Wednesday, September 30, 2009

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ထူးဆန်းသော အစားအစာများ

တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ ထူးဆန်းသော အစားအစာများ

သူငယ်ချင်းတို့ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့က ထူးဆန်းတဲ့ စားသောက်ဆိုင်တွေဆီ အလည်ခေါ်သွားပေးပါ့မယ် ။
အစားအစာဆန်းတွေကို နှစ်သက်သူတွေ အတွက်ကတော့ အကြိုက်ပဲပေါ့ ။




ကြယ်ငါးကို ငါးမန်းဆီနဲ့ကြော်ထားတာတဲ့ ။



ငါးမန်းပေါက်လေးတွေ ကြယ်ငါးကြော်နဲ့ ပင်လယ်ကောင်(Urchin) -Echinodrem အနွယ်ဝင်ဖြစ်ပြီး သူ့ရဲ့ လှုပ်
ရှားနိုင်တဲ့ကျောရိုးကို လုံးဝန်းသော (သို့မဟုတ်) ပြားချပ်သော အကာနဲ့ ဖုံးအုပ်ထားလေ့ရှိပါတယ် ။ Echinoidea အုပ်စုဝင် ပင်လယ်ကောင်တွေ ဖြစ်ပါတယ် ။


မြွေကို တုတ်နဲ့ထိုး ပြီးကင်စားရတာပါ ။ အားပေးသွားကြပါဦး ။


ခွေးအသည်းနဲ့ဟင်းသီးဟင်းရွက်များ ။


ဆိတ်အဆုပ်နဲ့ အနီရောင် ငရုပ်ကောင်းပွ ။ အတော်လေးလည်း စပ်ပါတယ် ။ မိုးအေးအေးမှာ နှစ်သက်လိမ့်မယ်
ထင်ပါတယ် ။


ပြောင်းဖူးဖုတ်နဲ့ စားရတဲ့ ဂျင်းအချဉ် (ဆော့စ်)

ကြက်စတူးဝက်စတူးမဟုတ်ပါဘူး ။ နွားနဲ့ မြင်းစတူးကို ရောထားတာပါ ။


ပိုးချည်သံကောင် ၊ အမဲရောင် ကင်းမြီးကောက် ၊ ပိုးတောင်မာကင် ၊ ပုစဉ်းရင်ကွဲကင်များ ။


ခွေးဦးနှောက်စွပ်ပြုတ် ဟီး ကြိုက်ကြမယ်ထင်ပါတယ် နော့ ။


ကရုကမာကောင် ၊ ကင်းမွန်နဲ့ ဖွတ်ခြေထောက် တုတ်ထိုးများ ။



အထူးပြုလုပ်ထားသော ကင်းမြီးကောက် နဲ့ ပိုးတောင်မာတုတ်ထိုးများ ။


ကင်းမြီးကောက် ၊ ပုရစ် နှင့် ပိုးတောင်မာကင်များ ။



ရေနဂါးဟုခေါ်သော Seahorses ကင်များ ။

သယ်ရင်းတို့အားလုံး ခံတွင်းတွေ့ကြလိမ့်မယ်လို့ ထင်ပါတယ် ။ ကျနော်ကတော့ဒီနေ့ သတ်သတ်လွတ်ဖြစ်တဲ့
အတွက် မစားတော့ပါဘူး ။ ၀အောင်သာစားကြပါ .... ဟီး ။

စာရေးသူ......သက်တန့်ချို......(၁၂း၅၀ နေ့လည် ၃၀.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ

ထိုင်းနိုင်ငံမှာပဲ တွေ့ရတဲ့ရိုးရာဓလေ့များ

နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာ ယနေ့အထိ လူသားတွေအားလုံး စွဲစွဲမြဲမြဲ ယုံကြည်နေ ကြတာကတော့ ရိုးရာဓလေ့အစွဲတွေပဲ ဖြစ်ပါတယ် ။ အဲဒီဓလေ့တွေက လည်းထူးဆန်းအံ့သြ ဖွယ်ကောင်းလောက်အောင် တချို့ဒေသတွေမှာ အရိုးစွဲနေတုန်းပဲဖြစ်ပါတယ် ။ ကဲ ထိုင်းနိုင်ငံက ရိုးရာဓလေ့တွေကို ကြည့်ကြပါစို့ ။ ဆေးပညာ ရှုထောင့်ကနေကြည့်မယ်ဆိုရင် လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး ။ လူတွေမှာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့ Pain pathway ဆိုတာရှိပါတယ်။ ဒီလူတွေက အသားတွေထဲ အချွန်တွေ ထိုးစိုက်နေတာဟာ တကယ်ပဲ မနာကျင်ကြဘူးလား ။ စောစောကပြောခဲ့တဲ့ Pain pathway ကိုဘယ်အရာတွေနဲ့ပိတ်ဆို့ထားကြသလည်း ။ ထူးတော့ထူးဆန်းပါတယ် ... ။ မီးနင်းပွဲတွေမှာ တွေ့ရလေ့ ရှိတဲ့ပုံစံမျိုးပါပဲ .... ။ နတ်ဘုရားတွေကပဲ သူတို့ကို မနာမကျင်အောင် ပြုလုပ်ထားတာလား ဆိုတာကိုတော့.........။


















စာရေးသူ....... သက်တန့်ချို......(၁၀း၃၃ မနက် ၃၀.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 29, 2009

ပန်းသီးပင်တွေ ဘယ်လိုကြီးထွားလာကြသလည်း

ပန်းသီးပင်တွေ ဘယ်လိုကြီးထွားလာကြသလည်း

ပန်းသီးကိုလူတိုင်း နှစ်ခြိုက်စွာ စားသုံးကြဖူးမှာပါ ။ ဒါပေမယ့် ပန်းသီး ဘယ်လိုဖြစ်ပေါ်လာတယ် အပင်လေးတွေ ဘယ်လိုကြီးထွားလာတယ်ဆိုတာ လေ့လာဖူးသူတော့ နည်းပါလိမ့်မယ် ။ ကျွန်တော်လည်း အပါအ၀င်ပေါ့ ။ ကဲ အခုတော့ ပန်းသီးပင်လေးတွေ ဘယ်လို ကြီးထွားလာကြတယ် ပန်းသီးတွေ ဘယ်လို အသီးသီးလာ ကြတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်........ ။

















စာရေးသူ.....သက်တန့်ချို......(၁၁း၂၄ နေ့လည် ၂၉.၉.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တမ်းတတေး


တမ်းတတေး

ချစ်သူရေ.....
ပြုစားခဲ့ပါကွယ်
မင်းရဲ့ ဆယ့်နှစ်ကြိုးကဝေနဲ့
မင်း...စေညွှန်ရာ
ပြာဖြစ်စေလောက်တဲ့
နဂါးမလေးရေ....
ငါဆိုတဲ့ကောင်က
မျက်ဝန်းစောင်းလေးတစ်ခုကိုပဲ
အလိုရှိနေခဲ့တာ.....
ငါးပွက်ရာ....ငါးစာချပေမယ့်...
ငါ....မဟပ်မိခင်မှာပဲ
မင်းကရုတ်သိမ်းသွာခဲ့တယ်
ဒါဏ်ရာရမှာစိုးလို့လား
မိမဲ့အကောင်ပဲသေးလို့လား
တွေးနေဆဲမှာပဲ
ငါလည်းနစ်သွားပြန်တယ်....
ဝေးလွန်းပါတယ်ကွာ
ဇွဲမဲ့ခဲ့လို့မဟုတ်ဘူး
လျောက်ရမယ့် ခရီးကြမ်းမှာ....
ဆူးတွေပေါလွန်းတော့
မင်းကို မနာကျင်စေခဲ့ရက်ဘူး...
ဒါပါပဲကွယ်
ငါကတော့..အဲဒီလို
အေးအေးလေးပဲ
လွမ်းနေချင်တယ်...

(သက်တန့်ချို)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အလွမ်းပုံပြင်


အလွမ်းပုံပြင်

"ရေမြင့်ရင် ကြာတင့်တယ် " တဲ့
ငါ့မှာ မြှင့်တင်စရာ...
ခမ်းခြောက်လွန်းတော့လည်း
နွမ်းသွားမယ့် ကြာတစ်ပွင့်....
မမြင်ရက်ခဲ့မိတာ......
နေပါကွယ်...
အဲဒီလင်းလက်မှုတွေကြားမှာ
မင်းဆင်းသက်လာမဲ့
ရင်ခွင်တစ်စုံအတွက်
ငါ့မှာတော့.....ဗလာသက်သက်
လုံးဝန်းတဲ့သုညလို
အနှစ်မဲ့နေခဲ့တယ်.....
ငါကတော့...
ကိုယ့်အခွံထဲ ကိုယ်ပြန်ဝပ်မယ့်
ဝန်ကစွပ်ကောင်လို
ခွေခွေလေးပဲပေါ့.....
မျဉ်းပြိုင်နှစ်ကြောင်းရဲ့
ဆုံနိုင်မယ့် အရာတစ်ခုဟာ.....
အစက်ကလေး တစ်စက်တဲ့....
တို့ကျမှပဲ
အဲဒီအစက်ကလေး
ေ၀၀ါးလွန်းနေခဲ့တယ်....
ငါ့ဓါးသွားတွေကို
ငါကိုယ်တိုင်ချွန်မိလို့
အခု....နှလုံးသားတွေလည်း
မွှန်းရာတွေနဲ့......
တောက်တောက်ကျနေတဲ့သွေးတွေ
အချစ်အတွက်သက်သေတဲ့လား.....
ကျည်တစ်တောင့်တောင်...
နှလုံးသားထဲဖောက်ပြီး
ထွက်သွားနိုင်သေးတယ်......
ငါ့မှာတော့
နှလုံးသားထဲ ....အခု
မြုံနေဆဲ
မထွက်သွားသေးတဲ့....ဒီဒါဏ်ချက်တွေ....

(သက်တန့်ချို)



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................