Monday, August 31, 2009

မြွေဖမ်းတာတဲ့..ကြည့်ကြပါအုန်းဗျာ...

မြွေဖမ်းတာတဲ့..ကြည့်ကြပါအုန်းဗျာ...

အော်...ဒီလူတွေဖမ်းစရာ ရှားလို့ မြွေကိုဒီနည်းနဲ့ ဖမ်းကြတာတဲ့..။ မတွေးရဲ စရာပဲနော် ။ Anaconda မြွေ
အမျိုးအစားတွေကို ဒီနည်းနဲ့ဖမ်းကြတာပါ ။





ပထမဆုံးလက်ကို အ၀တ်နဲ့စည်း ကြပါတယ် ။



ပြီးတော့လက်ကိုအ၀တ်ပတ်ထားတဲ့တစ်ယောက်ကနေ အထဲမှာ မြွေရှိမရှိ ၀င်ကြည့်ပါတယ် ။


ဒီလိုမီးတုတ် လေးနဲ့ ၀င်ကြည့်ရတာပေါ့ ။


ဟော....ဟိုမှာ မြွေကိုတွေ့ပါပြီ ။


သူရဲ့ ပါးစပ်ကို ဖြဲလိုက်ရင် ကြောက်စရာကြီးပါ ။


ဖြဲလိုက်တဲ့ ပါးစပ်ထဲ လက်ကိုထည့်လိုက်ပါတယ် ။ ပြီးမှ အခြားလက်က မြွေကိုယ်လုံးကိုကိုင် ပြီး အပြင်ကိုဆွဲထုတ်ပါတယ် ။


အထဲကလူကို အပြင်ကလူက ခြေထောက်ကိုကိုင်ပြီး ဆွဲထုတ်ပေးပါတယ် ။


ယခုဆိုရင် သူဟာ မြွေကိုဖမ်းမိလာပါပြီ ။


သူတို့အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားကြပါတယ် ..။ သူရဲကောင်းကြီးတွေလိုပေါ့.... ။

သူငယ်ချင်းတို့ လိုက်မစမ်းကြနဲ့နော် ။...

စာရေးသူ....သက်တန့်ချို ....( ၃း၃၀ ညနေ ၃၁.၈.၀၉ )

ယစ်မူးခြင်း



ယစ်မူးခြင်း

တစ်ကယ်ပါကွယ်.......
မင်းရဲ့ ...နှင်းဆီပန်းခင်းတွေနဲ့.....
ငါ့ရင်ကို...ပျိုးခဲ့ချင်ခဲ့တာ.....
ဒါပေမယ့်...ငါ့မှာ...
ရှင်သန်စရာ....
မြေဆီမြေနှစ်မှ မရှိခဲ့ပဲ......

တစ်ကယ်ပါကွယ်.......
မင်းရဲ့ ....လက်တစ်စုံနဲ့...
ငါ့ရင်ကို...နွေးထွေးစေချင်ခဲ့တာ......
ဒါပေမယ့်...ငါ့မှာ....
နူးညံ့ညံ့...ရင်ခွင်တစ်စုံမှမရှိခဲ့ပဲ.....

တစ်ကယ်ပါကွယ်..
မင်းရဲ့......သီချင်းတစ်ပုဒ်နဲ့.....
ငါ့မှာ....ယစ်မူးချင်ခဲ့တာ.....
ဒါပေမယ့်....ငါ့မှာ....
ရင်ခုန်စရာ....နှလုံးသားမှမရှိခဲ့ပဲ........

ကောင်မလေးရယ်.......
မင်းရဲ့ရင်ခွင်...ကကြိုးတစ်ပုဒ်ဟာ......
ငါလိုတေလေအတွက်.....
ကြီးကျယ်...မြင့်မြတ်လွန်းတယ်ဆိုတာ......
မင်းမှမသိခဲ့ပဲကွယ်.......

သက်တန့်ချို......( စနေည ၁၀း၀၀ ၂၉.၈.၀၉ )

ကဗျာ



ကဗျာ

ကဗျာဆိုတာ...ဘာလဲတဲ့...
မင်းမေးခဲ့တယ်...
ငါဖြေပေးမယ်....သူငယ်ချင်း....
ဒါပေမယ့်...
မင်းအရေခွံတော့...ခွာထားဖို့လိုမယ်...
ကဗျာဆိုတာ.....
နှင်းဆီတစ်ခက်....
ကလောင်သွေးတစ်စက်.........
လောကရဲ့ ' မှန် '
လူတွေရဲ့မာန်တွေကို.....
ခွာချပေးမယ့်အရာ.......
လိုအပ်ရင် တိုက်ပွဲဝင်မယ့်.....
ဓါးတစ်လက်လည်းဖြစ်နိုင်ကောင်းပါရဲ့.......
လူတွေရဲ့ ....
အရိုင်းဆန်ဆန် .......
ဟန်ဆောင်ပြိုင်ဆိုင်ချင်းတွေကို......

သက်တန့်ချို......( စနေည ၉း၀၀ ၂၉.၈.၀၉ )

အိပ်မက်...

ကဗျာပန်းခင်း
စနေညမှာ ရေးဖြစ်ခဲ့တဲ့ ကဗျာ ကိုး ပုဒ်ရှိပါတယ် ။ အဲဒီညက ဘယ်လိုကို ကဗျာတွေရေး ချင်နေမှန်း မသိပါဘူး။ ဒါနဲ့ပဲစိတ်ကို လွှတ်ပေးလိုက်တယ် ...။ အဲဒါနဲ့ပဲမိုးလင်းသွားပါတယ် ။ တစ်နေ့ကို ၂ ပုဒ် (သို့) ၃ ပုဒ်လောက်တင် ပေးပါမယ် ။



အိပ်မက်...

သကောင့်သား....
လူပုံကပြောင်လက်လက်နဲ့....

နတ်ဝတ်တန်ဆာတွေလိုလို....

ဟိုလူ့အော်...
ဒီလူ့ခိုင်း..

ပါးစပ်ကလည်း....
ပုပ်သိုးသိုးမာနတွေနဲ့....
ညှီနံ့ကို လှိုင်လို့...
ငါအမုန်းဆုံး ....
ဟန်ဆောင်မျက်နှာဖုံးတစ်ခုကို....
တပ်ဆင် ပြုံးပြတုန်း....
ရင်ဝ တစ်စုံလုံးကို....
' ဖုန်း ' .........ဆို... ဆောင့် ကန်ခဲ့တယ်...
(တောက်....ငါ့ခြေထောက်တောင် ညစ်ပတ်တယ်...)

သက်တန့်ချို....( စနေည ၈း၀၀ ၂၉.၈.၀၉)

ပြောင်မြောက်တဲ့ အနုပညာခြယ်သမှု

ပြောင်မြောက်တဲ့ အနုပညာခြယ်သမှု

ကျောက်တုံးလေးတွေကို ဆေးခြယ်ထားတာပါ

ပြိုင်ကားလေးပါ


ခြင်္သေ့ပုံစံပါ


ဖားပုံစံပါ


ငါးလေးပေါ့


ဝက်ကလေးပါ


လူမျက်နာပါ


ဝေါ့ကင်းရှူးပါ



လူအရိုးခေါင်းပုံစံပါ


လိပ်ပြာလေးပါ



ပန်းချီတွေ ဆေးရောင်တွေခြယ်သထားတဲ့ လေယဉ်ကြီးတွေပါ
















စာရေးသူ....သက်တန့်ချို....( ၁၂း၀၀ ည ၃၁.၈.၀၉ )

Feed Burner ပြုလုပ်နည်း

ဒီနေ့တော့ Feed Burner လုပ်နည်းလေးပြောပြပါ့မယ်ခင်ဗျာ
၁) ဒီဆိုက်ကို http://www.feedburner.google.com အရင်ဦးဆုံး ဖွင့်ပါ။
၂) ပြီးလျှင် မိမိ ဘလော့ရေးသည့် Gmail Account ဖြင့် ၀င်ပါ။



၃) Burn a feed right this instant. Type your blog or feed address here:

စာသားအကွက်တွင် မိမိရဲ့ ဘလော့ကို ရိုက်ထည့်ပါ။



* အရေးကြီးသည်မှာအပေါ်တွင်ပြထားသောကုဒ်များကို
Copy ယူထားရမှာ ဖြစ်ပါတယ်။ ပြီးလျှင် Next ။
၎) အောက်က ပုံတွင် ပြသထားသည့်အတိုင်း RSS : ကို ရွေးပြီး Next ။

၅) Feed Title တွင် မြန်မာလို မရေးမိဖို့ပါ။ အင်္ဂလိပ်လို မိမိရဲ့ ဘလော့နာမည်ကို ဖြည့်ပါ။

၆) Feed Address တွင် အပေါ်တွင် Copy ကူးခိုင်းခဲ့သော
လင့်ကို ဖြည့်လိုက်ပါ။ Next ။
<၇> နောက်တစ်ကွက်တွင် Next ။

၈) အောက်ကလို ပေါ်လိမ့်မယ်။

၉) Publize Tab ကို ရွေးပါ။ Email Subscriptions ကို ရွေး။ Activate ကို နှိပ်။

၁၀) မြင်နေရတဲ့ ကုဒ်တွေကို Copy ယူပြီး မိမိတို့ရဲ့ Layout က HTML မှာ Past ချလိုက်။ ဒါဆို အိုကေပြီ။


အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ
Copy Right By..နေဇင်လတ်

( အိုင်တီနဲ့ပါတ်သတ်တာလေးတွေကို နေဇင်လတ် မှ ကူညီပံ့ပိုးပါသည် )
သက်တန့်ချို....

တစ်မူထူးခြားတဲ့ သစ်သီးသစ်ဥတွေ

တစ်မူထူးခြားတဲ့ သစ်သီးသစ်ဥတွေ

ကိုယ်ဝန်ပျက်ကျတဲ့ ကလေးငယ်နဲ့တူတဲ့အသီး


ဆင်ခြေထောက်ရောဂါနဲ့တူတဲ့အသီး


ကြောက်မက်ဖွယ် ၀က်ဝံရုပ်နဲ့တူတဲ့အသီး



သရဲမျက်နှာနဲ့ အမြစ်


ဒီအမြစ်ဟာ ရှည်လျှားပြီး ခရင် အရောင်ရှိပါတယ်။ အရသာကလည်း အလွန်ချိုပါတယ်လို့ ဆိုပါတယ် ။

အသဲနှလုံးပုံစံ သခွားသီး


သခွားသီးကို အရွယ်ငယ်ငယ်လေးရှိနေစဉ် မှာပဲ အသဲနှလုံးပုံစံ (သို့မဟုတ် ) လိုချင်တဲ့ပုံစံကို စွပ်ပြီးကြီးထွားစေပါတယ် ။


ဒီ ( အသဲနှလုံးအချောင်းလေးတွေကို Tokyo Midtown , Roppongi မှာရှိတဲ့ စူပါမားကတ်မှာ ရနိုင်ပါတယ် ။


သူတို့ကို လှီးကြည့်လိုက်မယ်ဆိုရင် ကြယ်ပုံစံများစွာနဲ့ အသဲနှလုံးပုံစံများစွာကို တွေရှိနိုင်မှာဖြစ်ပါတယ် ။



စားသောက်ဖို့သာမက ကလေးတွေအတွက်လည်း ကစားစရာတစ်ခုအဖြစ်ဖန်တီးနိုင်ပါတယ် ။ ဈေးနှုန်းကတော့ 258 yen ဖြစ်ပြီး ရိုးရိုးသခွားသီးတွေထက်စာရင် ဈေးအနည်းငယ် ကြီးပါတယ် ။ ဒါပေမယ့် သူတို့ဟာ လတ်ဆတ်ပြီး အရည်ရွှမ်းလှပါတယ် ။ ပုံစံကလည်း ထူးခြားပြောင်မြောက်လွန်းလှ ပါတယ်။


အရသာရှိလှတဲ့ ပုဇွန်လုံးပုံစံ ဆလတ်ရွက်နဲ့ ကြယ်ပုံစံ အသဲနှလုံးပုံစံ သခွားသီးတွေက ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်ပါသလဲ ။


ထူးဆန်းတဲ့ သူယောင်ပင်




လူပုံစံနဲ့ အရမ်းကိုတူလွန်းတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။

စာရေးသူ........သက်တန့်ချို ......( ၁၁း၂၀ ည ၃၀.၈.၀၉ )