Monday, April 30, 2012

မိသားစုအတွက် လုံလောက်တဲ့အချိန်ပေးနိုင်ရမယ်

မိသားစုအတွက် လုံလောက်တဲ့အချိန်ပေးနိုင်ရမယ်



အဖေက အလုပ်အရမ်းကြိုးစားတဲ့လူတစ်ဦးဖြစ်တယ် ။ အမေနဲ့ ကျွန်တော်တို့ကလေး ၃ ယောက်ကို ရှာဖွေကျွေးမွေး ဖို့အတွက် အဖေဟာ ပေါင်မုန့်တွေလိုက်ပို့တဲ့အလုပ်ကိုလုပ်တယ် ။ အဖေဟာ အလုပ်ပြီးချိန်တိုင်း ညနေခင်း တိုင်းမှာ သင်တန်းတွေလိုက်တက်တယ် သူ့ကိုယ်သူတိုးတက်အောင်လုပ်ခြင်းအားဖြင့်အချိန်တွေကို ကုန်စေလေ့ရှိတယ် ။ သူ့စိတ်ကူးထဲမှာတော့ တစ်နေ့သူဟာ ဒီထက်ဝင်ငွေကောင်းတဲ့အလုပ်တစ်ခု ရရမယ် လို့ပေါ့ ။ ခြွင်းချက်အနေနဲ့ တနင်္ဂနွေတစ်ရက်မှာတော့အဖေဟာ မိသားစုနဲ့အတူ မိသားစုထမင်းဝိုင်း ကို မြိန်ယှက် စွာစားလေ့ရှိတယ် ။ အဖေဟာ အလုပ်အရမ်းကြိုးစားပြီး ခက်ခဲပင်ပန်းစွာ သင်ယူတယ် ဘာကြောင့်လည်း ဆိုတော့ သူ့မိသားစုလိုအပ်တဲ့အရာမှန်သမျှကို ၀ယ်ပေးနိုင်ဖို့ လိုအပ်တဲ့ငွေကြေးကို သူ ထောက် ပံ့ပေးနိုင်ဖို့အတွက်ပေါ့ ။

ဒါပေမယ့်ကျွန်တော်တို့မိသားစုက တော့အဖေ့ကို အမြဲစောဒကတက်ခဲ့ကြတယ် ။ အဖေဟာ ကျွန်တော် တို့နဲ့အမြဲအ ချိန်ပြည့်မနေဘူး မိသားစုအတွက်လုံလောက်တဲ့အချိန်မပေးနိုင်ဘူးပေါ့ ။ သူ့အကြောင်းပြ ချက် ကတော့ မိသားစုအတွက် သူအလုပ်လုပ်နေရတာပါတဲ့ ။ ဒါပေမယ့်သူဟာ တခါတရံမှာတော့ မိသားစုကို ဒီထက် အချိန်များများပိုပေးနိုင်ဖို့အတွက် တမ်းတမိနေပုံပါပဲ ။

သင်တန်းက စာမေးပွဲ အောင်စာရင်းတွေကြေငြာတဲ့နေ့ရောက်လို့လာပါပြီ ။ အဖေအရမ်းပျော်နေတယ် အဖေက စာမေးပွဲအောင်ယုံသာမက ဂုဏ်ထူးနဲ့ပါအောင်ခဲ့တယ် ။ သိပ်မကြာခင်မှာပဲ အဖေဟာ Senior Supervisor ရာထူးနဲ့ ဒီထက်ပိုကောင်းတဲ့လစာနဲ့ ဒီထက်ပိုကောင်းတဲ့အလုပ်တစ်ခုကို ရရှိခဲ့ပါတယ် ။

အိပ်မက်တွေတကယ်ဖြစ်လာခဲ့သလိုပါပဲ ။ အဖေဟာ အခုဆိုရင် သူ့မိသားစုကို ဘ၀ရဲ့လိုအပ်ချက်တွေ ( လို့အဖေထင်မြင်တဲ့ ) အ၀တ်အစားအကောင်းလှလှကလေးတွေ အစားကောင်းအသောက်ကောင်းတွေနဲ့ အပမ်းဖြေ ခရီးစဉ်တွေ နဲ့ဖြည့်ဆည်းပေးခဲ့တယ် ။

ဒါပေမယ့်မိသားစုကတော့ အဖေ့ကို ရက်သတ္တပတ်များစွာတိုင်အောင် မျက်နှာခြင်းဆိုင်ဖို့ အခွင့်မရခဲ့ပါဘူး ။ အဖေက အလုပ်ကို ဒီထက်ပိုပြီးကြိုးစားခဲ့တယ် Manager ဆိုတဲ့ရာထူးကို တိုးမြှင့်ခံရဖို့အတွက်ပေါ့ ။ တကယ်တော့ ဒီရာထူးနဲ့ထိုက်တန်အောင် အဖေဟာ တက္ကသိုလ်တစ်ခုက ဖွင့်တဲ့တခြားသင်တန်းတစ်ခုကို တက်ဖို့အတွက် စာရင်းပေးသွင်းခဲ့တယ် ။

နောက်ကျွန်တော်တို့က အဖေဟာ မိသားစုနဲ့ လုံလောက်တဲ့အချိန်မပေးနိုင်ကြောင်းစောဒကတက်ခဲ့ကြပြန်တယ် ။ အဖေကတော့ သူလုပ်သမျှဟာ မိသားစုအတွက်လုပ်ရတာဖြစ်တယ်လို့ အရင်အခေါက်ကအတိုင်း ပြောခဲ့တယ် ။ အဖေရဲ့ကြိုးစားမှုတွေအရာထင်ခဲ့ပြီးအဖေဟာ ရာထူးတိုးမြှင့်ခံခဲ့ရတယ် ။ အဖေဟာ ဂုဏ်ယူစွာနဲ့ပဲ အမေ့ကို ကူညီဖို့နဲ့ တခြားအိမ်မှုကိစ္စလေးတွေကူလုပ်ဖို့အတွက် အိမ်ဖော်တစ်ယောက်ငှားခဲ့တယ် ။

ပြီးတော့အဖေက ဒီ၃ ခန်းတွဲ အိမ်ကျဉ်းလေးက မိသားစုအတွက်ကျဉ်းလွန်းနေတယ် ဒီထက်ပိုပြီး မိသားစုကို ကောင်းမွန်အောင်ထားဖို့ အတွက် သက်တောင့်သက်သာနေရဖို့အတွက် ကွန်ဒိုတိုက် ခန်းဝယ်ဖို့ ဆုံးဖြတ်လိုက်တယ် ။ အတွေ့အကြုံတွေများလာတာနဲ့အမျှ အလုပ်မှာ အောင်မြင်မှုတွေများလာနဲ့အမျှ အဖေဟာ ရာထူးတွေဒီထက်ပိုမြင့်အောင်ကြိုးစားခဲ့တယ် ။ ဒါပေမယ့်မိသားစုကတော့ အဖေနဲ့အတူတူ အချိန်ကုန်ဆုံး ဖို့အတွက် အခွင့်မရခဲ့ရပါဘူး ။ အရင်က မိသားစုအတူလက်ဆုံစားခဲ့ရတဲ့တနင်္ဂနွေထမင်းဝိုင်းဟာလည်း အဖေ ဟာ အလုပ်ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပျက်ကွက်ခဲ့တယ် ။ တိတ်ဆိတ်ခြောက်သွေ့လို့ပေါ့ ။

မျှော်လင့်ခဲ့တဲ့အတိုင်းပါပဲ အဖေရဲ့ကြိုးစားမှုကြောင့် လှပတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခန်းဝယ်နိုင်ခဲ့တယ် ။ မြို့တစ်မြို့ လုံးကိုလှမ်းမြင်နေရတဲ့ ဈေးကြီးတဲ့ တိုက်ခန်းတစ်ခန်းပေါ့ ။ အဲဒီအိမ်သစ်လေးရဲ့ တနင်္ဂနွေညနေ ခင်းလေးမှာ အဖေက မိသားစုကို ၀မ်းမြောက်ဖွယ်သတင်းကြေငြာခဲ့တယ် ။ သူဟာ ယခုအချိန်ကစလို့ ရာထူးထပ် တိုးအောင်မလုပ်တော့ဘူး ဘယ်လိုသင်တန်းမှ ဆက်မတက်တော့ဘူး မိသားစုနဲ့ပဲ အချိန်တိုင်းလိုလို ကုန်ဆုံးစေ မယ်ဆိုတဲ့အကြောင်းပေါ့ ။ အဲဒီတစ်ညလုံးမိသားစုနဲ့ပျော်ရွှင်စွာ အဖေနေခဲ့တယ် ။

ဒါပေမယ့် - -

နောက်တစ်ရက်ရဲ့ မနက်ခင်းမှာတော့ အဖေ ဟာ ဘယ်တော့မှ မနိုးထလာခဲ့တော့ပါဘူး ။ အဖေ ဆုံးသွားခဲ့တယ် ။

#######################

မိသားစုတစ်စုအတွက် ဘ၀တစ်ခုအတွက် အရေးအကြီးဆုံးက ငွေကြေးရှာဖွေနေယုံ ၊ တင့်တောင့် တင့်တယ် ထားနိုင်ဖို့ကြိုးစားနေယုံ ၊ သင်တန်းတွေတက်နေယုံ ၊ အလုပ်ကြိုးစားနေယုံနဲ့မလုံလောက်ပါဘူး ။

မိသားစုအတွက် လုံလောက်တဲ့အချိန်ပေးနိုင်ရမယ်ဆိုတာ - - - ။

သက်တန့်ချို
Live and work အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, April 27, 2012

ဘုရားသခင်နှင့်ဂျင်မီရေးသောစာတစ်စောင်

ဘုရားသခင်နှင့်ဂျင်မီရေးသောစာတစ်စောင်



ဆယ်လီဟာ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ဆရာဝန်ကို မြင်မြင်ခြင်း အမြန်မတ်တပ်ထလိုက်ပြီးမေးလိုက်တယ် ။ “ ကျွန်မသားလေး အခြေအနေဘယ်လိုရှိလဲဟင် သူ ကောင်းသွားပြီလားဟင် သူ့ကို ကြည့်လို့ရမလား ”

ခွဲစိတ်ဆရာဝန်ကပြောတယ် ။ “ စိတ်မကောင်းပါဘူး ကျွန်တော်တို့ အကောင်းဆုံးတတ်နိုင်သမျှ ကြိုးစားခဲ့ ပါ တယ် ဒါပေမယ့် ခင်ဗျားသားလေးအတွက် တကယ်စိတ်မကောင်းပါဘူးဗျာ ”

ဆယ်လီကဆက်ပြောတယ် “ ဒီလောက်ငယ်တဲ့ ကျွန်မ ကလေးလေးမှာမှ ဘာလို့ ဒီကင် ဆာ ရော ဂါဆိုးကြီးဖြစ်ရတာလဲ ဘုရားသခင်က သူ့ကို နည်းနည်းလေးမှ ဂရုမစိုက်တော့ဘူးလားဟင် - - ဘုရားသခင် ရှင်ဘယ် မှာလဲ ကျွန်မသားလေးက ရှင်ကိုလိုအပ်နေတယ် ”

ခွဲစိတ်ဆရာဝန်ကမေးလိုက်တယ် “ ခင်ဗျားသားကို တစ်ယောက်တည်း ခဏတွေ့ချင်သေးလား သူနာပြုတွေ မိနစ် အနည်းငယ်လောက် အပြင်ကိုထွက် လာကြလိမ့်မယ် သူ့ကို တက္ကသိုလ်ကို မလွှဲပြောင်းခင်အထိပေါ့ ”

ဆယ်လီက သူနာပြုတွေကို ပြောခဲ့တယ် ။ သူမသားလေးကို နှုတ်ဆက်နေစဉ်မှာ သူမအနားမှာ နေပေးဖို့ပေါ့ ။ သူမက ကလေးငယ်လေးရဲ့နီရဲထူထပ်တဲ့ဆံပင်တွေပေါ်ကို လက်ချောင်းလေးတွေနဲ့အသာသပ်တင်လိုက်တယ် ။ သူနာပြုကမေးတယ် “ ရှင့်သားလေး ဆံပင်တွေကိုသိမ်းထားချင်လားဟင် ” ဆယ်လီက ခေါင်းညှိတ်ပြလိုက်တယ် ။ သူနာပြုက ကောင်လေးရဲ့ ဆံပင်အနည်းငယ်ကို ဖြတ်လိုက်ပြီး ပလတ်စတစ်အိတ်ထဲထည့်လို့ ဆယ်လီ ကိုပေးလိုက်တယ် ။

ဆယ်လီကပြောတယ် ။ “ ဒါဟာ ဂျင်မီရဲ စိတ်ကူးပါ သူ့ခန္ဓာကိုယ်ကို တက္ကသိုလ်ကို လှူလိုက်ဖို့ပေါ့ သူ့ ကပြောတယ် လူတွေကို သူတနည်းနည်းနဲ့ကူညီချင်တယ်တဲ့ ပထမတော့ကျွန်မလက်မခံခဲ့ပါဘူး ဒါပေမယ့် ဂျင်မီကပြောတယ် ။ အမေ - - ကျွန်တော်သေပြီးတဲ့အခါမှာလည်း တစ်ခုခုအကျိုးရှိချင်သေးတယ် ။ ကျွန်တော့်လို ကလေးငယ်တွေ သူတို့မိခင်နဲ့တစ်ရက်တာဖြစ်ဖြစ် အတူပိုနေခွင့်ရဖို့အတွက်ဖြစ်ဖြစ်ပေါ့ ကျွန်တော် ကူညီပေး ချင်ပါတယ် တဲ့ ” ဆယ်လီကဆက်ပြောတယ် ။

“ ကျွန်မရဲ့ဂျင်မီလေးဟာ ရွှေရောင်နှလုံးသားပိုင်ရှင်လေးပါ သူဟာ အမြဲ တစ်ဖက်သားကိုကူညီဖို့အတွက်ပဲ စဉ်းစားနေခဲ့တယ် သူတတ်နိုင်သလောက် တတ်စွမ်းသလောက်ကူညီပေးဖို့ပဲစဉ်းစားနေခဲ့တယ် ”

ဆယ်လီဟာ သူမ ခြောက်လတာလောက် အချိန်ကုန်ဆုံးစေခဲ့တဲ့ ကလေးကုသဆောင် မှာ နောက်ဆုံး အကြိမ် အဖြစ်လမ်းလျှောက်နေခဲ့တယ် ။ သူမဟာ ဂျင်မီရဲကပိုင်ဆိုင်မှုတွေကို အိတ်တစ်လုံးနဲ့ထုပ်ပြီး ကားနောက် ခန်းထဲမှာထည့်လိုက်တယ် ။ အိမ်ကို ကားမောင်းပြီးပြန်ရတဲ့လမ်းဟာ တကယ့်ကို ခက်ခဲလွန်းလှပါတယ် ။ ဘာမှမရှိ တဲ့ အိမ်အလွတ်ကြီးထဲ ပြန်ဝင်ရမှာ သူမအတွက်ပိုလို့ ခက်ခဲနေခဲ့တယ် ။ ဂျင်မီရဲ့အိတ်ကို သူမ သယ်လာခဲ့တယ် ပြီးတော့ ဂျင်မီ့ဆံပင်လေးထည့်ထားတဲ့ ပလတ်စတစ်အိတ်ကလေးကိုရော ဂျင်မီ့အခန်း ထဲဆီသယ်လာခဲ့တယ် ။ သူမဟာ ဂျင်မီ အရင်က ထားခဲ့တဲ့အတိုင်း မော်တော်ကားလေးတွေ ကစားစ ရာလေးတွေကအစ နေရာတကျ အတိအကျ ပြန်ထားပေးခဲ့တယ် ။

သူမဟာ သားလေးဂျင်မီရဲ့အိပ်ရာပေါ်မှာ လှဲချလိုက်ပြီးခေါင်းအုံးကလေးကိုထွေးပွေ့ထားခဲ့တယ် ။ ပြီးတော့ သူမ ကိုယ် သူမ အိပ်ပျော်သွားအောင် တစ်ညလုံးငိုကြွေးနေမိပါတော့တယ် ။

ဆယ်လီအိပ်ရာကနိုးတဲ့အခါ ည သန်းခေါင်လောက်ရှိပါပြီ ။ သူမအိပ်နေတဲ့ကုတင်ဘေးမှာ စာအခေါက်လေး တစ်ခုကိုတွေ့လိုက်ရတယ် ။ စာထဲမှာရေးထားတာကတော့

“ အမေ

အမေကျွန်တော့်ကို သတိရနေလိမ့်မယ်လို့ ကျွန်တော်သိပါတယ် ဒါပေမယ့် ကျွန်တော်အမေ့ ကို မေ့သွား လိမ့်မယ်လို့ အမေဘယ်တော့မှမတွေးပါနဲ့နော် အမေ့ကိုချစ်တာကိုလည်း ဘယ်တော့မှ ကျွန်တော်ရပ်ပစ် မှာမဟုတ်ပါဘူး ဘာကြောင့်လည်းဆိုတော့ အမေ့ကိုချစ်တယ်လို့ ပြောဖို့ သားဟာ အနားမှာရှိမနေနိုင်တော့ ဘူးလေ ။ ကျွန်တော်အမေ့ကို အမြဲချစ်ပါတယ် တစ်နေ့ထက်တစ်နေ့ပိုပိုပြီးတော့ပေါ့ ။ တစ်နေ့မှာတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ပြန်ပြီးတွေ့ကြဦးမှာပါ ။ အမေ့အနေနဲ့ ကလေးငယ်လေးတစ်ယောက် ကို မွေးစားချင်မွေးစားနိုင်ပါတယ် အမေအထီးမကျန်တော့ဘူးပေါ့ ကျွန်တော့်အတွက်တော့အ ဆင်ပြေပါတယ် အမေ ။ သူက ကျွန်တော့်အခန်းကိုရလိမ့်မယ် ပြီးတော့ အထဲက ကျွန်တော့်အရုပ်ကလေးတွေ နဲ့လည်းကစားနိုင် မှာပေါ့အမေ ။

ဒါပေမယ့် အမေဟာ ကျွန်တော့်လိုကောင်လေးမဟုတ်ပဲ မိန်းကလေးတစ်ယောက်ကိုမွေးစားမယ်ဆိုရင်တော့ သူဟာ ယောင်္ကျားလေးတစ်ယောက်နဲ့တော့အကုန်လုံးတူမှာမဟုတ်ဘူးအမေ ။ အမေဟာ သူမအတွက် အရုပ်အ သစ်တွေ နဲ့ သူမ အသုံးအဆောင်တွေထပ်ဝယ်ပေးရလိမ့်မယ် ။ ကျွန်တော့်အတွက်တော့ သိပ်ဝမ်း နည်းမနေပါနဲ့ အမေရယ် ဒီနေရာလေးက တကယ့်ကိုသန့်ရှင်းသပ်ရပ်တဲ့နေရာလေးပါ ။ အဖွားနဲ့အဖိုးက ကျွန်တော့် ကိုတွေ့တွေ့ခြင်း အနီးအနားကနေရာတွေလိုက်ပြလိမ့်မှာပေါ့အမေ ။ အမေ ဒီမှာ နတ်သမီးလေးတွေက အရမ်းကို တိတ်ဆိတ်အေးချမ်းလှတယ်အမေ ကျွန်တော်သူတို့ ပျံသန်းနေတာလေးတွေကို ထိုင်ကြည့်ရ တာကိုချစ် တယ် ပြီးတော့ အမေသိမှာပေါ့ ဘာပါလိမ့် ဘုန်းတော်ကြီးဟာ ကျွန်တော်တို့တွေ့ ဖူးတဲ့ပုံတွေနဲ့ မတူဘူးနော်အမေ ။ ဟုတ် တယ်ကျွန်တော်သူ့ကိုတွေ့လိုက်ရတယ် ။ အဲဒါသူဆိုတာ ကျွန်တော်သိပါတယ် ။

ဘုန်းတော်ကြီးက ကျွန်တော့်ကို ဘုရားသခင်နဲ့တွေ့ဖို့ခေါ်သွားတယ်အမေ ခန့်မှန်းကြည့်ပေါ့အမေ ။ ကျွန်တော် ဘုရား သခင်ရဲ့ ဒူးပေါ်မှာ ထိုင်ခွင့်ရတယ် သူ့ကို စကားပြောခွင့်ရတယ် ကျွန်တော် ဟာ တခြားလူတွေ အတွက်အရေးကြီးအသုံးဝင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်လို့ပေါ့ ။ ပြီးတော့အ မေ့ကို စာ တစ်စောင်လောက်ရေး ချင်တယ်လို့သူ့ကို ကျွန်တော်ပြောလိုက်တယ် အမေ့ကိုနှုတ်ဆက်ဖို့ပေါ့ ဒါပေမယ့် ဒါကိုဘုရား သခင်ကခွင့်မပြုဘူးဆိုတာ ကျွန်တော်သိပြီးသားပါအမေ ကောင်းပါပြီ ဒါပေမယ့် ဘုရားသခင်က ကျွန်တော့်ကို စာရွက်တချို့နဲ့သူ့ကိုယ်ပိုင်ဘောပင်လေးကို အမေ့ဆီဒီစာလေးရေးဖို့ ကျွန်တော့်ကိုပေးခဲ့တယ် ။ ကျွန်တော်ထင်တာကတော့ဒီစာလေးကို အမေ့ဘေးနားလာချပေးသွားတဲ့ နတ်သမီးလေးနာမည်ကတော့ Gabriel ပဲဖြစ်မယ်ထင်တယ် ။ ဘုရားသခင်ကအမေ ကျွန်တော့်ကိုမေး ခဲ့တဲ့မေးခွန်းတချို့ ကိုဖြေပေး ဖို့ ပြောခဲ့တယ် ။ “ သား ငါမင်းကိုလိုအပ်တဲ့အချိန်မှာ မင်းဘယ်ရောက်နေသလဲ ” ဆိုတဲ့မေးခွန်းပေါ့ ။ ဘုရားသခင် က ပြောတယ် သူ့ ကလေးငယ်တွေနဲ့အတူ ရှိနေပါတယ်လို့ဖြေလိုက်ပါတဲ့ ဒီမှာအားလုံးအဆင်ပြေ ပါတယ် ကလေးတွေအားလုံးဘုရားသခင်နဲ့ငြိမ်းချမ်းစွာအတူရှိနေကြပါတယ်လို့ ပေါ့ ။

အိုး - - ဒါနဲ့စကားမစပ် အမေ ကျွန်တော်ရေးတာတွေကို အမေကလွဲလို့ ဘယ်သူမှမြင်ရမှာမဟုတ်ဘူးနော် တခြားသူတွေက စာရွက်အလွတ်ကြီးပဲမြင်ရလိမ့်မယ် ဘယ်လောက်ကောင်းလိုက်သလဲ ? အခု ဘုရားသခင်ကို သူ့ဘောပင်လေးကျွန်တော်ပြန်ပေးရတော့မယ်အမေ သူ့ရဲ့မှတ်တမ်းမှာ သူနာမည်တွေရေးသွင်းရတော့မယ် ဒီည ကျွန်တော်သူတို့နဲ့တစ်ဝိုင်းတည်းအတူထိုင်ရတယ် အစားအသောက်တွေ ကလည်းတအားကောင်း တယ်အမေရဲ့ ။

အော် ကျွန်တော်အမေ့ကိုပြောဖို့မေ့နေခဲ့တယ် ကျွန်တော်ဘယ်တော့မှ မနာကျင်တော့ပါဘူးအမေ ကင်ဆာ လည်းအခုဆို မရှိတော့ပါဘူး ကျွန်တော်ပျော်ပါတယ်ဘာလို့လည်းဆိုတော့ နာကျင်မှုတွေ လည်းလုံးဝမရှိတော့ ဘူး ဘုရား သခင်ကလည်းကျွန်တော်နာကျင်မှာကိုကြည့်နေမှာမဟုတ်ဘူးလေ ဒါကြောင့်လည်း ပျံသန်းနေတဲ့ နတ်သ မီးလေး နဲ့ကျွန်တော့်ကိုခေါ်ခိုင်းလိုက်တာပေါ့အမေရယ် နတ်သမီးလေးကပြောတယ်အမေရဲ့ - - ကျွန်တော် က အထူးသယ်ယူပို့ဆောင်ပေးရတဲ့သူတဲ့ ကဲ ဘယ်လောက်ကောင်းလိုက်သလဲ ”

ချစ်တဲ့

(လက်မှတ် ) ဘုရားသခင် ၊ နတ်သမီး ၊ ဂျင်မီ

သက်တန့်ချို
The Little boy အား ဘာသာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 26, 2012

ကိုယ့်အားနည်းချက်ကို မှန်ကန်စွာ အသုံးချတတ်ပါစေ

ကိုယ့်အားနည်းချက်ကို မှန်ကန်စွာ အသုံးချတတ်ပါစေ



ဟိုးတခါတုန်းက အိမ်လေးတစ်အိမ်မှာ တောင်ယာလုပ်တဲ့ လူတစ်ဦးနေထိုင်တယ် ။ အဲဒီလူဟာ သူ့အိမ်လေးနဲ့ အတော်ဝေး တဲ့ ရေကန်ကနေ နေ့စဉ် အိုးလေးနှစ်လုံးကို တံပိုးနဲ့လည်ပင်းမှာ လျှိုလို့ ထမ်းပြီး ရေဖြည့်ရပါတယ် ။ ဒါပေမယ့် အိုကလေး ၂ လုံးမှာ တစ်လုံးက အက်ရာလေးတစ်ခုရှိတယ် ။ အဲဒီအက် ရာလေးကြောင့် တောင်ယာသမားဟာ ရေထမ်းတဲ့အခါ အဲဒီအိုးမှာ အပြန်ကျရင်ရေတစ်ဝက်လောက်ပဲ ပါပါလာ တယ် ။ တစ်ဝက်လောက်တော့ အက်ရာကနေတဆင့်အောက်ကို ကျပြီးကျန်ခဲ့တာပေါ့ ။

ဒီလိုနဲ့ ၂ နှစ်လောက် ကြာတဲ့အခါမှာ တောင်ယာသမားဟာ ရေသွားခပ်တဲ့လမ်းတလျှောက်ပွင့်နေတဲ့ပန်းတွေ ကို ခူးပြီးအိမ်ကို ပြန်လာတယ် ။ ပြီးတော့ ဘုရားပန်းအိုးမှာ ကပ်ပြီးတချို့ကိုလည်းအိမ်က ပန်းအိုးမှာ ထိုးစိုက် ထားပါတယ် ။ အက်ကွဲနေတဲ့အိုးကလေးကတော့ တခြားကောင်းတဲ့အိုးထက်စာရင် မျက်နှာငယ်နေရရှာတာပေါ့ ။ အိုးကောင်းကလေးတော့ နေ့စဉ်ရေအပြည့်သယ်ပေးနိုင်တဲ့အတွက် မျက်နှာကိုမော်နေရောပဲ ။ တစ်နေ့တော့ အက်ကွဲရာနဲ့အိုးကလေးက သူ့သခင်ကိုပြောပါတယ် ။

“ ကျွန်တော် စိတ်ပျက်ဝမ်းနည်းမိပါတယ် ခင်ဗျာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ခင်ဗျား အတွက်နေ့ စဉ်ရေ တစ်ဝက်ပဲ သယ်ပေးနိုင်တယ် အိုးကောင်းကလေးလို အပြည့်သယ် မပေးနိုင်တဲ့ အတွက်လည်း ရှက်မိပါတယ် ” အဲဒီအခါ တောင်ယာသမားက ပြုံးလိုက်တယ် ။ ပြီးတော့ မှ အက်ရာတွေ နဲ့အိုး ကလေး ကိုပြောတယ် ။

“ ဒီမယ်အိုးကလေးရဲ့ မင်းသတိထားမိရဲ့လား ငါတို့အပြန်လမ်းမှာ ပန်းကလေးတွေအများကြီး ပွင့်နေတာကိုလေ ငါတောင် ပန်းလေးတွေခူးပြီးဘုရားပန်းကပ်တယ် ပန်းအိုးမှာလည်းအလှဆင်နိုင်တယ် အဲဒီပန်းခင်းလေးက မင်းရှိတဲ့ ဖက်မှာ ပေါက်နေတာလေကွဲ့ တခြားအိုးကောင်းလေးဖက်မှာ မရှိဘူး ဘာကြောင့်လည်းဆိုတော့ မင်းမှာ အက်ရာလေးတွေရှိတယ်ဆိုတာ ငါသတိထားမိပြီးလမ်းမှာ ရေတွေ ယိုစိမ့်ကျခဲ့တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ မင်းရှိတဲ့ဖက်မှာ ငါ ပန်းမျိုးစေ့လေးတွေကျဲထားခဲ့တယ် ။ အပြန်ရေ ထမ်းပြီးပြန် လာခဲ့တအခါ မင်းရဲ့အက်ကွဲရာလေးကနေတဆင့်ယိုစိမ့်ကျလာတဲ့ရေတွေက အခုလို ပန်းမျိုးစေ့လေးတွေကို ပက်ဖျန်းပေးနိုင်တဲ့အတွက် အရမ်းလှပတဲ့ပန်းခင်းကြီးဖြစ်လာတာပေါ့ကွ ။ မင်းဟာ အားနည်းချက်တွေ ရှိတယ်ဆို တာမှန်ပါတယ် ။ ဒါပေမယ့်အဲဒီအားနည်းချက်ကို သင့်တော်တဲ့နေရာမှာ အကျိုးရှိရှိအသုံးချနိုင်တဲ့အတွက် မင်းဟာ အရမ်းတန်ဖိုးရှိတဲ့အိုးကလေးတစ်လုံးပါပဲ ”

#############################

ကျွန်တော့်မှာလည်း အိုးကလေးရဲ့အက်ရာတွေလို အားနည်းချက်တွေရှိပါတယ် ။ ခင်ဗျားမှာလည်း အားနည်း ချက်တွေ ရှိပါတယ် ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ အက်ရာ တွေ ဒါဏ်ရာတွေနဲ့အား နည်းချက်တွေ ရှိကြပါလိမ့်မယ် ။ ကိုယ့်ရဲ့အားနည်းချက်ဟာ တကယ်တော့ရှက်ရွံ့စရာမဟုတ်ပဲ မှန်ကန်သင့်တော် တဲ့နည်းလမ်း နဲ့ကုစားဖို့ သာလိုအပ်ပါတယ် ။ ကဲ အခုဆိုရင် - - -

ကိုယ့်အားနည်းချက်ကိုကိုယ်ရှက်ရွံ့ပြီး ဘ၀မှာ သိမ်ငယ်စွာနေမလား ?
ကိုယ့်အားနည်းချက်ကို အကောင်းဆုံး အသုံးချ လို့စိတ်ဓါတ်ခွန်အား အဖြစ်ဘ၀ အောင် မြင် အောင်ကြိုး
စားမ လား ?

သင့်အပေါ်မူတည်ပါတယ် ။

သက်တန့်ချို
(Two pots and flowers အားဘာသာပြန်သည် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်

အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်



အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။

၁ ။ လေ့လာစမ်းသပ်မှု Result တွေအရ အသက်ငါးနှစ်အောက်အရွယ် (Preschool children ) တွေမှာ အိပ်မက်မက်လေ့မရှိပါဘူး ။ အိပ်မက်မက်တဲ့အခါ အဓိကအရေးပါတဲ့ ဦးခေါင်းထိပ်မှာရှိတဲ့ Parietal lobe ဦးနှောက် ရဲ့အစိတ်အပိုင်းဟာ ငါးနှစ်ကျော်မှ ဖွံ့ဖြိုးတာဖြစ်တယ်လို့ ပညာရှင် Dr.Roberstsan က ဖော်ပြခဲ့ ပါတယ် ။

၂ ။ အိပ်နေစဉ် မျက်ခွံလှုပ်ရှားနေတဲ့အချိန်ကို (REM Sleep ) လို့ခေါ်ပြီး မျက်ခွံလှုပ်ရှားမှုမရှိတဲ့အချိန် ကို (Non-REM Sleep ) လို့ခေါ်ပါတယ် ။ ညတစ်ညမှာ မျက်ခွံ့လှုပ်ရှားတဲ့အချိန်ဟာ ၄-၅ ခါလောက်ဖြစ်တတ်ပြီး တစ်ကြိမ် ကို ၄၅ မိနစ်လောက်ကြာမြင့်ပါတယ် ။ အိပ်မက်ဟာ မျက်ခွံ့လှုပ်ရှားနေတဲ့အချိန်မှာ မက်လေ့ရှိတာမို့ ၄-၅ ခါ မက်နိုင်ပါတယ် ။ နေ့တိုင်းလည်းအကြောင်းအရာ တူချင်မှ တူပါလိမ့်မယ် ။

၃ ။ အိပ်မက်မမက်နိုင်တဲ့သူတွေကတော့ - ငါးနှစ်မတိုင်မီ မျက်စိကွယ်သောသူများ ၊ ဦးနှောက်ရဲ့ အိပ်မက်မက်တဲ့နေရာဖြစ်တဲ့ ခေါင်းထိပ် ( Parietal lobe ) ကို ထိခိုက်ဒါဏ်ရာရသူတွေဖြစ်ပါတယ် ။

၎ ။ အိပ်မက်မက်ဖို့အတွက် မျက်စိ နှစ်လုံးထဲက တစ်လုံးတော့အနည်းဆုံးကောင်းဖို့လိုပါတယ် ။ ငါးနှစ်မပြည့် ခင်မှာ Visual Imagery လို့ခေါ်တဲ့ ပုံရိပ်ကိုဖမ်းပြီး ဦးနှောက်ရဲ့ Parietal lobe အပြင်ဖက် အကာသား Myelination ပြည့်စုံအောင်မဖွံ့ဖြိုးသေးလို့ အိပ်မက်မက်လို့မရသေးပါဘူး ။ ၇ နှစ်ကျော် မှဖွံ့ဖြိုးလာပြီး မျက်စိ လည်းမြင်ပါမှ ဦးနှောက်ကိုသတင်းပို့ပြီး အိပ်မက်အဖြစ်မက်နိုင်တာဖြစ်ပါတယ် ။ ၅ နှစ်မတိုင် ခင်မျက်စိ ကွယ်ခဲ့ ရင်တော့ ဦးနှောက်က ဖွံ့ဖြိုးလာတဲ့တိုင်အောင် အမြင်အာရုံမရှိတဲ့အတွက် အိပ်မက်မက်နိုင်ခြင်းမရှိပါဘူး ။ လေ့လာ တင်ပြသူကတော့ Hurovitz ဖြစ်ပြီး ၁၉၉၉ မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

၅ ။ အသက် ၇ နှစ် ၈ နှစ်အရွယ်အထိဟာ Blind Image လို့ခေါ်တဲ့ကျားကြီးတွေ ဆင်ကြီးတွေ လိုမျိုးတွေ သာမက်လေ့ ရှိတယ် ။ ၉ နှစ် ၁၀ နှစ်လောက်မှစပြီး အစီစဉ်တကျဖြစ်တဲ့အိပ်မျက်မျိုး (Sequence of Event ) တွေစ မက်ပါတယ် ။ ၁၁ နှစ်ကနေ ၁၃ နှစ်အထိလူကြီးဘ၀မှာ မက်တဲ့အိပ်မက်မျိုးမက်လေ့ရှိတာတွေ့ရတယ် ။ လူလတ်ပိုင်းအရွယ်မှာတော့ ထိတ်လန့်စရာ ၊ ကြောက်လန့်စရာတွေ (Negative emotion ) တွေမက်လေ့ရှိပြီး လူကြီးပိုင်းရောက်လာတာနဲ့အမျှ ဒီလို အိပ်မက်မျိုးတွေလျော့နည်းသွားပြီး (Positive emotion ) တွေ မက်လေ့ ရှိတာများပါတယ် ။

၆ ။ တချို့ဟာ ညဖက်မက်တဲ့အိပ်မက်ကို အသေးစိတ်ပြန်ပြောနိုင်တဲ့သူရှိသလို ဘာမှပြန်မ မှတ်မိတဲ့ သူတွေ လည်းရှိပါတယ် တချို့ကတော့အိပ်ရာနိုးခါစ မှတ်မိတတ်ကြပေမယ့် ၂ ရက် ၃ ရက်ကြာရင်မေ့သွားတာမျိုးလည်း ရှိပါတယ် ။ တကယ်တော့ တွေ့ကြုံဖြတ်သန်းခဲ့ရတာမဟုတ်တဲ့အတွက် အိပ်ရာနိုးနိုးချင်းရေးမှတ်ထားရင်တော့ အိပ်မက် မှတ်တမ်းရေးလို့ရနိုင်ပါတယ် ။

၇ ။ အချို့သောဆေးဝါးတွေဟာ အိပ်မက်ကောင်းကောင်းမက်အောင်စွမ်းဆောင်နိုင်သလို တချို့ကျတော့လည်း ကယောင်ချောက်ချားဖြစ်အောင်လုပ်တာတွေရှိပါတယ် ။ ဥပမာ အတက်ရောဂါ Epilepsy မှာအသုံးပြုတဲ့ အတက်ကျဆေးတွေဟာ အိပ်မက်ဆိုးမမက်အောင် ဟန့်တားပေးပါတယ် ။ အသက်ကြီးရင်ဖြစ်တတ်တဲ့ ပါကင် ဆန်ရောဂါ (Parkinson's disease ) မှာ အသုံးပြုတဲ့ L-levodopa ဆိုရင်လည်းအိပ်မက်ကောင်းမက်ဖို့ အထောက် အကူပေးပါတယ် ။ အချို့ဆေးတွေကတော့ သောက်နေတုန်းဘာမှမဖြစ်ပဲ ဘာပြဿနာ မှမရှိ ပဲ ဆေးရပ်လိုက်တော့မှ အိပ်မက်ထဲမှာ ကယောင်ချောက်ချား ( Nightmares ) ဖြစ်တာတွေရှိပါတယ် ။ ဆေး ၀ါးတွေ သာမကပဲ မူးယစ်ဆေးဝါး အရက်စတာတွေကလည်း အိပ်မက်အပေါ်သက်ရောက်မှုရှိပါတယ် ။

၈ ။ အိပ်မက်ဆိုတာ မက်သူရဲ့ခံစားချက် ၊ စိတ်နေသဘောထား ၊ ကျန်းမာရေး ၊ ရည်ရွယ်ချက်စတာတွေနဲ့ ဆက်နွယ်နေလေ့ရှိတယ် ။ အပြင်မှာ ဖြစ်ချင်တဲ့အကြောင်းအရာတွေနဲ့ အိပ်မက်တွေကို ဆက်စပ်လေ့ လာကြည့်ရင် ဆက်စပ်မှု သိပ်မရှိတာတွေ့ရတယ် ။ အိပ်မက်ထဲက အကြောင်းအ ရာကို နှစ် သက် လို့ကြိုးစားရင်းအပြင်မှာ တကယ်ဖြစ်သွားတာတွေလည်းရှိတယ် ။ ဒါကြောင့် Dream comes true လို့ခေါ်ကြ တာပေါ့ ။

၉ ။ လူတစ်ယောက်အိပ်ပျော်နေတုန်း အိပ်မက်မက်အောင်အပြင်ကနေ လှုံ့ဆော်ပေးလို့မရပါဘူး ။ ဥပမာ အပြင်ကနေ စကားပြောတာ ကတ်ဆက်နဲ့အသံဖွင့်ပြတာ ၊ ရေနဲ့ပက်ဖျန်းပေးတာ စတဲ့ ပြုလုပ်ချက်တွေက အိပ်ရာ က နိုးစေတာကလွဲလို့ အိပ်မက်မက်စေဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး ။

၁၀ ။ အိပ်မက်မက်ခြင်းဟာ အနာဂါတ်အတွက် ရှေ့ပြေးနိမိတ်အဖြစ်ယူဆခြင်းနဲ့ပတ်သတ်လို့ လူအများစုက အိပ်မက်ထဲကအကြောင်းအရာတွေကိုရေးမှတ်ပြီး နောင်တကယ်ဖြစ်မဖြစ် လေ့လာကြတဲ့အခါ အချို့လည်းဖြစ်တာရှိသလို အချို့လည်း ဘယ်လိုမှ ဆက်စပ်လို့မရတာတွေလည်းရှိပါတယ် ။ ဆေးပညာရပ်ထက်စာရင် တခြား ပညာရပ်တွေနဲ့အများကြီး ပိုမိုသက်ဆိုင်ပါတယ် ။

အိပ်မက်မက်ခြင်းဟာ ဆေးပညာရှုထောင့်ကနေကြည့်ရင် ကောင်းတယ်လို့ပြောလို့ရပါတယ် ။ အိပ် မက်ကောင်းကောင်း ဒါမှမဟုတ် ပုံမှန်အကြောင်းအရာတွေကို မက်ခြင်းက စိတ်ကျန်း မာေ၇းကောင်းနေ တယ်ဆိုတာ ပြသနေပါတယ် ။ လူတိုင်းလူတိုင်းအိပ်မက်လှလှကလေးတွေ မက်နိုင်ကြပါစေ ။

သက်တန့်ချို
Ref : Internet , About dreams by Dr.Khin Mg Lwin (FAME)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, April 24, 2012

Generation အပျောက်ခံတော့မှာလား မိအေးရယ်

Generation အပျောက်ခံတော့မှာလား မိအေးရယ်



မိအေး - - လူပုံက ပိန်ပိန်ပါးပါး အသားက ဖြူဖြူနဲ့ သူမဟာ တကယ့်ကို ရန်ကုန်သူကြီးဆိုပါတော့ ။ မိအေးအိမ်က စီးပွားရေး လည်းအရမ်းကြီးဆိုးဆိုးရွားရွားမဟုတ်ပါဘူး ။ ချောင်ချောင်လည်လည်နဲ့သားသမီးတွေကို ပညာ သင်ပေးနိုင် တဲ့အခြေအနေဆိုပါတော့ ။ မိအေးမှာ မိနှင်းဆိုတဲ့ ညီမလေးတစ်ယောက်ရှိတယ် ။ သူနဲ့လေးနှစ် ကွာ တာပေါ့ ။ မိအေးဆယ်တန်းအောင်ပြီးတော့ ထုံးစံအတိုင်း တခြားသူတွေ လို ယောင် ချာချာနဲ့ကွန်ပြူ တာသင် တန်းလိုလို စာရင်းကိုင်လိုလို နဲ့တစ်နှစ်လောက် တက်လိုက်တယ် ။ အဲဒီလိုနဲ့အချိန်တွေကြာ လာတာနဲ့ အမျှ မိအေးမှာ သူငယ်ချင်းတွေလည်းတဖြေးဖြေးများလာခဲ့တယ် ။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အကြီး ဆုံးရော ဂါကြီးတစ်ခု စွဲကပ်နေတဲ့အချိန်နဲ့မိအေးကြုံခဲ့ရတယ် ။ အဲဒီရောဂါကြီး က မြင်ရတွေ့ ရတဲ့ရော ဂါတစ် ခုတော့မဟုတ်ပါဘူး ။ ဒါပေမယ့် လူငယ်တိုင်းလိုလို မိအေးတို့လို မြီးကောင်ပေါက်အရွယ်တွေမှာ ဒီရောဂါ က အသွေးအသားထဲအထိ တဖြည်းဖြည်းစိမ့်ဝင်လာခဲ့ရတယ် အဲဒီရောဂါကတော့ “ နိုင်ငံခြားမှာ သွားအလုပ် လုပ်ချင် တဲ့ရောဂါ ” တဲ့ ။

မိအေးစဉ်းစားရပြီ ။ သူ့မိသားစုအခြေအနေနဲ့ဆို မရှိရှိတာလေး စုတန်တာစု ရောင်းတန်တာရောင်းပြီး သူ့ကို နိုင်ငံခြားပို့ပေးနိုင်မယ့်အခြေအနေရှိတယ် ။ သူလည်းစာရင်းကိုင်လေးကွန်ပြူတာလည်းအတော်အတင့် တတ် ကျွမ်းနေပြီဆိုတော့ သူဘယ်ကိုသွားရမလဲဆိုတာစဉ်းစားတယ် ။ သူ့စိတ်ထဲ မှာသွားချင်တဲ့နိုင် ငံတစ်ခု ရှိတယ် ။ အဲဒါကတော့ ရေပတ်လည်ဝိုင်းနေတဲ့ စင်ကာပူဆိုတဲ့ ရေပေါ်မြို့တော်လေးတစ်ခုဆီကိုပေါ့ ။ အဲဒီမှာ မိအေးကြား ဖူးတာကတော့ အလုပ်အကိုင်တွေကောင်းတယ် ပညာရေးအခွင့်အလမ်းတွေများတယ် ပိုက် ဆံတွေအ များကြီးရတယ် ဒါဆို သူတို့မိသားစုချမ်းသာပြီပေါ့ ။ မိအေးအိပ်မက်တွေဟာ တကယ့်ကြယ်တွေ ထွန်းလင်းနေ တဲ့ကောင်းကင်ပြင်လိုပါပဲ ။ လင်းလိုက်နေလိုက်တာ ။

ဒီလိုနဲ့မိအေး သူ့သူငယ်ချင်းတွေဖြစ်တဲ့ သူဇာ နဲ့ မူယာတို့ နှစ်ယောက်နဲ့ သေသေချာချာ တိုင်ပင်ပါတော့တယ် ။ သူ့သူငယ်ချင်းနှစ်ယောက်ကလည်း စင်ကာပူ ထွက်ဖို့သဘောတူကြသတဲ့ ။ ဒီတော့ သူတို့ ၃ ယောက် ပါ့စပို့ကိစ္စ ၊ visa ကိစ္စတွေလုံးပန်းကြရတော့တာပေါ့ ။ သူတို့ရင်ထဲကအပျော်တွေကို သူတို့သာအသိဆုံးဖြစ်ကြပါလိမ့်မယ် ။ သူဇာကလည်း သူ့မောင်လေးအတွက် ဆေးကျောင်းစရိတ်ကာမိအောင် နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ အရင်က တည်းကကြံစည်နေတဲ့သူဆိုတော့အကိုက်ပဲပေါ့ ။ မူယာကလည်း အောင်မြင်ချင်တယ်ကျော်ကြားချင်တယ် ဒီလို မြန်မာနိုင်ငံလို အစုတ်ပလုတ်သေးသေးလေးထဲ နေရရင် သူ့ အရှိန်အ၀ါတောင် ညှိုးမှိန်သေးတယ် ထင်နေ တဲ့သူဆိုတော့ အဲဒီမှာတင် သူတို့ ၃ ယောက် စင်ကာပူဆိုတဲ့မြို့တော်ကြီးထွက်ခွာနိုင်ဖို့အရေး အပြင်းအထန် ကြိုးစားကြပါတော့တယ် ။ ဒီလိုနဲ့ - - -ဒီလိုနဲ့ပဲ - - -။

(၆ လခန့်ကြာပြီးနောက် )

သူတို့ ၃ ယောက်ရဲ့ သူငယ်ချင်းဖြစ်သူ ဖြူပြာဆိုတဲ့ ကောင်မလေးတစ်ယောက် စင်ကာပူမှာ ရောက်နေတာ ၄ နှစ်လောက်ရှိပြီ မိအေးတို့ ၈ တန်းနှစ်လောက်ကတည်းကဆိုပါတော့ မိအေးထက်လည်း ၃ နှစ်လောက်ကြီးတယ် ။ အဲဒီဖြူပြာနဲ့ မိအေးတို့ ၃ ယောက်အဆက်အသွယ်ရသွားကြတယ် ။ သူတို့စိတ်ထဲ ၀မ်းသာနေ လိုက်ကြတာ ကျွန်တော်စာတောင်မဖွဲ့ပြတတ်တော့ဘူး ။ ဖြူပြာ မူယာ သူဇာ ဆိုပြီး နာမည်လေးတွေ ကလည်း ခပ်ဆင်ဆင် လူတွေကလည်းချောချောလေးတွေ ။ ဖြူပြာကပြောတယ် သူ့အိမ်မှာ အရင် လာနေပေါ့ ပြီးမှ အိမ်ခန်းရှာအလုပ်ရှာ အစရှိသဖြင့်ပေါ့ ။ ဒီလိုနဲ့ သူတို့ ၃ ယောက် စင်ကာပူ ကျွန်းနိုင်ငံကြီးကို ထွက်ခွာဖို့က အသင့်ဖြစ်နေခဲ့ပါပြီ သိပ်မကြာခင်ကာလအတွင်းမှာ သူတို့ စင်ကာပူသွား ဖို့ရက် က ရောက်ရှိလာပါတော့တယ် ။

မင်္ဂလာဒုံလေဆိပ် - - - အိမ်သားတွေတရုံးရုံးနဲ့ စင်ကာပူမြို့တော်ကြီးသွားမယ့် သူတို့ ၃ ယောက် ဟာ ဆွေ မျိုးတွေ အလယ်မှာ တကယ့်ကို စစ်တိုက်ထွက်မယ့် သူရဲကောင်းတွေ လိုလိုပေါ့ ။ အားလုံးမျက်နှာမှာ လည်း အပျော်တွေ တ၀င်းဝင်း လေယဉ်ပေါ်တက်ခါနီးတော့ မိဘတွေက မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့နှုတ် ဆက်ရှာ တယ် ။ တခါမှ မစီးဖူးတဲ့ လေယဉ်ကြီးစီးပြီး သူတို့အိပ်မက်ထဲက ကျွန်းနိုင်ငံကြီးခမ်းနားတဲ့ မြို့ကြီး ဆီသွား ရတော့မှာဆိုတော့ရင်ထဲမှာ လှိုက်ကနဲ လှိုက်ကနဲ ဖြစ်ပြီးခြေဖျား လက်ဖျားတွေတောင်အေး စက်နေ ရှာတယ် ။ ဒီလိုနဲ့ မိဘတွေကို နှုတ်ဆက်လို့ သူတို့ ၃ ယောက် လေယဉ်ပေါ်တက်ခဲ့ကြတယ် ဆိုပါတော့ - - ။

(စင်ကာပူနိုင်ငံ )

အိုး - - ခမ်းနားလိုက်တာ လေဆိပ်ကြီးက တကယ့်ကို ရုပ်ရှင်တွေထဲကအတိုင်း သန့်ရှင်းသပ်ရပ်လို့ ။ မူယာ့စိတ်ထဲတော့ ဒီလို မြို့မျိုးမှ ငါနဲ့တန်တာ လို့ တွေးမိလိုက်တယ် ။ သူတို့ ၃ ယောက် လေယဉ်ပေါ်ကနေဆင်း ပစ္စည်းတွေရွေးနဲ့ ယောင်ချာချာဖြစ်နေတုန်း သူတို့သူငယ်ချင်း ဖြူပြာက လာပြီး ကြိုတဲ့အတွက် သူတို့ အတော်လေး အဆင်ပြေသွားကြတယ် ။ ဖြူပြာဘေးမှာ အသားဖြူဖြူ အရပ်မြင့်မြင့် နဲ့ နိုင်ငံခြားသား တရုတ်လိုလို ခပ်ဆင်ဆင် တစ်ယောက်ပါလာတာတွေ့ရတော့ သူတို့စိတ်ထဲ ဒါဖြူပြာနဲ့ပတ်သတ်နေ သူဖြစ်ရမယ်လို့ တွေးမိ လိုက်ကြသေးတယ် ။ ဒီလိုနဲ့ကားပေါ်မှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရယ်မောပျော်ရွှင်လာခဲ့ကြတယ် ။ ဖြူပြာက မိတ်ဆက်ပေးတယ် ။ “ ဒါငါ့ အမျိုးသား Mr.Lee တဲ့ မိအေးရဲ့ မှတ်ထားကြနော် သူက ဒီက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပေါ့ ” အသိအမှတ်ပြု ခေါင်းတွေပြန်ညိတ်ပြကြပြီး ဖြူပြာ့ အိမ်ကို ဒီလိုနဲ့ရောက်သွားကြပါတော့တယ် ။ အိမ်လည်းရောက်ရော Mr.Lee နဲ့ဖြူပြာတို့ တိုးတိုးတိုးတိုးပြောပြီး Mr.lee က ကားနဲ့ အိမ်ကနေပြန်ထွက်သွားခဲ့တယ် ။ သူဇာကမေးလိုက်တယ် ။ “ ဟဲ့ ဖြူပြာ နင့်အမျိုးသားက အလုပ်ရှိ လို့လား အပြင်ပြန်ထွက်သွားတာ ငါတို့လာတာရောအဆင်ပြေရဲ့လား ဟာ ” “ အာပြေပါတယ် သူဇာရယ် ငါရှင်းပြပါ့မယ် နင်တို့နားလိုက်ပါဦးလာ ငါအခန်းလိုက်ပြမယ် ” “ ဟင် အိမ်ကလည်း နင်တို့ စုံတွဲပဲနေတာလား ဘယ်သူမှမရှိကြဘူးလား ဟ ” သူဇာ အဲဒီလိုမေးလိုက်တော့ ဖြူပြာ မျက်နှာတစ်ချက်ပျက်သွားတယ် ။ ချက်ချင်းပြန်ပြင် လိုက်ပြီး “ အခုတော့ ငါတစ်ယောက်တည်း ဒီတိုက်ခန်းမှာ နေတာဟ နင်တို့လာတော့ အဖော်ရ တာပေါ့ ငါ့အမျိုးသားက တစ်ပတ် တစ်ရက် နှစ်ရက်လောက်ပဲ လာအိပ်တာ ” “ဟင် နင့်ဟာက လည်း ဘယ်လိုကြီးတုန်း ” “ နင်တို့သိရမှာဟာ ကဲ နားလိုက်ကြပါဦး ငါအပြင်ခဏသွားဦးမယ် ပြန်လာခဲ့မယ်နော် ”

မိအေး သူဇာ မူယာ တို့ ဖြူပြာမှာ တစ်ခုခုတော့လျှို့ဝှက်ထားတာရှိရမယ်လို့တွေးမိလိုက်ကြတယ် ။ ဒီလိုနဲ့သူတို့လည်း ရေမိုးချိုးပြီး သူတို့ ၃ ယောက်အတွက်ပေးထားတဲ့အခန်းလေးထဲမှာ အနားယူနေလိုက်ကြတယ် ။ ခဏကြာတော့ ဖြူပြာတစ်ယောက်ပြန်ရောက်လာပါတော့တယ် ။ “ ကဲဘယ် လိုလဲ နေလို့ကောင်း ရဲ့လားစင် ကာပူက ” “ ကောင်းတာပေါ့ဟ ငါတော့အိပ်မက်ထဲရောက်နေရသလိုပါပဲ ငါတို့ အိမ်ခန်းလည်း ရှာရမယ် ပြီးရင် အလုပ်လည်းရှာရမယ်နော် ” “ စိတ်မပူပါနဲ့ဟာ ငါတစ်ယောက်လုံးရှိနေတာပဲ ” “ ကဲပါနေပါဦး ခုနက နင်ပြော တယ်လေ မစ်စတာလီက တစ်ပတ်၂ ရက်လောက်ပဲ ပြန်အိပ်တယ်ဆိုတာ ဘယ်လိုကြီးတုန်းဟ” မိအေးက မေးလိုက်တော့ သူဇာ မျက်နှာလည်း ညိုးသွားတယ် မျက်နှာလည်း သိသိသာသာပျက်သွားရှာတယ် ။ “ တကယ်- -တကယ်တော့ မစ်စတာလီမှာ မိန်းမရှိတယ် ဟ ” “ ဟင် ” အာမေဋိတ်သံတွေ တပြိုင်တည်းလိုလို ထွက်ပေါ်လာ တယ် ။ “ ဟုတ်တယ် မိအေး ငါ စင်ကာပူရောက်တာ ကြာလှပြီဆိုတာ နင်တို့သိမှာပါ ငါ မြန်မာနိုင်ငံ မပြန်ချင်တော့ဘူးဟာ ငါ စင်ကာပူနိုင်ငံသားဖြစ်ချင်တယ် မီးမလာရေမလာ နဲ့ စုတ်ပြတ်နေ တဲ့နိုင်ငံမှာ ငါလူဖြစ်ရတာ ကိုယ့်ကိုယ်ကိုယ်အတော်လေးအောက်ကျနောက်ကျနိုင်တယ်လို့ ငါထင်တယ် ငါ စင်ကာပူနိုင်ငံသားဖြစ်ဖို့ အတွက်အကောင်းဆုံးနည်းက Singaporean တစ်ယောက်ကို လက်ထပ်လိုက် ဖို့ပဲမဟုတ်လား မစ်စတာလီမှာ မိန်းမရှိတာငါသိပါတယ် သူက ငါနဲ့အလုပ်အတူတူပဲလေ ရာထူးအကြီးပိုင်း ထဲကပေါ့ ငါတို့ နှစ်ယောက် အလုပ်အတူတူလုပ်ရင်းငြိသွားကြတယ်ဆိုပါတော့ဟာ မစ်စတာ လီက ကလေး ၃ ယောက်ရှိတယ်ဟ သူ့မိန်းမကလည်း စင်ကာပူသူပါပဲ ငါအခု PR (Permanent Resident - တရားဝင်နိုင်ငံသားအဖြစ်နေထိုင်ခွင့် ) ရပြီလေ ဒါငါ့အိပ်မက်ပဲ ငါ မြန်မာမဟုတ်တော့ဘူး စင်ကာပူ သူကြီးဖြစ်နေပြီ ဟင်းဟင်း ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ မစ်စတာလီကလည်းငါ့ကို အခုတိုက် ခန်းဝယ်ပေး ထားတယ်လေ လစဉ်သုံးဖို့လည်းပိုက်ဆံထောက်ပံ့တယ် ကဲ ဘယ်လောက်ကောင်းလဲ ” “ ဟင် သူ့မိန်းမ က မသိဘူးလား ” “ မသိအောင်နေတာပေါ့ဟ ” မိအေး က မသက်မသာ သက်ပြင်းချလိုက်ပေမယ့် မူယာနဲ့ သူဇာကတော့ သာမာန်ရိုးရိုးပုံပြင် တစ်ပုဒ်ကို နားထောင်နေရတဲ့အတိုင်း ဘာမှထူးခြားမှုမရှိသလိုပါပဲ ။ အဲဒီလိုနဲ့ - - - ။

သူတို့ ၃ ယောက်စလုံး ဖြူပြာရဲ့အကူအညီနဲ့ အိမ်ခန်းလေးတစ်ခု ကို စပ်တူငှားနေခွင့်ရသွားသလို အလုပ်လည်း အသီးသီးရသွားခဲ့ကြတယ် ။ မြန်မာပြည်မှာ မနက်မိုးလင်းထချင်တဲ့အချိန်ထလို့ရပေမယ့် စင်ကာ ပူမှာတော့ နှိုးစက် အ လန်းမြည်တာနဲ့ MRT ကို သုတ်ခြေတင်ဖို့အရေး ပြင်ဆင်ကြရပါတော့တယ် ။ မိုးလင်းမိုး ချုပ် သူတို့ မက်မောတဲ့မြို့ကြီးထဲ စက်ရုပ်တွေလို သူတို့အလုပ်ကြရတယ် ။ အချိန်အတော်လေးကြာလာတော့ အိမ်ကိုလည်း ငွေစနည်းနည်းပါးပါးပြန်ပို့နိုင်ပြီပေါ့ ။ စားသောက်စရိတ်နဲ့ အိမ်နေစရိတ်နဲ့ တကယ် တမ်းတော့လည်း သူတို့ထင်ထားသလောက်တွေးထားသလောက် ဘ၀တွေက တယ်ပြီးမခမ်းနားလှပါဘူး ။ တစ်ရက်တော့ မိအေးတစ်ယောက် အလုပ်ဆင်းပြီးပြန်လာတော့ ဖြူပြာ့အမျိုးသား မစ်စတာလီရယ် သူ့သူငယ်ချင်းယောင်္ကျားလေး တစ်ယောက်ရယ် မူယာရယ် ပျော်ရွင် စွာနဲ့လမ်းလျှောက်ပြန် လာကြတာတွေ့ လိုက်ရတယ် ။ မိအေးလည်းဝမ်းသာ အားရနဲ့သွားနှုတ်ဆက် တာပေါ့ ။ ဒါပေမယ့် မူယာက မိအေးကို သာမန်ကာလျှံကာလောက်ပဲ နှုတ်ဆက်ပြီးထွက်ခွာသွားတော့တယ် ။ မိအေးစိတ်ထဲ ဟာတာတာကြီးကျန်ခဲ့တယ် ။ ဘာကြောင့် မူယာ က စိမ်းသွားရတယ်ဆိုတာလည်း သူ့အနေနဲ့မစဉ်းစားတတ်အောင်ပါပဲ ။ ဒီလိုနဲ့ အလုပ်ပိတ်ရက်မှာ သူငယ်ချင်း ၃ ယောက်ဆုံဖို့ ချိန်းလိုက်ကြတယ် ။

“ မူယာ နင်ငါ့ကို ဘာလို့စိမ်းသွားတာလဲ ” “ မစိမ်းပါဘူး မိအေးရယ် ဒါက စင်ကာပူလေဟာ ငါတို့ စင်ကာပူ လိုတော့ကျငု့်ရမှာပေါ့ဟုတ်ဘူးလား ငါမစ်စတာလီသူငယ်ချင်းကို ကြွေနေပြီဟာ ဒါပေမယ့် သူ့မှာလည်း မစ်စတာလီလိုပဲ မိန်းမနဲ့ကလေး ၂ ယောက်ရှိတယ်ဟာ မတတ်နိုင်ဘူးဟာ ငါလည်း Singaporean ဖြစ်ချင်တယ် ” “ ဟင် နင်အဲဒီလို မလုပ်ရဘူးလေ မူယာ ငါတို့က မြန်မာတွေလေဟာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရ မယ်လေ နင် သူ့မိန်းမကို ကိုယ်ချင်းမစာဘူးလား ” “ တော်စမ်းပါ မိအေးရယ် နင်ဆရာမကြီးမလုပ်စမ်းပါနဲ့ လူဆိုတာကိုယ့်ဘ၀ကိုယ် အကောင်းဆုံးတည်ဆောက်ကြတာချည်းပဲလေ ငါလည်းငါ့ဘ၀ ငါ ရွေးချယ်ခဲ့ တာပဲ အော်ပြောရဦးမယ်နော် ငါနဲ့နောက်တစ်ခါလမ်းမှာတွေ့ရင်မြန်မာလိုမပြောပါနဲ့ ငါရှက်လို့ ” မူယာ ကပြောပြော ဆိုဆို စင်ကာပူသူတစ်ယောက်ပုံစံအပြည့်နဲ့ထထွက်သွားပါတော့တယ် ။ မိအေးနဲ့ သူဇာ နှစ်ယောက် ကတော့ တစ်စုံတစ်ခု ပျောက်ရှသွားသလို ရင်ထဲကျန်နေခဲ့တော့တယ် ။ အဲဒီလိုနဲ့ သူတို့ အထင်ကြီး သူ တို့ မက်မောခဲ့တဲ့ ကျွန်းမြို့တော်ကြီးဆီမှာ သူတို့ မနက်မိုးလင်းအလုပ်သွား ညနေအလုပ်ပြန် ညအိပ် စက်ရုပ်တွေတပိုင်းဖြစ်နေခဲ့ကြတယ် ။ တခါတခါတော့ စိတ်ထဲပျော်သလိုလို တခါတခါတော့လည်း ဘာမှန်းမ သိပဲ အမေ့ရဲ့ ငါးပိရေလေးနဲ့တို့စရာလေး ပဲပြုတ်ဆီဆမ်း မန်ကျည်းရွက်သုပ်လေးကိုလွမ်းသလိုလို မိအေးရင်ထဲ တမျိုးကြီးပါပဲလေ ။

အချိန်တွေကြာလာတာနဲ့အမျှ နှစ်လရာသီအလီလီပြောင်းလာခဲ့ပါပြီ။ စက်ရုပ်တပိုင်းဖြစ်နေတဲ့ သူတို့ တွေဘ၀ ကတော့မပြောင်းသေးပါဘူး ။ အခက်အခဲမျိုးစုံနဲ့ ဒါ နိုင်ငံခြားထွက်လုပ်ချင်တဲ့ရောဂါပါလားလို့ မိအေးကိုယ့်ကိုယ် ကိုတွေးမိလိုက်တယ် ။ ဒီနှစ်တွေကြားမှာ သူဇာလည်း လက်ထပ်လိုက်တယ် ။ အိမ်ကိုတောင် အင်တာနက်ကနေ ပဲ ဖုန်းပြောပြီးအကြောင်းကြားလိုက်ရတယ် ။ အကြောင်းပြချက်ကတော့ သူလည်း PR ရချင်လို့ပါတဲ့ ။ မိအေးစိတ်ထဲ သူ့သူငယ်ချင်းတွေကို အတော်ချဉ်နေပါပြီ ။ ဘယ့်နှယ့် တရားဝင် ရာသက်ပန်နေ ထိုင်ခွင့်ရချင်တာ နဲ့ပဲ စင်ကာပူအမျိုါ်သားတစ်ယောက် (မိန်းမရှိရက်ကြီးနဲ့တောင် ) ယူကြသတဲ့ အံ့ရောအံ့ရော ။ သူတို့မွေးလာမယ့်သား သမီးတွေကလည်းဘယ်တော့မှ မြန်မာပြန်မဖြစ်တော့ဘူး စင်ကာပူသားလေးတွေ စင်ကာပူ သမီးလေးတွေ ဖြစ်ကုန်ကြတော့မှာ ။ မိအေး မပျော်တော့ဘူးလို့ ကိုယ့်ကိုယ်ကို သတိထားမိလိုက်တယ် ။ အဲဒီအချိန်မှာပဲ မိအေးဘ၀ကို အပြောင်းလဲနဲ့စတင်ကြုံလိုက်၇ပါတောတ့ယ် ။

မစ်စတာ ဟောင် တဲ့ အရပ်မြင့်မြင့် အသားဖြူဖြူ သဘောကောင်းမဲ့ရုပ်နဲ့ သူ ကို မစ်စတာဟောင်က အရမ်းဂရု စိုက်တယ်လေ ။ အိုးချင်းထားအိုးချင်းညိဆိုသလို အနေနီးတော့လည်း မိအေးတစ်ယောက် တစ်ခါမှ မခုန်ဖူးတဲ့ရင်တွေ မီးရထားကြီးခုတ်မောင်းသလို တုန်ခါနေရပြီပေါ့ ။ မိအေးစဉ်းစားထားတာရှိတယ် ။ သူ့သူငယ် ချင်း တွေလိုတော့မိန်းမရှိတဲ့သူကို ယူတဲ့သူမဖြစ်စေရဘူးပေါ့လေ မစ်စတာဟောင်ကို သူစုံစမ်းရမယ် ။ သူ့ဘ၀မှာ သူငယ်ချင်းတွေကြောင့်တစ်ခါနာပြီြး့ပီမဟုတ်ပါလား ။ ဒီလိုနဲ့ မစ်စတာဟောင်က မိအေးကို ချစ်ရေးဆိုလိုက်ပါပြီ ။ ကဲ မိအေး ညည်း ဘာဆက်လုပ်မလဲ စဉ်းစား- - စဉ်းစား ။ မိအေး တစ်ယောက် အသည်းအ သန်စဉ်းစားနေရပါတော့တယ် ။

မစ်စတာဟောင်ရဲ့အိမ်ကို သွားပြီး စုံစမ်းဖို့ မိအေးဆုံးဖြတ်လိုက်တယ် ။ ဟုတ်တယ် သူ့ဘ၀မှာ နှစ် ခါအနာမ ခံနိုင်ဘူးလေ ။ အကယ်၍ မစ်စတာဟောင်က လူပျိုလူလွတ် ဆိုရင်တောင် သူတို့ညားကြပြီး သားသမီးမွေးရင် မြန်မာပဲဖြစ်ရမယ် မြန်မာပြည်မှာပဲနေရမယ်လို့ သူ စဉ်းစားထားပြီးသား ။ ဒါတောင် Singaporean တစ်ယောက်ကို ယူမိလို့ သူ့ဘ၀မှာ ဘယ်လောက်အထိ ဘယ်အချိန်ထိ လိပ်ပြာမသန့် ပဲနေရမလဲမသိ အို- - ဒါတွေထားပါလေ အချစ်က အဓိကပဲမဟုတ်လား လူမျိုးမတူတာနဲ့ပဲ မယူရတော့ဘူး လား မိအေးလည်းဒီလောက်တော့ခေတ်မှီပါတယ် ။ ဒီလိုနဲ့ မိအေး မစ်စတာဟောင် အိမ်ကိုရောက်သွားခဲ့ပါပြီ ။ အိမ်ခြံဝမှာ အသားဖြူဖြူ ခပ်၀၀ အမျိုးသမီးတစ်ဦးက ဆင်းလာပြီးကြိုတယ် ။ “ မစ်စတာဟောင်အလုပ်သွားပါတယ်ရှင် ဘာပြောပေးရမလဲ အိမ်ထဲဝင်ထိုင်ပါဦးရှင်ကျွန်မသူ့အမျိုးသမီးပါ သမီးရေ ဧည့်သည့်အ တွက်နေရာပေးပါဦး ” “ ဟိုဟို မထိုင်တော့ပါဘူးရှင် အလုပ်ကိစ္စလေး လာမေးတာ ပါ ပြန်လိုက်ပါဦးမယ် ကျေးဇူးပါရှင့် ” မိအေး ယဉ်ယဉ်ကျေးကျေးပြောပြီး ပြန်လှည့်ထွက်လာခဲ့တယ် ။

#########################

အပြန်လမ်းမှာ မိအေး Genenration ဆိုတဲ့ဝေါဟာရကို စဉ်းစားလာမိတယ် ။ Generation ဆိုတာဘာလဲ မျိုးဆက် ပေါ့ မျိုးရိုးကို စောင့်ထိမ်းတဲ့မျိုးဆက် ။ မိအေးဆိုတဲ့သူမက မြန်မာလေ မြန်မာမျိုးဆက်ကို မပျောက်ရအောင် ထိမ်းသိမ်းရမှာ မိအေးတာဝန် မိအေးတို့လို အမျိုးသမီးတွေတာဝန်ပဲမဟုတ်လား ။ မစ်စတာဟောင်ကို သူ စိတ်လှုပ်ရှားမိတယ် ရင်ခုန်မိတယ်ဆိုတာ မိအေးဝန်ခံပါတယ် ။ ဒါပေမယ့် မိန်းမရှိပြီးသား Singaporean တစ်ယောက်ကို ယူမှ PR ရမယ့် အဖြစ်ကြီးလား ဟင့်အင်း အကယ်၍ သူချစ်စိတ်နဲ့ ဇွတ်လက်ခံလိုက်ရင် သူ့သားသမီးလေးတွေ က မြန်မာမဟုတ်တော့ဘူး စင်ကာပူကလေးတွေဖြစ်ကုန်မှာပေါ့ မိအေးရင်ထဲ ကျဉ်ကနဲ ဆက်ကနဲ နာနေတယ် ။ မိအေး မငိုပါဘူး မျက်ရည်လည်းမကျတော့ဘူး ။ ဒီလောက်တော့ စိတ်ဓါတ်က မာတယ်လေ သူ့ကိုယ်သူလည်း ပထမဆုံးအကြိမ်အဖြစ် မုန်းတီးမိသွားတယ် ။ မစ်စတာဟောင်ကို ရုတ်တရက် လမ်းမှာ မိအေးဆုံလိုက်ရတယ် ။ မစ်စတာဟောင်ကလည်း အံ့သြနေတဲ့ပုံပါပဲ ။ သူ့ကိုတွေ့တော့ ၀မ်းသာအားရပြေးလာတယ် ။ အနားရောက်တော့မိအေး လက်တစ်ဖက်မြောက်တက်သွားတယ် ။ မစ်စတာဟောင် ရဲ့ပါးကို မိမိရရ ရိုက်ချလိုက်တာပါပဲ “ ဟင် မင်းမင်း ဒါဘာလုပ်တာလဲ ” “ အဟက် ဘာလုပ်တာလဲ ဟုတ်လား ရှင်ကျွန်မကို လိမ်တဲ့အတွက် ပေါ့ ရှင့်မှာမိန်းမရှိရဲ့သားနဲ့ များကျွန်မကို ချစ်ရေးဆိုတဲ့အ တွက်ပေါ့ ” “ ဟဟဟဟ ဘာများလဲလို့ကွာ မိန်းမရှိတာဘာဖြစ်တုန်းကွ မင်းတို့မြန်မာ အမျိုးသမီးတွေ ဒီမှာ ရာသက်ပန်နေချင်ရင်ငါတို့စင်ကာပူသားတွေကို လက်ထပ်ယူ ငါတို့က မင်းတို့နေဖို့စား ဖို့ပေးမယ် ဒါဆန်းသလားကွာ မင်းသူငယ်ချင်းတွေလည်း ဒီလိုချည်းပဲဟာကို သိပ်မတွေးစမ်းပါနဲ့ မင်းလည်း ဒီပုတ်ထဲက ဒီပဲပါပဲ ” စကားမဆုံးခင် မိအေးမျက်လုံးထဲ ပြာထွက်သွားတယ် ပြီးတော့ မိအေး ဘာလုပ်လိုက်မိ တယ် မသိတော့ဘူး သူသတိပြန်ရလာတဲ့အချိန် မစ်စတာဟောင်တစ်ယောက်ခွေခွေကလေး လဲကျနေပါပြီ ။ “ အဲဒါမှတ်ထား မြန်မာအမျိုးသမီးတစ်ယောက်ကို ရှင်တို့ ဘယ်တော့မှ စော်ကားလို့မရဘူးဆိုတာ သက်သေပြလိုက်တာပဲ နောက်တစ်ခါဆို ရှင့်ကို အသေသတ်မယ် ” ပြောပြီး မိအေး လှည့်ထွက်လာတယ် ။ သူ ဒူးခေါင်းနဲ့မစ်စတာဟောင် ရဲ့ ချက်အောက်ပိုင်းကို ၀င်တိုက်ပစ်လိုက်တယ် ဘာဖြစ်သွားသ လဲတော့မ သိတော့ဘူး တော်တော်ပြင်းတယ်လို့တော့ မှတ်မိလိုက်တယ် ။ ခံပလေ့စေ ဒါမှ ဒင်းတို့မှတ် မှာမဟုတ်လား ။

အိမ်ပြန်ရောက်တော့ မိအေး အားလုံးကို ရှင်းရှင်းလင်းလင်းသိလိုက်ပါပြီ သူဘာလုပ်ရမလဲဆိုတာကိုပေါ့ သူ့အိမ်မက် ထဲမှာလည်း “ Generation အပျောက်ခံတော့မှာလား မိအေးရယ် ” လို့ လူတစ်ယောက်က လာလာမေးနေသလိုပါပဲ ။ သူ ခေါင်းအတင်းခါတယ် ဒါပေမယ့်ချွေးစေးတွေနဲ့ သူ လှုပ်မရဘူး ။ အိပ်မက်က လန့်နိုးလာတဲ့အခါမိအေး စာတစ်စောင် ထိုင်ရိုက်နေခဲ့ပါတယ် ။

“ အလုပ်ထွက်စာ ” တဲ့ ။

အိမ်ပြန်ရောက်လျှင် generation အကြောင်း ပြောရမည်
သူ့သူငယ်ချင်းတွေကို စင်ကာပူအကြောင်းပြောရမည်
PR ရချင်၍ အိမ်ထောင်ရှိယောင်္ကျားတွေကို လက်ထပ်ယူသော မျိုးမစစ်တွေအကြောင်းပြောရမည်
လမ်းမှာတွေ့လျှင် မြန်မာလို့အထင်ခံရမှာစိုးလို့ မြန်မာစကားမပြောသော မျိုးမစစ်တွေအကြောင်း ပြောရမည်
မစ်စတာဟောင်လို ကာမမုဆိုးတွေအကြောင်းလူတွေသိအောင်ပြောရမည်

မိအေး ပြောစရာတွေအများကြီးပါပဲ ။ မိအေး ရင်ထဲ ဖြူဝင်းပြာသန့်လို့နေတယ် ကြည်နူးနေတယ် သူချစ် တဲ့ မြန်မာပြည် အမေ့ကိုပြန်တွေ့ရတော့မည် ။ သူ့ generation လေးတွေ မြန်မာစစ်စစ်ပဲဖြစ်ရမည် ။ မိအေးသည် မြန်မာ အမျိုးသမီးလေးတစ်ယောက်ပဲဖြစ်ရလိမ့်မည် ။

(အခုရေးတဲ့ဆောင်းပါးလေးထဲက မိအေး ၊ သူဇာ ၊ မူယာ ၊ ဖြူပြာ ဆိုတာ နာမ်စားတွေဖြစ်ပါတယ် ။ အမည်နာ မည်သက်သက် ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ မရှိပါဘူး တိုက်ဆိုင်ကြသူတိုင်း နာတတ်ဖို့ ရည်ရွယ်ပါတယ် ။ )
သက်တန့်ချို
April 24-2012
12;25 Noon

ဒီဇတ်လမ်းလေးကို အောက်ပါ ပေးစာလေးကြောင့်ရေးဖြစ်ခဲ့တယ်လို့ ၀န်ခံပါတယ် ။

Hi Brother,

I am one of your subscribers who admire you.I would like to advice and propose that if you feel free, to write for myanmar girls who working at overseas to keep and protect myanmar generation.Because brother you know, I heard and seen some of the myanmar girls in singapore (not all girls) married to singaporean for their so many reasons.One of the myanmar girls who working with my fri at same company married to singaporean who have wife and childrens to improve her life.Now this singaporean bought the house for her and provide so many things and she said to us that she is so happy. I see for his wife behalf of her , how his wife feel and I can understand for his wife also.But why can she stay happy?She is know only for her life and she don't scared to destroy the others people family.And also if she born the baby, the baby also not myanmar generation and also become singaporeans. Another myanmar girl who is the friend of my roomate sister also married to singaporean for same reason.I understand that all of the people wanna improve their life easily and smoothly but they have so many ways to do it.Not only have this one way to marry foreigners and to marry the married men to destroy the others' family.If they make this way, really they can happy forever?They can marry myanmar men and they can marry single men.In my concern is myanmar girls or myanmar men whoever need to keep our myanmar generations and need to keep their standard. Thanks a lot for to read my letter .I can't and don't understand how to write and how to give the knowledge to myanmar people to keep our generation.So i remember to brother because I know that brother gave alot of knowledge to people about all of the things. If brother feel free,may I request to write about this for all of myanmar girls or myanmar men whoever wanna marry to foreigners and married men.

Best Regards with

စာရေးသူ အမည်နဲ့ ဖေ့ဘုတ်လိပ်စာကိုတော့ မဖော်ပြနိုင်ပါဘူး သူ့ရဲ့ Privacy ကြောင့်ဖြစ်ပါတယ်။

နာ တတ်သူတိုင်း နာ ကြပါစေ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 23, 2012

စာမေးပွဲခိုးချခြင်းမှ ကာကွယ်နိုင်မည့် Outdoor test

စာမေးပွဲခိုးချခြင်းမှ ကာကွယ်နိုင်မည့် Outdoor test



ဒီနည်းလေးက နယ်မြေ ဧရိယာ ကျယ်ဝန်းတဲ့ကျောင်းတွေအတွက်တော့ အဆင်ပြေမယ်လို့ မြင်မိတယ် ။ တရုတ်ပြည် မှာ စာသင်ခန်းတွေထဲမှာ စာခိုးချတဲ့ကျောင်းသားတွေတဖြည်းဖြည်းများသထက် များလာခဲ့တယ် ။ နည်းမျိုးစုံ နဲ့ပေါ့ ။ တရုတ်ပြည် Hubei ပြည်နယ်မှ Wuhan မှာရှီတဲ့အလယ်တန်းကျောင်းတစ်ကျောင်းမှာတော့ စာခိုး ချခြင်းကိုကာကွယ်ဖို့ ကျောင်းသူကျောင်းသားတွေကို ကျောင်းအပြင် မြေကွက်လပ်ကို ထွက်ထိုင်စေတယ် ။ ဥပမာ ကစားကွင်းလိုနေရာမျိုးပေါ့ ပြီးတော့ခုံတွေကို အဝေးကြီးချဲထားလိုက်ကြတယ် ။

ဒီလို လုပ်ပေမယ့်လည်း တိုးတက်လာတဲ့နည်းပညာတွေအရ အွန်လိုင်းပေါ်မှာ မဖြေခင်က တည်း က မေး ခွန်းတွေပျံ့နှံ့နေကြတယ်လို့ဆိုတယ် ။ တာဝန်ရှိသူတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေ သုံးနေ ကြရ တယ်လို့ဆိုတယ် ။

သက်တန့်ချို
Chinese Edu News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ပင်လယ်ပြင်မှ အရိုးအရှည်ဆုံးငါး - Oarfish

ပင်လယ်ပြင်မှ အရိုးအရှည်ဆုံးငါး - Oarfish



Oarfish တွေဟာ ပင်လယ်ထဲမှာ အကြီးဆုံး အလျှားအရှည်ဆုံးနဲ့ သူတို့ကို pelagic lampriform fish မျိုးနွယ်တွေ လို့ လူတွေသိကြတယ် ။ Family ကတော့ Regalecidae ဖြစ်ပါတယ် ။ အပူပိုင်းဒေ သပင် လယ်ပြင်တွေမှာ ကျက်စားပေမယ့် တွေ့ရဖို့တော့အလွန်ပဲ ခဲယဉ်းလှပါတယ် ။



Herring လို့ခေါ်တဲ့ ငါးသလောက် မျိုးနွယ်ဟင်တွေထဲမှာ သူဟာ King of Herring ဖြစ်ပြီး ဂင်းနစ် မှတ်တမ်းစာအုပ်မှာလည်း ၅၆ ပေအထိ ရှည်လျှားကြီးထွားနိုင်တဲ့ အရိုးပါသောငါးအဖြစ် မှတ်တမ်း တင်ခံ ထားရပါတယ် ။



Oarfish တွေဟာ ပုံမှန်အားဖြင်တော့ zooplankton ( အပင် + အသား ) စားကြပြီး ပုဇွန် နဲ့အခွံမာရေနေ သတ္တ၀ါတွေကိုလည်းစားသုံးကြတယ် ။ ငါးသေးသေးလေးတွေနဲ့ ဂျယ်လီငါး ကင်းမွန်တို့ကိုလည်းစားသုံးပါတယ် ။ ပင်လယ်နေရေသတ္တ၀ါကြီးများအုပ်စုမှလည်း Oarfish တွေပါဝင်ကြပါတယ် ။















သက်တန့်ချို
Source: Wikipedia

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 9, 2012

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ၊ နွေရာသီနှင့်ကျန်းမာရေးဆိုင်ရာ ရှောင်ရန် ဆောင်ရန်များ

၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် ၊ နွေရာသီနှင့်ကျန်းမာရေးဆိုင်ရာ ရှောင်ရန် ဆောင်ရန်များ



ချမ်းအေးလှသော ဆောင်းတွင်းကုန်ဆုံးသွားသည်နှင့်တပြိုင်နက် ပူပြင်းလှသော နွေဦးရာသီက အသင့် ဆီးကြိုနေလေတော့သည် ။ မကြာခင်ကာလအတွင်း မြန်မာလူမျိုးတို့၏ အမြတ်တနိုးဆင်နွှဲလေ့ရှိကြသော မြန်မာ့ ရိုးရာ အတာရေသဘင်ပွဲကြီးရောက်ရှိလာပေတော့မည် ။ ပူပြင်း လှသော နွေ ရာသီ တွင် ရေ ပက်ကစားပြီး နှစ်သစ်ကိုကြိုဆိုသော အတာသင်္ကြန်ပွဲသည် ကမ္ဘာပေါ် ရှိ နှစ်သစ် ကူးပွဲတော် အားလုံးထက် သစ်လွင်လှပနေကာ အလွန်ပင်ပျော်စရာကောင်းလှပေသည် ။ နွေရာ သီရောက် လာသည်နှင့် တပြိုင်နက် ရာသီဥတုပူပြင်းမှုကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်နှင့်အပြိုင် ကျန်းမာရေး ဆိုင်ရာ ကဏ္ဍများလည်း ပါဝင်ပတ်သတ်လာပေသည် ။ လူတိုင်းလူတိုင်း စိတ်လက်ကျန်းမာစွာ သင်္ကြန် အခါတွင်း ကို ပျော်ရွှင် ကြည်နူးနိုင်စေရန် ကျန်းမာပျော် ရွှင်စွာနေထိုင်နိုင် ရန်အ တွက် နွေရာ သီတွင် ဆောင် ရန်ရှောင်ရန် ကျန်းမာရေးအချက်များကို လက်လှမ်းမီ သလောက် တင်ပြလိုက်ရပါသည် ။

ဓါတ်ဆားဆုံးရှုံးမှုနှင့် ပူသောရာသီ

ယခုနောက်ပိုင်းကာလများတွင် အိုဇုန်းလွှာ ပါးလွှာမှုကြောင့် နေရာတိုင်းတွင် အပူချိန်များ သိသာစွာ မြင့်မားလာ ခဲ့သည် ။ တချိန်လုံးအေးခဲ့နေသည့် ရေခဲပြင်ကြီးများပင် အရည်ပျော်ကျ မှုကြောင့် ရေခဲပင်လယ်ဒေသနေ ပင်ဂွင်း ငှက်များ ဒုက္ခရောက်ကြရသည် ။ စက်မှုကမ္ဘာကြီးဖြစ်လာသည်နှင့်အညီ စက်ရုံအလုပ်ရုံများမှ ထုတ် လုပ်သော ဓါတု အငွေ့များ ကာဗွန်ဒိုင်အောက်ဆိုဒ်များနှင့် တခြား လေထုကို ညစ် ညမ်းစေသော အရာများသည်လည်း ကမ္ဘာကြီးပူနွေးလာမှု၏ အဓိက အကြောင်းတစ်ခုပင် ။ ထိုသို့ ရာသီဥတု ပူပြင်းလာ သည်နှင့်အညီ အဲကွန်းလေးထဲတွင် ဇိမ်နှင့် အလုပ်လုပ်ခွင့်မရရှာသော သူတို့အတွက် မှု ချွေးတ လုံးလုံး နှင့်ကတယ့်ကို နေကမ္ဘာကြီးထဲ အလုပ်လုပ်နေရသည့် အတိုင်းပင် ။ အဆိုးသုံး မှာ ချွေးထွက် သန်သူများနှင့် နေပူထဲ အလုပ်လုပ်ကြရသော အခြေခံ လက်လုပ်လက်စား လူတန်းစား များပင်ဖြစ်သည် ။ ချွေး ထွက်လွန်မှုကြောင့် ခန္ဓာကိုယ်ထဲတွင် ရေနှင့်ဓါတ်ဆားများ ဆုံးရှုံးကာ Dehydration ဟုခေါ်သော ရေ ဓါတ်ချို့တဲ့သော အခြေအနေတစ်မျိုးကိုကြုံတွေ့ရလေ့ရှိသည် ။ ထိုအခါမျိုး တွင် ရေနှင့် ဓါတ်ဆားများကို ပြန်လည် ဖြည့်တင်းပေးသော Oral Rehydration Salt ဟုတ်ခေါ်သော ဓါတ်ဆား ထုတ်များ ကို သောက်သုံးပေးရန်လိုအပ်သည် ။ ချွေးထွက်များ၍ ရေနှင့်ဓါတ်ဆားများ ချို့တဲ့သောကြောင့် ခေါင်းမူးခြင်း ၊ မော ပန်းနွမ်းနယ်ခြင်း ၊ ကိုယ်လက်မအီမသာဖြစ်ခြင်း ၊ နှုံးခွေခြင်း ၊ သွေးပေါင်ကျခြင်း စသည်တို့ကို ခံစားရသည် ။

သာမန် ချွေးထွက်လွန်၍ မောပန်းနွမ်းခွေခြင်းများအတွက် ကိုမှု ဓါတ်ဆားနှင့် ဖျော်ရည်ဖြစ်စေ ရေဖြစ်စေ ပြန်လည် သောက်သုံးပေးပါက အဆင်ပြေမည်ဖြစ်သော်လည်း အလွန်အ မင်း သွေးပေါင် ကျကာ ချွေး ထွက်လွန်ခြင်းမှတဆင့် Shock ( သတိလစ်ခြင်း ) ဖြစ်နိုင်ပါသည် ။ ထို့ကြောင့် နေပူထဲတွင် အလုပ် လုပ်နေရသူများအဖို့ ချွေးထွက်များခြင်းကိုလည်း လစ်လှူရှုမထားသင့်ပေ ။

ဆောင်ရန် - အလုပ်သဘာဝအရ နေပူထဲတွင် လုပ်နေရသည်မှာ မှန်သော်လည်း ဖြစ်နိုင်လျှင် အရိပ်အာ ၀သ ထဲတွင် နားနားနေနေ အလုပ်လုပ်ရန်လိုသည် ။ ဓါတ်ဆားဖျော်ထားသော သောက်ရေများကို ကိုယ်နှင့်မ ကွာ ဆောင်ထားသင့်သည် ။ သက်ကြီးရွယ်အိုများအနေဖြင့် အလွန်ပူ ပြင်းသော နေ့လည် ခင်းအချိန် များတွင် အရိပ်အာဝါသကောင်းသော သစ်ရိပ်ဝါးရိပ်များတွင် နေထိုင်သင့်သည် ။ ကလေးငယ် များအား လည်း နေပူထဲတွင် ထွက်မဆော့စေပဲ အရိပ်ရသော နေရာများတွင် နားနားနေနေ ဆော့ကစားပါစေ ။ သီးစုံဓါတ်ဆားနှင့် ရေများများ တိုက်ရန်လိုပါသည် ။
ရှောင်ရန် - နေပူထဲတွင် ဆက်တိုက် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း ၊ ပူပြင်းသည့်နွေ ရာသီအချိန် တွင် ချွေးထွက်သန်သူဖြစ်ပါက ရေသောက်နည်းခြင်း ၊ ဦးထုပ် နှင့်ဦးခေါင်းသို့ဆောင်းစရာတစ်ခုခုမပါပဲ အပြင် သို့ထွက်ခြင်း ။

အ၀တ်အစား ဆင်ယင်မှုနှင့် နွေရာသီ

ခေတ်မီပြောင်းလဲလာသော ယဉ်ကျေးမှုများနှင့် ဓလေ့ များအရ ယခုနောက်ပိုင်းလူငယ်လူရွယ်များအကြား အနက်ရောင် ၊ အရောင်တောက်တောက်များကို ကိုယ်ကြပ်ဝတ်ဆင်ခြင်းများ ခေတ်စားလာခဲ့သည် ။ နေ့လည်ခင်းများတွင်ပင် ဂျင်းပင်ကြပ်ကြပ် နှင့် အနက်ရောင် အ၀တ်အစားများဝတ်ဆင်နေကြသော လူငယ်များကို ကြည့်ရသည်မှာ မသက်သာလှပေ ။ အထူးသဖြင့် မိန်းကလေးများ တွင် စတော့ကင် ကျပ်ကျပ် ဘောင်းဘီကျပ်ကျပ်နှင့် ခေတ်နှင့်အညီ ၀တ်စားသည်မှာ တခြားနိုင်ငံများတွင် သူတို့ ရာသီဥတု နှင့်ကိုက်ညီသည်မှာ မှန်သော်လည်း မြန်မာနိုင်ငံ ၏ နွေရာသီ နှင့်တော့ ကိုက်ညီမှုမရှိလှပေ ။ နွေရာ သီတွင် အလင်းပြန်သော အရောင်များဖြစ်သည့် အဖြူရောင်နှင့်အရောင်ဖျော့ဖျော့ ချည်ထည်ပွပွများသာ ၀တ်ဆင် သည့်ပြီး အပူကိုစုပ်ယူထားသည့် အနက်ရောင်ကဲ့သို့ အရောင်များ၊ နိုင်လွန် စသော အထည်များကိုမှု မ၀တ်ဆင် သင့်ပေ ။ ပူပြင်းလောင်မြိုက်သော နေရောင်ပူပူထဲတွင် ချွေးတလုံးလုံးနှင့် အနက်ရောင် ဂျင်းပင်ကျပ်ကျပ် ၀တ်စားဆင်ယင်မှုမှာ ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုလျှင် မသင့်တော်လှပေ ။

ဆောင်ရန် - အဖြူရောင်နှင့် အရောင်ဖျော့ဖျော့ ချည်ထည်ပွပွများကို သာ ၀တ်ဆင်ပါ ။ နေပူထဲ ထွက်သည့်အခါ လက်ရှည်အကျီင်္ ပွပွ များကို ရွေးချယ်ဝတ်ဆင်ပါ ။ လူငယ်များကြားတွင် စတိုင်မိခြင်းသည် မိမိကိုယ် ကိုယ်ယုံကြည်မှု တိုးစေသည်မှာမှန်သော်လည်း ရာသီဥတု အခြေအနေနှင့် ကျန်းမာရေး ရှုထောင့် ကနေကြည့်ကာ ၀တ်စားတတ်ရန်လည်းလိုပေသည် ။ လေ၀င်လေထွက်ကောင်းသော အပေါက်ကျယ်ကျယ် အကျီများ ကို ၀တ်ဆင်ပါ ။
ရှောင်ရန် - ဂျင်း နှင့်နိုင်လွန်ကဲ့ သော အသားများနှင့် အကျီင်္ ဘောင်းဘီ ကျပ်ကျပ်များ ၀တ်ဆင် ခြင်း ကို ရှောင်ကြဉ်ပါ ။ စတိုင်မမိသော်လည်း အသက်ရှုချောင်ကာ နေရထိုင်ရတာ လွတ်လပ်ပေါ့ပါးမည်ဖြစ်သည် ။

အစားအသောက်ရွေးချယ်မှုနှင့် နွေရာသီ

ချွေးထွက်များသော နွေရာသီတွင် ပူပြင်းသော ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်သော အစားအစာများ ကို ရွေး ချယ်စားသုံးတတ်ရန်မှာလည်း အလွန်အရေးကြီးပေသည် ။ ပူစပ်လှသော အစားအသောက် များထက် စာလျှင် အေးမြ ချိုမြိန်သော အစားအစာများက ပို၍ သင့်တော်သည် ။ အရည်ရွှမ်းသော အစားအစာ များဖြစ်သည့် လိမ္မော်သီး ၊ ပန်းသီး ၊ သစ်တော်သီး ၊ ရှောက်ချိုသီး စသော အသီးအနှံများကိုလည်း များများစား သုံးပေးရန်လိုအပ်ပေသည် ။ ပူစပ်ပူလောင်နိုင်သော ရခိုင်မုန့်တီ စသော အစားအစာများကိုမှု အပူချိန် မမြင့်သော ညနေပိုင်း နေရိပ်ချိန်များတွင်သာ စားသုံးသင့်ပါသည် ။ နွေရာသီတွင် အထူးသဖြင့် ၀က်သား ၊ ဒံပေါက်ကဲ့သို့ သော အစားအစာများကိုမှု သွေးတိုးရှိသူများအဖို့ အထူးသတိထားရမည်ဖြစ်သည် ။

ဆောင်ရန် - အရည်ရွှမ်းသော သစ်သီးများ ၊ ဖျော်ရည်များ ကိုသောက်သုံးသင့်ပြီး အေးမြချိုမွှေးသော အစား အစာများကို စားသုံးသင့်ပါသည် ။
ရှောင်ရန် - ချွေးထွက်များစေပြီး ပူလောင်စေသော ရခိုင်မုန့်တီ စသော အစားအစာများနှင့် သွေးတတ်စေသော အစာ များကို မစားသင့်ပေ ။

အရေပြားထိမ်းသိမ်းမှုနှင့် နွေရာသီ

မကြာခင် အတာသင်္ကြန်အချိန်အခါ ကျရောက်လာမည်ဖြစ်သောကြောင့် ကြီးကြီးငယ်ငယ် အပျိုအအို မရွေး ရေထွက်ကစားကြတော့မည်ဖြစ်သည် ။ အသားအရေကို တန်ဖိုးထား ဂရုစိုက်တတ်သူများအဖို့ ထိုအချိန် ကာလသည် အလွန်ကို အရေးကြီးသော ကာလဖြစ်ပေသည် ။ နေပူကြီးထဲတွင် အသားအရည်ကို နေရောင်ဖြင့် အပူလောင် ခဏနေလျှင် ရေဖြင့် အအေးခံ ထိုသို့ ပူလိုက်အေးလိုက်ဖြင့် အရေပြားအား ထိတွေ့စေခြင်းသည် အရေပြားပျက်ဆီးခြင်းကိုဖြစ်ပေါ်စေသည် ။ ရေဒါဏ်နေဒါဏ်တို့ကြောင့် အရေပြား လောင်ခြင်း မွဲခြောက်ခြင်း အသားပက်ခြင်းများကိုလည်းဖြစ်ပေါ်စေသည် ။ ထို့ကြောင့် နွေရာသီ တွင် နေပူထဲ သို့ ရေထွက်က စားမည်ဆိုလျှင် SPF ( Sun protection factor ) ပါဝင်သော Sun screen , sun block များကို လိမ်းပြီးမှ ထွက်ကစား သင့်သည် ။ အသားအရေကို မထိခိုက်စေရန် လက်ရှည်များကို ၀တ်ဆင်ရန်လည်းလိုသည် ။ ညနေအချိန်အခါများတွင် အေးမြသော သနပ်ခါးစစ်စစ်များကိုလိမ်းပြီးလည်း အသားအရည်ကို ထိမ်းသိမ်းနိုင် ပါသည် ။ အရေးကြီးသည်မှာ အပြင်ထွက်သည့်အခါ နေလောင်ဒါဏ်ခံ ခရင်မ် သို့မဟုတ် လိုးရှင်း တစ်ခုခု လိမ်းဖို့မမေ့ပါနှင့် ။

ဆောင်ရန် - အပြင်သို့ ထွက်သည့်အခါ Sun Screen , Sun Block တစ်ခုခုလိမ်းပါ အသားအ ရည်ပျက်ဆီးမှုမရှိစေရန် ညနေစောင်းအချိန်တွင် သနပ်ခါးရည်ကျဲကျဲ လိမ်းခြယ်ပေးပါ ညအိပ်ခါနီး အချိန်တွင်လည်း အရည်ရွမ်းသော သခွားသီး ကွင်းကလေးများကို မျက်နှာပေါ် နာရီဝက်ခန့် တင်ပေး ထားခြင်းဖြင့် အသားအရေကို ထိမ်းသိမ်းထားနိုင်ပါသည် ။ သခွားသီးတွင် အစိမ်းရောင်ခြယ် Chlorophyll ကလိုရိုဖီးလ် ပါဝင်ပြီး အိုမင်းရင့်ရော်စေသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကို ဖယ်ရှားပေးသည့် Antioxidant ပါဝင်ပါသည် ။
ရှောင်ရန် - အကျီလက်ပြတ်ဝတ်ကာ နေပူထဲ ထွက်ကစားခြင်း မည်သည့် နေလောင်ဒါဏ်ခံ ခရင်မ် မှမလိမ်းပဲ နေပူထဲ ရေထွက်ကစားခြင်း

နေ့စဉ်အလေ့အကျင့်များနှင့် နွေရာသီ

နောက်ဆုံးအနေနှင့်ပြောလိုသည်မှာ မိမိတို့ နေ့စဉ် ပြုမှုနေသော အလေ့အကျင့်များပင်ဖြစ်သည် ။ တချို့ ဆိုလျှင်နေပူထဲမှ ချက်ချင်းပြန်လာပြီး ရေတန်းချိုးပြီးလျှင် အပူရှပ်ကာ ဖျားနာခြင်း သတိလစ်ခြင်းများ ဖြစ်ပေါ် ကာ ဒုက္ခရောက်ကြရသည် ။ ချွေးသံတရဲရဲနှင့် အိမ်ပြန်ရောက် သည်နှင့် ရေတန်း ချိုးလေ့ရှိ သည့်အ လေ့ အကျင့်များကို ရှောင်ရှားရပေမည် ။ နောက်တစ်ချက်မှာ နေပူကြီးထဲမှ ချက်ခြင်းပြန်လာပြီးသည်နှင့် အဲကွန်းခန်း ထဲသို့ တန်းမ၀င်ပါနှင့် အပူအအေးမမျှတမှုကြောင့် ခေါင်းမူးဝေခြင်း ဖျားနာခြင်းတို့ ဖြစ်ပေါ်စေနိုင် သည် ။ နေပူထဲမှ ပြန်လာပြီးသည်နှင့် နေရိပ်တွင် ခေတ္တနားနေပါ ။ ချွေးနည်းနည်းတိတ်သွားမှသာ တခြားကိစ္စရပ်များ ဆက်လက်ဆောင်ရွက်စေလိုသည် ။

ဆောင်ရန် - နေပူထဲမှ ပြန်လာပြီးသည်နှင့် ရေတန်းမချိုးပဲ သောက်ရေကို အ၀သောက်ပြီး ခေတ္တခဏခန့် နားနေပါ ။ ပြီးမှသာ ရေချိုးပါ ။ အအေးခန်းထဲ တန်းပြီးလည်း မ၀င်ပါနှင့် အပြင်တွင် နား နားနေနေ နေပြီးမှသာလျှင် အဲကွန်းခန်းထဲ ၀င်သင့်ပါသည် ။
ရှောင်ရန် - အပူထဲမှ ပြန်ရောက်သည်နှင့် ရေချိုးခန်းထဲတန်းဝင်ပြီးခေါင်းလောင်းချိုးခြင်း ၊ နေပူထဲမှ ပြန်လာပြီးသည်နှင့် အဲကွန်းခန်းထဲ တန်းဝင်ခြင်း

အချုပ်အားဖြင့်ဆိုရသော် နွေရာသီတွင် ဆောင်ရန် ရှောင်ရန်များမှာ သိပ်အရေးမကြီးလှဟု ထင်စရာ ရှိသော်လည်း တကယ်တမ်းတွင်မှု အချို့ကိစ္စများသည် အသက်အန္တရာယ် ရှိသည်အထိ အလွန် အရေးကြီးပေသည် ။ သာမန် အသေးအဖွဲလေးပါဟု ဂရုမပြုပဲ နေမိသောကြောင့် ဒုက္ခရောက်ကြ ရသည်မှာလည်းမနည်းလှပေ ။ ထို့ကြောင့် ၂၀၁၂ ခုနှစ် အတာသင်္ကြန်ပွဲတော်ကြီးကို ကျန်းမာပျော်ရွှင်စွာ ဆင်နွဲလိုသူများအဖို့ အထက်ပါ ဆောင်ရန်ရှောင်ရန်များကို သေချာစွာ လေ့လာ မှတ်သားကြပြီး လိုက်နာကြခြင်းအားဖြင့် နှစ်သစ်အချိန်အခါသမယကို မင်္ဂလာရှိစွာ ပျော်ပျော်ရွှင်ရွှင် ကြိုဆိုနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း အဆုံးသတ်လိုက်ပါတယ် ။

သက်တန့်ချို
9 April 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, April 5, 2012

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ခြင်း အရိပ်အယောင်များနှင့်ပတ်သတ်၍ သမ္မတကြီးသို့ ရေးသောစာ

မြစ်ဆုံစီမံကိန်းပြန်လည်စတင်ခြင်း အရိပ်အယောင်များနှင့်ပတ်သတ်၍ သမ္မတကြီးသို့ ရေးသောစာ



သို့



သမ္မတကြီးခင်ဗျား



၂၀၁၂ ခုနှစ်ရဲ့ နှစ်သစ်မင်္ဂလာအချိန်သမယမှာ သမ္မကြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်း မာခြင်း နဲ့ပြည့်စုံ ပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ် ။ ဒီစာလေးတစ်စောင်ဟာ သမ္မတကြီးကို တိုင်းပြည်အတွင်းမှာနေထိုင်တဲ့ သာမန် ပြည်သူတစ်ယောက်က ရေးတဲ့စာလေးတစ်စောင်ဖြစ်ပါတယ် ။ ပထမဦးဆုံးအနေနဲ့ သမ္မတကြီးကို ရင်းနှီး စွာနဲ့ ဦးလေးစိန်လို့ ခေါ်ခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ ။



ဦးလေးစိန်ရေ



မနေ့တုန်းကပေါ့ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူ ပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်းဆိုတဲ့စာလေးဖတ်လိုက်ရတယ် ဦးလေးစိန် ။



ဦးလေးစိန် နိုင်ငံကို ဦးဆောင်ပြီးတဲ့နောက်မှာ နိုင်ငံဟာ တဖြည်းဖြည်း အလင်းရောင်ရခဲ့တယ် တဖြည်းဖြည်း တိုးတက် လာခဲ့တယ် “၀ုန်း” ကနဲဆို ရွှေနိုင်ငံကြီးတစ်ခုမဖြစ်နိုင်သေးဘူးဆိုတာ ကျွန်တော်နားလည်ပါတယ် ဦးလေးစိန် ။ ဦးလေးစိန်ရဲ့ အစိုးရသက်တမ်းတလျှောက်မှာ အထင်ကရ ပြောင်းလဲမှုတွေများစွာရှိခဲ့တယ် ။

၁ ။ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရတဲ့အကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တယ် ။

၂ ။ တိုင်းရင်းသားတွေနဲ့အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေးခဲ့တယ် ။

၃ ။ တိုင်းပြည်ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ ပြည်သူပြည်သားအားလုံးချစ်မြတ်နိုးတဲ့ အမေစုနဲ့ NLD ကို လက်တွဲခေါ်ခဲ့တယ် ။

၎ ။ မီဒီယာလွတ်လပ်ခွင့်တွေအတော်အသင့်ရခဲ့တယ် ။ “ ဒီအခန်းဖြတ် ” ဆိုတဲ့ဇတ်ကားလို မျိုး တောင် ရိုက်ခွင့်ရခဲ့ကြည့်ခွင့်ရခဲ့တယ် ။



နောက်ဆုံး

ပြည်သူပြည်သားတွေအလွန်ချစ်မြတ်နိုးတဲ့ ဧရာဝတီမြစ်ကြီးကို ထိခိုက်စေမယ့် “မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ” ကို မိမိတို့အစိုးရသက်တမ်း ငါးနှစ်အတွင်းဆက်လက်လုပ်ဆောင်ခြင်းမပြုတော့ပါဘူး လို့ ဦးလေး စိန်ကိုယ်တိုင် ပြည်သူတွေ မီဒီယာတွေရှေ့မှာ ကတိပေးခဲ့တယ် ။



“ ကတိသစ္စာ တည်သောအခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ ” ဆိုတဲ့စကားလည်း ဦးလေးစိန်ကြား ဖူးမှာ ပါ ။ အဲဒီကတိ ကို ကျွန်တော်အပါအ၀င်ပြည်သူပြည်သားအားလုံးက ယုံကြည် ခဲ့ကြ ပျော်ရွှင် ခဲ့ကြတယ် ။ ဒါပေမယ့် ဦးလေးစိန် မြန်မာပြည်ရဲ့ အကြီးဆုံး မီဒီယာကြီးတစ်ခုဖြစ်တဲ့ Eleven Media Group ကနေပြီး မြစ်ဆုံစီမံကိန်းဆက်လုပ်နေတဲ့အရိပ်အရောင်တွေတွေ့နေရကြောင်း ထောက်ပြခဲ့ကြတယ် ။





http://www.news-eleven.com/index.php?option=com_content&view=article&id=13058%3A-cpi-&catid=42%3A2009-11-10-07-36-59&Itemid=112 မှာဖတ်နိုင်ပါတယ် ။Link

ဦးလေးစိန်ခွင့်ပြုချက်မရပဲ သူတို့ ခိုးပြီးလုပ်ကြတာလားလို့ ပြည်သူတစ်ယောက်အနေနဲ့ကျွန်တော်တွေးမိတယ်


ဦးလေးစိန်ရေ

မင်းကောင်းမင်းမြတ်တို့မည်သည် ပေးပြီးသားကတိကို အသက်ထက်ဆုံး တည်အောင်စောင့် ထိမ်းလေ့ ရှိကြပါတယ် ။ ဦးလေးစိန်ဟာ ကျွန်တော်တို့ ရင်ထဲက ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ပထမဦးဆုံးသမ္မတကြီးပါ ။ ကျွန်တော်တို့အားလုံးကြည်ညိုကြပါတယ် လေးစားကြပါတယ် ။ ဒီတော့ EMG ကထွက်ပေါ်လာတဲ့ဓါတ်ပုံတွေကို ဦးလေးစိန်အနေနဲ့ တရားဝင်မီဒီယာတွေခေါ်ဆိုပြီး ဘာကြောင့်ဖြစ်တာလည်းဆိုတာ ရှင်းပြရလိမ့် မယ်လို့မြင် မိပါတယ် ။ ဧရာဝတီဟာ ကျွန်တော်တို့ရဲ့အသက်ပါ ဦးလေးစိန်ရယ် ။ အဲဒီလိုပဲ အထက် မှာပြောခဲ့တဲ့“ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများ ကို သယ် ယူပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်း ” ဆိုတဲ့စာလေးဟာလည်း တကယ်အစစ်လား အတုလား ဆိုတာ ရှင်းပြပေးဖို့ EMG ကနေ ဦးလေးစိန်တို့အစိုးရအဖွဲ့ဝင်တွေဆီ တောင်းဆိုထားတယ်လို့သိရပါတယ် ။

မြန်မာနဲ့ ဧရာဝတီဆိုတာ ခွဲခြားလို့မရတဲ့အရာတွေပါ ဦးလေးစိန် ရယ် ။ ဦးလေးစိန်ရပ်တန့်ထားတဲ့အရာကို CPI ကနေ ဆက်လုပ်တယ်ဆိုတာ သေချာရင်တော့ ဒါဟာ ဦးလေးစိန်ကို တိုက်ရိုက်စော်ကားတာ မြန်မာပြည်ကို တိုက်ရိုက်စော်ကားတာ ကျွန်တော်တို့ပြည်သူပြည်သားအားလုံးကို တိုက်ရိုက်စော်ကားတာနဲ့အတူတူပါပဲ ။ ကျွန်တော်တို့အားလုံး ဟာ မျက်မှောက် ၂၀၁၂ ခုနှစ်မှာအားလုံး သတင်းအ ချက်အ လက်တွေဖွံ့ဖြိုးတိုးတက်လာတဲ့အညီ အကုန်လုံးမျက်စိပွင့်နားပွင့်ဖြစ်လာကြပါပြီ ။ ဒါဟာလည်း ဦးလေးစိန် ရဲ့ ကျေးဇူးကြောင့်ဆိုတာ ကျွန်တော် ယုံကြည်လက်ခံပါတယ် ။ ဒါကြောင့် EMG က ဒေါက်တာ သန်းထွဋ်အောင်ပြောတဲ့စကားလေးတစ်ခွန်းကို ကျွန်တော်လည်းအကြွင်းမဲ့သဘောတူပါတယ် ။“ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားမယ်ဆိုတာကို သမ္မတက လွှတ်တော်ကတစ်ဆင့် ထုတ်ပြန်ထားတာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အာဏာအရှိဆုံး သမ္မတရဲ့ ဆုံးဖြတ်ချက်ကို မည်သည့် အဖွဲ့အစည်းကဖြစ်စေ၊ မည်သည့် ဒေသဆိုင်ရာ အာဏာပိုင်တွေကဖြစ်စေ၊ CPI ကဖြစ်စေ၊ Asia World က ဖြစ်စေ ဒီအမိန့်ကို ကျော်လွန်လုပ်ဆောင်တာဟာ လုံးဝမဖြစ်သင့်ပါဘူး။ မြစ်ဆုံ စီမံကိန်းနဲ့ဆိုင်တဲ့ CPI က တရုတ်နိုင်ငံသားတွေနဲ့ အေးရှားဝေါလ် ကုမ္ပဏီအနေနဲ့ ဒီဒေသ ဒီဧရိယာကနေ အမြန်ဆုံးထွက်သွားပါ ” ဆိုတဲ့စကားလေးပါပဲ ။

ဦးလေးစိန်ရေ


လျှပ်စစ်ပိုင်းနဲ့ပတ်သတ်လို့ပြောရပါဦးမယ် ။ လျှပ်စစ်တွေ ဘယ်လို ထုတ်တယ် ဘယ်လိုနည်း ပညာတွေသုံး တယ်ဆိုတာ ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်မို့ တိတိကျကျနားမလည်ပါဘူးဦးလေးစိန် ။ ဒါပေမယ့် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောခဲ့တဲ့စကားလေးတော့ ပြန်ကြားယောင်နေမိသေးတယ် ။ “ မြန်မာနိုင်ငံ ရဲ့အတိုင်း အတာနဲ့ဆိုရင် မီဂါဝပ် ၁၅၀၀ ဆိုရင်လုံလောက်ပါတယ်ပိုတောင်ပိုလျှံနေပါပြီ ပိုနေရင်ဘာ လုပ်မလဲ ရောင်းစားရမှာပေါ့ ” ဆိုတဲ့စကားလေးပါပဲ ။ မနှစ်ကတော့ မီးတွေအမြဲ ပုံမှန်လာတော့ မယ်ဆိုပြီး ပျော်လိုက်ရတာဦးလေးစိန်ရယ် ။ အခု ကျွန်တော်တို့ အပျော်လေးတွေ မှ မပြီးဆုံးသေးခင် လျှပ်စစ်မီး ကို အလှည့်ကျပေးတော့မယ်တဲ့ ။ အကြောင်းပြချက်ကတော့ထုံးစံအတိုင်း ရေအားလျှပ်စစ်နည်းလို့ ၊ သုံးစွဲသူများလို့ အစရှိသဖြင့် ပြောကြဦးမလားပဲ ဦးလေးစိန်ရယ် ။ သံလွင်မြစ်ကြီးပေါ်မှာ ဆည်ဆောက် လျှပ်စစ်ထုတ်ပြီး ရလာတဲ့ လျှပ်စစ်ရဲ့ ၉၀% ကို ထိုင်းနိုင်ငံရောင်း ဦးမယ်ဆိုတဲ့သတင်းလေး လည်းဖတ်လိုက် ရသေးတယ် ။ အခြေအနေတွေက ဘယ်လိုဖြစ်ကုန်တာလည်းဆိုတာ ကျွန်တော်နားမလည်တော့ပါဘူး ။ လျှပ်စစ်ဟာ တကယ်ပဲ မလုံလောက်တာလား ဒါမှမဟုတ် ပိုနေလို့ရောင်းနေရတယ်ဆိုတဲ့လျှပ်စစ်ဟာ ကြားမှာ ဘယ်တွေပျောက် ကုန်တာလဲဆိုတာကိုတော့ ပြည်သူပြည်သားတွေကို ဖြေရှင်းပေးဖို့ ဦးလေးစိန်တို့ မှာတာ ၀န်ရှိတယ်လို့ ကျွန်တော်ကတော့မြင်မိပါတယ် ။



အဆုံးသတ်အနေနဲ့ပြောရရင်တော့ ဦးလေးစိန်ကို ပြည်သူပြည်သားတစ်ယောက်အနေနဲ့တောင်းဆိုချင်တဲ့အချက်တွေကတော့



၁ ။ EMG ကတောင်းဆိုထားတဲ့အတိုင်း “ မြစ်ဆုံစီမံရေအားလျှပ်စစ်စီမံကိန်းပြန်လည်စတင်ရန်အတွက် လိုအပ်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရန်ခွင့်ပြုပေးနိုင်ရန်အစီရင်ခံတင်ပြခြင်း”တကယ်ရှိမရှိ တရားဝင်မီ ဒီယာများသို့ အသိပေးပြန်ကြားခြင်း

၂ ။ လျှပ်စစ်မီးများဖြတ်တောက်ခြင်းအား မည်သည့်အကြောင်းကြောင့် ( ဥပမာ လျှပ်စစ် မီဂါဝပ်မ လုံလောက်ခြင်း ရေအားလျှပ်စစ်နည်းခြင်း ) ဖြစ်သည်ကို ရှင်းလင်းပေးစေလိုခြင်း ။

၃ ။ သံလွင်မြစ်ကို ဆောက်မည့်ရေအားလျှပ်စစ်စီမံကိန်းက စတော့မစရသေးဘူးလို့သိရပါတယ် ။ အဲဒါ ကိုလည်း မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးက သံလွင်မြစ်အတွက် သဘောတူကြမယ်မထင်ပါဘူး ။ စာ ချုပ်တွေ ဘာတွေချုပ်ထားခြင်း လက်မှတ်ထိုးထားခြင်းရှိမရှိနဲ့ တကယ်ဟုတ်မဟုတ်ပြန်ကြားပေးစေလိုပါတယ် ခင်ဗျာ ။

ဦးလေးစိန် မှာ အဖက်ဖက် က ဖိအားတွေ တွန်းအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ် ။ နိုင်ငံ ကို ဦးဆောင်တဲ့ သူတစ်ယောက်အနေနဲ့တော့ ဒီဖိအားတွေကို ခံနိုင်အား ကျော်လွန်နိုင်စွမ်းရှိရပါမယ် ။ ဒါကြောင့် အမှားတွေကို ဖယ်ပြီးအမှန်တွေကို လုပ်ဆောင်ရပါမယ် ။ ပြည်သူနဲ့တစ်သားတည်းရှိရပါမယ် ။ ပြည်သူ ကို လျှို့ဝှက်ထားရမယ့်ကိစ္စဆိုတာ မရှိရပါဘူး ။ မြစ်ဆုံ နဲ့ CPI အရေးကိုလည်း ရှင်းရှင်းလင်း လင်းမြန်မြန်ဆန်ဆန်သိချင်နေပါပြီ ။


ဦးလေးစိန်တစ်ယောက် ၂၀၁၂ ခုနှစ်မဟာသင်္ကြန်မှာ ပျော်ရွှင်ကြည်နူးနိုင်ပါစေ ။ နှစ်သစ်အခါသမယမှာ တိုင်းပြည်အကျိုး ၊ ဘာသာအကျိုး ၊ သာသနာအကျိုးကို စွမ်းစွမ်းတမံဆောင် ရွက်နိုင် တဲ့ ပြည်သူတွေ ရင်ထဲက ပြည်သူတွေချစ်တဲ့ ပထမဦးဆုံး သမ္မတကြီးဖြစ်နိုင်ပါစေလို့ ဆုတောင်းရင်း အဆုံးသတ် လိုက်ပါတယ် ။

မြန်မာပြည်သားတစ်ဦး

သက်တန့်ချို (Blogger)

5 April 2012



Photo : EMG , Demo Waiyan



ဒီစာလေးဟာ သမ္မတကြီး ဖတ်ဖြစ်မဖြစ် အစိုးရ တာဝန်ရှိသူတွေဖတ်ဖြစ်မဖြစ်ဆိုတာကတော့ ဒီစာလေးကို လာဖတ်ကြတဲ့ အင်တာနက်သုံးစွဲကြသူတွေရဲ့ Share လုပ်ခြင်းနဲ့အများကြီးသက်ဆိုင်ပါတယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, April 4, 2012

မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက်

မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက်

ဒီမနက်မှာ သတင်းတစ်ခုတွေ့လိုက်ရတယ် ။ မူရင်းသတင်းကို အရင်ဖော်ပြပေးချင်ပါတယ် ရေးသူက ဒီမိုဝေယံဖြစ်ပြီး သူ့ဘလော့မှာ တင်ထားပါတယ် ။ ဧရာဝတီဘလော့မှာလည်း ဒီသတင်းတင်ထားပါတယ် ။

ကျွန်တော်တို့ အမိဧရာဝတီအတွက် အရေးကြီးပြန်ပြီ ညီနောင် အပေါင်းတို့ရေ..

http://www.demowaiyan.org/2012/04/cpi.html


ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..



အများပြည်သူရဲ့ ဆန္ဒသဘောထားကို အသိအမှတ်ပြုတဲ့ အနေနဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်း လိုက်ပါပြီဆိုတဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့က ကြေငြာချက်ကို လေ့လာ ဆန်းစစ်ရပါတော့မယ်။ ဒီကြေငြာချက်ဟာ ကျွန်တော်တို့ ပြည်သူတွေကို ပျက်ရယ်ပြုနေသလားပဲ..။ ပြီးခဲ့တဲ့ မတ်လ ဆန်းကတည်းက တရုတ်အင်ဂျင်နီယာတွေ ပြန်ရောက်နေကြောင်း ဒီမိုဝေယံဖေ့စ်ဘွတ်နဲ့ ဘလော့ဂ်မှာ အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်...။

ယခုအထက်ပါ.. ကချင်ပြည်နယ်အစိုးရထံကို CPI ကုမ္ပဏီမှ အင်ဂျင်နီယာနဲ့ လုပ်သားဦးရေ (၅၀၀)အတွက် ကဒ်ပြားတွေ ထုတ်ပေးဖို့နဲ့ စက်ယန္တယား အစရှိတာတွေ ပြန်လည်တင်သွင်းဖို့ အခွန်ကင်းလွတ်စွာနဲ့ ဝင်ရောက် ခွင့်ပြုဖို့ မတ်လ(၂၈)ရက်နေ့ ရက်စွဲနဲ့ ကျွန်တော်ပြည်သူတွေ ရွေးကောက်ပွဲမှာ အာရုံစိုက်နေချိန်ကို အခွင့်ကောင်းယူပြီး နောက်ကျောကနေ တောင်းဆိုနေပါပြီ..။ ကဲကျွန်တော်တို့ ပြည်သူတွေ ဘာဆက် လုပ်ကြမလဲ.. ကျွန်တော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အရေးပါ...။ အားလုံးဘက်ပေါင်းစုံက ဖော်ထုတ်၊ ကန့်ကွက် ကြပါ...။

ဒီမိုဝေယံ

ဘလော့ဂ်မှာ အင်္ဂလိပ်လို ရေးသားတောင်းဆိုချက်နဲ့ ဓါတ်ပုံ ကြည့်ရှုနိုင်ပါတယ်..

#######################################

ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားစရာတွေအများကြီးရှိပါတယ် ။

၁ ။ သမ္မတကြီးကိုယ်တိုင် ကတိပေးထားတဲ့ အစိုးရသက်တမ်း ၅ နှစ်အတွင်းမလုပ်ပါဘူးဆိုတဲ့ အရာဆိုတော့ ဒီသတင်း ရဲ့ တိကျသေချာမှုဟာ ဘယ်လောက်ရှိမလဲ ။

၂ ။ EMG မှာတော့ မြစ်ဆုံစီမံကိန်းအရိပ်အယောင်တွေ့တယ်ဆိုတာကိုတော့ ဖတ်လိုက်ရတယ်

၃ ။ ဒီ ဓါတ်ပုံဟာ အစစ်ဖြစ်နိုင်မလားဆိုပြီး ကျွန်တော်လိုက်ရှာကြည့် တဲ့အခါ အောက်ပါ အတိုင်းပုံ တချို့တွေ့ ခဲ့ ရတယ် ။


ပုံကိုကြည့်ပြီး အပေါ်ဆုံးကပုံဟာ ဖိုတိုရှော့နဲ့ဖန်တီးထားတဲ့ Hoax news ဆိုတာ ထင်ရှားသွားပါတယ် ။ ကျွန်တော် စဉ်းစားမိတာ တကယ်သာဆိုရင် ကျွန်တော်တို့ user တွေမပြောနဲ့ တကယ့်ထိပ်သီး မီဒီယာ ကြီးတွေက ငြိမ်နေပါ့မလား ဥပမာ EMG , 7 days , Messenger အစရှိသဖြင့်ပေါ့ ။

ဒီသတင်းဟာ လုံးဝမဖြစ်နိုင်ပါဘူး ဖန်တီးထားတဲ့ အရာတစ်ခုသာဖြစ်ပါတယ် ။ ဒီလို ပြောလိုက်တဲ့အတွက် ကျွန်တော်ဧရာဝတီကို မချစ်လို့မဟုတ်ပါဘူး ။ သမ္မတကြီးလုပ်နေတဲ့အလုပ်ဟာ ကလေးကစားစရာမဟုတ်ပါဘူး ။ နိုင်ငံတစ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့ပေးထားတဲ့ကတိပါ ။ သူ့ကတိကို ကျွန်တော်ယုံပါတယ် တခြား သူတွေ ကိုလည်းယုံစေချင်ပါတယ် ။ တကယ်သာ ဒီသတင်းအစစ်အမှန်ဖြစ်ခဲ့မယ်ဆိုရင် တနိုင်ငံ လုံးလည်း ကန့်ကွက် ကြမှာ မလွဲမသေပါပဲ ။

ဧရာဝတီအားချစ်ခင်သော ဧရာဝတီသားတစ်ဦး

သက်တန့်ချို
4 April 2012

အားလုံးပဲ သတင်းနဲ့ပတ်သတ်ပြီးစိတ်အေးနိုင်ကြပါစေ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, April 3, 2012

လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်နိုင်တာထက်ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိရမယ်

လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်နိုင်တာထက်ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိရမယ်



ဘရုစလီဟာ ဒဏ္ဍာရီထဲက ကိုယ်ခံပညာသူရဲကောင်းဖြစ်ပါတယ် ။ “ ဘရုစ် ဟာ တစ်နေ့ကို ကျွန်တော်နဲ့အတူ ၃ မိုင်ပြေးတယ် တကယ့်ကို နေရာကောင်းတွေပါပဲ ကျွန်တော်တို့ဟာ သုံးမိုင်ကို နှစ်ဆယ့်တစ်မိနစ် (သို့မဟုတ် ) နှစ်ဆယ့်နှစ်မိအတွင်းပြေးခဲ့ကြတယ်။ တစ်မိုင်ကို ၈ မိနစ်အောက်အတွင်းမှာပေါ့ ။ (မှတ်ချက် - ဘရုစလီရဲ့ ၁၉၆၈ ခုနှစ်က ကိုယ်ပိုင်မှတ်စုမှာတော့ တစ်မိုင်ကို ၆ မိနစ်ခွဲနဲ့ ပြေးခဲ့တယ်လို့ မှတ်သားထားပါတယ် )

တစ်မနက်ခင်းမှာ သူ ကျွန်တော့်ကိုပြောတယ် ။ “ ငါတို့ ငါးမိုင်ပြေးကြရအောင် ” တဲ့ ။ ကျွန်တော် သူ့ကိုပြန်ပြော ခဲ့တယ် ။ “ ဘရုစ် ငါ ငါးမိုင်တော့မပြေးနိုင်ပါဘူး ငါ က မင်းထက်လည်းအသက် နည်းနည်းကြီးတယ်လေ ငါ အဲဒီလောက်တော့ မပြေးနိုင်ဘူး ” သူက ကျွန်တော့်ကိုပြောတယ် ။ “ ငါတို့ အတူပြေးပြီး ၃ မိုင်ရောက်တဲ့အခါ ငါတို့အ ရှိန်ကိုပြောင်းလိုက်မယ်လေ နောက်ထပ် ၂ မိုင်ပဲကျန်တော့မှာ မင်းလုပ်နိုင်မှာပါ ”

ကျွန်တော်ပြန်ပြောခဲ့တယ် ။ “ ကောင်းပြီ လေ ငါတို့ ပြေးကြတာပေါ့ ” ဒီလိုနဲ့ ကျွန်တော်တို့ဟာ အတူပြေး ခဲ့ကြတယ် ။ ၃ မိုင်အထိရောက်လာပြီး ၄ မိုင်အတွင်းကို ကျွန်တော်တို့ရောက်လာပါပြီ ကျွန်တော် ၃ မိုင်ကျော်ပြီးတော့ လေးမိုင်အတွင်းမှာ သုံး ၊ လေး မိနစ်လောက်အထိတော့ အဆင်ပြေပါဘူးတယ် ကျွန်တော် တကယ့်ကို ရပ်လိုက်ချင်ပါပြီ ရင်တွေက တဒိန်းဒိန်းခုန်နေပြီး အလွန်ကိုမောနေပါပြီ ကျွန်တော် ဆက်ပြီးမသွားနိုင်တော့ဘူး သူ့ကို ကျွန်တော်ပြောလိုက်တယ် “ ဘရုစ် ငါဒီထက်ပိုဆက်ပြေးရင် ” “ ငါတို့ပြေးနေ တာပဲလေ ” “ ငါဒီထက်ပိုထက်ပိုဆက်ပြေးရရင်ငါ နှလုံးအမောဖောက်ပြီး သေသွားလိမ့်မယ် ”

ဘရုစ်ကပြောတယ် “ အဲဒါဆိုလည်း သေလိုက်ပါ ” ဒါဟာ ကျွန်တော့်ကို မခံချင်စိတ်ဖြစ်စေပြီး ကျွန်တော် ငါးမိုင် အထိဆက်ပြေးခဲ့တယ် ။

အဲဒီနောက်မှာ ကျွန်တော် အိမ်ပြန်ရေချိုးပြီး သူ့ကို အဲဒီအကြောင်းပြောချင်နေခဲ့တယ် ။ “ မင်းဘာလို့ အဲဒီလိုပြော ရတာလဲ ” သူ ကပြန်ဖြေခဲ့တယ် ။

“ ဘာကြောင့်လည်းဆိုတော့ မင်းတကယ်သေသွားနိုင်လို့ပဲ ။ အကယ်၍များ မင်းဟာ မင်းလုပ်နိုင်တဲ့အရာ (ရုပ်ပိုင်းဆိုင်ရာဖြစ်စေ ဘယ်လိုအရာပဲဖြစ်ပါစေ ) အပေါ် Limit ဆိုတဲ့ ကန့်သတ်မှုတစ်ခုထားထားမယ်ဆိုရင် အဲဒါဟာ မင်းရဲ့ ကျန်ရှိနေတဲ့ ဘ၀အစိတ်အပိုင်းအပေါ် ဖုံးလွှမ်းသွားလိမ့်မယ် မင်းရဲ့ဘ၀တလျှောက်လုံးနဲ့ မင်းရဲ့ အကျင့်ပိုင်းဆိုင်ရာအထိပေါ့ ။ ဘ၀မှာ Limit ဆိုတဲ့ ကန့်သတ်မှုဆိုတာမရှိဘူး ။ တရှိန်ထိုးမြင့်တက်နေတဲ့ မျဉ်းဖြောင့်တစ်ကြောင်းလိုပဲ ဘ၀ဆိုတာ မရပ်မနားတက်နေရတဲ့ ကုန်းမြင့်တစ်ခုလိုပဲ မင်းသွားနိုင်တာထက် မင်းကျော်လွန်ပြီးသွားရမယ် အကယ်၍များ အဲဒီကန့်သတ်မှုတွေက မင်းကို သတ်လိုက်မယ်ဆိုရင်မင်းသေပြီပဲ လူတစ်ယောက်ဟာ သူ့ရဲ့ လုပ်နိုင်တာထက်ကျော်လွန်ပြီးလုပ်နိုင်စွမ်းရှိရမယ် ”

သက်တန့်ချို
3rd April 2012

A man must constantly exceed his level အားဆီလျော်သလိုဘာသာပြန်သည် ။

မူရင်း - This inspiring story is about Bruce Lee, a legendary martial art master.“Bruce had me up to three miles a day, really at a good pace. We’d run the three miles in twenty-one or twenty-two minutes. Just under eight minutes a mile [Note: when running on his own in 1968, Lee would get his time down to six-and-a half minutes per mile].

So this morning he said to me “We’re going to go five.” I said, “Bruce, I can’t go five. I’m a helluva lot older than you are, and I can’t do five.” He said, “When we get to three, we’ll shift gears and it’s only two more and you’ll do it.”

I said “Okay, hell, I’ll go for it.” So we get to three, we go into the fourth mile and I’m okay for three or four minutes, and then I really begin to give out. I’m tired, my heart’s pounding, I can’t go any more and so I say to him, “Bruce if I run any more,” –and we’re still running-” if I run any more I’m liable to have a heart attack and die.”
He said, “Then die.” It made me so mad that I went the full five miles.

Afterward I went to the shower and then I wanted to talk to him about it. I said, you know, “Why did you say that?”He said, “Because you might as well be dead. Seriously, if you always put limits on what you can do, physical or anything else, it’ll spread over into the rest of your life. It’ll spread into your work, into your morality, into your entire being. There are no limits. There are plateaus, but you must not stay there, you must go beyond them. If it kills you, it kills you. A man must constantly exceed his level.”

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, April 2, 2012

2012 မှာ ရိုးရာ သင်္ကြန်ကနေ Sexy သင်္ကြန်ဖြစ်တော့မှာလား ??

2012 မှာ ရိုးရာ သင်္ကြန်ကနေ Sexy သင်္ကြန်ဖြစ်တော့မှာလား ??



ဒီကြော်ငြာလေးက Mrtv-4 ရဲ့ V Guide စာစောင် ဧပြီလ အထူးထုတ်တွင် ပါဝင်သော စာမျက်နှာများထဲမှ တစ် ခုဖြစ် ပါတယ် ။ Album အလိုက်ကြည့်ချင်ရင် > https://www.facebook.com/media/set/?set=a.340676962656285.77163.144593305597986&type=3




မြန်မာ့ရိုးရာသင်္ကြန်တွင် လူငယ်သဘာဝ လန်းလန်းကလေးနှင့်ပျော်ကြသည်ကို ဘာမှမပြောလို ။ ကျွန်တော် လည်းလူငယ်တစ်ယောက်မို့ လန်းလန်းလေးနှင့်ပျော်ချင်သည် ။ သို့သော် အလန်းလွန်ပြီး လန်မထွက် သွားဖို့ တော့ လိုသည် ။



နေရာတိုင်းလိုလို တွင် အမျိုးသမီးများ ဘီယာသောက်ကာ ဟိုပေါ်ဒီပေါ်ကခုန်နေကြသည်ကိုကြည့်ရင်း တခါတ ရံ နိုင်ငံခြားတိုင်းပြည်တစ်ခုများရောက်နေသလားဟု ထင်မိသည် ။ မြောက်ဥက္ကလာပတွင် တချို့လမ်း များ တွင် ဆောင်းဘောက်များအသားကုန်ဖွင့်ပြီး ကောင်မလေးတွေ လမ်းမထွက် က ကြသည် ။ ယောင်္ကျားလေး အကို မောင်ဖွား များက ဘေးမှ ၀န်းရံကာ ထိမ်းကြရသည်။ ခေတ်ကြီးပြောင်းပြန်လန်နေပြီထင်သည် ။

ယခုနှစ်တွင် ရေစိုခံကင်မရာတစ်လုံးဝယ်ကာ ထို Sexy dance များ လိုက်ပြီးရိုက်ရမလား မပြောတတ် ။ သေချာ တာတစ်ခုက မနှစ်က ဘုန်းကြီးဝတ်ပြီး ဆွမ်းခံအကြွ လမ်းတွင် ထို Sexy dance များကို မနည်းရှောင် ရှားသွား ရသည် ။ အော် ဒီဘ၀တော့ သံသရာက လွတ်မည်မထင် ။ ဆိုင်ရာများက မိန်းကလေး Sexy များအား စင်ပေါ် တင်သာမက စင်အောက်တွင်ပါ မြင်မကောင်းအောင်ဖြစ်ခြင်းများ ထိရောက်စွာသတိပေးသင့်သည် ။



လန်းလန်းကလေးနှင့် ပျော်ကြပါ -- မလန်ထွက်ကြပါစေနဲ့ ကြည့်မကောင်းအောင် အမူးလွန်အောင် မသောက် ကြပါနဲ့ ကိုယ့်လွတ်လပ်ခွင့်နှင့်ကိုယ်ဆိုပေမယ့် တချိန်ကိုယ့်သားသမီးတွေရှေ့ အွန်လိုင်းမှ ဓါတ်ပုံများ သက်သေ ခံဖြစ်ကာ ငါ့မေမေ ငယ်ငယ်က တော်တော်ကဲတာပဲဟု အပြောခံရလျှင် အရှက်တော်များရကြလိမ့်မည် ။

သင်္ကြန်နှင့် ကျန်းမာရေးဆောင်ရန်ရှောင်ရန်များရေးထားတာရှိသည် ။ မကြာမီရက်ပိုင်းတင်ပေးပါမည် ။

၂၀၁၂ သင်္ကြန်မှာ ရွှင်လန်းစွာ ခေတ်မှီစွာ ရေကစားနိုင်ကြပါစေ ။ လန်ထွက်စွာ ခေတ်လွန်စွာ ကစားခြင်း များ ရှောင် ကြစေလို ။

သက်တန့်ချို
2nd April 2012

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................