးနှောက်ပုံစံနဲ့ဆင်တူနေတာပါပဲ ။


သီးသန့်စစ်ဆေးရေးကောင်စီမှ ဓါတ်ပုံဆရာ Hector Garrido က National Park မှာ ရိုက်ကူးယူခဲ့တဲ့ပုံ ဖြစ်ပါတယ် ။ Delta မြစ်ထဲကိုစီးဝင်နေတဲ့ လက်တက်ပေါင်းများစွာရဲ့ အံ့သြစရာ ပုံရိပ်တွေပါ ။ သေချာကြည့်မယ်ဆိုရင်တော့ Marshland ထဲမှာ သေးငယ်တဲ့ကန်လေးကို တွေ့မြင်နိုင်ပြီး အဲဒီကန်က ခြောက်သွေးသွားရာကနေ တဆင့် ထူးဆန်းဖွယ်ကောင်းလောက်အောင် ဦး နှောက်သဏ္ဍာန်နဲ့ တူနေတဲ့ Landscape တစ်ခုဖြစ်ပါတယ် ။



အဓိပ္ပါယ် တိတိကျကျ သတ်မှတ်မထားပေမယ့် ပုံစံတွေဟာ အတိအကျ ပွားများထားခြင်းမဟုတ်ပဲ သေချာရှင်းလင်းတာ တစ်ခုကတော့ Fractal တစ်ခုခြင်းဆီကနေ သူ့ဘာသာဦးနှောက်ပုံစံ ထပ်နေခြင်း ဖြစ်ပါတယ် ။ ပုံတွေကတော ဓါတ်ပုံဆရာက တခြား စပိန်နိုင်ငံတောင်ပိုင်းမှာ ထူးဆန်းအံ့သြဖွယ် နေရာတွေကို ကျနော်တို့မမြင်နိုင်တဲ့ ရှုထောင့်တွေကနေ မှတ်ထားတင်ထားခြင်း ဖြစ်ပါတယ် ။



Huelva စီရင်စု Sevilla နဲ့ Ca'diz နောက်ပြီး Parque National Donana မှာ တည်ရှိပြီး ဒယ်တာ မြစ်ပတ်လည်မှာ ဖြစ်ပေါ်နေတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်ပါတယ် ။ Guadalquivir မြစ်ဆိုတာကတော့ ဥရောပမှာ ထင်ရှားတဲ့ မြစ်ဖြစ်ပြီး အဲဒါက 1300 sq km ဧရိယာရှိပြီး အလွန်ကြီးမားတဲ့ ငှက်ကြီးတွေ ကျက်စားလေ့ ရှိတာကြောင့် ထင်ရှားကျော်ကြားလှပါတယ် ။ အထူးသဖြင့် ဒီနေရာမှာ ထိတ်လန့်ဖွယ် လူသားစား ငှက်မျိုးနွယ် ငါးခုရှိပြီး မြောက်အမေရိက ဥရောပနှင့် အာရှမြောက်ပိုင်းတွင် တွေ့ရလေ့ရှိသော lberian လင့်ကြောင်မြီးတိုတွေလည်း ကျက်စားလေ့ ရှိပါတယ် ။

စာရေးသူ.....သက်တန့်ချို.....(၁၁း၁၄ ည ၂၉.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

နှင်းတွေမဝေခင်.....ကြွေလွင့်ခဲ့သူ



နှင်းတွေမဝေခင်.....ကြွေလွင့်ခဲ့သူ

ဆောင်းညမရောက်ခင်....
နှင်းတွေမဝေခင်မှာပဲ.....
သူက ကြွေလွင့်သွားခဲ့တယ်.....
သူက...အဲဒီကောင်းကင်မှာ...
လွတ်လပ်မှု....ငြိမ်းချမ်းမှုတွေနဲ့....
မြေကမ္ဘာက.....
သူ့...အနုပညာ...ဖန်တီးမှုနဲ့...
ဟာသပညာ....
ဒါတွေကို ရှုမ၀နိုင်တုန်း....
သူက....ဗြုန်းဆို....
ဟောဒီကောင်တွေရဲ့....
အသဲနှလုံးတွေကို...
ဆွဲနှုတ်ယူသွားခဲ့တယ်.....
မကြည်ပြာရေ.....
ခင်ဗျားကိုလည်းလွမ်းတယ်....
သူဖန်ဆင်းခဲ့တဲ့.....
နှင်းဆီစီးချင်းက.....
ဒီရင်မှာ...အခုထိ....
စီးချင်းထိုးတုန်းပေါ့.....
သူကအလွမ်းသမား....
ရေးဖြစ်နေတာက ဟာသပညာ...
ဒါတွေ...ကျနော်တို့ ကိုယ်ချင်းစာနိုင်ခဲ့ရဲ့လား....
အိုလေးကိုလည်း စွဲလမ်းခဲ့တယ်....
ငတုံး ၊ မုန့်လုံးရေပေါ်....
သိကြားနဲ့ အသူရာ..
အဲဒီ သစ်ခက်ငါး....
ရင်ရဲ့ရိုးရာနဲ့ ငါ့နှလုံးသားထဲ....
အခုထိကြွက်တစ်ကောင်က....
တလှပ်လှပ်နဲ့ သောင်းကျန်းနေတုန်း...
သူ့ရဲ့ရိုက်ကွင်းပေါ်မှ အလွဲတွေနဲ့...
လူတွေ ဘ၀အမောပြေအောင်...
ရယ်မောပျော်ရွှင်နိုင်အောင်....
ကန့်လန့်ကာနောက်ကွယ်က....
သူ့ရဲ့လွမ်းဆွတ်မှုတွေနဲ့...
ပေးဆပ်သီကျူးခဲ့တယ်.....
ကျနော်တို့ဘာတွေ...သူ့လို
ပေးဆပ်နေကြသလဲ....
ကိုရဲရေ...
အဲဒီမှာ ..ကိုငှက်ကြီး
ကိုသားကြီးနဲ့အတူ....
တာရာမင်းဝေဆိုတဲ့...
ကလောင်မှော်ဆရာလည်း ရှိပါရဲ့...
ခင်ဗျားတို့ သီကျူးကြပေါ့...
အသက်ဆက်သွင်းကြပေါ့....
အဲဒီအနုပညာမှော်တွေကို.....
ဒါပေမယ့်...
ဝမ်းနည်းစရာက...
ကျနော်တို့အားလုံး....
ခင်ဗျားတို့ရဲ့ ပြောင်မြောက်လွန်းတဲ့ပြဇာတ်တွေကို...
ကြည့်ရှုခွင့်မရ ကြတော့ဘူး......

စာရေးဆရာ နီကိုရဲ(ကိုရဲ) ကောင်းရာသုဂတိလားပါစေ...

(သက်တန့်ချို)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 29, 2009

ထူးခြားဆန်းကျယ်သော ကျောက်တုံးများ

ထူးခြားဆန်းကျယ်သော ကျောက်တုံးများ

ကမ္ဘာမြေတလွှား မှာ ဖြစ်ပေါ်နေတဲ့ သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ ကျောက်တုံးတွေဟာ ထူးဆန်းဖွယ် ကောင်း လှပါတယ် ။ ပုံစံအမျိုးမျိုးနဲ့ နိုင်ငံခြားသား တွေကိုလည်း ဆွဲဆောင်နိုင်ပြန် ပါတယ် ။



The Giant´s Causeway - Northern Ireland, UK


Landscape Arch - Utah, USA


Bryce Canyon National Park - Utah, USA


Devils Tower - Wyoming, USA


Maltese Cross Rock - South Africa


Perce Rock - Canada


The Externsteine - Germany


Brimham Rock - England, UK



The Wave - Arizona, USA


Wave Rock - Australia



The Pinnacles - Australia


Karlu Karlu or Devil´s Marbles - Australia


Delicate Arch - Utah, USA

စာရေးသူ....သက်တန့်ချို.....(၁၁း၀၀ ည ၂၈.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အတောင်ပံပါတဲ့ကြောင်ကလေး

အတောင်ပံပါတဲ့ကြောင်ကလေး



ကြောင်အများစုဟာ အသက် ၉ ခုမြောက်မှာ မျိုးရိုးဗီဇပြောင်းလဲ လေ့ရှိတယ်လို့ဆိုပါတယ် ။ အဲဒီလိုထဲမှာမှ ဒီကြောင်လေးဟာ တောင်ပံတစ်စုံ ပါတယ်ဆိုရင် သင်အံ့သြသွားပါသလား ။ ဒီကြောင်လေးမှာ အစပိုင်းကတော့ နောက်ကျောဖက်မှာ အစို့ပုံစံလေးတွေ စထွက်လာပြီး နောက်ပိုင်းမှာတော့ တောင်ပံပုံစံအဖြစ် ကူးပြောင်းသွားတာ ဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ တရုတ်နိုင်ငံ Sichuan စီရင်စုမှာ ဖြစ်ပါတယ် ။ ကြောင်လေးရဲ့ပိုင်ရှင် Feng ကတော့ သူ့ရဲ့ကြောင်လေးဟာ လွန်ခဲ့တဲ့ မိတ်လိုက်တဲ့ရာသီမှာ စိတ်ဖိစီးမှု အလွန်များပြီးနောက် ယခုလို အတောင်ပံတွေ ထွက်လာခဲ့ တယ်လို့ဆိုပါတယ် ။

သူကဆက်ပြောပါတယ် ။ " ကျနော့ရဲ့ကြောင်လေး Tom ဟာ သူရဲ့ မိတ်လိုက်ဖက် ကြောင်မလေးရဲ့ ဒုက္ခပေး ရန်ရှာမှုကို အမြဲတမ်းခံနေရတဲ့အတွက် ယခုလို စိတ်ဖိစီးမှုတွေ ကြုံပြီး အတောင် ပံတွေ ထွက်လာရခြင်းဖြစ်ပါတယ်" လို့ ရှင်းလင်းပြောကြားခဲ့ပါတယ် ။ အစပိုင်းကတော့ အဖုပုံစံလေးနဲ့ တိုးထွက်လာပြီး အလွန်လျှင်မြန်စွာ ကြီးထွားလာပါတယ် တစ်လလောက်ကြာပြီးတဲ့အခါမှာ တောင်ပံတစ်စုံ ဖြစ်သွားပါတယ်လို့ သူကဆက်ပြောပါတယ် ။ ကြောင်မအများစုရဲ့ ကိုယ်အပူရှိန်တွေက သူ့ကို ဒုက္ခပေးသလိုဖြစ်ပြီး တောင်ပံတွေထွက်လာပါတယ် ။ Genetic ကျွမ်းကျင်သူတွေကတော့ ဒါဟာ သူ့ရဲ့ ဘ၀အရည်အသွေးကိုတော့ ထိခိုက်စေမှု မရှိပါဘူး ပူလွန်းတဲ့ရာသီမှာ အန္တရာယ်မရှိတဲ့ ကြီးထွားဖွံ့ဖြိုးမှုတစ်ခု ဖြစ်တယ်လို့ဆိုပါတယ် ။ ပိုင်ရှင်ကဆက်ပြောပါသေးတယ် ။ သူ့ရဲ့ကြောင်ဟာ တစ္ဆေတစ်ကောင် မဟုတ်ပါဘူး အဲဒီအတောင်ပံမှာ အရိုးတွေပါရှိပြီး သူ့ကို ကြောင်နတ်သား ပုံစံ ဖြစ်စေတာပါလို့ ဆိုပါတယ် ။

စာရေးသူ......သက်တန့်ချို......(၁၀း၀၀ ည ၂၈.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 28, 2009

Texas မှာ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး ပင့်ကူအိမ်ကြီး

Texas မှာ တွေ့ရတဲ့ ကမ္ဘာ့အကြီးဆုံး ပင့်ကူအိမ်ကြီး






ကျနော်တို့ ငယ်ငယ်တုန်းက ပင့်ကူအိမ်ဆိုရင် အလွန်ဆုံးကြီးမှ စကောဝိုင်းလောက်ပဲ ကြီးတာ မြင်ဖူးပါတယ် ။ အခုတော့ Texas မှာ တွေ့ရှိခဲ့တဲ့ ပင့်ကူအိမ်ကြီးကတော့ ကမ္ဘာ့အကြီးဆုံး ပင့်ကူအိမ်ကြီး အဖြစ်မှတ်တမ်းဝင်သွားပါတယ် ။ သင်ပင်တစ်ခုလုံးကို ၀ိုင်းအုပ်ထားပြီး အဲဒီပင့်ကူအိမ်ကြီးထဲမှာ ပင့်ကူ အသေးအကြီး ပေါင်း သိန်းပေါင်း များစွားရှိမယ်လို့ ခန့်မှန်းရပါတယ် ။ အနီးအနားမှာ ရှိတဲ့ဒေသခံတွေကတော့ ပင့်ကူကင်တွေ ပင့်ကူကြော်တွေနဲ့ တစ်နေ့တစ်ခြားစီးပွားတက်လို့နေပါတယ် ။ ပင့်ကူရှပ်ခြင်းဟာ သာမန်အဆင့်မှ သေဆုံးသည်အထိ အဆိပ်ပြင်းလှတဲ့ မြောက်များစွာသောမျိုး နွယ်တွေရှိပါတယ် ။ ဒေသခံတွေကတော့ ဒီပင့်ကူအိမ်ကြီးဟာ သူတို့အတွက် စီးပွားရေး အဆောက်အအုံကြီး လို့ဆိုပါတယ် ။

စာရေးသူ.....သက်တန့်ချို.......(၁၀း၁၈ ည ၂၇.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 27, 2009

ထူးဆန်းတဲ့မြစ် ၂ စင်းရဲ့ ပေါင်းဆုံမှု










 






အပေါ်က   ပုံနှစ်ပုံဟာ တောင်အာဖရိက Cape Town အနီးက တောင်ဖက် အစွန်ပိုင်းမှာ စီးဆင်းလျှက်ရှိတဲ့ မြစ်နှစ်စင်းရဲ့    ပုံပဲဖြစ်ပါတယ် ။ ဒီမြစ်နှစ်စင်းဟာ အတူတူပူးပေါင်းပြီး စီးစင်းလာကြပါတယ် ။ နောက်ဆုံးမှာ ပေါင်းဆုံပြီး  ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်သွားကြပါတယ် ။ မြစ်တစ်စင်းရဲ့ ရေကတော့အလွန်ပဲချိုမြိန်လှပြီး အခြားမြစ်တစ်စင်းရဲ့    ရေကတော့ ဆန့်ကျင်ဖက်    အလွန်ပဲ    ခါးသက်လှပါတယ် ။   ဒါပေမယ့် သူတို့ဟာ ဘယ်တော့မှ    ရောနှောမသွားကြပါဘူး ။  ဒီမြစ်နှစ်စင်း မပူးပေါင်းရအောင် တားဆီးထားတဲ့ ရုပ်ဝထ္ထုပစ္စည်း တစ်ခုမှ ကြားထဲမှာ မရှိပါဘူး ။ ဒါပေမယ့် သူတို့ဟာ မရောနှော သွားကြပါဘူး ။

၂၀ ရာစုအစောပိုင်းကတော့ ဘုန်းတော်ကြီးမြတ်သော ဘုရားသခင်ဟာ ဒီမြစ်နှစ်စင်းရဲ့သဘာဝကို လွန်ခဲ့တဲ့ သန့်စင်မွန်မြတ်သော ကုရ်အာန်ကျမ်းစာအုပ် 1400 နှစ်တုန်းက သတ်မှတ်တော်မူခဲ့တယ်လို့ ဆိုပါတယ် ။

ကဲခုဆိုရင် သင်ဟာ ယခင်ကသိခဲ့တာတွေထက် ပိုသိလို့လာပါပြီ ။

စာရေးသူ.....သက်တန့်ချို......(၁၀း၅၇ ည ၂၅.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျနော်တို့ ကျောင်းမှာ မသင်ခဲ့ရတဲ့ အရာတွေ...(အပိုင်း ၁ )

 ကျနော်တို့ ကျောင်းမှာ မသင်ခဲ့ရတဲ့ အရာတွေ...(အပိုင်း ၁ )

၁ ။ Dreamt    ဆိုတာဟာ အင်္ဂလိပ်စာလုံးတွေထဲမှာ   mt နဲ့ဆုံးတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်ပါတယ် ။ ( သင်ဒါကို သံသယဖြစ်နေပါသလား?)

၂ ။ ကျနော်တို့ရဲ့ မျက်လုံးဟာ မွေးကတည်းကနေ ယနေ့တိုင် အရွယ်အစားတူတူပါပဲ ။ ဒါပေမယ့် နှာခေါင်းနဲ့ နားရွက်စတဲ့ အင်္ဂါတွေကတော့ ဆက်လက်ကြီးထွားတာ ဘယ်တော့မှမရပါ သွားပါဘူး ။

၃ ။ စာကြောင်းတစ်ကြောင်းဖြစ်တဲ့     ( The quick brown fox jumps over the lazy dog)   ဆိုတာဟာ စာလုံးတိုင်းစာလုံးတိုင်းဟာ     alphabet တွေကို     အသုံးပြုထားပါတယ် ။ ယခုသင်ဟာ တိကျမှန်ကန်မှုရဲ့ အပြင်ဖက်ကိုရောက်အောင်    ကြိုးစားနေတယ်ဆိုတာ သင်သိသွားပါပြီ ။     မှန်တယ်မဟုတ်လား ။

၎ ။ စာလုံးတွေဖြစ်တဲ့ racecar , kayak , level တို့ဟာ    ဘယ်ကနေညာဖတ်ဖတ် ညာကနေဘယ်ဖတ်ဖတ် အတူတူပါပဲ ။

၅ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ dous နဲ့ဆုံးတာ လေးလုံးပဲရှိပါတယ် ။ အဲဒါတွေကတော့ tremendous , horrendous , stupendous , hazardous တို့ပဲဖြစ်ပါတယ် ။ သင်သံသယမ
ရှိလောက်ပါဘူးနော် ။

၆ ။ အင်္ဂလိပ်စာလုံးတွေထဲမှာ a e i o u  ဆိုတဲ့ vowel ၅ လုံးစလုံးပါတဲ့ စကားလုံးက၂ခုပဲရှိပါတယ်။ အဲဒါတွေက တော့ abstemious နဲ့ facetious တို့ပဲဖြစ်ပါတယ် ။အံ့သြသွားပါသလား လောကကြီးမှာ ထူးဆန်းတာတွေအများကြီး ရှိပါသေးတယ် ။

၇ ။ ကီးဘုတ်က အတန်းတစ်တန်းတည်းကို အသုံးပြုပြီးရိုက်နိုင်တဲ့ အရှည်ဆုံး စကားလုံးက တစ်ခုပဲရှိပါတယ် ။ အဲဒါကတော့ TYPEWRITER ပဲဖြစ်ပါတယ် ။ သင်မယုံပါက စမ်းသပ် ကြည့်နိုင်ပါတယ် ။

၈ ။ ကြောင်တစ်ကောင်ရဲ့ နားတစ်ဖက်စီမှာ ကြွက်သားပေါင်း ၃၂ ခုစီနဲ့ဖွဲ့စည်းထားပါတယ် ။

၉ ။ ရွေငါးတစ်ကကောင်ဟာ မှတ်ဥာဏ်ကြာမြင့်ချိန် ၃ စက္ကန့်ပဲရှိပါတယ် ။ ပြီးတာနဲ့သူဟာ မေ့သွားပါလေ ရော ။

၁၀ ။ jiffy ဆိုတာက တစ်စက္ကန့်ရဲ့ 1/100th အတွက် အမှန်တကယ် အချိန်ရဲ့ ယူနစ်ဖြစ်ပါတယ် ။

စာရေးသူ....သက်တန့်ချို......(၁၀း၄၃ ည ၂၅.၁၀.၀၉) 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 24, 2009

ပြဇာတ်



ပြဇာတ်

ကြာခဲ့ပြီလေ...
ဟောဒီဆောင်းနှင်းဖြူတွေအောက်....
မင်းအငွေ့အသက်တွေ ချန်ခဲ့တာ....
ပန်းပွင့်ဖြူလေးတွေတောင်....
ငါ့ကိုသရော်ကြတယ်....
' ခင်ဗျားနိုးဖို့သင့်ပြီတဲ့ ' ...
အိပ်မက်မှမဟုတ်ခဲ့ပဲကွယ်....
သေချာတာက....
ဘယ်သူမှမမှားခဲ့ဘူး....
ဇာတ်ဆရာအလိုကျ....
ငါတို့ကပြခဲ့ကြတာ.....
ကောင်းကောင်း..မကောင်းကောင်း....
ဇာတ်သိမ်းခန်း...ရောက်အောင်တော့...
ကပြရမှာပဲလေ...
ကြိုးဆွဲတဲ့ဆရာ...လက်မညောင်းခင်အထိပေါ့....
ခက်တာက...
ငါ့ပြဇာတ်က..အသက်မဲ့လွန်းနေတယ်...
အလွမ်းတေးတပုဒ်တောင်....
ခပ်တိုးတိုးလေး...ဆိုညဉ်းခွင့်မရခဲ့ဘူး....
နှင်းဖြူဖြူတွေကျတိုင်း....
နှလုံးသားတွေစိုရွှဲကုန်တယ်....
ကောင်....မ....လေး....ရေ....

(သက်တန့်ချို)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကဗျာဆရာ




ကဗျာဆရာ

ကျနော်...ပညာတတ်တွေရဲ့...
ကျွန်းပေါ်မသွားချင်ဘူး...
အဲဒီမှာ..မကြားဖူးတဲ့စကားလုံးတွေ..
မမြင်ဖူးတဲ့...သူတို့..မာနတွေ..
ဆတ်ဆတ်ထိတောင်မခံဘူးတဲ့...
ကျနော့်စိတ်ဓါတ်တွေကို...
ကျုံ့ဝင်မသွားစေချင်ဘူး..
ကျနော်လေ......စာရွက်ဖြူဖြူလေးပေါ်...
ခဲတံတိုလေးတစ်ချောင်း....
ဆေးပေါ့လိပ်တတိုနဲ့....
လမင်းကြီးကိုငေးရင်း....
ကဗျာတွေရေးချင်ခဲ့တာ.....
တခါတခါ.....မိုးရွာလည်း....
ငါ့ကဗျာတွေရှိတယ်....
ငါ့အတွေးတွေရှိတယ်....
ငါ့ခဲတံလေးရှိတယ်...
ဘ၀ဆိုတာ...အများကြီးရှိဖို့မှမလိုအပ်ပဲလေ....

(သက်တန့်ချို)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ငါ့....သီအိုရီ....



ငါ့....သီအိုရီ....

ပေါများလိုက်တာ...
ဒီ ' သီအိုရီ ' တွေ...
အဖြူ...
အမည်း....
အရောင်အသွေးအစုံစုံနဲ့....
အချစ်ဆိုတဲ့အရာကိုတောင်....
ဒီကောင်က....ဟောကိန်းထုတ်ထားတယ်....
ပေးဆပ်ခြင်း...
ရယူခြင်း...
အနစ်နာခံခြင်း...တဲ့....
မှားတယ်....သီအိုရီရေ....
ပြင်ဆင်လိုက်ပါဦး....
မင်းရဲ့ကိန်းဂဏန်းတွေကို...
ဟောဒီ...ငါ့သီအိုရီအသစ်နဲ့....
အချစ်...ဆို...တာ...
နှလုံးသားရဲ့.....
ဟိုးအနက်ရှိုင်းဆုံးနေရာက......
ရင်ခုန်သံလေးတစ်ချက်ပါပဲ.....
အသံလေးတစ်ခုဖြစ်နိုင်တယ်...
အကြည့်လေးတစ်ခုဖြစ်နိုင်တယ်.....
ရနံ့လေးတစ်ခုဖြစ်နိုင်တယ်....
နောက်ဆုံး...၅ စက္ကန့်စာ...
အိပ်မက်လေးတစ်ခုလည်း....ဖြစ်နိုင်တယ်....
ဒီအပြင်...ဘာမှမပိုခဲ့ပါဘူး...

(သက်တန့်ချို)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, October 23, 2009

ကမ္ဘာပေါ်ရှိ အထူးဆန်းဆုံး စားသောက်ဆိုင် ၁၀ ခု

ကမ္ဘာပေါ်ရှိ အထူးဆန်းဆုံး စားသောက်ဆိုင် ၁၀ ခု

1.. Cannibalistic Restaurant ( JAPAN )


အော်.. ဂျပန်တွေကတော့ ကြံကြံဖန်ဖန် စားသောက်တာတောင် လူသားပုံစံကို အလယ်ကနေဗိုက် ဖောက်စားသတဲ့ ။ အတော်ပဲလူသား ကြိုက်ပုံရတယ် ။

2. Toilet Restaurant ( TAIWAN )




စားစရာ ရှားလို့ ...... အိမ်သာခွက်ထဲမှာ တောင်...ဟင်း... ။


3. Restaurant in the Sky ( BELGIUM )

အောင် မငီး အမြင့်ကြီးပဲ ပြုတ်သာကျရင်တော့ ဒွတ်ခဟေ့... ။

4. Dark Restaurant ( CHINA )

မှောင်မှာပေါ့ သူတို့ကိုယ်တိုင် က ဘာမှန်းမသိ မျက်နှာမှာ မှန်ဘီလူးလိုလို မျက်မှန်လိုလို နဲ့ ကြံကြံဖန်ဖန် ။

5. Grave Restaurant ( INDIA )



ဟိ ၀ါသနာရှင်တွေအတွက်တော့ အတော်ပဲနော့ ။


6. Restaurant in Jail ( ITALY )
အော်..ထောင်ထဲက စားသောက်ဆိုင်ကလည်း အမိုက်စားပါလား ။ Italy မှာရှိတဲ့ Fortezza Medicea ထောင်ဖြစ်ပါတယ် ။

7. Robot Restaurant ( CHINA )
တစ်နေ့မှာ ၂၁ နာရီဖွင့်ပြီး နေ့တိုင်းနေ့တိုင်း ဒီအလုပ်သမားတွေပဲလုပ်ကြပါတယ် ။ မနက် ၅ နာရီကနေ နောက်နေ့မနက် ၃ နာရီထိပေါ့ ။ ဒါကြောင့်သူတို့ကို စက်ရုပ်စားသောက် ဆိုင်လို့ ဂုဏ်ပြုထားတာဖြစ်ပါတယ် ။

8. Submarine Restaurant ( MALDIVES )



ဒီမှာတော့ သွားစားချင်သား ။ ကိုယ့်ခေါင်းပေါ်က ငါးတွေကြည့်ရ့င်းနဲ့လေ ။ ဖီးတစ်မျိုးပေါ့ ကြည်နူးစရာကြီးနော် ။

9. Condom Restaurant ( THAILAND )
ဟိဟိ ရောင်းအားမြှင့်တင်ရေး နဲ့ ကျန်းမာရေးပညာပေး တစ်ပြိုင်တည်း ဆောင်ရွက်နေတာပါ ။


10. Medical Restaurant ( TAIPEI )
ဆေးရုံပုံစံစားသောက်ဆိုင်လေးပါ ။

စာရေးသူ....သက်တန့်ချို......(၁၁း၀၂ ည ၂၂.၁၀.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................