Tuesday, August 31, 2010

ဒီမှာပဲရပ်နေကြမလား စာရေးသူများခင်ဗျာ

ဒီမှာပဲရပ်နေကြမလား စာရေးသူများခင်ဗျာ



(www.thettantcho.com) မှာ တင်ထားတဲ့ပို့စ်လေးဖြစ်ပါတယ် ။


ဒီပို့စ်လေးကိုတော့ မြန်မာဘလော့လောကမှာ လိုအပ်ချက်တစ်ခုလို့ ထင်မြင်မိတဲ့ အတွက်ရေး လိုက်ရခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့် စာကိုမဖတ်ခင်မှာ သင်ဟာ စာရေးဖို့ ၀ါသနာပါသူလား ။ စာဖတ်ဖို့ဝါ သနာပါသူလားဆိုတာ ရွေးချယ်ဖို့လိုပါတယ်။ စာဖတ်သူသက်သက်ဆိုရင်တော့ ဒီပို့စ်ကို ဆက်မ ဖတ် လည်းရ ပါတယ် ။ စာရေးသူတွေအတွက် စာရေးဖို့ ၀ါသနာပါသူတွေအတွက်ရည်ရွယ်ပြီး ရေးတာဖြစ်ပါတယ် ။


၁ ။ Chatting တွေနဲ့ပဲ အချိန်ကုန်နေကြတော့မှာလား ။

အများစုပေါ့ အင်တာနက်User အများစုဟာ Chatting တွေကို အများဆုံးအသုံးပြုကြပါတယ် ။ ဒီတော့ ကျွန်တော်တို့ ပြန်စမ်းစစ်ကြည့်ရအောင် ။ ချက်တင်အသုံးပြုခြင်းဖြင့် ဘာတွေအကျိုးရှိပါသလည်း ။ အလုပ်ကိစ္စနဲ့ လူမှုရေး ကိုယ်ရေးကိုယ်တာအတွက် ချက်တင်ကိုသုံးတာကို မပြောလိုပါဘူး ။ ဒါပေမယ့် အချိန်တင်ရင် အင်တာနက်ဆိုင်လာ ဘယ်သူအွန်လိုင်းရှိမရှိကြည့် နောက်ပြီး တစ်နေကုန်အရေမရ အဖတ်မရတွေပြော ဒါတွေဟာ အလွန်ပဲ ဆုံးရှုံးမှုများပါတယ် ။ ဘာတွေဆုံးရှုံးသလည်းဆိုတော့ အချိန်ရယ် ၊ ကိုယ်ရည် ကိုယ်သွေးရယ် နောက်ပြီး ကိုယ့် ရည်ရွယ်ချက်တွေလည်းပျောက်ဆုံးကုန်လေ့ရှိပါတယ် ။ ဒါကြောင့် ချက်တင်ကို စွဲနေတဲ့ စာရေးသူများရှိရင် ပြင်စေချင်ပါတယ် ။ ချက်တင်ထိုင်မယ့်အစား စာရေးတဲ့အလုပ်ကို လုပ်ကြည့်ပါ ။ သင့်အတွက် ထူးခြားလာမှာပါ ။

၂ ။ ဘာစာတွေရေးတာဝါသနာပါလည်း ။

သင်ဘာလိုစာမျိုးရေးတာဝါသနာပါပါသလည်း ။ ဘာသာပြန်လား ၊ ထူးဆန်းထွေလာလား ၊ ရသလား ၊ သုတလား ၊ fiction လား ၊ ကဗျာလား ၊ အတွေ့အကြုံလား ၊ အများကြီးပါ ။ ရေးမယ်ဆိုရင်ပေါ့ ။ အခု ကျွန်တော်က ဒီရွာကလေးမှာ ဘလော့ပို့စ် ( ကျေးလက်သတင်းစာ) နေရာမှာ ကိုယ်ပိုင်ရေးမဟုတ်ရင် မတင်ရဘူးလို့ ကန့်သတ်ထားတဲ့အတွက် ဘာတွေများ ပြောင်းလဲသွားသလည်းလို့ ကြည့်ကြရအောင် ။

ကဗျာရေးသူတွေများလာပါတယ် ။ ကဗျာကို ကျွန်တော်ကိုယ်တိုင်လည်း နှစ်သက်စွာ ခံစားလေ့ရှိတဲ့အတွက် မပြောလို ပါဘူး ။ ဒါဆို စာရေးသူတွေအနေနဲ့ ကဗျာပဲ ရေးယုံနဲ့ ကျေနပ်နေကြပြီလား ။ ဆိုက်တစ်ခုလုံးမှာ ကဗျာရေးသူတွေပဲ ရှိကြလို့လား ။ ကိုယ်ပိုင်ရေးဆိုတာ ကဗျာကိုပဲ ဆိုလိုတာမဟုတ်ပါဘူး ။ အခုဆို နေ့တိုင်း တက်လာတာ ကဗျာတွေကြီးပါပဲ ။ ကျနော်ဖြစ်စေချင်တာကအင်တာနက်ဆိုတာ သုံးလို့မကုန်နိုင်တဲ့ သုတရသ ဘဏ်တိုက်ကြီးပါ ။

Xinhau သတင်းဌာနကနေ နေ့စဉ် သတင်းတွေယူရေးမလား ။ Chicken soup for the soul ဆိုက်ထဲက ရသစာပေတွေဘာသာပြန်မလား ၊ တခြား အတွေ့အကြုံတွေပဲ ရေးမလား ရသတွေပဲရေးမလား ရေးစရာ တွေအများကြီးပါ ။ တစ်ခုအရေးကြီး ပြောလိုတာက စာရေးသူဟာ ဘာရည်ရွယ်ချက်နဲ့စာရေးတာဖြစ်ပါသလည်း ။ ကိုယ့်ခံစားမှုကို ဖော်ထုတ်ဖို့ သက်သက်ပဲလား ။ ဒါဆို အတ္တကြီးလွန်းတယ်လို့ ပြောပါရစေ ။ စာဖတ်သူ တွေအတွက် အကျိုးရှိနိုင်မယ့် တစ်စုံတရာ ပေးနိုင်မှသာ စာရေးသူ ပီသတယ်လို့ ကျွန်တော်ကတော့ပြောပါရစေ ။ ဒါဆို ကိုယ်ပိုင်ရေး တစ်ပုဒ်တင်လိုက်ပြီဆိုတာနဲ့ စာဖတ်သူတွေအတွက် ဘာတွေအကျိုးရှိသွားသလည်း ကိုယ့်ကိုယ် ကိုယ်ပြန်မေးကြည့်ပါ ။

သူတို့ ဗဟုသုတတွေတိုးသွားသလား ။ စိတ်ဓါတ်ခွန်အားတွေတစ်ခုခု ရသွားသလား ။ ဒါမှမဟုတ် ခံစားမှုတစ်ခုခု ရသတစ်ခုခုကိုရသွားသလား ။ ပြန်ဆန်းစစ်ရပါမယ် ။ ကျွန်တော် ဖြစ်စေချင်တာကတော့ ကိုယ့်စာဖတ်ပြီး တစ်ပုဒ်ဆိုတစ်ပုဒ်ဆိုသလောက် စာဖတ်သူတွေရင်ထဲ စွဲငြိကျန်စေချင်တယ်ဆိုတာပါပဲ ။ အရေအတွက် အများကြီး နင့်ကိုငါချစ်တယ် ငါ့ကို နင်ချစ်မလား ပင်လယ်ကြီးလောက်ချစ်တယ် ဘာညာ ဆိုပြီး စာတွေရေးနေမယ့်အစား ကိုယ့်အတ္တ ကိုယ့်ခံစားမှုတွေ ကို ဖော်ထုတ်နေမယ့်အစား သူများအတွက် ဘာတွေပေးဆပ်နိုင်မလည်းဆိုတာကိုသာ ဦးစားပေးပြီးစဉ်းစားစေချင်ပါတယ် ။

စကားကြီးစကားကျယ်တွေပြောပြီး မင်းကရော ဘာတွေလုပ်နေလို့လည်းလို့ ပြန်မေးစရာရှိပါတယ် ။ ကျနော့်ပို့စ် တွေကို ဖတ်ကြည့်ပါ အကုန်လုံးအစအဆုံးဖတ်ကြည့်ပါ ။ ကျွန်တော်စာစရေးကတည်းက ထူးဆန်းထွေလာကို ၀ါသနာပါတဲ့အတွက် အင်တာနက်မှာ ထူးဆန်းထွေလာတွေ ဗဟုသုတတွေကို အချိန်ကုန်ခံပြီး ဘာသာပြန်ပြီး တင်ဆက်ခဲ့တာပါ ။ တခါတခါ အရမ်းရေးချင်လာပြီဆိုရင် ကဗျာရေးတယ် ။ ၀ထ္ထုတိုလေးတွေကိုယ်ပိုင်ရေး သို့မဟုတ် ဘာသာပြန်လေးတွေရေးတယ် ။ စာဖတ်သူတွေ အကျိုးရှိမယ့် အရာလေးတွေကိုပဲ အတတ်နိုင်ဆုံး ရွေးချယ်တင်ဆက်ပေးခဲ့ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း မပြည့်စုံပါဘူး ။ လိုအပ်ချက် တွေအများကြီး ရှိတယ်ဆိုတာဝန်ခံပါတယ် ။

အဓိက ပြောချင်တာကတော့ ကျွန်တော်တို့သည် အင်တာနက်မှာလာရောက်တွေ့ဆုံကြတယ် ။ ဒီဆိုက် လေးထဲမှာ ခင်မင်ကြတယ် ။ ဒါဆို တစ်ခုခုကို ပေးဆပ်နိုင်အောင်ကြိုးစားပါ ။ စာတွေများများရေးပါ ။ အယ်ဒီ တာတွေလို မကောင်းတာပယ်ကောင်းတာလေးတွေပဲ ရွေးတင်နေတာမဟုတ်ပါဘူး ။ ကိုယ်ပိုင်ရေး မှန်သမျှ တင်ပေးနေတာပါ ။ စာတွေရေးစရှိလာပြီဆိုရင် ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှီလာပါလိမ့်မယ် ။ ဒါကြောင့် ဒီနေရာမှပဲ စားရေးဖို့ ၀ါသနာပါရင် မရပ်နေကြပါနဲ့ ။ ဘလော့ပို့စ်တွေရေးပါ ။ တစ်ပုဒ်ချင်းစီ အနှစ် တွေပြည့်နေအောင်ကြိုးစားပါ ။

လေးငါးကြောင်း ကိုတစ်ပုဒ် အပုဒ် ငါးဆယ်လောက်နဲ့ အနှစ်သာရ ပြည့်ဝတဲ့ဘလော့ပို့စ်တစ်ခုက တန်ဖိုးရှိ ပါတယ် ။ ဒါကြောင့် ဒီနေရာမှာပဲရပ်မနေကြပါနဲ့ စာရေးသူများခင်ဗျာ ။

အရေအတွက်ထက် အရည်အချင်းက ပိုတန်ဖိုးရှိပါတယ် ။

သက်တန့်ချို
31 August 2010


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, August 30, 2010

မှားယွင်းမိသောအတွေးများ

မှားယွင်းမိသောအတွေးများ



လူရယ်လို့ ဖြစ်လာကတည်းက လူတိုင်းအတွေးမျိုးစုံ တွေးကြတာပါပဲ ။ ကျွန်တော်လည်း အပါအ၀င်ပေါ့ ။ အဲဒီအ ထဲကမှ ရယ်စရာကောင်းတဲ့အဖြစ်လေးတွေ ၊ သင်ခန်းစာ ယူစရာကောင်းတဲ့အဖြစ်လေးတွေကို ရေးသား ပါဦးမယ် ။ တစ်ခါတုန်းကပေါ့ ။ အဲဒီတုန်းက ကျွန်တော် ဆေးကျောင်း 1st year တက်နေပြီ ။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ နိုင်ဇော်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ။ သူကတော့  ငယ်ငယ်ရွယ်ရွယ်နဲ့စွံ တယ်လို့ပဲ ပြောရမလား ။ အရွယ်မတိုင်ခင် ၀န်ပိတယ်ပဲ ပြောရမလား ။ ၁၀ တန်းကတည်းက မိန်းမရနေပြီ ။ သူနဲ့ကျွန်တော်နဲ့က ငယ်သူငယ်ချင်းတွေ ။ သူရသွားတဲ့ မိန်းမကလည်း ( အမှန်ပြောရရင် ကျွန်တော်တို့ ၀ိုင်း လှော်ပေးလို့ အဓိက ကျွန်တော်ပေါ့ ) ကျွန်တော်တို့ သူငယ်ချင်းပါပဲ ။ ဒင်းတို့ ဘယ်လို ညားသွားကြသလည်း ဆိုတာ ကျွန်တော်မြှားနတ်မောင်လုပ်ခဲ့တဲ့အကြောင်း နောက်မှပြောပါဦးမယ် ။ နိုင်ဇော်နဲ့ ကျွန်တော်နဲ့က စားအိမ်သောက်အိမ်ဆိုတော့ အမြဲဝင်ထွက်နေကြ ၊ စားသောက်နေကြပေါ့ ။

တစ်နေ့ပေါ့...။ အဲဒီတစ်နေ့မှာ လူက ပျင်းပျင်းရှိတာနဲ့ နိုင်ဇော့်ကိုခေါ်ပြီးဂိမ်းသွားဆော့မယ်ဆိုပြီး ထွက်လာခဲ့ပါတယ် ။ (ဂိမ်းဆော့တယ်ဆိုလို့ ကလေးမထင်လိုက်နဲ့နော် Mario တို့လို တင့်ကားတို့လို ဆော့တာ မဟုတ်ဘူး ဘောလုံးကန်ရင်ကန် မကန်ရင် Resident Evil တို့လို Final Fantasy တို့လို ဇတ်လမ်း ဂိမ်းတွဲတွေ ဆော့တာပါ ) အဲလေ...ပြောရင်း ချော်ကုန်ပြီ ။ အဲဒီလိုနဲ့သူတို့ အိမ်ရှေ့ရောက်တော့ လူတစ်ယောက်မှ မတွေ့ဘူးခင်ဗျ ။ ဘယ်ရမလည်းလေ ဒင်းတို့ အိမ်နောက်ဖေးဖက်က ဘယ်တော့မှ ပိတ်လေ့မရှိဘူးဆိုတာ သိတာပေါ့ ။ သူတို့ လင်မယားက တခါတခါ အဲဒီလို အိမ်ရှေ့တံခါးကြီး ပိတ်ပြီး ဘာလုပ်မှန်းမသိပါဘူး ။ (တမျိုးမထင်နဲ့နော် အပျင်းထူပြီး တံခါးကို ထမဖွင့်တာ ကျွန်တော်အသိဆုံး ) ဒါနဲ့ ကိုယ်လည်း အိမ်ဘေး ကနေပတ်ပြီး အိမ်နောက်ဖေးပေါက်ကို ပတ်သွားတာပေါ့ ။ အိမ်အလည် မရောက်တရောက်မှာပဲ ကြားလိုက် ရတဲ့အသံကြောင့် ကျွန်တော့်ခေါင်းတွေ ထူပူသွားပါတယ် ။

“ ကိုကို...ဆောင့်လေကွာ အားမရှိဘူးလား တကတည်း ယောင်္ကျားမဟုတ်တဲ့အတိုင်းပဲ ”

“ ဟ.. ဆောင့်တာပဲဟ ငါလည်း အားကုန်နေပြီ နင့်ဟာက ထွက်မှမထွက်ပဲ ”

“ အာ..ကိုကိုဆောင့်နေပုံနဲ့ ဒီနေ့ပြီးတော့မှာမဟုတ်ဘူး ဖယ်ဖယ်မိန်းမဆောင့်ပြမယ် ”

ဟိုက်..ကြားလိုက်ရတဲ့အသံတွေကြောင့် ကျွန်တော့်မှာ ဆက်ပြီးပဲ ၀င်ရမလို နောက်ပဲ ပြန်ဆုတ်ရမလိုနဲ့ ကိုယ်လာ တာ အခွင့်မသင့်ဘူးလားမသိဘူး ဆိုပြီးတော့လည်း တွေးလိုက်မိသေးတယ် ။ ဆက်နားထောင် ကြည့် ပါဦး ။

“ ဟ..မိန်းမရ ဖြည်းဖြည်းဆောင့်ပါဟ ကျိုးကုန်တော့မှာပဲ ”

“ အို..ကိုကိုကလည်း အဲဒါမှ ထွက်မှာပေါ့လို့ ဟွန်း ”

ကြားရတဲ့အသံတွေကလည်း ဇွပ်..ဇွပ်နဲ့ ကျွန်တော်လည်း ခြေဖျားလက်ဖျားတွေ အေးစက်လာပြီး မဖြစ်ချေ တော့ဘူးဆိုပြီး အသံပေးလိုက်ပါတယ် ။

“ အဟမ်း..ဟမ်း ”

“ အော့..သက်တန့်လား လာဟေ့ ဒီမှာ ငါ့မိန်းမကို ကူဆောင့်ပေးပါဦး လာဝင်ခဲ့ နောက် ဖေးတံခါးဖွင့်ထားတယ် ”

“ ဟေ..ငါ ..ငါ ၀င်လာရမှာလား ”

“ အောင်မလေး သက်တန့်နော် နင်ကလည်း ဒီမှာငါ့ကို ကူဆောင့်ပေးပါဆို တကတည်း အထာကိုင်နေလိုက်တာ လာမြန်မြန်”

“ အော်..အင်းအင်း..”

ကျွန်တော်လည်း ပုစ္ဆာတစ်ပုဒ်ကို အဖြေအမြန်သိချင်တတ်တဲ့ ဥာဉ်အတိုင်း တံခါးဖွင့်ပြီး ၀င်ကြည့်တော့မှ လား..လား ဒင်းတို့ ၂ ကောင်က ၁ ယောက်က ရေပိုက်လုံးကိုင် သူ့မိန်းမက အပေါ်က ပိုက်လုံးကို ဒုတ်နဲ့ ထိုးချပြီး ဘေ စင်ကရေပိုက်ဆို့နေလို့ ပြင်နေကြတာကိုး ဟိဟိ..။ ဒါကြောင့် ဒင်း မိန်းမက တော်ဆောင့်နေတဲ့ပုံနဲ့ ဒီနေ့ ထွက်မှာ မဟုတ်ဘူးဆိုတာ ဆို့နေတဲ့ အမှိုက်တွေကိုပြောတာကိုး ဟားဟား..။ ဒါကြောင့် ခင်ဗျားတို့လည်း အသံ လေးကြားယုံနဲ့ ဘာကိုမှ ဆုံးဖြတ်ချက်မချလိုက်ပါနဲ့ ။ တခါတလေ လွဲမှားတဲ့အတွေးတွေ ဖြစ်နေတတ်လို့ပါပဲ ။

သက်တန့်ချို
30 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 28, 2010

ဘ၀ဆိုတာ တာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ အရာပါ

ဘ၀ဆိုတာ တာ ပျော်ရွှင်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ အရာပါ



ပိုင်တယ်နော်...လူ မောင်းစရာမလိုဘူး ။ ဆိုင်ကယ်စီးခွေးတွေပေါ်နေပြီလေ ။ ခေတ်ကြီးကို သင် မျက်ခြေမ ပြတ်ပါစေနဲ့ ။




များတို့ကတော့ ဒီလို..ဒီလို ကလိုက်တာပဲ ခစ်ခစ်...။



အမောင်ကြွက် ငယ်...ဘယ်ပြေးမတုန်း........ဟွင်းဟွင်း.......။



အော်..ကမြင်းစရာရှားလို့ ငါ့နှယ်နော်....။



ဘယ်ဆီကို မင်းရောက်နေလည်းကွယ် ...နာသတိရတယ်...(ကိုယ့်အမြီးကိုယ်လျှက်ရင်းသတိရနေတယ်)



ငါလိုလူ ဇမ္ဗူမှာ ရှိသေးလားကွဲ မောင်မင်းတို့ ...။



ချောကလေးတွေတန်းစီ ..အဲလေ... ငါးပူးပေါင်းလေးတွေတန်းစီ.......။



ဟဲဗီးမက်ဒယ်......မစ်စတာ ရော့ကာ ကြောင်ကွ.............။



အော် လောကပြီး နေရာတွေလွှဲမှားနေတယ်ဆိုတာ ဒါပဲ ဖြစ်မှာပဲ ဟိဟိ ။

သက်တန့်ချို
28 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ငါးတစ်ကောင်ကြောင့် ရန်ဖြစ်ကြတဲ့ ငါးဖမ်းသမားနှစ်ဦး

ငါးတစ်ကောင်ကြောင့် ရန်ဖြစ်ကြတဲ့ ငါးဖမ်းသမားနှစ်ဦး




သြဂုတ်လ ၂၇ ရက်နေ့မှာ Hubei ဏီစုစင် Wuhan မှ Wuchang တံတားပေါ်မှာ ငါးဖမ်းသမားနှစ်ဦးဟာ သူတို့နှစ်ဦး စလုံးရဲ့ ငါးမြှားချိတ်နဲ့ချိတ်မိနေတဲ့ 2kg လေးတဲ့ငါးတစ်ကောင်ကြောင့် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့ကြပါတယ် ။ မျက်မြင်မြင်ခဲ့တဲ့ လူတစ်ယောက်က ဒီအငြင်းခုံမှုကို ဆုံးဖြတ်ပေးခဲ့တာကတော့ ဘယ်ဖက်က ငါးဖမ်းသမားဟာ ငါးကို ပိုင်ဆိုင်သင့်ပါတယ်တဲ့ ။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့ ငါးမျှားချိတ်ဟာ ငါးရဲ့ ပါးစပ်ထဲမှာ ချိတ်မိနေခဲ့ပြီး အခြားငါးဖမ်းသမားတစ်ယောက်ရဲ့ ငါးမျှားချိတ်ကတော့ ငါးရဲ့ကျောဖက်ကို ချိတ်မိနေ ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်တယ်တဲ့ ။

သက်တန့်ချို
28 August 2010


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 26, 2010

အပြုံးတစ်ပွင့်ရဲ့တန်ဖိုး

အပြုံးတစ်ပွင့်ရဲ့တန်ဖိုး



" သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ ပြုံးပြပါ ။ သင့်ရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းကို ပြုံးပြပါ ။ သင့်ရဲ့ ကလေး ငယ်တွေကို ပြုံးပြပါ ။ အချင်းချင်းပြုံးပြပါ ။ သူဘယ်သူလည်းဆိုတာ အရေးမကြီးပါဘူး ။ အဲဒီအ ပြုံးတစ်ပွင့်ဟာ သင်တို့အချင်းချင်း ချစ်ခြင်းမေတ္တာတွေ ဆက်လက်ကြီးထွားစေဖို့အတွက် အထောက် အကူပေး ပါလိမ့်မယ် "

Mother Teresa

အမေရိကန် တော်တော်များများဟာ Antoine de Saint-Exupery ရေးသားတဲ့ မင်းသားငယ်လေး (The Little Prince) ဆိုတဲ့ စာအုပ်ကို အဖတ်များကြပါတယ် ။ ဒီစာအုပ်ဟာ ယုံနိုင်ဖွယ်မရှိတဲ့ စိတ်ကူး သက်သက် သာရေးထားတဲ့စာအုပ်ဖြစ်ပြီး အဲဒီမှာပါတဲ့ ကလေးပုံပြင်တွေက လူငယ်တော်တော်များများရဲ့ တန်ဘိုးကို လှုံ့ဆော်ပေးတဲ့ သင်ခန်းစာပေးတဲ့ ပုံပြင် တွေဖြစ်ခဲ့ပါတယ် ။ Saint-Exupery ရဲ့ အခြား အရေးအသားတွေ ၊ ၀ထ္ထုတိုတွေနဲ့ ရသစာပေတွေလည်း ရှိပါသေးတယ် ။

Saint-Exupery ဟာ နာဇီတွေကို ဆန့်ကျင်တိုက်ခိုက်တဲ့ လေယဉ်ပိုင်းလော့တစ်ဦးဖြစ်ခဲ့ပြီး အဲဒီအရေးမှာပဲ ကွပ်မျက်ခြင်းခံခဲ့ရပါတယ် ။ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်ကသူဟာ ဖက်ဆစ်တွေကို ဆန့်ကျင်ပြီးတော့ Spanish Civil War မှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ် ။ အဲဒီအတွေ့အကြုံတွေကိုမူတည်ပြီးတော့ တကယ့်ကို တန်ဖိုးရှိတဲ့ စာဖတ်သူရင်ထဲကို ကပ်ငြိစွဲလမ်းစေတဲ့ The Smile(Le Sourire) ကို ရေးသားခဲ့ပါတယ် ။ အဲဒီစာလေးဟာ အခု ခင်ဗျားကို ကျွန်တော်ပြန်မျှဝေပေးမယ့် စာတစ်ပုဒ်ဖြစ်ပါတယ် ။ ဒီစာပုဒ်လေးဟာ သူ့ရဲ့ ကိုယ်ရေးအထ္ထုပ္ပတ္တိလား ၊ စိတ်ကူးယဉ်ဇတ်လမ်းလားဆိုတာကိုတော့ အသေအချာမပြောနိုင်ပါဘူး ။ ကျွန်တော်ကတော့သူ့ကို လူသားတွေ ကို ပုံသွင်းပြုပြင်ပေးတဲ့သူလို့ ယုံကြည်ပါတယ် ။

သူဟာ ရန်သူတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မြေအောက်အကျဉ်းခန်းတစ်ခုမှာ လှောင်ပိတ်ထား ခြင်းခံခဲ့ရ တယ်လို့ သူက ပြောဆိုခဲ့ပါတယ် ။ အဲဒီအကျဉ်းခန်းထဲမှာ သူဟာ တခြားလူတွေရဲ့ အထင်သေး စက်စုပ်ရွံရွာဖွယ်အကြည့်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူနဲ့ အတူတူ ထောင်သားအချင်းချင်းဆီက ကြမ်းတမ်း တဲ့ဆက်ဆံမှုတွေကို ပဲ ရရှိခဲ့တယ် ။ နေ့စဉ်နေ့တိုင်းမှာ လာမယ့်နောက်တစ်နေ့အတွက် စိတ်ရှုပ်ထွေး အကြံအိုက်တာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ် ။ ဒီနေရာကနေစပြီး မှတ်မိသလောက် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အရေးသားနဲ့ ရေးသားသွားပါ့မယ် ။

" ကျွန်တော်ဟာ မကြာခင်မှာပဲ အသတ်ခံရတော့မယ်ဆိုတာ ကျိန်းသေနေပါပြီ ..အဲဒီအချိန်မှာ ကျွန်တော်ဟာ အလွန်အမင်း စိတ်လှုပ်ရှားပြီး စိတ်ဓါတ်တွေလည်း ကျဆင်းမှုတွေကိုလည်း ကြုံတွေ့ခဲ့ရတယ် .....အဲဒီအချိန်မှာ ကျွန်တော်ဟာ သူတို့ ရှာဖွေစစ်ဆေးတာကနေလွတ်လာပြီး ကျန်နေသေးတဲ့ စီးကရက်တစ်လိပ်တလေများ ကျန်နေဦး မလားလို့ အိပ်ကပ်ထဲကို စမ်းတ၀ါးဝါးရှာဖွေခဲ့တယ် ...စီးကရက်တစ်လိပ်ကို ကျွန်တော်ရှာတွေ့ခဲ့တယ် ကျွန်တော့်ရဲ့ တုန်ခါနေတဲ့ လက်တွေကြောင့် စီးကရက်ကို နှုတ်ခမ်းမှာ တေ့ယုံပဲတေ့ထားနိုင်ခဲ့တယ် ...ဒါပေမယ့် ကျွန်တော့်မှာ မီးခြစ်မရှိခဲ့ဘူး သူတို့စစ်ဆေးတုန်းက မီးခြစ်ကို ယူသွားခဲ့ပြီလေ ..."

ခုံတန်းလျားနားက ကျွန်တော်နဲ့ ဘ၀တူ ထောင်သားတွေကို ကျွန်တော်ကြည့်လိုက်တယ်...တစ်ယောက်ကမှ ကျွန်တော့်ကို မျက်လုံးချင်းဆုံအောင်မကြည့်ကြပါဘူး ...အဲဒီနောက်မှာ ထောင်မှူးတစ်ယောက်ကတော့ ကျွန်တော့်ကို လူသေကောင်တစ်ယောက်ကို ကြည့်သလိုမျိုး အေးစက်စက်အကြည့်မျိုးနဲ့ မျက်လုံးချင်း ဆုံအောင်ကြည့်လာခဲ့တယ်ကျွန်တော်သူ့ကို လှမ်းခေါ်လိုက်တယ်

" ဟေး သူငယ်ချင်း မီးတစ်တို့လောက်ရမလား ခင်ဗျ "

သူကကျွန်တော့်ကို လှမ်းပြီးကြည့်တယ် ။ ပြီးတော့ပခုံးတစ်ချက်တွန့်ပြီးကျွန်တော့်စီးကရက်ကို မီးလာညှိ ပေးပါတယ် ။ သူကျွန်တော်နဲ့ နီးနီးကပ်ကပ်လာပြီး မီးတို့ပေးနေစဉ်မှာ သူနဲ့ကျွန်တော်နဲ့သူ မျက်လုံးချင်း အကြည့်ချင်းဆုံခဲ့ကြတယ် ။ အဲဒီအချိန်လေးမှာပဲ သူ့ကို ကျွန်တော်ပြုံးပြခဲ့တယ် ။ ဘာကြောင့် အဲဒီလို လုပ်ခဲ့တယ် ဆိုတာ ကျွန်တော်လည်းမသိပါဘူး ။ စိတ်လှုပ်ရှားနေပေမယ့်လည်း ဘာကြောင့်လည်းဆိုတာထက် သင်တစ်စုံ တစ်ဦးနဲ့ အရမ်းကိုနီးနီးကပ်ကပ်နေရတဲ့အခါ ပြုံးမပြပဲနေဖို့ကတော့ အတော်လေးခက်လှပါတယ် ။ ဘယ်လို ကိစ္စမျိုးဖြစ်ဖြစ် ကျွန်တော်ပြုံးပြခဲ့တယ် ။ အဲဒီအချိန်လေးအတွင်းမှာ လူသားနှစ်ဦးရဲ့ စိတ်ဝိဥာဉ်အတွင်း ဒါမှမဟုတ် ကျွန်တော်တို့ ၂ ယောက်ရဲ့ နှလုံးသား၂ခုကြားက နေရာလွတ်တစ်ခု ကွာခြားချက်တစ်ခုဟာ အဝေးကို ပြေးထွက်သွားသလိုပါပဲ ။ သူမပြုံးချင်ဘူးဆိုတာ ကျွန်တော်သိပါတယ် ။ ဒါပေမယ့် ကျွန်တော် သူ့ကိုပြုံးပြလိုက်တဲ့အခါ အံ့သြစရာကောင်းလောက်အောင် သူ့နှုတ်ခမ်းကလည်း ပြန်ပြုံးလာခဲ့တယ် ။ သူကျွန်တော့်စီးကရက်ကို မီးညှိပြီးပေမယ့်လည်း ထွက်ခွာမသွားသေးပဲ နေခဲ့တယ် ။ ပြီးတော့ ကျွန်တော့်မျက်လုံး တွေကိုစိုက်ကြည့်ပြီး ဆက်လက်ပြုံးပြနေခဲ့တယ် ။

ကျွန်တော်လည်း အဲဒီအချိန်မှာသူ့ကို ထောင်သားတစ်ယောက်အနေနဲ့မဟုတ်ပဲ လူသား တစ်ယောက် အ နေနဲ့ပြုံးပြခဲ့တယ် ။ သူ့အကြည့်တွေကကျွန်တော့်ကို အမြင်သစ် ရှူထောင့်တစ်မျိုးကနေ ကြည့်မြင်လာသလိုပါပဲ ။

" ခင်ဗျားမှာ ကလေးတွေရှိသလား "

သူကမေးခဲ့တယ် ။

" ဟုတ်ကဲ့ ရှိပါတယ် ဒီမှာ ဒီမှာ "

ကျွန်တော်လည်း ကျွန်တော့်ရဲ့ အိပ်ကပ်ထဲက မိသားစုဓါတ်ပုံကို တုန်တုန်ယင်ယင်နဲ့ ထုတ်ပြခဲ့တယ် ။ သူလည်းပဲ ကျွန်တော့်ကို သူ့မိသားစုအကြောင်းပြောခဲ့ပြီး သူ့ကလေးတွေ နဲ့ သူတို့ရဲ့ အနာဂါတ်တွေကို ကျွန်တော့်ကိုပြောခဲ့တယ် ။ ကျွန်တော့်မျက်လုံးဟာ မျက်ရည်တွေနဲ့ပြည့်နှက်နေပါပြီ ။ ကျွန်တော်က ကျွန်တော့် မိသားစုကို နောက်တစ်ကြိမ်ထပ်တွေ့ရဖို့ အခွင့်အရေးမရှိတော့ဘူးလို့ သူ့ကိုပြောခဲ့တယ် ။ သူတို့ ကြီးထွားလာတာကိုလည်း မြင်ခွင့်မရှိတော့ပါဘူး ။ သူ့မျက်လုံးကလည်းပဲ မျက်ရည်တွေစီးကျလာခဲ့ပါတယ် ။

ရုတ်တရက်ချက်ချင်းပဲ စကားတစ်လုံးမှမပြောပဲ ကျွန်တော့်ကို ချုပ်နှောင်ထားတာကို ဖြည်ပေးပြီး တိတ်တဆိတ် ကျွန်တော့်ကို ထွက်စေခဲ့တယ် ။ အကျဉ်းစခန်းအပြင်ဖက်ရောက်တော့ လာလမ်းကြောင်းအတိုင်းမြို့ပြင်ကို ထွက်လာခဲ့ကြတယ် ။ မြို့စွန်ရောက်တော့ သူကျွန်တော့်ကိုလွှတ်ပေးခဲ့တယ် ။ ပြီးတော့ ကျွန်တော့်ကို စကား တစ်ခွန်းမှမပြောပဲနဲ့ မြို့ထဲကို ပြန်ဝင်သွားခဲ့တယ် ။

ကျွန်တော့်ရဲ့ဘ၀ကို အပြုံးတစ်ပွင့်က ကယ်တင်ခဲ့ပါပြီ ။ ဟုတ်ပါတယ် ။ အပြုံးလေးတစ်ချက်ပါ ။ ဘာသက် ရောက်မှုမှမရှိတဲ့ ကြိုတင်ကြံစည်ထားခြင်းမရှိတဲ့ လူသားတွေကြားထဲက သဘာဝ ဆက်သွယ် မှုတစ်ခုပါပဲ ။ ဒီအကြောင်းအရာလေးကိုကျွန်တော့်အလုပ်မှာ လူတိုင်းကို ကျွန်တော်ပြန်ပြောပြခဲ့တယ် ။ ဘာကြောင့် လည်းဆိုတော့ လူတွေဟာ သူတို့ကိုယ်သူတို့ ဂုဏ်သရေရှိ ကြီးကျယ်မြင့်မြတ်မှုတွေ ၊ ပိုင်ဆိုင်ခွင့်တွေ ၊ ဘွဲဒီဂရီတွေ နဲ့ လူနေမှုအဆင့်အတန်းတွေစတဲ့ အပေါ်ယံအလွှာတွေနဲ့ပဲ ဖုံးအုပ်ဖို့ကြိုးစား နေကြတယ် ။ ဒါကြောင့် ဒီအလွှာတွေကို ဖယ်ထုတ်ပြီး ဟိုးအတွင်းပိုင်းက စစ်မှန်တဲ့ စိတ်ဓါတ်ကို ကြည့်ဖို့လိုပါတယ် ။

ကျွန်တော်ယုံကြည်တာတစ်ခုကတော့ ခင်ဗျားရဲ့တစ်စိတ်တစ်ပိုင်းနဲ့ ကျွန်တော့်ရဲ့တစ်စိတ်တစ်ပိုင်း ဟာ အချင်း ချင်း နားလည်နိုင်ကြလိမ့်မယ် ဒါဆိုကျွန်တော်တို့ ရန်သူမဖြစ်နိုင်ကြတော့ဘူးလေ ။ ကျွန်တော်တို့မှာ ကြောက် လန့်မှုတွေ နဲ့ အမုန်းတရားတွေ မနာလို ၀န်တိုမှုတွေ မရှိနိုင်တော့ပါဘူး ။ ကျွန်တော်ဝမ်းနည်းစွာ နိဂုံးချုပ်လိုတာကတော့ အဲဒီအလွှာတွေအားလုံးကို လက်တွေ့ဘ၀မှာ ကျွန်တော်တို့အားလုံးက ဂရုတစိုက်နဲ့ တည်ဆောက်နေကြတယ် ။ ဒီလိုနဲ့ ကျွန်တော်တို့ အချင်းချင်းကြားက စစ်မှန်တဲ့ ဆက်သွယ်မှုဆိုတာ တဖြည်းဖြည်းဝေးကွာလာတာပေါ့ ။

Saint-Exuperyရဲ့ ဇတ်လမ်းဟာ လူနှစ်ဦးကြားက စိတ်ဝိဥာဉ်ချင်းဆက်သွယ်တဲ့အခိုက်အတန့်လေးကို ဖော်ပြပေးသွားတာဖြစ်ပါတယ် ။ ကျွန်တော့်မှာလည်း အဲဒီလိုအခိုက်အတန့်လေးတွေရှိပါတယ် ။ ဥပမာ တစ်စုံတစ်ဦးကို ကျွန်တော်ချစ်မိသွားတဲ့အချိန်ပေါ့ ။ ကလေးငယ်တစ်ယောက်ကိုကြည့်ကြည့်ပါ ။ ဘာကြောင့်များ ကလေးတွေကိုကြည့်ရင်ကျွန်တော်တို့ ပြုံးပြကြရတာပါလည်း ။ ဘာကြောင့်လည်းဆိုတာက ကလေးငယ်တွေမှာ ဘာအလွှာမှမရှိကြဘူးလေ ။ တစ်စုံတစ်ယောက်က ပြုံးပြတဲ့အခါ အစစ်အမှန်နဲ့ဟန်မဆောင်တာဖြစ်ဖို့လိုပါတယ် ။ ပရိယာယ်မာယာတွေကင်းစင်နေဖို့လည်းလိုပါတယ် ။

မူရင်းစာရေးသူ - Hanoch McCarty

သက်တန့်ချိုဘာသာပြန်သည် ။
26 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, August 25, 2010

Zip ပုံသဏ္ဍာန် မော်တော်ဘုတ်

Zip ပုံသဏ္ဍာန် မော်တော်ဘုတ်





ဂျပန်အနုပညာရှင် Yasuhiro Suzuki ဟာ ကြီးမားတဲ့ ဇစ်ပုံသဏ္ဍာန်ရှိတဲ့ မော်တော်ဘုတ်တစ်စင်းကို ဒီဇိုင်းတီထွင်ခဲ့ပါတယ် ။ ဒီမော်တော်ဘုတ်နဲ့ ခရီးသွားနေစဉ်တစ်လျောက်လုံး အဝေးကနေကြည့်ရင် ပင်လယ်ပြင်မှာ ဇစ် တစ်ချောင်းမျောနေသလို တွေ့မြင်ရမှာဖြစ်ပါတယ် ။ ထွင်လည်းထွင်နိုင်ပါပေ့နော် ။





သက်တန့်ချို
25 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, August 24, 2010

ရဲစွမ်းသတ္တိရှိခြင်း

ရဲစွမ်းသတ္တိရှိခြင်း


" ကျွန်မ က ရဲစွမ်းသတ္တိရှိတယ်လို့ ရှင်ထင်လား "

လို့ သူမကမေးပါတယ် ။ အဲဒီအခါ ကောင်လေးက ကောင်မလေးကို ပြုံးပြလိုက်ပြီး

" အင်း ထင်ပါတယ် အဲဒီလိုပဲ ငါလည်း ရဲစွမ်းသတ္တိရှိဖို့ ကြိုးစားနေပါတယ် ။ ဘာလို့လည်းဆိုတော့ ငါ့မှာ ဒီလို သတ္တိမျိုး တွေရှိလာအောင်သင်ပေးခဲ့တဲ့ ဆရာတွေအများကြီး ရှိတယ်လေ .. အဲဒီအထဲက တစ်ယောက် အကြောင်းကို ငါနင့်ကို ပြောပြမယ်...ဟိုး လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပေါ့ Stanford ဆေးရုံကြီးမှာ ငါ လူမှုဝန်ထမ်း ၀င်လုပ်ခဲ့တယ်လေ ။

အဲဒီတုန်းက Liza ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ငါသိခဲ့ရတယ် ။ အဲဒီ ကောင်မလေးက အရမ်းကို ရှားပါးပြီး အရမ်းကို ပြင်းထန်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရတဲ့ ဝေဒနာရှင်မလေးပေါ့ ။ အဲဒီ ကောင် မလေးအသက်ရှင်နိုင်ဖို့ အခွင့်အလမ်းက သူမရဲ့ ငါးနှစ်အရွယ်ရှိတဲ့ အကို ဆီက သွေးသွင်းမှ ပြန် ကောင်းလာနိုင်မယ်လေ ။ ဘာလို့လည်းဆိုတော့ သူမအကိုကလည်း အဲဒီလို ရောဂါမျိုးကိုပဲ ခံစားနေရပြီး ဒီရောဂါ ကို တိုက်ထုတ်နိုင်တဲ့ အရာ ( Antibodies) တွေ က အဲဒီကောင်လေးရဲ့ သွေးထဲမှာ ရှိနေလို့ပဲ ။ ဒါကြောင့် ဆရာဝန်က အဲဒီကောင်မလေးရဲ့ အကိုကို အခြေအနေကို ရှင်းပြပြီး သူ့ညီမလေးအတွက် သွေးကို ပေးနိုင်မလားလို့ မေးမြန်းခဲ့တယ် ။

အဲဒီအချိန်ငါမြင်ခဲ့ရတာကတော့ အဲဒီကောင်လေးဟာ တခဏငြိမ်သက်သွားတယ် ။ နောက်အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီး ကောင်းပါပြီ ကျွန်တော့်ရဲ့သွေးက ညီမလေး လီဇာရဲ့အသက်ကို ကယ်တင်နိုင်မယ်ဆိုရင် ပေးဖို့ အဆင်သင့်ပါပဲလို့ ပြန်ပြောခဲ့ပါတယ် "

" ဒီလိုနဲ့ သွေးသွင်းနေစဉ်အချိန်တုန်းက သူ့ ညီမလေးရဲ့ကုတင်ဘေးမှာ သူ့အကိုက ငြိမ်သက်စွာ လဲလျောင်းလို့ ပြုံးပြနေခဲ့တယ် ။ သွေးသွင်းတာအကုန်လုံးပြီးသွားတဲ့အခါ ကောင်မလေးရဲ့ပါးပြင်မှာ ပန်းရောင်လေးတွေ သန်းလာခဲ့တယ် ။ ဒါပေမယ့် ကောင်လေးမျက်နှာကတော့ဖျော့လာခဲ့ပြီး သူ့ ရဲ့အပြုံးကလည်း လျော့လာ ခဲ့တယ်လေ ။ ကောင်လေးက ဆရာဝန်ကိုကြည့်လိုက်ပြီး တုန်ခါနေတဲ့အသံနဲ့မေးမြန်းခဲ့တယ် ။ အခု ကျွန်တော် သေဖို့ အဆင်သင့်ဖြစ်ပြီလားဟင် ...တဲ့ ။

အမှန်တော့ ငယ်ရွယ်သေးတဲ့အရွယ်မို့ ကောင်လေးက ဆရာဝန်စကားကို အထင်လွဲသွားတာပါ ။ ကောင်လေး ထင်တာက သူ့ ညီမလေးကိုကယ်ဖို့အတွက်သူ့ခန္ဓာကိုယ်က သွေးတွေကိုအကုန်လုံးပေးလိုက်ရမယ်လို့ ထင်နေ ခဲ့တာလေ "

" အင်းကြားလိုက်ရတာ ကျွန်မလည်း ရဲစွမ်းသတ္တိဆိုတာဘာလည်းသိသွားပါပြီ "

လို့သူမကပြောပါတယ် ။

" ဘာလို့လည်းဆိုတော့ အခုကျွန်မမှာလည်း သတ္တိရှိအောင် သင်ပေးတဲ့ဆရာရှိနေပြီလေ"

လို့ ကောင်လေးကို စိုက်ကြည့်ရင်း ပြောလိုက်ပါတော့တယ် ။

လောကမှာ တစ်စုံတစ်ဦးအတွက် ကိုယ့်အသက်ကို တောင်စွန့်လွှတ်ရဲတဲ့ မွန်မြတ်တဲ့ သတ္တိရှိခြင်း မျိုးကမှ လေးနက်တဲ့ ရဲစွမ်းသတ္တိမျိုးဖြစ်ပါတယ် ။

မူရင်းစာရေးသူ - Dan Millman

သက်တန့်ချို ဘာသာပြန်သည် ။
24 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, August 23, 2010

အပြာရောင်နေ့တစ်နေ့


အပြာရောင်နေ့တစ်နေ့

ပြာလင်းနေမယ့်...
နေ့တစ်နေ့...
နတ်ဘုရားတို့ ဖန်ဆင်းမဲ့အချိန်...
ငါ....စောင့်မျှော်နေမယ်...
အဲဒီတစ်နေ့...
ရောင်စုံပန်းပွင့်တွေနဲ့
ပျား ပိတုန်းတွေ ၀ဲပျံကြမယ်...
ကြယ်တွေလည်းအစုံ
ကောင်းကင်ဘုံမှာ..
တိမ်တွေထွန်းလင်းလို့..
ငါ့ဗီးနပ်စ်ကို ကြိုနေမယ်...
ရင်ခွင်ဦးမှာ
ရူးရူးမူးမူး ချစ်ဖူးခဲ့တာပါ...
ငါ့သွေးစက်တိုင်း...
ချစ်သူ...နာမည်တွေနဲ့ပြည့်နှက်....
ငါဆိုတာ.....
အဲဒီလို....အရိုင်းဆန်ခဲ့တဲ့ ကောင်ပါ ....။
အပြာရောင်တစ်နေ့..
ချစ်သူနဲ့ ဆုံတွေ့မယ်
ပကတိအရှိတရားနဲ့
ကောင်းကင်အပြင်ဖက်
ငါတို့ တက်တွေဖွင့်..ရွက်တွေလွှင့်
အိုး................
ချစ်ခြင်းတရားတွေ...
ကူးလူးပျံသန်း
ဗီးနပ်စ်ရဲ့ ရွှေအိုရောင်ဆံပင်တွေ
လေဝှေ့လိုက်တိုင်း
သံစဉ်တွေဖြာထွက်လို့...
ငါ့ရင်ခွင်ကြားက
ချစ်သူရဲ့ ရှက်ပြုံးလေးတွေ
အနမ်းမိုးတွေနဲ့
ဝှက်ကွယ်ပေးထားမယ်...
အိုကွယ်....ချစ်သူရယ်...
အဲဒီတစ်နေ့.....ငါ...
စောင့်မျှော်နေတယ်....။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သက်တန့်ရောင်စဉ်ည




သက်တန့်ရောင်စဉ်ည

ဒီတစ်ည..
" လ " ကသာတယ်..
တောင်စဉ်ရေမရ အတွေးတွေထဲ
ဘာကြောင့်...စိုးမိုးနိုင်လွန်းလဲ ချစ်သူ...
နေ့နေ့...ညည
ချစ်သူပုံရိပ်တွေနဲ့...
ကျနော်...နေသားကျနေခဲ့ပြီ ...
အိပ်မက်တိုင်းလည်း
ချစ်သူ့ အပြုံးရိုင်းလေးတွေ
ကျနော့်မှာ....ဖက်တွယ်ငြိလို့....
ဖြူစင်တဲ့ပါးပြင်မှာ
အနမ်းတစ်ပွင့်....စိတ်ကူးနဲ့
စွန်းထင်းစေခဲ့တယ် .....
မွှေးပျံ့ရီဝေလိုက်တာ....
အရာရာတိုင်းဟာ မှုံရီဝါးလို့
အဲဒီ တဒင်္ဂ...
ချစ်သူနဲ့ ကျနော်..
တစ်ကမ္ဘာမှာ...နှစ်ယောက်တည်းရှိနေခဲ့တယ်..
အတွေးတွေလည်း ပြာရီလင်းလို့
ရီဝေ ....လှိုက်မော...
ကျယ်ပြောတဲ့ အချစ်ပင်လယ်ပြင်....
ရွက်စုံဖွင့်ထားတဲ့ ...လှေငယ်ထဲ
လိုက်ရဲပါ့မလား ချစ်သူ ???
မုန်တိုင်းလည်းထန်လိမ့်မယ်....
ကျနော့်လက်ကိုတွဲ
ခပ်ရဲရဲသာ ...၀င်လာခဲ့ပါ...
ချစ်သူအတွက်....
အချစ်ကဗျာတွေ သီကုံးရင်း
ဂစ်တာတစ်လက်နဲ့ ဖျော်ဖြေနေမယ်...
စိတ်တိုင်းကျ နားဆင်ပါ
အဖိုးအခအဖြစ်...
အပြုံးတစ်ပွင့်နဲ့
ပါးပြင်တစ်ဖက်...ချစ်သူ့လက်...
အသက်ထက်ဆုံးပိုင်ဆိုင်ပါရစေ.....။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 21, 2010

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့

ရေလှိုင်းသံတွေကြားက မော်လမြိုင်ကျွန်းမြို့




ဧရာဝတီ... မြန်မာပြည်သူပြည်သားတွေရဲ့ အသက်သွေးကြော....ရေလှိုင်းပုတ်သံတွေနဲ့ ရှုမငြီးတဲ့ ပန်းချီကား တစ်ချပ် ။ အဲဒီဧရာဝတီရဲ့ ရင်သွေးငယ်...မော်လမြိုင်ကျွန်း....။ လှပတဲ့ မော်လမြိုင်ကျွန်းကို ရစ်ခွေ စီးဆင်း နေတာကတော့ ရာဇူဒိုင်မြစ် ...။ ရေစီးက ညင်ညင်သာသာနဲ့ ကျယ်ပြောတဲ့ မြစ်ပြင်တစ်ခွင်ကြောင့် မြန်မာနိုင် ငံရဲ့အလှတစ်ပါးဆိုလည်း မမှားပါဘူး ။ ရာဇူဒိုင်မြစ်ဟာ နွေရာသီမှာ ပုံမှန်မြစ်ရေထက် ခြောက်ပေခန့် နိမ့်ကျ လေ့ရှိပြီး မိုးရာသီမှာတော့ ပုံမှန်ရေမျက်နှာပြင်ထက် ခြောက်ပေခန့် မြစ်ရေတက်လေ့ရှိပါတယ် ။



မော်လမြိုင်ကျွန်းမှာရှိတဲ့ နေထိုင်သူတွေအတွက်ကတော့ ရာဇူဒိုင်မြစ်ဟာ ကုန်စည်နဲ့ ကူးသန်းသွား လာရေး အတွက် အဓိက မြစ်တစ်စင်းဖြစ်ပါတယ် ။ ဟိုးယခင်ကတော့ မော်လမြိုင်ကျွန်းမြို့ကို ကုန်းလမ်းနဲ့ ခရီးသွား မယ်ဆိုရင် ရာဇူဒိုင်မြစ်ကို ဇက်ရေယဉ်နဲ့ မကူးဘဲ မြို့နယ်အတွင်းက ကျိုက်ပိကို တိုက်ရိုက်မရောက်နိုင်ပါဘူး ။ မြန်မာနိုင်ငံကို အိပ်မက်ဆိုးတွေပေးခဲ့တဲ့ နာဂစ်မုန်တိုင်း အပြီးမှာတော့ မော်လမြိုင်ကျွန်းဟာ မျှော်လင့် ချက်ရောင်ခြည်တွေနဲ့ အနာဂါတ်အသစ်တွေရရှိခဲ့ပါတယ် ။ မော်လမြိုင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်းပိုင်း ဖောက်လုပ် ရေးစီမံကိန်း ၊ ရာဇူဒိုင်တံတား အမှတ် (၁) တည်ဆောက်ရေးနဲ့ အမှတ် (၂) တည်ဆောက်ရေး ၊ ကျေးလက်အိမ်ရာ ဆောက်လုပ်ခြင်းနဲ့ ပညာရေးဆိုင်ရာ အခွင့်အရေးတွေ နာဂစ်အလွန်ကာလမှာ ရောက်ရှိ လို့လာခဲ့ပါတယ် ။ အခု လတ်တလောအရ မော်လမြိင်ကျွန်း-လှိုင်းဘုန်း-ဓနုံးလမ်း၂၉ မိုင်း ၄ဖာလုံကို မြေသားတာပေါင်တွေအကုန်ပြီးစီးပြီးအဲဒီလမ်းပေါ်က တံ့တား ၂၂ စင်းအနက် ၁၇ စင်းပြီးစီးသွားပြီဖြစ်ပါတယ် ။













သံကူကွန်ကရစ်တံတားဖြစ်ပြီး အရှည် ၅၄၀ ပေ ယဉ်သွားလမ်း အကျယ် ပေ ၂၀ ၊ လူသွားလမ်းအကျယ် တစ်ဖက် ၂ ပေ စီရှိတဲ့ ရာဇူဒိုင်တံတားအမှတ် (၂) ကို ၉.၁.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့တဲ့အတွက် မော်လမြိုင်ကျွန်း မြို့သူမြို့သားတွေရဲ့ အိပ်မက်တွေ လင်းလက်ခွင့်ရခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ဒီတံတားဟာ မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်းပေါ်မှာ တည်ရှိပါတယ် ။

ရာဇူဒိုင်တံတားအမှတ် (၁)ကိုတော့ ၂၂.၇.၂၀၁၀ မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီတံတားကတော့ အရှဇည် ၁၈၃၅ ပေ ၉ လက်မ ၊ ပင်မတံတားအရှည် ၉၉၈ ပေ ၃ လက်မ ၊ ချဉ်းကပ်တံတား မော်လမြိုင်ကျွန်းဖက်ကမ်း ၆၆ ပေ ၊ ကျိုက်ပိဖက်ကမ်း ၁၇၇ ပေ ၆ လက်မ ၊ ယဉ်သွားလမ်း အကျယ် ပေ ၂၀ နဲ့ လူသွားလမ်း အကျယ် တစ်ဖက်ကို ၂ ပေစီရှိပါတယ် ။ ဒီတံတား ၂ စင်းကြောင့် မော်လမြိုင်ကျွန်းမြို့လေးရဲ့ လူနေမှုအဆင့်အတန်းတွေ ပိုမိုမြင့်မား လာတယ်ဆိုရင်လည်းမမှားပါဘူး ။





ဟိုယခင်က ဆို ရန်ကုန်ကို သဘောင်္နဲ့ ခရီးသွားရင် ၁၂ နာရီလောက် ခရီးသွားရပေမယ့် အခုကားလမ်းနဲ့ဆို လေးနာရီပဲ ကြာမြင့်တော့မှာ ဖြစ်ပါတယ် ။ ညနေခင်းမှာ တံတားကြီးပေါ်က စက်ဘီး ၊ ဆိုင်ကယ် ၊ ထော်လာ ဂျီတွေနဲ့ စည်ကားလှတဲ့ ရှုခင်းအလှဟာ ရှူမငြီးဖွယ်ရာပါပဲ ။ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ မြို့ပြလမ်းအနေနနဲ့ ကတ္တရာလမ်း ၃၅ လမ်း ၊ ကျောက်ချောလမ်း ၁၈ လမ်း ၊ မြေသားလမ်း ၉၂ လမ်း ၊ မြို့ပြတံတားအနေနဲ့ ကွန်ကရစ်တံတား ၁၃၂ စင်း ၊ သစ်သားတံတား ၇ စင်း ၊ ရေပြွန် ၃၈ ခု ၊ ကျေးလက်လမ်းအနေနဲ့ကတော့ ကတ္တရာလမ်း ၂ လမ်း ၊ ကျော်ကချောလမ်း ၉ လမ်း ၊ မြေသားလမ်း ၂ လမ်း ၊ ကွန်ကရစ်တံတား ၁စင်း ၊ သစ်သားတံတား ၁၅ စင်းတည်ရှိပါတယ် ။




မော်လမြိုင်ကျွန်းရဲ့ ထင်ရှားတဲ့ ဘုရားကြီးဖြစ်တဲ့ လောကသကျမာရဇိန်ဘုရားကြီးကိုလည်း ဖူးမျှော်နိုင် ပါသေးတယ် ။ ဒေသခံတွေကတော့ အလည်ဘုရားကြီးလို့လည်းခေါ်ဝေါ်ကြပြီး မန္တလေး မဟာ မြတ်မုနိ လို မနက်တိုင်း မျက်သစ်ရေ ကပ်ပါတယ် ။





ဒါကတော့ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်ဘုရားကြီးဖြစ်ပါတယ် ။ ဒေသခံတွေက ခြင်္သေ့နှစ်ကောင် ဘုရားလို့ လည်း ခေါ်တွင်ကြပါတယ် ။





ဒီဘုရားကတော့ တာဝတိသာ မြတ်စွာဘုရားကြီးဖြစ်ပါတယ် ။

မော်လမြိုင်ကျွန်းမြို့အ၀င် တည်ချောင်းကျေးရွာအုပ်စု ဂျုံးဂျုံးကျ ကျေးရွာမှာ ကုတင် ၁၀၀ ဆန့် မြို့နယ်ပြည်သူ့ ဆေးရုံအသစ်တည်ရှိပါတယ် ။ လူနာဆောင် ၄ ဆောင်ပါဝင်ပြီး RC တစ်ထပ် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယခုအခါ ၇၀% ပြီးစီးနေပြီ ဖြစ်ပါတယ် ။





မော်လမြိုင်ကျွန်းမြို့ကို အနားသတ်ပေးထားတဲ့ ရာဇူဒိုင်မြစ်ကြီးထဲက လှေငယ်လေးတွေ ၊ သဘောင်္ကြီးတွေနဲ့ ရိုးသားလှတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဖြူစင်တဲ့မျက်နှာတွေကို တွေ့မြင်နိုင်ပါတယ် ။ ယခုအခါမှာတော့ မော်လမြိုင်ကျွန်းမြို့ပေါ်မှာပဲ အင်တာနက်လိုင်းတွေ အလွယ်တကူ သုံးစွဲရနိုင်ပြီး ကမ္ဘာတ၀ှမ်းနဲ့ ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ် ။ ကျွန်တော်တို့ရဲ မိခင်ဧရာဝတီရဲ့ ရင်သွေးငယ် ...မော်လမြိုင်ကျွန်းမြို့ .....အနာဂါတ်မှာ ရွှေရောင် တွေ တလွင့်လွင့်နဲ့ အိပ်မက်အသစ်တွေ နိုးကြားလာခဲ့ပြီ ဖြစ်ပါတယ် ။

Ref : News Light of Myanmar (20.8.2010)

(ဓါတ်ပုံများအား ညီငယ် ရွှေကျွန်းသား website မှကူးယူထားပါသည် ။ )

သက်တန့်ချို
21 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 20, 2010

ပတ်ဝန်းကျင်နဲ့ အသွင်သဏ္ဍာန်တူအောင်ပြောင်းတတ်တဲ့ သတ္တ၀ါများ

ပတ်ဝန်းကျင်နဲ့ အသွင်သဏ္ဍာန်တူအောင်ပြောင်းတတ်တဲ့ သတ္တ၀ါများ

ဝိုးးးးးးးးးးးးထူးဆန်းအံ့သြလှဖွယ်ကောင်းလှပါတယ် ။ ဟိုးအရင်တခါတုန်းက ပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်း ပြောင်းတတ် တဲ့သတ္တ၀ါ များဆိုပြီး ရေးခဲ့ဖူး ပါတယ် ။ ဒီတစ်ခါမှာလည်း အလွန်ကိုပဲ အံ့သြလှဖွယ်ရာ ဒီရှိခိုးကောင်နဲ့ ဓါးခုတ်ကောင်တွေဟာ ပတ်ဝန်းကျင်နဲ့ အသွင်သဏ္ဍာန် တူအောင်ပြောင်းလဲနိုင်တဲ့အစွမ်းရှိပါတယ် ။ လောကကြီးမှာ ထူးဆန်းအံ့သြဖွယ်ရာတွေဟာ ရှာဖွေလို့မကုန်နိုင်ပါဘူး ။

ကဲဒီသတ္တ၀ါတွေရဲ့စွမ်းရည်ကို ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်လား ။






















သက်တန့်ချို
20 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................