Saturday, February 26, 2011

မျက်တောင်ရှည်တွေနဲ့.......အဆုံးမဲ့အလင်္ကာ



မျက်တောင်ရှည်တွေနဲ့.......အဆုံးမဲ့အလင်္ကာ

ဝါလဲ့လဲ့ကောင်းကင်မှာ
နေခြည်ဖျိုးဖျော့လေး....
ကပိုကယိ ကျဆင်းလို့...
နစ်မျောပျော်ဝင်နေဆဲ
လေညှင်းတချို့က ဖြတ်စီးတိုက်ခတ်
ဝင်းစိုလှပနေတဲ့....
ကောင်မလေးရယ်...

နင်ရွတ်ဆိုတဲ့ ကဗျာလှလှဟာ
လွမ်းမြဆွတ်ရီဖွယ်ကောင်းတယ်
တို့အတူ....
လူငယ်သီချင်းတွေ...အော်ဟစ်ခဲ့ကြ
အဲဒီအခါ...ညနေခင်းကလည်း
အုံ့အုံ့ပျပျလေး မှောင်ရီလို့...
ဝေသီစွာပေးခဲ့ဖူးတဲ့အနမ်းတွေ....
ပြန်တွေးတိုင်း ရင်ဘတ်တစ်ခြမ်းက..
ဆို့လှိုက်နာကျင်နေဆဲကွယ်...

နှောင်တွယ်ခဲ့တဲ့...မျက်ဝန်းလှလှလေးမှာ...
မျက်ရည်စ....တွေ
(မင်း)...မျက်ရည်စတွေ.....
ဝန်းအိုအိတွဲလို့....
နင်မသိခဲ့ဘူးကွယ်...
နင့်ရယ်သံလွင်လွင်လေးတွေက
မြူတစ်ချို့ကို ရွှေရောင်ဝင်းပစေခဲ့တယ်ဆိုတာ...
နှလုံးသားက....တိုးသဲ့စွာ မြည်တမ်းတိုင်း
ရင်တစ်ခုလုံး....အုံ့မှိုင်းတိတ်ဆိတ်...
အလွမ်းတွေလည်း
စိမ့်ယိုပျံ့စီးကျကုန်တယ်...
မြူဝတ်နှင်းခိုးတွေနဲ့...
ရှင်းနတ်တဲ့ကောင်းကင်မှာ
အလင်္ကာတစ်စ....ကဗျာ...တစ်စ...
စိမ့်ယိုပေါက်ကျ (လို့)......
မျှော်လင့်ခြင်းတွေ.....နဲ့
လူးပေနေတဲ့ ညတစ်ညမှာ...
နင်ဟာ...ငါ့ ငှက်စုန်းလှလှလေးလည်းဖြစ်တယ်
ငါမကူးခတ်နိုင်တဲ့ ပင်လယ်တစ်စင်းလည်းဖြစ်တယ်
ငါ....အဆုံးမသတ်နိုင်တဲ့...
ကဗျာရှည်တစ်ပုဒ်လည်းဖြစ်တယ်ကွယ်....။

သက်တန့်ချို
26 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

နင်...ဖြစ်တယ်ဆိုတာ




နင်...ဖြစ်တယ်ဆိုတာ

ဘယ်သူတွေကများ....ကြိုသိနိုင်မတဲ့လဲ...
ငါ့ရင်ခွင်ကြားက နှင်းဆီပျိုးခင်းဟာ..
“ နင် ” ဖြစ်တယ်ဆိုတာ...

ဘယ်သူတွေကများ....ကြိုသိနိုင်မတဲ့လဲ..
ဧဒင်ရဲ့ ရွှေရောင်အလင်းစက်တွေဟာ
“ နင် ” ဖြစ်တယ်ဆိုတာ...

ဘယ်သူတွေကများ....ကြိုသိနိုင်မတဲ့လဲ...
တခါတရံ..စိမ့်ထွက်ယိုကျ...
ရင်ခွင်ကြားက...ကဗျာလှလှတွေဟာ
“ နင် ” ဖြစ်တယ်ဆိုတာ.....

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကစားပွဲ

ကစားပွဲ

ဘာရယ်...မဟုတ်ပဲ
ဘာအကြောင်းမှမရှိပဲ..
တို့ကျင်းပခဲ့တဲ့ “ ကစားပွဲ ” မှာ
ဘယ်သူတွေက ကျေးကျွန်
ဘယ်သူတွေက အရှင်သခင်လဲကွယ်...

လှပပြီး သေနိုင်တဲ့ အကွက်တွေ
တစ်ဦးကိုတစ်ဦး ခုတ်ထစ်
မျက်နှာမှာတော့ အပြုံးတွေကိုယ်စီနဲ့
နောက်ကွယ်က...ဓါးရောင်တွေက တလက်လက်
အစကတည်းက...
(၀င်ပါဖို့ စိတ်ကူးမရှိပေမယ့် )
အချစ်ရယ်...
ငါ....ကစားပွဲရဲ့ ကျေးကျွန်ဖြစ်ခဲ့.
(ခပ်ရှင်းရှင်းပဲပြောရရင်)
ငါက...ထမင်းမစား ဂျိုးမစားကောင်
နိုင်သည်ဖြစ်စေ...ရှုံးသည်ဖြစ်စေ..
ရလဒ်က..
“ နင့်အပြုံးတစ်ပွင့်ကို မြင်ရဖို့ပဲကွယ် ”

စတေးခဲ့တဲ့ အတ္တတွေနဲ့
ငါဖြိုချခဲ့တဲ့ မာနတွေ
နောက်ကွယ်က ဓါးတစ်လက်အစား
နင့်အတွက်...ဆောင်ထားခဲ့တဲ့
နှင်းဆီဖြူတစ်ခက်..
နင်မမြင်နိုင်ပါဘူး....အချစ်ရယ်
ဘယ်အချိန်ပြီးဆုံးမလဲ....မသိတဲ့...
နှလုံးသားကစားပွဲမှာ
ငါ..က ...ပွဲအစမှာပဲ
ဘေးထွက်နောက်ကျန်ရစ်ခဲ့တဲ့
(ခပ်ပေါပေါ)
ငတုံးတစ်ကောင်ပေါ့ကွယ်.....

သက်တန့်ချို
26 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, February 23, 2011

Living Together And Social Problems

Living Together And Social Problems




ယနေ့ခေတ်ကြီးမှာ အရာရာဟာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်း များစွာ ဖွံ့ဖြိုး တိုးတက်လျှက်ရှိပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ၊ အားနည်းချက်တွေဟာလည်း နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ် ။ ကဲ ဒီတော့ ဒီနေ့လူ မှုရေး ကွန်ယက် ကြီးအတွင်း အင်တာနက်တွေဂျီတော့ခ်တွေ VZO တွေ အလွယ်တကူ သုံးနေနိုင်ပြီဖြစ်တဲ့ ခေတ်ကြီးမှာ ဘာကြောင့်အားနည်းချက်တွေရှိနေသလဲ ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ ကျွန်တော်တို့အား လုံးလေ့ လာ ကြည့်ကြရအောင် ။ ယနေ့ခေတ်ကြီးမှာ ရေပန်းစားနေတဲ့ ဝေါဟာရတစ်ခုရှိပါတယ် ။ " Living Together " တဲ့ .. မြန်မာ လိုပြောရရင် လက်မထပ်ပဲ အတူနေထိုင်ခြင်းပေါ့ ။ ဒီထက်ပိုပြီး ရှင်းရရင် လက်မထပ်ပဲ လင်စုံမယား ဖက် ပေါင်းသင်းနေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ် ။




ဟိုးယခင်ကတော့ Living Together ဟာ မြန်မာလူမျိုးတွေနဲ့အတော်လေး စိမ်းနေခဲ့ပါတယ် ။ အခုတော့ လည်း ခေတ်လူငယ်တွေရဲ့ တီးတိုးပါးစပ်ဖျားမှာ ရေပန်းစားလို့လာခဲ့ပါပြီ ။ အနောက်တိုင်းနိုင်ငံတွေမှာLiving together အပေါ် ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလို ရှုံ့ချတဲ့သူတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ကဲဒါဆို ကျွန်တော်တို့ကရော Living together အပေါ် ဘယ်လိုမြင်ပါသလဲ ???? ။ နှစ်ဦးနှစ်ဖက်လုံးက လည်း သဘော တူတယ် အခြေအနေအရပ်ရပ်ကလည်း အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ ၊ မှတ်ချက်ချစရာမရှိပါဘူး ။ ဒီနေရာမှာ အပိုင်း ၂ပိုင်းဖြစ်သွားပါပြီ ။

၁ ။ နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း

“ အိုဗျာ.. အတူနေဖို့တောင် ညှိပြီးပြီပဲ နှစ်ယောက်လုံး သဘောမတူတာမျိုးရှိပါ့မလားဗျာ ” လို့ မေးစရာရှိပါတယ် ။ အဲဒါကတော့ အကျပ်ကိုင်ခြင်းပဲပေါ့ ။ ယောင်္ကျားလေးဖက်က“ နင်ငါ့ကို တကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့ လိုက်လျောပေးပါ ” လို့ အကျပ်ကိုင်လာလို့ရှိရင် “ နင်ငါ့ကို တကယ်ချစ်တာ ဟုတ်ရဲ့လားဟာ ဒါဆိုငါနဲ့အတူနေမှ နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင် သာမန် အချစ်ကြီးတဲ့ မိန်းကလေး ၊ ချစ်သူအတွက် ဆို ဘာမဆို ပေးလိုက်မယ်လို့ ခံယူထားတဲ့ မိန်းကလေး ၊ စိတ်ပျော့လွယ်တဲ့ မိန်းကလေး ကတော့ ခေါင်းညှိတ်မိမှာအမှန်ပါပဲ ။ ဒီနေရာမှာ လက်ထပ်ပြီးမှ အပျိုစင်ဘ၀ကို ပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ မိန်းကလေး တစ်ယောက်က ငြ်းလိုက်ပြီဆိုရင် ပြဿနာရှိလာပါပြီ ။ မိန်းကလေးကလည်း ပြတ်သားဖို့ လိုလာ ပြီပေါ့ ။ ငါ့ကိုတကယ်ချစ်တာလား ၊ ကာမ ကိုလိုချင်တာလားဆိုတာ ခွဲတတ်ဖို့လိုပါတယ် ။ တစ်ခုမှာချင်တာက မိန်းကလေးတစ်ယောက်ကို တကယ်နှစ်နှစ်ကာကာ ချစ်မိတဲ့ ယောင်္ကျားလေး တစ်ယောက် အဖို့ အဲဒီမိန်းကလေးဆီက ဘာမှလိုချင်တောင့်တမှု မရှိပါဘူး ။ သူ့ကို အမြဲဖြည့်ဆည်းပေးချင်တဲ့စိတ် သူပျော်နေ တာကိုပဲ မြင်ချင်တဲ့ စိတ်ကလေးသာ ရှိပါလိမ့်မယ် ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီလို့ ဖြစ်မြောက် သွားတဲ့Living together တွေရှိသလို တစ်ဖက်က အတင်းအကျပ်ကိုင်လို့ မတတ်သာလို့ (သူမချစ်ဘူးလို့ ထင်သွားမှာစိုးလို့ ) အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together တွေလည်းရှိပါလိမ့်မယ် ။

၂ ။ အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင် အခြေအနေအရပ်ရပ်က အဆင်ပြေမှသာလျှင် ဖြစ်မြောက်နိုင်မှာပါ ။ နိုင်ငံခြားမှာ မိဘကွယ်ရာမှာ ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို မဆိုလိုပါဘူး ။ မြန်မာနိုင်ငံအတွင်းမှာဆို မိဘ အလစ် လည်းဖြစ်ရဦးမယ် ။ ဥပမာ မိဘက ခရီးသွားနေတာမျိုး ၊ ဒါမှမဟုတ် အလုပ် (သို့မ ဟုတ်) ကျောင်းပြေးပြီး ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကို ဆိုလိုတာပါ ။ ဒါမှမဟုတ် နယ်ကေ န မြို့တက် ပြီးတစ်ယောက် တည်းရပ် တည်နေ ရတဲ့သူမျိုး ။ ဇတ်လမ်းတွေကတော့ အမျိုးစုံရှိကြမှာပါ ။ မိုးက ရွာ မှောင်က လည်းမှောင်မိုးခိုရင်း ဟော်တယ်မှာ ရင်ခွင်ထဲ ရောက်သွားတဲ့သူတွေ ၊ သင်္ကြန် မှာ လျှောက် လည်ရင်း ချမ်းလွန်း လို့ အချမ်းပြေ ဘီယာလေးသောက် ဟိုတယ် ၊တည်းခိုခန်း ခဏရောက် သွားတဲ့အဖြစ်တွေ အများကြီးရှိကြမှာပါ ။

Living Together ၏ကောင်းကျိုးများ

သိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး ။ အလွန်ဆုံး ၁ နာရီလောက် အတူနေပြီးတဲ့နောက် မှာ နှစ်ယောက် စလုံးရဲ့ သံယောဇဉ်တွေ ပိုပြီး ခိုင်မာလာမယ်လို့ သင်ထင်ပါသလား ။ နိုင်ငံခြားတိုင်းပြည်အနေနဲ့ကြည့်ရင်တော့ လက်မထပ်သေးပဲ Living together နေခြင်းဖြင့် တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ လေ့လာနိုင်မယ် ။ ဒီအတောအတွင်း သဘောထားခြင်းမတိုက်ဆိုင်ရင် လမ်းခွဲကြမယ်ပေါ့ ။ ပြဿနာမရှိဘူး သူတို့ဆီမှာက ဒီ sex ကိစ္စသည် ဒီလောက်ကြီး အရေးတယူရှိတဲ့ ကိစ္စတော့မဟုတ်လှဘူး ။ ဒါကြောင့် တချို့ဆို ကလေးတွေ ဘာတွေရပြီးမှလက်ထပ်တာမျိုးလည်း ရှိတာပေါ့ ။ သူ့အယူအဆနဲ့သူ ၊ သူ့အိုးနဲ့သူ့ဆန် တန်နေတာပါပဲ ။

Living together ၏ ဆိုးကျိုးများ

မှတ်ရလွယ်အောင် အချက်ကလေးတွေစဉ်ပြီး ကြည့်ရအောင် ။

၁ ။ အပျိုစင်ဘ၀ကို ယူပြီးသွားတော့ ချစ်သူကကြာရင် ရိုးလာပြီး စွန့်ပစ်ခံရတာမျိုး ကြုံရနိုင်ပါတယ် ။ (ဒါကြောင့် ခက် ခဲလေ ပိုတန်ဖိုးမြင့်လေလို့ ဆိုခဲ့ကြတာပေါ့ )

၂ ။ တနည်းနည်းနဲ့ မိဘတွေသိသွားရင် အရှက် ၊ သိက္ခာ ကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ ။ အထူးသဖြင့် မိန်း ကလေးတွေမှာပေါ့ ။

၃ ။ ကိုယ်က အပျိုစင်ဘ၀ပေးပြီးတော့ သူ့ဖက်က ကိုယ့်ကို တာဝန်ယူပါ့မလားဆိုတဲ့ ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ် ။ အမြဲတမ်းစိတ်ပူနေရတတ်ပါတယ် ။ နောက်ဆုံး depressionအထိရနိုင်ပါတယ် ။

၎ ။ Living together နေခဲ့တုန်းက စိတ်ချရတဲ့ သန္ဓေတားနည်း (Safety contraceptive method) မသုံးခဲ့ရင် ကိုယ်ဝန်ရနိုင်ပါတယ် ။

၅ ။ ကိုယ်ဝန်ရလာခဲ့ရင် အဆင်သင့်မဖြစ်ကြသေးတော့ အများစုက ကိုယ်ဝန်ဖျက်ချခြင်း (Abortion) ဆိုတဲ့ဖက်ကို ဦးတည်ကြမှာပါ ။ ဒီအခါ အပစ်မရှိတဲ့ အသက်တွေသေကြရဦးမယ် ။

အထက်ပါ ငါးချက်ဟာ အကြမ်းဖျဉ်း ယေဘူယျ ဆိုးကျိုးငါးချက်ပဲရှိပါသေးတယ် ။ အသေးစိတ်ထပ်ချဲ့ရင် အများကြီး ရှိပါသေးတယ် ။ (ဥပမာ အကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်က သဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့် လူမှုရေးပြဿနာများ (Social Problems)

“ သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင် တာဝန်မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ ပီပီပြင်ပြင်ပေါ့ ။ ကဲ Living together ဘယ်တော့မှ အတူမနေဘူးဆိုရင်တော့ ဘာမှပြော စရာမရှိပါဘူး ။ ကဲ နေမယ်ရှင် ဆိုတဲ့မိန်းကလေးတွေအဖို့ ဘာတွေလုပ် သင့်သလဲဆိုတဲ့ အ ချက်တွေကို ရေးပေး လိုက်ပါတယ် ။

၁ ။ ကိုယ်ဝန်မရအောင် လုံးဝ ကာကွယ်မယ်ဆိုတဲ့ စိတ်ကိုမွေးပါ ။

၂ ။ မိမိရဲ့ partner ကို ကွန်ဒုံးသုံးခိုင်းပါ ။ တချို့လူတွေက မိန်းကလေးဖက်ထည့်မတွက်ပဲ တစ်လွှာခြားရင် တစ်ကမ္ဘာခြားတယ် လုပ်ကြသေးတယ် ။ အဲဒီနေရာမျိုးမှာ မိန်းကလေးဖက်က ပြတ်ပြတ်သားသားအမိန့်ပေးပါ ။

၃ ။ ကဲ ရှုံးနိမ့်သွားပြီဆိုပါစို့ ။ အမိန့်ပေးနိုင်စွမ်းမရှိလို့ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီဆိုပါစို့ ။ လိင်ဆက်ဆံမှုရဲ့ အမြင့်ဆုံးအချိန် သုတ်လွှတ်ခြင်းမရောက်ခင် ကြိုပြောခိုင်းပါ ။ သုတ်ရည်ကို မိမိ မိန်းမကိုယ် (vagina) ထဲမှာမလွှတ်စေပဲ အပြင်မှာ ထုတ်ခိုင်းပါ ။ဒီနည်းလမ်းကလည်း ပြောမယ့်သာပြောတာ အဲဒီအချိန်ကျမှ အပြင်ထုတ် ၊ အပြင်မှာ လွှတ်ဆိုတာ သိပ်တော့လွယ်မယ်မထင်ပါဘူး ။

၎ ။ ကဲ နံပါတ် ၃အချက်ကိုလည်း ရှုံးနိမ့်ပြီး သုတ်ရည်ကိုလည်း မိန်းမကိုယ်ထဲ လွှတ်မိသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဆိုပါစို့ ။ ကိုယ်ဝန်မရအောင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့လိုပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သောက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ အလွယ်တကူ ၀ယ်လို့ရပါပြီ ။ Levonogestrel 0.75 mg ပါဝင်ပါတယ် ။ လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်း စောနိုင်သမျှ စောစော စသောက်ရပါမယ် ။ ဆေး ၂ လုံးပါပါတယ် ။ ပထမဆေးသောက်ပြီး နောက် ၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။ ဆေးသောက်ပြီး လို့ ၁ နာရီအတွင်း ပျို့အန်ခဲ့ရင် ပြန်သောက်ရပါမယ် ။

၅ ။ ခဏခဏတော့ Living together အတူမနေမိပါစေနဲ့ ။ ဒါဆိုရင် အရေးပေါ်သန္ဓေတားဆေးကလည်း ကူညီပေးနိုင် မှာမဟုတ်ပါဘူး ။ ခဏခဏ နေမယ်စိတ်ကူးရှိရင် ရေရှည်စီမံကိန်း ဆွဲပါ ။ OC Pills လို့ခေါ်တဲ့ မြှားကဒ်လေးတွေသောက်မလား ၊ ၃ လခံဆေး 3 month depo injection ထိုးမလား ၊ IUD လို့ခေါ်တဲ့ သားအိမ် တွင်းထည့်ပစ္စည်းထည့်မလား သင်ကြိုက်ရာရွေးပါ ။

ချစ်ခြင်းမေတ္တာဆိုတာ sex နဲ့တွဲမှ လေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး ။ သူ့အလိုလို နားလည်ခွှင့်လွှတ် ချစ်တတ်ခြင်းဟာလည်း မွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ ။

အထက်ပါအကြောင်းအရာများကို ရေးသားခြင်းဟာ လူငယ်လူရွယ်လေးတွေအဖို့ သိသင့်သိထိုက်တာတွေကို ရှင်းရှင်း လင်းလင်း သိပြီး ရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့ အတွက်ပဲဖြစ်ပါတယ် ။ Love နဲ့ Sex ကို ခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ ဆန္ဒပြုလျှက်.............။

(မရှင်းလင်းတာတွေ ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ် ။ အတတ်နိုင်ဆုံး ပြန် လည်ဖြေပေးသွားပါ့မယ် ။ )

သက်တန့်ချို
23 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, February 22, 2011

နွေ....အရုပ်

နွေ....အရုပ်

ဥသြဆွဲသံသာကြားရပြီး
ရထားကတော့ ရောက်မလာခဲ့ဘူး....
ရပ်စောင့်ခဲ့ရတာပဲ အဖတ်တင်တယ်...
ရော်ရွက်ဝါတွေကတော့ ကြွေခဲ့ပြီ...
နင်ဘယ်မှာလည်း...နွေရယ်
ကောင်းကင်ပြာပြာမှာ
ငါအရုပ်ရေးဆွဲကြည့်တယ်
နင့် စကားလုံးပေါင်းများစွာ
နင့် ရာစုနှစ်ပေါင်းများစွာ
ရာဇ၀င် တို့ ခမ်းနားလွန်းတယ်....
တကယ်တော့လည်း
တကယ်တမ်းတော့လည်း....
ပီပီပြင်ပြင်
(ဘာမှ) မဟုတ်ခဲ့ပါဘူးကွယ်....

သက်တန့်ချို
22 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Qatar မှဈေးအကြီးဆုံးလက်ကိုင်အိတ်

Qatar မှဈေးအကြီးဆုံးလက်ကိုင်အိတ်



စိန်စီသော လက်ကိုင်အိတ်လို့ပဲတင်စားရမလား ၂၀၁၁ ခုနှစ်ဖေဖော်ဝါ၇ီ ၂၀ ရက်နေ့မှာ Doha မှာပြုလုပ် ခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲမှာ အမျိုးသားတစ်ဦးကဈေးအကြီးဆုံး စိန်စီလက်ကိုင် အိတ်ကိုပြသနေ ပုံဖြစ် ပါတယ် ။အဲဒီလက်ကိုင်အိတ်နာမည်က The Mouawad 1001 Nights Diamond Purse တဲ့ ..။ ဈေး ကလည်းကြီးကဗျာကလည်းဆန်လိုက်တာ ။










သက်တန့်ချို
22 Feb 2011

ဘေဂျင်းမှ အုတ်ခဲကား

ဘေဂျင်းမှ အုတ်ခဲကား




၂၀၁၁ ခုနှစ်ဖေဖော်ဝါရီ ၂၀ ၇က်နေ့မှာ တရုတ်ပြည် ဘေဂျင်းမြို့မှ 798 Art Zone လို့ အမည်ရတဲ့ outdoor ပြပွှဲတစ်ခုမှာ ကားပုံသဏ္ဍာန်ပြုလုပ်ထားတဲ့အနုပညာလက်ရာတစ်ခုကိုပြသနေပုံဖြစ်ပါတယ် ။ အုတ်ခဲတွေနဲ့ပြု လုပ် ထားပြီး ၆.၅ တန်အလေးချိန်ရှိပါတယ် ။ ဘိလပ်မြေအနည်းငယ်နဲ့အုတ်ခဲတွေကို ဖန်တီးထားပြီး စတီး လက်ရမ်းတွေ တက်ဆင်ထားပါတယ် ။ ထူးဆန်းအံ့ဖွယ်အနုပညာလက်ရာကိုခံစားကြည့်ကြပါစို့ ။





သက်တန့်ချို
22 Feb 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, February 21, 2011

အဖြူရောင်...နတ်သမီး

အဖြူရောင်...နတ်သမီး


နတ်သမီး...
ရင်ထဲက မီးတစ်ချို့ကိုငြှိမ်းလှဲ့ပါ
သံလျှက်တစ်ဖက် နှင်းဆီတစ်ခက်နဲ့
ဒီတေလေကို...စီရင်ချက်ချပါ ...

တခါတခါ ကောင်းကင်ကိုမော့ကြည့်တယ်
တခါတခါ ကြယ်တွေကိုရှာဖွေတယ်
နင်ဘယ်မှာလဲ နတ်သမီးရယ်
အဝေးရောက် အိမ်လွမ်းသူအတွက်
နတ်သမီး......တေးသံ
နတ်သမီး......ကဗျာ
နတ်သမီး......ရုပ်ပုံလွှာ
အို.......ဟိုး.....အ ေ ၀ း မွ ာ .........

မျက်လုံးမှိတ်ရင်
အလင်္ကာတစ်ချို့ ခုန်ထွက်တယ်
အဝေးကိုကြည့်ရင်
အရောင်တစ်ချို့ ပျယ်လွင့်ကုန်တယ်...
အို...နတ်သမီးရယ်.....
လွမ်းတယ်...လွ မ်း တ ယ် ..လွ မ်း တ ယ် . . . ။

နတ်သမီး
လူတစ်ချို့ အချစ်ကို ရှာဖွေတယ်...
လူတစ်ချို့ သံယောဇဉ်ကို ရှာဖွေတယ်...
လူတစ်ချို့ လူတစ်ချို့ဆီက ရနိုင်သမျှ ရှာဖွေကြတယ်
ငါကတော့....ခင်မင်မှုတရားပဲရှာချင်တယ်ကွယ်...

ဟိုး......မှာကြည့်
တို့တွေ့ရမဲ့အနာဂါတ်တွေ
ရိုးသားမှုအပြည့်နဲ့ မာန်မာနဆူးတောတွေရှင်းထားတယ်
ငါ့လက်ကိုဆွဲ
ခပ်ရဲရဲသာ ၀င်ခဲ့ကွယ်
နင်ကြိုက်တဲ့ နှင်းဆီတချို့နဲ့ ၀ိုင်တစ်ခွက်
ဂစ်တာတစ်လက်နဲ့ ငါကြိုနေမယ် .....။

သက်တန့်ချို


ဘလော့မှာ ပေါ်လိုက်ပျောက်လိုက်နဲ့ လူလည်းရေငုပ်နေရသလိုပါပဲ ။ ဟိုး....အရင်ဘလော့တွေ စစချင်းခေတ် စားတုန်းကပေါ့ ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ။ အမှန်တော့ဘလော့ ပေါ်နေတာကြာပါပြီ ဒီမှာ လူသိပ်မသိသေးတာပါ ။ အဲဒီတုန်းကဘလော့မှာ စာရေးကောင်းသူတွေ လည်းရှိသလို ပေါက်ကရတွေလည်းရှိရဲ့ ။ အရမ်းသွေးစည်းခဲ့တဲ့ မောင်နှမတွေလည်းတွေ့ခဲ့ပါတယ် ။ အဖြူရောင်နတ်သမီး ၊ မေလေး ၊ ရန်ကုန်သား ၊ နိုင်းနိုင်းစနေ ၊ သားကြီး ၊ ကိုလူထွေး ၊ မိုးငွေ့ ၊ ၀က်ဝံလေး ၊ အိန်ဂျုယ်ရှားပါး ၊ ကိုပီတာ အို..အစုံပါပဲ ။ ဒီလိုနဲ့
ဘလော့တွေ အပြိုင်ရေးခဲ့ကြတယ် ။ ရင်ခုန်သံချင်းဖလှယ်ခဲ့ကြတယ် ။ အချင်းချင်းရိုင်းပင်းကူညီခဲ့ကြတယ် ။ ကျနော်ဒီဘလော့လေးမလုပ်ခင်တုန်းက Ning မှာလည်းသက်တန့်ချိုဆိုပြီးလုပ်ဖူးပါတယ် ။ အဲဒီတုန်းက အဖြူရောင်နတ်သမီးတို့ မေလေးတို့ ၀က်ဝံလေးတို့ မန်ဘာ လာဝင်ပြီး အားပေးခဲ့ကြတယ် ။ နောက်ပြီး ဘလော့စပေါ့ကို ရောက်လာတော့လည်း သူတို့က ဆက်ပြီးအားပေးမြဲပါပဲ ။

ပထမဆုံးစသိတဲ့ ဘလော့ ပိုင်ရှင်ကတော့ အဖြူရောင်နတ်သမီးတဲ့ ။ ပထမတော့ ကျနော်သူ့ကို ၁၈ နှစ်လောက် ပဲထင်ခဲ့တာ ။နောက်မှ အစ်မကြီးမှန်းသိလာခဲ့တာ ။ အစ်မအဖြူရောင်နတ်သမီးကို မလိုသူတွေရော တိုက်ခိုက်သူတွေရော အများကြီးရှိခဲ့တယ် ။ အဲဒီတုန်းကပေါ့ ။ ဒီတော့မခံနိုင်သူတွေက အစ်မဖက်က ရပ်တည်ပြီး ဘလော့တွေတင်ပြီး အမှန်တရားကိုရှာဖွေခဲ့ကြတယ် ။ (ကျွန်တော်လည်းအပါအ၀င်ပေါ့) ။

နောက်ပိုင်း.. .နောက်ပိုင်းကျနော် အလုပ်တွေ..အလုပ်တွေပိ နောက်ကွန်နက်ရှင်မရ ပရောက်ဆီတွေကျိုး ဘာမှအဆင်မပြေတော့ကျနော် social network ဖက်ကို ရောက်သွားတယ် ။ ဘလော့ ဖက်ကိုအားနည်းသွားတယ် ။ ကိုယ့်ဘလော့လာလည်တဲ့သူဆီကို နှုတ်ဆက်စကားတောင် ပြန်သွား မပြောနိုင်တော့ ဘူး ။ Freedom က အရမ်းနှေးတော့သုံးရအဆင်မပြေဘူး ။ Ultrasurf ကလည်း တစ်အိမ်ချင်းစီလိုက်လည်ဖို့ အဆင်မပြေပြန်ဘူး ။ Freegate ကတော့ ဘလော့လည်တာ အရမ်းမြန်တယ် ။ အားနည်းချက်ကတော့ .com နဲ့ cboxတွေဖွင့်မရပြန်ဘူး ။ အဲဒလိုတွေ ။ ထားပါတော့ ကျနော် အဖြူရောင်နတ်သမီးဆိုတဲ့ အစ်မကြီးဆီသူလာလည်လည်းပြန်မလည်ဖြစ် ဘယ်သူ့ဆီမှ လည်းမလည်ဖြစ်နဲ့ပေါ်လိုက်ပျောက်လိုက်ဖြစ်နေမိတယ် ။

ဟိုတစ်နေ့ကကွန်းမန့်မှာ အစ်မကကျနော့်ကိုစိတ်ဆိုးနေတယ် ဟီး ။ သူ့ကို ပစ်ထားလို့ သူကလည်းခပ်စိမ်းစိမ်း ပဲနေမယ်တဲ့ ။ ၀မ်းနည်းလိုက်တာဗျာအ ရမ်းပဲ သိလား ။ ကျနော် အစ်မကို အရမ်းခင်ပါတယ် ။ သူများတွေသူ့ကို တိုက်ခိုက်တော့ကျနော်ဆတ်ဆတ်ထိမခံနိုင်ခဲ့ဘူး ။ အခုနောက်ပိုင်း ကျနော်ပစ်ထားသလို ဖြစ်သွားမိသလားတော့မသိဘူး ။ ဒါကြောင့်အစ်မနဲ့တကွ သူငယ်ချင်းအားလုံးကို အနူး အညွတ်ပဲတောင်း ပန်ပါတယ် ။ ကျနော့်ကိုခွှင့်လွှတ်ပေးပါ ။ မြန်မာပြည်ကမို့ စိတ်သွားတိုင်းကိုယ်မပါဘူး ။ အလုပ်ထဲကမို့ စိတ်ရောက်ပေ မယ့်လိုင်းပေါ်မရောက်ဘူး ။ အစ်မရေ စကားနဲ့ပြောရင် အရာမထင်မှာစိုးလို့ ကဗျာတစ်ပုဒ်နဲ့ တောင်းပန်လိုက်တယ် ။

(ဒါနဲ့စကားမစပ် မင်္ဂလာဆောင်ရင်ဖိတ်စာပို့ဦး အစ်မနဲ့တကွ သူငယ်ချင်းများခင်ဗျာ )

(အစ်မက သူဘယ်လောက်ခံစားရသလဲဆိုတာပြောသွားတာကျနော် ...ပြန်မပြောတတ်လောက်အောင်ပါပဲ .... အစ်မနဲ့သူငယ်ချင်းများ နေကောင်းကျန်းမာပါစေနော် ကျနော့်စိတ်ထဲမှာ ဘလော့ကိုမြဲချစ်လျှက်ပါပဲ ဘလော့နဲ့ပါတ်သတ်သမျှ အရာအားလုံးကို သတိရလျှက်ပါပဲ )

မောင်ငယ်
သက်တန့်ချို
21st Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မနက်ခင်းရဲ့သိုးဆောင်းပုံပြင်

မနက်ခင်းရဲ့သိုးဆောင်းပုံပြင်

ဒီ “ မိုး ” တဲ့လားကွယ်
လင်းလက်လှချည်ရဲ့
တခါတခါတိမ်တိုက်လို
တခါတခါကောင်းကင်လို
“ ကြယ် ” တွေကိုဖန်ဆင်းလို့....။

ဟိုး....အဝေးမှာ
ပန်းသီးတစ်ခြမ်းနဲ့ ရစ်သမ်အသစ်
ဘယ်နက္ခတ်တွေကဗျား
ငါ့....ကို
မရဏဖွား ဖြစ်စေခဲ့သလဲကွယ်.....။

သိုးဆောင်းတို့ရဲ့သမိုင်းမှာ
ငါဟာ.....ရာဇ၀င်ခရီးသည်လည်းဖြစ်ရဲ့
လမ်းသစ်တွေလည်း ဖောက်လို့
ကိုယ့်စိုက်ခင်းကိုယ် ပျိုးခဲ့ဖူးတယ်.....။

တိမ်တွေကပဲ လကိုဖုံးအုပ်ခဲ့သလား ?
လကပဲ တိမ်တွေထဲ ပြေးပုန်းခဲ့လေသလား ?
သေချာတာကတော့.....
ဘ၀က “ ခါး ” ခဲ့တာကြာပြီ ......။

အို....အနောက်တောင်မုတ်သုန်မိုးတို့
ငါ့ကိုနှိုးလော့.....
ဒီမနက်ခင်းမှာပဲ (တိတ်တိတ်ဆိတ်ဆိတ်)
ဂစ်တာတစ်လက်...ကော်ဖီတစ်ခွက်နဲ့
“ ကြယ် ” တွေကိုဖန်ဆင်းပစ်မယ်ကွယ်....။

သက်တန့်ချို
21st Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, February 18, 2011

ထူးထူးဆန်းဆန်းမြင်းတိုက်ပွဲ

ထူးထူးဆန်းဆန်းမြင်းတိုက်ပွဲ




၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရုတ်ပြည်တောင်ပိုင်း Guangxi Zhuang ပြည်နယ် ၊ Rongrui မှာ မြင်းတိုက်ပွဲတစ်ခုကို အားပေးနေသူတွေပဲဖြစ်ပါတယ် ။ ဒီလိုမြင်းတိုက်ပွဲကို Rongshui မှာ လာမယ့် Lantern ပွဲတောင်ကိုကြိုဆိုဖို့အတွက်ကျင်းပခဲ့ပါတယ် ။ ကျွဲတိုက်ပွဲတော့တွေ့ဖူးပါရဲ့ မြင်းတွေတိုက် တာတော့အခုမှ ပဲတွေ့ ဖူးတော့တယ် ။ ထူးဆန်းပါပေါ့ ကိုတရုတ်ရယ် ။









သက်တန့်ချို
18 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, February 17, 2011

Site verified to be secure and free of malware

Site verified to be secure and free of malware


အလုပ်ကိစ္စရယ် တခြားထွေလီကာလီကိစ္စတွေကြောင့် ဘလော့ကို နေ့တိုင်းတင်ဖို့ ပျက်ကွက်ခဲ့ပါတယ် ။ ဒီတော့ ဘလော့တွေမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကိုပါကိုသက်တန့်တစ်ယောက် မျက်ချေပြတ်ခဲ့ရပါတယ် ။ ဒီနေ့မ နက်မှ လိုင်းလေးကောင်းတုန်း Freegate နဲ့ Ultrasurf လေးသုံးပြီး ဘလော့လေးလည်မယ်ပေါ့ ။ ပထမဆုံးပဲ အစ်မကြီး အဖြူရောင်နတ်သမီးဆီရောက်သွားပါတယ် ။မရောက်ဖြစ်တာလည်းကြာပြီကိုး ။ အစ်မကြီး တစ်ယောက် အချစ်ကဗျာတွေရေးနေတုန်းပဲလားဆိုပြီးတော့ပေါ့ :P ။ အဲဒီမှာတင် သူ့ရဲ့ Blog List မှာ ကျနော့် လင့် ကိုရှာတာမတွေ့ဘူးဗျ ။ ဒီတော့ငါ့ကို တမင်ဖြုတ်ထားတာတော့မဟုတ်လောက်ဘူးပေါ့ အကြောင်း တစ်ခုခုတော့ ရှိမယ်ဆိုပြီးအောက်ကပို့စ်တွေဖတ်ကြည့်တော့မှ လားလား တုပ်ကွေးရောဂါတွေဖြစ်နေကြတာကိုး ။ ဒီတော့ သူပေးတဲ့လင့်လေးကို ကြည့်ပြီး ကိုလင်းထက်ဆီရောက်သွားပါတယ် ။အဲဒီမှာပေးတဲ့လင့်လေးကို စမ်းကြည့် လိုက်တာ အောင်မလေးဗျာ...နီရဲတွတ်နေတာပဲ ပိုးတွေပိုးတွေ ...ဟီး ။ အဲဒါနဲ့သူပြောတဲအတွင်းside bar ကိုရှင်းပြီး re-scan ပြန်လုပ်ကြည့်မှ ပိုးကင်းစင်သွားပါတယ် ။ ကဲ အားလုံးပဲ ကိုယ့် ဘလော့လေး မပျောက် ပျက်ရေး ကျန်းမာရေးကိုဂရုစိုက်ကြပါစို့ ။

ကိုယ့်ဘလော့လေးကို ပိုးရှိမရှိစစ်ချင်ရင်အောက်ကလင့်လေးကို နှိပ်ပါ ။

http://sitecheck.sucuri.net/scanner/

အကယ်၍ Blacklist ဖြစ်နေရင်တော့ အောက်ကလင့်လေးကို နှိပ်ပြီးဖြေရှင်းကြည့်ပါ ။

Reported Attack Page အဖြစ် မိမိဆိုဒ် သတ်မှတ်ခံခဲ့ရလျှင် ဖြေရှင်းနည်း

ဒီလင့်တွေအကုန်လုံးကိုလင်းထက်ဆီက နေရတာဖြစ်ပါတယ် ။ ပြန်လည် share လုပ်ခွင့်ပြုပါ ကိုလင်းထက်ရေ ။

Credit : http://www.linhtet.net
Thanks : http://seaandangel.blogspot.com/ (ဒါနဲ့ ...စကားမစပ်ပိုးကင်းသွားပြီနော် ပြန်ချိတ်ပေးဦး အစ်မကြီး နမ်းမ၀ :P)

သက်တန့်ချို
17 Feb 2011





စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရာဇ၀င်တွင်မဲ့အချိန်အကြာဆုံးအနမ်း

ရာဇ၀င်တွင်မဲ့အချိန်အကြာဆုံးအနမ်း



၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဘန်ကောက်မြို့အရှေ့ဖက် ၁၅၀ ကီလိုမီတာ (မိုင်ကိုးဆယ်)ခန့်မှ Pattaya မှာ ကမ္ဘာ့အချိန်အကြာဆုံးအနမ်းပြိုင်ပွဲတစ်ခုကျင်းပခဲ့ပြီး အဲဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ Akekachai Tiranarat ၄၂ နှစ်နဲ့သူ့ရဲ့ ချစ်သူ Raksana Taranarat ၃၁ နှစ်တို့ အနမ်းပျိုးနေကြပုံဖြစ်ပါတယ် ။ဒီပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ဗယ်လင်တိုင်းနေ့အထိမ်းအမှတ်အဖြစ်ကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့ တနင်္ဂနွေနေ့မှ စတင်ပြီး စုံတွဲ ၁၄ တွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ် ။ ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့စုံတွဲကတော့ အရှည်အကြာ ဆုံးအနမ်း အဖြစ် ၄၆နာရီ ၂၄ မိနစ်နဲ့ ၉ စက္ကန့် ကြာမြင့်ခဲ့ပြီး ဂင်းနစ်မှတ်တမ်းဝင်ခဲ့ တယ်လို့သိရပါတယ် ။ အော်..ဘယ်လိုများနမ်းကြပါလိမ့် ထမင်းမစားရေမသောက်ကြဘူးလားမသိဘူးနော် :P




သက်တန့်ချို
17 Feb 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

ကြွေ နဲ့ပြုလုပ်ထားတဲ့ စားပွဲတင်ပစ္စည်းပြပွဲ

ကြွေ နဲ့ပြုလုပ်ထားတဲ့ စားပွဲတင်ပစ္စည်းပြပွဲ


၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရုတ်ပြည်မြောက်ပိုင်း Hebei စီရင်စုမှ Tangshan မှ လက် ဆွဲမီး အိမ်ပြပွဲလို့ အမည်ရတဲ့ ကုန်ပစ္စည်းပြပွဲတစ်ခုမှာကြွေနဲ့ ပြုလုပ်ထားတဲ့ ခြင်္သေ့ ရုပ်ကိုပြသနေပုံဖြစ်ပါတယ် ။ ဒီပြပွဲ မှာ စားပွဲတင်ကြွေ ချပ်ပေါင်း နှစ်သောင်းတစ်ထောင်ကို စုစည်းပြီးတော့ ကနေသောခြင်္သေ့ရုပ်များကို ပြုလုပ်ပြ သ ခဲ့ပါတယ် ။




သက်တန့်ချို
17 Feb 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, February 14, 2011

တို့ပြန်ဆုံမဲ့ သက်တန့်ရောင်စဉ်ည





















တို့ပြန်ဆုံမဲ့ သက်တန့်ရောင်စဉ်ည

သက်တန့်ရောင်စဉ်ထွန်းလင်းတဲ့ည
အဲဒီတစ်ညမှာ..
လမင်းတို့ဗုံတီးသံနဲ့
ကြယ်တာရာ အစုံလင်းလက်ကြတယ်...
ချစ်သူ...
ရွှေရောင်ကောင်းကင်မှာ
နင့် ....မျက်ဝန်းတွေက...
ငါ့အတွက်..အလင်္ကာတစ်ပုဒ်သာဖြစ်တယ်..

ကွေးညွတ်တဲ့နှုတ်ခမ်းတစ်စုံမှာ
တွယ်ညိမိတဲ့...စိတ်ဝိဥာဉ်
ငါက.....အလွမ်းဥယျာဉ်ထဲ
ပန်းပျိုးမိသူ ...ဖြစ်နေပြီလားကွယ်
နေ့နေ့ညည တစ်သသနဲ့
အဲဒီတစ်ညမှာ
ဧဒင်ဥယျာဉ်ကြီးထဲ....
ချစ်သူတွေပျော်ပွဲဆင်နွှဲကြလိမ့်မယ်

သံယောဇဉ်တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်
နင်ဆုပ်ကိုင်လို့...လာခဲ့ပါလားကွယ်
ကြီးကျယ်ခမ်းနားတဲ့ ချစ်ခြင်းတွေနဲ့
ငါက ရင်ဖွင့်ကြိုနေမှာပါ
အဲဒီတစ်ညမှာ ငါတို့ကဗျာတွေရှိတယ်
အဲဒီတစ်ညမှာ ငါတို့အတွေးတွေရှိတယ်
အဲဒီတစ်ညမှာ နူးညံ့တဲ့ ရင်ခုန်ခြင်းတွေရှိတယ်
သက်တန့်ရောင်စဉ်တွေအပြိုင်ထွန်းလင်းလို့
ငါတို့ချစ်ခြင်းတွေပြိုင်ကြမယ်ကွယ်....

အို...ချစ်သူရယ်
နင့်ရဲ့ မျက်တောင်ရှည်တစ်စုံဟာ
ငါ့အတွက် မပြီးဆုံးနိုင်တဲ့ကဗျာတစ်ပုဒ်သာဖြစ်တယ်
ရွှေအိုရောင်ဆံနွယ်တွေနဲ့
အိပ်ပျက်ညတွေကို ဖန်ဆင်းသူသာဖြစ်တယ်
ခဏတာတွေ့ဆုံပေမယ့်
တစ်ဘ၀တာ စွဲမက်ထင်မှုမျိုးကို
နင်က ပေးစေတယ်ကွယ်....

အလွမ်းရထားကိုစီးနင်းပြီး
နင်နဲ့ဝေးရာကိုတော့ မသွားချင်ဘူးကွယ်
ကြယ်ကြွေသံစဉ်တွေ..ငါတို့နားထောင်ကြမယ်
တခမ်းတနားလှပတဲ့ ငါတို့ချစ်ခြင်းတွေကို
ပင်လယ်ပြာပြာကြီးက သက်သေတည်လိမ့်မယ်
နင့်ကို...လွမ်းတယ်ကွယ်

မြေကမ္ဘာကို သက်သေတည်လို့
ဒီတစ်ညမှာ ငါ သက်သေဆိုမယ်
ချစ်တယ်ဆိုတာထက် ..ကို
ငါ့ရင်ခုန်သံက ပိုခမ်းနားတယ်
လမင်းတစ်ရာထက်...ငါ့ချစ်ခြင်းက
ပိုထွန်းလင်းတယ်...
နင်ယုံနိုင်ပါ့မလားကွယ်...(ငါက)
ကိုယ်ကိုယ်တိုင်ပျောက်ဆုံးရလောက်အောင်
နင့်ကို ချစ်မိနေသူပါ

ချစ်သူ...
တို့ပြန်ဆုံမဲ့ သက်တန့်ရောင်စဉ်ညမှာ
လေးမြတ်တဲ့ သစ္စာတရားတို့ပျံ့သင်းကြမယ်
စိမ်းလန်းတဲ့ နွယ်မြက်သစ်ပင်တို့
ဆေးဖက်ဝင်ကြမယ်
နင့်ကိုချစ်တာ...မြေကမ္ဘာထုကြီး
သက်သေတည်လိမ့်မယ်
ဒါဟာ..နင့်အတွက်..ငါ့နှလုံးသွေးနဲ့ဆက်တဲ့
ချစ်သူများနေ့အမှတ်တရပဲကွယ်......

(ဒီကဗျာလေးကို ကမ္ဘာပေါ်မှာ ကျွန်တော့်ကို အရမ်းချစ်တဲ့ ကောင်မလေးတစ်ယောက်အတွက် ရည်စူးပြီး ရေးထားတာဖြစ်ပါတယ်... အဲဒီကောင်မလေးဟာ ကျွန်တော်ရေးခဲ့သမျှ ကဗျာတွေထဲက မိန်းမပျိုလည်းဖြစ်တယ် ....
အကောင်အထည်ဆုပ်ကိုင်ပြလို့မရပေမယ့် ညစဉ်ညတိုင်း ကဗျာထဲကမိန်းမပျိုဟာ ကျွန်တော့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ စူးနစ်စိုက်ဝင်နေလေ့ရှိတယ် )

သက်တန့်ချို
ဖေဖော်ဝါရီ ၁၄

ဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

Friday, February 4, 2011

" ချစ်သူ "

" ချစ်သူ "

ချစ်သူ....
တို့နှစ်ယောက်ဟာ မျဉ်းပြိုင်တွေမဟုတ်ကြဘူး
ဆုံမှတ်တစ်ခုတော့ရှိခဲ့ပါရဲ့...
ဦးတည်ရာခြင်းက ဆန့်ကျင်ဖက်..
ဒီလိုနဲ့...ဒီ လို နဲ့ .... ဒီ လို နဲ့ .......
အချိန်ကြာလေ...ဝေးလေလေ
ကမ္ဘာမြေရဲ့ တစ်ဖက်ခြမ်းစီမှာကွယ်....

ချစ်သူ...
ရင်ခွင်ကို ခွဲထုတ်ပြဖူးပါရဲ့
မင်း စကားသံတွေ ငါလွမ်းတယ်
မင်းအကြည့်တွေ ငါလွမ်းတယ်
နောက်ဆုံး..ခြေသံကြားတိုင်း...
ငါက....နောက်ပြန်လှည့်ကြည့်တတ်ခဲ့သူပါ ...

ချစ်သူ.....
တို့တွေ ရေမြေခြားတယ်..
ဒါပေမယ့်..ငါ့နှလုံးခုန်သံနွေးနေခဲ့တယ်
တို့တွေ...အနေအေးတယ်...
ဒါပေမယ့်...ငါ သွေးမအေးခဲ့ဘူး
တို့တွေ.....တို့ တွေ . . . တို့ တွေ . . .
ဝေးနေခဲ့ကြတယ်...

ချစ်သူ..
အလွမ်းတွေသာ ကိုင်တွယ်ပြလို့ရမယ်ဆို
ငါပြလိုက်ချင်ပါရဲ့....
ဒီအလွမ်း..ကောင်းကင်ကြီးပေါ်မှာ..
ငါတို့ အတွေးတွေဆုံကြမယ်...

ချစ်သူ...
ရွှေအိုရောင်ကောင်းကင်မှာ
သက်တန့်ရောင်တွေပြေးနေကြတယ်
လေပြည်ငယ်ဆော့ကစားလို့
ငှက်ကလေးတွေမြူးနေကြတယ်
မိုးပြေးလေးတခြိမ်းခြိမ်း
မြက်ပင်လေးတွေယိမ်းနေကြတယ်
နင်...ဘယ်မှာလဲကွယ်....

ချစ်သူ....
အရှိတရားထက်...အသိတရားကခက်တယ်
မင်းပြောခဲ့ဖူးတယ်..
" လမ်းခွဲမယ်ဆိုရင်တောင်နှုတ်မဆက်ချင်ဘူး " တဲ့...
ဒါပေမယ့်...
နင်ဘာကြောင့် နှုတ်ဆက်သွားသလဲကွယ်...

သက်တန့်ချို
ဖေဖော်ဝါရီ ၄ ရက်နေ့

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................