Wednesday, February 19, 2014

Facebook Page မှာမဟုတ်ပဲ Profile မှာ Comment to Comment reply ပေါ်အောင်လုပ်နည်း

Facebook Page မှာမဟုတ်ပဲ Profile မှာ Comment to Comment reply ပေါ်အောင်လုပ်နည်း 

 

ပေ့ခ်ျတွေမှာပဲ ရတယ်လို့ထင်ရတဲ့ Comment to comment reply feature ဟာ တကယ်တော့ Profile တွေမှာလည်းရပါတယ် ။ ဒါပေမယ့် Public တင်တဲ့ပို့စ်တွေမှာသာ ရနိုင်တာပါ ။ Friend only တင်တဲ့ပို့စ်တွေ ရမရတော့မသိပါဘူး ။ မရလောက်ဘူးထင်ပါတယ် ။ ကဲ Public Post တင်တဲ့ပိုင်ရှင်တွေ ၀ါသနာပါသူများအောက်ပါ အတိုင်းစမ်းကြည့်ရအောင် ။ 


ကွန်ပြူတာပေါ်မှာ ကိုယ်သုံးနေတာ Chrome latest version ဖြစ်ရပါမယ် ။ Mozilla အတွက်လည်းရပေမယ့် အခု Chrome အတွက်ရှင်းပြပေးမှာပါ ။ 


အဆင့် ၁ ။   ။ အောက်မှာပေးထားတဲ့ လင့် ၂ ခုစလုံးကို ဒေါင်းလုပ်ဆွဲရပါမယ် ။ 





အဆင့် ၂ ။   ။ ၂ ခုစလုံးကို Add လုပ်ပြီး Install လုပ်ပြီးတဲ့အခါ ပုံမှာမြင်ရတဲ့အတိုင်း Chrome Menu နားက Manual Geolocation Extension Icon ကို ကလစ်နှိပ်ပါ ။ 

 

ပြီးရင် Enable လင့်ကိုနှိပ်ရပါမယ် ။ အကယ်၍ ကိုယ့်ဆီမှာ Disable လို့ပေါ်နေပြီးသားဆိုရင် လုပ်စရာမလိုပါဘူး Enable ဖြစ်ပြီးသားပါ ။ New Zealand ဆိုပြီး ရိုက် Search နဲ့ရှာလိုက်ပါ ။ မိုးရေစက်ပုံ အနီလေးထဲမှာ အမဲစက်လေးနဲ့ New Zealand ကိုထောက်ပြထားပြီးတွေ့ပြီဆိုရင်ရပြီ ။ 


အဆင့် ၃ ။   ။ Manual Geolocation Extension ကို Enable လုပ်ပြီးပြီဆိုရင်တော့ နောက်ထပ် Ultimate User Agent Switcher ကို Activate လုပ်ဖို့လိုပါတယ် ။ ပုံမှာပြထားတဲ့အတိုင်း မျှားအနီဝိုင်းလေးကို ကလစ်နှိပ်ပါ ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Activate Now!! ဆိုတာကို အမှန် Tick လုပ်ပေးပါ ။ 



အဆင့် ၄ ။ ပြီးရင်တော့ new tab ကိုဖွင့်ပြီး အောက်ပါလင့်ကိုသွားလိုက်ပါ ။ 





အဆင့် ၅ ။   ။ Tablet တွေမှာတွေ့ရတဲ့ Interface မျက်နှာပြင်လိုမျိုးတွေ့ရပါလိမ့်မယ် ။ Check in ကိုနှိပ်ပါ ။ New Zealand နားတ၀ှိုက်ကို အော်တိုရှာပေးပါလိမ့်မယ် ။ တစ်ခုခုကိုရွေးလိုက်ပါ  ။ ဥပမာ Coastlands Mall ပေါ့ ပြီးရင် Only me နဲ့ Status တစ်ခုတင်လိုက်ပါ ။ 



အဆင့် ၆ ။ ပြီးရင် New Tab ဖွင့်ပြီး ပုံမှန် ဖေ့ဘုတ်စာမျက်နှာကိုသွားပါ ( www.facebook.com ) ပြီးတဲ့အခါ သင်တင်ချင်တဲ့စာကို Public Post နဲ့တင်လိုက်ပါ ။ 

 

Amazing !! You are now successfully installed Comment To Comment Reply :D


မူရင်း Trick မှာပြောထားတာကတော့ နေ့စဉ်ကိုယ့် Ultimate User Agent Switcher ထဲကနေပြီး Activate လေးနှိပ်ဖို့လိုပါတယ် Activate မဟုတ်ရင် Comment to Comment Reply ရမှာမဟုတ်ပါဘူး ။ ပြီးရင် touch.facebook.com ကို ၀င်ပြီးတစ်နေ့တစ်ခါလောက်တော့ Only me လေးနဲ့ Check in ၀င်ပေးဖို့လိုပါသတဲ့ ။ ( ဒါက နောက်တစ်နေ့ရောက်တဲ့အခါ Comment to comment reply ပျောက်သွားရင်လုပ်ရမှာကိုပြောတာပါ .. တစ်ခါလုပ်ပြီးမပျောက်သွားဘူးဆိုရင်တော့အိုကေတာပေါ့ ) 


Credit: Arjun, Cryptlife and 99tricks

သက်တန့်ချို ဝေမျှသည် ။ 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................