Thursday, February 26, 2015

မေတ္တာဖြင့် ချည်နှောင်ခြင်းနှင့် ရှင်ဘုရင်တစ်ပါးရဲ့ ချစ်ပုံပြင်

ဒီနေ့ ကိုသုတ ရဲ့ Synergy Publication ကနေထုတ်တဲ့ မနိုင်းနိုင်းစနေနဲ့ ပူးတွဲ ရေးသားထားတဲ့ မေတ္တာဖြင့် ချည်နှောင်ခြင်းနှင့် ရှင်ဘုရင်တစ်ပါးရဲ့ ချစ်ပုံပြင်ဆိုတဲ့စာအုပ်ကလေး လက်ဝယ်သို့ရောက်ရှိလာခဲ့ပါပြီ ။

အလုပ်တွေပိနေတာကတကြောင်း စာရေးဖို့ mood သိပ်မ၀င်သေးတာကတစ်ကြောင်းကြောင့် အခုတလောစာသိပ်မရေးဖြစ်ခဲ့ဘူး ။ မနိုင်းရဲ့ အကြံပေးမှုနဲ့ တို့တွေ စာအုပ်တစ်အုပ်လုပ်ကြရအောင်ဆိုတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ၀မ်းသာအားရလက်ခံခဲ့ပါတယ် ။
မနိုင်းဟာ ဟိုးအရင် ဘလော့ဂ်တွေမှာ စာစရေးကတည်းက ကျွန်တော် လေးစားအတုယူခဲ့ရတဲ့ စာရေးသူတစ်ယောက်ပါ ။ အထူးသဖြင့် စကားလုံး သုံးနှုံးဖွဲ့သီပုံတွေကို နှစ်သက်ရတာကြောင့် အမြဲလိုလို စာဖတ်ပရိတ်သတ် ဖြစ်ခဲ့ပါတယ် ။

အခု လို ကိုယ်နှစ်သက်တဲ့ စာရေးသူတစ်ယောက်နဲ့ အတူပူးတွဲပြီး စာအုပ်တစ်အုပ်အပေါ်မှာ ပုံနှိပ်ခွင့်ရတာ ပြောမပြတတ်အောင်ဝမ်းသာလှပါတယ် ။ ပထမဆုံး မနိုင်းနိုင်းစနေနဲ့ ကိုသုတ ( ထုတ်ဝေသူ ) ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

စာရေးသက်နုနယ်ပြီး စာရေးကျဲတဲ့ ကျွန်တော့်စာတွေက တကယ်တော့ပြီးပြည့်စုံတဲ့အဆင့်ကိုမရောက်သေးပါဘူး ။ လိုအပ်ချက်များစွာ ရှိခဲ့ပါတယ် ။ ကျွန်တော့်ကို လက်တွဲပြီး အခုလို စာပေခရီးကို ဖေးမခေါ်ဆောင်ပေးတဲ့ အတွက် အလွန်ပဲဝမ်းသာမိပါတယ် ။

၂၅.၂.၂၀၁၅ မနေ့ကတည်းက ဒီစာအုပ်လေးကို ဖြန့်ချီခဲ့တယ်လို့သိရပါတယ် ။  အားပေးကြပါဦး စာဖတ်သူများခင်ဗျာ စာအုပ်ဆိုင်တွေတိုင်းမှာ ရရှိနိုင်ပါတယ်ခင်ဗျာ ။

ချစ်ခြင်းများစွာဖြင့်

သက်တန့်ချို 
26//2/3015

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................