Monday, November 28, 2011

ကျောက်ကပ်ထဲမှာ stone ၄၂၁ ခုကို အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးဆီမှ ဖယ်ထုတ်ခဲ့ရခြင်း

ကျောက်ကပ်ထဲမှာ stone ၄၂၁ ခုကို အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးဆီမှ ဖယ်ထုတ်ခဲ့ရခြင်း




ထိုင်းဆရာဝန်တွေဟာ အသက်၆၀ အရွယ်ရှိတဲ့အမျိုးသမီးတစ်ဦးဆီမှ ကျောက်ကပ် stone ၄၂၁ ခုကို ခွဲစိတ်ဖယ် ထုတ်ပေးခဲ့ရပါတယ် ။ သူမဟာ ဆေးရုံလာစဉ်က အစာအိမ်နာတယ်ဆိုပြီးရောက်လာခဲ့ခြင်းဖြစ်ပါတယ် ။ Nong Khai ပြည်နယ်မှ Somdej Phraupharajthabo ဆေးရုံမှ ဒါရိုက်တာ Dr.Wattana Parisri ဟာ လူနာဆီကနေ သူနဲ့ သူ့ရဲ့ လက်ထောက်တွေပူးပေါင်းပြီး ကျောက်ကပ်ထဲက ကျောက်တည်တာတွေကို အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့တယ်လို့ Thai Rath newspaper ကဖော်ပြထားပါတယ် ။



လူနာဟာ ဆေးခန်းပေါင်းများစွာကို အစာအိမ်အောင့်တယ်ဆိုပြီး ခဏခဏ ရောက်လာခဲ့ပါတယ် ဆီး လမ်းကြောင်း ပြဿနာတွေလည်းရှိနေခဲ့ပါတယ် ။ ဒါပေမယ့် Ultrasound မှာကတော့အ နာကြောင့်ဖြစ် တယ်ဆို ပြီး မှားယွင်းပြီး ဖော်ပြခဲ့တာကြောင့် အခုလို ဖြစ်ခဲ့ရတာပါလို့ Wattana ကပြောခဲ့ပါတယ် ။



လူတစ်ယောက်မှာ ဆေးပညာ မှတ်တမ်းတွေထဲမှာရော ဒါဟာ ကျောက်ကပ်ထဲ stone တွေရှိနေတာ ဒီတစ်ကြိမ် ဟာ အများဆုံးဖြစ်ပါလိမ့်မယ်လို့ သူက ထပ်ပြောခဲ့ပါတယ် ။ ဆရာဝန်တွေ ရဲ့ပြောဆိုမှုအ ရ ကျောက်ကပ် ထဲ ကျောက်တည်ခြင်းဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပိုအဖြစ်များပြီး အဲဒီဖက်ကပဲ ပိုပြီးလာပြလေ့ ရှိကြတယ်လို့ ဆိုပါတယ် ။ ဒါဟာ အစားအသောက်ကြောင့်ဖြစ်စေ မျိုးဗီဇ geneitic proclivity ကြောင့်ဖြစ်စေ ဖြစ်နိုင်ပါတယ် ။

http://www.rxpgnews.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

နှစ်ပတ်ကြာ စိုက်ဝင်နေတဲ့မြှားကို ခွဲစိတ်ပြီးထုတ်ပေးခဲ့ရခြင်း

နှစ်ပတ်ကြာ စိုက်ဝင်နေတဲ့မြှားကို ခွဲစိတ်ပြီးထုတ်ပေးခဲ့ရခြင်း




Madya Pradesh tribal ဆိုသူဟာ နှစ်ပတ်ကြာကတည်းက သူ့ရင်ဘတ်မှာ စိုက်ဝင်နေတဲ့ မျြှားဦးခေါင်းကို ဆုပ် ကိုင်ပြီး ပုံမှန်အတိုင်းဆေးရုံကို လမ်းလျှောက်လာပါတယ် ။ အံ့သြစရာပါပဲ ။ ၂ ပတ်ကြာစိုက် ၀င်နေတဲ့မြှားခေါင်း ကို Andore မှာ ဆရာဝန်တွေက ခွဲစိတ် ဖယ်ရှားပေးခဲ့ရပါတယ် ။

Khargone ပြည်နယ်မှ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Gajuram ဟာ tribesman Kaliya ရဲ့ မြှားနဲ့ ပစ်ခြင်း ကိုခံခဲ့ရတာပါ ။ အကြောင်းရင်းတော့ သူလိုချင်တဲ့ ကြက်ကို ပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက်ပါတဲ့ ။ Gajuram ဟာ မြှားကိုဆွဲထုတ်ခဲ့သော်လည်း မြှားခေါင်းကတော့ ကျန်နေခဲ့တယ်လို့ ရဲတွေကပြောဆိုခဲ့ပါတယ် ။ Gajuram ဟာ Khargone ဆေးရုံကိုရောက်ရှိခဲ့ပြီး ဆရာဝန်တွေကသူ့ကို MY ဆေးရုံ Indoreကို ပြန်လွှဲပေးခဲ့ပါတယ် ။ ဒါပေ မယ့် Gajuram ဟာ ပေါ့ပေါ့ပါးပါးပဲနေခဲ့ပြီး သူ့အိမ်ကိုပြန်ကာ ပုံမှန်အလုပ်တွေလုပ်နေခဲ့ပါတယ် ။



၂ ပတ်ကြာတဲ့အခါမှာတော့ သူ့ဆွေမျိုးအိမ်နီးချင်းတစ်ဦးက သူ့ကို MY ဆေးရုံကို အတင်းခေါ်ခဲ့ပြီး ခွဲစိတ်မှု ခံယူစေခဲ့ပါတယ် ။ ဆေးရုံမှာ ဆရာဝန်တွေဟာ သူ့ကိုမြင်တဲ့အခါ အလွန် ထိတ်လန့်တုန်လှုပ်ခဲ့ပါတယ် X ray မှာပြနေ တာက မြှားခေါင်းလေးဟာ ရင်ဘတ်ကနေပြီးနက်ရှိုင်းစွာ စိုက်နေခဲ့ပါတယ် သူ့ရဲ့ အဆုတ်တစ်နေ ရာကိုထိခိုက်နေပါပြီ လို့ R.K. Mathur က ပြောဆိုခဲ့ပါတယ် ။ “ ဆရာဝန်တွေက သူ့ကိုမေ့ဆေးပေးပြီး ခွဲစိတ်မှုပြု လုပ်တဲ့အခါ ဒါဏ်ရာရနေတဲ့အဆုတ်ဟာ အန္တရာယ်များတဲ့အတွက် အလွန်ကို ထိတ်လန့်ခဲ့ရပါတယ် ” လို့ ဆရာဝန်တစ်ဦးဖြစ်သူ V.S.Bhatia ကပြောခဲ့ပါတယ် ။ Bhatia ဟာ သူ့ရဲ့ အထက် ဆရာဝန်ပေါင်း များစွာနဲ့ ဆွေးနွေးမှုပေါင်းများစွာကိုပြုလုပ်ခဲ့ရပြီး Gajuram ကိုမေ့ဆေးပေးကာ ၂ နာရီကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ရပါတယ် ။ ဒီလိုနဲ့ စိုက်ဝင်နေတဲ့မြှားခေါင်းကို တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်စေခြင်း မရှိပဲနဲ့အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပါတယ် ။

“ တခြားလူတွေဆိုရင်တော့ ဒီလို ရင်ဘတ်ထဲမြှားစိုက်ဝင်ပြီး အဆုတ်ကို ထိသွားတယ်ဆိုရင် သေနိုင်ပါတယ် ” လို့ ဆရာ ၀န်တွေက ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် သူကတော့ အာဂလူပါပဲ ။

http://www.rxpgnews.com

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, November 26, 2011

၁၈ ကီလိုဂရမ်လေးတဲ့ကျူမာဖယ်ထုတ်ခဲ့ရတဲ့အမျိုးသမီး

၁၈ ကီလိုဂရမ်လေးတဲ့ကျူမာဖယ်ထုတ်ခဲ့ရတဲ့အမျိုးသမီး



Himachal Pardesh မှ ဆရာဝန်တွေရဲ့အသင်းခေါင်းဆောင် Shimla ဟာ အမျိုးသမီးတစ်ဦးကနေ ၁၈ ကီလိုဂ ရမ်လေး တဲ့ သားဥအိမ်ကျူမာတစ်ခုကိုဖယ်ထုတ်ပေးခဲ့ပါတယ် ။ Kullu မှ ဆေးရုံမှာ ခွဲစိတ်မှု ကိုဆောင် ရွက်ခဲ့တယ်လို့ သတင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ် ။ Mandi district မှ Sarsed လို့အမည် ရတဲ့ရွာကလေး မှ Kesari Devi ဆိုသူအမျိုးသမီးဟာ ဆေးရုံကို သူမ၀မ်းဗိုက်မှာ နာကျင် ပြီး ဖောင်းတင်း လာတဲ့အတွက် လာရောက် ပြသရာမှ ကျူမာကို တွေ့ခဲ့ကြခြင်းဖြစ်ပါတယ် ။



ဘဲဥပုံစံ မာကျောတဲကျူမာကို သူမရဲ့ညာဖက်ခြမ်းကနေ ဖယ်ထုတ်ဖို့အတွက် မိနစ်ကိုးဆယ်လောက် ကြာခဲ့ရ ပါတယ် လို့ ခွဲစိတ်ဆရာဝန် Sumedh Kaul ကပြောဆိုခဲ့ပါတယ် ။

http://www.rxpgnews.com/

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

DNA အပိုပါလာတဲ့ကမ္ဘာ့ပထမဆုံး၂နှစ်ကလေးငယ်

DNA အပိုပါလာတဲ့ကမ္ဘာ့ပထမဆုံး၂နှစ်ကလေးငယ်



ဗြိတိန်နိုင်ငံမှ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ ဒီအန်အေ မျိုးဗီဇ မှာ အချောင်းတစ်ချောင်း ( extra stand) ပါလာတဲ့ အတွက် ကမ္ဘာ့ပထမဆုံး ဒီအန်အေအပိုပါတဲ့ကလေးအဖြစ် သတ်မှတ်ခံလိုက်ရပါတယ် ။ အသက်နှစ်နှစ် သာရှိသေးတဲ့ Alfie Clamp စာ Warkwickshire - Nuneaton မှဖြစ်ပြီး မွေးလာစဉ်က အမြင်အာရုံ ချို့ယွင်းနေခဲပါတယ် ။ ဒါ့အပြင် အခြား ပြင်းထန်တဲ့ ချို့ယွင်းချက်ပေါင်းများစွာ (disabilities) တွေပါလာခဲ့ပြီး ဒါဟာ ဆရာဝန်တွေဖို့ စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ခဲ့ပြီး စမ်းသပ်မှုပေါင်းစစ်ဆေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ရပါတယ် ။



သူတို့ရှာတွေ့ခဲ့တာကတော့ သူ့ရဲ့ ၇ ခုမြောက် ခရိုမိုဆုမ်းမှာ အပိုချောင်း (extra arm) ပါလာခဲ့ပြီး ဒါဟာ ကမ္ဘာပေါ် မှာ ဘယ်တုန်းကမှ မှတ်တမ်းတင်ဖူးခြင်းမရှိသေးတဲ့ တွေ့ရှိမှုတစ်ခုလည်းဖြစ်ပါတယ် လို့ Daily Mail မှာ ဖော်ပြထားပါတယ် ။



ဆရာတွေအတွက် ဦးနှောက်ခြောက်စရာကတော့ ဒါဟာ အလွန်ရှားပါးတဲအခြေအနေတစ်ခုဖြစ်ပြီး ဒီလို အရာအ တွက်သတ်မှတ်ဖို့ရာ နာမည်တောင်မရှိခဲ့ပါဘူး ။ ဒါအပြင် ဒီကလေးရဲ့ အသက်ရှင်မှု ရာခိုင်နှုန်း နဲ့တကွ တိုးတက်လာမှု စတာတွေကို ခန့်မှန်းဖို့ရာကလည်း စဉ်းစားတွေးခေါ်ဖို့ရာ ခက်ခဲလှပါတယ် ။ သူ့မိဘတွေဖြစ်တဲ့ Gemma နဲ့ Richard Clamp တို့ကတော့ သူတို့ကလေးကို အိမ်ကိုပြန်ခေါ်လာတုန်းက တစ်ခုခုတော့ မှားနေခဲ့ပြီလို့ ခံစားခဲ့ရပါတယ်လို့ဆိုပါတယ် ။ ရက်အနည်းငယ်ကြာပြီးတဲ့နောက်မှာ သူဟာ အသက်ရှုခြင်း ရပ်ဆိုင်းသွားပြီး နှုတ်ခမ်းတွေ ပြာလာခဲ့ပြီး အလျှင်အမြန်ပဲ ဆေးရုံကို တင်ခဲ့ရပါတယ် ။ သူ့ရဲ့ အခြေအနေကြောင့် ၃ လအ ရွယ်အထိ သူ့ကို ထိတွေ့မြင်ဖို့ရာ ခက်ခဲတဲ့အခြေအနေကြောင့်ဆေးရုံမှာပဲ အရေးပေါ်ကု သ မှုတွေပေးနေခဲ့ရတယ် ။ သူ့မှာ အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်က ဗီတာ မင်တွေနဲ့အာဟာရတွေကို စုပ်ယူနိုင်ဖို့အတွက်ဆေးတွေရဲ့ အကူအညီကိုများစွာယူနေခဲ့ရပါတယ် ။

Clamps မှာ ဆယ်နှစ်အရွယ်အစ်မတစ်ယောက်ရှိပါတယ် သူမကတော့ ကျန်းမာနေခဲ့ပြီး ဒီအန်အေကတော့ သူ့အစ်မ မှာ ပုံမှန်ပဲဖြစ်ပါတယ် ။

http://www.rxpgnews.com/

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, November 25, 2011

တောင်ကြီးမြို့ ပတ္တမြားလှိုဏ်ဂူနှင့်ရွှေဘုန်းပွင့်ဘုရားသို့အလည်တစ်ခေါက်

တောင်ကြီးမြို့ ပတ္တမြားလှိုဏ်ဂူနှင့်ရွှေဘုန်းပွင့်ဘုရားသို့အလည်တစ်ခေါက်



အဲဒီနေ့က တောင်ကြီးကနေ ရန်ကုန်ကိုပြန်မယ့်နေ့ပါ ။ ရာသီဥတုကတော့ ထုံးစံအတိုင်း အေးစိမ့်ပြီး သာယာ လျှက် ။ တောင်မရိုးကားဂိတ်ကနေ နေ့လည် ၁၂ ခွဲ တောင်အောက်ဆင်းမယ်တဲ့ ၁နာရီနောက် ဆုံးတဲ့ သေ ချာကိုမှာလိုက်တယ် ။ ကံကောင်းလို့ အလည်လွန်နေတာ တစ်နာရီထိုးဖို့ ငါးမိနစ်လောက်နေမှ ကားဂိတ် ကိုရောက် တယ် :P ။ အဲဒီမနက်က တောင်ကြီး MMA မှာ တစ်ချက် ပြခန်းဆင်တာတွေဝင်ကြည့်ပြီး ဆိုင်ကယ် နဲ့ပဲ တော်ပေါ်ကိုတက်လာခဲ့ပါတယ် ။ ကျွန်တော်မှတ်မိသလောက် ဘေးပတ်ဝန်းကျင်တွေက အလွန်သာယာ လှပြီး အေးချမ်းလှပါတယ် ။ ဆိုင်ကယ်လေးတွေရပ်ပြီး တောင်တက်လမ်းတလျှောက်မှာ အတွဲလေးတွေ ကြည်နူးနေ တာလည်းတွေ့ခဲ့ရသေးတယ်။ ဒါနဲ့ တောင်ပေါ်မှာတော့ ပတ္တမြားလှိုဏ်ဂူ နဲ့ ရွှေဘုန်းပွင့် ဘုရားတို့ကို ၀င်ရောက် ဖူးမျှော်ခဲ့ပါတယ် ။ ပတ္တမြားလှိုဏ်ဂူကတော့ ရှုခင်းတွေ ရိုက်လို့ကောင်းတဲ့ လွန်စွာ လှ ပသော နေ ရာလေးတစ်ခုပါပဲ ။

ပထမရက်ကသွားခဲ့တဲ့ ထမ်စမ်းဂူလောက်မကျယ်ဝန်းပေမယ့် ဂူအထဲမှာ အေးစိမ့်လှပြီး ဘုရားရုပ်ထုလေးတွေ ဆင်း တုတော်တွေနဲ့ ဘိုးဘိုးအောင် နဲ့တကွ နတ်ရုပ်တွေလည်းတွေ့ခဲ့ရပါသေးတယ် ။



ဒါကတော့ပတ္တမြားလှိုဏ်ဂူကို မ၀င်ခင် အရှေ့ဖက်ကနေ တောင်ကြီးမြို့တစ်ခုလုံးကို စီးပြီးမြင်ရတဲ့ပုံဖြစ်ပါတယ် ။ သာ ယာလှပတဲ့ တောင်ကြီး မြို့လေးဟာ တစ်မျိုးပဲ ချစ်စရာကောင်းနေပြန်ပါတယ် ။








ဒီတောင် ကို သဘောကျလွန်းလို့ ခေါင်းငုံ့ပြီးတော့ ရိုက်ယူခဲ့တယ် ။



လှိုဏ်ဂူအ၀င်အ၀မှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ် ။ အထဲမှာတော့ မီးရောင်မှိန်ပြပြသာ အလွန်ပဲ အေးစိမ့်ပါတယ် ။



ဂူထဲမဆင်းခင် အပေါ်စီးကနေ လှမ်းရိုက်ထားခြင်းဖြစ်ပါတယ် ။လှကားတွေနဲ့ဝေ့၀ှိုက်ပြီးဆင်းရတာဖြစ်ပါတယ် ။



ဂူနံရံတွေမှာ ဒီလို ရုပ်ပွားတော်လေးတွေကို ကြည်ညိုဖွယ်ရာ ဖူးမြင်ခဲ့ရပါတယ် ။







ဒါကတော့ နတ်ရုပ်ထုဖြစ်ပါတယ် ။



ကြည်ညိုဖွယ်ရာ ဘုရားဆင်းတုတော်တစ်ဆူကို ဖူးမျှော်ရပုံဖြစ်ပါတယ် ။



အပေါ်က ဘုရားကို ဖူးမျှော်ချင်ရင် ဒီလှေကားကနေ တက်သွားရတာဖြစ်ပါတယ် ။







ဘိုးဘိုးအောင် ရုပ်ထုဖြစ်ပါတယ် ။



ဟိုးယခင်က ဘုန်းကြီးတစ်ပါး တရားထိုင်ခဲ့တဲ့နေရာလို့သိရပါတယ် ။ တိတ်ဆိတ်အေးချမ်းလှပြီး ငြိမ်သက်လှ တာကြောင့် သူတော်စင်တွေ မွေ့လျှော်တဲ့နေရာပဲဖြစ်ပါတယ် ။ အချိန်လလည်းသိပ်မရတော့တာနဲ့ပဲ ပတ္တမြား လှိုက်ဂူထဲကနေပြန်ထွက်ပြီး ရွှေဘုန်းပွင့်ဘုရားဆီကို ဆိုင်ကယ်နဲ့ပဲ တက်ခဲ့ပါတယ်။ နီးနီးလေးပါပဲ ။



ရွှေဘုန်းပွင့်စေတီတော် ။


ဒီရုပ်ထုကလည်းရာဇ၀င်ရှိတယ်လို့သိရပါတယ် ။ ဘုန်ဘုန်းတစ်ပါးက ရွာထဲကို သွားပြီး ညဖက်ကြီးမှာ ပန်းရံဆ ရာတစ်ယောက်ကို သွားခေါ်ပါတယ် ။ ပန်းရံဆရာလည်း သူ့ပစ္စည်းတွေယူပြီး လိုက်သွားတာပေါ့ ။ အချိန်က တရုတ်တွေ မြန်မာကို တိုက်ဖို့လာနေတဲ့အချိန်ပါ ။ ဒါနဲ့ ဘုန်းကြီးက ဒီနေရာမှာ ဒီလိုရုပ်ထုလုပ်ဆိုပြီး ပိတ်ဖြူကို ကပ်ကြေး နဲ့ကိုက်ကာ ပုံသဏ္ဍာန် ဆွဲပြပါတယ် ။ ညမှောင်မှောင်ထဲမှာမို့ သိပ်မမြင်ရဘူးပေါ့လေ ။ ဒီလိုနဲ့ မနက်ရောက် တဲ့အခါ ဒီရုပ်ထုကို မြင်ရပါတော့တယ် ။ အဓိပ္ပါယ်ကတော့ တရုတ်တွေ လာမတိုက်ပါနဲ့ ပြန်သွား ကြ ပါလို့ လက်ကာပြနေတဲ့ပုံပါ ။ မျက်နှာမူထားတာကလည်း တရုတ်တွေ လာတိုက်မယ့် လမ်းကြောင်းပါတဲ့ ။ ဒီလို နဲ့ အဲဒီတုန်းက တရုတ်တွေ မလာဖြစ်ခဲ့ပါဘူး ။ ပါးစပ် ရာဇ၀င်လေးဖြစ်ပေမယ့် စိတ်ဝင်စားတာကြောင့် မှတ်သား လာခဲ့ပါတယ် ။



ရွေဘုန်းပွင့်ဘုရားရဲ့ ဆောင်ပုဒ်လေးကလည်း ကြည်ညိုစရာ ။



မတ်တပ်ရပ်ပြီး လက်ညှိုးညွှန်ပြနေသော ဆင်းတုတော် ။ ဒီဘုရားဟာ ၂၄နာရီလုံး မီးထွန်းထားတဲ့အတွက် ညဖက် တောင်ကြီးမြို့ထဲကတောင်ပေါ်ကို လှမ်းကြည့်ရင် မီးရောင်တွေ ထိန်ထိန်လင်းနေ တာကို တွေ့မြင် ရမှာဖြစ်ပါတယ် ။



ကားထွက်ဖို့အချိန်ကလည်းကပ်နေတဲ့အတွက် ဆိုင်ကယ်နဲ့အနီးဆုံးလမ်းကနေပြန်ဆင်းလာခဲ့ပါတယ် ။



ဒီအိမ်ကတော့ လူကြီးတွေလာရင်တည်းဖို့လို့သိရပါတယ် ။ အမှတ်တရ ရိုက်ယူခဲ့ပါတယ် ။



ဒါကတော့ ၀ါသနာအရပါ ။ :P



အပြန်မှာ ဒေသထွက်ဖြစ်တဲ့ traditional wine တွေ ၀ယ်လာခဲ့ပါသေးတယ် ။ ငါးဥ ၀ိုင် ၊ စပျစ်ဝိုင် ၊ မက်မန်းဝိုင် ၊ စတော် ဘယ်ရီဝိုင် ၊ သီးစုံဝိုင် စသဖြင့်အမျိုးအစားစုံလင်စွာရှိပြီး အရသာကလည်း လတ်ဆက်ကောင်း မွန်လှ ပါတယ် ။

ဒီလိုနဲ့ တစ်နာရီ ထိုးဖို့ ငါးမိနစ်မှာ ကားဂိတ်ကိုရောက်လာခဲ့ပါတယ် ။ ကံကောင်းလို့ ၁ နာရီဆို ကား က တောင်အောက်ကိုဆင်းပြီ ဟီး :P

ခရီးသွားဆောင်းပါးလေးကိုဖတ်ရှူရင်း အားလုံးပဲ ဒေသန္တရ ဗဟုသုတ တွေပြည့်ဝပြီး အမိမြန်မာပြည်ကြီးကို ဒီထက်မ က ရင်ထဲကနေ ချစ်မြတ်နိုးနိုင်ကြပါစေ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, November 24, 2011

ငှက် တိုက်ခိုက်မှုကြောင့် သေသွားရတဲ့လူ

ငှက် တိုက်ခိုက်မှုကြောင့် သေသွားရတဲ့လူ



နောက်ဆုံးမှာ ဒေါသထွက်နေတဲ့ငှက်ရဲ့ တိုက်ခိုက်မှုကို အရှုံးပေးလိုက်ရတယ်လို့မြင်မိပါတယ် ။ သူ့နာမည်က Jose Luis Ochoa ပါ အသက်ကတော့ ၃၅ နှစ်ရှိပါပြီ ။ California ပြည်နယ် Lamont မှ ဖြစ်ပြီး Tulare ပြည်နယ် မှာ သူ ဒါဏ်ရာတွေ ရခဲ့ပြီးနောက် ၂ နာရီကြာတဲ့အခါ ဆေးရုံမှာပဲ သေဆုံးသွားခဲ့ရပါတယ်လို့ Kern Country coroner က ပြောဆိုခဲ့ပါတယ် ။



မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်အရတော့ Ochoa ဟာ ညာဖက် ခြေသလုံးကြွက်သားမှာ မတော်တဆ ချွန် ထွက်သော အရာနှင့် ထိုးသွင်းခံရ၍ သေဆုံးမှု ဖြစ်တယ်လို့ ကောက်ချက်ချထားပါတယ် ။ ဒီလို မတော်တဆမှုမျိုး တခါမှ မတွေ့ဖူးပါဘူး လို့ Sheriff's department မှ အသက် ၂၄ နှစ်အရွယ် Sgt Martin King ဆိုသူက Bakersfield California ကိုပြောဆိုခဲ့ပါတယ် ။



တာဝန်ရှိသူတွေရောက်လာတဲ့အခါ Ochoa ဟာ အခင်းဖြစ်ပွားရာနေရာမှာ လဲကျနေခဲ့ပါတယ် လို့ King က သတင်းစာကိုပြောခဲ့ပါတယ် ။ ရဲတွေဟာ သေဆုံးနေတဲ့ ငှက် ငါးကောင်နဲ့ ငှက်တွေ တိုက်ခိုက်ထားမှုကိုလည်း အခင်းဖြစ် ပွားရာနေရာမှာ ရှာတွေ့ခဲ့ရပါတယ် ။ Kern Country Superior Court ရဲ့ မှတ်တမ်းတွေအရ Ochoa ဟာ လွန်ခဲ့တဲ့နှစ်တုန်းက တိရိစ္တာန်တွေကို တိုက်ခိုက်တတ်စေရန် သင်ကြားပေါ်မှု အတွက် တရားစွဲခံခဲ့ရပါတယ် ။ သူက မဟုတ်မမှန်ကြောင်းလျှောက်ထားခဲ့ပြီး ဒေါ်လာ ၃၇၀ ပေးဆောင်ခဲ့ရပါသတဲ့ ။ အပြင်ပန်းကြည့် ရှုချက်တွေအရတော့ Jose ဟာ နီးကပ်တဲ့ဒါဏ်ရာ၂ ခုကို ရရှိခဲ့ပြီး အဲဒီဒါဏ်ရာတွေကလည်း သင်တုန်းဓါးမြမြ နဲ့ လှီးဖြတ်ထားသလို ဖြစ်ပါတယ် ။ ငှက်ရဲ့ခြေထောက်မှာ သင်တုန်းဓါးတပ်ပြီးတော့ တိုက်ခိုက်တတ်အောင် စနစ်တကျ လေ့ကျင့်ထားခဲ့ဟန်တူပါတယ် ။

သက်တန့်ချို
Source : Strange news

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သဘာဝလျှို့ဝှက်လူသတ်ကောင်များ

သဘာဝလျှို့ဝှက်လူသတ်ကောင်များ

Golden Poison Frog (ရွှေရောင် အဆိပ်ရှိသောဖား)



သဘာဝတရားကြီးဟာ ဘယ်လောက်ပဲ လှပတယ်ပြောပြော ဘယ်လောက်ပဲ ငြိမ်းချမ်းပါ တယ်ပြောပြော တောနက်ကြီးတွေနဲ့ ပင်လယ်နက်တွေထဲမှာ အဆိပ်ပြင်းတဲ့ ရှားပါးသတ္တ၀ါတွေရှိနေတုန်းပါပဲ ။ သူတို့ ကို သဘာဝလှို့ဝှက်လူသတ်ကောင်များ (Nature's secret killers ) လို့လည်းခေါ်ကြပါတယ် ။ မြင်ဖို့ခဲ ယဉ်းလှတဲ့ သတ္တ၀ါတွေမို့ တင်ပြပေးလိုက်ရပါတယ် ။

Blue Ringed Octopus (အပြာရောင်ကွင်းများနှင့် ရေဘ၀ဲ)



Cassowary



Loris



Stingray (ငါးလက်ထုံ)



Bottlenose



Balloonfish(ဘောလုံးငါး)



Cone Shell



Seal ( ပင်လယ်ဖျံ)



Giant Anteater ( ပုရွက်စားကောင်) ရှည်လျားသောနှာခေါင်းနှင့်လျှာရှိ၍ ပုရွက်ဆိတ်များ ကို စားသော ခြေလေးချောင်း နို့တိုက်သတ္တ၀ါ



သက်တန့်ချို
source : Xinhua

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မိန်းမ ၃၉ ယောက်နဲ့ အာဂ လူသား

မိန်းမ ၃၉ ယောက်နဲ့ အာဂ လူသား



အမှန်တော့ မိန်းမ ၃၉ ယောက်ယူထားတဲ့ အန္ဒိယလူသားပါ ။ ကျွန်တော်က အံ့သြ လွန်းလို့ အာဂလူ သားလို့ခေါ်လိုက်ရတာပါ ။ သူ့နာမည်က Ziona Chana တဲ့ အသက်ကတော့ အခု ၆၆ နှစ်ရှိပါပြီ ။ အံ့သြ ဖွယ်ကောင်းလောက်အောင်ပဲ သူ့မှာမိန်းမ ၃၉ ယောက် ကလေး ၉၄ ယောက်နဲ့ မြေး ၃၃ ယောက်ရှိသတဲ့ ။ ကမ္ဘာ့အ ကြီးဆုံးမိသားစုကို ပိုင်ဆိုင်တဲ့ လူသားလို့တောင်ခေါ်တွင်နိုင်ပါတယ် ။ ကဲ ကိုယ့်လူတို့အား ကျသွား ကြပြီလား :P မိန်းမတွေအများကြီးကို ညီညွှတ်မျှတအောင်ထိမ်းထားနိုင်တဲ့ နည်းလမ်းတော့ သူမှာရှိလို့ နေမှာပေါ့ :P










သက်တန့်ချို
ှSource : Xinhua

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................