Saturday, January 30, 2010

ငါးဆရာဝန်များ

ငါးဆရာဝန်များ

Garra Rufa Obtusa ဆိုတာ ငါးဆရာဝန်လို့ တင်စားခံပြီး ထူးခြားတဲ့ ငါးအုပ်စုဝင်တွေဖြစ်ပါတယ် ။ သူတို့ကို တူရကီလို နိုင်ငံမျိုးမှာ မြောက်ဖက် နဲ့ အတွင်းပိုင်း အထူးသဖြင့် အရှေ့အလယ်ပိုင်းတွေမှာလည်း တွေ့ရလေ့ရှိပါတယ် ။ လူတွေဟာ အဲဒီငါးတွေကို ကြီးမားတဲ့ ဘေစင်ကြီးတွေမှာ ထည့်ပြီး အရေပြားရောဂါတွေကို စတင်ပြီး ကုသလာကြပြီ ဖြစ်ပါတယ် ။

ငါးအသေးလေးတွေဆိုရင် 43 degrees Celsius မှာ ရှင်သန်နိုင်ပါတယ် ။ သူတို့က ပုပ်ဆွေးနေတဲ့ တစ်ရှုး သေတွေကို စားသောက်ရတာ နှစ်သက်ပါတယ် ။ လူနာတစ်ယောက်က ရောဂါဖြစ်နေတဲ့ ခြေထောက်ကို ချလိုက်မယ်ဆိုရင် ငါးတွေက သူတို့ ပါးစပ်နဲ့ လိုက်တို့ပြီး ညှင်သာစွာ တစ်ရှုးသေတွေကို ဖယ်ရှားသွားပေးမှာ ဖြစ်ပါတယ် ။






















သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, January 25, 2010

အမည်မဲ့


အမည်မဲ့

နှင်းဆီရနံ့စူးစူးကိုမှ.....
ရူးရူးမူးမူး စွဲခဲ့တဲ့ကောင်....
ထူးလည်း ထူး မလာပဲ....
ပြဇာတ်အိုကြီးကိုခုံမင်တုန်း...
ဒီရင်မှာ....
အလွမ်းမိုးငွေ့တွေလည်း.....
စွတ်စိုဖျားနာခဲ့ရပေါ့.....

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, January 22, 2010

ကြမ္မာမုဆိုး

ကြမ္မာမုဆိုး




ပြာလဲ့လဲ့ မြစ်ပြင်ပေါ်သို့ နေရောင်ခြည်က ဖြေးညှင်းစွာ ကျရောက်လျက်ရှိသည် ။ လေတချက်ဝှေ့လိုက်တိုင်း တလှပ်လှပ် ထွက်ပေါ်လာသော လှိုင်းဂယက်လေးများက ပန်းချီကား တစ်ချုပ် သဖွယ်ပင် ။ ဧရာဝတီ မြစ်ရေပြင်ကြီးက အေးအေးလူလူ အိပ်စက်နေသည့်နှယ် ။ တသွင်သွင်စီးဆင်းနေသည် ။ ဧရာဝတီမြစ်ကြီး၏ ဘေးတဖက် မြစ်ကမ်းတစ်နေရာတွင် အိုးဘိုကျွန်းဟုခေါ်သော ရွာကလေးတစ်ရွာ... ။ အိမ်ခြေက ဟိုတစ်စု ဒီတစ်စုနှင့် စုစုပေါင်းမှ ငါးဆယ်မျှသာ ။ မြစ်ကမ်းနံဘေးတွင် ရေအတက်အကျရှိသဖြင့် ယာယီဆောက် လုပ်ထားခြင်းမျှသာ ဖြစ်သည် ။ ထို့ကြောင့် အိမ်အားလုံးလိုလိုက ခနော်နီခနော်နဲ့နှင့် ယိုင်နဲ့နဲ့ ပင်... ။ မြစ်နံဘေးတွင် တည်ရှိသောကြောင့် ရွာသူရွာသားများ၏ ပင်တိုင်စီးပွားရေးမှာ ငါးဖမ်း၍ အသက်မွေးဝမ်း ကြောင်းပြုခြင်းပင် ဖြစ်သည် ။ တံငါရွာ လေးတစ်ရွာပင်ဖြစ်သည် ။

ရွာသားများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများက အလွန်ရိုးစင်းလှ၏ ။ နံနက်မိုးလင်းသည်နှင့် ပိုက်ကွန်လေးတွေကိုယ်စီထမ်း လှေလှော်၍ တစ်ချောင်းဝင် တစ်ချောင်းထွက် မြစ်ပြင်တလျောက်ငါး ရှာထွက်ကြလေသည် ။ နေ့လည်ချိန်၍ အိမ်သူထည့်ပေးလိုက်သော ထမင်းထုပ်ကို ဖြေစားရင်း လှေပေါ်မှာ ဆေးပေါ့လိပ်လေးဖွာ၍ ခဏတာနားကြရသည် ။ ပြီးလျင် ငါးပြန်ဖမ်း၍ ညနေမိုးစုန်းစုန်းချုပ်မှ အိမ်ပြန်လာ လေ့ရှိသည် ။ ထိုအရာကား အိုးဘိုကျွန်းတံငါရွာလေး၏ မြင်ကွင်းများပင် ဖြစ်သည်... ။ အိုးဘိုကျွန်းရွာလေးတွင် စိတ်သဘောမနောကောင်းသော အသောက်အစားကြမ်းသော ငါးဖမ်းဆီးခြင်းလုပ်ငန်းကို အလွန်ကျွမ်း ကျင်သော ရေ၏အရိပ်အရောင် ရေစီးကြောင်း ရေမြှုပ်လေးများထနေသည်ကို ကြည့်၍ မည်သည့်နေရာတွင် မည်သည့်ငါးအမျိုးအစားမည်မျှရှိသည်ကို အတိအကျ ပြောဆိုနိုင်သော တံငါသည်တစ်ဦးရှိသည် ။ သူ့နာမည်က ညိုမောင် တဲ့ ။ အသက်က လေးဆယ်ခန့် .. ။ အသား ညိုညို ... ။ ခန္ဓာကိုယ်က တုတ်ခိုင်ခိုင် ... ။ ငယ်စဉ်ကတည်းက ငါးဖမ်းခြင်းအလုပ်ကို လုပ်ကိုင်ခဲ့၍ ရှိရင်းစွဲအသက်ထက် ကြမ်းတမ်းသည့်ပုံပေါက်နေသည် ။ ညိုမောင်တွင် မယ်မြ ဆိုသော ဇနီးတစ်ယောက်ရှိသည် ။ ထို့အပြင် သူတို့ နှစ်ဦးတွင် ရင်နှစ်သည်းခြာ သမီးလေး တစ်ယောက်ရှိသည် ။ နာမည်က အေးမြ တဲ့... ။ သမီးလေး အသက်က တစ်နှစ်စွန်းစွန်းပင် ရှိဦးမည် ။

လင်မယား နှစ်ယောက်စလုံးက တစ်ဦးတည်းသော သမီးမို့ တုန်နေအောင်ချစ်ကြသည် ။ ညိုမောင်က အသောက်အစားကြမ်းသလောက် သမီးလေးအေးမြကိုတော့ သူ..မူးမူး မမူးမူး လက်ထဲကကို ချသည်မရှိ ။ တခါတခါ အရက်မှုးပြီး ပြန်လာပြီးလျှင် သူ့သမီးလေး မအိပ်မချင်း ချော့သိပ်နေပုံအားကြည့်၍ မယ်မြတစ်ယောက် စိတ်နှလုံးချမ်းမြေ့ရသည် ။ ညိုမောင်တွင် သူများနှင့်မတူ ထူးခြားသောအကျင့်တစ်ခုရှိသည်။ သူက တခြားတံငါသည်များကဲ့သို့ ရေထဲသို့ ပိုက်ကွန်ပစ်၍ ငါးဖမ်းရခြင်းကို စိတ်မ၀င်စား။ မှိန်းတစ်လက်ကိုယူ၍ ရေပြင်ပေါ်မှ ကြည့်ကာ ငါးကြီးကြီးကိုရွေး၍ ထိုးရခြင်းကို လွန်စွာဝါသနာပါ၏။ လက်ဆလက်နကလည်း အလွန်ကောင်းပြီး တစ်ချက်ပစ်လျှင် ငါးကြီးကြီးတစ်ကောင်ရသည်ပင်။ ငါးများကို မှိန်းထိုးရာတွင်လည်း အရက်ကို မူးမူးရူးရူး သောက်သွားလေ့ရှိသည်။ အလုပ်ကို လွန်စားကြိုးစားသောကြောင့် အခြားဘ၀တူ တံငါသည်များ ထက် စီးပွားရေးက ပို၍ချောင်လည်သည်။ နောက်ပိုင်းတွင် ရွှေစ ငွေစ များပင် စုဆောင်း မိလာသည်။ သမီးလေး၏ တီတီတာတာ အပြုံးကို ကြည့်၍ ပျော်ရွှင်ကြရသည်။

ဒီလိုနှင့် ……..

တစ်နေ့ ......အဲံဒီတစ်နေ့ကား …..


မိုးက ဒီနေ့မှ သည်းသည်းမည်းမည်း ရွာနေသည်။ ညိုမောင်ကတော့ အရက်ကလေးသောက်လိုက် ပုခက်လွဲလိုက် အမဲခြောက်ကလေး မြည်းလိုက်နှင့် ဇရက်မင်းစည်းစိမ် ကို ခံယူနေသည်။ ဇနီးသည် မယ်မြကတော့ ပုဆိုးဟောင်းတစ်ထည်ကို ချူပ်နေလေ၏။ ည ၈နာရီ ထိုးခါနီးခန့် တွင် ညိုမောင်က

“ ကဲ မယ်မြရေ ဒီမိုးကိုစောင့်နေလို့ကတော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး ဒီနေ့ လပြည့်ညကွ …..ဒီရေတက်ချိန်ဆို ငါးပတ်တွေ သိပ်ပေါတယ် …. ငါမှိန်းထိုးသွားဦးမယ်။”

“ ဟို ….. ကိုညိုမောင် ဒီည နားလိုက်ပါလားရှင်… မသွားပါနဲ့လား …”

“ဟ ဘာဖြစ်လို့တုန်း မယ်မြရဲ့ …. ဘာလဲ မင်းတစ်ယောက်တည်း မိုးသည်းထဲမှာ နေရမှာကြောက်လို့လား….”

“ မဟုတ်ပါဘူးတော် ကျူပ်စိတ်ထဲလေးနေလို့ပါ … ဒီနေ့အောက်မျက်ခမ်းတွေလည်း လှုပ်နေတယ်တော့..”

“ ဟ ဟ ဖြစ်ရလေ မယ်မြရာ နင်သွေးလေမမှန်လို့ စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်တာနေမှာပါ ဟ.. ဒါနဲ့နင်..ဓမ္မတာကောမှန်ရဲ့လား…ဒီလိုပဲဟသွေးလေမမှန်ရင်…စိတ်ဂယောင်ခြောက်ခြားဖြစ်တတ်တယ်…ကဲကဲ.
ငါသွားပြီဟေ့”

ပြောပြောဆိုဆို ညိုမောင်က မှိန်းကိုယူကာ ဦးထုပ်ဆောင်း၍ တဲပေါ်မှ ခုန်ချလိုက်သည် ။ သူတို့ အိမ်လေးက ခြေတံရှည်အိမ်ကလေး ။ အိမ်ဖြစ်သည် ဆိုယုံမျှ ဆောက်ထားခြင်းပင်.. ။ ကြမ်းပေါက်တွေကလည်း ကျိုးတိုး ကျဲတဲ… ။ နံရံတွေကလည်း မလုံ့တလုံ… ။ မိုးသည်းလိုက်တိုင်း အိမ်လေးက လဲပြိုတော့မည့် ပုံစံ.. ။ အိမ်ကို နောက်ပြန်လှည့်ကြည့်ပြီး ညိုမောင်စိတ်တော့ ထင့်သွားရသည် ။ ဒါပေမယ့် အရက်ရှိန်ကလည်း တက်လာပြီမို့ ဘာမှမစဉ်းစားတော့ပဲ… လှော်တက်ကိုင်ကာ ချောင်းရိုးအတိုင်း ဆင်းလာခဲ့သည် ။ အိမ်လေး၏ အောက်ခြေမှာ တော့… ဒီရေတက်ချိန်မို့ ရေတွေက ၁ တောင်သာသာခန့်ပင် နစ်မြှုပ်နေပြီ ဖြစ်သည် ။

မိုးကလည်း တဖြည်းဖြည်း တိတ်မလာပဲ တစနဲ့တစ ပို၍ သည်းလာခဲ့သည် ။ ညိုမောင်တစ်ယောက် အရက်လေး တထွေထွေနှင့် မှိန်းထိုးရာ ငါးကြီး သုံးကောင်ခန့်မိပြီး ဖြစ်သည် ။ အရက်ရှိန်နှင့် လက်စလက်နကလည်း တည့်နေသောကြောင့် လောဘစိတ်တွေ အတောမသတ်နိုင်ခဲ့ပေ … ။ ထိုစဉ်ရုတ်တရက် လှေဘေးမှ ဖြတ်သွား သော ဖြူဖြူ အရိပ်ကြီးကို ကြည့်၍ ညိုမောင် အံ့သြသွားရသည် ။ ဒီလောက်ကြီးသည့် ငါးကြီးကို သူ့တစ်သက်နှင့် တစ်ကိုယ် တစ်ခါမှ မမြင်ဖူးပေ ။ ထိုငါးကြီးနောက်မှ လှေကို အသာမျောလိုက်ရင်း မှိန်းကို အားကုန်ထိုး စိုက်ချလိုက်သည် ။

“ ၀ှီးး”

“ ဒုတ်”

အသံကို ကြားလိုက်ရကတည်းက ထိချက်မှန်ကြောင်းညိုမောင်တွက်ဆလိုက်သည် ။ ပြီးတော့ မှိန်းကို အသာ ဆွဲ၍ လှေပေါ်မတင်လိုက်သည် ။

“ ဟင်”

လက်ထဲမှာ ပါလာသည်က သူထင်သလို ငါးကြီးတစ်ကောင်မဟုတ်ခဲ့.. ..။ လူသားကလေးငယ်လေးတစ်ဦးပင် ။ သူကြက်သေသေသွားမိသည် ။ သေချာကြည့်မိတော့ သူ၏ ရင်နှစ်သည်းချာ သမီးလေး အေးမြ ။ ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားခဲ့သည် ။ သူ့စိတ်တွေဆောက်တည်ရာ မရခဲ့တော့ ။ ပြန်ပြင်၍ မရတော့သောအမှားတစ်ခုကို ညိုမောင်တစ်ယောက် အကြီးအကျယ် မှားယွင်းခဲ့ပြီ ဖြစ်သည် ။ အေး..မြ.. သမီးလေး….ရင်ထဲမှာ ဆို့နင့်မှုက လှိုက်တက်လာသည် ။ သူ့လက်ချက်နဲ့ သမီးလေး မှိန်းထုတ်ချင်းပေါက်ကာ သေဆုံးရပြီ ဖြစ်သည် ။ ထို့အတွက် သူ ဘာကို မှခွင့်မလွှတ်နိုင်… ။ အရက် …သူ့ အကုသိုလ် … သူ့ကို သူ… အဆုံးစွန် မုန်းတီးလာသည်။ နောင်တတို့က အလာကောင်းပေမဲ့ အခါနှောင်းသွားပြီ… ။ ထိုသတင်းကို ကြားကြားချင်း ဇနီးသည်က ရုတ်တရက် သတိလစ်ကာ အသက်ပါ ဆုံးရှုံးသွားခဲ့သည်။

ညိုမောင်…. သူနောက်ဆုံးသောက်ခဲ့သော အရက်ပုလင်းကို သူ့ဦးခေါင်း နှင့်ရိုက်ခွဲလိုက်သည် ။ သွေးတွေက ဦးခေါင်းမှာ ရွဲ နှစ်လို့…. ။ အရူးတစ်ယောက်သဖွယ်… ည မှောင်မှောင်ထဲ… ပင်လယ်ထဲသို့ ….တရွေ့…ရွေ……..။
အိုးဘိုကျွန်းရွာကလေးကတော့ တိတ်ဆိတ်ငြိမ်သက်လျှက်……………….။

စာရေးသူ…..သက်တန့်ချို (၁၀း၂၀ ည ၂၁.၁.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, January 19, 2010

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး (အပိုင်း ၂)

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး (အပိုင်း ၂)



တကယ့်ကို ကျောင်းကားဖြစ်ပါတယ် ။ မယုံမရှိပါနဲ့ ။ ကျောင်းသား ၂၀ လောက်ကို အသာလေး ဆန့်ပါတယ်တဲ့ ။


ဒါကြီးက နှစ်ထပ်ဘတ်စ်ကားကြီးဖြစ်ပါတယ် ။ ဒါပေမယ့် သူထပ်နေပုံက ပြောင်းပြန်ကြီးဆိုတော့ ရန်ပဲ ဖြစ်နေ သလိုလို... ။



ဒါကလည်း ရှည်လျားတဲ့ ကျောင်းကားကြီး ဖြစ်ပါတယ် ။





ကားရှည်ကြီးတွေဖြစ်ပါတယ် ။ လမ်းကျဉ်းတဲ့နေရာတွေမှာ ၀င်ဖို့ အခက်အခဲရှိပေမယ့် လူများများကိုသယ်ယူ ပို့ဆောင်နိုင်တဲ့ အတွက် အတော်အသုံးဝင်ပါတယ်တဲ့ ။


ဘတ်စ်ကား ရပ်စောင့်တဲ့ မှတ်တိုင်လေးကတော့ မိုက်တယ်နော့ ...း)

ထူးဆန်းတဲ့ သယ်ယူပို့ဆောင်ရေး ( အပိုင်း ၁ )

စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဆန်းသစ်လှပသော မောက်စ်ဒီဇိုင်းများ

ဆန်းသစ်လှပသော မောက်စ်ဒီဇိုင်းများ



ကွန်ပြူတာသုံးရင် မောက်စ်လှလှလေးမှကိုင်ချင်တယ်ဆိုတဲ့ သူငယ်ချင်းများအတွက် အလှပဆုံး အဆန်းသစ်ဆုံး မောက်စ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ် ။ သူငယ်ချင်းအားလုံးနှစ်သက်ကြမယ်လို့ ထင်ပါတယ် ။





















စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, January 16, 2010

ဘယ်သောအခါမှမရပ်တန့်သော နည်းပညာအသစ်အဆန်းများ(အပိုင်း ၂)

ဘယ်သောအခါမှမရပ်တန့်သော နည်းပညာအသစ်အဆန်းများ(အပိုင်း ၂)

iPod Detachable Speakers






Chair , Mat , Bed..( မျိုးစုံသုံးလို့ရတယ် )





ဒီပစ္စည်းလေးကတော့ ခေါက်ချင်ခေါက် မှောက်ချင်မှောက် ..အဲလေ.. ထိုင်ချင်ထိုင် လိုရာသုံးလို့ရပါတယ်တဲ့ ။

စာရေးသူ....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘယ်သောအခါမှမရပ်တန့်သော နည်းပညာအသစ်အဆန်းများ(အပိုင်း ၁)

ဘယ်သောအခါမှမရပ်တန့်သော နည်းပညာအသစ်အဆန်းများ(အပိုင်း ၁)

Cell Phone



ဒီဆဲလ်ဖုန်းကို တီထွင်ထားတဲ့ နည်းပညာကတော့ အံ့မခန်းပါပဲ ။ သူ့မှာ ဖုန်းတစ်လုံးရဲ့ ဖန်ရှင်အစုံပါဝင်တဲ့အပြင် Projector ပါပါဝင်ပါတယ် ။ Window XP ကို based လုပ်ထားပြီး နောက်ဆုံးပေါ်ဆော့ဝဲ အစုံထည့်သွင်းနိုင်ပြီး Wireless , Bluetooth စတာတွေအကုန်ပါဝင်ပါတယ် ။

Sprout Umbrella





ထီးငုတ်တိုလေး ဖြစ်ပါတယ် ။ တုတ်ချောင်းလေးအဖြစ်သယ်ဆောင်သွား နိုင်ပြီး လိုအပ်မှသာ ခလုတ်တစ် ချက်နှိပ်လိုက်ရင် ထီး ပွင့်လာမှာ ဖြစ်ပါတယ် ။ Technological နည်းပညာနဲ့ ပြုလုပ်ထားပြီး နောက်ဆုံးပေါ်ဒီဇိုင်း ဖြစ်တယ်လို့ ဆိုပါတယ် ။ UV Ray ကနေကာကွယ်နိုင်ပြီး အသားအရေကို နေရောင်ခြည်ဒါဏ် သင့်ခြင်းမှလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ် ။

စာရေးသူ.....သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, January 15, 2010

နာရီနှင့် ရေနွေးအပူပေးစက်ပါဝင်သော USB hub

နာရီနှင့် ရေနွေးအပူပေးစက်ပါဝင်သော USB hub













ဒါဟာ အပေါက်လေးပေါက်ပါဝင်ပြီး ဘက်ထရီပါဝါသုံး နာရီနဲ့ အကောင်းဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေနွေး အပူးပေးစက်ပါဝင်ပါတယ် ။ အပူပေးတဲ့ ပလိတ်ပြားဟာ သင့်ရဲ့ ကော်ဖီခွက်ကို အပူချိန် ၁၂၂ မှ ၁၄၀ ဒီဂရီ ဖာရင်ဟိုက်ထိ ပေးနိုင်ပြီး ကော်ဖီ သို့မဟုတ် လက်ဖ္ဘက်ရည်ဖျော်ဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ် ။ ပြီးတော့ အဖွင့် အပိတ် ခလုပ်လေးက သင့်ကို ကော်ဖီခွက် အပူပေးခြင်းမှ မထိခိုက်စေပဲ အနီရောင် LED မီးသီးလေးက အပူပေးပလိတ်ပြား မီးဝင်မ၀င်ကို ညွှန်ပြပေးမှာ ဖြစ်ပါတယ် ။ နာရီကတော့ ဓါတ်ခဲနဲ့ သွားတာဖြစ်တဲ့အတွက် သင့်ကူပြူတာ Shut down ဖြစ်နေတဲ့အချိန်မှာ လက်ရှိရောက်နေတဲ့ အချိန်နဲ့ နေ့စွဲကို မှန်မှန်ကန်ကန် ဖော်ပြပေးမှာ ဖြစ်ပါတယ် ။

စာရေးသူ.....သက်တန့်ချို (၁၁း၀၀ ည ၁၄.၁.၀၉)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................