Thursday, March 31, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၂)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၂)





နားထဲတွင် ရေလှိုင်းပုတ်သံများကြားနေရသောကြောင့် ကျွန်ုပ်၏ အသိအာရုံတို့မှာ လတ်တလော ပစ္စုပ္ပန်သို့ ပြန် လည်ရောက်ရှိလာ၏ ။ ကျွန်ုပ်သည် မည်မျှကြာအောင် ပင်လယ်ပြင်တွင် နစ်မျောသွားသည်မသိ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကိုင်ရိုက်ထားသလို နာကျင်ကိုက်ခဲလျှက် ရှိ၏ ။ ဦးခေါင်းမှ လည်း မခံမရပ်နိုင်လောက်အောင်ပင် တဆစ် ဆစ် ကိုက်ခဲ လျှက်ရှိပေသည် ။ ကျွန်ုပ်ပထမဆုံး သတိရမိသည်မှာ ကျွန်ုပ်၏ ရွာသူရွာသားများပင်ဖြစ်၏ ။ သူတို့ အသက်ရှင်လျှက်ရှိသေးပါ၏လော ။ ကျွန်ုပ်လည်း မျက်လုံးကို အားယူ၍ ဖွင့်ကြည့် လိုက် ရာ နေ၀င် စပြုနေပြီဖြစ်သော ကောင်းကင်ပြင်ကြီးကို တွေ့မြင်ရလေ၏ ။ ပင်လယ်ပြင်ကြီးမှာ အိပ်တန်းတက် ဇင်ယော်ငှက် များနှင့် ပုဇွန်ဆီရောင် နေလုံးကြီးနောက်ခံထားကာ လွန်စွာ အသက်ဝင် လှပလျှက်ရှိ ၏ ။ မာယာများဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကိုကြည့်၍ ကျွန်ုပ်မှာ ထူးပြီး မအံ့သြမိ ။ အဓိက လုပ်ဆောင်ရမည်မှာ ကျွန်ုပ်၏ အပေါင်းအဖော်များ ကို ပြန်လည်ရှာဖွေတွေ့ရှိရေးပင်ဖြစ်သည် ။

ကျွန်ုပ်လည်း ရှိသမျှ အားအင်တို့ကို စုစည်းလိုက်ကာ သဲပြင်ပေါ်သို့ မတ်တပ်ရပ်လိုက်၏ ။ သဲပြင် ကား ခြေတလှမ်းလှမ်းတိုင်း ခြေကျင်းဝတ်ထိ နစ်မြုပ်သွားလေရာခရီးမတွင်လှပေ ။ ကျွန်ုပ်လည်း ခြေလှမ်း ၁၀ လှမ်းခန့် လှမ်းမိပြီးသည်နှင့် ကျွန်းအတွင်းပိုင်းမှ အရိပ်တစ်ခု ဖျက်ကနဲ မြင်လိုက်ရသောကြောင့် ၄င်းကျွန်း အတွင်း ပိုင်း သို့ လျှောက်လာခဲ့တော့သည် ။ ကျွန်ုပ်လည်း သတိကြီးစွာထား၍ တဖြည်းဖြည်းချဉ်းကပ်လာရာ လွန်စွာကြီး မားသော အုန်းပင်ကြီးတစ်ပင်နောက်တွင် ထိုအရာ ရှိရမည်ဟု ခန့်မှန်းရလေသည် ။ ကျွန်းပေါ် တက်လာ ရင်းတွေ့ရသော သစ်သားစအား ဆုပ်ကိုင်၍ ၀င်ရောက်ခဲ့လေ၏ ။ ထို့နောက်ကျွန်ုပ်လည်း အုန်း ပင်နောက် သို့ ဖျက်ကနဲကြည့်လိုက်လေ၏ ။ ကျွန်ုပ်အား သစ်သားတုတ်ကြီးကိုင်၍ ချိန်ရွယ်ထားပုံရသော မီမီအောင့်ကို အံ့အားသင့်စွာ တွေ့လိုက်ရလေသည် ။

“ဟင်..မ.မီ ”

“ ဟင်..သူကြီး ”

“ ဘယ်လိုလုပ် ...”

ကျွန်ုပ်၏စကားမဆုံးမီမှာပင် မီမီအောင်မှာ မျက်ရည်များစီးကျလာပြီး ရှိုက်ကြီးတငင် ငိုလေတော့သည် ။

“အောင်မလေး သူကြီးရဲ့ ရွာသားတွေ အကုန်သေပြီထင်ပါရဲ့ အီး...ဟီး....”

“ ဟာ..မမီရယ် စိတ်ကိုထိမ်းပါဦးဗျာ ကျွန်တော်တို့လိုပဲ ရွာသူရွာသားတော်တော်များများလည်း ဒီကျွန်းပေါ်မှာ ရှိလိမ့် မယ် လို့ ကျွန်တော်ထင်တယ်ဗျ ဘာလို့လည်းဆိုတော့ မုန်တိုင်းဖြစ်တဲ့နေရာက ဒီကျွန်းနဲ့ဝေးပုံမရဘူးဗျ ”

ကျွန်ုပ်ပြောလိုက်မှ မီမီအောင်မှာ အငိုတိတ်သွားလေတော့သည် ။

“ကဲ ကျွန်တော်တို့ ည မမှောင်ခင်လေး စခန်းချဖို့ နေရာရှာကြဦးစို့ ”

သို့နှင့် ကျွန်ုပ်တို့ နှစ်ဦးလည်း သတိကြီးစွာ ထား၍ ကျွန်းအတွင်းပိုင်းသို့ ဆက်ဝင်ခဲ့ကြလေတော့သည် ။

ဤကျွန်းကြီးပေါ်တွင် သက်ရှိများနေထိုင်သလော ။ အသားစား လူရိုင်းများ နေထိုင်ကြသလော ။ သို့တည်း မဟုတ် ကြောက်မက်ဖွယ်တောရိုင်း တိရိစ္ဆာန်များ ရှိကြကုန်သလော ။ ကျွန်ုပ်မသိပေ ။ လာ သမျှဘေး ပြေးတွေ့ ရန်သာ ရှိပေတော့သည် ။ ကျွန်ုပ်တို့ နှစ်ဦးစကားတပြောပြောနှင့် နာရီဝက် ခန့် လျှောက်ပြီးသော အခါ လွင်ပြင်ကြီးတစ်ခုကိုေ တွ့ရလေသည် ။ စိမ်းစိမ်းစိုစိုနှင့် မြက်ရိုင်းများ က နေရာ အနှံ့နေရာယူထား၏ ။ လွင်ပြင်အဆုံး ကိုကြည့်လိုက်သောအခါ ဘဘာဝ လှိုက်ဂူကြီးတစ် ခုနှင့် ကျောက်တောင် များကို တွေ့ရလိုက်ရ၏ ။ ဤလှိုက်ဂူကြီးသည် လတ်တလောခိုအောင်းရန် အကောင်း ဆုံးဖြစ်သည်ဟု ကျွန်ုပ်တွေးမိ၏ ။ သို့နှင့် လွင်ပြင် ကျယ်ကြီးကိုဖြတ်လျှောက်ပြီး လှိုဏ်ဂူကြီးရှိရာသို့ ကျွန်ုပ်တို့ နှစ် ဦး အသံလုံစွာဖြင့် ချဉ်းကပ် သွားလေတော့သည် ။ နေ၀င်သွားပြီဖြစ်သဖြင့် ပတ်ဝန်းကျင်သည် အလင်းရောင် သိပ်မရချင်တော့ ။ အရာရာ သည် ၀ိုးတ၀ါးဖြင့် အမှောင်ထုက ရုတ်ချည်းစိုးမိုးလာလေတော့သည် ။

“ မမီရေ ..သတိတော့ထားရမယ်ဗျ ..ဒီဂူထဲမှာ အကောင်ဗလောင်တွေ မရှိဘူးမပြောနိုင်ဘူး ”

“ ဟုတ်ကဲ့ သူကြီး ”

သို့နှင့် ကျွန်ုပ်တို့ ချဉ်းကပ်လာရင်း ဂူနားသို့ရောက်ခါနီး ၀ါးတစ်ရိုက်ခန့်အလိုတွင် ဂူအတွင်းမှ ရုတ်တရက်မီးရောင် လင်းလာသည်ကို တွေ့လိုက်ရလေသည် ။ ကျွန်ုပ်လည်း လွန်စွာ အံ့အားသင့်သွားမိ၏ ။ သေချာသည်မှာ ဂူအတွင်းတွင် သက်ရှိလူသားများရှိနေချေပြီ ။ ကျွန်ုပ်လည်း သစ်သားချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ဂူအတွင်း သို့ အရဲစွန့်ကာ ၀င်ခဲ့လေတော့သည် ။

အလို....ရှုလော့ ။ ကံတရားက ကျွန်ုပ်တို့ကို မျက်နှာသာ တစ်ခါပြန်ပေးပြီထင်၏ ။ ဂူအတွင်းတွင် ကျွန်ုပ်တို့ ရွာသား အချို့ကို တွေ့လိုက်ရသောကြောင့်ပင်တည်း ။ ရွာသူရွာသားများမှာ ကျွန်ုပ်တို့ နှစ်ဦးကို ဂူပေါက်ဝ တွင်တွေ့ လိုက် ရ၍ ရုတ်တရက်ကြောင်၍ ကြည့်နေကြ၏ ။ ပြီးမှ ကျွန်ုပ်တို့ဆီ ပြေး လာ ကြ ကာ ပျော်ရွှင် ကြလေတော့ သည် ။

“ မ..မမီ မမီရေထဲ ပြုတ်ကျသွားတုန်းက ငိုလိုက်ရတာ အီးးးဟီးးးကံကောင်းလို့ပြန်တွေ့ရတာပေါ့နော် ”

ကြယ်ဖြူလေးက မီမီအောင့်အား ပြေးဖက်၍ ငိုကြွေးလေတော့သည် ။ ဂူအတွင်းတွင်တော့ သက်မီ ၊ သူရိန် ၊ ဝေယံ ၊ အင်ကြင်း ၊ ပုတုလေး နှင့် ကျန်ရွာသားအချို့ကို တွေ့လိုက်ရ၍ ကျွန်ုပ်မှာ အတော်ပင် ၀မ်းသာသွား မိသည် ။ သို့ရာတွင် ရွာသားအတော်များများမှာမူ ပြန်မတွေ့ရသေးပေ ။ ဘီလူး ၊ စမူဆာနှင့် သားပြောင်တို့ ဘယ်ပျောက်နေ ကြသ နည်း ။ နံနက်မိုးလင်းလျှင်တော့ ကျွန်းတစ်ကျွန်းလုံးကိုသေချာလေ့လာရပေမည် ။

“ ဒီလိုသူကြီးရ ကျွန်တော်တို့ အခုအဖွဲ့က လှေလည်းမြုပ်ရော စည်ပုံးတွေကို တွယ်ထားကြ တာဗျ...လွတ်မထွက် သွားအောင်ပေါ့ လေငြိမ်တော့မှ တခြားသူတွေလည်း စည်ပုံးအလွတ်တွေနဲ့ ရေပေါ်မှာတွေ့လို့ အချင်းချင်း ကြိုးတွေနဲ့ ဆက်ပြီး ဒီကျွန်းပေါ်ထိရောက်အောင်ကူးခဲ့ကြတာပဲ ..ဒီကျွန်းပေါ်ကိုတော့မလေ့လာရသေးဘူး မနက်ကျမှ ပဲ သေချာ စုံစမ်းရမယ် ”

“ အင်း..ကျွန်တော်လည်း ခေါင်းကို တစ်ခုခုနဲ့ ဆောင့်မိသွားတယ်ထင်တာပဲဗျာ ဘာမှမသိတော့ ဘူး မှောင် မိုက်သွား တာ ညနေစောင်းမှ ကမ်းစပ်မှာပြန်သတိရလာ ”

“ ဟယ် ကိုကြီး ခေါင်းမှာ သွေးတွေစို့နေပါလား ”

ကြယ်ဖြူပြောမှပင်ကျွန်ုပ်မှာ ခေါင်းသို့ကိုင်ကြည့်ရာ စေးထန်းထန်းနှင့် သွေးများ ကိုတွေ့ရလေသည် ။

“ ခဏလေး ဆေးရွက်သွားရှာပြီးဆေးထည့်ပေးမယ်”

“ အေးအေး..ညီမလေး အဝေးကြီး မသွားနဲ့ ဝေယံ့ ကိုခေါ်သွား လိုက် ”

“ ဟုတ် ”

သိုနှင့် ကျွန်ုပ်တို့မှာ ဂူအတွင်းတွင် ထိုတစ်ည ဖြစ်သလို စခန်း ချရန် စီစဉ်ရလေတော့သည် ။

“သက်မီရေကျွန်တော်တို့ အစားအသောက် သွားရှာလိုက်ဦးမယ် မီးမွှေးပြီး ချက်ပြုတ်ဖို့ ပြင်ဆင်ထားပေးပါနော် ”

“ ဟုတ်ကဲ့သူကြီး လှေပေါ်က အိုးခွက်တွေလည်း ကမ်းစပ်မှာတွေ့လို့ သယ်လာတယ် စိတ်ချ ”

သိုနှင့် ကျွန်ုပ်နှင့် သူရိန်မှာ အစာရှာဖွေရန် ဂူအတွင်းမှ ထွက်၍ အနီးအနားသို့ လှည့်လည်ခဲ့ကြလေတော့သည် ။

ဆက်ရန်

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 30, 2011

ဟန်နီ (သို့ ) ကြွေရုပ်ကောင်းကင်


ဟန်နီ (သို့ ) ကြွေရုပ်ကောင်းကင်

ဟန်နီ......
ကြယ်တွေ ကြွေနေလိုက်တာ..
ဟိုး...အဝေး ကောင်းကင်ကြီးပေါ်
လင်းလင်းလက်လက်တောက်ပလို့...
ငါ့...သမိုင်းကတော့ မခမ်းနားခဲ့ဘူးကွယ်
ကွဲအက်တိတ်ဆိတ်တဲ့ အခန်းငယ်ထဲ
ဂစ်တာတစ်လက်ကို အဖော်ပြုရင်း
နေခြည်ကို မျှော်ခဲ့ဖူးတယ်..
အေးစက်အဖော်မဲ့ခြင်းဆိုတာ
မနက်ဖြန်ပေါင်းများစွာပေါ့..
ဟန်နီ.......
ဆောင်းညတစ်ညမှာ..နှင်းတွေပွင့်တယ်
ရေးခဲ့တဲ့ကဗျာတွေ..
အမှောင်အခန်းငယ်ထဲ...ပြန့်ကျဲလို့
ဟိုတစ်စ...ဒီတစ်စ
ဒါဟာ...ငါ့နှလုံးသွေးစက်တွေ
အရာရာဟာ..အေးစက်ကိုက်ခဲလွန်းခဲ့တယ်
ဟန်နီ........
ငါ့ရင်ခွင်ကို ကြည့်လှည့်
မာနနဲ့ အတ္တကင်းစင်တဲ့
အဖြူရောင် လွင်ပြင်တစ်ခု
မြင့်မြတ်တဲ့ တစုံတရာဟာ
ဘယ်ဖက်ရင်အုံမှာ ပဲ့တင်တုန်ခတ်လို့....
အဲဒီတစ်ညမှာ...
နင်ဟာ....ငါ့ သူရဲကောင်းမလေးဖြစ်တယ်..
ဟန်နီ......
နင့်အတွက်...“ .....” မဖြစ်နိုင်တော်
နွေးထွေးတဲ့...
ကဗျာဆက်သူဖြစ်ပါရစေ..
ငါ့အတွက် အကြီးကျယ်ဆုံးဆုလာဘ်တစ်ခု
အိပ်မက်တို့ ခမ်းနားတယ်
အတွေးတွေ ပေါင်းစုလို့ ....
ကောင်းကင်ပြာကို မော့ကြည့်တဲ့အခါ
နင့်ရဲ့ မျက်ဝန်းလှလှများစွာ..
အရာရာဟာ...
အ ရာ ရာ ဟာ . . . . မှာ
နင်ဟာ....ငါ့ ရဲ့ ကဗျာ ......။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ငါတွေ့ခဲ့တဲ့...ချစ်ခြင်းတစုံတရာ


ငါတွေ့ခဲ့တဲ့...ချစ်ခြင်းတစုံတရာ

အချစ်ဆိုတာ...
ဒီလောက်တောင် လှပသတဲ့လား...
တလှပ်လှပ်...တလှပ်လှပ်နဲ့
ငါဟာ...ဆွံ့အတိတ်ဆိတ်
နင့်အရိပ်....ရှာဖွေသူ..
(ရူးတယ်ပြောပြော)
ငါ...ကြည်နူးနေတတ်ခဲ့ပြီ
ဝေးလွင့်ခြင်းအရပ်မှာ
မနက်....နေ့.......ည
နင်ဟာ...စီးဆင်းလို့
တုန်ခါနေတဲ့ ငါ့ရင်ခွင်ဟာ
ထိမ်းမနိုင်...သိမ်းမရ
လွတ်လပ်ပေါ့ပါးမှုတွေနဲ့
ငါ့ရဲ့ ဆံနွယ်ပိုင်ရှင်မလေးရယ်..
ငါဟာ...အဲဒီလို
ချစ်တတ်ခဲ့သူလည်း ဖြစ်ရဲ့
ပိုင်ဆိုင်ခွင့်လည်းမတောင်းဆိုဘူး
နင့်အချစ်တွေလည်း မမျှော်လင့်ရဲဘူး..
ငါ့..အတွက် အချစ်ဆိုတာ...
ဒီလို....ချစ်နေရင်းနဲ့သာ....။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သံစဉ်ကြွေတဲ့ကဗျာ


သံစဉ်ကြွေတဲ့ကဗျာ

ပင်လယ်ပြာပြာမှာ...
ငွေမှင်ရောင်တွေ ကူးခတ်လို့..
နင်ဟာ...ခုံတန်းပြာပြာပေါ်က
သံစဉ်ကြွေတဲ့ကဗျာ...
ဟိုး....အရှေ့အရပ်မှာ
စွယ်တော်တွေတောင်ပွင့်ပြီကွယ်
ငှက်ကလေးတွေ
လွန့်လူးဝေ့၀ဲလို့...
အို.....လှလိုက်တဲ့..
နှုတ်ခမ်းတစ်စုံရယ်...
ငါ့ကိုယ်ငါတောင် ပျောက်ဆုံးလို့
ဘယ်လိုနည်းနဲ့များ
ရောင့်ရဲရမလဲကွယ်.....
အနာဂါတ်ဆိုတာ ရှိခဲ့ရင်..
(ကိုယ့်ကိုယ်ကို) ဖန်ဆင်းပစ်မယ်...
ချစ်သူရှိရာ ..သွားနိုင်ဖို့
ငှက်ကလေးတစ်ကောင်ဖြစ်ဖြစ်..
လိပ်ပြာလေးတစ်ကောင်ဖြစ်ဖြစ်...
နောက်ဆုံး.....
ကဗျာလေး တစ်ပုဒ် ဖြစ် ဖြစ် ပေါ့ ....။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 29, 2011

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၁)

သေမင်းတမန် ခရီးကြမ်း (အပိုင်း ၁)




ပတ်ဝန်းကျင်တစ်ခုလုံးက အုံ့မှိုင်းညိုမည်းကာနေ၏ ။ အနောက်တောင်ဖက်ထောင့်မှ အနီရောင်ကောင်း ကင်ကြီး က ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးတို့အား အစပြုတော့မည့်နှယ် ။ မကြာပါ ...ပင်လယ်ပြင်သည် ငြိမ်သက်နေ ရာမှ ရုတ်ခြည်းဆိုသလိုပင် လှိုင်းတံပိုးတို့က ဒေါမာန်တကြီး မြည်ဟီးလာလေ၏ ။

“ အသက်ကယ် အကျီင်္တွေ ၀တ်ထားကြဟေ့ ရေပုံးလွတ်တွေ စည်ပုံးတွေကို မြဲမြဲကိုင်ထားကြ ”

လှေဦးမှနေ၍ လှမ်းအော်လိုက်သော ဘီလူး၏ အသံကြောင့် လှေပေါ်ရှိ ရွာသူရွာသားအားလုံး ထိတ် ထိတ်ပြာပြာ ဖြင့် အသက်ကယ်အင်္ကျီများကို အလျှင်အမြန်ဝတ်ကြကုန်၏ ။ ရွာသူများ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူ ပန်သောကများ ပြည့်နှက်နေသလို ရွာသားများက မုန်တိုင်းအခြေအနေကို စောင့်ကြည့်လျှက်ရှိ၏ ။ မကြာပါချေ ...မုန်တိုင်းက ကြမ်းသထက် ကြမ်းလာချေပြီ ။

တချက်တချက် အိမ်တစ်လုံး အမြင့်ခန့်ရှိသော လှိုင်းလုံးများကြားတွင် ကျွန်ုပ်တို့ လှေကြီးကား နိမ့်ချည်မြင့် ချည်နှင့် ။

“ သူကြီးဘယ်လိုလုပ်ကြမလည်း ဒီအတိုင်းဆို လှေမှောက်သွားနိုင်တယ် ”

စိုးရိမ်တကြီးမေးလာသော ရွာသားမြင့်လွင်၏ အမေးကို ကျွန်ုပ်မှာ မဖြေအား ။ ရှေ့တည့်တည့်ပြေးဝင်လာသော လှိုင်းမောက်ကြီးအား လှေဦးနှင့်တည့်၍ ထိုးခွဲချလိုက်ရ၏ ။ ဤအတိုင်းဆိုလျှင်မလွယ် .. ကျွန်ုပ်တို့ လှေတစ်စင်း လုံး လှိုင်းတံပိုးများအောက် နစ်မြုပ်ပျောက်ကွယ်သွားနိုင်ပေသည် ။

“ ကဲ..ကိုမြင့်လွင်ရေ ရွာသားတွေကို စုပြီး ပုံးတွေနဲ့ စည်အလွတ်တွေကို ရှာခိုင်းထား ရွာသူတွေကို တန်းတွေကို မြဲမြဲကိုင်ထား ပလေ့စေ လေအားကြမ်းတော့ လွင့်ထွက်သွားနိုင်တယ်ဗျ ”

ထိုအခိုက် လှိုင်းလေကြားမှပင် ကျွန်ုပ်ဆီသို့ မျက်စိပျက် မျက်နှာပျက်ဖြင့် ကိုကြီးကျော် တစ်ယောက် ရောက်ရှိ လာလေသည် ။

“ သ..သူကြီး ..ဟိုဟို လေတိုက်လွန်းလို့...ရွာ..ရွာသူတစ်ယောက် ရေထဲ ပြုတ်...ပြုတ်ကျသွားပြီ ”

“ ဟေ ..ဟုတ်လား ဘယ်သူတုန်း ”

“ မီမီအောင်ပါသူကြီး ”

ကျွန်ုပ်ကား ဘာပြန်ပြောရမှန်းမသိလောက်အောင်ပင် ဆွံ့အသွားမိသည် ။

“ ဟူး..အခုတော့ ဘာတတ်နိုင်မလဲ ကိုကြီးကျော်ရယ်မုန်တိုင်းငြိမ်သွားတော့မှ ရေအောက်ဆင်းရှာကြတာပေါ့ ”

ရွာသူများမှာ ရှေ့တွင်တစ်ယောက် ရေထဲပြုတ်ကျသွားပြီဖြစ်သဖြင့် လှေပေါ်ရှိ တန်းများကို အမိအရ ဆုပ်ကိုင် ထားကြလေတော့သည် ။

ုမုန်တိုင်းကား ဆုတောင်းသလို လျော့ပါးမသွားသည့်အပြင် ပို၍ ကြမ်းလာသည်မှာ လှေ မှာ မှောက်မတတ် ပင်ဖြစ်နေလေသည် ။ ကျွန်ုပ်ကား ဤအတိုင်းဆို မကြာခင်လှေ တစ်စင်းလုံး လှိုင်းအောက်ရောက် သွားနိုင်မည် ကို တွေးမိ၏ ။ ထိုအခိုက် ကျွန်ုပ်၏ မြင်ကွင်းသို့ ၀ိုးတ၀ါး တိုးဝင်လာသော မြင်ကွင်းတစ်ခု ။ ထန်းပင်ခန့် အမြင့်ရှိသော ရေပြင်မှ တိုးထွက်လာသော အရာတစ်ခု ။ နီးကပ်လာလေ ပို၍ ထင်ရှားလာလေ၏ ။ ကျွန်ုပ်လည်း အသေ အချာ ကြည့်မိသောအခါ ရှေး၌နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့သော ယခုအခါ မျိုးတုန်းပျောက် ကွယ်လုနီးပါးဖြစ်နေသော “ ညံ ” သတ္တ၀ါကြီးပင်ဖြစ်နေလေသည် ။ သက်မီ ၊ အင်ကြင်းနှင့် ကြယ်ဖြူလေးတို့ အဖွဲ့မှာမူ ညံသတ္တ၀ါကြီးကို ငေးကြည့်ရင်း အကြောက်လွန်ကာ ထိတ်လန့်နေဟန်ရှိလေသည် ။ သူ ရိန်နှင့် ဝေယံတို့ နှစ်ဦးမှာမူ လှေပေါ်တွင် အသင့်ပါလာသော ငှက်ကြီးတောင်ဓါးများကိုကိုင်ကာ ရွာသူ များရှေ့မှ မားမားမတ်မတ် ရပ်တည်လျှက်ရှိကြပေသည် ။ အမှန်စင်စစ်ဆိုသော် ညံသတ္တ၀ါကြီးကား လွန်စွာကြီးမား လှကာ ကျွန်ုပ်တို့ လှေကား၎င်းနှင့် ယှဉ်လျှင် ကလေးကစားစရာအသွင်ဖြစ်နေလေ၏ ။

ညံသတ္တ၀ါကြီး၏ မျက်လုံးများမှာ ရဲရဲနီလျှက်ရှိကာ ကျွန်ုပ်တို့ လှေအား စိုက်ကြည့်လျှက်ရှိ၏ ။ မုန်တိုင်း ကလည်း လျော့သွားသည်မရှိပဲ လေအားပြင်းထန်စွာ တိုက်ခတ်လျှက်ရှိသဖြင့် ကျွန်ုပ်တို့လှေမှာ ပင်လယ်ပြင်ကြီး ထဲတွင် ဆပ်ပြာခွက်လေးသဖွယ် ရေလှိုင်းခေါ်ဆောင်ရာနောက် လိုက်နေရလေ၏ ။ တချီတွင် ညံသတ္တ၀ါကြီး၏ ဦးခေါင်းက လှေဝမ်းအတွင်းသို့ ရန်မူရန် တိုးလာရာ လှေပေါ်တွင် အော်သံများ ကမ္ဘာပျက်မတတ် ဆူညံ သွားလေ၏ ။ ဤတွင် လက်မနှေးလှသော သားပြောင်နှင့် ပြောင်ကြီးတို့မှာ ညံသတ္တ၀ါကြီး၏ ဦးခေါင်းကြီး အား ၄င်းတို့ လှံများဖြင့် အားပါးတရ ထိုးစိုက်ချလိုက်လေသည် ။ အသင့်စောင့်နေသော သူရိန်နှင့် ဝေယံတို့လည်း ၄င်းတို့၏ ငှက်ကြီးတောင်ဓါးများဖြင့် ၀င်ရောက်ခုတ်ပိုင်းကြလေသည် ။ ညံကောင်ကြီးကား အထိနာသွားဟန်ဖြင့် လူးလွန့်လျှက် ရှိရာ ရေလှိုင်းများကြွလာ သဖြင့် လှေ မှာ မှောက်မတတ် ပင်ဖြစ်သွားလေသည် ။ ညံကောင်ကြီး ကား ရေထဲပြန်လည် ငုပ်လျှိုးသွားလေ ရာ ရေပြင်မှာ သွေး များဖြင့် ချင်းချင်းနီရဲလျှက်ရှိပေ၏ ။

ထိုအခိုက် ညံကောင်ကြီးမှာ လုံးဝရေပေါ်သို့ပြန်ပေါ်မလာတော့သဖြင့် ကျွန်ုပ်မှာ ညံကောင်တို့၏ သဘောသ ဘာဝ ကို စူးစမ်းလေ့လာမိသည့်အလျှောက် လွန်စွာစိုးရိမ်သွားမိလေသည် ။ ညံသတ္တ၀ါတို့ သည် ရေပြင်တွင် အင်အား အကြီးမားဆုံးဖြစ်သည့် အလျှောက် လွန်စွာ သွေးအေးသည့် သတ္တ၀ါများ ဖြစ်ကြ၏ ။ ရှေးယခင် က ပင်လယ်ကူးသဘောင်္ကြီးများကိုပင် တိမ်းမှောက်ပစ်ခဲ့ဖူးသည့် သက်သေသာဓက များရှိ၏ ။ ၄င်းတို့ အထိနာ သွားပြီဆိုလျှင် အငြိုးတကြီး ရန်မူတိုက်ခိုက်လေ့ရှိကြ၏ ။ ယခုမှာမူ ညံကောင်ကြီးငြိမ်သက်သွားသည်မှာ ၃ မိနစ်ခန့် ရှိပြီဖြစ်၏ ။ မကြာခင် အန္တရာယ်ဆိုးကြီးကျရောက်တော့မည်မှန်း ကျွန်ုပ်တွက်ဆမိလိုက်၏ ။

“ သတိထားကြဟေ့ မြဲမြဲကိုင်ထားကြ”

ရေအောက်တွင် မူမမှန်သော အရိပ်အယောင် တွေ့၍ ကျွန်ုပ်လှမ်းသတိပေး လိုက်သော်လည်း နောက် ကျသွားချေပြီ ။ ညံကောင်ကြီးကား ကျွန်ုပ်တို့ လှေအောက်တည့်တည့်မှနေ၍ ၄င်း၏ ခန္ဓာကိုယ်ဖြင့် တွန်းပင့် တင် လိုက် ရာ လေမှာ ရေထဲသို့ တိမ်းမှောက်သွားလေတော့သည် ။ ကျွန်ုပ်မှာမူ လှေတက်မကို ကိုင်နေရင်း မှ လှေမှောက် ချိန်တွင် ရေပြင်ထဲသို့ ထိုးကျသွားသည်ကိုသာ နောက်ဆုံးမှတ်မိလိုက်လေသည် ။ ထို့ နောက် ရေထဲ အကျတွင် ခေါင်းသို့ ပြင်းစွာသော အရာတစ်ခုလာရောက်ထိခိုက်မိသဖြင့် အရာအား လုံး မှောင်အတိကျသွားလေတော့သည် ။

ဆက်ရန်။

www.thettantvillage.com မှ ရွာသူရွာသားနာမည်များယူသုံးထားပါသည် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, March 28, 2011

သံလွင်ဆီ

သံလွင်ဆီ




သံလွင်ဆီဆိုတာ သံလွင်သီးကနေရရှိတဲ့ အဆီဖြစ်ပြီး သံလွင်သီးကို Olea europaea ; မျိုးရိုး Oleaceae လို့ မှတ် သားနိုင်ပါတယ် ။ သံလွင်ဆီကို ယေဘူယျအားဖြင့် ချက်ပြုတ်ခြင်း အလှအပရေးရာ ၊ ဆေးဝါးထုတ်လုပ်ခြင်း ၊ ဆပ်ပြာ နဲ့ လောင်စာဆီတွေ အဖြစ်လည်းအ သုံးပြုနိုင်ပါတယ် ။ ကမ္ဘာတ၀ှမ်းလုံးမှာ သံလွင်ဆီကို အသုံးပြုကြပြီး အထူး သဖြင့် မြေထဲပင်လယ်အနီးတ၀ိုက် ဒေသတွေမှာ အသုံးများကြပါတယ် ။

သံလွင်ဆီမှာဘာတွေပါလဲ ?



သံလွင်ဆီမှာ အဓိကအားဖြင့် ရောနှောနေတဲ့ triglyceride အစုအဝေးတွေဖြစ်တဲ့ oleic acid , palmitic acid နဲ့ တခြား fatty acids တွေနဲ့ ဖွဲ့စည်းထားပါ့တယ် ။ ဒါ့အပြင် squalene 0.7 % နဲ့sterols အနည်းငယ် လည်းပါဝင် ပါတယ် ။ သံလွင်ဆီက ပါဝင်ဖွဲ့စည်းမှုဟာ နေရာဒေသ ၊ စိုက်ပျိုး ရိတ်သိမ်းချိန် ၊ အဆီထုတ်ယူမှု နည်း နဲ့ ရာသီ ဥတုတွေအပေါ်မူတည်ပါတယ် ။ သံလွင်ဆီမှာ သဘာဝ ထုတ်ကုန်တွေဖြစ်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်း တွေပါဝင်ပြီး အချောမသတ်ရသေးတဲ့ အဆီ extra-virgin unprocessed olive oil ဟာ သူ့ရဲ့ ခါးသက် တဲ့ အရသာရယ် စူးရှတဲ့ အရသာရယ်ဟာ tyrosl , hydroxytyrosol , oleocanthal နဲ့ oleuropein စတဲ့ ဓါတ်တွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ် ။

အာဟာရနှင့် ကျန်းမာရေး အကျိုးကျေးဇူးများ

လေ့လာစမ်းသပ်မှုတွေအရ အစားအသောက်ထဲမှာ monunsaturated fats တွေ များများစားစား ပါဝင်နေခြင်းဟာ နှလုံးသွေးကြောကျဉ်းနဲ့ နှလုံးသွေးကြော အဆီဖုံးရောဂါတွေ ကို လျော့ ကျစေ တယ် လို့ သိရပါ တယ် ။ ဒါဟာ အရေးကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သံလွင်ဆီမှာ monounsaturated fats တွေအများ အပြားပါ ၀င်နေပြီး အထူးသဖြင့် oleic acid ပဲဖြစ်ပါတယ် ။ US မှာဆိုရင် သံလွင်ဆီထုတ် ကုန်တွေမှာ ထုတ် လုပ်သူတွေက အောက်ပါတိုင်း ကျန်းမာရေး အကြောင်းတွေရေးထားလေ့ရှိတယ် ။

- သံလွင်ဆီ ၂၃ ဂရမ် နေ့ စဉ်ပေးခြင်းဇြင့် နှလုံးသွေးကြော အဆီဖုံးနှင့် နှလုံးသွေးကြော ကျဉ်းရောဂါအားလျော့ နည်းစေနိုင် ပါတယ် ။ ဒါဟာ သံလွင်ဆီမှာပါတဲ့ monounsaturated fats ကြောင့်ဖြစ်ပါတယ် ။ ဒီလို ကောင်း ကျိုးတွေကို ရရှိဖို့အတွက် သံလွင်ဆီဟာ saturated fat တွေနေရာမှာ အစားထိုးနိုင်ပြီး သင်တစ်နေ့တာ စားသောက် တဲ့ကယ်လီရီ အရေအတွက်ကိုလည်း မများစေပါဘူး ။

ဒီလို ဆုံးဖြတ်ချက်ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှာ FDA ကကြေငြာခဲ့ပြီး ဒီလို အလားတူ စာတမ်းမျိုးကို omega-3 fatty acids တွေပါဝင်တဲ့ မက်မွန်စေ့နဲ့ ဘန်လျှောင်ပင်စေ့တို့မှာလည်း ကြော်ငြာဖို့ ခွင့်ပြုခဲ့ပါတယ် ။

သံလွင်ဆီဟာ နှလုံးကျန်းမာရေးကို အလွန်အထောက်အကူပြုကြောင်း စမ်းသပ်မှုတွေအများကြီးရှိခဲ့ပါတယ် ။ အထူး သဖြင့် ကိုလက်စထရော ကိုပုံမှန် လည်ပတ်စေပြီး LDL cholesterol ကို ဓါတ်တိုးစေပါတယ် ။ ဒါ့အပြင် သံလွင် ဆီမှာ အရောင်ကျစေတယ် ၊ သွေးခဲတာကို ဆန့်ကျင်ခြင်း ၊ သွေးတိုးရောဂါကို သက်သာစေခြင်း နဲ့ သွေးကြောကျယ်စေခြင်းစတဲ့ စွမ်းရည်တွေရှိပါတယ် ။

အချို့သောလေ့လာမှုတွေအရ သံလွင်ဆီရဲ့ Phenolic ပါဝင်မှုဟာ နှလုံးကိုကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိ တယ်လို့ ဆိုပါတယ် ။ သံလွင်ဆီကို ရေရှည်သာအသုံးပြုမယ်ဆိုရင် သွေးလွှတ်ကြောနံရံတွေရဲ့ ကျုံ့နိုင်ဆန့် နိုင်စွမ်း အားကို များစေပြီး သွေးကြောတွေရဲ့ stress ကိုနည်းစေပါတယ် ။ ဒါကြောင့် နှလုံး တိုက်ခိုက်ခံရ မှုနဲ့ လေဖြတ်ခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါတယ် ။

အရေပြားနဲ့ သံလွင်ဆီ



သံလွင်ဆီရဲ့ ကောင်းကျိုးတွေအရ သံလွင်ဆီကို လိမ်းဆေးအလှဆီအနေနဲ့လည်း ထုတ်လုပ်လာကြပါပြီ ။ အထူးသဖြင့် Extra virgin olive oil ဟာ အရေပြားကို moisturizing စွမ်းရည်ပေးပြီးခြောက်သွေ့တဲ့ အရေပြား ပိုင်ရှင်တွေအတွက် သင့်လျှော်ပါတယ် ။ ဒါ့အပြင် OCM ဆိုတာဟာ Oil cleansing method ဖြစ်ပြီး မျက်နှာကို extra virgin olive oil , castor oil နဲ့တခြားနံသာဆီတွေ ပေါင်းပြီး သန့်စင်စေတဲ့ နည်းတစ်မျိုးလည်းဖြစ်ပါတယ် ။ နားအတွင်းပိုင်းသန့်စင်ဖို့ကို လည်းတစ်ချို့ အသုံးပြုကြပါသေးတယ် ။ သံလွင်ဆီကို မျက်နှာနဲ့ တခြားခန္ဓာကိုယ် က အမွှေးတွေဖယ်ရှားသုတ်သင်ဖို့အတွက် shaving oil အနေနဲ့လည်းအသုံးပြုနိုင်ပါသေးတယ် ။ စမ်းသပ်မှုတွေ အရ သံလွင်ဆီလိမ်းပေးခြင်းဖြင့် သံလွင်ဆီနဲ့ UVB rays တွေထိတွေ့ရင် ကျူမာနဲ့ အရေပြားကင်ဆာတွေကို ကာကွယ်ပေးနိုင်တဲ့အစွမ်းလည်း ရှိနေပြန်ပါတယ် ။

သံလွင်ဆီဟာ အလာ့ဂျစ် ဓါတ်မတည့်မှုတွေမဖြစ်စေနိုင်ပါဘူး ။ သံလွင်ဆီမှာ ၀မ်းပျော့စေတဲ့ laxative စွမ်းရည် ရှိပြီး ဒါကြောင့် သူ့ကို stool softener အဖြစ်သုံးနိုင်ပါတယ် ။ ဒါ့အပြင် အူတွေကျုံ့တာ ကိုလည်း တား ဆီးပေးနိုင်ပါတယ် ။ သံလွင်ဆီမှာပါတဲ့ Oleocanthal ဟာ cyclooxygenase (COX) အင်ဇိုင်းကို တား ဆီးပေး တဲ့ Non-selective inhibitor လည်းဖြစ်ပါတယ် ။ အကိုက်အခဲပျောက်ဆေးထဲက ibuprofen နဲ့သွားဆင် ပါတယ် ။

သံလွင်ဆီရဲ့ ကောင်းကျိုးတော်တော်များဟာ ထပ်ပြီး ရှာဖွေရရင်တော့ ပြောကုန်နိုင်မယ်မထင်ပါဘူး ။ ဒါကြောင့် အစွမ်း ထက် သံလွင်ဆီရဲ့ ကောင်းကျိုးကို ဖော်ပြပေးရင်း ဒီတင်ပဲရပ်နားပါရစေ ။း

Ref : wikipedia

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, March 25, 2011

နေခြည်


နေခြည်

ဝါလဲ့လဲ့ ရွှေရောင်ကောင်းကင်အောက်မှာ
လေညှင်းတသွဲ့သွဲ့...
နေခြည်ဟာ...လှပ၀င်းလဲ့လို့နေတယ်...
ဝင်းမွတ်အိစက်တဲ့...
ပကတိအလှတရားရဲ့သွန်းလုပ်မှုနဲ့အတူ
သူမဟာ ဧကရီဆန်ဆန်...
ကဗျာတစ်ပုဒ်ရဲ့ ငြိမ်းအေးသက်ဝင်မှုမှာ
နွှဲနွှဲ့လေး ခိုဝင်လို့.......
နေခြည်.......
ရင်ခွင်မှာ လှိုင်းတို့ပြင်းထန်တယ်...
ပျော့ပြောင်းတဲ့ ရွှေအိုရောင် ဆံနွယ်တွေဟာ....
ငါရေးဖွဲ့မပြနိုင်တဲ့....အလင်္ကာတွေ...
ရင့်ကျက်မှုနဲ့ မဟာဆန်လွန်းနေခဲ့တယ်
အို....နေခြည်ရေ...
နင်လာရာလမ်းတလျှောက်မှာ....
နှင်းဆီတို့ ဦးညွှတ်ကြ...
ရော်ရွက်ဝါတွေလည်း
တိတ်ဆိတ်ဆွံ့အ...
အရာအားလုံးဟာ....နစ်မျောပျော်ဝင်လို့
နေခြည်...
ရင်ခွင်ကိုဖြန်းပတ်ပါ...
ကြယ်တွေကင်းတဲ့ကမ္ဘာမှာ
နင်ဟာငါ့အတွက်...
ကြယ်တစ်စင်းလည်းဖြစ်ရဲ့
အဘယ်နတ်သမီးရဲ့....
ဝိဥာဉ်တော်များလဲ...
ရွှေ...နေခြည်ရယ်....

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အချစ်သင့်သူ


အချစ်သင့်သူ

ချစ်တတ်ဖို့ မကြိုးစားခဲ့ပေမယ့်
ဖျက်ကနဲ...မင်းပုံရိပ်တွေ
အရာရာ....အရာရာဟာ..
ဆို့နင့်လို့.....
ဘာကြောင့်များ ဆုံတွေ့ပေးခဲ့ရသလဲ
ခပ်နုံနုံ ကံကြမ္မာက
လှောင်ရယ်ရက်လွန်းတယ်
စနစ်တကျ...နဲ့
သွန်းလောင်းထုဆစ်ပြီးခါမှ
ခွဲခွာဖို့ ဆိုတဲ့ ခေါင်းစဉ်တပ်
ခပ်ထက်ထက်ဓါးနဲ့ စိုက်ခဲ့တယ်
ပြဇတ်လည်းမဆန်ခဲ့ဘူး
လွမ်းခန်းလည်းမရောက်ခဲ့ဘူး
စကတည်းက ပြီးခဲ့တဲ့ဇတ်လမ်းမှာ
အချစ်ဆိုတာ...တရားခံများလား ??
ဆွေး စမ်း ကွယ် ......
အရိုးထဲထိတိုင်အောင်
ငါ့..အတွက်နေခြည်ဟာ
ကမ္ဘာမြေရဲ့.....ဟိုးအဝေးမှာ...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခေတ်နဲ့စနစ်


ခေတ်နဲ့စနစ်

ကျွန်းကိုင်းမှီကိုင်းကျွန်းမှီတဲ့
လူနဲ့ မာနကလည်းရိုင်းပင်းလို့
ခေတ်လည်းပျက် စနစ်လည်းပျက်
လူရာဝင်သလိုလို မ၀င်သလိုလို
နောက်ဆုံးတော့လည်း အားလုံးဟာ မြေစာပင်..
သမိုင်းဆိုတာကလည်း...
နစ်မျောပျော်ဝင်နေဖို့ထက်
တခုတ်တရ ရှိစေဖို့
ဓါးထက်ထက်တွေ..
ခေတ်သစ်မြေကျွန်စနစ်မှာ
ငါတို့ ၀ိဥာဉ်တွေမြှုပ်နှံခံထားရတယ်..
မြို့ပျက်ညရဲ့ မာကျူရီနဲ့
ဆေးဆိုးပန်းရိုက်တွေ...ဖက်ရှင်ကျလွန်းရဲ့
ရောဂါဆိုး...ကပ်ဆိုး
နောက်ဆုံးခါးသီးလွန်းတဲ့....စနစ်ဆိုး
ဘီလူးမှန်းသိအောင် ..အစွယ်တွေပြ
မိုးကောင်းတုန်းတော့ ၀ုန်းဒိုင်းကိုကြဲလို့
အရိုးစွဲနေတဲ့ လူသားတွေ
မျက်စိတွေမှိတ်..နားတွေပိတ်
ဝါးလုံးခေါင်းထဲပဲ..လသာကြ
မျှော်လင့်ခြင်းမနက်ဖြန်ကတော့
ဘယ်တော့မှ..
ဘယ်...တော့....မှ ......
ရောက်လာလိမ့်မယ်မဟုတ်ဘူး
ကိုယ့်ဓါးကိုယ်သွေး
ကိုယ့်ယုံကြည့်ချက်ကိုယ် ထိုးစိုက်လို့...
တို့တွေ...
တို့ တ တွေ.......
ပြန်လည်မွေးဖွားကြဖို့တော့လိုပြီ ...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ငါ့ ..ဈာပန


ငါ့ ..ဈာပန

တစ်ချိန်ချိန်မှာပေါ့...
ရိုးတံပြိုင်းပြိုင်းနဲ့
ကောင်းကင်က သုဿန်ဆန်နေလိမ့်မယ်
တိမ်တွေကလည်း ညိုလို့..
ကြယ်တွေတောင် လင်းလက်ခွင့်မရတဲ့ည
ငါ့...ဈာပနမှာ
ရင်ခွင်ဗလာတွေနဲ့ လာရောက်ကြ
စုတ်ပဲ့တဲ့ အတွေးတွေ
ညစ်ပေတဲ့ ဒဿနတွေတော့ စွန့်ခဲ့
ငါသွားရောက်မယ့်နယ်ပယ်ဟာ
ဖြူစင်သန့်ရှင်းနေလိမ့်မယ်
အရာအားလုံးကိုထားရစ်လို့
မဟူရာ ခရီးရှည်ကိုဆက်မယ်...
ကဗျာတစ်ပုဒ်...၀ိုင်တစ်ခွက်
နှင်းဆီတစ်ခက်ကတော့
မြေပုံမို့မို့ပေါ်...ခိုတွဲ....
ငါသိခဲ့တဲ့ ဓမ္မ နဲ့ အတ္တ
အရာရာဟာ မှေးမိန်ေ၀၀ါးလို့
တစုံတယောက်က ငေးကြည့်ချင်ကြည့်မယ်
(ဒါမှမဟုတ်)........
ငါ့ဈာပန မှာ....
လွမ်းတတ်သူများမလာရ..
အပစ်တွေကို ခါချရင်း
ဖြူဝင်းသန့်စင်မှုနဲ့ငါ...စီရင်မယ်
အဲဒီ....တစ်ချိန်ချိန်ပေါ့
တစုံတရာ ပတ်သတ်ခဲ့ဖူးသူဟာလည်း
ရီ ဝေ စွာ ....
ဝေ သီ စွာ . . .
ငေးကြည့်နေလိမ့်မယ် .......

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 23, 2011

အချစ်ဆိုတာ (၁)

အချစ်ဆိုတာ (၁)





၁ ။ အချစ်ဆိုတာ ရင်ထဲက တူးဖော်ရရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတ ပစ္စည်းသာလျှင်ဖြစ်တယ် ။ သုံးစွဲတတ် ရင် အ ကျိုးရှိသလောက် မသုံးစွဲတတ်ရင် အန္တရာယ်ရှိတယ် ။

၂ ။ အချစ်ဆိုတာ တခါတခါ ကဗျာလှလှလေးတွေဖြစ်စေနိုင်သလို တခါတရံ ကြောက်မက်ဖွယ် စစ်ပွဲတွေ လည်းဖြစ်စေနိုင်တယ် ။

၃ ။ အချစ်ဆိုတာ အသုံးချခံနေရတဲ့ပစ္စည်းတစ်ခုလည်းဖြစ်တယ် ။ ရယူပိုင်ဆိုင်လိုခြင်း ၊ ဂရုစိုက်ခံလိုခြင်း ၊ ကြင် နာ မှု ရယူလိုခြင်းစတဲ့ အရာတွေကို အချစ်လို့ခေါင်းစဉ်တပ်ပြီး အချစ်ဆိုတာကို နေရာအနှံ့အပြားမှာ အသုံး ချနေကြ တယ် ။

၎ ။ တချို့က ကိုယ်က တစ်ယောက်ယောက်ကို ချစ်မိရင် အဲဒီတစ်ယောက်ဆီက အချစ်ကို ပြန်လည်ရ ယူလိုကြတယ် ။ ဒါဟာ သူတပါးကို ချစ်ခြင်းမဟုတ်ပဲ ကိုယ့်ကိုယ်ကို ချစ်ခြင်းသာ လျှင်ဖြစ်လိမ့်မယ် ။ တကယ်ချစ် မိပြီဆို ရင် သူ့ဆီက ဘာမှလိုချင်စိတ်ရှိမှာမဟုတ်ပါဘူး ။ တစ်မိုးအောက်ထဲမှာ သူရှိနေတယ်ဆိုတဲ့အသိ ဘ၀ကို ကျန်းကျန်း မာမာ နဲ့ပျော်ရွှင်စွာ သူဖြတ်သန်းနေတယ်ဆိုတဲ့ အသိလေးနဲ့ တင် လောကကြီး က ကျေနပ်ဖို့ကောင်း ပါတယ် ။

၅ ။ အချစ်ဆိုတာ တခါတရံ တစ်စုံတစ်ခုကိုတွေးပြီး ကြည်နူးနေရတာဟာလည်း ကျေနပ်စရာကောင်းပါတယ် ။ သိပ်များများစားစားရှုပ်ထွေးစရာမလိုပါဘူး ။

၆ ။ တဏှာ ၊ ရမ္မက်အခြေခံထားတဲ့ အချစ်ဟာ ပြိုကျပျက်ဆီး လွယ်ပြီး မေတ္တာတရား အခြေခံထားတဲ့အချစ် သာ လျှင် အေးငြိမ်းတည်မြဲနိုင်တယ် ။

၇ ။ အချစ်ဆိုတာ ဘာမှမဟုတ်တဲ့ အကြည့်လေးတစ်ခု ၊ မျက်တောင်လေးတစ်ချက် ၊ ရင်ခုန်သံလေး တစ်ချက် နဲ့ နောက် ဆုံး အိပ်မက်လေးတစ်ခုလည်းဖြစ်နိုင်တယ် ။

၈ ။ အချစ်စစ်ဖြစ်ဖို့ အချိန်မလိုဘူး ၊ နေရာမလိုဘူး ၊ ကန့်သတ်ချက်တွေမလိုဘူး ၊ စစ်မှန်တဲ့ ရင်ခုန်သံသာ ဖြစ်ဖို့လိုတယ် ။

၉ ။ ပေါင်းရသည်ဖြစ်စေ မပေါင်းရသည်ဖြစ်စေ အချစ်ဟာ အချစ်ပါပဲ ။ အချစ်စစ် အချစ်မှန်အဖို့ ပေါင်းရခြင်း ၊ မပေါင်း ရခြင်းဟာ အဓိက မကျဘူး ။ ရင်ခုန်သံခြင်းနီးနေဖို့သာလိုတယ် ။

၁၀ ။ အတ္တ ၊ မာနနဲ့ သံသယ ဟာ အချစ်ရဲ့ ရန်သူဖြစ်တယ် ။ စောစောစီးစီး ရှင်းလင်းဖို့ လိုတယ် ။ နားလည် ခွင့်လွှတ်ပေးနိုင် မှုဟာလည်း အချစ်ရဲ့ မြတ်နိုးစရာဂုဏ်သတ္တိတစ်ခုသာဖြစ်တယ် ။

(အချစ်ဆိုတဲ့အရာအပေါ် ကျွန်တော့်ရဲ့ ထင်မြင်ချက် ခံယူချက်ကို ချရေးယုံ သက်သက်ပါပဲ )

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ခရမ်းနုရောင် ... ရိုးသားခြင်း

ခရမ်းနုရောင် ... ရိုးသားခြင်း




လူတစ်ချို့က...လူတစ်ချို့ကိုစားသုံးလျှက်
ကောင်းကင်ကြီးကတော့....မီးခိုးတိတ်ဝါဒတွေနဲ့
တိတ်ဆိတ်စွာပဲနေတယ်...
မုသားတွေလိမ်းကျံထားတဲ့
ပုပ်အက်ခြောက်သွေ့တဲ့ နှုတ်ခမ်းတွေမှာ
ချောက်နက်နက်တွေအပြည့်
နေရောင်ကလည်း...အပူပေါ်အပူဆင့်လို့
တန်ခိုးကြီးထွားပြလွန်းတယ်
ရန်ကုန်မြို့ရဲ့ ပလက်ဖောင်းတွေပေါ်က
ဆေးဆိုးပန်းရိုက်ခြေရာတွေ...
ခရမ်းရောင်ဂီတနဲ့ အစွယ်တွေတဖွားဖွား..
ရိုးသားသူများအပြင်မထွက်ရ
တိတ်ဆိတ်တဲ့ညတစ်ညကလည်း
အမှောင်ထုအောက်မှာ ငုတ်တုတ်ကြီးမေ့လို့
မာယာ...မာယာ လို့အော်ရင်း
မီးစွယ်မီးလျှံတွေထဲ...
သရော်ပြုံးတစ်ချက်နဲ့သူ...ခုန်ချလိုက်တယ်
နောက်ဆုံး...ပွဲလဲပြီး မီးလဲသေ ပဲ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 22, 2011

Responsibility

Responsibility




လူတိုင်းလူတိုင်းမှာ responsibility လို့ခေါ်တဲ့ တာဝန်ယူနိုင်မှု ၊ တာဝန်ယူခြင်း ကို အကြိမ် ၃ ကြိမ် ကြုံရလေ့ ရှိပါတယ် ။ ပထမအကြိမ်ကတော့ ငယ်ရွယ်သေးတဲ့အချိန် မိဘအုပ်ထိမ်းမှုလက်အောက်မှာ ရှိတဲ့အချိန်မှာ ကိုယ့်ရဲ့တာဝန်ကို မိဘက ယူလေ့ရှိပါတယ် ။ ဒုတိယအကြိမ်ကတော့ အချိန်တန်လူလားမြောက် ဥစ္စာရှာတဲ့ အရွယ်မှာ ကိုယ့်ကိုယ်ကိုယ်ထိမ်းကျောင်းပြီး ကိုယ့်တာဝန်ကိုယ်ယူရပါတယ် (အဲဒီအချိန် ကိုယ့်တာဝန်ကိုယ် ယူနိုင်ပြီဆိုရင်တော့ မိဘရဲ့ တာဝန်ကိုပါ သားသမီးက တစ်ပြန်တာဝန်ယူ ထမ်းထောင် ရပါတယ် ။ တတိယ အကြိမ်ကတော့ အိမ်ထောင် ရပ် သား ကျပြီးလို့ မိမိခင်ပွန်း ၊ မိမိမိန်းမရဲ့ တာဝန်ကို ယူရခြင်း (အိမ်ထောင့်တာဝန်)ပဲဖြစ်ပါတယ် ။ ကဲ ဒါဆို ကျွန်တော်တို့ အဲဒီထက်ပိုပြီး ဖြန့်ကျက်တွေးကြည့်ရအောင် ။ ဆရာနဲ့တပည့်ကြားရော ၊ စောင့်ရှောက် သူနဲ့ အစောင့်ရှောက်ခံသူရဲ့ကြားရော ၊ နောက်ဆုံး ချစ်သူရည် စားတွေကြားမှာရော ဘယ်လို တာဝန်ယူမှုမျိုး responsibility မျိုးရှိသင့်သလဲ ၊ ရှိဖို့ လိုအပ်လဲ ရှိရမလဲ ဆိုတဲ့အကြောင်းလေး ဆွေးနွေးကြည့်ရအောင် ။

အဓိက ပြောချင်တာကတော့ “ လက်မထပ်ရသေးပါကွာ ဒီကောင်မလေးကို ငါတာဝန်ယူစရာမလိုပါဘူး ငါတစ်ခု ခုကျူး လွန်လိုက်တော့ရော ဘာဖြစ်လဲ ဒါလေးအတွက်နဲ့ ငါက ဘာကိုတာဝန်ယူရမှာလဲ ” ဆိုတဲ့ တကိုယ်ကောင်း ဆန်ဆန် ကိုယ့်ဖို့တစ်ဖို့တည်းသာ ကြည့်တတ်တဲ့ ကာမမုဆိုးတွေကို ပစ်မှတ်ထားပြောလိုခြင်းဖြစ်ပါတယ် ။ ကဲ ဆိုပါစို့ဗျာ ။ ဆိတ်ကွယ်ရာ တစ်နေရာမှာဆိုပါစို့ ။ ခင်ဗျားနဲ့ ကောင်မလေးတစ်ယောက်ရှိနေကြတယ်ဆိုပါစို့ ။ အဲဒီကောင်မလေးဟာ ခင်ဗျားနဲ့ ချစ်သူဖြစ်ချင်ဖြစ်မယ် ၊ သူငယ်ချင်းဖြစ်ချင်ဖြစ်မယ် ၊ အီစီကလီ လည်းဖြစ် ချင်ဖြစ်မယ် ။ အဲဒီအခါမှာ ခင်ဗျားက စိတ်မထိမ်းနိုင်လို့ တစ်စုံတစ်ခုကျူးလွန်မိပြီဆိုပါစို့ ။ နမ်းမိတာ လည်းဖြစ် ချင်ဖြစ်မယ် ၊ လက်ကလေးကိုင်တာ ပါးကလေးကိုင်တာ နောက်ဆုံး သူမရဲ့ ကိုယ်အင်္ဂါအစိတ် အပိုင်း တစ်ခုခုကို ခင်ဗျားက ကိုင်သည်ဖြစ်စေ ၊ အဲဒီကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို အသုံးချပြီး ခင်ဗျားစိတ်ဖျော်ဖြေ ဖို့ အသုံးချမိ သည်ဖြစ်စေ ခင်ဗျားမှာ သူ့အတွက် အကြီးအကျယ် တာဝန်ရှိသွားပါပြီ ။

အဲဒီမှာ ၂ ပိုင်းဖြစ်နိုင်ပါတယ် ။ ပထမတစ်ချက်က ကောင်မလေးကိုယ်တိုင်က ကြည်ဖြူလိုက်လျောတယ်ဆိုပါစို့ ။ ဒုတိယ တစ်ချက်ကတော့ ခင်ဗျားအတင်းတောင်းဆိုလို့ အခြေအနေပေးလို့ ရုတ်တရက်စိတ်ထွေပြားပြီး ဖြစ်သွားတာ လည်းဖြစ်နိုင်ပါတယ် ။ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ခင်ဗျား တစ်စုံတစ်ခု ကိုကျူး လွန်မိပြီဖြစ်တဲ့အတွက် အဲဒီကရလာမယ့် အကျိုးဆက် (outcome) ကို ခင်ဗျား တာဝန်ယူရပါမယ် ။ ဒါဟာ ဘယ်သူ ကမှ ဥပဒေပြ သတ်မှတ်ထားခြင်းမရှိတဲ့ လူ့စည်းကမ်းတစ်ခုလည်းဖြစ်ပါတယ် ။ “ ဟာကွာ နမ်းရုံလောက်လေးနဲ့ သူ့ခန္ဓာကိုယ်ကို ထိတွေ့ရုံလေးနဲ့ ခန္ဓာကိုယ်ကို အသုံးချမိယုံလေးနဲ့ သူ့ကို ငါက မချစ်ပဲ လက်ထပ်ရမလား ” ဆိုတဲ့ မေးခွန်းမျိုးနဲ့ စောဒကတက်ဖို့ မကြိုးစားပါနဲ့ ။ ခင်ဗျားကို တာဝန်သိတတ်မှု ဆိုတဲ့ အကြောင်း နားလည်စေချင်တာနဲ့ ပန်းတစ်ပွင့်ရဲ့ တန်ဖိုးကိုသိစေချင်တာပါ ။ အတင်းလက် ထပ်ခိုင်းနေ တာ မဟုတ် ပါဘူး ။ အဲခင်ဗျား က ချစ်သူရည်းစားတွေရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ Living Together နေမိသွားရင်တော့ လက်ထပ်တာဟာလည်း responsibility ခေါင်းစဉ်အောက်မှာ အကြုံးဝင် လာပါ လိမ့် မယ် ။

ဒီလိုဆိတ်ကွယ်ရာမှာ တစ်စုံတစ်ခုကိုကျူးလွန်မိပြီးမှ sorry ဆိုတဲ့စကားလေးတစ်ခွန်းဟာ ကိုယ့်ရဲ့နှမလေး တစ်ယောက် ကိုအခြားတစ်ယောက်က အဲဒီလို ကျူးလွန်ပြီး အဲဒီလိုတောင်းပန်ရင် ခင်ဗျားကျေနပ်နိုင်ပါ့မလား ။ ဒါဟာလည်း ကိုယ်ချင်းစာတတ်မှုကို နားလည်စေချင်တာပါ ။ “ ကဲ..ဟုတ်ပါပြီဗျာ ဒီလိုဆို ကျွန်တော်က ဘယ်လိုမျိုး တာဝန်ယူရမလဲ ” ဆိုရင်တော့ ဒါဟာ ကာယကံရှင် ၂ ယောက်အပေါ်မူတည်သွားပါပြီ ။ ခင်ဗျားဟာ ကိုယ်ကျူး လွန်မိတဲ့ ကောင်မလေးကျေနပ်အောင် တစ်ခုခုတော့ပြန်လည်လုပ်ဆောင်ရပါမယ် ။ sorry ဆိုတာ ထက်ပိုလေးနက်တဲ့ တောင်းပန်ဖြေရှင်းစကား ဒါမှမဟုတ် သူ့ကို နားလည်အောင် ကြည့်နိုင်တဲ့ အကြည့်လေး တစ်ချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဘယ်လိုမျိုးနဲ့မှ သူမ ကျေနပ်မ လဲဆိုတာကတော့ ခင်ဗျားသူ့အပေါ် ကျူးလွန်မိတဲ့အတိုင်းအဆနဲ့ ခင်ဗျားတို့ ၂ ယောက်ကြားက ရင်းနှီးမှု ၊ အနေအထားတွေနဲ့ပဲ ဆိုင်ပါလိမ့်မယ် ။

အပေါ်မှာ ပြောခဲ့တဲ့ဖြစ်ရပ်မျိုး အပြင်မှာလည်းအမှန်တကယ်ရှိပါတယ် ။ sorry ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ responsibility ကို ဖုံးအုပ်ချင်တဲ့ ခပ်ညံ့ညံ့ယောင်္ကျားအချို့ရဲ့ စရိုက်ကို မီးမောင်းထိုးပြလိုခြင်းဖြစ်ပါတယ် ။ ကျွန်တော်တို့ မွေးဖွားရာကနေ သေဆုံးတဲ့အချိန်ထိ အချိန်တိုလေးအတွင်းမှာ လူပီပီသသပဲ နေကြပါစို့လား ။ ဒီလိုအခြေအနေမျိုးတွေမကြုံရလေအောင် ၂ ဖက်စလုံးဆင်ခြင်ဖို့ လိုအပ်ပါတယ် ။ “ ဘယ်ကျားကမှာ ပါးစပ်ထဲ ၀င်လာတဲ့ အစာကိုထွေးမထုတ်ဘူး ” လို့ ဆင်ခြင်ပေးချင်တဲ့လူတွေအတွက် အဲဒီကျားပါးစပ်ထဲ ၀င်သွားတဲ့ အစာဟာ ကိုယ့်ရဲ့ နှမလေးများဖြစ်နေခဲ့ရင်ဆိုတဲ့ အသိလေးများရှိခဲ့ရင် ဒီလိုဆင်ခြေမျိုးပေး မှာမဟုတ်ပါဘူး ။

နောက်ဆုံးပြောချင်တာကတော့ ယောင်္ကျားတိုင်းကလည်း စိတ်အလို မလိုက် ပဲ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ၊ မာနနဲ့ အရှက်တရားကို ထိခိုက်စေမဲ့ အပြုအမူမျိုးရှောင်ဖို့ လိုသလို မိန်းကလေးတိုင်းကလည်း စိတ်ရဲ့အ လိုမလိုက်ဖို့ အတွေ့အထိမှာ မိန်းမောမသွားဖို့ တစ်ခုခုဆို ကိုယ့်ဖက်က တစုံတရာ အရင်ပေးဆပ် ရမှာပါ လားဆိုတဲ့အသိရှိကြဖို့ လိုအပ်ပါတယ် ။ အမျိုးသားကောင်းတိုင်းသည် ပန်းတို့ကို ချစ်မြတ်နိုးသော ဥယျာဉ်မှူး ကဲ့သို့ ကျင့်ကြံနိုင်ကြပါစေ ။ အမျိုးသမီးကောင်းတို့သည် အိနြေ္ဒ သိက္ခာ အရှက်တရားတို့ဖြင့် ထုံမွှမ်းပြီး မြင်သမျှတင့်တယ်သော ပန်းကောင်းလေးများဖြစ်နိုင်ကြပါစေ ။

www.thettantvillage.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, March 21, 2011

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၃)

ကျွန်တော်နှင့်ဂျီပီဘ၀ (အပိုင်း ၃)




ရာသီဥတုတွေဖောက်ပြန်တော့ နွေရာသီကြီးကို မိုးကရွာနေလိုက်တာ မတိတ်တော့ပါဘူး ။ စရွာတုန်းကတော့ သင်္ကြန် လက်ဆေးမိုးတဲ့ ။ လက်ကလည်းဆေးလို့ မပြီးနိုင်တော့ဘူးလားမသိပါဘူး ။ ဘယ်နေရာသွားသွား စိုစိစိုစိနဲ့ ။ ကျွန်တော့်သူငယ်ချင်းတွေကပြောတယ် ။ မိုးရွာရင်ကောင်းတယ်တဲ့ ။ ဂျီပီဘ၀ အူစိုတယ်ဆိုပါတော့ ။ မိုးလေး မိလိုက် နှာလေးစေးလိုက် ချောင်းလေးဆိုးလိုက် ဆရာဝန်ဆီလာလိုက်နဲ့ ဟုတ်နေတာပါပဲ ။ ဒါပေမယ့် ကျွန်တော့်ဆေးခန်း ကတော့ ပြောင်းပြန်ဗျ ။ သူများတွေ .. ဘာတဲ့ ... ပြတ်တုန်းလပ်တုန်း ၂၃ဆိုလား လကြပ် ရက်ကြီးမှာ လူနာပါးနေတုန်း ကျွန်တော့်ဆေးခန်းက စည်ကားနေလိုက်တာ ။ အဲ မိုးတွေရွာလို့ သူများဆေး ခန်းတွေ လူစည်လာရင်တော့ ကျွန်တော့်ဆေးခန်းက လူနာအလဲကျဲသွားရော ။ ဘာဖြစ်တယ်မသိပါဘူး ။ ကဲ.. ထားပါတော့... ။

ထုံးစံအတိုင်း မိုးတွေအဆက်မပြတ်ရွာနေတဲ့ ညတစ်ညပေါ့ ။ ဒီညတော့ လူနာလေးပါး တုန်း ဆေး စာအုပ်လေး ဖတ်မယ်ဆိုပြီး ကိုင်ယုံရှိသေး ဆေးခန်းထဲကို စုံတွဲတစ်တွဲဝင်လာပါတယ် ။ ပထမတော့ ကျွန်တော် သိပ်မ မှတ်မိဘူး ။ နောက်အသေအချာကြည့်တော့မှ ကျွန်တော်ငယ်သူငယ်ချင်းအောင်ကို ဖြစ်လို့ နေပါတယ် ။ ဒီလိုနဲ့ အား ရ၀မ်းသာနဲ့ကျွန်တော်လည်း ဒီကောင့်ကို နှုတ်ဆက်လိုက်ပါတယ် ။

“ ဟ.. ဟေ့ကောင် ဘယ်ကနေဘယ်လို မျက်စိမှောက်ပြီး ရောက်လာတာတုန်း လာလာ ”

“ ဟာ..သူငယ်ချင်းမင်းကွာ ရှာလိုက်ရတာ မင်းဆေးခန်းကလည်း ငါဖြတ်သွားတာ ငါးခေါက်လောက်ရှိပြီ အခု မှတွေ့တယ် ” ( တိန်.. ဒါဒီကောင်သပ်သပ်နှိပ်ကွပ်တာ )

“ ဟဲဟဲ ..မင်းကမျက်လုံးမှ မကောင်းတာကွ ဘယ်တွေလိုက်ကြည့်နေလဲမှ မသိတာ ကဲဆို.. အလည်ဝင် လာတာလား ငါဘာကူညီပေးရမလဲ ”

ကျွန်တော်ပြောလိုက်မှ အောင်ကိုက သူနဲ့ပါလာတဲ့ ကောင်မလေးကို မိတ်ဆက်ပေးဖော်ရပါတယ် ။

“ ဟီး..မိတ်ဆက်ပေးဖို့ မေ့နေတယ် ဒါငါ့ကောင်မလေး ဇွန်ပွင့်တဲ့.. ဟဲ့ ဇွန်ပွင့် ဒါငါ့သူငယ်ချင်း အရင် ကတော့ ဂေါ်လီရိုက်ဖက်ပေါ့ဟာ အခုတော့ သူက ဆရာဝန်ကြီးဖြစ်နေပြီ ”

(ဟုတ်ကဲ့..လမ်းကြုံရင် ၀င်လည်နိုင်ပါတယ်လို့ ဖိတ်ခေါ်လို့ကောင်းတဲ့နေရာမဟုတ်တဲ့အတွက် ကျွန်တော် လည်း ခေါင်း ညိတ်ပြလိုက်ပါတယ် )

“ ဒီလို သူငယ်ချင်းရ ...ဟို......ဟိုကွာ ..ငါမင်းကို ပွင့်ပွင့်လင်းလင်းပဲပြောမယ်ကွာ ငါတို့ ၂ ယောက် က လက် ထပ်ဖို့ အစီအစဉ်ရှိပါတယ် ။ အခုတော့ မပြည့်စုံသေးဘူး ဆိုပါတော့ကွာ ။ သူက ပဲခူး ဖက်ကကွ ဒီမှာအဆောင် ဌားပြီးလာနေတာ ငါတို့ ...ဟို.. အတူတူနေတာတော့ကြာပြီကွ ဒါပေမယ့် ပြီးခဲ့တဲ့အခေါက်တုန်းက သူ ဘာဆေး မှမသောက်မိဘူး သူငယ်ချင်း ။ ငါလည်းပေါ့သွားတာလည်းပါတယ် ။ အခုသူ ပုံမှန်ရာသီလာရမယ့် ရက် ကိုကျော်နေပြီ သူငယ်ချင်း..အဲဒါ..ငါ...ငါ ဘာလုပ်ရမလဲသူငယ်ချင်း ”

“ ဟင်း...ဖြစ်ရမယ် မင်းကတော့ အရင်တုန်းကလည်းမှတ်မိသေးလား ထုပ်စီးတိုးတုန်းက လည်း မင်း စည်းကျော် လို့ ထမင်းရည်ပူလောင်ခဲ့ပြီးပြီး အခုလည်းစည်းကျော်ပြန်ပြီ ဘာလုပ်ရမလဲဆိုတော့ ယူလိုက်ပေါ့ကွာ အဖတ် တင်တာပေါ့ ”

ကျွန်တော်အဲဒီလိုပြောတာကို သူ့ကောင်မလေးက ကြားပုံပေါ်ပါတယ် ။ ရှက်တယ်လည်းတူပါရဲ့ ။ ခေါင်းကြီးငုံ့ပြီး ဇက်ကြီး လိမ်နေတာ တစ်ယောက်ယောက်က ဇတ်လာလိမ်ထားတဲ့အတိုင်းပဲ ။ ကျွန်တော်လည်း ဆန်ရင်း နာနာဖွတ် ရတာပေါ့ ။ ဟိုကိုသွားပြောလို့မှမရတာ ။ ဒါနဲ့အောင်ကိုက ဆက်ပြောပါတယ် ။

“ ဟာကွာ ..ယူမှာပါကွ မင်းကလည်း အဲဒါကို မပူပါနဲ့ ငါအခု အဲဒီရက်ကျော်နေတဲ့ကိစ္စ ဘာဆက်လုပ်ရမလဲ ခက်နေလို့ ကွ ပြီးတော့ ငါ့အကြောင်းလည်း မင်းသိသားနဲ့ ဘာမှပြည့်စုံတာမှမဟုတ်တာ ”

“ အေးပါကွာ..အေးပါ ..မင်းကတော့ အရာရာနဲ့အကြောင်းကြောင်းကြီးပဲ .. ဒီမှာအောင်ကိုရ အမှန်တော့ ဒီကိစ္စဆို တာမျိုးက ပေါ့သင့်တဲ့အရာမျိုးတော့မဟုတ်ဘူးကွ ကဲမင်းကိုငါမေးမယ်ကွာ အကယ်၍ ကောင်မလေးမှာ ကိုယ်ဝန် ရှိသွားပြီဆိုပါတော့ မင်းဘာဆက်လုပ်ချင်လို့လဲ ”

“ ဟို....ဟိုကွာ မင်းမှာ နည်းလမ်းလေးဘာလေးများမရှိဘူးလား ဟိုကွာ ကိုယ်ဝန်ဖျက်...ဖျက်ချ ”

“ ဘာ..အောင်ကို မင်းဘာပြောတာလဲ မင်းလူသတ်သမားဖြစ်ချင်လို့လား ဒါလူသတ်မှုနော် ဘယ်ရှုထောင့် ဘယ် ဘာသာရေး ကပဲကြည့်ကြည့် ဘယ်လိုလူမျိုးမှ လက်ခံနိုင်တဲ့ ဖြစ်ရပ်မဟုတ်ဘူး ။ မသိနားမလည်သေးတဲ့ အသက်ဝိဥာဉ်ရှင်သန်ခွင့်တောင် မရရှာသေးတဲ့ ကလေးတစ်ယောက်ကို ရက်ရက်စက်စက် ဖျက်ချဖို့ဆိုတာ မင်းမို့တွေးရက်တယ်ကွယ် .. အောင်ကို ငါပြောမယ်သူငယ်ချင်း ငါတို့ အခုလို အသက်ရှင်နေထိုင်နေရတာ ဘာအ တွက်လို့ မင်းထင်လဲ ။ လူပဲကွာ အချိန်တန်ရင်တော့သေကြရမှာပါပဲ ။ ဒါပေမယ့် မသေချင် အချိန် တိုလေးအတွင်းမှာတော့ လူပီသဖို့ လိုတယ် သူငယ်ချင်း ။ ငါတို့ ဘ၀ကို ကောင်းကောင်းမွန်မွန် အဓိပ္ပါယ် ရှိရှိ ဖြတ်သန်းဖို့ လိုတယ်လေ ။ မင်း တစ်စုံတစ်ခုကို ကျူးလွန်ခဲ့ပြီးပြီ ။ အဲဒီကရလာတဲ့ အကျိုးဆက်ဟာ မင်းမှာ အပြည့်အ၀တာဝန်ရှိတယ် သူငယ်ချင်း ။ ဘုရားမကြိုက် တရားမကြိုက် သူများအသက်သတ်ခြင်းဆိုတဲ့ ကံကို မကျူးလွန် ချင်စမ်းပါနဲ့ကွာ ။ ငါလည်းဘယ်တော့မှ အဲဒီလိုလုပ်မှာမဟုတ်ဘူးသူငယ်ချင်း ။ အေး ဒါပေမယ့် ငါမတတ်လို့ ဒီလိုပြောနေတာတော့မဟုတ်ဘူးနော် ။ သူများနိုင်ငံတွေမှာတော့ Therapeutic abortion ဆိုတာရှိတယ် ။ တရားဝင်ခွင့်ပြုထားတာပေါ့ ။ ဥပမာကွာ Ultrasound ရိုက်ကတည်းက ကလေးလေး က သေနေ မယ် ။ ဥာဏ်ရည်မမှီကိုယ်လက်အဂါင်္ချို့တဲ့ လောကကြီးမှာ ဒုက္ခိတ အဖြစ် တစ်သက်လုံးနေနေရမယ့် ကလေး မျိုးပေါ့ကွာ ။ ဒါမျိုးကိုတော့ သူတို့နိုင်ငံမှာ တရားဝင်ခွင့်ပြုပေမယ့် ငါတို့လူမျိုးတွေကတော့ အဲဒီလောက်နှ လုံးသား မမာဘူးသူငယ်ချင်း ...မင်းအဲဒီအတွေးကို ဖျောက်လိုက် သူငယ်ချင်း မင်းကွာ ငါနဲ့ မပေါင်းဖူး တာကျနေ တာပဲ ဒီလိုပြောရတယ်လို့ ”

“ အေးပါကွာ...ငါမှားသွားတယ်သူငယ်ချင်း ငါနားလည်ပါပြီကွာ အခုငါဘာဆက်လုပ်ရမလဲ မင်းပြောပါ ”

“ အခု မင်းလုပ်ရမှာက ကိုယ်ဝန်ရှိမရှိ ဆီးစစ်တဲ့ ကိရိယာ ( UCG strip) ၀ယ်သွားလိုက် အဲဒါနဲ့ နံနက်စောစော ဆီးထဲနှစ်ပြီး စစ်ရမယ် အဲဒီ UCG strip မှာလည်း မြန်မာလို အညွှန်းရေးထားတယ် ။ အဲ ဆီးစစ်ပြီးလို့မှ ၂ ကြောင်းပေါ်ပြီ ကိုယ်ဝန်ရှိသွားခဲ့ရင်တော့ မင်းလုပ်စရာက သူ့ကို လက်ထပ်ပြီး အဲဒီကလေးကိုယူဖို့ပဲ ။ အဲဒီလို မဟုတ်ပဲ ကိုယ်ဝန်မရှိခဲ့ရင်တော့ ဒါဟာ အရင်ကသောက်ခဲ့တဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ effect ကြောင့် ရက်ကျော် တာ ရာသီမမှန်တာဖြစ်နိုင်တယ် ။ အဲဒါကိုတော့ ငါကူညီပေးနိုင် တယ် ဆေးခန်း ကိုပြန်လာခဲ့ သူငယ်ချင်း”

“ အေးကွာ အခုမှပဲ ငါ့စိတ်ထဲ ရှင်းသွားတော့တယ် ကျေးဇူးသူငယ်ချင်း မင်းပြောတဲ့ နည်းလမ်းအတိုင်းလုပ်ပါ့မယ် ကဲ...ငါတို့ သွားဦးမယ် သူငယ်ချင်း သူ့ကို ပြန်လိုက်ပို့ပေးရဦးမယ် ”

“ အေးအေး.. သူငယ်ချင်း ဖြေးဖြေးပြန်နော် ....”

ဒီလိုနဲ့ ကျွန်တော့်ကို နှုတ်ဆက်ပြီး သူတို့ အတွဲပြန်သွားကြတယ် ။ ကောင်မလေးမျက်နှာလည်း အလာတုန်းကလို စိုးရိမ်ပူ ပန်သောကမျိုးမရှိပဲ ကြည်လင်လို့.... ။ ကျွန်တော့်ဆေးခန်း အဲဒီနေ့က လူနာသိပ်မလာပါဘူး ။ ဒါပေမယ့် ရင်ထဲမှာတော့ ကျေနပ်နေမိတယ် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 16, 2011

Multiple Sclerosis ရောဂါအကြောင်း

Multiple Sclerosis ရောဂါအကြောင်း




Multiple Sclerosis ဆိုတာဘာလဲ ?

Multiple Sclerosis ဆိုတာ လူသိနည်းတဲ့ရောဂါတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ် ။ UK နိုင်ငံမှာဆိုရင် လူ ဦးရေ တစ်သိန်းမှာ ၁၂၀ ယောက်ဖြစ်ပွားနှုန်းရှိပြီး နှစ်စဉ်တွေ့ရှိမှုနှုန်းကတော့လူဦးရေ တစ်သိန်းမှာ ၇ ယောက် ခန့်ရှိပါတယ် ။ အပူပိုင်းဒေသတွေနဲ့ ဥရောပမြောက်ပိုင်း တွေမှာအဖြစ်များပြီး မိန်းမတွေ မှာ ယောင်္ကျားတွေထက် ဖြစ်ပွားမှုနှုန်း ၂ ဆပိုများပါတယ် ။ Multiple Sclerosis ကိုဖြစ်ပွားစေတဲ့ အချက်တွေကတော့ genetic ဆိုင်ရာ
အ ချက်ပေါင်း များစွာနဲ့ ပတ်ဝန်းကျင် ( Environmental ) ဆိုင်ရာ အချက်ပေါင်းများစွာရှိပါတယ် ။ မျိုးရိုး လိုက်ဖြစ် ပွားမှုနှုန်းဟာ ၁၅% ရှိပါတယ် ။

Immune စနစ်အရာ CSF လို့ခေါ်တဲ့ ဦးနှောက်နှင့်ခါးရိုးအတွင်းအား ဆက်နွယ်ထားသော လမ်းကြောင်း အတွင်း မှ အရည်( Cerebro-spinal Fluid) အတွင်းမှာ လှုပ်ရှားသက်ဝင်နေတဲ့ T Lymphocytes တွေ မြင့်မား လာပါတယ် ။ဦးနှောက်အာရုံကြော စနစ်အတွင်းမှာလည်း Immunoglobulin ထုတ်လုပ် မှုဖြစ်စဉ်ဟာ မြင့်မား လာပါတယ် ။ Multiple Sclerosis မှာ ဦးနှောက်နှင့် အာရုံကြောရောင် ရမ်းခြင်း တိုက်ခိုက် မှုဟာ သွေးနှင့်ဦးနှောက်အတွင်းလုပ်ဆောင်သူ ( Blood-brain barrier) တွေမှ တဆင့် လှုပ်ရှား သက်ဝင်နေတဲ့ T Lymphocytes တွေ ထိုးဖောက်ဝင်ရောက်ခြင်းမှ စတင် ပါတယ် ။

ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

အဖြစ်များတဲ့ လက္ခဏာတွေကတော့

-အမြင်အာရုံချို့တဲ့ခြင်း
-အာရုံခံခြင်းနှင့်ဆိုင်သော လက္ခဏာများ ခဏခဏ ပြန်လည်ဖြစ်ပွားခြင်း
-နာကျင်ခြင်းကင်းမဲ့သော Subacute spinal cord lesion
-လက်နှစ်ဖက်တွင် လတ်တလောလှုပ်မရခြင်းနှင့် စွမ်းဆောင်ရေများ ဆုံးရှုံးခြင်း (Dorsal column deficit)
-Cranial အာရုံကြော ၆ ခြောင်းမြောက် ချို့ယွင်းခြင်း

အခြားလက္ခဏာများနှင့် CNS Demyelination ၏ ရောဂါဖြစ်စဉ်များ

-အမြင်အာရုံသိမ်ငယ်ခြင်းနှင့်ချို့ယွင်းခြင်း (Afferent pupillary defect)
-ကျောရိုးဆစ် ၊ ခြေလက်များနှင့် လည်ဂုတ်ပိုင်းတွင် ထုံကျင်ခြင်း (Lhermitte's symptom)
-ကိုယ်တစ်ခြမ်းလှုပ်မရခြင်း (Paraparesis)
-ခြေလက်နှင့်ခန္ဓာကိုယ်တုန်ယင်ခြင်း (Postural tremor)
-မျက်နှာရွဲ့ခြင်း ခဏခဏဖြစ်ပေါ်ခြင်း
-Trigeminal neuralgia နှင့် Partial Brown-Sequard syndrome

အာရုံကြောချို့ယွင်းခြင်း demyelinating lesions မှာ သူ့ရဲ့လက္ခဏာ ဖြစ်စဉ်တွေဟာ လတ်တလော အနေ နဲ့ နေ့ရက် (သို့မဟုတ်) ရက်သတ္တပါတ်မျှ ဖြစ်ပွားပြီး ရက်သတ္တပါတ်အနည်းငယ်နဲ့ လအနည်းငယ်မှာပဲ ပြန်ကောင်း သွားလေ့ရှိပါတယ် ။ တခါတလေမှာတော့ လေဖြတ်ခြင်းဆန်ဆန် ဖြစ်စဉ်တွေကိုတွေ့ရလေ့ရှိပါတယ် ။

ဘယ်လိုစမ်းသပ်စစ်ဆေးခြင်းတွေနဲ့ သိနိုင်မလဲ ?

Multiple Sclerosis ကိုသိနိုင်မယ့် တိကျတဲ့ စမ်းသပ်စစ်ဆေးခြင်းဆိုတာ မရှိပါဘူး ။ ဓါတ်ခွဲစမ်း သပ်စစ်ဆေး မှုတွေက ရလာတဲ့အဖြေကို ရောဂါလက္ခဏာတွေနဲ့ ယှဉ်တွဲပြီး ဖြစ်နိုင်ခြေကို တွက်ထုတ် ရတာမျိုးဖြစ်ပါတယ် ။ အခြားဖြစ်နိုင်ခြေတွေကို ဖယ်ထုတ်ဖို့ (Exclude) နဲ့ demyelination ဖြစ်စဉ်ကို သတ်မှတ်ဖို့ စမ်းသပ် စစ်ဆေးမှုတွေကတော့

-MRI , Myelography
-Visual evoked potentials
-အခြား evoked potentials
-CSF Examination (ခါးဆီဖောက်၍ စစ်ဆေးခြင်း)
* cell count
* Protein electrophoresis ( Oligoclonal bands)
* Chest X Ray ( ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း)
-Serum angiotensin-converting enzyme (ACE) - sarcoidosis
(သွေးရည်ကြည်ထဲရှိ အင်ဇိုင်းစစ်ဆေးခြင်း)
-Serum B12
-Antinuclear antibodies - SLE
-Antiphospholipid antibodies စသည်တို့ပဲဖြစ်ကြပါတယ် ။

Multiple Sclerosis ကိုဘယ်လိုကုသမလဲ ?



Multiple Sclerosis ကိုကုသဖို့ဆိုရင်
၁ ။ လတ်တလောဖြစ်ပွားခြင်း ( acute relapse ) ကိုကုသခြင်း
၂ ။ နောက်ပိုင်းပြန်လည်ဖြစ်ပွားမှုအား ကာကွယ်ခြင်း
၃ ။ နောက်ဆက်တွဲပြဿနာများ ( complications) များအား ကုသခြင်း
၎ ။ လူနာ၏ ချို့ယွင်းချက်များ (Disability ) အားကုသခြင်း စသည်တို့ပါဝင်ပါတယ် ။

၁ ။ လတ်တလောဖြစ်ပွားခြင်း ( acute relapse ) ကိုကုသခြင်း

- Methyl prednisolone iv ( 1g နေ့စဉ် ၃ ရက် ) or orally ( 500mg နေ့စဉ် ၅ ရက်)
Steroids တွေအကြာကြီးပေးနေခြင်းဟာလည်း ရေရှည်ဖြစ်လာမယ့် အရာ ( outcome) ကို မပြောင်းလဲပစ်နိုင်ပါဘူး ။

၂ ။ နောက်ပိုင်းပြန်လည်ဖြစ်ပွားမှုအား ကာကွယ်ခြင်း

Azathioprine ကဲ့သို့ Immunosuppressive ဆေးတွေဟာ ပြန်လည်ဖြစ်ပွားမှုကို လျော့ကျစေပါတယ် ။ ရေ ရှည် အနေနဲ့ လည်းကောင်းပါတယ် ။ ခဏခဏပြန်လည်ဖြစ်ပွားနေတဲ့ Multiple Sclerosis မှာတော့ Subcutaneous or IM Interferon beta-1a/b ဟာ ပြန်လည်ဖြစ်ပွားတဲ့အကြိမ်အရေအတွက်ကို ၃၀% ထိလျော့ ချပေးပါတယ် ။ Glatiramer acetate မှာလည်းအလားတူအစွမ်းရှိပါတယ် ။ အထူးအာဟာရတွေဖြစ်တဲ့ Gluten-free , linoleic acid supplements , hyperbaric oxygen therapy တို့ဟာလည်း လူ နာတွေကြား မှာ ရေပန်းစားပါတယ် ။ ဒါပေမယ့် ပိုပြီးကောင်းလာစေတဲ့အချက်တော့မှရှိပါဘူး ။

၃ ။ နောက်ဆက်တွဲပြဿနာများ ( complications) များအား ကုသခြင်း

အရေးကြီးတာက ရောဂါရဲ့ ဘဘာသဖြစ်စဉ်ကို လူနာကို သေချာရှင်းပြဖို့ပါပဲ ။ ဖြစ်ပေါ် လာတဲ့ နောက် ဆက် တွဲ ဆိုး ကျိုးတွေအရ ကုသမှုပေးခြင်းဖြစ်ပါတယ် ။

ဥပမာ (၁) Spasticity ( အရိုးအဆစ်များခိုင်ခြင်း)
ကုသမှု - Physiotherapy
-Beclofen 15-100mg (oral ) , Tizanidine 18-32mg
-Local I.M Botulinum toxim , chemical neuronectomy

ဥပမာ (၂) Impotence ( လိင်စွမ်းဆောင်ရည်လျော့ကျခြင်း)
ကုသမှု - Sildenaifil 50-100mg / 24 hours

၎ ။ လူနာ၏ ချို့ယွင်းချက်များ ( disability ) အားကုသခြင်း

Disability ကိုကုသတဲ့နေရာမှာတော့ specialist သူနာပြုတွေအပါအ၀င် Multidisciplinary team လို့ခေါ်တဲ့ သက် ဆိုင်ရာဆရာဝန်တွေနဲ့ health care professional တွေနဲ့ စုစည်း ပြုစုကုသစောင့်ရှောက်ခြင်းပဲဖြစ်ပါတယ် ။

Multiple Sclerosis ဟာ neurological ရောဂါဖြစ်တဲ့အတွက် ဆေးပညာနဲ့အလှမ်းဝေးတဲ့သူတွေအဖို့ အသေး စိတ် ကျကျသိနိုင်ဖို့ ၊ Medical terms တွေကို သိရှိနိုင်ဖို့ ခက်ခဲလှပါတယ် ။ အချို့ medical terms တွေဟာ တိုက်ရိုက်ဘာသာပြန်ရင် အဓိပ္ပါယ်လွဲမှားမှာစိုးတဲ့အတွက် တတ်နိုင်သမျှဆီလျှော်အောင်တော့ ဖော်ပြပေးထား
ပါတယ် ။ Multiple Sclerosis ဆိုတာ ဒီလိုမျိုးရောဂါပါလား ၊ ဒီလို လက္ခဏာတွေ ရှိပါလား ၊ ဒီလိုကုသနေ ကြပါလား လို့ အနည်းငယ် ဗဟုသုတ ရှိသွားတယ် ဆိုရင်ဖြင့် ဖော်ပြရကျိုးနပ်ပါပြီ ။

Ref : Davidson's Principles & Practice Of Medicine , 20th Edition

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 15, 2011

Los Angeles အနီး ဆိပ်ကမ်းတွင်သန်းပေါင်းများစွာသောငါးများသေဆုံး

Los Angeles အနီး ဆိပ်ကမ်းတွင်သန်းပေါင်းများစွာသောငါးများသေဆုံး




ဆာဒင်းငါးတွေ ငါးသေးသေးလေးတွေသန်းပေါင်းများစွာ Los Angeles အနီး Redondo Beach's King ဆိပ် ကမ်း မှာ သေဆုံးခဲ့ကြရတာဟာ ရေထဲမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့်ဖြစ်နိုင်တယ်လို့ ဗုဒ္ဓဟူးနေ့က တာဝန် ရှိ သူတွေကပြောကြားခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက သန်းပေါင်းများစွာသော ငါးတွေ ဆိပ်ကမ်း မှာသေဆုံးခဲ့ကြရတာဟာ သိပ္ပံပညာတွေကို သတိပေးလိုက်သလိုဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး များ စွာသော ထင်မြင်ချက်တွေရှိလာပါတယ် ။ ကယ်လီဖိုးနီးယား Fish and Game ( CDGF) ဌာနမှ ပညာ ရှင်တွေ ကတော့ ဒီငါးတွေဟာ ရေထဲမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အသက် ရှုကြပ်ကာသေ ဆုံးရ တယ်လို့ ဆိုခဲ့ပါတယ် ။ CDGF မှ တာဝန်ရှိသူ Andrew Hughan ကတော့ ဒါဟာ အမှားအယွင်း တစ်ခုကြောင့် ဖြစ်ရတယ်လို့ ဆိုပြီး ငါးအုပ်ကြီးတွေတောင်ပျောက်ကွယ်နိုင်တယ်လို့ဆိုပါတယ် ။




ပထမအစပိုင်းစမ်းသပ်မှုတွေမှာတော့ သဘာဝအဆိပ်အတောက်တွေ ရှိနေခြင်းလက္ခဏာတွေမတွေ့ရပါဘူး ။ အထူး သဖြင့် domoic acid တို့လိုပေါ့ ဒီလို အက်ဆစ်တွေဟာလည်း ရေနေသတ္တ၀ါတွေကို သေစေနိုင်တယ်လို့ Hughan ကဆက်ပြောခဲ့ပါတယ် ။ ဆက်လက်ပြီးတော့ Hughan က ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး ကျန်း မာရေး ဆိုးကျိုးတွေတော့မရှိပါဘူး ဒါပေမယ့် မြို့တော်အနေနဲ့ သန့်ရှင်းရေးလုပ်ဖို့တော့ လိုလာပါပြီလို့ ဆိုပါတယ် ။




သန့်ရှင်းရေးဟာ တစ်ပတ်လောက်ကြာမြင့်နိုင်ပြီး အနည်းဆုံး ၁၀၀ ၀၀၀ ဒေါ်လာ ကုန်ကျနိုင်ပါတယ်လို့ Redondo Beach မှ Mayor Mike Gin က ပြောဆိုခဲ့ပါတယ် ။ ဗုဒ္ဓဟူးမနက်ပိုင်းတုန်းကတော့ ဆိပ်ကမ်း ကိုပိတ် ပင်ထားခြင်းမရှိခဲ့ပါဘူး ဒါပေမယ့် Departement of Public Works ကိုတော့ ကန့်သတ်ထားပြီး သန့်ရှင်းရေး အတွက်လို့ဆိုပါတယ် ။




ရေမျက်နှာပြင်ရဲ့ ဧရိယာအတော်များများဟာ လေးလက်မခန့်ရှိတဲ့ငါးတွေ တန်တဲ့ချီဖုံးအုပ်ခဲ့ပြီး အချို့နေ ရာတွေမှာ ငါးသေကောင်တွေထူထပ်ခဲ့တယ်လို့ ရဲသား Sgt.Phil Keenan က ပြောဆိုပါခဲ့ပါတယ် ။

www.thettantvillage.com
သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, March 10, 2011

နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန်

နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန်

နွေဥတုထဲ သိသိသာသာ ရောက်ပြီမို့ ရာသီဥတုက တစ်စထက်တစ်စ ပူပြင်းကာနေ၏ ။ နေ့လည်ပိုင်း အချိန်များ တွင် အပူ ချိန်များပြီး ညလယ်ပိုင်းအချိန်များတွင်မူ အေးမြနေတတ်၏ ။ရာသီ ဥတု ပြောင်း လဲနေသော ကာ လဖြစ်သောကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုပေသည် ။ မကြာခင်လည်း မဟာသင်္ကြန် ကျရောက်တော့ မည်ဖြစ်သောကြောင့်ကျန်းမာပျော်ရွှင်စွာ ရေကစားနိုင်ရန်နှင့် နေပူရှိန်ထဲတွင် ဆောင်ရန်ရှောင်ရန်များကိုလည်း သိရှိရန်လိုအပ်ပေသည် ။ မိုးဥတုတွင်သာ တုပ်ကွေးဖျားနာများ များတတ်သည်မဟုတ် ။ နွေရာသီ တွင်လည်း သတိမမူပဲ ကျန်းမာရေးကို ဂရုမစိုက်ပါက ရောဂါပေါင်းစုံဝင်ရောက်တတ်ပေသည် ။ ထို့ကြောင့် နွေရာ သီနှင့် ကျန်းရေးဆိုင်ရာ ဆက်နွယ်နေသော အချက်အလက်များကို ဖော်ပြပေးလိုက်ပါသည် ။

၁ ။ နွေရာသီနှင့် အာဟာရ


နွေရာသီမှာ အာဟာရဓါတ်ကို ညီညွှတ်မျှတစွာ စားသုံးဖို့လိုအပ်ပါတယ် ။ အထူးသဖြင့်ရေ ဓါတ်အမြဲ ဖြည့် တင်းပေး ရန် လိုပါတယ်။ နွေအပူရှိန်ထဲမှာ ချွေးထွက်များတဲ့အတွက် ရေဓါတ်နဲ့ဓါတ်ဆား ( electrolyte) များဆုံး ရှုံးပြီး ရေဓါတ်ခမ်းခြောက်ခြင်း (Dehydration) ကို ခံစားရနိုင်ပါတယ် ။ ဒါကြောင့် နေအပူရှိန်ထဲမှ ပြန် လာပြီး ချွေးထွက်များသောသူများ (ဥပမာ ဂေါက်ရိုက်သများများ ၊ ဘောလုံးသမားများ ) ဓါတ်ဆား ၊ အချိုရည် ၊ ရေနဲ့အရည်ရွှမ်းသော သစ်သီးများကိုစားသုံးရန်လိုအပ်ပါတယ် ။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ ပန်းသီး ၊ လိမ္မော်သီး ၊ သစ်တော်သီး ၊ ရှောက်ချိုသီး ၊ စသည်တို့ကို သင့်တင့်မျှတစွာ စားသုံးပေးရန်လိုအပ်ပါတယ် ။

၂ ။ နွေရာသီနှင့်အားကစား


နေအရမ်းပူတဲ့ နေ့လည်နေ့ခင်းအချိန်များမှာ အားကစားပြင်းထန်စွာလုပ်ခြင်းမှ ရှောင်ရှားသင့်ပါတယ် ။ နေ့ လည်နေ့ ခင်းအချိန်များမှာ ထီး ၊ ဦးထုပ်မပါပဲ နေပူထဲကိုမထွက်သင့်ပါဘူး ။ အပူချိန်လျော့နည်းတဲ့ နံနက်ခင်း နဲ့ ညနေစောင်း အချိန်များတွင်သာကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သင့်ပြီး နေ့လည်အချိန်များမှာတော့ အရိပ် ရ တဲ့ သစ်ရိပ် ၊ ၀ါးရိပ်နဲ့ အိမ်အတွင်းပိုင်းနဲ့အေးမြသောနေရာများတွင်သာ အေးအေးလူလူ အနားယူရန် လိုအပ် ပါ တယ် ။ မဖြစ်မနေ ကိုယ်လုပ်လှုပ်ရှားဖို့ လိုရင်လည်း ရေကို ခဏခဏသောက်ဖို့မမေ့ပါနဲ့ ။

၃ ။ နွေရာသီနှင့် နေထိုင်မှုပုံစံ


နေ့လည်နေ့ခင်း အပြင်ကိုထွက်တဲ့အခါတိုင်း ချည်ထည်ပွပွ လက်ရှည်နဲ့ အဖြူဖျော့ဖျော့များကိုသာ ၀တ်ဆင် သင့်ပါတယ် ။ အဖြူရောင်ဟာ အပူချိန်ကို တန်ပြန်နိုင်စွမ်းရှိပြီး အမည်းရောင်ကတော့အပူချိန်ကို စုပ်ယူထား တဲ့အတွက် ခန္ဓာကိုယ်အပူချိန်တက်စေပြီး ချွေးထွက်များစေပါတယ် ။ အပြင်ကိုထွက်တဲ့အခါတိုင်း ထီး၊ဦး ထုပ်ဆောင်းပါ ။ နိုင်လွန်ကဲ့သို့အကျီင်္များ ကိုယ်ကြပ်အကျီင်္များ ဘောင်းဘီများ ၀တ်ဆင်ခြင်း ကိုတတ်နိုင် သမျှ ရှောင်ကြဉ်ပါ ။ နေပူထဲမှပြန်လာပြီးရေချက်ချင်းချိုးတတ်တဲ့အကျင့်ကို ရှောင်ပါ ။ ရေတ၀သောက် ပြီး ချွေးတိတ် မှသာ ရေချိုးသင့်ပါတယ် ။ ချွေးမတိတ်သေးခင် နေပူထဲမှ ချက်ချင်းပြန်လာပြီး ချက်ချင်းရေချိုးပါက အပူရှပ်ပြီး heat stroke ရနိုင်ပါတယ် ။ အသားအရည်ထိမ်းသိမ်းဖို့အတွက်နေပူထဲထွက်တော့မယ်ဆိုရင် Ultraviolent Ray (UV) ကိုကာကွယ်ပေးနိုင်တဲ့ cream တစ်မျိုးမျိုးလိမ်းထားနိုင်ပါတယ် ။ နေပူထဲမှ ပြန် လာပြီး ရေခဲရေနှင့် မျက်နှာသစ်ခြင်း ၊ ရေခဲရေနှင့် ရေချိုးခြင်းတို့ကိုမှု လုံးဝရှောင်ရှားရပါမယ် ။

၎ ။ နွေရာသီနှင့်သင်္ကြန်



မကြာခင် သင်္ကြန်ကျရောက်တော့မှာဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ဂရုစိုက်စရာအချက်အလက်တွေ အ များကြီး ရှိနေပါတယ် ။ နေပူကြီးထဲမှာ တစ်နေကုန်ရေပက်သူတွေ ၊ ရေပက်ခံထွက်သူတွေအတွက် အပူအအေး မမျှ တပဲ ဖျားနာဖို့လွယ်ကူပါတယ် ။ နေပူထဲ ရေပက်ခံထွက်တော့မယ်ဆိုရင်တော့ တစ်နေ ကုန် ရေစိုပြီး ချမ်းအေးခြင်းကို ကာကွယ်နိုင်ဖို့အတွက် အကျီင်္ထူထူ ၀တ်ဆင်ပါ ။ Sun block cream များလိမ်းပါ ။ ဘီယာ အရက်တို့ကို တတ်နိုင်သမျှ သောက်ခြင်းမှ ရှောင်ကြဉ်ပါ ။ ဘီယာသောက်မှ အရက်သောက် မှမူးပြီးပျော် စရာကောင်း တာမဟုတ်ပါဘူး ။ မြန်မာ့ရိုးရာသင်္ကြန်ဆိုတာ ဒီအတိုင်း ကြည်ကြည် လင်လင်လေးနဲ့လည်း ချမ်းမြေ့ကြည်နူးဖွယ် ပျော်ရွှင်ဖွယ်ကောင်းလှပါတယ် ။ သင်္ကြန်မျာဖြစ်တဲ့ ရန်ပွဲတော်တော် များများရဲ့ အစဟာ အရက်သေစာသောက်စားခြင်းကြောင့်ဖြစ်ရတာပါဆိုရင် သင်ငြင်းနိုင်ပါသလား ။ ဒါကြောင့် သင်္ကြန်အ တွင်းမှာ အရက်ကို အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ရှားစေလိုပါတယ် ။

ဒါ့အပြင်လမ်းဘေး စာတွေဖြစ်တဲ့ အချဉ်ပေါင်းထုပ်များနဲ့ သရက်သီး ၊ မရမ်းသီး စတာတွေကိုလည်း မစားသင့်ပါဘူး ။ လူထူထပ် တဲ့အတွက် ရောဂါပိုးပေါင်းစုံပျံ့နှံ့ပြီး ၀မ်းရောဂါဖြစ်ပွားနိုင်ပါတယ် ။ စားချင် တယ်ဆိုရင် မိမိအိမ်မှာ လတ်လတ် ဆတ်ဆတ် ပြုလုပ်ပြီး ယူဆောင်သွားခြင်းက ပိုပြီးသင့်တော်ပါတယ် ။ ယခုနောက်ပိုင်းသင်္ကြန်တွေမှာ သိမ်မွေ့နူးညံ့မှုတွေပျောက်ဆုံး နေပြီဆိုတာ သင်လည်းသတိထားမိမှာပါ ။အနောက် တိုင်းဆန်ဆန် ပူလောင်တဲ့ ၀တ်စားဆင်ယင်မှု (ခါးပေါ် ၊ ရင်ပေါ် ၊ တင်ပေါ် ) နဲ့ မိန်းကလေးတွေ သရုပ်ပျက် ကခုန်နေခြင်းဟာလည်း ကမ္ဘာ့အလယ်မှာ ဒါငါတို့ရိုးရာမဟာသင်္ကြန်လို့ ၀င့်ကြွားရမှာတောင် ရှက်ဖွယ်အတိဖြစ်နေပါတယ်။အချိန်မှီမပြင်ဆင်ကြရင်ဖြင့် နောင်နှစ်တွေနှစ်တွေမှာ နောင်လာနောက်သားတွေ
အဖို့ သင်္ကြန်ဆိုတာ ဒီလိုဝတ်ရစားရ ဒီလိုကခုန်ရ ဒီလိုမူးရူးရတဲ့ ပွဲပါလားလို့ ထင်မှတ်သွားရင်ဖြင့် တစ်မျိုးသား လုံး အတွက် ရင်လေး စရာဖြစ် ရပ်ကြီးပဲဖြစ်ပါတယ် ။ သပြေခက်နဲ့ငွေဖလားနဲ့ နံ့သာ ရည်နဲ့ ရေမ ပက်နိုင် ရင်တောင် ခွက်စောင်းခုတ်ခြင်း ၊ ကြမ်းတမ်း စွာ ရေကစားခြင်းနဲ့ နှမသားချင်း မကြားဝံ့မ နာသာ စနောက်ခြင်း များကို တို့မြန်မာတွေ ရှောင်ရှားဖို့ လိုလာပါပြီ ။

ယနေ့ခေတ်ကြီးဟာ သတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီ စီးဆင်းနေတာနဲ့အမျှ မဟာသင်္ကြန်ရဲ့ ပုံရိပ်တွေဟာ လည်း အချိန်နဲ့တပြေးညီ အင်တာနက်ပေါ် ၊ ဘလော့တွေအပေါ် ၊ Social network တွေအပေါ်နဲ့ Facebook အစရှိတဲ့ လူသုံးများ Network တွေအပေါ် ရောက်ရှိမှာအမှန်ပါပဲ ။ ရှက်ဖွယ်အတိဖြစ်တဲ့ အနောက် တိုင်းဆန်ဆန် မလုံမခြုံ ၀တ်ဆင်ခြင်းများ နဲ့ လမ်းသရဲပုံစံများကိုရှောင်ရှားပြီး မြန်မာဆန်တဲ့ အမျိုးသား အမျိုးသမီးလေးများ ပုံစံ ယဉ်ကျေးသိမ်မွေ့စွာ ၀တ်ဆင်ြ့ပြီး အတာသင်္ကြန်ကို ဆင်နွှဲကြမယ်ဆိုရင်ဇြင့် “ ကမ္ဘာ့ အလယ်မှာ ဒါတို့ရိုးရာ မဟာသင်္ကြန်ဟေ့ ” လို့ ဂုဏ်ယူဝင့်ကြွား သံတွေညံနေမှာဖြစ်ကြောင်း တင်ပြ ရင်း နွေရာသီ ၊ ကျန်းမာရေးနှင့် သင်္ကြန် ဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ် ။

စာဖတ်သူပရိတ်သတ်များ နှစ်သစ်အခါသမယမှာ စိတ်၏ ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ ပြီး အေး ချမ်းသာယာ ရှိကြပါစေ ။

သက်တန့်ချို
10th March 2011

(ပုံများအား Google Image Search မှယူပါသည်)


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 9, 2011

ခေါင်းအုံးရိုက်ပွဲဆင်နွှဲကြမလား

ခေါင်းအုံးရိုက်ပွဲဆင်နွှဲကြမလား



၂၀၁၁ ခုနှစ် မတ် လ ၅ ရက်နေ့မှာ တရုတ်ပြည်အရှေ့ပိုင်း Shanghai မှာ ခေါင်း အုံးရိုက်ပွဲ ဆင်နွှဲနေကြတဲ့ လူတွေ ကို အခုလိုတွေ့မြင်နိုင်ပါတယ် ။ ဒီပွဲမှာ လူပေါင်း ၁၀၀၀ ကျော် ခန့်ပါဝင် ဆင်နွှဲခဲ့ကြပြီး စိတ်ဖိစီး မှုနဲ့ ပျော်ရွှင်မှု ရစေရယ်ရည်ရွယ်တယ်လို့သိရပါတယ် ။





သက်တန့်ချို
8 March 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

Tuesday, March 8, 2011

ကြီးမားတဲ့ ဂျင်လုံးကြီးနဲ့ဆော့ကြမလား

ကြီးမားတဲ့ ဂျင်လုံးကြီးနဲ့ဆော့ကြမလား




မြို့သားတစ်ယောက်က ၁၀၅ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဂျင်လုံးကြီးကို ကျာပွတ်နဲ့ရိုက်ပြီးကစားနေပုံဖြစ်ပါတယ် ။ ဒီဂျင် လုံးကြီးကို တရုတ်ပြည် အနောက်တောင်ပိုင်း Guizhou စီရင်စုမှ Guiyang ရဲ့ square ရင်ပြင်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ ထားရှိပေးထားပါတယ် ။







Posted @ www.thettantvillage.com
သက်တန့်ချို