Friday, March 30, 2012

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်




ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။ မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မိုးရွာမှ ဂီတသံတွေထွက်လာတဲ့အိမ်ကလေး

မိုးရွာမှ ဂီတသံတွေထွက်လာတဲ့အိမ်ကလေး



အိုး...လှလိုက်တဲ့ အနုပညာဆန်မှုလေး ။ ဒီအိမ်ကလေးက မိုးရွာမှ ဂီတသံတွေတီးခတ်ထွက်ပေါ်လာသတဲ့ ။

ဂျာမနီနိုင်ငံ Dresden မှာတည်ရှိပြီး သူ့ကို Neustadt Kunsthofpassage လို့ခေါ်ပါတယ် မိုးစရွာပြီဆိုတာနဲ့ သံစဉ် ကလေးတွေ ထွက်ပေါ်လာပါပြီ ။

ကဲ စိတ်ကူးလေးက မဆန်းသစ်ဘူးလား ။

သက်တန့်ချို
From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မျက်လုံးတစ်လုံးပဲရှိတဲ့ အမေ

မျက်လုံးတစ်လုံးပဲရှိတဲ့ အမေ



အမေ့မှာ မျက်လုံးတစ်လုံပဲရှီတယ် ။ ကျွန်တော် အမေ့ကို မုန်းတယ် ကျွန်တော့်အတွက်တော့အမေဟာ ရှက်စရာ ပါ ပဲ အမေက ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအဖို့ ထမင်းချက်ကျွေးရတဲ့ ထမင်းချက် တစ်ယောက်ပေါ့ အဲဒီဝင်ငွေနဲ့ပဲ မိသားစုကို အမေ ထောက်ပံ့ပေးထားတယ် ။

ကျောင်းတွေပိတ်ပြီးပထမဆုံကျောင်းပြန်ဖွင့်တဲ့ရက်တစ်ရက်မှာပေါ့ ။ အမေက ကျောင်းကို လာပြီး ကျွန်တော့်ကို သားလေး လို့ နှုတ်ဆက်တယ် ။ ကျွန်တော်ရှက်လိုက်တာ ဗျာ --- ။

ဘာလို့ အမေကျွန်တော့်ကို အဲဒီလိုဆက်ဆံရတာလဲ ။ ကျွန်တော်အမေ့ကို မေ့ထားချင်တယ် အမေ့ကို ကျွန်တော် မုန်းတီးစွာကြည့်ပြီးထွက်ပြေးခဲ့တယ် ။ နောက်ရက်ကျောင်းကိုရောက်တော့ သူငယ်ချင်းကပြောတယ် “ ဟီး မင်းအမေက မျက်လုံးတစ်ဖက်ပဲရှိတယ်နော် ”

ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တယ် ။ အဲဒီလိုပဲ အမေ့ကို လည်းလောက ကြီးထဲ ကနေ ပျောက် ကွယ်သွားစေချင်တယ် ။ တစ်နေ့ ကျွန်တော် အမေ့ရှေ့ရပ်ပြီးအမေ့ကိုပြောခဲ့တယ် ။

“ အမေကျွန်တော့်ကို ဒီလိုလူတွေရယ်စရာဖြစ်အောင်လုပ်နေရင် - - -အမေဘာလို့ မသေနိုင်သေးတာလဲ ”

အမေ က ကျွန်တော့်ကို ဘာမှမတုန့်ပြန်ခဲ့ဘူး ။ တစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော် ဘာပြောမိသလဲ ဆို တာမ သိတော့ သလို အဲဒီတစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော့်အတွေးတွေကိုမရပ်တန့်နိုင်ခဲ့ဘူး ။ ဘာကြောင့် လည်း ဆိုတော့ ကျွန်တော့်မှာဒေါသတွေပြည့်နှက်နေခဲ့တယ် ။ အမေဘယ်လိုခံစားသွားရသလဲဆိုတာ ကျွန်တော် သတိမမူမိခဲ့ဘူး ။

ကျွန်တော်အိမ်ထဲကနေ အပြင်ထွက်ချင်ခဲ့တယ် အမေနဲ့လည်း ဆက်ပြောစရာဘာမှမရှိတော့ပါဘူး ။ ဒါကြောင့် နောက် ရက်တွေမှာ ကျွန်တော်စာကိုပြင်းထန်စွာကြိုးစားခဲ့ပြီး နိုင်ငံခြားမှာ ပညာတော် သင်သွား ရအောင် ကြိုးစားခဲ့တယ် ။

အဲဒီနောက် ကျွန်တော်အိမ်ထောင်ကျခဲ့တယ် ။ ကျွန်တော့်ဘာသာ အိမ်တစ်လုံးဝယ်ခဲ့တယ် ။ သားသ မီးတွေ လည်းရလာခဲ့တယ် ။ ကျွန်တော့် ဘ၀လေးမှာ သားတွေဇနီးတွေနဲ့ ကျွန်တော် ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာပေါ့ အမေက ကျွန်တော့်ဆီကို လာလည်ခဲ့တယ် ။ သူကျွန်တော့်ကို မတွေ့တာ သူ့မြေးတွေ ကိုမတွေ့ တာ နှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့ ။

အမေ တံခါးရှေ့မှာ ရပ်နေတော့ ကျွန်တော့်ကလေးတွေက အမေ့ကိုကြည့်ပြီး အော်ရယ်နေခဲ့တယ် ။ ကျွန်တော် အမေ့ကို မဖိတ်ခေါ်ပဲ ဘာကြောင့် လာရသလဲဆိုပြီး အော်ဟစ်ကြိမ်းမောင်းလိုက်တယ် ။ ကျွန်တော် အမေ့ကို ကြည့်ပြီး “ ကျွန်တော့်အိမ်ကို ခင်ဗျား လာရဲသေးသလား ကလေးတွေကိုခြောက်လှန့်မလို့လား ထွက်သွား စမ်းပါ ဗျာ ” လို့ပြောလိုက်တယ် ။

အမေက တိတ်ဆိတ်စွာပဲ ပြန်ဖြေတယ် ။ “ အို . . သားရယ် အမေ အိမ်လိပ်စာမှားပြီးလာမိတာပါကွယ် ” အဲဒီ လိုပြောပြီးအမေပြန်ထွက်သွားခဲ့တယ် ။

တစ်နေ့မှာ ကျောင်းသားဟောင်း အဖွဲ့ကနေ ကျွန်တော့်အိမ်ကို စာတစ်စောင်ရောက်လာခဲ့တယ် ။ ဒါကြောင့် ကျွန်တော် အလုပ်ကိစ္စနဲ့ခရီးထွက်မယ်ဆိုပြီး ဇနီးသည်ကို လိမ်ခဲ့တယ် ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲပြီးတဲ့အခါ ကျွန်တော် သိလိုစိတ်ပြင်းပြလာတဲ့အတွက် အရင်အိမ်အဟောင်းတဲသာသာလေးဆီကိုပြန်သွားခဲ့တယ် ။

အိမ်နီးနားချင်းတွေကပြောကြတယ် အမေဆုံးသွားပြီတဲ့ ။ ကျွန်တော်မျက်ရည်တစ်စက်မကျမိဘူး ။ သူတို့က အမေ ကျွန်တော့်ဆီပေးခဲ့တဲ့စာတစ်စောင်ကို ကျွန်တော့်လက်ထဲ ထိုးပေးခဲ့တယ် ။

“ ချစ်လှစွာသော သားလေး - - -

အမေသားကို အချိန်တိုင်း သတိရနေပါတယ်ကွယ် အမေ သားအိမ်ဆီလာပြီး သားကလေးတွေကို ခြောက်လှန့်သလိုဖြစ်သွားတာ တကယ်စိတ်မကောင်းပါဘူး ။

သား ကျောင်းသားဟောင်းတွေ့ဆုံပွဲကို လာတယ်ဆိုတာ သိရလို့ အမေ အရမ်းဝမ်းသာပါတယ် ။ ဒါပေမယ့် အမေအိမ်ရာထဲ လဲနေတဲ့အချိန်မို့ သားကိုလာမတွေ့နိုင်တော့ဘူးကွယ် ။ သား ကြီးပြင်းလာ တဲ့ကာလ တလျှောက် လုံးအမေကသားအတွက် အရှက်ရစရာတစ်ခုဖြစ်စေခဲ့တအတွက် အမေ အရမ်းဝမ်းနည်းရပါတယ် စိတ်လည်း မကောင်းဖြစ်မိပါတယ် ။

သားမှတ်မိသေးလား သားငယ်ငယ်တုန်းကပေါ့ သား ဟာ မတော်တဆမှုတစ်ခုဖြစ်ပြီး မျက်လုံး တစ်လုံးဆုံး ရှုံးခဲ့ရ တယ် ။ အမေတစ်ယောက်အနေနဲ့ မျက်လုံးတစ်လုံးထဲနဲ့သားကြီးပြင်းလာရမှာ အမေမကြည့်ရက်ဘူးသားရယ် ဒါကြောင့် အမေ့မျက်လုံးတစ်လုံးကို သားဆီကိုပေးခဲ့တယ် ။

သားဟာ ကမ္ဘာသစ်တစ်ခုကို အမေ့ကိုယ်စားမြင်ပေးနေတဲ့အတွက် အမေ အရမ်းကို ဂုဏ်ယူမိတယ်သား ဒီနေ ရာလေးမှာ အဲဒီမျက်လုံးတွေနဲ့ပေါ့ - - -။

သားကို အရမ်းချစ်တဲ့

အမေ

##################################

သက်တန့်ချို
March -29-2012

My mom only had one eye အားဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, March 27, 2012

မော်လမြိုင် သံလွင်မြစ် နှင့်ကျိုက်မရောသို့ အလည်တစ်ခေါက်

မော်လမြိုင် သံလွင်မြစ် နှင့်ကျိုက်မရောသို့ အလည်တစ်ခေါက်



၂၀၁၂ ခုနှစ်ရဲ့ ၃ လပိုင်းအတွင်းမှာ အလုပ်ကိစ္စနဲ့ ခရီးတွေခဏခဏ ထွက်နေရပါတယ် ။ ပူပြင်းလှတဲ့နွေရာသီမို့ အပူရှိန်ဟာ ပြင်းသထက်ပြင်းထန်လာနေပါတယ် ။ ယခုတစ်ခေါက်လည်း မွန်တို့ ဌာနေ မော်လမြိုင်မြို့ကို ခရီး တစ်ခေါက်ရောက် ခဲ့ပြန်ပါပြီ ။ သံလွင်မြစ်ကူးတံတားက မနက် ၄ နာရီမှဖွင့်တဲ့အတွက်ကားပေါ်မှာ တစ်နာ ရီလောက်တော့ ကားရပ်ပြီးစောင့်ခဲ့ရပါသေးတယ် ။ လှပတဲ့ သံလွင်မြစ်ကူးတံတားကို ဖြတ်ကျော် သွားတဲ့အ ခါမှာတော့ ရှုမငြီးဖွယ်ရာ မွန်တို့ဌာနေ မော်လမြိုင်မြို့က ဆီးလို့ ကြိုနေပါတော့တယ် ။ ခရီးသွားတဲ့အခါ အခက်အခဲ လည်း သိပ်မရှိလှပဲ တည်းခိုတဲ့ သံလွင်မြစ်ကမ်းပေါ်က ငွေမိုးဟိုတယ်ကလည်း အဆင်ပြေလှပါတယ် ။ ရောက်ရောက်ခြင်း ပထမရက်မှာပဲ တောင်ရိုးတန်းပေါ်က ဆိုင်ကယ်နဲ့သွားရတဲ့ နာမည်ကြီး ထန်းရည်ဆိုင် တစ်ခု ကို ရောက်ခဲ့ပါသေးတယ် ။

ထန်းရည်ချို ၊ ငါးအူမြင်းခြောက်ကြော် ၊ ပဲခြမ်းကြော်နဲ့ကြက်သွန်သုပ် ၊ လက်ဖက်သုပ်တို့က လေတဖြူးဖြူးနဲ့ စားလို့သောက်လို့ကောင်းတာကတော့အမှန်ပါပဲ ။



အဲဒီ နောက်မှာတော့ ညနေပိုင်းမှာ မော်လမြိုင်မြို့ က နာမည်ကြီးလို့ ပြောနေတဲ့ အသားလိပ် ၊ ကြာဇံကြော် ၀က်ခေါင်း သုပ်ဆိုင်ကို ရောက်ခဲ့ပါတယ် ။ ပုံမှာမြင်ရတဲ့အတိုင်း ၀က်ခေါင်းသုပ်တစ်ပွဲနဲ့ ၀က်အသား လိပ်ကြော် တစ်လိပ် အားပေးခဲ့တယ် ။ စားလို့ကတော့ အရမ်းကောင်းတာပါပဲ နာမည်ကြီးလောက်ပါပေတယ် ။



ဒီလိုနဲ့ အဲဒီညနေမှာဟိုတယ်ရှေ့က မြစ်ပတ်လမ်းမှာရှိတဲ့ ထိုင်ခံလေးမှာ ထိုင်ပြီး Sea view တွေကို ဓါတ်ပုံရိုက် ဖြစ်ခဲ့ ပါတယ် ။ လှပလွန်းတဲ့ ညနေ နေ၀င်ချိန်မို့ စာရေးလို့ ကောင်းမယ့်နေရာတစ်ခုပဲလို့တွေးမိသေးတယ် ။









နောက်တစ်နေ့မှာတော့ အလုပ်ကိစ္စလေးတွေရှိတဲ့အတွက် ဘယ်ကိုမှ မသွားဖြစ်ခဲ့ဘူး ။ ညနေပိုင်းအချိန်မှာတော့ သံလွင်မြစ် မှာ အရမ်းလှတဲ့ ဇင်ရော်ငှက်တွေအစာကျွေးတဲ့ဆီကိုရောက်သွားခဲ့ရတယ် ။ များပြားလှတဲ့ ဇင်ရော် ငှက်တွေ ကို ကမ်းခြေလိုနေရာမျိုးမှာပဲရှိမယ်ထင်ခဲ့တာ အခုလို သံလွင်မြစ်ကမ်းဘေးမှာ အစာကျွေး သူတွေနဲ့အ များကြီးတွေ့လိုက်ရလို့ ဗွီဒီယိုဖိုင်တောင်ရိုက်ခဲ့သေးတယ် ။ ဖိုင်ဆိုက်ကြီးလွန်းလို့ မတင်ဖြစ်တော့ပါဘူး ။ ဒါကြောင့်ဓါတ်ပုံတွေပဲ တင်ပေးလိုက်ပါတယ် ။





နောက်တစ်နေ့ တနင်္ဂနွေမနက်မှာတော့လိုက်ပို့မယ့်သူလည်းရှိတာကြောင့် ကျိုက်မရောဘုရားကြီးဘက်ကို သွားဖြစ်ခဲ့ တယ် ။ လမ်းမှာ ထန်းတောတွေနဲ့လှပလွန်းတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေအကြိုက်တွေ့မဲ့ ကျိုက် မရော နယ်ပယ်တစ်ခုဖြစ်ပါတယ် ။



မိနစ်၃၀ ကျော်ကျော်လောက် ကားမောင်းပြီးတဲ့အခါမှာတော့ ကျိုက်မရောဘုရားကိုရောက်ခဲ့ရပါပြီ ။ ဘုရားကို ၀င်ဝင် ခြင်း လူတစ်ရပ်ကျော်မြင့်တဲ့ ရှင်စောပုဘုရင်မ မောင်းတော်ကြီးကို တွေ့ခဲ့ရတယ် ။



ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးကို သွန်းလောင်းထုဆစ်ထားတဲ့ပုံသဏ္ဍာန်မှာ မြန်မာနိုင်ငံမှာ အလွန်ရှား တဲ့ ကိုယ်နေ ဟန်ထားဖြစ်ပါတယ် ။ လက်နှစ်ဖက်ကို ထောက်ပြီးပြန်ကြွတော့မယ့်ပုံသဏ္ဍာန်ဖြစ်ပါတယ် ။













ဘုရားမှာ ပန်းကပ်လှူနေတဲ့ပုံပါး)





ရှင်စောပုဘုရင်မကြီးပုံတူ





ထူးဆန်းလှသော အဖီးတစ်ရာပါသော ငှက်ပျောခိုင်





ဘုရားရှေ့မှာ ဒီလိုထူးထူးဆန်းဆန်းရုပ်ထုတွေရှိလို့ရိုက်ခဲ့တယ် သမိုင်းကြောင်းတော့ရှိမှာပါ



ဒါကတော့ အမတေ ဥတဲ့ ကျောက်ဥတွေပါ (နဂါးဥလို့လည်းခေါ်ကြတယ် အမတေရှိရာ အမတေစု ဆိုသလို အခု ဆို အမတေတွေအများကြီး အဲဒီဘုရားဝင်းအတွင်းက ဘုန်းကြီးကျောင်းမှာ စုမိနေပါပြီ



နွားနို့ထဲအမတေဥကို လပြည့်လကွယ် ထည့်ပြီးဘုရားကပ်ရင် နွားနို့က ပုံမှာပါတဲ့အတိုင်းပွက်လာပါတယ်



ဘုရားကြီးဝင်းအတွင်း ဘုန်းကြီးကျောင်းပေါ်မှ ဘုရားစင်



ဘုရားရှေ့ကားပါကင်တွင်အမှတ်တရ



ကျွန်တော့်အားလိုက်ပို့သော ရုံးအဖွဲ့သားများနှင့်အမှတ်တရ

ဒီလိုနဲ့ တနင်္ဂနွေ ညမှာ တည်းတဲ့ဟိုတယ်မှာပဲ ပွဲလုပ်ပြီး တနင်္လာနေ့မနက် ၆း၃၀ ကားနဲ့ ရန်ကုန်ပြန်ခဲ့ပါတယ် ။ ပထမဆုံး အကြိမ် ရောက်ရှိသွားတဲ့ မော်လမြိုင်ခရီးစဉ်ကတော့ အမှတ်တရများစွာနဲ့ ပြည့်နှက်လို့နေခဲ့ရပါတယ် ။

သက်တန့်ချို
March 27-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, March 21, 2012

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု

အံ့သြဖွယ်ရာ သေဆုံးပြီးသားလူရဲ့ Email ကိုလက်ခံရရှိလိုက်တဲ့မိသားစု



Jack Froese ဆိုတဲ့အသက် ၃၂ နှစ်ရှိတဲ့လူဟာ နှလုံး ခုန်မူမမှန်တဲ့ရောဂါတစ်မျိုးနဲ့သေဆုံးခဲ့ပြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူန့လတ်တလော စကားပြောဆိုခြင်းတွေနဲ့လက်တလော သူ့လှုပ်ရှားမှုတွေကို အင်တာနက် မှာတွေ့ လိုက်ရလို့ မိသားစုတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရတယ် ။



ဒီလူရဲ့ သူငယ်ချင်းတွေနဲ့မိသားစုတွေဟာ တမလွန်မှ ရောက်လာတဲ့ အီးမေလ်းတွေကြောင့် ထိတ်လန့် တုန်လှုပ် ခဲ့ရတယ် ။ တကယ်တော့ Jack Froese ဟာ လွန်ခဲ့တဲ့နှစ်ကတည်းက ဂျွန်လမှာ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သေဆုံးပြီး ငါးလအကြာမှာတော့ သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေဟာ ဒီလို ထူးဆန်းပြီး အဖြေရှာမ ရတဲ့ အီးမေလ်းတွေကို သူ့အကောင့်မှ တဆင့်လက်ခံရရှိခဲ့တယ် ။



ဘယ်လောက်တောင်တိကျသလဲဆိုရင် သူငယ်ချင်းတွေနဲ့အတွင်းရေးတွေပါ ပါဝင်ပြီး သေဆုံးစဉ်က ဖြစ်ပျက် ခဲ့တဲ့အကြောင်းအရာတွေပါပါဝင်သတဲ့ ။

Tim Hart ဆိုသူဟာ Jack နဲပ ၁၇ နှစ်လောက်လက်တွဲခဲ့တဲ့အရ့င်းနှီးဆုံးသူငယ်ချင်းဖြစ်ပါတယ် သူဟာ တစ်နေ့ သူ့အီးမေလ်းဖွင့်လိုက်စဉ်မှာ တွေ့လိုက်တာက စာသားနေရာမှာ “ I'm watching ” (ငါမင်း ကို စောင့် ကြည့်နေတယ် ) လို့ရေးထားပြီး ပေးပို့သူနေရာမှာ သူ့သူငယ်ချင်းအကောင့် Sender : Jack Froese ဖြစ်နေခဲ့ တယ် ။ အီးမေလ်းမှာရေးထားတာကတော့ “Did you hear me? I'm at your house. Clean your f*****g attic!!!” တဲ့ (ငါမင်းအိမ်ရောက်နေတဲ့ မင်းငါ့ကိုတွေ့လား မင်းအိမ်ရဲ့ထပ်ခိုးကို ရှင်းထားပါ ) တဲ့ ။



သူ့သူငယ်ချင်းတွေက BBC သတင်းဌာနကိုပြောခဲ့တယ် “ ကျွန်တော်စာဖတ်နေစဉ်မှာပဲ အဖြူရောင် ၀ိဥာဉ် ကိုတွေ့ခဲ့ရတယ် ”

“ ဒါဟာ အရမ်းထူးဆန်းပါတယ် တချို့အကြောင်းအရာတွေက ကျွန်တော်နဲ့ Jack နဲ့ဆက်နွယ်မှု နဲ့ ပတ် သတ်တာတွေပါနေတယ် ”

Jack မသေဆုံးခင်ကတည်းက Tim ရဲ့ အိမ်ထပ်ခိုးမှာ သူတို့အတူ ကွန်ပြူတာနဲ့ချက်တင်ထိုင်ခဲ့ကြတယ် အဲဒီတုန်း ကလည်း Jack က သူ့သူငယ်ချင်းကို ထပ်ခိုးကို ရှင်းပါဦးလို့ပြောခဲ့သေးတယ် ။

ဂျက်နဲ့တစ်ဝမ်းကွဲ Jimmy McGraw ဟာလည်း ဒီလို ထူးဆန်းတဲ့အီးမေလ်းကို ရခဲ့တယ် ။ အီးမေးလ်ထဲမှာ ဂျက်သေ ဆုံးပြီးနောက် သူဒူးခေါင်းဒါဏ်ရာရခဲ့တာတွေကိုလည်းဖော်ပြထားပါသတဲ့ ။ ရေးထားတာကတော့ “ “Hey Jim, How ya doing? I knew you were gonna break your ankle, tried to warn you. Gotta be careful.” တဲ့ ။ (ဟေး .. ဂျင် မင်းဘာလုပ်နေလဲ ငါသိပါတယ် မင်း ဒူးခေါင်းဒါဏ်ရာရနေတယ်မဟုတ်လား ငါမင်းကို သတိပေးခဲ့ပါသေးတယ် သတိထားနော်သူငယ်ချင်း ) တဲ့ ။



ဂျင်က ဆက်ပြောတယ် “ ကျွန်တော်ဂျက်စာပို့တာကိုပြောချင်ပါတယ် ဒါပေမယ့် သူက သေ ဆုံးပြီးသား လူမဟုတ် လား အခုတော့သူကျွန်တော့်ကို ဆက်သွယ်ဖို့ကြိုးစားနေတယ် ”

ဂျက်သူငယ်ချင်းတွေနဲ့ မိသားစုတွေက ဂျက်ရဲ့ ပါ့စ၀ပ်ကို ဘယ်သူမှမသိပါဘူး ပြီးတော့ သူ့အကောင့်ကို တစ်ဦးဦး က Hack လုပ်ပြီးသုံးနေတာလည်းမဖြစ်နိုင်ပါဘူးသူတို့မယုံပါဘူးတဲ့ ။ တကယ်တော့သူတို့ဟာ ဒီလိုထူး ဆန်း တဲ့ အီးမေးလ်တွေကို လက်ဆောင်တစ်ခုအနေနဲ့လက်ခံရရှိခဲ့ခြင်းပါ ။



ဂျက်ရဲ့မိခင် Patty က BBC ကိုပြောခဲ့တာကတော့ “ ကျွန်မထင်တာကတော့သူတို့အဖွဲ့ဟာ အရမ်းလည်းပျော် တတ် တယ် သူတို့က လူတွေကို ပျော်အောင်လုပ်တယ် လူတွေ သတိရနေအောင်လုပ်တယ် ဒါပေမယ့် ကျွန်မ အတွက်တော့ လူတွေသူ့အကြောင်း ပြောနေတာပိုကောင်းမယ်ထင်ပါတယ် ”

မူရင်း - http://www.mirror.co.uk/news/world-news/dead-man-sends-emails-from-beyond-763728

သက်တန့်ချို
March 21-2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, March 19, 2012

၁၅ မိနစ်တစ်ကြိမ်အစာစားနေရတဲ့မိန်းကလေး

၁၅ မိနစ်တစ်ကြိမ်အစာစားနေရတဲ့မိန်းကလေး



အမေရိကန်သူလေး Lizzie Valasquez ဟာ ရှားပါးတဲ့ ရောဂါတစ်မျိုးကို ခံစားနေရပါတယ် ။ သူမမှာထူးဆန်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်း ပုံ အခြေအနေတစ်မျိုးကြုံတွေ့နေရတဲ့အတွက် ၁၅ မိနစ်တစ်ကြိမ်လောက် အစာအစားနေရ တယ်လို့ ဆင်ဟွာသတင်းဌာနမှာဖော်ပြထားပါတယ် ။

သက်တန့်ချို
မူရင်း-ဆင်ဟွာ

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သင်သာ သူ့ကိုတကယ်ချစ်တယ်ဆိုရင် - - - -

သင်သာ သူ့ကိုတကယ်ချစ်တယ်ဆိုရင် - - - -



တခါတုန်းက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ဟာ ချစ်သူတွေဖြစ်ခဲ့ကြတယ် ။ ကောင်လေး က ဆင်းရဲတဲ့မိသားစုက လာတဲ့အတွက် ကောင်မလေး မိဘတွေက သဘောမတူပါဘူး ။ ဒါနဲ့ကောင်လေး က ကောင်မလေးတင်မကဘူး သူ့မိဘတွေသဘောကျအောင်ပါ ကြိုးစားရပါတော့တယ် ။ တချိန်တည်းမှာ ပဲ ကောင် မလေးမိဘတွေက ဒီကောင်လေးဟာ လူကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ သူတို့သမီးလက်ကို ထာဝရ ဆုပ် ကိုင်ထားနိုင်မယ့်သူတစ်ယောက်ဖြစ်ကြော်း သိသွားခဲ့ကြတယ် ။

ဒါပေမယ့် ပြဿနာတစ်ခုရှိနေပါသေးတယ် ။ အဲဒါကတော့ ကောင်လေးဟာ စစ်သားတစ်ယောက်ဖြစ်ပြီး မကြာခင် အချိန်အတွင်းမှာ သူတို့နိုင်ငံမှာ စစ်ပွဲကြီးဖြစ်တော့မှာဖြစ်တဲ့အတွက် စစ်တိုက်ရာဒေသကို တစ်နှစ်ပို့ ဆောင်ခြင်းခံခဲ့ရတယ် ။ ကောင်လေး တာဝန်ကျရာဒေသကို မထွက်ခွာခင် တစ်ပတ်အလို မှာ ကောင်လေး က ကောင်မလေးရှေ့မှာ ဒူးထောက်ပြီးပြောခဲ့တယ် ။

“ နင်ငါ့ကို လက်ထပ်မလားဟင် ” ကောင်မလေး မျက်ဝန်းကနေ မျက်ရည်တွေကျလာပြီး “ အင်း ” လို့ပြန်ဖြေခဲ့ တယ် ။ ပြီးတော့ သူတို့ စေ့စပ်ခဲ့ကြတယ် ။ ကောင်လေး တစ်နှစ်ပြည့်ပြီးပြန်လာတဲ့အခါ လက်ထပ်ကြ မယ်လို့ သူတို့ ဂတိထားခဲ့ကြတယ် ။

ဒါပေမယ့် မထင်မှတ်ပဲ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်တွေက သူတို့ကြားမှာ ပေါ်ပေါက်လာခဲ့ရတယ် ။ ကောင်လေး ထွက်ခွာ သွားပြီး ရက်အနည်းငယ်မှာပဲ ကောင်မလေးဟာ မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ် ။ ဦးခေါင်းပိုင်း မှာ ဒါဏ်ရာအပြင်းအထန်ရခဲ့ရတယ် ။ သူမ ဆေးရုံပေါ်မှာ ပြန်သတိရလာတဲ့အခါ သူမ အဖေနဲ့အမေ က ဘေးနားမှာ ငိုကြွေးနေတာကို တွေ့ခဲ့ရတဲ့အတွက် တစ်ခုခုတော့မှားနေပြီဆိုတာ ကောင်မလေး နားလည် လိုက်တယ် ။

နောက်ပိုင်းမှာ သူမ သိခဲ့တာက ဦးနှောက်ပိုင်းဆိုင်ရာတချို့ပါ ထိခိုက်ခဲ့ရတယ်ဆိုတာပါပဲ ။ သူမ မျက်နှာက ကြွက်သားတွေ ကို ထိမ်းချုပ်ထားတဲ့တချို့သော ဦးနှောက်အစိတ်အပိုင်းတွေဟာ ပျက်ဆီးခဲ့ရတယ် ။ သူမရဲ့ လှပချောမော တဲ့ မျက်နှာလေးဟာလည်း ရုပ်ဆိုးအကျည်းတန်ခဲ့ရတယ် ။ သူမဟာ မှန်မှာ ကိုယ့်ကိုယ်ကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုကြွေးခဲ့တယ် ။

“ မနေ့က ငါဟာ ချောမောတဲ့မိန်းကလေးတစ်ဦးပါပဲ ဒီနေ့တော့ ငါဟာ သရဲတစ္တေတစ်ကောင်ဖြစ်သွားခဲ့ရတယ် ” လို့ ပြော ပြီး တချိန်လုံးငိုကြွေးနေခဲ့တယ် ။ သူမရဲ့ခန္ဓာကိုယ်မှာ မြင်မကောင်းလောက်အောင် ဒါဏ်ရာတွေ ကလည်း ပြည့်နှက်နေ ခဲ့တယ် ။

အဲဒီနောက်မှာတော့ ကောင်မလေးဟာ သူနဲ့ကောင်လေး ထားရှိခဲ့တဲ့ ကတိကို ချိုးဖျက်ဖို့အတွက် ဆုံးဖြတ်ချက် ချခဲ့တယ် ။ ကောင်မလေးက သူ့ချစ်သူကောင်လေးဟာ သူ့ကို လိုချင်တော့ မှာမဟုတ်ဘူး လို့ တွေး ပြီး ကောင်လေး ကို တစ်သက်လုံးဘယ်တော့မှ ပြန်မတွေ့တော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ် ။

ဒီလိုနဲ့ - - -

တစ်နှစ်အတွင်းမှာ ကောင်လေးက ကောင်မလေးဆီ စာတွေအများကြီးရေးခဲ့တယ် ။ ဒါပေမယ့်ကောင်မလေးက တစ်စောင် မှ ပြန်စာမရေးခဲ့ဘူး ။ ကောင်လေးက ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ကောင်မလေးက ဖုန်းမကိုင် ခဲ့ဘူး ။

တစ်နှစ်ပြည့်ပြီးတဲ့အခါ ကောင်မလေးအမေက ကောင်မလေးအိပ်ခန်းထဲ လာပြီး ပြောခဲ့တယ် ။ “ သူ - - -စစ်ပွဲ ကနေ ပြန်လာပြီ ”

ကောင်မလေးက ထိတ်လန့်တကြားအော်ဟစ်ခဲ့တယ် ။ “ အားးးး ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့ အမေ ဒီမှာ ရှိနေကြောင်းလည်းမပြောပါနဲ့ ”

ကောင်မလေးအမေက ဆက်ပြောတယ် ။ “ သူ - - - လက်ထက်ပြီးပြီ ” ပြီးတော့ လက်ထပ် ဖိတ်စာလေး ကို ကောင်မလေးလက်ထဲ ထည့်ပေးခဲ့တယ် ။

ကောင်မလေးရဲ့ နှလုံးသားဟာ ဟိုးနက်ရှိုင်းတဲ့ သဲပြင်အောက်ခြေထဲ ထိ နစ်ဝင်သွားခဲ့သလိုပါပဲ ။ ကောင်မလေး သိလိုက်တာ က သူမ ဟာ ကောင်လေးကိုချစ်နေတုန်းပဲ အခုထိ မေ့လို့မရသေးဘူးဆိုတာကိုပါပဲ ။

ဝမ်းနည်းမှုတွေများစွာနဲ့ သူမဟာ လက်ထပ်ဖိတ်စာလေးကို ဖွင့်ခဲ့တယ် ။

သူမ ဖိတ်စာပေါ်မှာ မြင်လိုက်ရတာက သူမရဲ့ နာမည်ကိုပါပဲ ။

အံ့သြသွားပြီး သူမေးခဲ့တယ် ။ “ ဟင် ..ဒါဘာလဲ ”

တချိန်တည်းမှာပဲ ကောင်လေးဟာ သူမအခန်းထဲကို ပန်းစည်းလေးကိုင်လို့ ၀င်လာခဲ့တယ် ။ သူဟာ ကောင် မလေးရှေ့မှာ ဒူးထောက်လိုက်ပြီး “ နင်ငါ့ကို လက်ထပ်မလားဟင် ” လို့ မေးခဲ့တယ် ။

ကောင်မလေးက မျက်နှာကို လက်နဲ့အုပ်ပြီး “ ငါ ရုပ်ဆိုးသွားပြီ ” လို့ပြောခဲ့တယ် ။

ကောင်လေးက ပြောတယ် “ နင့်ရဲ့ခွင့်ပြုချက်မရပဲ နင့်အမေက ငါ့ဆီကို နင့်ဓါတ်ပုံတွေပို့ခဲ့ပါတယ် ။ ငါ နင့်ဓါတ် ပုံတွေ မြင်ပြီးတဲ့အခါ ငါနားလည်လိုက်တာက ဘာမှမပြောင်းလဲသွားဘူးဆိုတာပါပဲ နင်ဟာ ငါအရမ်း ချစ်တဲ့ သူတစ်ယောက်ဖြစ်နေတုန်းပါပဲ နင်ဟာ အမြဲ ထာဝရ လှနေတုန်းပါပဲ ဘာလို့လည်းဆိုတော့ ငါနင့်ကို ချစ်နေခဲ့လို့လေ ”

#################################

အချစ်ဆိုတာ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မပြောင်းလဲတဲ့ ထာဝရ တည်တံ့တဲ့အရာတစ်ခုပါပဲ ။ သင်သာ သူ့ကိုချစ်နေ မယ်ဆိုရင် သူဟာ အမြဲတမ်း လှနေလိမ့်မယ် သူဟာ အမြဲတမ်းမပြောင်းလဲပဲ ရှိနေပါလိမ့်မယ် ။


မူရင်း - One day, a young guy and a young girl fell in love.

But the guy came from a poor family. The girl’s parents weren’t too happy.

So the young man decided not only to court the girl but to court her parents as well. In time, the parents saw that he was a good man and was worthy of their daughter’s hand.

But there was another problem: The man was a soldier. Soon, war broke out and he was being sent overseas for a year. The week before he left, the man knelt on his knee and asked his lady love, “Will you marry me?” She wiped a tear, said yes, and they were engaged. They agreed that when he got back in one year, they would get married.

But tragedy struck. A few days after he left, the girl had a major vehicular accident. It was a head-on collision.

When she woke up in the hospital, she saw her father and mother crying. Immediately, she knew there was something wrong.

She later found out that she suffered brain injury. The part of her brain that controlled her face muscles was damaged. Her once lovely face was now disfigured. She cried as she saw herself in the mirror. “Yesterday, I was beautiful. Today, I’m a monster.” Her body was also covered with so many ugly wounds.

Right there and then, she decided to release her fiancé from their promise. She knew he wouldn’t want her anymore. She would forget about him and never see him again.

For one year, the soldier wrote many letters—but she wouldn’t answer. He phoned her many times but she wouldn’t return her calls.

But after one year, the mother walked into her room and announced, “He’s back from the war.”

The girl shouted, “No! Please don’t tell him about me. Don’t tell him I’m here!”

The mother said, “He’s getting married,” and handed her a wedding invitation.

The girl’s heart sank. She knew she still loved him—but she had to forget him now.

With great sadness, she opened the wedding invitation.

And then she saw her name on it!

Confused, she asked, “What is this?”

That was when the young man entered her room with a bouquet of flowers. He knelt beside her and asked, “Will you marry me?”

The girl covered her face with her hands and said, “I’m ugly!”

The man said, “Without your permission, your mother sent me your photos. When I saw your photos, I realized that nothing has changed. You’re still the person I fell in love. You’re still as beautiful as ever. Because I love you!”

သက်တန့်ချို
March 19-2012

ဆီလျော်အောင်ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?

ကျွန်တော်တို့ တွေထဲက သူ့ကို ဘယ်နှစ်ယောက်လောက်များသိသလဲ ?



ပထမဦးဆုံး သူဘယ်သူလဲဆိုတာ မရှာဖွေခင်မှာ အရင်ဆုံးသူ့ကိုကျေးဇူးတင်လိုက်ပါ ။ ဘာကြောင့်လဲ ??

သင့်ဘ၀ကို ကယ်တဲ့ သူဖြစ်တဲ့အတွက်ပါ ။ ကောင်းပြီ သူ့နာမည်က ဒေါက်တာ Jonas Salk လို့ခေါ်ပါတယ် သူဟာ ပိုလီယို ကာကွယ်ဆေးဗက်ဆင်းကို တီထွင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ် ။ သူ့တီထွင်မှုက ကမ္ဘာပေါ်က အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တယ် ။ သူ့တီထွင်မှုက ကြီးမားတဲ့ တွေ့ရှိ ချက်ကြီးဖြစ်ချင် မှဖြစ်လိမ့်မယ် ဒါပေမယ့် သူဟာ ရှာတွေ့ခဲ့တဲ့ဗက်ဆင်းကို အသုံးချပြီး သူ့ကိုယ်ကျိုးအတွက်အသုံးမပြုခဲ့ဘူး ။ ဗက်ဆင်းကို သာ သူ့ အကျိုးအမြတ်အတွက်အသုံးချခဲ့မယ်ဆိုရင်သူဟာ ဘီလျှံနာတစ်ဦးဖြစ်နေလောက်ပါပြီ ဒါပေမယ့် သူ့တီထွင်မှုကနေ သန်းပေါင်းများစွာသော ဆင်းရဲတဲ့ ကလေးတွေရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ် ။

ကမ္ဘာမြေကြီးက ဘီဂိတ်အတွက် စတိဂျော့အတွက် အစရှိသဖြင့် celebrate လုပ်ပေးခဲ့တယ် သူတို့တီထွင် ခဲ့တဲ့ နောက်ဆုံးပေါ် နည်းပညာတွေအတွက် ဒါပေမယ့် အခု လူပေါင်းများစွာကို ပိုလီယို ရောဂါဆိုးကြီးကနေ ကာကွယ်ပေးတဲ့ဗက်ဆင်းကို တီထွင်ပေးခဲ့တဲ့ သူတစ်ယောက်ကိုဖြင့် သိကြတဲ့သူအလွန်နည်းပါတယ် ။ ဘယ်လောက်တောင်ဝမ်းနည်းဖို့ ကောင်းသလဲ ?

အခုတော့ သင်သိသွားပြီလေ ဒီတော့ သင့်သူငယ်ချင်းတွေပါသိရအောင် ဒီလူသားတစ်ယောက်ကို အမြဲမမှတ် မိတောင် ဂုဏ်ပြုထိုက်တဲ့သူတစ်ယောက်မို့ သူငယ်ချင်းတို့ FB wall ပေါ်မှာ Share လုပ်ပေးသွားကြပါ ။

သက်တန့်ချို
Ref : Heart Touching Stories

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးဆုရထားတဲ့ခွေးကလေး ယိုဒါသေဆုံးခြင်း

၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးဆုရထားတဲ့ခွေးကလေး ယိုဒါသေဆုံးခြင်း




၂၀၁၁ ခုနှစ်ရဲ့ ကမ္ဘာ့ရုပ်အဆိုးဆုံးဆုရထားတဲ့ခွေးကလေး ယိုဒါ ဟာ အသက် ၁၅ နှစ် အရွယ်မှာပဲ စနေနေ့က ဆုံးသွားပါတယ်လို့  ဆင်ဟွာသတင်းဌာနမှာဖော်ပြထားပါတယ် ။ ခွေးဘ၀မှာတောင် အကျည်းတန်လှပေမယ့် ရုပ်အဆိုးဆုံးဆုတော့ရခဲ့သေးတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, March 17, 2012

ဖိလစ်ပိုင်နိုင်ငံမှ ကြီးမားသော ရွှေရောင်မြေခွေး-လင်းနို့

ဖိလစ်ပိုင်နိုင်ငံမှ ကြီးမားသော ရွှေရောင်မြေခွေး-လင်းနို့



ဦးခေါင်းထိပ်မှာ ရွှေရောင်လေးပိုင်ဆိုင်ထားတဲ့ Flying-fox bat လို့ခေါ်တဲ့ ဒီကြီးမားတဲ့ လင်းနို့ကြီး ဟာတ ကယ်တော့ ရှားပါးတဲ့ မျိုးစိတ် အနွယ်ဝင်ဖြစ်ပါတယ် ။ ရှည်လျှားတဲ့တောင်ပံတွေကိုပိုင်ဆိုင်ပြီး တခါတရံ လျှည် လျား တဲ့တောင်ပံတွေနဲ့ ခန္ဓာကိုယ်ကိုရစ်သိုင်းထုပ်ပိုးထားပုံက လှို့ဝှက်မှု ဆန်လှပါတယ် ။ Flying-Fox လို့ခေါ်ရတဲ့အကြောင်းကဒီကြီးမားတဲ့လင်းနို့တွေရဲ့မျက်နှာက မြေခွေးတစ်ကောင်နဲ့ဆင်တူတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ။

ကမ္ဘာပေါ်မှာ ဖိလစ်ပိုင်နိုင်ငံကသာလျှင် သူတို့ရဲ့ မွေးဖွားကြီးပြင်းရာ စားကျက်ဖြစ်ပါတယ် ။ လူတွေကို အန္တရာယ် မပေးပဲ နေလေ့ရှိပြီး အခုတော့ သစ်တောပြုန်းတီးမှုနဲ့ ဒီလင်းနို့တွေကို ချက်ပြုတ်စားသုံးမှုတွေကြောင့် မျိုးတုန်းပျောက် ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ် ။ သူတို့မှာ အမြီးမပါရှိပဲ သူတို့ရဲ့ တောင် ပံ နှစ်ဖက်အရှည်က 1.5–1.7 m (4 ft 10 in–5 ft 7 in) ဖြစ်ပြီး အလေးချိန်ကတော့weighing 0.7–1.2 kg (1.5–2.6 lb).ဖြစ်ပါတယ် ။

သက်တန့်ချို

ှSource : Strange News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, March 16, 2012

မျက်ရည်တွေကို အပြုံးအဖြစ် ဖန်ဆင်းပေးခြင်း (သို့မဟုတ်) သူစိမ်းသို့ပေးသောပန်းတစ်စည်း

မျက်ရည်တွေကို အပြုံးအဖြစ် ဖန်ဆင်းပေးခြင်း (သို့မဟုတ်) သူစိမ်းသို့ပေးသောပန်းတစ်စည်း



ဒီနေ့ ကျွန်တော် အထူးကြပ်မတ်ခန်းထဲ ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ သတင်းမေးဖို့ ဆေးရုံကို ထွက်ခွာ လာခဲ့တယ် ။ ပန်းဆိုင်ရှေ့ရောက်တော့ သူ့အတွက် ပန်းဝယ်ပေးဖို့ ကျွန်တော် ပန်းဆိုင်ထဲ ၀င်ခဲ့တယ် ။

ဆေးရုံရောက်တဲ့အခါ သူနာပြုဆရာမက အထူးကြပ်မတ်အရေးပေါ်ခန်းထဲကို ပန်းသယ်မရဘူးလို့ပြောတယ်။ ကျွန်တော် ကောင်တာ စားပွဲပေါ်မှာပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ပန်းစည်းကို တင်ခဲ့ရတယ် ။

သတင်းမေးပြီးတဲ့အခါ ကောင်တာပေါ်က ပန်းစည်းကိုပြန်ယူပြီးဓါတ်လှေကားဆီ ကျွန်တော်လျှောက်လာခဲ့တယ် ။ အဲဒီမှာ အမျိုး သမီးတစ်ဦးဟာ နံရံကို မျက်နာမူပြီး ၀မ်းနည်းစွာ ငိုကြွေးနေတာကိုတွေ့လိုက်ရတယ် ။ ကျွန်တော် သူ့ကို အဆင်ပြေရဲ့လားလို့မေးလိုက်တယ် ။ အမျိုးသမီးက သက်ပြင်းချပြီး ပြောတယ် ။ “ ဒီနေရာကလူတွေဟာ ရှင်ကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေမှ ပေးမှာမဟုတ်တာ သေချာတယ် သူတို့က သူတို့ လူ့အသက်တွေ ကယ်နေရတဲ့အတွက် အရမ်းအလုပ်များနေကြောင်းပဲပြောကြလိမ့်မယ် ”

ကျွန်တော်တို့ တစ်မိနစ်လောက်စကားပြောခဲ့ကြတယ် ။ ဓါတ်လှေကားက ဘာကြောင့်ဒီလောက်ကြာတာလဲ ကျွန်တော်အံ့သြနေတယ် ။ နောက်မှ ကျွန်တော်နားလည်လိုက်တာက ကျွန်တော်တို့ အဲဒီအချိန်လေးအတွင်းမှာ အတူရှိပြီး အတူ နားလည်ခံစားမိနေကြလို့ပါပဲ ။

ကျွန်တော် ပန်းစည်းကို သူမကိုပေးပြီးပြောခဲ့တယ် ။ “ ခင်ဗျား ဒါကို လိုအပ်မယ်လို့ထင်ပါတယ် ကျွန်တော်ဒီ ပန်းစည်းခင်ဗျားကိုပေးပါ့မယ် ” ကျွန်တော်သူမပခုံးကို ဆုပ်ကိုင်နှစ်သိမ့်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ပြောခဲ့တယ် ။ သူမမျက်နှာ ဟာ အနည်းငယ်တောက်ပသွားပြီး မျက်လုံးကနေ မျက်ရည်တွေစီးကျလာခဲ့ပြီး ကျွန်တော့် ကို ကျေးဇူး တင်ကြောင်းပြောခဲ့တယ် ။ ဒီလိုနဲ့ ဓါတ်လှေကားကနေ ကျွန်တော်တို့ လမ်းခွဲခဲ့ကြတယ် ။

ကျွန်တော် ကားကို ကားပါကင်မှာ ထားခဲ့တဲ့အတွက် ကျွန်တော် ကားပါကင်ကိုလျှောက်လာခဲ့တယ် ။ အံ့သြစရာ ပါပဲ ဓါတ်လှေကားထဲက အမျိုးသမီးနဲ့ပြန်တွေ့ခဲ့တယ် ။ သူဟာ ကားပါကင်မှာ ကားတွေစောင့် ကြပ်ရတဲ့အမျိုး သမီးဖြစ်နေခဲ့တယ် ။ ကျွန်တော် ကျသင့်ငွေ လေးရာ ကျပ်ထုတ်ပေးတော့ သူက ရုတ်တရက် ပဲ ငွေလေးဆယ်ပဲယူခဲပြီး ကျနော့်ကိုပြောခဲ့တယ် ။ “ ဘာမှမစိုးရိမ်ပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ ” တဲ့ ။

###########################

ဘာရယ်မဟုတ်ဘူး ကျွန်တော်တို့ပြုမူလိုက်တဲ့ အပြုအမူလေးတစ်ခုက လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အများကြီး အထောက်အပံ့ပေးနိုင်ပါတယ် ။ အပြုံးလေးတစ် ချက်ဖြစ်ဖြစ် နှစ် သိမ့်စကားလေး တစ်ခွန်းဖြစ် ဖြစ်ထွေးပွေ့မှုလေးတစ်ခုဖြစ်ဖြစ် မျက်ရည်တွေကို အပြုံးတွေအဖြစ် ဖန်ဆင်းပေးနိုင်ပါတယ် ။

ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို လစ်လျှူရှုမထားပါနဲ့ ။ အားပေးပါ ကြင်နာပါ လက်တွဲခေါ်ပါ ကိုယ်ခန္ဓာ ကျန်းမာရေး က အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်းအရေးကြီးပါတယ် ။ ဂရုတစိုက်နွေးထွေး စွာ ဆက်ဆံ လိုက်ခြင်းက ကိုယ့်အတွက်အပန်းမကြီးလှပေမယ့် တစ်ပါးသူအတွက်ကြီးစွာ သော ခွန်အားနဲ့ စိတ်သက်သာရမှုကိုဖြစ်စေပါတယ် ။

သက်တန့်ချို
March 16-2012

Flowers For A Stranger အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, March 15, 2012

၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး

၂၀ ကီလိုဂရမ်အလေးချိန်ပဲရှိတော့တဲ့အသက်၂၀အရွယ်ပိန်ချင်သူကလေး



သူမ နာမည်က Ksenia Bubenko လို့ေါ်ပါတယ် အသက် ၂၀ နှစ်အရွယ် ဒီအမျိုးသမီးဟာ ကိုယ်အလေး ချိန်လျော့ပြီပိန်ပိန်ပါးပါးလေးဖြစ်ချင်ခဲ့တယ် ။ ပေါင်ချိန်များစွာ ကျအောင် ကြိုးစားပြီးတဲ့အခါမှာလည်းး သူမက ပိန်ချင်သထက်ပိန်တာကို စွဲလန်းလာခဲ့တယ် ။ အခု သူမ ၂၀ ကီလိုဂရမ်ပဲရှိပါသတဲ့ ။



--------------------------------------

အစွန်းရောက်လွန်းတော့လည်း အရိုးစုကြီးလိုပါပဲ ။ ဘုရားဟောတာ သိပ်မှန်တာပဲလို့တွေးမိတယ် အလယ်အ လတ်လမ်းစဉ်ကသာလျှင် အောင်မြင်ခြင်းကိုရောက်နိုင်တယ် ။
















မူရင်း - Ksenia Bubenko is a 20-year-old girl who wanted to lose weight, but after dropping some pounds,she became obsessed with being as thin as possible. Now she weights only 20 kilograms.

Xinhua

သက်တန့်ချို ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................