Wednesday, September 29, 2010

စက်တင်ဘာ....မိုး

စက်တင်ဘာ....မိုး


မိုး........မိုး...........အဲဒီနာမည်လေးကို ခေါ်မိတိုင်း ကျွန်တော့်ရင်ထဲ အေးချမ်းနေလိုက်တာ ...။ သူမက သိပ်လှတဲ့ မျက်ဝန်း ပိုင်ရှင်မလေးပေါ့ ။ သူမရဲ့ မျက်တောင်ရှည်ကော့ကော့ကြီးတွေကို မှေးစင်းရင်း ကျွန်တော့်ကို စိုက် ကြည့် မိတဲ့အခါတိုင်း ကျွန်တော်အသက်ရှူ ရပ်ရပ်သွားလေ့ရှိတယ် ။ မိုးက ...ကျွန်တော်နဲ့ အရပ်မတိမ်း မယိမ်းပါပဲ ။ နောက်တစ်ချက်က မိုးရဲ့ခန္ဓာကိုယ်ကို ကျွန်တော်စိုက်မကြည့်ရဲဘူး ။ သူမ ခန္ဓာကိုယ်က ကျွန်တော် စာနဲ့ ဖွဲ့မပြနိုင်လောက်အောင် လှပလွန်းနေခဲ့တယ် ။ အရာအားလုံးဟာ အချိုးအစားညီစွာနဲ့ သူမကို ကြည့်လိုက် တိုင်းလက်ရာမြောက်လှတဲ့ ယမင်းရွှေစင်ရုပ်ထုလေးကို ငေးကြည့်နေရသလိုပါပဲ ...။လွမ်းလိုက်တာ.....မိုးရယ် ...။

သူမက အနီရောင် တီရှပ်နဲ့ ဂျင်းဘောင်းဘီအကျပ်ဝတ်လာတဲ့နေ့ (ဒါမှမဟုတ်ဝ ခါးတို အင်္ကျီလက်မောင်းပြတ်နဲ့ စကတ်တိုလေးဝတ်လာတဲ့နေ့ဆို သူမနဲ့ သုံးပေအကွာကနေကျွန်တော်ထိုင်လေ့ရှိတယ် ။ “ မောင် ဘာလို့ မိုးအနား မှာ လာမထိုင်တာလည်းဟင်” လို့ မေးတဲ့အခါတိုင်း သူမကို ကျွန်တော်ပြုံးပြပြီး စိတ်ထဲကနေပဲ ပြန်ပြော လေ့ရှိတယ် ။ “ နင့်ကို ငါသိပ်ချစ်မိသွားမှာ စိုးလို့ပေါ့ မိုးရယ်” ။ ဟုတ်ပါတယ် ။ မိုးကို ကျွန်တော်သိပ်ချစ်မိသွားလို့ မဖြစ်ဘူးလေ ။ သူမရဲ့ နာမည်က မိုးဆိုတဲ့အတိုင်း သူမဘ၀ နဲ့ ကျွန်တော့်ဘ၀ က မိုးနဲ့မြေလို ကွာခြား လွန်းလှပါတယ် ။ ပိုက်ဆံကို သိန်းဂဏန်းလောက်ကိုင်သုံးပြီး ကားအမိုးပြာလေး ကိုယ်တိုင်မောင်းလာလေ့ရှိတဲ့ မိုးကိုမြင်တိုင်း ကျွန်တော့်ရင်ထဲ မွန်းကြပ်လာပြီး ခေါင်းငိုက်စိုက်ကျသွားလေ့ရှိတယ် ။ မှတ်မိသေးတယ်မိုးရယ်... ။ နင်ငါ့ဘ၀ကို စ၀င်လာတဲ့နေ့က စက်တင်ဘာလရဲ့ မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့ ။

ရုပ်ရှင်တွေထဲကလို ဇတ်လမ်းဇတ်ကွက်တွေ မရှိခဲ့ဘူး ။ ရိုးရိုးလေးပါပဲ ။ မိုးတွေရွာတုန်း ဘတ်စ်ကားဂိတ်မှာ ကျွန်တော်ရပ်စောင့်နေတုန်း သူမရဲ့ ကားအပြာလေးဆီကနေ မိုးဟာ ..ထီးအပြာလေး ဖွင့်ပြီး ဆင်းလာခဲ့တယ် ။ မိုးရော လေပါ သည်းနေတဲ့အတွက် သူမလက်ထဲက ထီးကလွင့်သွားပြီး ကားလမ်းမအလယ်ကို ရောက်သွား ခဲ့ပါတယ် ။ ကားရှင်းတဲ့အချိန်မို့ နောက်ပြီး ကိုယ်လိုလူမျိုးကလည်း မိုးစိုတာ သိပ်မထူးတဲ့အတွက် ကားလမ်းမ အလယ်ကိုသွားပြီး ထီးပြာလေးကို ကောက်ပေးခဲ့တယ် ။ သူမကို သွားပြန်ပေးတဲ့အချိန်မှာ ကားပြာလေး ထဲကနေပြီး ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်ခဲ့တယ် ။ အဲဒီအကြည့်တစ်ချက်ပါပဲ ။ တစ်ဘ၀စာလုံး ဖူလုံသွားခဲ့ တာပဲလေ ။ နောက်ပိုင်းတော့ မိုးနဲ့ ကျွန်တော်ရင်းနှီးမှုရသွားခဲ့ပါတယ် ။

အဲဒီရင်းနှီးမှုကလည်း ထီးကောက်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ မိုးကျွန်တော့်ကို တိုက်ခဲ့တဲ့ ကော်ဖီခါးခါး တစ်ခွက် ကြောင့်ပဲဖြစ်ပါလိမ့်မယ် ။ ပိုက်ဆံရှင်းတော့ ကော်ဖီတစ်ခွက် ခြောက်ထောင်ဆိုတာကြောင့် ကျွန်တော် ခေါင်းနဘမ်းကြီးပြီးဘာလုပ်ရမှန်းမသိခဲ့ဘူး ။ မိုးကတော့ သိန်းအုပ်ထဲက ထောင်တန်လေးတွေ လျော့သွားတာ မပြောပ လောက်သလိုပါပဲ ။ အဲဒီနောက်ပိုင်းမှာတော့ မိုးဟာ ကျွန်တော့်ရဲ့အလင်းရောင်လေးဖြစ်ခဲ့တယ် ။ မိုး ကြောင့် ကျွန်တော်ကဗျာတွေ အများကြီးရေးခဲ့တယ် ။ ဒါပေမယ့်ဗျာ ကျွန်တော်အရမ်းချစ်တဲ့မိုးက ကျွန်တော် အရမ်း ချစ်တဲ့ကဗျာတွေကို မခံစားတတ်ခဲ့ဘူး ။ သူမကို ကဗျာလေးတွေ ပေးဖတ်တိုင်း ကျွန်တော့်ကို အားနာစွာနဲ့ ကဗျာ စာရွက်ကို ငေးကြည့်နေတဲ့ သူမမျက်နှာမှာ ခံစားချက်တွေ ကင်းမဲ့နေခဲ့တာ ကျွန်တော်သတိထားမိပါတယ် ။

မိုးရယ်......နင့်အိမ်ရှေ့ကို ငါစရောက်ခဲ့တဲ့နေ့ကပေါ့ ။ နန်းတော်တမျှ ခန်းနားတဲ့အိမ်နဲ့ခြံဝန်းကြီးထဲမှာ ရုပ်ရှင်တွေ ထဲမှာသာ မြင်ဖူးတဲ့ ကားမျိုးစုံနဲ့ ခြံဝန်းထဲက ဒါန်းအဖြူလေးပေါ်က မိုးကို ငေးကြည့်ပြီး ငါတို့ ဒီတစ်သက် အိပ်မက်မက်ခွင့်ပဲရမယ်လို့ ငါတွေးလိုက်မိတယ် ။ ရောဂါသည်အမေကြီးနဲ့ မောင်နှမငယ်လေးတွေရဲ့အနာဂါတ် တွေ ထမ်းပိုးထားရတဲ့ ငါ့ဘ၀ ရှေ့မှာ ချောက်ကမ်းပါးတွေလား ၊ ဆူးတောတွေလား ငါမသိဘူးကွယ်.... မိုး......မိုး........မိုး........ ငါ့ရင်ထဲမှာ တသိမ့်သိမ့်ကြည်နူးနေယုံကလွဲလို့ ငါဘာများတတ်နိုင်ဦးမှာလည်းကွယ် ။ ငါ့ရဲ့ တစ်လစာ ကြုံးရုန်းရှာဖွေပြီးရတဲ့ငွေဟာ နင်စီးတဲ့ ဖိနပ်တစ်ရံတန်ဖိုးရဲ့ အစွန်းထွက် လောက်ပဲ ရှိနေခဲ့ တယ်လေ ။ နင်နဲ့ငါချစ်သူဖြစ်ပြီး တစ်နှစ်တိတိပြည့်တဲ့နေ့မှာ ငါ့မျှော်လင့်ချက် အလင်းရောင်လေးကို ငါကိုယ်တိုင် ပျက်သုန်းစေခဲ့တယ် ။

အဲဒီတစ်နေ့ကလည်း စက်တင်ဘာလရဲ့ ဘာမှမထူးခြားတဲ့ရက်တစ်ရက်ပေါ့ ။ ပြက္ခဒိန်မှာ ရက်ရာဇာလို့ ရေးထား ပေမယ့် မိုးတွေသည်းနေခဲ့တယ် ။ ငါ့ကိုယ်ငါ ဂူသွင်းသဂြိုလ်ရမယ့် ပြဿဒါးနေ့လည်း ဖြစ်ခဲ့တယ် ။ “ နင့်ကို ငါမချစ် နိုင်တော့ဘူးမိုး” လို့ ကျွန်တော်ပြောလိုက်တော့ အံ့သြပြီး ကျွန်တော့်ကို မော့ကြည့်တဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေလည်းစိုစွတ်မနေခဲ့ပါဘူး ။ ဘာဖြစ်လို့လည်းဟင်လို့ သူမမေးလိုက်တော့ ကျွန်တော့်မှာ ဖြေစရာ အဆင် သင့်ရှိမနေခဲ့ဘူး ။ သူမနဲ့ ကျွန်တော် ဘာစကားမှ ဆက်မပြောခဲ့ပဲ တစ်ယောက် ကိုတစ်ယောက် စိုက်ကြည့်ခဲ့ကြတယ် ။ မဖြစ်နိုင်တဲ့အရာ ... မတိုးဝင်သင့်တဲ့ဘ၀...မုန်တိုင်းတွေ ဆူးတောတွေ နဲ့ ကျွန်တော့် ရဲ့ကမ္ဘာ ငယ်ကို “သူမ” ၀င်မလာသင့်မှန်း သိပုံရပါတယ် ။ နောက်ဆုံး သူမရဲ့ မျက်တောင်ရှည်ကြီးတွေကိုပဲ ကျွန်တော်တပ်မက်စွာကြည့်ရင်း “ နင့်ကိုငါအရမ်းချစ်လို့ အရမ်းမုန်းလိုက်ပြီမိုးရယ်....” လို့ပြောရင်း ကျွန်တော် မိုးရေတွေထဲ လှည့်ထွက်လာခဲ့တယ် ။

မျက်လုံးထဲမှာ မျက်ရည်တွေလား မိုးရေတွေလား မသဲကွဲတော့ပါဘူး ။ မိုးရေတွေဆိုလည်း ဒီအတိုင်း ရှိနေပါစေ တော့ ။ ကျွန်တော်အရမ်းချစ်ခဲ့တဲ့မိုးတွေပဲလေ ။ ခပ်လှမ်းလှမ်းရောက်မှ ကျွန်တော့ဘေးကနေ ဝေါကနဲ ဖြတ်ကျော် သွားတဲ့ ကားပြာလေးထဲမှာ မိုးက သူမအချစ်တော် ဘော်ဘီဆိုတဲ့ ခွေးအဖြူလေးကို ကိုင်ရင်း တိတ်ဆိတ်စွာ လိုက်ပါသွားတယ်လေ ။ ကျွန်တော့်ခြေထောက်တွေဆက်မလျောက်နိုင်တော့ဘူး ။

ရင်ထဲမှာလည်း ဆို့နင့်မှုက ရင်တစ်ခုလုံး အခွဲခံထားရသလိုပါပဲ ။ မုန်းတယ်.......ကားပြာလေးရေ မင်းကို လည်းမုန်းတယ်....မင်းသခင်မလေးနေတဲ့ စံအိမ်တော်ကြီးကိုလည်း ငါမုန်းတယ်.....သိန်းရာချီတဲ့ ပိုက်ဆံအ ထုပ် တွေကိုလည်း မုန်းတယ်....စည်းစိမ်ဥစ္စာတွေကိုလည်း မုန်းတယ်....မင်းတို့သာမရှိရင် ငါ့ချစ်သူမိုးကို ငါ ပိုင်ဆိုင် ခွင့်ရှိမှာပဲလေ ။ သတ္တိမရှိခဲ့ဘူးလို့တော့ ကျွန်တော့်ကို မစွပ်စွဲကြပါနဲ့... ဘယ်သူကမှ ကိုယ့်ချစ်သူကို ဆင်းရဲတွင်းထဲ ဆွဲချချင်တဲ့သူ ရှိလိမ့်မယ်မထင်ဘူး .....။ ကျွန်တော်မိုးတွေရွာတဲ့ ကောင်းကင်ကြီးကို မော့ကြည့် ရင်း ဟားတိုက်ရယ်မောလိုက်တယ် ...။ ဒါပေမယ့် ရယ်သံတွေ ထွက်မလာခဲ့ဘူး......။

မိုး.......မိုး........မိုး
စက်တင်ဘာမိုး
အလွမ်းတွေရင်သည်းစွာနဲ့
ငါ့ရင်ဘတ်ထဲက တိမ်တိုက်တွေ
လွင့်မျောကုန်ပြီထင်ပါရဲ့
အို...ချစ်သူရယ်
ငါက အလွမ်းသင့်သူပါ
ချစ်တယ်လို့တောင် ပြောခွင့်မရှိတဲ့ကောင်
ဤကမ္ဘာအဆက်ဆက် ...
ကျိန်စာ သင့်ပါစေသား ...
ဒါဟာ..အထ္ထုပတ္တိလည်းဖြစ်ချင်ဖြစ်မယ်
နင်စီးထားတဲ့ ဖိနပ်တစ်ရံလည်းဖြစ်ချင်ဖြစ်မယ်
ငါအရမ်းမုန်းတဲ့ ငွေစက္ကူတွေလည်းဖြစ်ချင်ဖြစ်မယ်..
ဒါပေမယ့် မိုးရယ်....
ငါနင့်ကို....

ရမ်း
လွမ်း
တယ်....

ဒီစာလေးကို ရေးနေချိန်မှာ မိုးဟာ တခြားသူတစ်ယောက် ဒါမှမဟုတ် နောက်မှာ အမြီးတန်းအရှည်ကြီးနဲ့ဘွဲ့တွေ စည်းစိမ် တွေ ကိုပိုင်စိုးတဲ့ လူဂုဏ်ထံကြီးရင်ခွင်မှာ အေးချမ်းစွာ မှေးစက်နေလောက်ပြီပေါ့ ။ ဒီစာလေးဟာ ဒုသနသော ထိုက်ချင်လည်းထိုက်လိမ့်မယ် ။ မတတ်နိုင်ဘူး မိုးရေ... ငါမှ နင့်ကို မလွမ်းပဲမနေနိုင်ပဲကိုး ။ ဒါကြောင့် ငရဲကို ခုန်ဆင်းရမယ်ဆိုရင် နင့်ပေါ်ထားရှိတဲ့ငါ့ချစ်ချင်းတွေကို ပိုက်ထွေးရင်း ငါပျော် ပျော်ကြီးပဲ ခုန်ဆင်း လိုက် မယ်ကွယ်...

အ လွမ်း တွေ ကို တော့ မ ရပ် တန့် ပါ ရ စေ နဲ့......

သက်တန့်ချို
29 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 27, 2010

အပြောင်းအလဲတိုင်းကို ကြိုဆိုသင့်ပါသလား ? (*****Special Blog Post *****)

အပြောင်းအလဲတိုင်းကို ကြိုဆိုသင့်ပါသလား ? (*****Special Blog Post *****)



၂၁ ရာစုဟာ ဂလို ဘယ်လိုက်ဇေးရှင်းနဲ့အညီ အရာရာတိုင်းဟာ ပြောင်းလဲနေလျှက်ရှိပါတယ် ။ အဲဒီအထဲမှာမှ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး စသည်တို့ဟာလည်း များစွာပြောင်းလဲလာလျှက်ရှိပါတယ် ။ တစ် နေ့ပြီး တစ်နေ့ ပေါ်လာလိုက်တဲ့ ရောဂါဆန်းတွေ တစ်ခါမှတောင် မတွေ့ဖူး မမြင်ဖူးတဲ့ ရောဂါ သစ်တွေ ကမ္ဘာမှာ တိုးတက်များပြားလာလိုက်တာ ။ SARS မှ အစ H5N1 အဆုံး ပေါ်လာလိုက်တဲ့ ဗိုင်းရပ်စ်တွေကလည်း ခေတ်နဲ့ အညီပါပဲ ။ စီးပွားရေးဈေးကွက်တွေချဲ့ထွင်လာတာနဲ့အမျှ ကမ္ဘာ့နိုင်ငံအသီးသီးက ယဉ်ကျေး မှုတွေဟာ လည်း ရွှေမြန်မာ တွေဆီကို ကူးစက်လို့ လာခဲ့ပါပြီ ။ လတ်တလော ကျွန်တော်တို့နေထိုင်ရာ ရပ်ကွက်တွေ မြို့ရွာ တွေအတွင်းမှာ “ အိုပါး ” “ မီအာနဲ ” “ ဆားဒါးငယ် ” “ ရှဲရှဲနီ ” “ နီဟောင်မား ” “ သွေ့ဘုချိ” စတဲ့ အသံတွေဟာ အပြောင်း အလဲများရဲ့ ပြယုဉ်တွေပဲ ဖြစ်ပါတယ် ။ အခု ဆွေးနွေးလိုတာကတော့ ဖြစ်ပေါ်လာတဲ့ အပြောင်း အလဲတိုင်းကို ကြိုဆိုသင့်ပါသလား ဆိုတာပါပဲ ။

၁ ။ ကိုရီးယားရုပ်သံဇတ်လမ်းတွေနဲ့ အင်္ဂလိပ်ဇတ်ကားတွေမှာ မြန်မာစာတမ်းထိုးတာ ကောင်းပါသလား ?

အရာရာတိုင်းမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေတယ် ဆိုသလိုပါပဲ ။ နိုင်ငံခြားဇတ်ကားတွေမှာ မြန်မာစာ တမ်းထိုး တာဟာ မိဘပြည်သူတွေ အလွယ်တကူ နားလည်နိုင်တယ် ။ ဘာသာစကား ကွာဟမှု အခက်အခဲကို ကျော်လွှား နိုင်တဲ့ အတွက် ဇာတ်လမ်းရဲ့ အနှစ်သာရ ပိုပြီး ပြည့်ဝလာတယ်ပေါ့ ။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်တော့ လူငယ် လူ ရွယ်တွေ ဘာသာစကား လေ့လာလိုတဲ့လူတွေအတွက် အင်္ဂလိပ်စာတမ်းကိုဖျက်ပြီး မြန်မာလို ပြောင်းထား တဲ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါပဲ ။ နိုင်ငံခြားကားတွေ ကိုရီးယားဇတ်လမ်းတွဲတွေကိုပါ အင်္ဂလိပ် စာတမ်းထိုးပေးရင်တော့ အင်္ဂလိပ်စာတမ်းကို တဖြည်းဖြည်းလိုက်ဖတ်ရင်းဖတ်ရင်းနဲ့ အင်္ဂလိပ်စာ Reading Skill လည်းတက်လာမှာ အမှန်ပါပဲ ။ နောက်ဆုံး အင်္ဂလိပ်စာကို စိတ်မ၀င်စားတဲ့ ကျောင်းသား လူ ငယ်တွေ တောင် ဇာတ်လမ်းရဲ့ ကျောရိုးကိုသိချင်လို့ အင်္ဂလိပ်စာကို လိုက်ဖတ်တတ်တဲ့ အကျင့် စွဲစေတဲ့ မဟာ အခွင့်အရေး ကြီး တစ်ရပ်ပါ ။ ဒါကြောင့် ဇတ်ကားတိုင်းကို မြန်မာ စာတမ်းထိုးတာထက်စာရင် International Language ဖြစ်တဲ့ English Subtitle ထိုးပေးခြင်းကမြန်မာတွေကို ကမ္ဘာနဲ့အမှီ ရင်ဘောင် တန်းစေနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ ယူဆမိပါတယ် ။

၂ ။ ဇတ်လမ်းတွေထဲက ယဉ်ကျေးမှုတွေကို လက်ခံသင့်ပါသလား ?

မင်းသမီးနဲ့ မင်းသားကြိုက် ၊ ဟော်တယ်ရောက် ၊ နောက်တော့ကွဲ ၊ မင်းသမီး ကလပ်တက် ၊ အရက်သောက် နောက် ပျက်ဆီး ၊ ဒါတွေဟာ ဇတ်ကားတိုင်းလိုလိုမှာပါတဲ့ အကြောင်းတရားတွေပါပဲ ။ ကိုရွှေမြန်မာတို့ကလည်း အတုယူ တဲ့နေရာမှာ မြန်ပါဘိသနဲ့ ။ အရွယ်မတိုင်ခင် (၁၈ နှစ်မကျော်ခင်) တည်းခိုခန်းရောက် ၊ ကိုယ်ဝန်တွေရ (အရင်တုန်းကပါ ) ဇတ်လမ်းပေါင်းများစွာပါပဲ ။ အခု အရေးပေါ် သန္ဓေတားဆေး တစ်မျိုးဖြစ်တဲ့ Levonorgestrel 0.75mg ဆေးတွေ မြန်မာပြည်ကို ၀င်ရောက်လာတာဟာ တစ်ဖက်ကကြည့်ရင် ကိုယ်ဝန် မရနိုင် အောင်တားပေးတာ မှန်ပေမယ့် တစ်ဖက်ကကြည့်ရင်တော့ ကြောက်မက်ဖွယ် အန္တရာယ်ဆိုးကြီးပါပဲ ။ လူငယ်တွေက ငါတို့ အတူတူနေလိုက်ကြမယ်ကွာ ဘာဖြစ်လဲ အရေးပေါ်သန္ဓေတားဆေးရှိနေတာပဲ ဆိုပြီး Sex ကိစ္စကို လွယ်လွယ်လေး စဉ်စားလာကြတာကိုလည်း တွေ့ရပါတယ် ။ တခြားနိုင်ငံတွေအတွက် မထူးပေမယ့် ယဉ် ကျေးမှု ဂါရ၀တရား ထွန်းကားတဲ့ ရွှေမြန်မာအတွက်တော့ ၁၆ နှစ် ၁၇ နှစ်အရွယ်လေးတွေ ဆေးဆိုင်တွေမှာ အရေးပေါ်သန္ဓေတားဆေးလာဝယ်ကြတာတွေ့တိုင်း ဒါဟာ တို့ နိုင်ငံအတွက် မအပ်စပ်လှဘူးလို့ပဲ ထင်မိပါတယ် ။ သူတို့လေးတွေ ဒီကိစ္စအတွက် ကျွန်တော့်ကို လာတိုင်ပင်တဲ့အခါတိုင်း ကျွန်တော့်ရင်ထဲမှာ တစ်စုံတစ်ခု ပျောက် ရှသွားသလို ၊ နှမျောတသမိသလို ခံစားရလေ့ရှိပါတယ် ။

ငါ့ညီငယ်ညီမငယ်တွေ မှားယွင်းပြီးတာတောင် နောင်တရဟန်မရှိပဲ အရေးပေါ်သန္ဓေတားဆေးအကြောင်း ပွင့် ပွင့် လင်း လင်းမေးရဲတဲ့သတ္တိကို ချီးကျူးပဲချီးကျူးရမလား ၊ အံ့ပဲအံ့သြရမလား မတွေးတတ်တော့ပါဘူး ။ တ ခါတ ခါလည်း အော်..ငါတို့နိုင်ငံမှာ Sex ဟာ ဒီလောက်တောင်လွယ်ကူပွင့်လင်းနေကြပြီလားလို့လည်း တွေးမိပါတယ် ။ ဒါတွေဟာလည်း အပြောင်းအလဲတွေထဲက ကြိုဆိုသင့်ပါသလား ၊ ပယ်ချသင့်ပါသလား ။

၃ ။ လက်မထပ်ပဲအတူနေခြင်း Living Together ကို ကြိုဆိုသင့်ပါသလား ?


Hip Hop ဂီတတိုးတက်လာခြင်း ၊ လူငယ်လေးတွေ အထူသဖြင့် ယောင်္ကျားလေးတွေ လက်သည်းတွေမှာ အမည်း ရောင်ဆိုးခြင်း (Punk သင်္ကေတ ) ၊ နားကပ်ဝတ်ဆင်ခြင်း စတာတွေကတော့ ရိုးအီနေပြီး ရွှေမြန်မာ တွေအတွက် အသားကျနေပြီဖြစ်တဲ့အတွက် ထူးပြီး ပြောမနေတော့ပါဘူး ။ ပြောလိုတာကတော့ နိုက်ကလပ် တွေပါပဲ ။ မတော်တဆ ခဏတာ အသဲကွဲခြင်း ၊ စိတ်ညစ်ခြင်း တို့ကြောင့် ကျောင်းသားလူငယ်တွေ နိုက်က လပ် တတ် ရန်ဖြစ်ကြတဲ့ သတင်းတွေလည်း ကြားရပေါင်းများနေပါပြီ ။ အဓိကပြောချင်တာကတော့ နိုက်က လပ်က အပြန် ဟော်တယ်တွေမှာ Living Together နေမိတဲ့အဖြစ်တွေပါပဲ ။

၂ ဖက်လုံးသဘောတူပြီး အရာရာ ok နေရင် နိဗ္ဗာန်ဘုံပဲပေါ့ ။ တစ်ယောက်ယောက်က ဖောက်ပြီဆိုရင်တော့ “ နင်ယောင်္ကျားမပီသဘူး ” “ နင်ငါ့ကို တာဝန်မယူဘူး ”“ နင်စားပြီး နားမလည်ဘူးလား ” “ ယောင်္ကျားမပီသဘူး ” “ နှမချင်းမစားနာဘူး နင့်နှမဆိုရင် နင်အဲဒီလိုနေမလား ” ဆိုပြီး မိန်းကလေးတွေဖက်စွပ်စွဲသလို ယောင်္ကျား လေး တွေ ဖက်ကလည်း “ အို..နင်သဘောတူလို့ ဖြစ်တာပဲ ” “ နင့်ကို လက်ထပ်ပါ့မယ် ဘယ်တုန်းက အာမခံဘူးလို့လည်း ” “ ဒီတစ်ညလေးအိပ်ယုံနဲ့ နင့်ကို ငါက ယူရမလား ” “ လက်ခုပ်ဆိုတာ ၂ ဖက်တီးမှ မြည် တာ ပါကွာ ” စသဖြင့် ဆင်ခြေတွေပေးတတ်ကြပါတယ် ။ တကယ်တမ်း နစ်နာတာ ဘယ်သူတွေပါလဲ ။ မိန်း ကလေး တစ်ဦးတည်းသာလျှင်ဖြစ်ပါတယ် ။

အပျိုစင်ဘ၀ ( Virgin ) ကိုလည်းဆုံးရှုံးရသေး ၊ တာဝန်လည်းမယူ အခန့်မသင့်ရင် ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ရ မယ့် ကိစ္စ ။ ဒူးနဲ့ မျက်ရည်သာ သုတ်ပေရော့ ။ ဒါကြောင့်ကို ယောင်္ကျားတို့ သတိထားဆင်ခြင်ပြီး ငါ့နှမသာဆိုရင် ဆိုတဲ့ အတွေးလေးတွေ ထားကြမယ်ဆိုရင် ပွင့်သောပန်းတိုင်းမွှေးနေမှာ အမှန်ပါပဲ ။ ဒီကိစ္စဟာ ဆွေးနွေး ရမယ်ဆိုရင် နက်နဲကျယ်ပြန့်လွန်းပါတယ် ။ လူမှာ အဓိကခွဲရင် Love နဲ့ sex ကို အတူတူပဲ Sex မပါပဲLove မဖြစ်နိုင်ဘူးလို့ လက်ခံကျင့်သုံးတဲ့လူမျိုးနဲ့ love နဲ့ sex တခြားစီ ၊ အချစ်ဆိုတာ အေးမြဖြူစင် နူးညံ့တဲ့ ရင်ခုန်သံဖြစ်ပြီး Sex ကတော့ သွေးသားအလိုဆန္ဒ ရမ္မက်လို့ ခံယူထားသူဆိုပြီး ၂ မျိုးရှိပါတယ် ။ ဒုတိယအမျိုးအတွက် ဘာမှ ပြဿနာ မရှိလှပါဘူး ။

Love နဲ့ Sex အတူတူပဲလို့ လက်ခံထားတဲ့သူတွေအတွက် အထူးသဖြင့် ယောင်္ကျားလေးတွေက “ နင့်ရဲ့ ခန္ဓာကိုယ်ကို ငါ့ကို မပေးနိုင်ဘူးဆိုရင် နင်ငါ့ကို တကယ်မချစ်လို့ပဲ ” “ နင့်ကို တကယ်ချစ်တာပါဟာ နင်နဲ့ အတူနေချင်လို့ပါ င့ါကို မလိုက်လျောပေးနိုင်ဘူးလားဟင် ” စသဖြင့် ကိုယ့်ရဲ့သွေးသားဆန္ဒတပ်မက်မှုကို အချစ် လို့ ခေါင်းစဉ်တပ်ပြီး ချစ်သူမိန်းကလေးရဲ့ကာမကို ရယူဖို့ ကြိုးစားလေ့ရှိပါတယ် ။ ဒါကြောင့် မှာချင်တာ က မိန်းကလေးတွေအနေနဲ့ ယောင်္ကျားလေးတွေရဲ့ စိတ် အနေအထားကို သိဖို့ လိုအပ်ပါတယ် ။ ယောင်္ကျားလေး အများစု ( အားလုံးကို မဆိုလိုပါ) တစ်ခုခုကို လိုချင်ပြီဆိုရင် အသည်းအသန်ကြိုးစားပြီး တကယ်တမ်းလက်ထဲ ရောက်လာပြီဆိုရင်တော့ ရိုးအီသွားတတ်ကြပါတယ် ။ မိန်းကလေးရဲ့ အပျိုစင်ကိုရယူပြီးတကယ်လည်းရရော လက်မှမထပ်ရသေးတာပဲ ဆိုပြီး တခြားတစ်ယောက်ကို ပြောင်းဖို့ ၀န်မလေးတတ်ကြပါဘူး ။ ဖတ်ဖူးတဲ့ ရှေးစာအုပ် တွေအရ ကျားဆိုတဲ့ သဘာဝဟာ ဘယ်တော့မှ မိန်းမတစ်ဦးနဲ့ တင်းတိမ်လေ့မရှိဘူးတဲ့ ။ ကြောက် စရာကြီးပါ ။

မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူရည်းစားကို လိုရာ ပုံသွင်းနိုင်တာဟာလည်း အရည်အချင်းတစ်ခုပါပဲ ။ ဒါ ကြောင့် ကာမပေးပြီးမှ အပိုင်ချည်မယ်ဆိုတဲ့ အပိုင်စွဲအောင်လုပ်မယ်ဆိုတဲ့ ငါသူ့ကို တကယ်ချစ်တယ်ဆိုတာ သူယုံသွား မယ် စတဲ့ အတွေးတွေကို ဖယ်ထုတ်စေချင်ပါတယ် ။ နစ်နာရင် ၂ ဖက်စလုံး နစ်နာပြီး မိန်းကလေးက ပိုနစ်နာပါတယ် ။ ဒါကြောင့် ယောင်္ကျားတိုင်းလည်းမကောင်းသလို မိန်းမတိုင်းလည်း မကောင်းပါဘူး ။ အခြေအ နေ ၃ ခုကို တင်ပြရမယ်ဆိုရင်

၁ ။ ယောင်္ကျားပျက်နဲ့ မိန်းမပျက် တွေ့ဆုံခြင်း

ဒါကတော့ ပြဿနာ သိပ်မရှိလှပါဘူး ။ နှစ်ယောက်လုံးက sex ကို အလေးမထားတဲ့အတွက် living together နေ ကြတယ် ။ သဘောထားခြင်းမတိုက်ဆိုင်ရင်လည်း အေးအေးဆေးဆေးပဲ လမ်းခွဲလိုက်ပြီး အသစ်ရှာယုံပါပဲ ။

၂ ။ ယောင်္ကျားကောင်းနဲ့ မိန်းမပျက် တွေ့ ဆုံခြင်း

ပညာရေးတွေ မျှော်လင့်ချက်တွေ ရွှေရောင်အနာဂါတ်တွေနဲ့ ယောင်္ကျားကောင်းတစ်ယောက် ဟာ မိန်းမလည် မိန်းမပျက်တစ်ဦးနဲ့ တွေ့ဆုံမိပြီဆိုရင်တော့မလွယ်လှပါဘူး ။ မိန်းမပျက်ရဲ့ မာယာ ကျော့ကွင်း တွေအောက် သက်ဆင်းပြီး ဘ၀ ပျက်သွားနိုင်ပါတယ် ။ တစ်ညတာ အိပ်စက်ပြီး တစ်ဘ၀တာ တာဝန်ယူရမယ်ဆိုပြီး အပိုင် ချည် တတ်ကြပါတယ် ။ ဒါမျိုးဆို ရင် ယောင်္ကျားကောင်းတော့ နစ်နာပြီး ဘ၀ ဟာ အဖတ်ဆယ် မရ တော့ ဘူးလို့ သာ မှတ်ပေတော့ ။

၃ ။ ယောင်္ကျားပျက်နဲ မိန်းမကောင်းတွေ့ဆုံခြင်း

ရိုးသားတဲ့ မိန်းကလေးတွေ ယောင်္ကျားပျက်တစ်ဦးနဲ့ တွေ့ဆုံမိပြီဆိုရင်တော့ ဆုံးရှုံးရမှာတွေကတော့ အများ ကြီးပါပဲ ။ ကိုယ့်ရဲ့ အပျိုစင်ဘ၀သာမက တခြား စိတ်ဓါတ်ရေးရာတွေနဲ့ မလိုလားအပ်တဲ့ ကိုယ် ၀န်ပြ ဿနာ တွေကိုပါ ရင်ဆိုင်ရနိုင်ပါတယ် ။

ဘယ်သူမပြုမိမိ မှု ဆိုသလိုပါပဲ ။ ကိုယ် အားနာလိုက်မိလို့ ၊ လိုက်လျောလိုက်မိလို့ ၊ အယုံလွယ်လိုက်မိလို့ ၊ မချစ်ဘူး လို့ ထင်မှာစိုးလို့ စတာတွေကြောင့် ဘ၀ပျက်ခဲ့ကြတဲ့သူတွေ ဒုနဲ့ဒေးပါပဲ ။ မတော်တဆ ကိုယ်ဝန် တွေဘာတွေ ရလာရင်လည်း ဖျက်ကြဖို့အထိ ကြံစည်တတ်ကြပါတယ် ။ ဒါကြောင့် မမှားခင်က ရှောင်နိုင် ရင်တော့ အကောင်းဆုံးပါပဲ ။ ကဲ..ဒါဆို မှားပြီးပြီ ဘာဆက်လုပ်ကြမလည်း ဆိုတဲ့ ပြဿနာကိုလည်း ခေါင်းအေး အေး ထားပြီးစဉ်းစားဖို့လိုပါတယ် ။ ကိုယ်သည် မရှောင်နိုင်လို့ လိုက်လျောတော့မယ်ဆိုရင် ချစ်သူရည်းစားကို condom သုံးခိုင်းတာ အကောင်းဆုံးပါပဲ ။

သူမသုံးနိုင်ဘူးဆိုရင်လည်း ကိုယ်ဝန်မရအောင် သန္ဓေတား ကာကွယ်နည်း တစ်ခုခုကို ကိုယ်က သုံးထားပါတယ် ။ တစ်ကြိမ် တစ်ခါ အတွက်တော့ အရေးပေါ်သန္ဓေတားဆေးတွေက ကောင်းကောင်းကြီးဖြေရှင်းပေးနိုင်ပါတယ် ။ Composition က Levonorgestrel 0.75 mg ပါဝင်ပြီး သူ့ ရဲ့စွမ်းအင်လေးတွေကို ဗဟု သုတအနေနဲ့ပြောရရင် ဒီဆေးက လိင်ဆက်ဆံပြီးချင်း ၇၂ နာရီ အတွင်းသောက်ရတာဖြစ်ပါတယ် ။ မိန်းကမလေးတွေမှာ မျိုးဥကြွေခြင်းကို တားဆီးပေး ခြင်း (Ovulation)၊ အကယ်၍ ဖို သုတ်ကောင် sperm နဲ့ ထိတွေ့မိပါက Fertilization မျိုးအောင်ခြင်းကို တားဆီးပေးခြင်း ၊ အကယ်၍ မျိုးအောင်သွားပါကလည်း သန္ဓေတွယ်ခြင်း Implantation ကိုတားဆီးပေးခြင်း စတဲ့ Action တွေရှိပါတယ် ။ ယောင်္ကျားလေးတွေမှာတော့ Sperm count သုတ်ကောင်အရေအတွက်ကိုနည်းစေခြင်း နဲ့ သေစေခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ် ။ ပထမ ဆေးသောက်ပြီး နောက် ၁၂ နာရီကြာတဲ့အခါ နောက်ဆေးကို သောက်ဖို့လိုပါတယ် ။ ပြန်အန်ခဲ့ရင်တော့ ပြန်သောက် ပေါ့ ။ ဒါက အရေးပေါ်တစ်ကြိမ်တစ်ခါအတွက်ပါ ။ ကွန်ဒုံးမသုံးနိုင်တဲ့သူတွေအတွက်ပါ။ အကြိမ်ကြိမ် အခါခါ မှားလိုသူတွေကတော့ သုံးလခံဆေး Depo injection ထိုးထားရင်ထိုး မဟုတ်ရင်တော့ OC Pills လို့ခေါ် တဲ့ မြှားထိုးတဲ့ကဒ်လေးတွေသောက်ဖို့လိုပါတယ် ။

ကွန်ဒုံးကတော့ အကောင်းဆုံးလို့ ထင်မိပါတယ် ။ ဘာကြောင့်လည်းဆိုရင် ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်ကို တားဆီး ပေးနိုင်တဲ့အပြင် တခြား လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ (Sexually Transmitted Diseases) တွေကိုလည်း တားဆီးပေးနိုင်ပါတယ် ။ ကဲ ထားပါတော့ ကိုယ်ဝန်ရတဲ့အဆင့်ကို ရသွားပြီဆိုပါတော့ ။ ဒါဆိုရင် တော့ အရေးကြီးလာပါပြီ ။ ကိုယ်နဲ့ ဖြစ်ခဲ့တဲ့လူက သစ္စာရှိတယ်ဆိုတော်ပါသေးရဲ့ ။ တာဝန် ယူနိုင်သေးတယ် ။ အဲ့ ပေါ့ပေါ့ပျက်ပျက်ကောင် မလေးမထားတဲ့ကောင်ဆိုရင်တော့ မိန်းကလေးဘ၀ ပျက်ပြီ ဖြစ်ပါတယ် ။ တချို့က ဒါကို ပြုမှုခဲ့တဲ့ ယောင်္ကျားလေးကိုတော့ အပစ်မတင်ပဲ ကိုယ်ဝန်ကို ဖျက်ချဖို့ မိုက်မိုက်မဲမဲ ကြံစည်တတ်ကြပါသေးတယ် ။နည်းမျိုးစုံနဲ့ပေါ့ ။ ဒါဆို ကိုယ်ဝန်ရလာရင် ဘာလုပ်ရမလည်း ဆိုရင်တော့ ကောင်းကောင်းမွန်မွန်မွေးလိုက်ပါ ။ အမှန်တော့ ကြားဖူးတာ တစ်ခုရှိပါတယ် ။

“ ပြင်ဆင်ထားခြင်း မရှိပဲ ဧည့်သည်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင်တာဝန်မကျေဘူး ” တဲ့ ။ အခု လိုရုတ် တရက် ပြင်ဆင်ချိန်မရှိပဲ ဧည့်သည်ကို လက်ခံလိုက်ရတာဟာ အိမ်ပေါက်ဝကနေဆီးပြီး ရင်ဝကို လှံနဲ့ ထိုးတာ ထက်စာရင်တော့အ များကြီးတော်ပါသေးတယ် ။

၂၁ ရာစုရဲ့ အပြောင်းအလဲတွေထဲမှာ လက်ခံသင့်တာတွေရှိသလို လက်မခံသင့်တာတွေလည်း တပုံကြီး ရှိနေပါသေးတယ် ။ အထူးသဖြင့် ဒီနေ့လို ခေတ်ကြီး အရာရာကို အလွယ်တကူရနေတဲ့ခေတ်ကြီးမှာ Abortion (ကိုယ်ဝန်ဖျက်ချခြင်း) ဆိုတာဟာလည်း မရှိသင့်တော့တဲ့အရာတစ်ခုဖြစ်ပါတယ် ။ ကဲ ညီငယ်ညီ မငယ် လေးတွေရေ... ဘာတွေလုပ်ကြမှာလဲဘာတွေကာကွယ်ကြမှာလဲဘာတွေပြင်ဆင်ကြမှာပါလဲ။ တတ်သိနား လည် တဲ့ လူတွေနဲ့ တိုင်ပင်ကြပါ ။ မိန်းကလေးတွေဘ၀ဟာ ပန်းကလေးတွေလိုပါပဲ ။ အချိန်မတိုင်ခင် နွမ်းသွား ပြီဆိုရင် တော့ စွန့်ပစ်ခံရဖို့ နီးစပ် လာပြီဖြစ်ပါတယ် ။ ပန်းကလေးတွေ မနွမ်းစေဖို့ ပန်းကိုင်ဥယျာဉ်မှူး တွေက လည်း ပန်းကလေးတွေကို မြတ်နိုးတတ်ဖို့လိုပါတယ် ။ ချစ်ခင်ကြပါ ။ ယုယကြပါ ။ နှမချင်းစာနာပြီး တန်ဖိုး ထားပေးကြပါ ။

ပွင့်သောပန်းတိုင်း မွှေးနိုင်ကြပါစေခင်ဗျာ ။

သက်တန့်ချို
26 September 2010

(ကျေးဇူးတင်ပါတယ် ...ဖတ်သွားပါတယ် စတဲ့ ယေဘူယျဆန်တဲ့ ဆွေးနွေးမှုတွေထက် သင်ရဲ့ခံယူချက်ကရော ဘာ လည်းသိချင်ပါတယ် ။ သင်သာဆိုရင်ရော ဘယ်အယူအဆတွေ ပြောင်းလဲမှုတွေကို လက်ခံပြီး ဘယ်ဟာ တွေကိုတော့ လက်မခံဘူးစတာတွေကို အကျယ်တ၀င့်ဆွေးနွေးစေလိုပါတယ် )

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 25, 2010

အရပ် ၆ ပေ ၉ လက်မ ရှည်တဲ့ ၁၄ နှစ်အရွယ်မိန်းကလေး

အရပ် ၆ ပေ ၉ လက်မ ရှည်တဲ့ ၁၄ နှစ်အရွယ်မိန်းကလေး


အသက်ဆယ့်လေးနှစ်အရွယ် Elisany Silva ဟာ အရပ် ၂.၀၆ မီတာ ( ၆ ပေ ၉ လက်မ) ရှိပြီး ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှာ Brazilian Amazon State of Para မှာ ဓါတ်ပုံအရိုက်ခံနေခဲ့တာကိုတွေ့ရပါတယ် ။ Elisany ဟာ ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်ပြီး ကျောင်းထွက်ဖို့ ဖိအားပေးခြင်းခံနေရသူလည်းဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျောင်းကားကို စီးဖို့ သူမအရပ်က ရှည်လွန်း နေတာရယ် ကြောင့်ဖြစ်ပါတယ် ။ အခုသူမဟာ ဖက်ရှင်မော်ဒယ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေ မက်ခွင့်ရှိနေပါပြီ ။





Elisany Silva နဲ့ သူမရဲ့ ညီမတွေဖြစ်တဲ့ Talicia ၊ Eliza တို့ Braganca မှာရှိတဲ့ သူငယ်ချင်း တစ်ဦးနဲ့စကား ပြောနေပုံပဲဖြစ်ပါတယ် ။

သက်တန့်ချို
25 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Peru မှာရှာတွေ့ခဲ့တဲ့ ထူးဆန်းတဲ့သစ်သားစားငါး

Peru မှာရှာတွေ့ခဲ့တဲ့ ထူးဆန်းတဲ့သစ်သားစားငါး

ပါရူးနိုင်ငံမှ Amazonian တောနက်ထဲမှာ ဇွန်းပုံသဏ္ဍာန် သွားတွေနဲ့ သစ်သားတွေကို စားသောက်တတ်တဲ့ ထူး ဆန်းတဲ့ ငါးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။

US National Science Foundation မှ သိပ္ပံပညာရှင်များက လွန်ခဲ့တဲ့လက Northeastern Peru မှ Alto Purus ဧရိယာမှာ စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြပါတယ် ။ သစ်ပင်ကသစ်သားတွေကို ကိုက်ဖဲ့စားသောက်တဲ့ ဒီငါးဟာ ၇၀ စင်တီမီတာ ( ၂ ပေ သုံးလက်မရှည်ပြီး) ဇွန်းပုံသဏ္ဍာန် သွားတွေပါပြီး မြစ်ထဲ မှာမျောပါလာတဲ့ သစ်တုံး တွေကို ကိုကိုက်ဖဲ့စားသောက်ပါတယ် ။

ဒေသခံလူတွေကတော့ ဒီငါးကို ဖမ်းယူပြီးစားသောက်နေခဲ့ကြတာတော့ကြာပြီဖြစ်ပြီး သူတို့ကို ရေထဲမှာ မှိန်းနဲ့ ထိုးပြီး ဖမ်းယူကြတယ်လို့ဆိုပါတယ် ။ ဒါပေမယ့် ဒါဟာ ပညာရှင်တွေ လေ့လာဖို့ ဖမ်းယူခဲ့တဲ့ ပထမ ဆုံးငါး အရှင်လည်းဖြစ်ပါတယ် ။ Harvard University မှ သတ္တဗေဒပညာရှင်Paulo Petry က ဒီငါးဟာ ဇီဝ နည်းအရကြည့်ရင် ရှင်သန်ကြီးထွားဖို့ ခက်ခဲတဲ့ နေရာတွေမှာ ပေါက်ဖွားလာရတယ်လို့ ဆိုခဲ့ပါတယ် ။ ဒါ့အပြင် ဒီငါးအရှင်က နေ တစ်ရှူးနမူနာကိုယူပြီး လေ့လာမှုတွေဆက်လုပ်နေပါသေးတယ်လို့ ဆိုပါတယ် ။

" တကယ်တော့ ဒီငါးမျိုးဟာ ဖမ်းဖို့အလွန်ခက်တဲ့အကောင်တွေပါ သူတို့ကို ခင်ဗျားဖမ်းမယ်ဆိုရင်တော့ လှောင် အိမ်လို ဇကာလို မျိုးနဲ့ဖမ်းရင်ဖမ်းဒါမှမဟုတ် မှိန်းနဲ့ အသေသတ်ပြီးမှ ဖမ်းလို့ရပါမယ် သူတို့က သစ်သား တွေကို စားတဲ့အတွက် ငါးမျှားတံနဲ့ ထောင်ဖမ်းဖို့တော့ ခင်ဗျား မစဉ်းစားပါနဲ့ "


သက်တန့်ချို
25 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 24, 2010

Allergy အကြောင်းသိကောင်းစရာ

Allergy အကြောင်းသိကောင်းစရာ



Allergy ဆိုတာဘာလဲ ?

Allergy ဆိုတာ ဓါတ်မတည့်မှုပုံစံတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် (Immune System) ရဲ့ ချို့ယွင်း မှုတစ်ခုဖြစ်ပါတယ် ။ ဓါတ်မတည့်မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ်မရှိတဲ့ ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာ အလွန်ကိုပဲ လျှင်မြန်ပြီး ကြိုတင် လည်းခန့်မှန်းလို့ရပါတယ် ။ Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓါတ်မတည့်မှု ဖြစ်စဉ်တွေထဲက နံပါတ် တစ် Type I ဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ mast cells နဲ့ basophils လို့ခေါ်တဲ့ အချို့သော သွေးဖြူဥဆဲလ်တွေကို IgE လို့ခေါ်တဲ့ Antibody တစ်မျိုးကနေပြီး အလွန်အမင်းလှုံ့ဆော်ပေးမှုကြောင့် အကျိုးဆက်အနေနဲ့ လွန်စွာ ရောင်ရမ်းခြင်း (Inflammatory Response) ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ် ။ အဖြစ်များတဲ့ ဓါတ်မ တည့်မှုဖြစ်စဉ်တွေကတော့ နှင်းခူနာ ၊ ၀တ်မှုံတွေကြောင့် ဖြစ်တဲ့ hay fever ၊ ပန်းနာရင်ကြပ်ရောဂါ ၊ အစား အစာ ဓါတ်မတည့်မှုများနဲ့ အချို့သော အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ reaction များပဲ ဖြစ်ပါတယ် ။


Hay Fever လို့ခေါ်တဲ့ သိပ်မပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးကတော့ လူထုထဲမှာ အဖြစ်များပြီး မျက်စိနာခြင်း ၊ ယားယံခြင်းနဲ့ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေဖြစ်လေ့ရှိပါတယ် ။ Allergy တွေဟာ ပန်းနာရင်ကျပ်ရော ဂါမှာ လည်း အဓိက အစိတ်အပိုင်းကနေပါဝင်ပါတယ် ။ အချို့သောလူတွေမှာတော့ ပတ်ဝန်းကျင် (သို့မဟုတ်) အစား အသောက်မှာပါတဲ့ ဓါတ်မတည့်တဲ့အရာတွေကြောင့် အလွန်ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းမျိုးဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ Anaphylactic reaction တွေဖြစ်ပေါ်နိုင်ပါတယ် ။

ဓါတ်မတည့်ခြင်းအခြေအနေကို သိရှိနိုင်ဖို့ ယခုအချိန်မှာ စမ်းသပ်နိုင်မှု (Test) တွေ အများကြီးပေါ်ပေါက်နေပြီ ဖြစ်ပါတယ် ။ အဲဒီအထဲမှာမှ အရေပြားကို ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတစ်ခုခုကို ထိတွေ့စေပြီး သွေးထဲ မှာပါရှိတဲ့ ဓါတ်မတည့်ခြင်းနဲ့သက်ဆိုင်တဲ့ (Allergen-specific IgE) အဆင့်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ် ။ Allergy ကို ကုသမှုတွေကတော့ ဓါတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့ အရာတွေကို ရှောင်ရှားခြင်း ၊ Anti-histamines ၊ steroid နဲ့ အခြား ဆေးတွေကို သုံးစွဲခြင်း ၊ Allergen တွေနဲ့ ထိတွေ့တဲ့အခါ ဓါတ်မ တည့် မှုဖြစ်စဉ်ကိုနည်းပါးအောင်ပြုလုပ်ခြင်း (Desensitize) နဲ့ Immunotherapy ပေးခြင်းစသည်တို့ ပဲ ဖြစ်ပါတယ် ။

Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

ဓါတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကတော့ ဖုန်မှုန့် ၊ ပန်းဝတ်မှုံ စသဖြင့်အမျိုးမျိုးရှိပြီး အဲဒါတွေကိုတော့ Airborne particles တွေလို့ခေါ်ပါတယ် ။ အဲဒီလိုအခါမှာတော့ လေနဲ့ ထိတွေ့တာနဲ့တင် ဓါတ်မ တည့်မှု တွေဖြစ်စေနိုင်ပါတယ် ။ ( ဥပမာ မျက်စိ ၊ နှာခေါင်း နှင့် အဆုတ်စသည် ) ဓါတ်မတည့်မှုကြောင့်ဇြစ်တဲ့ နှာမွှန်ခြင်း (Allergic Rhinitis) ကို hay fever လို့ အသိများပြီး နှာခေါင်းအတွင်းမအီမသာဖြစ်ခြင်း ၊ နှာချေခြင်း ၊ ယား ယံခြင်းနဲ့ မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ ရှူသွင်းလိုက်တဲ့ ဓါတ်မတဲ့စေတဲ့အရာတွေကြောင့် လေပြွန်ပေါက်တွေကျဉ်းမြောင်းပြီး အသက်ရှူကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ အဲဒီအချိန်မှာ အဆုတ်ထဲမှာ Mucus (အချွဲရည်) တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း ၊ အသက်ရှုမ၀ခြင်း ချောင်းဆိုးခြင်းနဲ့ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ကို ခံစားရနိုင်ပါတယ် ။

အစားအသောက်တွေ ၊ အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်ခြင်းမျိုးကိုတော့ Aspirin (သို့မဟုတ်) Penicillin ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ် ။ အစားအ သောက် ကြောင့် ဓါတ်မတည့်ခြင်းမျိုးမှာ ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဗိုက်ဖောခြင်း ၊ အန်ခြင်း ၊၀မ်းသွားခြင်း ၊ အ ရေပြားယားယံခြင်းနဲ့ အရေပြားယောင်ရမ်းခြင်းမျိုး ဖြစ်စေနိုင်ပါတယ် ။ အစားအသောက်ကြောင့် ဓါတ်မ တည့် ခြင်းမျိုးမှာ အသက် ရှူလမ်းကြောင့်ဆိုင်ရာ (ဥပမာ ရင်ကျပ်ခြင်းနဲ့ နှာမွှန်ခြင်း) မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ် ။

အင်ဆက်ပိုးမွှားကိုက်ခဲခံရခြင်း ၊ ပိုးသတ်ဆေးများနဲ့ အချို့သော ဆေးများကြောင့် စနစ်အလိုက် ဓါတ်မ တည့်ခြင်းမျိုး (Systemic allergic response) များဖြစ်စေနိုင်ပြီး ဒါကို Anaphylaxis လို့ ခေါ်ပါတယ် ။ ခန္ဓာကိုယ်ရှိ အတွင်းအဂါင်္များ ထိခိုက်ခံရနိုင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း ၊ အသက်ရှူလမ်းကြောင်း ၊ သွေး လည်ပတ်မှုလမ်းကြောင်းတို့ ပါဝင်ပါတယ် ။ ပြင်းထန်မှုနှုန်းအပေါ်မှုတည်ပြီး အရေပြားယောင်ရမ်းခြင်း ၊ လေပြွှန် ကျဉ်းမြောင်းခြင်း ၊ ခြေလက်ရောင်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ၊ သတိလစ်မေ့မျောခြင်း နဲ့ နောက်ဆုံး အသက် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။ ဒီလိုဓါတ်မတည့်မှုမျိုးကတော့ ရုတ်တ ရက်ချက်ခြင်း ဇြစ်ပေါ်စေ နိုင်သလို အချိန်ကြာပြီးတော့မှလည်း ဖြစ်ပေါ်နိုင်ပါတယ် ။ တခါတရံ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ allergic response တွေဟာ epinephrine ပေးဖို့လိုအပ်ပါတယ် ။

ရာဘာစေးကဲ့သို့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာနဲ့ အရေပြားကို ထိတွေ့မိရင်တော့ ဖြစ်ပေါ်တတ်တဲ့ ဓါတ်မ တည့် ခြင်းမျိုးမှာ အရေပြားရောင်ရမ်းခြင်း နဲ့ နှင်းခူနာတွေဖြစ်စေနိုင်ပါတယ် ။ အရေပြားရောင်ရမ်းခြင်းမျိုးမှာ အနီ ကွက်ထွက်ခြင်း ၊ ရောင်ရမ်းခြင်း စသဖြင့်ဖြစ်စေနိုင်ပြီး Wheal and flare reaction လို့လည်း အသိ များပါတယ် ။

Allergy ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလည်း ?



ဓါတ်မတည့်ခြင်းဖြစ်စေတဲ့အရောင်းအရင်းကို ခေါင်းစဉ်ခွဲကြည့်မယ်ဆိုရင် Host နဲ့ Environmental factors ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ Host Factor ထဲမှာဆိုရင် မျိုးရိုးဗီဇ ၊ လိင်အမျိုးအစား ၊ လူမျိုး နဲ့ အသက် အရွယ်စ သဖြင့် ပါရှိပါတယ် ။ ဒါပေမယ့်လည်း မျိုးရိုးဗီဇ (Genetic Factors ) တစ်ခုထဲနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ဓါတ်မတည့်ခြင်းမျိုးတွေဟာ များပြားလို့လာပါတယ် ။ အဓိက ပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်များ စေတဲ့အ ကြောင်း အရင်း လေးခုကတော့

-ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေ (Infectious diseases) တွေ ထိတွေ့ခံရခြင်း
-ပတ်ဝန်းကျင်ညစ်ညမ်းမှုများ
-ဓါတ်မတည့်စေသောအရာ (Allergen Levels)
-အစားအသောက် ပုံစံ ပြောင်းလဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ် ။

Food Allergens များ

-မြေပဲ
-pecan ဟုခေါ်သော ပန်းညိုရောင်အခွံရှိသော စားရသည့်သစ်စေ့
-pistachio ဟုခေါ်သော အစိမ်းရောင်စိမ့်သော အခွံမာသီးတစ်မျိုး
-သစ်ကြားသီး
-နှမ်း
-ဘိန်းပန်း စသည်တို့ဖြစ်ပါတယ် ။

ကြက်ဥ ၊ ဘဲဥ စသည်တို့မှ ဓါတ်မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက် ငါးနှစ်အရွယ်မှာ အယောက် ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ ရှိပါတယ် ။ အဓိက ဓါတ်မတည့်ခြင်းဖြစ်စေတာကတော့ ကြက်ဥ ၊ ဘဲဥမှ အနှစ်များမဟုတ်ပဲ အဖြူရောင် ပရိုတိန်းအလွှာပဲဖြစ်ပါတယ် ။ နွားနို့ ၊ ဆိတ်နို့ နှင့် သိုးမှရသော နို့ ၊ ဒိန်ခဲစ သည်တို့ကလည်း Food allergens များပဲ ဖြစ်ပါတယ် ။ အခြား အစားအသောက်မှ ဓါတ်မတည့် မှုဖြစ်စေတဲ့အရာတွေကတော့ ပဲပိစပ် ၊ ဂျုံစေ့ ၊ ငါး ၊ shellfish ငါး (အခွံမာရှိ၍စားကောင်းသောငါး ) ၊ သစ်သီး သစ်ရွက်များ နဲ့ အခြား သဘာဝမဟုတ်တဲ့ အရောင်အနံ့အရသာ နဲ့ပြုလုပ်ထားတဲ့ စားသောက် ဖွယ် ရာတွေပဲ ဖြစ်ပါတယ် ။

Non-food protein allergen များ

-ကြက်ပေါင်စေး ၊ ရာဘာစေး
-ကီဝီသီး
-ထောပတ်သီး
-သစ်အယ်သီး
-ငှက်ပျောသီး စသည်တို့ ဖြစ်ပါတယ် ။

Ref : Wikipedia

ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို
24 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 23, 2010

ထိတ်လန့်ဖွယ်ရာ Eejanaika ရိုလာကိုစတာ

ထိတ်လန့်ဖွယ်ရာ Eejanaika ရိုလာကိုစတာ


အလွန်ကို ထိတ်လန့်ဖွယ်ရာကောင်းတဲ့ ရင်ခုန်မှုကိုပေးစွမ်းနိုင်တဲ့ ဒီရိုလာကိုစတာဟာ ဂျပန်နိုင်ငံ Fujiyoshida , Shizuoka မှာတည်ရှိပါတယ် ။

ပြောင်းပြန်ဇောက်ထိုး အကြိမ်အရေအတွက် - ၁၄ ကြိမ် (ကမ္ဘာ့ဂရင်းနစ်စံချိန်)
အမြန်ဆုံးအရှိန် - တစ်နာရီ ၁၂၆ ကီလိုမီတာ
လှေကားအမြင့် - ၇၆ မီတာ
မတ်စောက် ထောင့်ချိုး - ၈၉ ဒီဂရီ
လမ်းကြောင်းအရှည် - ၁၁၅၃ မီတာ


ဒီလို အမြင့်ကြီးကိုစီးရမှာနော် ...။
ဇောက်ထိုးကြီးတော့ဆင်းလာပါပြီ ကြောက်တတ်သူများ ဖက်ထားကြပါ (ဘေးကလူကိုပြောတာမဟုတ်ပါဘူး လက်ကိုင်တန်းတွေကိုပြောတာပါ)

တကယ့်ကိုသည်းထိတ်ရင်ဖိုစရာ ကြီးပါပဲ ။ အော်ဆန်းပါပေ့ ရိုလာကိုစတာရယ် ။


တွဲလောင်းလေးတွေ တွဲလောင်းလေးတွေ မြဲမြဲသာကိုင်ထားကြဝေ့ ။

ဒီလို သည်းထိတ်ရင်ဖို စွန့်စားခန်းတွေကို ကြုံတွေ့ရမှာပါ
ဒီဂရီမတ်စောက်ကြီးကို အရှိန်နဲ့ အသည်းအေးဖွယ် လှိမ့်ဆင်းရမှာ နော် ။

ဇောက်ထိုးတွေ မိုးမျှော်တွေအကုန်ပါတယ်နော် ဂါဝန်တွေ စကတ်တွေ မ၀တ်လာပါစေနဲ့ ။ အကုန်လုံး ဒုက္ခတွေရောက်ကုန်ကြမယ် ။
ဘေးစောင်းတန်းကြီးနော် လွင့်သာကျလိုက်လို့ကတော့ကွာ နှလုံးတောင် အဲလေ နှလုံးခုန်တောင်ရပ်သွားမယ်


တွန့်လိန်ကောက်ကွေးတဲ့ ရိုလာကိုစတာ အရူးအမူးကို နှစ်သက်သူတွေ ရင်ခုန်စွန့်စားသူတွေ အတွက် အကိုက်ပါပဲ ( နှလုံးရောဂါရှိသူတွေကတော့ ထိုင်သာကြည့်နေပေတော့ )

သက်တန့်ချို
23 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တရုတ်ပြည်မှ ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းပြတိုက်

တရုတ်ပြည်မှ ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆော ရုပ်ကြွင်းပြတိုက်



Pingyi မြို့ Shangdong စီရင်စုမှ Tianyu ပြတိုက်ဖြစ်ပါတယ်

တနင်္လာနေ့တုန်းက တရုတ်ပြည် အရှေ့ပိုင်း Shandong စီရင်စုမှ ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ကို ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီးအဖြစ် ဂရင်းနစ် မှတ်တမ်းတွေက အတည်ပြုလိုက်ကြောင်းပြောဆိုခဲ့ပါတယ် ။

Pingyi မြို့မှ" The Shangdong Tianyu Museum of Nature" ပြတိုက်ကို ၂၀၀၄ ခုနှစ် မှာ ဖွင့်လှစ်ခဲ့ပြီး အဲဒီပြ တိုက်မှာ ဒိုင်နိုဆောရုပ်ကြွင်းတွေ နဲ့ တခြား ရှားပါးကျောက်ဖြစ်ရုပ်ကြွင်းတွေကိုပြသထားခဲ့ပြီး ကမ္ဘာ့စံချိန် တင်မှတ်တမ်းဝင်ဖို့ ဂျွန်အစောပိုင်းမှာ apply လုပ်ခဲ့ပါတယ် ။ တနင်္လာနေ့မှာတော့ Comfirmation ပြန်ရခဲ့ တာဖြစ်ပါတယ် လို့ ပြတိုက်မှ လက်ထောက်တာဝန်ခံ Yin Shiyin ကပြောဆိုခဲ့ပါတယ် ။


" ဒီပြတိုက်မှာ ပြသဖို့အတွက် 28000 square meters ကျယ်ဝန်းပြီး ဒိုင်နိုဆော ရုပ်ကြွင်းအစိတ်အပိုင်းပေါင်း ၁၁၀၆ ခု ပါဝင်ပါတယ် တခြား ကျောက်ဖြစ် ရုပ်ကြွင်းပေါင်း တစ်ထောင်ကျော်ကိုလည်းပြသထားပါတယ် " လို့ လန်ဒန် အခြေစိုက် အေဂျင်စီမှ ပြောဆိုခဲ့ပါတယ် ။

ဒိုင်နိုဆောရုပ်ကြွင်းတွေဟာ အကောင်လုံးပြည့်ရုပ်ကြွင်းတွေဖြစ်ပြီး အဲဒီအထဲမှာ psittacosaurid ရုပ်ကြွင်း ၃၆၈ ခု dromaeosaurid ရုပ်ကြွင်း ၃၉၁ ခု Anchiornis ရုပ်ကြွင်း ၂၅၅ ခု ၊ Jeholosaurus ရုပ်ကြွင်း ၂၂ ခု နဲ့ အခြား ရှားပါး ဒိုင်နိုဆောရုပ်ကြွင်း ၇၀ ကိုပြသထားပါတယ်လို့ Institute of Vertebrate Paleontology and Paleoanthropology of the Chinese Academy of Sciences ကဒီ Certification စာတမ်းမှာ ဖော်ပြထား ပါတယ် ။
ဒါ့အပြင် Tianyu ပြတိုက်မှာ တခြားရှားပါး ငှက်တွေ ငါးတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုလည်း ပြသ ထားပါသေးတယ် ။ ဒီစံချိန်သစ်မရခင်မှာတော့ ဒီပြတိုက်ဟာ တခြား ကမ္ဘာ့ စံချိန် ငါးခု တင်ခဲ့ပါသေးတယ် ။ အဲဒါ တွေကတော့ Longest Silicified Wood Fossil , Biggest Sinosauropteryx Fossil , Biggest Amethyst Cave စသည်တို့ဖြစ်တယ်လို့ Yin ကပြောဆိုခဲ့ပါတယ် ။

အသိအမှတ်ပြု အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပခဲ့ပါတယ် ။ ဂရင်းနစ်မှတ်တမ်းရုံးချုပ်မှ တာဝန် ရှိသူတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ Yin ကဆက်လက်ပြောဆိုခဲ့ပါတယ် ။








သက်တန့်ချို
23 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 21, 2010

ကမ္ဘာ့အရှည်ဆုံး သခွားသီး

ကမ္ဘာ့အရှည်ဆုံး သခွားသီး


အဖျားကနေ အရှည်အထိကို ၄၇ လက်မ(၁၁၉ စင်တီမီတာ ) ရှည်လျှားပြီး အလွန်ကြီးမားတဲ့ ကမ္ဘာ့အရှည်ဆုံး သခွားသီးကြီးဖြစ်ပါတယ် ။ ပိုင်ရှင်ကတော့ Mr နဲ့ Mrs Pearce တို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ် ။


သက်တန့်ချို
21 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, September 20, 2010

ချစ်သူ


ချစ်သူ

ဤသို့သာပေါ့...
လွမ်းရပါသည် ချစ်သူ.....
တနင့်တပိုး ထုပ်ပိုးထားတဲ့
သတိတရ ချစ်ခြင်းတွေ
စက္ကန့်ကိုယ်စီ
မိနစ်ကိုယ်စီ
အပြိုင်ကျဲနေကြလေရဲ့......
ကောင်းကင်ကို မော့ကြည့်တိုင်း
ဝိုင်းစက်လွန်းတဲ့ မျက်ဝန်းတစ်စုံ
မျက်တောင်ရှည်နက်နက်တွေနဲ့
ချစ်သူရဲ့ ရှက်ရိပ်သည်းဟန်
မေ့မရခဲ့ဘူးကွယ်.....
ဤသို့သာပေါ့...
ငါတို့ချစ်ခြင်းတွေ
ကမ္ဘာမြေရဲ့ ထောင့်တစ်နေရာပေါ်
အဆုံးမဲ့တည်နေပါလိမ့်မယ်...
ချစ်ခြင်းရဲ့ ဥယျာဉ်ထဲ
ချစ်သူရဲ့...လေးနက်တဲ့သစ္စာတရားတွေ
ကမ္ဘာတည်သရွေ့....ငါမမမေ့ဘူးကွယ်...
ဤသို့သာပေါ့....
သွေးအေးအေးနဲ့
တိတ်တဆိတ်လွမ်းဆွတ်မှုကသာလျှင်
ငါ၏ ချစ်ခြင်းဖြစ်ပေလိမ့်မည်..ချစ်သူ....။

သက်တန့်ချို
20 September 2010


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကမ္ဘာ့အကြီးဆုံးနှင့်ဈေးအကြီးဆုံး water fountain

ကမ္ဘာ့အကြီးဆုံးနှင့်ဈေးအကြီးဆုံး water fountain



ဒါဟာ ကမ္ဘာပေါ်မှာ ကုန်ကျမှုအများဆုံးနဲ့ အကြီးမားဆုံး water fountain ဖြစ်ပါတယ် ။ Burj Dubai Lake မှာတည်ဆောက်ထားတာဖြစ်ပါတယ် ။ အရှည်က ပေ ၉၀၀ ကျော်ရှည်လျှားပြီး အမြင့်ကတော့ ပေ၅၀၀ အထိ ရေပန်းတက်နိုင်ပါတယ် ။ ဒီ fountain ဟာ ရေ ၂၂၀၀၀ ဂါလန်ကို လေပေါ်မှာ ပင့်တင်ထားပေးနိုင်ပါတယ် ။ ဒီအံ့သြဖွယ်ရာ ပုံရိပ်တွေနဲ့ ကနေတဲ့ ရေလွှာလေးတွေကို ဖန်တီးဖို့ မီးလုံးပေါင်း ၆၀၀၀ နဲ့ color projector ၂၅ ခု နဲ့ ပံ့ပိုးပေးထားရပါတယ် ။



















သက်တန့်ချို
20 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................