Monday, November 29, 2010

Oh my god!

Oh my god!



ဘုရား ဘုရား..အနုကြမ်းစီးနေပါရော့လား ကောင်မလေးဘ၀မတွေးဝံစရာ နော် ။



နာလည်းအိပ်ချင်လာပြီ စာတိုးတိုးဖတ်နော် ။



ဟလို.. မိုင်ဘွိုင်း sexy ကျရဲ့လားဟင် ခိခိ ။



ကျား ၊ ခြင်္သေ့နဲ့လူ အတူနေ အောင်မငီး စိတ်သာထဖောက်ရင်တော့တကိုက်ထဲပဲ ။



အတော်ပဲ ရေဆင်းချိုးစရာမလိုတော့ဘူး ဟ ။


ဟဲ့ ပလုတ်တုတ် မှားရိုက်ကုန်ပြီ ငါ့နှယ်နော်.. ။


သားသားဝက်ဝံလေးကို ဖေကြီးခွေး စောင့်ရှောက်နေတာ ။


အော်..အော်... လက်အတုက အပေါ်မှာဟ အစစ်က အောက်မှာ ဘာလုပ်နေတာပါလိမ့် ။

ပုံလေးတွေကို ကြည့်ပြီး ရယ်ရွှင်ကြည်နူးနိုင်ကြပါစေ ။

သက်တန့်ချို
29 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဂျော်ဒန်မှာကျင်းပတဲ့1st annual Harley Davidson rally

ဂျော်ဒန်မှာကျင်းပတဲ့1st annual Harley Davidson rally



Harley-Davidson ဆိုင်ကယ်စီးသူပေါင်း ၂၀၀ လောက်ဟာ ကမ္ဘာတ၀ှမ်းကနေလာရောက်ကြပြီး Wadi Rum မှာရှိတဲ့သဲကန္တာရကိုဖြတ်ပြီးဖောက်လုပ်ထားတဲ့ လမ်းပေါ်မှာ စီးနင်းခဲ့ကြပါတယ် ။ Amman ရဲ့ တောင်ဖက် ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀ ) လောက်ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၇ မှာကျင်းပတဲ့ ပထမအကြိမ်မြောက် Harley Davidson Rally အထိမ်းအမှတ်ပွဲမှာ စီးနင်းခဲ့ကြခြင်းပဲဖြစ်ပါတယ် ။









www.thettantvillage.com

သက်တန့်ချို
29 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘာအကောင်ကြီးလဲ

ဘာအကောင်ကြီးလဲ

ကဲ ဖြေနိုင်ရင်ဖြေပေးကြပါ ။ အခု အောက်ကပုံမှာပါတဲ့လူလက်ထဲမှာ ကိုင်ထားတဲ့ အမည်မသိထူးဆန်းတဲ့ သတ္တ၀ါ ဟာ ဘာကောင်ဖြစ်မယ်လို့ထင်ပါသလဲ ။ ကျွန်တော်ရရှိခဲ့တာ ဘယ် data မှ မပါတဲ့အတွက် ဘာအ ကောင် လည်း ဆိုတော့ မဖော်ပြနိုင်ပါဘူး ။ ဂြိုလ်သားဖြစ်မလားပဲ :P



ပုံစံကိုက ကြောက်စရာကြီးနော် ။

www.thettantvillage.com

သက်တန့်ချို
29 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဖောက်ထွင်းမြင်ရတဲ့ Modern Phone

ဖောက်ထွင်းမြင်ရတဲ့ Modern Phone

သင်ဘယ်မြို့မှာနေထိုင်သလဲဆိုတာတော့ ကျွန်တော်မသိပါဘူး ။ ဒါပေမယ့် ကျွန်တော့်မွေးရပ်မြေ တခါတခါမှာ ရာသီ ဥတုက စိုစွတ်ထိုင်းမှိုင်းနေတတ်ပါတယ် ။ ရာသီဥတုခန့်မှန်းချက်ကလည်း ဒီနေ့မိုးရွာမယ်လို့ပြောရင်တော့ ကျိန်း သေ နေပူပြီး ပူပြင်းခြောက်သွေ့တော့မယ်လို့သာ မှတ်လိုက်ပေရော့  ။ (အဲဒီလောက်ခန့်မှန်းချက်ကမှန်တာ ) ကဲ ဒီတော့ ခင်ဗျားတို့ကို လက်ဆောင်တစ်ခုပေးချင်ပါတယ် ။ ဒါကို Window Phone လို့ပဲ လွယ် လွယ်ကူကူ ခေါ်ကြပါစို့ ။ သင်အပြင်မှာကြုံတွေ့နေရတဲ့ ရာသီဥတုနဲ့အညီ ဒီဖုန်းရဲ့မျက်နှာပြင်မှာ ဘာတွေ ပြောင်းလဲ နေလည်း ဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ် ။ သင်တို့လည်းကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ် ။ ဆက် လေ့လာ ကြည့်ပါဦး ။



ဒါက ရာသီဥတု ကြည်ကြည်လင်လင်နဲ့ နေသာတဲ့နေ့ဆို ဖုန်းလေးကလည်း ကြည်ကြည်လင်လင်လင်နဲ့ပေါ့ ။



မိုးရွာတဲ့နေ့ဆို ဖုန်းမျက်နှာပြင်မှာပါ မိုးရေ စက်တွေစိုရွှဲလို့ ။



နှင်းကျတဲ့နေ့ဆိုလည်း ဖုန်းမှာ နှင်းတွေထူထပ်ပြီး မမြင်ရတော့ဘူး ။


တစ်ဖက်ကနေဖုန်းခေါ်ရင် ဒီလိုလေးမြင်ရမှာပါ ။


ဒါက မက်ဆေ့ပို့ရင်မြင်ရမယ့်ပုံစံမျိုးပေါ့ ။



ဖုန်းကတော့အလန်းစားပဲနော် ။


နောက်ဆုံး အထူးခြားဆုံးက သင်ဖုန်းကိုမျက်နှာမူပြီးအသံပြုလိုက်တာနဲ့ လက်ရေးစာသား Hand writing mode အဖြစ် ပြောင်းသွားမှာပါတဲ့ ။

www.thettantvillage.com

သက်တန့်ချို
27 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Bikini ပြက္ခဒိန်နဲ့ ပရိုမိုးရှင်းလုပ်တဲ့ လေယဉ်မယ်၁၀ဦး

Bikini ပြက္ခဒိန်နဲ့ ပရိုမိုးရှင်းလုပ်တဲ့ လေယဉ်မယ်၁၀ဦး






၂၀၁၀ ခုနှစ် နိုဝင်ာ ၂၅ ရက် ၊ မက်ဆီကိုမြို့တော်မှာ ပြက္ခဒိန်ပြပွဲကို လေယဉ်မယ်ဆယ်ဦးပါဝင်ဆငနွှဲခဲ့ကြပါတယ် ။ Mexicana de Aciacion လေယဉ်လိုင်းမှလေယဉ်မယ်၁၀ ဦးဖြစ်ကြပြီး အဲဒီလေယာဉ်လိုင်းဟာ သြဂုတ် လက တည်းက ဒေ၀ါလီခံထားရတဲ့အတွက် ရပ်ဆိုင်းထားရတဲ့ လိုင်းဖြစ်ပါတယ် ။ အခုတဖန် ၀င်ငွေပြန် လည်ရရှိဖို့ ရည်ရွယ် ချက်နဲ့ bikini ပြက္ခဒိန်လေးထုတ်ပြီး ဆွဲဆောင်လိုက်ပြန်ပါပြီ ။






www.thettantvillage.com

သက်တန့်ချို
27 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, November 26, 2010

ဒြပ်မဲ့ နိယာမ



ဒြပ်မဲ့ နိယာမ

တော်ပါပြီကွာ....
သိက္ခာတွေခြစားနေတဲ့
အကျင့်ပျက်လောကကြီးကိုက
အသက်ရှူရတာ ညှီစို့စို့နဲ့
တခါတခါတော့လည်း...အသက်ရှူမဝ
ငါ့ဘ၀ရဲ့ နေ၀င်ချိန်ထိ...
ရှင်းသန့်ဖြူစင်နေချင်ခဲ့တာ..
ဇတ်ဆရာဆိုတဲ့လူ...
သူ့ရဲ့ ကကြိုးကွက်မှာ ....
ငါလည်း...အလိုက်သင့်က...
ဒီလိုနဲ့ပဲ...
မိုးခါးရေတွေသောက်
မာနတွေလည်း တဖြည်းဖြည်းမှိုတက်လို့...
တော်ပါပြီကွာ
နေရတာကိုက
မလင်းမရှင်း မှောင်မှောင်မိုက်မိုက်
ကိုယ့်ကိုယ်ကိုယ်ချကျွေးလိုက်တာမှ
နားအေးပါးအေး
" ပလုံ " လို့မြည်ဦးမယ် ...

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဗီလိန်


ဗီလိန်


ဘာကြောင့်များလဲ ???
အကောင်းဆုံးသရုပ်ဆောင်ခဲ့ပါလျှက်
အမုန်းမျက်ဝန်းနဲ့အကြည့်တွေ
စက်စုပ်ရွံရှာတဲ့ စကားလုံးတွေ
လှိုင်းထန်တဲ့ ထိုးနှက်ချက်တွေ
ခင်ဗျားတို့က
ဘာကြောင့်များ ၀ါဒ နဲ့ သရုပ်ကို မခွဲခြားခဲ့တာလဲ ?
ဗီလိန်...ဗီလိန်...ဗီလိန်
ဒီဘ၀နဲ့ အကောင်းဆုံးပေးဆပ်ခဲ့ပါလျှက်နဲ့
ငါ့အနုပညာ..ငါ့ဝမ်းစာ
အား.........အရိုးထိတောင်နာတယ်
ဘီလူးခေါင်းဆောင်းတဲ့မင်းသားကိုမှ
ခင်ဗျားတို့လိုချင်တော့လည်း
ကျွန်တော်မတတ်နိုင်ဘူးလေ...
သရုပ်ဆောင်လည်းဗီလိန်
ဘ၀မှာလည်းဗီလိန်
အချစ်မှာလည်းဗီလိန်
နောက်ဆုံး...သေတဲ့အထိဗီလိန်ပဲ
" အနုပညာကိုတော့ ဘယ်တော့မှ ရောင်းမစားဘူးမှတ် "

(တချို့ ဗွီဒီယိုကားတွေကြည့်ပြီး လူတိုင်းက မင်းသားမင်းသမီးနေရာကနေပဲ ၀င်ခံစားကြတာများပါတယ် ။ ကျွန်တော်ကတော့ ဗီလိန်နေရာကနေ ၀င်ခံစားကြည့်လိုက်တယ် ဒီကဗျာလေးတစ်ပုဒ်ထွက်ကျလာတယ် )

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, November 25, 2010

ဖန်မီးသီးတွေ စားပြတဲ့လူသား

ဖန်မီးသီးတွေ စားပြတဲ့လူသား




ဝိုးးးးတကယ့်ကို အာဂလူသားပါပဲ ။ Zhang Yujian ဟာ တရုတ်ပြည်အရှေ့တောင်ပိုင်း Heilongjiang စီရင်စုမှ Mudanjiang မြို့တော်မှာ မီးသီးတွေစားပြတဲ့စတန့်ပြကွက်တစ်ခုကို လုပ်ဆောင်နေပုံဖြစ်ပါတယ် ။ Zhang ဟာ တနင်္လာ နေ့တုန်းက မီးသီး ၂လုံးခန့်ကိုစားသုံးပြခဲ့ပါတယ် ။ သူ့ရဲ့အကောင်းဆုံးစံချိန်ကတော့ စက္ကန့် ၁၂၀ အ တွင်း မှာ မီးသီး ၃ လုံးစားပြခြင်းဖြစ်တယ်လို့ဆိုပါတယ် ။ အစာ ရေမြိုပြွန်နဲ့အ စာအိမ်တွေ မစူးရှဘူး လားလို့ တော့ မေး စရာရှိပါတယ် ။ ကျွန်တော့်အထင်တော့ ဖန်ကိုပျော်ဆေးတဲ့ဆေးရည် Chemical သောက်သုံး ထား ခြင်း သို့မဟုတ်ဖန်စတွေတွေကိုချေဖျက်နိုင်တဲ့ ဓါတ်တစ်မျိုးမျိုး ရှိလို့ပဲလို့ ယူဆပါတယ် ။







www.thettantvillage.com

သက်တန့်ချို
25 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆိတ်တွေက စောင့်ရှောက်တဲ့ Siberian ကျားလှောင်အိမ်

ဆိတ်တွေက စောင့်ရှောက်တဲ့ Siberian ကျားလှောင်အိမ်




၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၄ ရက် ၊ တရုတ်ပြည်အလယ်ပိုင်း Hubei စီရင်စုမှ Wuhan မှာတည်ရှိတဲ့ Jiufeng သစ် တော တိရိစ္ဆာန်ဥယျာဉ်မှာ ဆိတ်တစ်ကောင်က siberian ကျာတစ်ကောင်ကို စောင့်ရှောက်နေပုံဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အကောင် ၅၀ နဲ့ ၆၀ ကြား ကျားဆိုးတွေ နေထိုင်ကျက်စားနေသေးတယ်လို့ ခန့်မှန်းရပါတယ် ။ ကျားအများ စုကတော့ သဘာဝအတိုင်း သားရဲတွေကိုတိုက်ခိုက်စားသောက်လေ့ရှိပါတယ် ။ ဒီလိုဆိုးသွမ်း တိုက် တိုက်မှုတွေ အဆုံးသတ်ဖို့အချိန်ရောက်လာပါပြီ ။ အခုဆိုရင် ဒီလိုကျား တွေဘယ် လောက်ယဉ်ပါး လာသ လဲဆိုရင် ဆိတ်သတ္တ၀ါကိုတောင်ရန်မူခြင်းလုံးဝမရှိတော့ပဲ နောက်ဆိုသူတို့ရဲ့ သဘာဝ အစာရှာခြင်းနဲ့ တော တွင်း နေထိုင်မှုပုံစံတွေပါပျောက်ဆုံးကုန်တော့မှာဖြစ်ပါတယ် ။ သူတို့ဟာ လူတွေနဲ့ပိုယဉ်ပါးလာပြီး ဟိုးယ ခင် ရိုင်း စိုင်းမှုတွေ ကွယ်ပျောက်ကုန်ပြီဖြစ်ပါတယ် ။







www.thettantvillage.com

သက်တန့်ချို
25 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, November 24, 2010

Origami ပညာရပ်

Origami ပညာရပ်




Origami ဆိုတာ စက္ကူနဲ့ အရုပ်လေးတွေ ခေါက်ရတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ် ။ အရမ်းကို စိတ်ဝင်စား ဖို့ ကောင်း ပြီးခက်ခဲနက်နဲလှသလို သင်္ချာ အတွေးအခေါ်တွေနဲ့ ရူပဗေဒအတွေးအခေါ်တွေ ပေါင်းစပ် တီထွင် ဖန် တီး ရတာဖြစ်ပါတယ် ။ သင်ဟာ ဒီပညာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အခြေခံကအစ လေ့လာဖို့လိုပါတယ် ။ ထောင့်မှန်သဘောတရားတွေ မျဉ်းဖြောင့်တွေအကြောင်း စတုဂံတွေ စတုရန်းတွေရဲ့ လှို့ဝှက်ချက်တွေကို ဖော် ထုတ်ဖို့လည်းလိုပါတယ် ။ ကဲကျွန်တော်တို့ စက္ကူခေါက်တဲ့ ပညာလေးကို လေ့လာပြီး နမူနာ အရုပ်လေး တွေ ကိုကြည့်ရအောင်လား။
























www.thettantvillage.com

သက်တန့်ချို
24 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

သက်တန့်ရွာကလေးဖွင့်ပြီ

သက်တန့်ရွာကလေးဖွင့်ပြီ

www.thettantvillage.com

မြန်မာနိုင်ငံမှာ ဘလော့ဂ်တွေ ဘယ်လောက်များများ ဘလော့ဂါတွေဘယ်လောက်များများ ကိုယ်ရေးခဲ့တဲ့စာနဲ့ ကိုယ်အား ထုတ်သလောက်ပြန်ပြီး ကွန်းမန့်မရကြဘူးဆိုတာ ဘလော့မှာစာရေးတဲ့သူတိုင်းသိကြပြီးဖြစ်ပါတယ် ။ ဒါဟာ ဘာကြောင့်လည်းလို့ အဖြေရှာကြည့်ရင်တော့ Blog တွေကို မြန်မာနိုင်ငံကနေ ကြည့်ခွင့်မရအောင် ပိတ်ထား တဲ့အတွက်ပဲဖြစ်ပါတယ် ။ နိုင်ငံရေး ဆိုက် ၊ Porn ဆိုက်နဲ့ တခြား မလိုအပ်တဲ့ အဆိပ်အ တောက် ဖြစ်စေတဲ့ ဆိုက်တစ်ချို့ကို By Name နဲ့ ပိတ်ခြင်းမဟုတ်ပဲ အခုလို Blog ဆိုတဲ့စာသားပါတာနဲ့ ပိတ်ထား တဲ့အ တွက် မြန်မာနိုင်ငံကနေ Proxy မကျော်တတ်သူတွေ ၊ Freedom မသုံးတတ်သူတွေ ၊ Ultrasurf မသုံးတတ် သူတွေအ နေနဲ့ တချို့ဆို မြန်မာဘလော့တွေ ဒီလောက်များများ ရှိမှန်းတောင်သိကြမယ်မထင်ပါဘူး ။

ဒီတော့ မြန်မာနိုင်ငံကလူတွေ စာကောင်းပေကောင်းတွေဖတ်လို့ရအောင် သုတ ၊ ရသတွေ ဖော်ညွှန်း လို့ရ အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ။ ဘလော့ဂါတော်တော်များများကလည်း စာဖတ်သူစစ်စစ် ပရိတ် သတ် ဆီ က ကွန်းမန့်အရနည်းပြီး ဘလော့အချင်းချင်းကွန်းမန့်တွေ ပတ်ပေးလိုက် ဒါမဟုတ် စီဘောက် တွေမှမှာ လျှောက်လည်လိုက်နဲ့ ကျွန်တော်တို့တကယ်ပဲ အဲဒါကို ကျေနပ်နေကြပြီလား ။ တစ်ခါတုန်းက ကျွန်တော်စိတ်ကူး ပေါက်ပေါက်နဲ့ ဘလော့မှာ ကွန်းမန့်တစ်ကြောင်းမှမရတဲ့ပို့စ်တစ်ပုဒ်ကို Social Network တစ်ခုမှာ တင်ကြည့် လိုက် တာ အားပါးပါး တစ်ရက်တည်းနဲ့ ကွန်းမန့် အကြောင်း ၁၀၀ ကျော်သွားတယ် ။ ကျွန်တော် တကယ် မျက်လုံးပြူးပြီးအံ့အားသင့်ခဲ့ရပါတယ် ။ ဒီတော့ ဘလော့ဂါတွေအနေနဲ့ မိမိဘလော့မှာတင် စာရေးယုံမ ကပဲ တခြားမြန်မာက စာဖတ်သူတွေသိအောင်လုပ်ဖို့လည်းလိုအပ်မယ်ထင်ပါတယ် ။

ဘလော့ဂါအတော်များများကို ဘာလို့ အဲဒီ Social Network တွေမှာ မတင်ကြသလည်းလို့ မေးကြည့်တော့ အဖြေကတစ်ခုတည်းပါ ။ မူရင်းနဲ့ကော်ပီတွေရောထွေးသွားမှာစိုးလို့ပါတဲ့ ။ ဟုတ်လည်းဟုတ်ပါတယ် ။ ကျွန်တော် လည်းကိုယ်ရေးခဲ့တဲ့စာတစ်ပုဒ်ကို သူများတွေကော်ပီတင်နေတာနဲ့ ရောထွေးနေရင်သိပ်မနှစ်သက်လှပါဘူး ။ အဲဒီဆိုရှယ်နတ်ဝပ် တွေအကုန်လုံးကလည်း အဓိက စာရေးတဲ့နေရာ ၂ နေရာပဲရှိပါတယ် ။ Blog နဲ့ Forum ပါ ။ ဒါပေမယ့် ၂ ခုံးမှာ ကော်ပီတွေ ပေးတင်ကြတာတွေ့ရပါတယ် ။ ကျွန်တော်မကြိုက်ပါဘူး ။ အဲဒီအလေ့အထကို ။ ဒါကြောင့်ကျွန်တော် ကိုယ်တိုင် Social Network တစ်ခုကို လုပ်ခဲ့ပါတယ် ။



နာမည်ကတော့ သက်တန့်ရွာကလေးတဲ့ ။ လင့်ကတော့ www.thettantvillage.com ဖြစ်ပါတယ် ။ အဲဒီရွာက လေး ဟာ Grou.ps Hosting ကိုသုံးထားပြီး တစ်နှစ်စာ US $170 ပေးရပါတယ် ။ ရွာသူရွာသားတွေ ပေါင်းစည်း အားနဲ့ တည်ဆောက်ထားတာပါ ။ ကဲ မင်းရဲ့ ဆိုက်ကရောတခြားဆိုက်တွေနဲ့ ဘာကွာလို့ တခမ်းတ နားလုပ် နေရတာလဲကွာလို့ မေးစရာရှိလာပါတယ် ။ ဟုတ်ကဲံ အများကြီးကွာပါတယ် ။ အဓိကက တော့ကျွန်တော် ကိုယ်တိုင်စာရေးနေတဲ့အတွက် စာဖတ်သူတွေစစ်စစ်တွေ ရွာထဲမှာ အများကြီးရှိပါတယ် ။ သင်ရေးတဲ့ ဘလော့ တစ် ခုတကယ်ကောင်းပါက ကွန်းမန့်ပေးမယ့်သူတွေတပုံကြီးပါပဲ ။



အဓိက တခြားဆိုက်တွေနဲ့ ကွာခြားချက်ကိုပြောပြပါ့မယ် ။ စာတင်တဲ့နေရာ နှစ်နေရာရှိပါတယ် ။ Blog ( နေ့စဉ် ထုတ်ကျေးလက်သတင်းစာ ) နဲ့ Forum (ကျေးရွာကဏ္ဍများ ) ဆိုပြီးခွဲထားပါတယ် ။



ဘလော့ နေရာမှာ ကိုယ်ပိုင်ရေးစာမူစစ်စစ်တွေပဲတင်ခွင့်ပေးပါတယ် ။ တစ်နေ့ကို ၂ ပုဒ်ထိတင်လို့ရပါတယ် ။ ဖိုရမ်မှာက တော့ သက်ဆိုင်ရာ ကျေးရွာကဏ္ဍအလိုက် ပို့စ်တွေကို မူရင်းဆိုက်ကို Credit ပေးပြီးတင်နိုင်ပါတယ် ။ ကိုယ်ပိုင်ရေး စာမူတွေပဲတင်ခွင့်ပေးတဲ့အတွက် ဘလော့နေရာမှာ အုတ်ရောရောကျောက်ရောရော ဖြစ်မနေ ပါဘူး ။ ကွန်းမန့်တွေလည်း အများကြီးရရှိပြီး မြန်မာက စာဖတ်သူတွေလည်း သိနိုင်မှာဖြစ်ပါတယ် ။ ကိုယ်တင် တဲ့ဘာလေ့ကို မန်ဘာတွေဆီကို Auto share ပေးတဲ့အတွက် ဘလော့အသစ်တစ်ပုဒ်တင်လိုက်တာနဲ့ လူပေါင်း ထောင်ပေါင်းများစွာရဲ့မေးလ်တွေဆီရောက်သွားမှာဖြစ်ပါတယ် ။

ဒါကြောင့် သက်တန့်ရွာကလေးကို အလည်တခေါက်လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် ။ သင်တို့နှစ် သက်မယ် ဆိုရင် မန်ဘာဝင်ပြီး ဘလော့တွေ ရေးပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ။ ဓါတ်ပုံတွေ လည်းတင် နိုင်သ လို ကျေးရွာကဏ္ဍတွေမှာလည်း ၀င်ရောက်ဆွေးနွေးနိုင်ပါတယ် ။ ကျေးလက်စကားဝိုင်းလို့အမည်ရတဲ့ Group chat ကတော့အလွန်စည်ကားပြီး အွန်လိုင်းမန်ဘာတွေအချင်းချင်း စကားပြောလို့ရပါတယ် ။ Ning မှာလို အင်္ဂ လိပ် ချက်မဟုတ်ပဲ မြန်မာလို ချက်လို့ရပါတယ် ။ အဓိကကတော့ ကွန်းမန့်ပေးတဲ့ဦးရေများတဲ့အတွက် ဘလော့ ဂါတွေကြိုက်နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။

သက်တန့်ရွာကလေးသို့အလည်လာရန် - www.thettantvillage.com

ရွာကလေးမှာ မန်ဘာဝင်ခြင်း ၊ ဘလော့တင်ခြင်းနဲ့ ၊ဖိုရမ်မှာ ပို့စ်တင်ခြင်းတို့ကို Moderate လုပ်ထားပါတယ် ။ အချိန် သိပ် မကြာစေပဲ Approve ချပေးသွားမှာဖြစ်ပါတယ် ။

ဘလော့ဂါသူငယ်ချင်းများ ကျန်းမာရွှင်လန်းပြီး စာပေအကျိုး သယ်ပိုးနိုင်ကြပါစေ ။

သက်တန့်ချို
24 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, November 23, 2010

Overweight pets

Overweight pets



သတ္တ၀ါတွေတောင်အစားများရင် အ၀လွန်ဖြစ်သတဲ့ ။ သတိထားကြဦးနော် ။













www.thettantvillage.com

သက်တန့်ချို
23 Nov 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................