Friday, February 26, 2010

ရုပ်အဆိုးဆုံး အသုံးအဆောင်မစ္စည်းများ

ရုပ်အဆိုးဆုံး အသုံးအဆောင်မစ္စည်းများ



















စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, February 25, 2010

ချစ်သူပြောသော ပုံပြင်များ ( ၁ )

ချစ်သူပြောသော ပုံပြင်များ ( ၁ )

ရွှေသစ်ပင်...

ကျွန်တော်စဉ်းစားမိတာ တစ်ခု ရှိပါတယ် ။ သမီးရည်းစားတွေ တွေ့ကြတဲ့အခါ ချစ်သူလေးကို ပုံပြင်လေးတွေ ပြောပြတဲ့အခါ ဘယ်လောက်များ ကြည်နူးစရာ ကောင်းလိုက်မလဲလို့ ။ ဒါကြောင့် ကျွန်တော်က ချစ်သူပြောသော ပုံပြင်များဆိုပြီး ချစ်သူသမီးရည်းစားတွေအတွက် လက်ဆောင်ပေးလိုပါတယ် ။ ဒီပုံပြင်လေးတွေကို မှတ်သားပြီး ချစ်သူကို ပြန်ပြောပြတဲ့အခါ သူ့ရဲ့ ကြည်နူးတဲ့ အရိပ် လေးတွေကိုခံစားနိုင်ကြပါစေ ။




တစ်ခါတုန်းကပေါ့ ။ တိုင်းပြည်လေးတစ်ပြည်ဟာ ဆန်ရေစပါး ပေါများစွာနဲ့ မြစ်ကြီး ငါးသွယ်ရဲ့ အလယ်မှာ အေးချမ်းစွာ တည်ရှိနေလေရဲ့ ။ အဲဒီတိုင်းပြည်လေးနာမည်က " ၀တ္တိ" လို့ ခေါ်ပါတယ် ။ ၀တ္တိပြည်မှာ အလွန်ကို ချောမောလှပပြီး မြင်သူတိုင်းတပ်မက် လောက်တဲ့ ရုပ်အဆင်းနဲ့ စိတ်သဘောထား အလွန်ကောင်းတဲ့ မင်းသမီးလေး တစ်ပါးရှိတယ်တဲ့ ။ အဲဒီမင်းသမီးလေးဟာ အလွန်ကို လှပတဲ့အတွက် သူမကို လိုချင်တပ်မက်တဲ့ ဘေးနားကတိုင်းပြည်တွေက မင်းသားတွေဟာ လက်ဆောင်ပစ္စည်းမျိုးစုံနဲ့ လာရောက်တောင်းယူကြပါတယ် ။ ဖခမည်းတော် ဘုရင်ကြီးကလည်း နေ့စဉ်သမီးတော်ကို လာရောက်တောင်းရမ်းနေတဲ့အတွက် သင့်တော်တဲ့လူနဲ့ လပ်ထပ်ပေးဖို့ စီစဉ်ပါတယ် ။ အဲဒီအခါ ဘုရင်ကြီးက သူ့သမီးတော်လေးနဲ့ တိုင်ပင်ပါတယ် ။ သမီးတော်လေးက ဥာဏ်ပညာထပ်မြက်တဲ့ သူ ဖြစ်တဲ့အတွက် သူ့ရဲ့ ခင်ပွန်းရွေးချယ်ပွဲကို သူကိုယ်တိုင် ရွေးချယ်မယ်လို့ ဖခင် ဘုရင်ကြီးကို ခွင့်ပန်လိုက်ပါတယ် ။ ဘုရင်ကြီးကလည်း သမီးတော်လေးရဲ့ ဥာဏ်ရည်ကို သိနေတဲ့အတွက် အသာတကြည်ပဲ ခွင့်ပြုတော်မူလိုက်ပါတယ် ။

အဲဒီအခါ မင်းသမီးလေးက သူ့ရဲ့ တိုင်းပြည်လေးမှာ ကြေငြာချက် တစ်ခုကို ထုတ်ပြန်လိုက်ပါတယ် ။ အဲဒီကြေငြာချက်ကတော့ ဘုရင့်သမီးတော်လေးနဲ့ လက်ထပ်လိုသူများသည် နောက်တစ်ပတ် တိတိနေ့ လည်အချိန်တွင် နန်းရင်ပြင်သို့ လာရောက်စုဝေးရမည် ဟု ဖြစ်ပါတယ် ။ အဲဒီသတင်းဟာ တောမီးပမာ တိုင်းပြည် အသီးသီး ကို တဟုန်ထိုး ပျံ့နှံ့သွားသတဲ့ ။ အနယ်နယ်အရပ်ရပ်က တိုင်းပြည်အသီးသီးက မင်းသားတွေလည်း မင်းသ မီးလေးဆီလာဖို့ ပြင်ဆင်ကြတော့တာပေါ့ ။ အဲဒီအချိန်မှာ မင်းသမီးလေးနေတဲ့ တိုင်းပြည်လေးရဲ့ မြို့ပြင်က ယာကွက်လပ်လေးမှာ ရာဟုဆိုတဲ့ တောသားလေးတစ်ယောက်နေထိုင်ပါတယ် ။ ရာဟုလေးက စိတ်သ ဘောထားနူးညံ့ပြီး ဖြောင့်မတ်တည်ကြည်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပါတယ် ။ မိခင်အိုကြီးကို သီးနှံစိုက်ခင်းတွေ စိုက်ရင်း လုပ်ကျွေးနေသူလည်း ဖြစ်ပါတယ် ။ ရာဟုကလည်း အဲဒီသတင်းကို ကြားမိသွားသတဲ့ ။ ဒါနဲ့ သူလည်း မိခင်ကို ခွင့်ပန်ပြီး ၀တ္တိပြည်ကြီးဆီကို အရောက်လာခဲ့ပါတယ် ။ အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့ သူရဲ့ ချို့တဲ့တဲ့ အသွင် သဏ္ဍာန်က တောက်ပြောင်လှပစွာ ၀တ်ဆင်လာတဲ့ မင်းညီမင်းသားတွေ အလယ်မှာ မှေးမှိန်နေတာပေါ့ ။ နန်းရင်ပြင်ထဲ ၀င်ကြတဲ့အခါ တံခါးစောင့်က ရာဟုကို သူဖုန်းစားမှတ်ပြီး ၀င်ခွင့်မပေးဘူးတဲ့ ။ အဲဒီအခါ ရာဟုလည်း စိတ်မကောင်းဖြစ်ပြီး နန်းရင်ပြင်ထဲ ငေးကြည့်နေတာပေါ့ ။ အဲဒီအခိုက်မှာပဲ မင်းသမီးလေးက ပန်းဥယျာဉ်ထဲက ရံရွေတော်တွေနဲ့ ဆော့ကစားပြီး နန်းရင်ပြင်ထဲ ပြန်ဝင်လာပါတယ် ။

မင်းသမီးလေးက ရာဟုကိုတွေ့တဲ့အခါ အကျိုးအကြောင်းမေးသတဲ့ ။ ရာဟုက ဖြစ်ကြောင်း ကုန်စင် ကိုပြောပြလိုက်တဲ့အခါ မင်းသမီးလေးက တံခါးစောင့်ကို ယနေ့တွင် ယောင်္ကျားပျို မှန်သမျှ ဆင်းရဲ ချမ်းသာအယုတ်အလတ် မရွေး လာရောက်နိုင်ကြောင်းပြောပြီး ရာဟုကို ၀င်ခွင့်ပေးစေသတဲ့ ။ ဒီလိုနဲ့ နန်းရင် ပြင်မှာ မင်းသားအကုန်စုံတဲ့အခါ မင်းသမီးလေးက စတင်ပြီး ပြောကြားပါတယ် ။ မင်းသမီးလေးက မိမိကို လက်ထပ်ချင်သော ယောင်္ကျားတိုင်းသည် နန်းရင်ပြင် အလယ်တွင် ချထားသော သစ်စေ့အိုးကြီးထဲမှ သစ်စေ့တစ်စေ့ကို ယူနိုင်ပါကြောင်း ။ တစ်နှစ် တိတိပြည့်သော နေ့တွင် သစ်စေ့လေးမှ ရွှေပင်လေးပေါက်အောင် ပြုစုပျိုးထောင်နိုင်သူကို မိမိ လက်ထပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ အဲဒီအခါမှာ မင်းညီ မင်းသားတွေဟာ သစ်စေ့အိုးကြီးထဲက သစ်စေ့တွေကို အလုအယက်ယူငင်ကြပါတယ် ။ နောက်ဆုံး မင်းညီမင်းသားတွေ အကုန်ယူငင်ပြီးတော့ ရာဟု အလှည့်လည်းရောက်ရော အသေးဆုံး အညှက်ဆုံး သစ်စေ့လေး တစ်စေ့သာ ကျန်တော့သတဲ့ ။ အဲဒီသစ်စေ့လေးကို ရာဟုက ယူလိုက်တဲ့အခါမှာ မင်းညီမင်း သားအားလုံးက ၀ိုင်းပြီး လှောင်ရယ်ကြပါတယ် ။ ဒါပေမယ့် ရာဟုက တစ်ခွန်းမှ ပြန်မပြောပဲ သစ်စေ့လေးကို ယူပြီး နန်းရင်ပြင်အပြင်ဖက်ကို လှမ်းထွက်ခဲ့ပါတော့တယ် ။

ရာဟုလေးလည်း အိမ်ပြန်ရောက်တဲ့အခါမှာ သစ်စေ့လေးကို စတင်ပြီး စိုက်ပျိုးပါတော့တယ် ။ လိုအပ်တဲ့ မြေသြဇာနဲ့ နေ့စဉ်ရေပုံမှန်လောင်းပြီး စိုက်ပျိုးပါတယ် ။ ဒီလိုနဲ့ သူ့ရဲ့ ဂရုတစိုက်နဲ့ ရေလောင်းပေါင်းသင်မှုကြောင့် သစ်ပင်လေးဟာ အစွမ်းကုန်ဖူးပွင့်လာခဲ့ပါတယ် ။ ဒါပေမယ့် မင်းသမီးလေးပြောသလိုတော့ ရွှေပင်လေး တစ်ပင်တော့ မဟုတ်ခဲ့ပါဘူး ။ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးပြီး တစ်နှစ်တင်းတင်းပြည့်တဲ့ နေ့ကို ရောက်ရှိလာခဲ့ပါတယ် ။ ရာဟုလည်း သူစိုက်ပျိုးယုယခဲ့တဲ့ သစ်ပင်လေးကို ယူဆောင်ပြီး နန်းရင်ပြင်ကြီးဆီကို တစ်ခေါက် ပြန်သွားခဲ့ပါတယ် ။ နန်းရင်ပြင်ကြီးမှာတော့ ရာဟုနည်းတူ အခြားမင်းညီမင်းသားတွေလည်း အစုံအလင်ရောက်ရှိလို့ နေပါတယ် ။ ဒါပေမယ့် သူတို့အသီးသီးရဲ့ လက်ထဲမှာ တော့ ရွှေပင်လေးတွေ ကိုင်လို့ပေါ့ ။ တစ်ဦးချင်းဆီကလည်း ဒီရွှေပင်လေးတွေ ရဖို့အတွက် မည်မျှ စိုက်ပျိုးခဲ့ကြောင်းကို ဂုဏ်ယူပြောဆိုနေကြသတဲ့ ။ အချိန်အခါသင့်တဲ့အခါ နန်းရင်ပြင်ထဲကို မင်းသမီးလေးက ကြွလှမ်းလို့လာပါတယ် ။ အဲဒီအချိန်က ရာဟုရဲ့ သစ်ပင်လေးကို အခြားမင်းသားတွေက ၀ိုင်းလှောင်နေကြတဲ့အချိန်ပေါ့ ။ နောက်တော့ မင်းသမီးလေးက မင်းသားတစ်ဦးချင်းဆီကို ရွှေပင်လေးပါရဲ့လားလို့ မေးသတဲ့ ။ မင်းသားအသီးသီးကလည်း အားရ၀မ်းသာနဲ့ ရွှေပင်လေးပါကြောင်း ပြောပြီး ထုတ်ပြသတဲ့ ။ မင်းသမီးလေးက ဘာမှ ပြန်မပြောပဲ ပြုံးနေပြီး ရာဟုအ လှည့်ရောက်တဲ့အခါမှာ ရွှေပင်လေးပါလားလို့ မေးပါတယ် ။ ရာဟုက သူစိုက်ပျိုးခဲ့တဲ့ သစ်ပင်လေးကို ထုတ်ပြပြီး ဒီအပင်လေးဟာ မှန်ကန်တဲ့ မေတ္တာ တရားနဲ့ စိုက်ပျိုးထားတဲ့ မိမိ ရွှေပင်လေးပင်ဖြစ်ကြောင်း ။ အခြားမင်း သား တွေလို ရွှေအစစ်အပင်လေးကို မယူဆောင်လာနိုင်ခဲ့၍ ၀မ်းနည်းကြောင်းပြောပါတယ် ။ မင်းသမီးလေးက ရာဟုလေးကို စိုက်ကြည့်ပြီး နှစ်သက်မြတ်နိုးစွာ ပြုံးလိုက်သတဲ့ ။ ပြီးနောက် ရာဟုရဲ့ သစ်ပင်လေးကို ယူ ဆောင်ပြီး မင်းသားတွေ ကို စကားစတင်ပြောကြားပါတယ် ။

မင်းသမီးလေးက မိမိဟာ တစ်သက်တာမှာ စကားတည်ကြည်ပြီး အမှန်အတိုင်း ပြောဆိုတတ်တဲ့ လိမ်ညာမ ပြောတတ်တဲ့ ယောင်္ကျားကို ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း ရာဟုလေးကို လက်ဆွဲပြီး ပြောကြားပါတယ် ။ ဒီအခါမှာ မင်းသားတွေက ဟာကနဲ ဟင်ကနဲ ဖြစ်သွားကြတာပေါ့ ။ မင်းသမီးလေးက ဆက်လက်ပြီးတော့ သူပေးလိုက်တဲ့ သစ်စေ့တွေဟာ သာမန်သစ်စေ့တွေဖြစ်တဲ့အတွက် မည်သည့်နည်းနှင့်မျှ ရွှေပင်ပေါက်လာ နိုင်စရာ အကြောင်းမရှိကြောင်း ။ ရွှေပင်ပေါက်သည်ဟု ပြောသည့်မင်းသားများသည် မိမိကို လိမ်ညာသော သူများသာဖြစ်ပြီး အမှန်ကို ပြောမပြော လိမ်ညာခြင်းရှိမရှိစမ်းသပ်ခြင်းသာ ဖြစ်ကြောင်းပြောကြားလိုက်ပါတယ် ။ ဒီအခါမှာ တိုင်းပြည်အသီးသီးက မင်းသားအားလုံးဟာ လွန်စွာ အရှက်ရကြပြီး ၀မ်းနည်းစွာ နေရပ်တိုင်း ပြည်များကို ပြန်သွားကြတော့သတဲ့ ။ မင်းသမီးလေးဟာ ရာဟုလေးကို လက်ထပ်ယူလိုက်ပြီး သူ့ရဲ့ မိခင် အိုကြီးကိုလည်း နန်းတော်ထဲ ခေါ်ဆောင်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ တစ်သက်လုံး နေထိုင်သွားကြတော့သတဲ့ကွယ် ။

ဒီပုံပြင်လေးကို ဖတ်ပြီး လောကကြီးမှာ တစ်ခါတစ်ရံ မိမိ တစ်ဦးတည်း ဖြစ်ပေမယ့်လည်း လိုအပ်တဲ့အခါမှာ မှန်ကန်တဲ့အတိုင်း ပြုမှုနေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သတိပြုမိဖို့ပဲ ဖြစ်ပါတယ် ။

ချစ်သူလေးကို ပုံပြင်လေးတွေ ပြောပြနိုင်ပါစေ....။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခေါင်းနှစ်လုံးပါသော ငါးကလေး

ခေါင်းနှစ်လုံးပါသော ငါးကလေး












ဒီငါးကလေးဟာ အံ့သြထူးဆန်းဖွယ်ရာ ခေါင်းနှစ်လုံးပါရှိပါတယ် ။ သတ္တဗေဒ ပညာရှင်များကတော့ ဒီလို ခေါင်း နှစ်လုံးပါရှိလာခြင်းဟာ ငါးသတ္တ၀ါတွေအတွက် အလွန်ကို ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်ပါတယ် ။ ငါးတွေရဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ Gene mutation ဖြစ်တဲ့အတွက်ကြောင့် ခေါင်း နှစ်လုံးပါရှိလာရခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ် ။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, February 24, 2010

ဖြေနိုင်ရင်ဖြေပေးပါ ( အပိုင်း ၁)

ဖြေနိုင်ရင်ဖြေပေးပါ ( အပိုင်း ၁)

ကွန်ပြူတာရဲ့ အကူအညီနဲ့ ဓါတ်ပုံတွေကို တကယ့်အမှန်တကယ် နဲ့တူအောင် ပြုပြင်ဖန်တီးလို့ရပါတယ် ။ အောက် မှာ ဖော်ပြထားတဲ့ပုံတွေဟာ အမှန်တကယ်နဲ့ အတုနဲ့ ရောထွေးလို့နေပါတယ် ။ ပဟေဋ္ဌိ ၀ါသနာပါ သူတွေ အတွက် အဖြေလေးတွေကို နောက်နေ့ ပေးပါ့မယ် ။ နံပါတ်စဉ်အလိုက် ဖြေပေးသွားနိုင်ပါတယ် ။ မျက်စိ ကောင်းမကောင်း စမ်းသပ်တယ်လို့ပဲ သဘောထားပေးကြပါး) ။



၁ ။ Iraq သဲကန္တာရမှာ တွေ့တဲ့ ပင့်ကူကြီး ။


၂ ။ ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေကို ရိုက်ခတ်သွားတဲ့ ဆူနာမီမုန်တိုင်း ။

၃ ။ ကမ္ဘာ့အကြီးဆုံး ခွေးကြီး ။


၎ ။ U.S. A မှ Air Force ဂျက်လေယဉ်များ ။


၅ ။ ကမ္ဘာ့အရှည်ဆုံး တံတား ။



၆ ။ အကြီးဆုံး ကြောင်ကြီး ။

၇ ။ ၁၉၅၄ ခုနှစ်မှ အိမ်သုံး ကွန်ပြူတာ ။


၈ ။ ကြီးမားသော ငါးကြီးနှင့် ငါးဖမ်းသမားများ ။


၉ ။ ဘုရားသခင်၏လက်များ နှင့်တူသော တိမ်များ ဖြစ်တည်ဖွဲ့စည်းမှု ။

၁၀ ။ အဖြူနှင့် အမည်း အမွှာညီအစ်မ ။


၁၁ ။ မွေးရာပါ အသားဖြူသော သမင်လေး ။


၁၂ ။ Dashboard ထဲတွင် ပုန်းနေသော သူ ။

၁၃ ။ ကြီးမားသော အိမ်မွေးကြောင်ကြီး ။


၁၄ ။ ငါးဖမ်းနေသော မြွေ ။

၁၅ ။ အရှေ့အလယ်ပိုင်း ဒေသတွင် ရှာဖွေရရှိသော ကြီးမားသော လူအရိုးစုကြီး ။

အပိုင်း (၂ ) ကို ဆက်ပါဦးမည် ။

စာရေးသူ.......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, February 23, 2010

ဒဏ္ဍာရီဆန်တဲ့ ရှန်ဂရီလာဒေသ

ဒဏ္ဍာရီဆန်တဲ့ ရှန်ဂရီလာဒေသ



ကြီးမားလှပတဲ့ ယန်ဇီမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာ ဒေသဟာ တကယ်ကိုပဲ ဒဏ္ဍာရီဆန်လောက်အောင် လှပ လွန်းပါတယ် ။ ဒီဒေသဟာ တရုတ်ပြည် ယူနန်စီရင်စု ရဲ့ တောင်ဖက်စူးစူးမှာ ရှိဖြစ် တရုတ်ပြည်ကြီးအတွက် အံ့သြ ဖွယ်ရာ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ် ။ ရှန်ဂရီလာဆိုတဲ့ နာမည်ကို James Hilton ရဲ့ ( ပျောက် ဆုံးသွားသော မိုးကုတ်စက်ဝိုင်း) အမည်ရှိ စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ် ။ ဒီနာမည်ကို ပေးရခြင်း အကြောင်းမှာလည်း စာရေးသူဟာ ဒီစိတ်ကူးယဉ်ဆန်တဲ့ ဒေသကို ရောက်ရှိပြီး ဒီနာမည် ပေးဖို့ စိတ်ကူး မိကြောင်းပြောကြားပါတယ် ။ James Hilton ဟာ ယဉ်ကျေးမှုသီးခြား အနှစ်သာရကို ရှာဖွေနေတဲ့ ကမ္ဘာကျော် တိုးရစ် တစ်ဦးလည်း ဖြစ်ပါတယ် ။


၂၀၀၅ ခုနှစ် ဂျွန်လ ၂ ရက်နေ့က တရုတ်ပြည် ယူနန်စီရင်စု တောင်ဖက်စူးစူးမှာ တည်ရှိတဲ့ ရှန်ဂရီ ဒေသမှာ လူ တွေနဲ့ သိုးတွေဟာ မြက်ခင်းပြင်စိမ်းစိမ်းမှာ အပူအပင် ကင်းမဲ့စွာ ကျယ်ပြောတဲ့ မိုးကောင်းကင်ကြီးအောက်မှာ နေ ထိုင်ကြပုံ ပဲ ဖြစ်ပါတယ် ။



ရှန်ဂရီလာ ဒေသမှာ ရှိတဲ့ Meili တောင်မှာ နှင်းတွေဝန်းရံ ဖုံးအုပ်နေတဲ့ ပုံပဲ ဖြစ်ပါတယ် ။



ရှန်ဂရီလာဒေသမှာ ရှိတဲ့ Meili တောင်အောက်ခြေက ကြည်ညိုဖွယ် စေတီလေးတွေကို ပြသထားတဲ့ ပုံပဲ ဖြစ် ပါတယ် ။ ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့ အတိတ်နဲ့ အနာဂါတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေ တရားကျင့်ကြံ ကြပါတယ် ။ ဒီဒေသကို ကမ္ဘာ့ အစိမ်းရောင်နယ်မြေ အဖြစ် သတ်မှတ် ထား ပြီး တရားဓမ္မတွေ ထွန်းကားနဲ့ နယ်မြေလည်း ဖြစ်ပါတယ် ။


ရှန်ဂရီလာ ကိုဝန်းရံထားတဲ့ Jinsha မြစ်ကို ပြသထားခြင်းဖြစ်ပါတယ် ။ ရှန်ဂရီလာရဲ့ အထူးခြားဆုံး အစား အသောက်က တော့ ဆတ်သားဟင်းပဲ ဖြစ်ပါတယ် ။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့်နေရာတွင်မှ မရနိုင် ဟုလည်း သိရပါတယ် ။ ဟိုးယခင် နှစ်ပေါင်းများစွာက ဒဏ္ဍာရီဆန်ခဲ့တဲ့ လူသူအ ရောက်အပေါက်နည်း လှ တဲ့ ရှန်ဂရီလာ ဟာ ယခုဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေပါပြီ ။ ရှန်ဂရီလာ ဒေသထွက် အမှတ်တရများကိုလည်း ၀ယ်ယူရရှိနိုင်ပါတယ် ။

စာရေးသူ......သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

လွန်စွာရှားပါးသော ပုဇွန်မျိုးစိတ်များ

လွန်စွာရှားပါးသော ပုဇွန်မျိုးစိတ်များ








ဖော်ပြထားသော ပုံများဟာ ကမ္ဘာပေါ်မှာ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ပုဇွန်မျိုးစိတ်တွေ ဖြစ်ပါတယ် ။ ဗဟုသု တ ရစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ် ။

စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, February 22, 2010

ကျွန်တော်နှင့် ဂျီပီဘ၀ (အပိုင်း ၁)

ကျွန်တော်နှင့် ဂျီပီဘ၀ (အပိုင်း ၁)

“ အကြောဆေး သွင်းပေးပါဆရာ ”





ကျွန်တော်ဟောက်ဆာဂျင်ဘ၀တုန်းက အတွေ့အကြုံလေးတွေကို ကျွန်တော်နှင့်ဟောက်ဆာဂျင်ဘ၀ ဆိုပြီး အပိုင်းလေးတွေခွဲရေးခဲ့ပါတယ် ။ ဟောက်ဆာဂျင်ပြီးပြီးချင်းတုန်းက အများနည်းတူ ဆေးအရမ်းကုချင်တာပေါ့ ။ ဒါပေမယ့် ဆမ လို့ခေါ်တဲ့ ဆရာဝန်မှတ်ပုံတင် မရှိသေးတဲ့အတွက် ဆေးကုသခွင့် မရှိသေးပါဘူး ။ အဲဒီတုန်းက အစ်မတွေ အစ်ကိုတွေ AS တွေရဲ့ ဆေးခန်းတွေမှာ သူတို့ ဂျီပီတွေကို သွားသွားပြီးထိုင်ပါတယ် ။ ဂျီပီဆိုတာက General Practitioner ကို အတိုကောက်ခေါ်တာပါ ။ ဆိုလိုတာကတော့ အထွေထွေရောဂါကု ဆရာဝန်ပေါ့လေ ။ အဲဒီမှာ သူတို့က ကျွန်တော်တို့ကို Percentage နဲ့ပေးပါတယ် ။ ၅၀% ၊ ၆၀% စသဖြင့်ပေါ့ ။ သွားထိုင်ပေး တယ်ဆိုတာကလည်း သူတို့ဂျူတီရှိတဲ့နေ့မှပါ ။ ကျွန်တော်တို့က relieving သွားထိုင်တယ်လို့ခေါ်ပါတယ် ။ သူတို့ ဂျူတီကလည်း တစ်ပါတ်မှ ၁ ရက် ၂ ရက် ပဲ ရှိတော့ ကျွန်တော်သွားထိုင်ရလည်း တစ်ပါတ်ကို တစ်ရက် နှစ်ရက် ပါပဲ ။ မှတ်မှတ်ရရ ကျွန်တော် ဂျီပီ စထိုင်ဖူးတာ AS အစ်မ တစ်ယောက်ရဲ့ ကျေးဇူးပါ ။ ကျွန်တော် နောက်ဆုံး ဟောက်ဆာဂျင် ပို့စ်တင်ဆင်းနေတုန်းကပေါ့ .... ။

AS အစ်မက မေးပါတယ် ။ သူ့ဂျူတီရက်တွေကို ကျွန်တော့်ကို relieving ထိုင်ပေးနိုင်မလားတဲ့ ။ ကျွန်တော်တို့ ဂျူတီ အတူဆင်းတဲ့ အရှည်ကြီးရယ် ၊ ၀က်မရယ် ၊ ကျွန်တော်ရယ် ၊ ဂျပု ရယ် လေးယောက်ထဲမှာမှ ကျွန်တော့်ကို ရွေးခေါ်တယ် ဆိုတော့ နဲနဲတော့ ဘ၀င်မြင့်သွားမိတယ် ။ အားရ၀မ်းသာနဲ့ ဟုတ်ကဲ့ခင်ဗျာ ထိုင်ပေးပါ့မယ်ဆိုပြီး ပြန်ပြောလိုက်ပါတယ် ။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလိုပါပဲ ။ ကျွန်တော်က ဂျီပီထိုင်တာကို အရမ်း ၀ါသနာပါပါတယ် ။ ဒီလိုနဲ့ ပထမဆုံးသော အဲဒီအစ်မရဲ့ ဂျူတီမှာ ကျွန်တော့်ကို သူ့ဆေးခန်းလိပ်စာပေးပြီး ဆေးခန်း သွားထိုင်ခိုင်းပါတော့တယ် ။ ကျွန်တော်တို့ ဟောက်ဆာဂျင်တွေက ကိုယ့် ဂျူတီနေ့မဟုတ်ရင် လေး နာရီလောက်ဆို ပြန်လို့ရပါပြီ ။ ကျွန်တော်လည်း နားကျပ်လေးယူ လွယ်အိတ်လေးလွယ်ပြီး အဲဒီအစ်မရဲ့ ဆေးခန်းကိုသွားပါတယ် ။ ဟိုကိုရောက်တော့ ညနေ ၅ နာရီလောက်ရှိပါပြီ ။ ဆေးခန်းက ဖွင့်တောင် မဖွင့်ရသေးပါဘူး ။ ဒါနဲ့ အိမ်ရှင်ကိုပြောပြပြီး ဖွင့်လိုက်ပါတယ် ။ ဆေးခန်းလေးဘာလေး သန့်ရှင်းရေးလုပ် ပြီးတော့ ဘယ်ဆေးတွေ ဘယ်နားမှာရှိလည်း ဆိုတာကို လိုက်ကြည့်ပါတယ် ။ ဒီလိုနဲ့ စောင့်နေလိုက်တာ ညနေ ၆ နာရီကျော်သွားပါပြီ ။ တစ်ယောက်မှ မလာသေးပါဘူး ။ ဟ .. ဟုတ်မှဟုတ်ပါ့မလား ဘာများလွဲနေပါလိမ့်ဆိုပြီး တော့ စဉ်းစားနေပါသေးတယ် ။ ခြောက်နာရီကျော်ကျော်လောက်မှာ အသက် ၄၀ လောက်ရှိတဲ့ အဒေါ်ကြီး တစ်ယောက် ရောက်လာပါတယ် ။ ကျွန်တော့ကို မြင်တော့ “ ဆရာမ ဒီနေ့မလာဘူးလားဟင် ” လို့မေးပါတယ် ။ ကျွန်တော်လည်း ဆရာမက ဒီနေ့ ဂျူတီကျလို့ မလာနိုင်ကြောင်း ကျွန်တော်နဲ့ ဆေးရုံအတူတူပဲ ဖြစ်ကြောင်း ကျွန်တော်က သူ့အစားလာထိုင်ကြောင်းကို ရှင်းပြလိုက်ပါတယ် ။


အဒေါ်ကြီးက ကျွန်တော့်ကို ကြည့်ပြီး အော်..ဒါဆို နောက်မှ လာခဲ့မယ်နော်ဆိုပြီး ပြန်လှည့်သွားပါတယ် ။ နောက် တစ်ယောက်ကတော့ အသက် ၃၅ လောက်ရှိတဲ့ သန်သန်မာမာ အဒေါ်ကြီးတစ်ယောက် ကွမ်းလေးစားပြီး ဆေးခန်းထဲဝင်လာပါတယ် ။

“ ဆရာ ကျွန်မ ဘာဖြစ်နေမှန်းမသိဘူးဆရာ ”

“ ဗျာ.. အစ်မ ဘာဖြစ်နေမှန်းမသိပဲ ကျွန်တော်က ဘယ်ဆေးပေးလို့ရမလဲအစ်မရဲ့ ဒီကို ဘာဖြစ်လို့လာလဲ ပြော ပါဦး ”

“ ဟို .. အားနည်းနေတယ်ထင်တာပဲ ဆရာရယ် ”

ဆိုပြီး ကွမ်းတံတွေကို ဘေးနားက ပြတင်းပေါက်ဘောင်ကို ကျော်ပြီး ပြစ်ကနဲ လှမ်းထွေးလိုက်ပါတယ် ။ ဒါနဲ့ ကျနော်လည်း သွေးပေါင်ချိန်ကြည့်လိုက်တော့ ၁၂၀/၈၀ ၊ သွေးခုန်နှုန်းကလည်း ၈၀ ကျော် ပုံမှန်ပဲ ။ သူ့ကို History မေးကြည့်တော့လည်း အကုန်ကောင်း အစားအသောက်လေးတောင် မပျက်ဘူး ။ နှလုံးတွေ အဆုတ် တွေ နားထောင်ကြည့်တော့လည်း အကုန်က ပုံမှန်ပဲ ။ ဒါနဲ့

“ အဒေါ် သွေးပေါင်ချိန်လည်း ကောင်းတယ် သွေးအား နည်း တဲ့ လက္ခဏာတွေဘာတွေလည်း မရှိပါဘူး ။ အဒေါ်အားဆေးလေး ဘာလေး သောက်လိုက်ရင် သက်သာသွားမှာပါ ”

ကျွန်တော်က မလိုအပ်ပဲနဲ့ ဆေးမထိုးချင်လို့ သူ့ကို အဲဒီအတိုင်းပဲ ပြောလိုက်ပါတယ် ။ ဒီတော့ လူနာက ကျွန်တော့ကို သေချာစိုက်ကြည့်ပြီး “ အကြောဆေးသွင်းပေးပါဆရာ ” တဲ့ ။ လတ်စသတ်တော့ သူက စလာကတည်း အကြောဆေးသွင်းချင်လို့ ကျနော့်ကို လှည့်ပတ်နေတာပါ ။ ဒါနဲ့ ကျွန်တော် က အကြောဆေးသွင်းဖို့ မလိုကြောင်း သောက်ဆေးသောက်လိုက်ပါက သက်သာသွား မှာဖြစ်ကြောင်း ရှင်းပြ လိုက်ပါတယ် ။ လူနာက သိပ်တော့ ကျေနပ်ပုံမရပါဘူး ။ ကျွန်တော်ပေးတဲ့ အားဆေးတွေယူပြီး ဘောတ်ဆတ် ဘောက်ဆတ် နဲ့ ထွက်သွားပါတော့တယ် ။ ကွမ်းတောင်စားလာနိုင်တဲ့ တစ်ယောက်တည်း ဒေါင်းတိမောင်းတိ လျောက်လာနိုင်တဲ့ အားနည်းတဲ့ လက္ခဏာ မရှိတဲ့ သာမန်လူတစ်ယောက်ကို အားဆေး သွင်းဖို့ မလိုအပ်ဖူးလို့ ကျနော်ခံယူထားပါတယ် ။

ဒီလိုနဲ့ ည ၇ နာရီကျော်သွားပါပြီ ။ နောက် ကလေးလေးတစ်ယောက် အသက် ၁၂ နှစ်လောက်ရှိပါပြီ ။ ၀မ်းတွေ သွားလို့ ဆိုပြီးရောက်လာပါတယ် ။ စမ်းကြည့်လိုက်တော့ ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာ Sign of Dehydration မရှိသေးပါဘူး ။ သွေးပေါင်ချိန်လည်း ကောင်းနေပါတယ် ။ ကျွန်တော်လည်း ORS-Oral Rehydration Salt ပေးပြီး လိုအပ်တဲ့ ပိုးသတ်ဆေးတွေပေးပြီး ပြန်လွှတ်လိုက်ပါတယ် ။ နောက်ဆုံး ရောက်လာ တဲ့ တစ်ယောက်ကတော့ အဖျားတွေတက်လာတဲ့ အသက် ၂၀ ခန့် ယောင်္ကျားလေးတစ်ယောက် ဖြစ်ပါတယ် ။ ဆီးသွားရင်လည်း ပူတယ် ကျင်တယ် နာတယ် ဆိုတဲ့ Sign တွေလည်း ရှိပါတယ် ။ ချမ်းတုန်ပြီးလည်း ဖျားတယ်ဆိုလို့ အဖျားတိုင်းကြည့်တဲ့အခါ ၁၀၁ ဒီဂရီဖာရင်ဟိုက်ရှိပါတယ် ။ ဒါနဲ့ UTI- Urinary Tract Infection ( ဆီးလမ်းကြောင်းပိုးဝင်ခြင်း ) လို့ Diagnosis တပ်လိုက်ပြီး လိုအပ်တဲ့ ပိုးသတ်ဆေးတွေ ပေး ဆေးထိုးပြီး ပြန်လွှတ်လိုက်ပါတယ် ။ အဲဒီနေ့က လူနာ စုစုပေါင်း လေးယောက်လာတဲ့ အထဲမှာ သုံးယောက်ကို ကုလိုက်ရပါတယ် ။ ပထမဆုံးလာတဲ့ တစ်ယောက်ကတော့ ပြန်လာခဲ့မယ်ဆိုပြီး နောက်ပြန်မလာတော့ပါဘူး ။ အဲဒီနေ့ က အိမ်ပြန်နောက်ကျခဲ့ပေမယ့် ကျွန်တော်ကျေနပ်ပျော်ရွှင်ခဲ့ရပါတယ် ။

နောက်တစ်ရက်ခြား AS အစ်မနဲ့ ပြန်တွေ့တော့ ကျွန်တော့ကို သူက ပြောပါတယ် ။ ပထမဆုံးလာတဲ့ အဒေါ်ကြီး က သားဆက်ခြား သုံးလခံဆေး (Depo) ထိုးဖို့ လာတယ်လို့ သိရပါတယ် ။ ကျွန်တော့်ကို မြင်လို့ ရှက်ပြီး မထိုးပဲ ပြန်သွားခြင်းဖြစ်ပြီး နောက်တစ်နေ့ အစ်မပြန်ထိုင်တဲ့ အချိန်ကျမှ ဆေးလာထိုးကြောင်းပြောပါတယ် ။ အော်..တို့မြန်မာတွေများ မရှက်သင့်တဲ့ နေရာမှာ အတော့်ကို အရှက်ကြီးကြပါလားလို့ တွေးမိပါတယ် ။ ကျွန်တော် ကြားဖူးတာတစ်ခုရှိပါတယ် ။ မိန်းမတစ်ယောက်က သူ့ဘ၀ တစ်သက်တာမှာ ယောင်္ကျားသုံးမျိုးနဲ့ ဆက်ဆံရတယ်တဲ့ ။ ပထမတစ်မျိုးက သူမက အကုန်ပြရပြီး အကုန်မပြောရတဲ့သူ ။ ဒုတိယတစ်မျိုးကတော့ သူမက အကုန်ပြောရပြီး အကုန်မပြရတဲ့ သူ ။ တတိယတစ်မျိုးကတော့ သူမက အကုန်လည်း ပြောရတယ် အကုန်လည်း ပြရတဲ့ သူ ဖြစ်ပါတယ် ။ ပထမတစ်မျိုးက သူမ ယောင်္ကျားဖြစ်ပါတယ် ။ ဒုတိယတစ်မျိုးက သူမ ယောင်္ကျားလေးသူငယ်ချင်း ဖြစ်ပါတယ် ။ တတိယ တစ်မျိုးကတော့ ဆရာဝန်ပဲ ဖြစ်ပါတယ် ။ ဒီတော့ ကျွန်တော်တို့ကို အကုန်လည်း ပြောပြီး အကုန်လုံးလည်း ပြဖို့လိုပါတယ် ။ အစ်မက ဆက်ပြောပါသေးတယ် ။ ကျွန်တော်ကုလိုက်တဲ့ ကလေးကလည်း ၀မ်းရပ်သွားပြီ ဖြစ်ကြောင်း UTI လူနာမှလည်း အဖျားကျသွားပြီ ဖြစ်ကြောင်း Follow up ဆေးတွေပေးလိုက်ကြောင်း အကြောဆေးမသွင်းလိုက်ရလို့ မကြေနပ်တဲ့ အဒေါ်ကြီး ကလည်း ပြန်လာကြောင်း အကြောဆေးထပ်သွင်းချင်ကြောင်းပြောပါတယ် ။ သူအကြောဆေး သွင်းပေး လိုက်ကြောင်း မသွင်းပေးလိုက်ပါက နောက်တစ်ခါ ထပ်လာနေဦးမည် ဖြစ်ကြောင်းကျနော့်ကို ပြောပါတယ် ။ အော်...တယ်ခက်တဲ့ အဒေါ်ကြီးပါလား ။

ယခုဆိုရင် ကျွန်တော်တို့ကို ဆရာဝန်မှတ်ပုံတင်ထုတ်ပေးရေး မွမ်းမံသင်တန်းတွေကို ဖွင့်လှစ်ပေးပြီး ဆမတွေ ထုတ်ပေးနေပြီ ဖြစ်ပါတယ် ။ ခြောက်လတစ်ကြိမ်လို့လည်း သိရပါတယ် ။ ယခုဆိုရင် ကျွန်တော့်လက်ထဲမှာ ဆမ မကြာခင်ရရှိတော့မှာ ဖြစ်လို့ ဆေးခန်းကို တရားဝင်ထိုင်နိုင်ပါပြီ ။ ဆက်လက်ပြီး ဆေးကုသရတဲ့ အတွေ့ အကြုံလေးတွေ အလွဲလေးတွေ ဖြစ်တတ်တဲ့ သဘောသဘာဝလေးတွေကိုလည်း ရေးသားသွားပါဦးမယ် ။

လေးစားစွာဖြင့် .......သက်တန့်ချို ( ဆေး-၂)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, February 20, 2010

ခေတ်မှီရဲမေများ၏ နောက်ဆုံးပေါ်ဖိနပ်များ

ခေတ်မှီရဲမေများ၏ နောက်ဆုံးပေါ်ဖိနပ်များ












ဒါကတော့ အိုင်တီခေတ် ရဲမေများရဲ့ နောက်ဆုံးပေါ်ဖိနပ်များပဲ ဖြစ်ပါတယ် ။ Sensor များလည်း တပ်ထားပြီး ဖိနပ်ကို လိုရာပုံစံ ခွာမြင့် ခွာနိမ့် ပြောင်းလဲနိုင်ပါတယ် ။ ရဲမေရဲ့ အရပ်နဲ့ ကိုယ်အလေး ချိန်ပေါ်မှု တည်ပြီး တော့လည်း ဒီရှုး ဖိနပ်ရဲ့ ပုံသဏ္ဍာန်က လိုက်ပြီးပြောင်းလဲ နိုင်ပါသေးတယ် ။ လူဆိုးတွေရဲ့ ကိုယ်ရေး အချက် အလက်တွေကိုလည်း ဒီထဲမှာ မှတ်သားထားပြီး Bluetooth မှတဆင့်လည်း တာဝန်ကျရာ စခန်းမှ ဆက် သွယ်နိုင်ပါတယ် ။

စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................