Friday, January 31, 2020

Wuhan Coronaviruses Update 1/31

တရုတ်ပြည်မှာ Confirmed cases ဟာ တစ်ရက်တည်းမှာ ၂၀၀၀ ထိခုန်တက်သွားတယ် ဒါကြောင့် တရုတ်ပြည်ရဲ့ စုစုပေါင်း ကူးစက်ခံရမှုဦးရေဟာ ၉၆၀၀ ရှိသွားပြီဖြစ်ကြောင်း CNN မှာ ဖော်ပြထားပါတယ်

မနေ့က ဇန်နဝါရီ ၃၀ မှာ Wuhan ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အတည်ပြုခံရသူဦးရေမှာ ၉၆၉၂ ယောက်ရှိတယ်လို့ China's National Health Commission က ကြေငြာခဲ့ပါတယ် ။

တရုတ်ပြည်မှာ အခုဆိုရင် လူပေါင်း ၂၁၃ ဦး သေဆုံးပြီးဖြစ်ပြီး new deaths ၄၂ ဦးကိုတော့ Hubei province မှာ ဖြစ်ပွားခဲ့တာတွေ့ရပါတယ် ။ ရောဂါဖြစ်ပွားပြီး Total recovered ရသူကတော့ ၁၄၃ ယောက်ပဲရှိပါသေးတယ် ။

အကြံပေးချင်တာကတော့ မြန်မာနိုင်ငံမှာ Confirmed case မတွေ့သေးဘူးဆိုတာထက် ‌Confirmed ဖြစ်နေရင်တောင် ထိုင်းကိုပို့ပြီးစစ်ရမှာလို့သိထားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီးနေတာအကောင်းဆုံးပါပဲ ။

မှာ ချင်တာ အဓိက (၃) ချက်ပဲရှိပါတယ် ။

၁ ။ လူထူထပ်တဲ့နေရာတွေကိုတပ်နိုင်သမျှရှောင်ပါ ။ အပြင်သွားမယ်ဆို နှာခေါင်းစည်းတပ်ထားပါ ။
၂ ။ ဖျားနာ ချောင်းဆိုးတဲ့လူတွေနား တတ်နိုင်သမျှ မကပ်ပါနဲ့ ဝေးဝေးနေပါ ။
၃ ။ အပြင်ကပြန်လာပြီးတိုင်းဖြစ်စေ ၊ အရာ၀ထ္ထုတွေကိုင်တွယ်ထားပြီးတိုင်းဖြစ်စေ လက်ဆေးပါ ။

Thursday, January 30, 2020

Real Time Update Map Link


Wuhan Coronaviruses ဖြစ်ပွားနေတဲ့ဒေသတွေ ၊ ဘယ်နှစ်ယောက်ဖြစ်နေလဲဆိုတဲ့ Confirmed case နဲ့သေဆုံးသူဦးရေတွေကို Real time live အနေနဲ့ https://gisanddata.maps.arcgis.com/apps/opsdashboard/index.html#/bda7594740fd40299423467b48e9ecf6 မှာ ကြည့်လို့ရပါတယ် ။

၀ူဟန်မြို့၏ ခြောက်ကပ်တိတ်ဆိတ်နေသော မြင်ကွင်းများ


























Corona Virus Update 1/30

 နောက်ဆုံးဖတ်ရတဲ့အရေအတွက်ကတော့ လူပေါင်း ၁၇၀ သေဆုံးပြီး ကူးစက်ခံရမှုပေါင်း ၇၇၀၀ ကျော်ပြီဖြစ်ပြီး ၀ူဟန် ကော်ရိုနာ ဗိုင်းရပ်ဟာ အာရှတခွင်နဲ့ကမ္ဘာတဝှမ်းကိုပျံ့နှံလျှက်ရှိပါတယ် ။

တရုတ်ပြည်မှာ အခု ဖြစ်နေတဲ့ confirmed case ဟာ SARS တုန်းကထက်အရေအတွက်များနေပြီဖြစ်ပါတယ် ။ ပိုးကူးစက်ခံရမှုက ၃၀% မြင့်တက်လာတယ်လို့ NY Times မှာလည်းဖော်ပြထားပါတယ် ။

တရုတ်ပြည်မှာ လူပေါင်း ၆၀ မီလီယံလောက်ကို မြို့အလိုက် partial or full lockdown လုပ်ထားလိုက်ပြီ အထဲကလူအပြင်ထွက်မရ အပြင်ကလူအထဲဝင်မရအောင်တင်းကြပ်တဲ့ rule တွေနဲ့ထိမ်းချုပ်ထားပါတယ်

တစ်ကမ္ဘာလုံးပျံ့နှံ့မှုကိုကြည့်မယ်ဆိုရင် အမေရိကန်အပါအဝင် ကူးစက်ခံရမှုအပေါင်း ၉၁ ခု ရှိပြီဖြစ်ပါတယ် ။

ထူးခြားစွာ ကံကောင်းနေတာလား ကိုယ်တွေပဲ immune သိပ်ကောင်းနေတာလား  တခြားနိုင်ငံတွေထက် prevention ပိုကောင်းနေတာလား disease nature နဲ့ adaptation ရနေတာလာ ဘာလားတော့မပြောတတ်ပါဘူး မြန်မာနိုင်ငံမှာတော့ တစ်ယောက်မှ မတွေ့သေးပါဘူး တွေ့တယ်လည်းသတင်းမကြားမိသေးပါဘူး ဖတ်မိရင်လည်း Comment မှာ ပြန်မျှဝေပေးကြပါ ။

Soure : CNN

The latest numbers: At least 170 people are dead and more than 7,000 cases have been confirmed in mainland China, as the Wuhan coronavirus spreads across Asia and the rest of the world.
China on lockdown: Nearly 60 million people are under partial or full lockdowns in Chinese cities.
Global spread: There are 91 confirmed cases outside of China, including at least five in the US.


Wednesday, January 29, 2020

Corona Virus Update 1/29

နိုင်ငံအသီးသီးက သူတို့လူတွေသူတို့ ကိုယ့်နိုင်ငံ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ခေါ်ထုတ်နေတာတွေဖတ်ရတယ်
အမေရိကန် ၊ ဂျပန် ၊ အော်ဇီ ၊ နယူးဇီလန် ၊ အိန္ဒိယ ၊ တောင်ကိုရီးယား ၊ ပြင်သစ် ၊ ဗြိတိန်အစရှိသဖြင့်ပေါ့
Outbreak ဒေသကနေပြန်ကယ်ထုတ်လာတာ နိုင်ငံတွေအနေနဲ့လုပ်ရမယ့် တာဝန်ပါ ကိုယ့်နိုင်ငံသားဟာ ကိုယ့်တာဝန်ပါ
ဒါပေမယ့် Quarantine လုပ်တဲ့ Process ကတော့ သေချာဖို့လိုပါမယ် အမေရိကန်က လေယာဉ်လွှတ်ခေါ်တယ်ပြီးတော့ ပြည်သူလူထု လေယာဉ်ကွင်း Civilian airport မှာ မဆင်းပဲ military base မှာ ဆင်းတယ်
Health screenings တွေကို detail စစ်တယ် coronasymptoms တွေရှိမရှိ

မြန်မာနိုင်ငံကလည်း တရုတ်ပြည်က မြန်မာတွေကို ပြန်ခေါ်တာ နည်းလမ်းမှန်ပါတယ်
ဒီမှာ Quanrantine Process နဲ့ Screening ကိုလည်း တိကျသေချာတဲ့နည်းလမ်းတွေကျင့်သုံးမယ်လို့လည်းယုံကြည်ပါတယ်

အခု တရုတ်တစ်ပြည်လုံးမှာ ရောဂါကင်းတယ်ဆိုတဲ့ တိဘတ်ဒေသမှာ တစ်ယောက်စတွေ့ပြီဆိုတဲ့သတင်းလွန်ခဲ့တဲ့  ၅၁ မိနစ်က တက်လာတယ်

Update တွေကို မိနစ်မခြားဖတ်ချင်ရင် ဒီမှာဖတ်လို့ရပါတယ်  - https://edition.cnn.com/asia/live-news/coronavirus-outbreak-01-29-20-intl-hnk/index.html

Tuesday, January 28, 2020

Coronavirus Update 3

Here's the latest breakdown of the coronavirus cases 

Source : CNN

Monday, January 27, 2020

Coronaviruses Update 2

Coronaviruses ဆိုတာ SARS တို့ MERS တို့ကနေဖြစ်လာတဲ့ အအေးမိလက္ခဏာတွေပါဝင်တဲ့ ရောဂါပိုးမိသားစုကြီးပါ

လက္ခဏာတွေကတော့ပုံထဲကအတိုင်းပါဲ ခေါင်းကိုက် မူးဝေ နှာရည်ကျ ချောင်းဆိုးလည်ချောင်းနာ ကြွက်သားတွေနာမယ်

ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲတွေက အပူချိန်အလွန်မြင့်မယ် ၊ အသက်ရှုခက်ခဲမယ် ၊ အဆုတ်ယောင်မယ် ၊ ပိုးဆိပ်သင့်ပြီးသေဆုံးနိုင်မယ်

လူကနေလူကိုကူးစက်နိုင်မယ် ဒါကြောင့် Masks တပ်ရမယ် ဖျားတဲ့ချောင်းဆိုးတဲ့လူနားမကပ်နဲ့ မတော်တဆ ထိတွေ့မိရင် လက်ဆေးရမယ်

နောက်ဆုံးသတင်းအရ တရုတ်ပြည် မြို့ကြီး ၁၅ မြို့မှာ လူပေါင်း 57 million ကို full or partial lockdown လုပ်ထားလိုက်ပါပြီ

အရေးကြီးတာက တရုတ်ပြည်ကျန်းမာရေး အာဏာပိုင်တွေက ဆိုတာက ဗိုင်းရပ်စ်ဟာ ဘာလက္ခဏာမှ မပြပဲ ပြန့်ပွားနိုင်ပါတယ်တဲ့ ။

CNN Live Update News

Coronavirus Update 1

Coronavirus Live Updates: More U.S. Cases Emerge, as China’s Death Toll Rises

The number of dead climbed to at least 80, while in the United States, five cases were confirmed.By The New York Times

Right Now : New infections in the United States were found in people traveling from Wuhan. In China the tally jumped to more than 2,700 cases.

New York Times ရဲ့နောက်ဆုံးဖော်ပြချက်အရ United States မှာ ၀ူဟန်ခရီးသည်ထံမှ new infections ( 5 cases ) တွေ့တယ်လို့ဆိုပါတယ်
တရုတ်မှာ ကူးစက်ခံရမှုပေါင်း ၂၇၀၀ ကျော်ပြီဖြစ်ပြီး သေဆုံးမှုဟာ အနည်းဆုံး ၈၀ ထိမြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ် ။

ဖတ်မိသမျှတွေ ထပ်ရေးပေးပါမယ် ။

Tuesday, January 7, 2020

ဘ၀အပိုင်းအခြား

အောင်မြင်သွားလို့လည်း ဘဝင်မြင့်နေစရာမလိုသလို
ရှုံးနိမ့်သွားလို့လည်း စိတ်ဓါတ်ကျနေဖို့မလိုဘူး ။

ချမ်းသာသွားလို့လည်း အောက်ခြေလွတ်ဖို့မလိုသလို
ဆင်းရဲသွားလို့လည်း ဘ၀ကိုအရှံးပေးဖို့မလိုဘူး ။

ပိုင်ဆိုင်သွားလို့လည်း ဝမ်းသာနေဖို့မလိုသလို
စွန့်လွှတ်လိုက်ရလို့လည်း ဝမ်းနည်းနေဖို့မလိုဘူး ။

မြင့်နေလို့လည်း မာန်တက်နေဖို့မလိုသလို
နိမ့်နေလို့လည်း ခေါင်းငုံ့နေလို့မလိုဘူး ။

" ဘ၀မှာဖြစ်ပျက်သမျှ အရာရာဟာ
တစ်ခဏတာ အချိန်အပိုင်းအခြားလေးပါ "

သက်တန့်ချို
7-Jan 2020

Friday, January 3, 2020

သူနဲ့ကိုယ်အတူတူပဲဖြစ်လိမ့်မယ်

ကိုယ့်ကို ရန်ညှိုးထားလို့
ကိုယ်က ပြန်ပြီး ရန်ညှိုးထားရင်
သူနဲ့ကိုယ်အတူတူပါပဲ ။

ကိုယ်ကို မုန်းလို့
ကိုယ်က ပြန်မုန်းလိုက်ရင်
သူနဲ့ကိုယ်အတူတူပါပဲ ။

ကိုယ့်ကို မကောင်းပြောလို့
ကိုယ်က ပြန်မကောင်းပြောရင်
သူနဲ့ကိုယ်အတူတူပါပဲ ။

" ခွင့်လွှတ်ခြင်းတရားကို သင်ယူရသလို
စွန့်လွှတ်ခြင်းတရားကိုလည်း သင်ယူရမယ်  "

သက်တန့်ချို
3-Jan 2020

Thursday, January 2, 2020

စိတ်

ဒေါသထွက်ပူလောင်ရတာလည်း " စိတ် "
ခွင့်လွှတ်ငြိမ်းအေး ရတာလည်း " စိတ် "

ကိုယ့်ကို မြင့်တက်စေနိုင်တာလည်း" စိတ် "
ကိုယ့်ကို နိမ့်ကျစေနိုင်တာလည်း " စိတ် "

လိုချင်တာလည်း " စိတ် "
စွန့်လွှတ်တာလည်း " စိတ် "

နောက်ဆုံး
နိဗ္ဗာန်ထိရောက်စေနိုင်တာလည်း "စိတ် "
ငရဲထိ ဆင်းစေနိုင်တာလည်း "စိတ်"ပါပဲ ။

သက်တန့်ချို
2-Jan 2020