Wednesday, December 17, 2014

ဘာလိုလိုနဲ့ အသက် ၃၀ လည်းပြည့်ခဲ့ပြီ


 Happy Birthday ကို သက်တန့်ချို !!

( ၁၇.၁၂.၁၉၈၄ - ၁၇.၁၂.၂၀၁၄ )

မှားတာတွေရော မှန်တာတွေရော လုပ်ဖူးခဲ့ပြီ
ကောင်းတာတွေရော ဆိုးတာတွေရော ကြုံခဲ့ဖူးပြီ
တချို့အရာတွေမှာ ရင့်ကျက်နိုင်ခဲ့သလိုတချို့အရာတွေမှာ မရင့်ကျက်နိုင်ခဲ့ဘူး
------------------------------------------------
ဘာလိုလိုနဲ့ အသက် ၃၀ လည်းပြည့်ခဲ့ပြီ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, November 24, 2014

မှတ်သားဖွယ်စကားအချို့ကိုပြန်လည်ဝေမျှပါတယ်


မှတ်သားဖွယ်စကားအချို့ကိုပြန်လည်ဝေမျှပါတယ်

၁ ။ သင်အချိန်တွေကို ပြန်လည်ဖြေရှင်းချက်တွေနဲ့မကုန်ဆုံးစေနဲ့
လူတွေက သင်ဘယ်လောက်ရှင်းရှင်း သူတို့ကြားချင်တာသာ ကြားတာပါ

၂ ။ လူတွေက သင့်ကို အောက်နိမ့်ကျစေဖို့ ကြိုးစားနေကြရင်
သေချာပါတယ် သင်က သူတို့အားလုံးအထက်မှာရှိနေလို့ပါပဲ

၃ ။ ထီးက မိုးစက်တွေကို မရပ်တန့်နိုင်ဘူး
ဒါပေမယ့် မိုးရေထဲမှာ သင့်ကို ရပ်တည်နိုင်အောင်လုပ်ဆောင်ပေးတယ်
( အဲ့ဒီလိုပဲ )
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းက သင့်ကို အောင်မြင်ခြင်းတွေ ဆောင်ယူပေးတာမဟုတ်ဘူး
ဒါပေမယ့် ဘယ်လို စိန်ခေါ်မှုမျိုးဖြစ်ဖြစ် ရင်ဆိုင်နိုင်အောင် သင့်ကို ခွန်အားတွေပေးစေတယ် ။

သက်တန့်ချို




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, November 20, 2014

ချစ်ခြင်းမေတ္တာဆိုတာ


တကယ်မချစ်တဲ့လူ ၂ ယောက်က

- တစ်ယောက်အပြစ်ကို တစ်ယောက်ဖော်ကြတယယ်
- တစ်ယောက်အားနည်းချက်ကို တစ်ယောက် နင်းခြေကြတယ်
- တစ်ယောက်ရဲ့အတိတ်ကို တစ်ယောက် ဆူးဆွတတ်ကြတယ်

တကယ်ချစ်တဲ့လူ ၂ ယောက်က
 - တစ်ယောက်ရဲ့အပြစ်ကို တစ်ယောက် ခွင့်လွှတ်ကြတယ်
- တစ်ယောက်ရဲ့အားနည်းချက်ကို တစ်ယောက်လစ်လျှုရှုတတ်ကြတယ်
- အတိတ်အစား အနာဂါတ်ကိုသာ အတူ ပုံဖော်ကြတယ်

နောက်ဆုံး ဘယ်လောက်နက်ရှိုင်းပြင်းထန်တဲ့ဒါဏ်ရာပဲဖြစ်ဖြစ်
ချစ်တဲ့စိတ်နဲ့ ကြိုးစားမေ့ဖျောက်ပြီး ကိုယ်ချစ်တဲ့လူရဲ့လက်ကို လွှတ်လေ့မရှိကြဘူး

ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်ရဲ့ကွက်လပ်ကို တစ်ယောက်ဖြည့်ဆည်းပြီး
ပြီးပြည့်စုံတဲ့ငြိမ်းချမ်းမှုကို ဖန်တီးခြင်းပါပဲ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, November 19, 2014

အရာအားလုံးဟာ နေတတ်ရင် ကျေနပ်စရာချည်းပါပဲ

William W. Purkey ကပြောခဲ့တယ် ။

- ဘယ်သူမှ သင့်ကို ကြည့်မနေသလိုမျိုး က ခုန်ကြည့်ပါ 
- ဘယ်သူမှ နားမထောင်နေသလိုမျိုး သီချင်းဆိုကြည့်ပါ
- ဘယ်တော့မှ မနာကျင်ရတဲ့ ချစ်ခြင်းတရားနဲ့ ချစ်ပါ
- ကမ္ဘာပေါ်မှာ ကောင်းကင်ဘုံလိုမျိုး ရှင်သန်နေထိုင်ပါ တဲ့ ။

================================

တကယ်တော့ ရှင်သန်နေရတဲ့ဘ၀ကြီးမှာ အပူအပင်ကင်းကင်းလျှောက်လှမ်းချင်တယ်ဆိုရင်
လူတကာရဲ့ အကြည့်နဲ့ဝေဖန်မှုတွေကို သိပ်ဂရုစိုက်မနေပါနဲ့

ကိုယ်သာ  သူတစ်ပါးကို မနာကျင်စေဘူးဆိုရင် ကိုယ့်ကိုလည်း ဘယ်သူကမှ နာကျင်စေလိမ့်မှာ မဟုတ်ဘူး

ကိုယ်ရောက်ရှိနေတဲ့အနေအထား
ကိုယ်ပိုင်ဆိုင်ရတဲ့ဘဝ
ကိုယ်ကြုံနေရတဲ့ လောကဓံ
အရာအားလုံးဟာ နေတတ်ရင် ကျေနပ်စရာချည်းပါပဲ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, November 18, 2014

လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်



လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင်

- အဆိုးအကောင်း မှန်သမျှ လက်ခံဖို့ပြင်ဆင်ထားပါ
- အားသာချက်တွေကို လက်ခံနိုင်သလို အားနည်းချက်တွေကိုလည်း လစ်လျှုရှုတတ်ပါစေ
- ကိုယ်ပျော်ရွှင်ဖို့ထက် ကိုယ်ချစ်တဲ့သူ ပျော်ရွှင်ချမ်းမြေ့ဖို့သာ ဦးစားပေးပါ
- ပေးဆပ်ခြင်းသာ ရှိပြီး ရယူလိုခြင်းဆန္ဒ ကင်းပါစေ

တကယ့် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမှာ
ရိုးသားမှု+ခွင့်လွှတ်ခြင်း + သစ္စာ တရား တွေ အချိုးညီညီပေါင်းစပ်ထားတာပါ

ချစ်တယ်ပြောပြီး ကိုယ်အဆင်ပြေဖို့ ကိုယ်ကောင်းစားဖို့ အပြင် ကိုယ်ချစ်တဲ့သူကို သံသယတွေနဲ့ဆက်ဆံနေသမျှ
ပြီးပြည့်စုံတဲ့ ချစ်ခြင်းတရားကနေ အလှမ်းဝေးနေပါလိမ့်မယ်

ဘာကို မှမတွေးပါနဲ့ ...
သင် လူတစ်ယောက်ကို စစ်မှန်စွာချစ်တယ်ဆိုရင် .....
အရာအားလုံး ပြည့်စုံနေပါပြီ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, November 15, 2014

Be Strong , Be Happy

Be Strong , Be Happy

ကြွက်သားတွေ သန်မာတာထက်
စိတ်ဓါတ်တွေ သန်မာ ကြံ့ခိုင်နေဖို့က ပိုအရေးကြီးပါတယ်

ကိုယ့်မှာ အရာအားလုံးချို့တဲ့ရင်ချို့တဲ့နေပါစေ
စိတ်ဓါတ်အင်အား နဲ့ စာရိတ္တတော့ မချို့တဲ့မိပါစေနဲ့

ဝထ္ထုတွေ ရုပ်ရှင်တွေထဲကလို သဘာဝလောကကြီးက ပြေပြစ်ချောမွေ့မနေပါဘူး
ဇာတ်လိုက်ကို ဇာတ်ရံတွေက ၀န်းရံပြီး ပို့ပေးတဲ့ ဇာတ်ထုပ်ကြီး မဟုတ်တဲ့အတွက်
လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ရဲ့ ဇာတ်လိုက်တွေကြီးပါပဲ

အခက်အခဲနဲ့ ရှံးနိမ့်မှုတွေကို ကြံ့ကြံ့ခံနိုင်မှသာ
ပျော်ရွှင်ခြင်းဆိုတာရဲ့ အဓိပ္ပါယ်ကို သင်နားလည်လာမှာပါ

ဒါကြောင့် .... လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့လူတွေထဲ သင်မပါမိစေနဲ့ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, November 14, 2014

အကျိုးတရားအားလုံးအတွက် အကြောင်းတရားဆိုတာ ရှိကြပါတယ်

စာဖတ်ပရိတ်

ယခု ကိုယ်ရောက်ရှိနေတဲ့အသက်အရွယ်မှာ

- ဆုံးရှုံးလိုက်ရတာတွေရှိလိမ့်မယ်
- နောင်တရလိုက်ရတာတွေရှိလိမ့်မယ်
- နာကျင်ကြေကွဲရတာတွေရှိလိမ့်မယ်
- မမေ့နိုင်တာတွေရော မေ့လိုက်ရတာတွေရော ရှိလိမ့်မယ်
- သင်ခန်းစာ ယူလိုက်ရတာတွေလည်းရှိလိမ့်မယ်

အကျိုးတရားအားလုံးအတွက် အကြောင်းတရားဆိုတာ ရှိကြပါတယ်
ကိုယ့်ကို ဆုံးရှုံးစေခဲ့သူတွေ ၊ နာကျင်စေခဲ့သူတွေနဲ့သင်ခန်းစာ ပေးခဲ့သူတွေကို
ရင်ထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်လိုက်ပါ ။

သူတို့ကြောင့် သင့်မနက်ဖြန်တိုင်းမှာ
ဘယ်အရာကိုမှ အလွယ်တကူ မယုံသင့်ဘူး ဆိုတဲ့အဖိုးတန်အသိ ကို ရရှိသွားခဲ့လို့ပါပဲ ။

သက်တန့်ချို

Thursday, November 13, 2014

အချိုး



အသက်ကြီးတာနဲ့ အတွေ့အကြုံများတာ
တိုက်ရိုက်အချိုးကျနိုင်ပေမယ့်
အသက်ကြီးတာနဲ့ ရင့်ကျက်တာတော့ တိုက်ရိုက်အချိုးမကျနိုင်ပါဘူး

တချို့ အသက်ကြီးပေမယ့် ကလေးဆန်ပြီး မရင့်ကျက်တာရှိသလို
တချို့ အသက်ငယ်ပေမယ့် ရင့်ကျက်တာတွေလည်း အများကြီးရှိနိုင်ပါတယ်

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, November 10, 2014

စိတ်ကျန်းမာရေး ချို့တဲ့သူများရဲ့ပြေးပွဲ


တစ်ခါတုန်းက အားကစားကွင်းကြီးတစ်ခုထဲမှာ လူပေါင်းများစွာဟာ ရင်ခုန်စွာနဲ့ ပြေးပွဲတစ်ခု ကို စောင့်ကြည့်နေကြသတဲ့ ။ ပြေးလမ်းကြောင်း ရဲ့အစ မှာ မိန်းကလေး ၈ ယောက် က ပြေးပွဲကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေကြပါပြီ ။

ဒိုင်လူကြီးက စတင်ကြေငြာလိုက်တယ် ။
" ရယ်ဒီ "
" အသင့်ပြင် "
" ဂိုး "
ဒိုင်လူကြီးရဲ့ စကားသံ ဆုံးတာနဲ့တပြိုင်နက် မိန်းလေးအားလုံးဟာ စတင်ပြေးကြပါတော့တယ် ။ ခက်ခဲစွာ ပြေးပြီး ခြေလှမ်း ၁၀ လှမ်း ကို ကျော်လို့ ၁၅ လှမ်းလောက်မှာ မိန်းကလေးတစ်ယောက်ဟာ ခြေထောက်ခေါက်ပြီး လဲကျသွားပါတော့တယ် ။ အရမ်းနာကျင်တဲ့အတွက် မိန်းကလေးဟာ မျက်ရည်တွေနဲ့ငိုကြွေးနေပါတော့တယ် ။ အဲ့ဒီမိန်းကလေးရဲ့ ငိုသံကိုကြားလိုက်ရတဲ့ခဏ ကျန်တဲ့ မိန်းကလေး ၇ ယောက်ဟာ ပြေးနေတာကို ရပ်လိုက်ကြတယ် ။  ပြီးတော့ ခနရပ်နေတယ် အနောက်ကကို ပြန်လှည့်လာပြီး လဲကျနေတဲ့မိန်းကလေးဆီ ပြေးလာပါတော့တယ် ။
မိန်းကလေး ၇ ယောက်က လဲကျနေတဲ့မိန်းကလေးကို ထူမပြီး တစ်ဖက်တစ်ချက်စီ တွဲလို့ အတူ လမ်းလျှောက်သွားကြတယ် ။ ပြီးတော့ ပန်းတိုင်ကို အတူတူဝင်သွားကြပါတယ် ။

ပြိုင်ပွဲ တာဝန်ရှိသူအားလုံး မှင်သက်သွားပြီး ကြက်သေသေသွားကြတယ် ။ ပြီးတော့ ကြည့်နေသူလူအားလုံးရဲ့မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်လာခဲ့ပါတယ် ။ လတ်တလောမှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်လေးပါ ။
ဒီအပြေးပြိုင်ပွဲကို ကျင်းပတာကတော့ National Institute of Mental Health လို့ခေါ်တဲ့ အမျိုးသားစိတ်ကျန်းမာရေးတက္ကသိုလ်ကနေ ဦးစီးကျင်းပတာဖြစ်ပါတယ် ။

ပြိုင်ပွဲဝင် မိန်းကလေး ၈ ယောက်စလုံးဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့နေတဲ့သူများဖြစ်ကြတယ် ။ သူတို့ဘာတွေသင်ယူခဲ့ကြသလဲ ?
- အဖွဲ့အစည်းစိတ်ဓါတ်
- လူသားချင်းစာနာမှု
- အားကစားစိတ်ဓါတ်
- ချစ်ခြင်းမေတ္တာ နဲ့သနားကြင်နာမှု
- ညီညွှတ်မျှတခြင်းတို့ဖြစ်ကြပါတယ် ။

ကျွန်တော်တို့ ဆိုရင်ရော ..... သေချာပါတယ် ဒီလိုအလုပ်မျိုးမလုပ်မိပဲ ကိုယ်အနိုင်ရဖို့အတွက် ပန်းတိုင်ကို အပြေးသွားမိကြမှာပါပဲ ။

ဘာကြောင့်လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့ ကျွန်တော်တို့တွေက

- ကိုယ်နိုင်ရင်ပြီးရောဆိုတဲ့အတ္တတွေရှိကြတယ်
- တစ်ပါးသူဒုက္ခတွေကို လစ်လျှုရှုနိုင်တဲ့ စိတ်ဓါတ်တွေ ပိုင်ဆိုင်နေကြလို့ပါပဲ ။

သက်တန့်ချို
(ဘာသာပြန်ဖြစ်ပါတယ် )

မှတ်ချက် ။     ။ တစ်ခါတစ်ခါလည်း ကျွန်တော်တွေးမိတယ် ရည်မှန်းချက်တွေအများကြီးရှိ ပြီး အရာရာ သိ အရာရာတတ်နေတဲ့လူတွေရဲ့ စိတ်ဓါတ်တွေဟာ တဖြည်းဖြည်း လူ့အသိုင်းအ၀ိုင်းမှာ အထက်ကို ရောက်လိုဇော အမြင့်ကို တက်လိုဇော နဲ့  ကျော်ကြားလိုစိတ်တွေကြောင့် ကိုယ့်ဘေးနားက လူတွေကို မမြင်နိုင်လောက်အောင် အတ္တတွေ မာနတွေ နဲ့ ဖုံးလွှမ်းသွားတတ်ကြသလား ဆိုတာပါပဲ ။ 




စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, November 8, 2014

ဘ၀မှာ အကောင်းဆုံးနေထိုင်နည်းဆိုတာ များများ စားစား မရှိပါဘူး

ဘ၀မှာ အကောင်းဆုံးနေထိုင်နည်းဆိုတာ များများ စားစား မရှိပါဘူး ။

၁ ။ ဘယ်သူ့ကိုမှ အလွန်အကျွံ မယုံကြည်မိစေနဲ့

၂ ။ ဘယ်အရာကိုမှ နက်နက်ရှိုင်းရှိုင်းမခံစားလိုက်နဲ့

၃ ။ လူတကာကို ကိုယ့်လိုပဲတွေးမှာပဲလို့ ဘယ်တော့မှ မထင်နဲ့

၎ ။ ကိုယ့်နာကျင်မှုကို သူတစ်ပါးကို မဖော်ပြမိစေနဲ့

၅ ။ ကိုယ်ပြောခဲ့တဲ့စကား ကိုယ်လုပ်ခဲ့တဲ့အလုပ်တွေကို ဘယ်တော့မှ မမေ့မိစေနဲ့ ။

ဒီနေ့မှာ အကောင်းဆုံးအခြေအနေ ပိုင်ဆိုင်ထားပေမယ့်
နောက်နေ့မှာ ကိုယ့်အတွက် သေချာတဲ့တည်မြဲခြင်းဆိုတာ
ဘာမှမရှိဘူးဆိုတာသိထားရင်

သင့်စိတ်ထဲက မွန်းကြပ်ပိတ်လှောင်မှုတွေ သက်သာလာပါလိမ့်မယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, November 7, 2014

ကိုယ်ကိုယ်တိုင် အပြစ်ကင်းစင်ကြယ်နေမှ သူတစ်ပါးအကြောင်းပြောဖို့ လိပ်ပြာသန့်ပါ

သူတစ်ပါးကို အပြစ်မပြောခင် ကိုယ်ကိုယ်တိုင် အပြစ်ကင်းရဲ့လားတွေးပါဦး

သူတစ်ပါးကို လက်ညှိုးမထိုးခင် ကိုယ့်ထိုးမဲ့လက်ညှိုးက စင်ကြယ်ရဲ့လားတွေးပါဦး

သူတစ်ပါးဂုဏ်သိက္ခာကို ချမနင်းခင် ကိုယ့် ဂုဏ်သိက္ခာက လိပ်ပြာလုံရဲ့လားတွေးပါဦး

ကိုယ်ကိုယ်တိုင် အပြစ်ကင်းစင်ကြယ်နေမှ သူတစ်ပါးအကြောင်းပြောဖို့ လိပ်ပြာသန့်ပါ

အဲ့ဒီလိုမှမဟုတ်ပဲ အလကားနေရင်း ရန်လို မှု မနာလိုမှု တွေနဲ့ ပူလောင်နေရင်
ကိုယ့်ရဲ့တန်ဖိုးနဲ့ သိက္ခာသာ ကျလာတတ်တယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, November 5, 2014

နာကျင်မှုအစိတ်အပိုင်းတွေကို ဖယ်ထုတ်လိုက်ပါ

ဘ၀ မှာ

၁ ။ ဆုံးရှုံးသွားတာတွေအတွက် ပြန်မတမ်းတပါနဲ့

၂ ။ မဖြစ်ခဲ့တာတွေအတွက် နောင်တရမနေပါနဲ့

၃ ။ နာကျင်ရတာတွေကို ပြန်လည်တူးဖော်မနေပါနဲ့

သစ်သီးတစ်လုံးကို လှီးတဲ့အခါ ပုပ်သိုးနေတဲ့အစိတ်အပိုင်းကိုဖယ်ထုတ်ရသလိုမျိုး
ဘ၀မှာ ဖြစ်ခဲ့တာတွေအထဲက နာကျင်မှုအစိတ်အပိုင်းတွေကို ဖယ်ထုတ်ပစ်နိုင်မှ

လက်ရှိအချိန်မှာ နေသာထိုင်သာ ရှိလိမ့်မယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, November 4, 2014

လူတွေရဲ့ ဗီဇ ဆိုတာ ဖျောက်ရခက်သတဲ့

လူတွေရဲ့ ဗီဇ ဆိုတာ ဖျောက်ရခက်သတဲ့

ကိုယ့်ဆီက မကောင်းတဲ့ဗီဇ ကို ကိုယ်မမြင်နိုင်ပေမယ့်
တစ်ပါးသူတွေက မြင်နိုင်ပါတယ်

ကိုယ့်ရဲ့ပင်ကိုယ် အကျင့်စရိုက်ဟာ လူမြင်မတင့်တယ်တဲ့အခါ
လူရယ်မောစရာဖြစ်နေတတ်တယ် လှောင်ပြောင်စရာဖြစ်နေတတ်တယ်

ဒါကြောင့် ရှေးပညာရှိတွေကပြောခဲ့ကြတယ်

- မျက်စိကို ဖွင့် ( ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကိုယ့်ကို ဘယ်လို ဝေဖန်နေသလဲ ကိုယ့်ဗီဇ အကျင့်စရိုက်ဟာ တကယ်ပဲ လူမြင်တင့်တယ်ရဲ့လား )

- နားကို စွင့် ( ပတ်ဝန်းကျင်က ပြောစကားကို နားစွင့်ပါ ကိုယ်ကိုယ့်ကို မှန်ထဲကြည့်တာလောက်တော့ လူတိုင်းကြည့်တတ်ပါတယ် ဒါပေမယ့် တခြားသူတွေအမြင်ကိုလည်း ခံနိုင်ရည်ရှိဖို့လိုမယ် )

- သင့်မသင့်ကို ချိန် ( ဖြစ်ချင်တာလုပ်ချင်တာကတော့ လူတိုင်းမှာ ရှိတာပေါ့ ဒါပေမယ့်ဖြစ်သင့်တာလုပ်သင့်တာကို တကယ်ချင့်ချိန် ပြီး ဆုံးဖြတ်လုပ်နိုင်တဲ့သူကတော့ တော်တော်ရှားပါလိမ့်မယ် )

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, November 1, 2014

ကတိတစ်လုံးကို ချိုးဖျက်ရမှ ထမင်းဝမယ်ဆို ထမင်းငတ်သာ ခံလိုက်ပါ

ကတိတစ်လုံးကို ချိုးဖျက်ရမှ ထမင်းဝမယ်ဆို ထမင်းငတ်သာ ခံလိုက်ပါ

သစ္စာတရားကို ချိုးဖျက်ရမှ အောင်မြင်မှုရမယ်ဆိုရင် ရှုံးနိမ့်ခြင်းကိုသာ ရွေးချယ်လိုက်ပါ

လိမ်ညာလိုက်ရမှ အဆင်ပြေမယ်ဆို အခက်အခဲ ကိုသာ ရင်ဆိုင်လိုက်ပါ

တခါတခါ အမှန်တရားမှာနေထိုင်ရတာက
အမှားတရားတွေမှာ ပျော်မွှေ့နေတာထက်နေလို့ကောင်းပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, October 30, 2014

သေသေချာချာ တွေးကြည့်ရင် ၀မ်းနည်းစရာတော့ သိပ်မရှိလှပါဘူး

လူတစ်ချို့က ကိုယ့်အပြစ်ဖြစ်မှာစိုးလို့ သူတစ်ပါးကို အပြစ်ဖို့ဖို့လည်းဝန်မလေးတတ်ကြဘူး

လူတစ်ချို့က ကိုယ့်တာဝန်လွတ်ရင်ပြီးရော သူတစ်ပါးမှာ ၀န်ထုပ်ဝန်ပိုးဖြစ်စေဖို့လည်း မမှုတတ်ကြဘူး

လူတချို့က ကိုယ်အဆင်ပြေရင်ပြီးရော သူတစ်ပါး ဘ၀ကို ချနင်းတတ်ဖို့လည်း ၀န်မလေးတတ်ကြဘူး

တကယ်တော့ ဘ၀တလျှောက်လုံးမှာ
ရယူလိုက်ရတာရော ဆုံးရှုံးလိုက်ရတာရော အရာရာဟာ
သေသေချာချာ တွေးကြည့်ရင် ၀မ်းနည်းစရာတော့ သိပ်မရှိလှပါဘူး

ကိုယ်နဲ့ထိုက်တန်တာသာ ကိုယ့်ဆီ ရောက်လာတတ်ကြတာမဟုတ်လား ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 29, 2014

မနက်ခင်းတစ်ခု စတင်တဲ့အခါ

မနက်ခင်းတစ်ခု စတင်တဲ့အခါ

၁ ။ သင့်စိတ်ထဲက မုန်းတီးမှုတွေကို ဖယ်ထုတ်ထားပါ

၂ ။ ကောင်းသောစကားကို သာ ရွေးချယ်ပြောဆိုပါ

၃ ။ သူတစ်ပါးကို ကူညီနိုင်သမျှ အရာတွေကို ကူညီပေးပါ

၎ ။ ချစ်ခြင်းမေတ္တာတရားနဲ့ ဘေးနားက လူတွေကို ဆက်ဆံပါ

၅ ။ ဘယ်အရာကို မှ မနာလို ၀န်တိုခြင်းမရှိပါစေနဲ့

အထက်ပါ ငါးချက်နဲ့ စတင်တဲ့ မနက်ခင်းတိုင်းဟာ
သင့်အတွက် ကောင်းမွန်ခြင်းတွေကို သာ ယူဆောင်လာမှာ သေချာပါတယ် 

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 28, 2014

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး

သင်အောင်မြင်လာရင် လူတွေ သတိထားမိကြလိမ့်မယ်
သင်ရှုံးနိမ့်သွားရင်တော့ ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး

အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သင်ပေးဆပ်လိုက်ရတဲ့
အရင်းအနှီးကိုတော့ ဘယ်သူမှ စိတ်မ၀င်စားတတ်ကြဘူး

လူတွေက သင့်ရဲ့ အောင်မြင်ခြင်း ဆိုတဲ့ အရာကိုသာ ကွက်ပြီး စိတ်ဝင်စားကြလိမ့်မယ်
ဒါကြောင့် ပညာရှိတွေပြောခဲ့ကြတဲ့စကားက

" အောင်မြင်ခြင်းနောက်ကိုချည်းပဲ လိုက်မနေပါနဲ့
သင်ရရှိလာမဲ့အောင်မြင်ခြင်းနဲ့ထပ်တူ
သင်ပေးဆပ်ရမဲ့အရင်းအနှီးနဲ့ချိန်ဆကြည့်ပါ

တခါတလေ အောင်မြင်ခြင်းနောက် ကျော်ကြားခြင်းနောက်ကို လိုက်နေရင်းနဲ့
ကိုယ့်ရဲ့အဖိုးတန် အချိန်တွေ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေတတ်တယ် " တဲ့ ။

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး
တခါတလေ အဓိပ္ပါယ်ရှိရှိ ရှုံးနိမ့်သွားရတာက အဓိပ္ပါယ်မရှိပဲ အောင်မြင်နေတာထက်
ပို ကျေနပ်ဖို့ကောင်းပါတယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 27, 2014

သင့်ဘ၀ရဲ့အချိန်တွေကို မဖြုန်းတီးမိပါစေနဲ့


လူတစ်ယောက်ချင်းစီအတွက် အချိန်က သိပ်တန်ဖိုးရှိပါတယ်

သင့်ဘ၀ရဲ့အချိန်တွေကို

- ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့လူတွေနဲ့ မကုန်ဆုံးမိစေနဲ့

- လူတစ်ယောက်ရဲ့တန်ဖိုးကို ရွှေငွေ ဂုဏ်ရာထူးတွေနဲ့ ဆုံးဖြတ်တတ်တဲ့သူတွေနဲ့ မကုန်ဆုံးမိစေနဲ့

- လူပေါင်းစုံက သင့်အပေါ်ပေးတဲ့ ထင်မြင်ချက်တွေကြားမှာ မကုန်ဆုံးမိစေနဲ့

- ဒရာမာနဲ့ ဟန်ဆောင်မှုတွေကြားမှာ မနစ်မြုပ်မိစေနဲ့

- သိပ်အရေးမပါလှတဲ့ မျက်နှာဖုံးတပ် ဆက်ဆံရေးတွေကြားမှာ မကုန်ဆုံးမိစေနဲ့ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 25, 2014

ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု


ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု

၁ ။ တစ်ခုခု ဖြစ်လာတဲ့အခါတိုင်း ကိုယ့်အပြစ်မဟုတ် သူတစ်ပါးကို အမြဲ လက်ညှိုးထိုးလွှဲချတတ်သော အကျင့်

၂ ။ ပြဿနာတစ်ခုခုကြုံလာတဲ့အခါ တစ်ပါးသူတွေ ဒုက္ခရောက်ရင်ရောက်ပါစေ ကိုယ်ဒုက္ခမရောက်ရင်ပြီးရော ကိုယ်လွတ်ရုန်းပြေးတတ်သော အကျင့်

၃ ။ ကိုယ်သာရင်ပြီးရော သူတစ်ပါးနာရင်နာပါစေ ကိုယ်အဆင်ပြေရင်ပြီးရော သူတစ်ပါးအပြင်မပြေရင်မပြေပါစေ အမြဲကိုယ့်ဖို့ ကြည့်တတ်သေအကျင့်

ထိုအကျင့် ၃ မျိုးကို ပိုင်ဆိုင်သော လူများအား ဝေးဝေးရှောင်ပါလေ မိတ်ဆွေ
ကိုယ့်မှာ ရှိနေခဲ့ရင်လည်း အမြန်ဖျောက်ဖို့ ကြိုးစားပါလေ ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 22, 2014

Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်

Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်

" ကိုယ့်ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့

တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ
တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့်
ညစ်ပေသွားတတ်တယ်

သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသထွက်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို ညှိုးနွမ်းခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို နိမ့်ကျခွင့်မပြုပါနဲ့

နောက်ဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့်
သင့်ရဲ့ဖြူစင်တဲ့နှလုံးသားတွေ ညစ်ပေခွင့်မပြုပါနဲ့ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 21, 2014

တစ်ခုခုကို လို ချင်ရင်တစ်ခုကိုစွန့်လွှတ်ရတာသဘာဝပါပဲ


မြေကြီးထဲမှာ အတင်းရုန်းကန်ထိုးထွက်လာရတဲ့ သစ်စေ့က
အပင်ဖြစ်လာတဲ့အခါ တခြားမျိုးတူ အပင်တွေထက် ပိုသန်မာသတဲ့

လူ့အရေပြားပေါ်က အမာရွတ်တွေက
တခြား သာမန် အရေပြားတွေထက် နာကျင်မှုဒါဏ်ကို ပိုခံနိုင်သတဲ့

အကြိမ်ကြိမ် ထုနှက်ခံရပြီး ပြင်းထန်တဲ့ မီးတောက်တွေဒါဏ်ကို ခံလာရတဲ့ သံ နဲ့ပြုလုပ်ထားတဲ့ဓါးဟာ
တခြားသာမန်ဓါးတွေထက် ပိုထက်မြက်သတဲ့

မုန်တိုင်းဒါဏ်ကို ကျော်ဖြတ်ဖူးတဲ့ သိမ်းငှက်ဟာ
မြေပြင်ကနေ အမြင့်ပေ ဘယ်လောက်မြင့်မြင့် တက်ရဲသတဲ့

လူ့ဘ၀ဆိုတာ ဒီလိုပါပဲ
မျက်ရည်မကျဖူးပဲနဲ့ ပျော်ရွှင်ခြင်းအရသာကို ဘယ်သိမလဲ
မနာကျင်ဖူးပဲနဲ့ အေးချမ်းခြင်းအရသာကို ဘယ်သိမလဲ
ပူလောင်သောကတွေကို မကျော်ဖြတ်ဖူးပဲနဲ့ ချမ်းမြေ့ငြိမ်သက်ခြင်းကို ဘယ်သိမလဲ

တစ်ခုခုကို လို ချင်ရင်တစ်ခုကိုစွန့်လွှတ်ရတာသဘာဝပါပဲ
အဆင်ပြေချောမွေ့ခြင်းကိုလိုချင်ရင်
ပင်ပန်းဆင်းရဲခြင်းကို ရင်းနှီးရတာ သဘာဝကျပါတယ် ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 20, 2014

နောင်တစ်ချိန်မှာ နောင်တ ကင်းသောနည်း ၃ နည်း


နောင်တစ်ချိန်မှာ နောင်တ ကင်းသောနည်း ၃ နည်း

၁ ။ ဆန္ဒနဲ့ သိက္ခာ ကို ရာခိုင်နှုန်း ညီမျှစွာ ရွေးချယ်ရသည့်အခါ
သိက္ခာကိုသာဦးစားပေးပါ

၂ ။ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ ကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
ဖြစ်သင့်တာကိုသာ ဦးစားပေးပါ

၃ ။ လိုချင်တာနဲ့ လိုအပ်တာကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
လိုအပ်တာကိုသာ ဦးစားပေးပါ

လတ်တလော သင့်အတွက် အဆင်မပြေလောက်ဘူးထင်ပေမယ့်
နောင်တစ်ချိန်မှာ နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ် ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 18, 2014

အရာရာကို ရင်ဆိုင်ရဲတဲ့သတ္တိရှိမှသာ





လူတစ်ချို့က ချမ်းသာစည်းစိမ်ဆိုတဲ့အရာကို ခံစားနေရချိန်မှာ
လူတစ်ချို့က ဆင်းရဲဒုက္ခဆိုတဲ့အရာကို ကြုံတွေ့နေရတယ်

လူတစ်ချို့က လောကကြီးက သာယာလိုက်တာလို့ ကြည်နူးစွာ ပြောနေချိန်မှာ
လူတစ်ချို့က ထမင်းနပ်မှန်ဖို့ နေ့စဉ်ရုန်းကန်နေရတယ်

လူတစ်ချို့က ဒေါ်လာ ထောင်ချီတန်တဲ့အရက်ပုလင်းနဲ့ ညစဉ် ဇိမ်ရစ်နေစဉ်မှာ
လူတစ်ချို့က မနက်ဖြန်မနက်စားဝတ်နေရေးအတွက် ပူပန်သောကရောက်နေရတယ်

ဘယ်လိုပဲ ဘ၀တွေ မိုးနဲ့မြေလို ကွာခြားပါစေ
ကိုယ်ကြုံရတဲ့ဘ၀ကို စိတ်မပျက်မိစေနဲ့
ကိုယ်ကြုံရတဲ့ အခက်အခဲတွေကို အားမလျော့မိစေနဲ့
ကိုယ်ကြုံရတဲ့ ဒုက္ခတွေကို အရှုံးမပေးမိစေနဲ့

ကြုံလာရတဲ့အရာမှန်သမျှကို
ပျက်ရယ်ပြုလိုက်စမ်းပါ ၊ လှောင်ပြုံးပြုံးလိုက်စမ်းပါ
အရာရာကို ရင်ဆိုင်ရဲတဲ့သတ္တိရှိမှသာ
လောကကြီးက နေလို့ကောင်းတာ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, October 10, 2014

ဟန်ဆောင်ခြင်းက သင့်ကို ကြာရှည်မအောင်မြင်စေဘူး



ကိုယ့်ကိုချစ်တဲ့သူတွေကို ဘယ်တော့မှ ဟန်မဆောင်မိစေနဲ့
ကိုယ့်ကို စေတနာရှိတဲ့လူတွေကို ဘယ်တော့မှ မငြိုငြင်မိစေနဲ့

ကိုယ့်ကို ကောင်းစေချင်တဲ့လူတွေကို ဘယ်တော့မှ မစော်ကားမိပါစေနဲ့
ဟန်ဆောင်ခြင်းဟာ လောကကြီးမှာ ကြာရှည်ခံလေ့မရှိဘူး

ကိုယ့်ဆီက ဟန်ဆောင်ခြင်းတွေ နည်းပါးလေလေ
လူတွေနဲ့ဆက်ဆံရတာ ပိုအဆင်ပြေလာလေလေ ဆိုတာ သိလာပါလိမ့်မယ်

ဟန်ဆောင်ခြင်းက သင့်ကို ကြာရှည်မအောင်မြင်စေဘူး
စစ်မှန်တဲ့အောင်မြင်ခြင်းကို လိုချင်ရင်

- ရိုးသားရမယ်
- ဟန်မဆောင်ရဘူး
- အရှိအရှိအတိုင်းပြောဆိုင်နေထိုင်ဆက်ဆံရမယ်
- မှန်ကန်တဲ့လမ်းအတိုင်းဖြောင့်မတ်စွာ လျှောက်လှမ်းကြိုးစားရမှာဖြစ်ပါတယ် ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 6, 2014

ကိုယ်ပိုင်အလင်းရောင်ထွန်းညှိနိုင်ဖို့





လောဘကြီးသူက အလိုကြီးအရနည်းတတ်တယ်

အယုံလွယ်တဲ့သူက သူတစ်ပါးလှည့်စားတာခံရတတ်တယ်

သနားကြင်နာလွယ်တတ်သူက သူတစ်ပါးလိမ်ညာတာခံရတတ်တယ်

အားနာတတ်သူက သူတစ်ပါးအနိုင်ကျင့်တာခံရတတ်တယ်

သူတစ်ပါးဆီက ရတဲ့အလင်းရောင်မှာ ကျေနပ်ပျော်မွေ့မနေပါနဲ့
ကိုယ်ကိုယ်တိုင် ထွန်းလင်းနိုင်အောင်ကြိုးစားပြီး
ကိုယ့်ဆီက အလင်းရောင်နဲ့
သူတစ်ပါးရဲ့မှောင်မိုက်ခြင်းတွေကိုအလင်းပေးနိုင်ပါစေ

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 4, 2014

ဖြောင့်မှန်သော လမ်းကိုလျှောက်ပါ


လောကကြီးမှာ ဆိုရိုးစကားတစ်ခွန်းရှိတယ်

" ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် " တဲ့

ကိုယ်က သူတော်စင် သူတော်ကောင်းကြီးမဟုတ်တောင်
မသူတော်မဖြစ်အောင်တော့ ကြိုးစားရမယ်မဟုတ်လား

အရှိကို အရှိအတိုင်း ရိုးရှင်းစွာ နေထိုင်ခြင်းကလည်း
သင့်ကို လူတွေ လေးစားလာမယ့်အချက်တစ်ချက်ပါပဲ

ဆင်းရဲတာချမ်းသာတာ
အပေါင်းအသင်းနည်းတာ အပေါင်းအသင်းများတာ
ရာထူးကြီးတာ ရာထူးသေးတာ အရာအားလုံးဟာ
တဒင်္ဂ မတည်မြဲခြင်းတွေပါ

စစ်မှန်တဲ့အောင်မြင်ခြင်းဆိုတာ တစ်ခုတည်းရှိပါတယ်
အဲ့ဒါကတော့ အရှိကို အရှိအတိုင်းလက်ခံနေထိုင်ပြီး
ဖြောင့်မှန်သော လမ်းကို လျှောက်လှမ်းခြင်းပါပဲ ။

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 1, 2014

အဆိုးတွေကို အကောင်းတွေအဖြစ်ပြောင်းလဲယူပါ

ကိုယ့်ကိုကဲ့ရဲ့မှုတွေကို
ရှေ့ဆက်ဖို့ခွန်အားတွေအဖြစ်မှတ်ယူကြည့်ပါ

ကိုယ့်ကို မုန်းနေသူတွေရဲ့အကြည့်တွေကို
ရှေ့ဆက်ဖို့ အားဆေးတွေအဖြစ်မှတ်ယူကြည့်ပါ

ကိုယ့်ကို အထင်သေးတွေရဲ့အပြုအမူတွေကို
ရှေ့ဆက်ဖို့ လမ်းပြပေးတဲ့အလင်းရောင်တွေလို့မှတ်ယူကြည့်ပါ

တခါတလေ အဆိုးတွေကို အကောင်းတွေအဖြစ် ပြောင်းလဲ ယူတတ်ခြင်းကလည်း
အကြိမ်ကြိမ် ကျရှုံးပေမယ့် လုံးဝ လက်မလျော့တတ်ခြင်းနဲ့ဆင်တူပါတယ်

ကိုယ့်တန်ဖိုးကို ကိုယ့်ရင်ဘတ်မှာ ကိုယ်ကိုယ်တိုင်ကပ်နိုင်ကြပါစေ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 30, 2014

လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်



လောကကြီးမှာ လူကဲ့ရဲ့တာမခံချင်ရင် လုပ်စရာ ၃ မျိုးပဲရှိတယ်

၁ ။ အလကားနေရင်း ကြွားဝါခြင်းတွေသိပ်မလုပ်နဲ့

၂ ။ နေရင်းထိုင်းရင်း ဘေးနားကလူတွေကို မစော်ကားနဲ့

၃ ။ ပါးစပ်ကနေ ပေါပေါပဲပဲ စကားလုံးတွေ သိပ်မထွက်စေနဲ့ ။

" ဘ၀ပေးကုသိုလ်ကံကောင်းလို့ဖြစ်စေ
ကိုယ်ကြိုးစားလို့ဖြစ်စေ အမြင့်တစ်နေရာကိုရောက်သွားခဲ့ရင်
ဘေးနားကလူတွေ အောက်ခြေကလူတွေကို
လူ လို့ မသတ်မှတ်တော့တဲ့ လူ့အခွံ့ဖြစ်သွားခြင်းကိုရှောင်ကြဉ်ပါ မိတ်ဆွေ "

သက်တန့်ချို

Friday, September 26, 2014

စိတ်နှလုံးသားတံခါး အဖွင့်မမှားမိစေနဲ့





ကိုယ်ပျော်ရွှင်တာ
ကိုယ်ဝမ်းနည်းတာ
ကိုယ်စိတ်ညစ်တာ
ကိုယ်ငိုရတာ သေချာတွေးကြည့်ရင်
ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး

အားလုံးဟာကိုယ့်ကြောင့်ဖြစ်ရတာတွေချည်းပါပဲ

သင့်စိတ်တံခါးမှာ အရာရာကို ရွေးပြီးဖွင့်ပေးနိုင်တဲ့
နှလုံးသား ခလုတ်လေးတွေရှိတယ်

ပျော်ရွှင်ခြင်းကို သာလိုချင်ရင် ပျော်ရွှင်ခြင်းတံခါးကို ဖွင့်ပါ
ဒီလိုမှမဟုတ်ပဲ တခြားသူတွေဆီက တဆင့်ကူးစက်တတ်တဲ့
ဝမ်းနည်းပူဆွေး စိတ်ညစ်စရာနဲ့ ပူလောင်မှု မျက်ရည်တွေကို သင်ခွင့်ပြုမိရင်
သင့်မှာပါ ၀မ်းနည်းစိတ်ညစ်စရာတွေဖြစ်လာမှာပေါ့

တကယ်တော့လောကကြီးမှာ ကိုယ်ကိုယ်တိုင်ကလွဲပြီး
ကိုယ့်ကို ၀မ်းနည်းအောင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့သူ မရှိပါဘူး

မပူုလောင်ချင်းဘူးဆိုရင် အပူမီးတွေကိုဝင်စေနိုင်တဲ့နှလုံးသားတံခါးပေါက်ကို
တစ်သက်လုံး ပိတ်ထားလိုက်ပါ ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 25, 2014

ကိုယ့်တန်ဖိုးကိုယ်မြှင့်တင်ပါ





မြင့်မြတ်တဲ့ အမျိုးသမီးက ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားတယ်
အာဃာတ နဲ့ ရမ္မက်ကိုဦးစားမပေးဘူး

မြင့်မြတ်တဲ့ အမျိုးသားက ကိုယ့်တာဝန်ကိုယ်ယူတတ်တယ်
ဆန္ဒနဲ့ အတ္တကို ဦးစားမပေးဘူး

သိက္ခာရှိတဲ့အမျိုးသမီးက ကိုယ့်တန်ဖိုးကိုယ် မြှင့်တင်တယ်
သိက္ခာရှိတဲ့ အမျိုးသားက ကိုယ့် ဆန္ဒကို ကိုယ့်တန်ဖိုးနဲ့ချိုးနှိမ်တယ်

လေးစားဖွယ်ကောင်းတဲ့လူတွေက သူတစ်ပါးကိုလည်း လေးစားတတ်သလို
သူတို့အကျိုးထက် သူတစ်ပါးအကျိုးကိုဖြည့်ဆည်းရင်းပျော်နေတတ်ကြပါတယ်

သေချာပါတယ်
ကိုယ့်ကိုယ်ကို လေးစားတတ်ဖို့ ဆိုတာကိုယ့်တန်ဖိုးကိုယ်မြှင့်တင်မှဖြစ်နိုင်မယ် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 24, 2014

ဘယ်တော့မှ လက်မလွှတ်သင့်တဲ့လူ

ဘယ်တော့မှ လက်မလွှတ်သင့်တဲ့လူ

- ဘယ်သူမှ အနားမှာမရှိတော့တဲ့အချိန်မှာတောင် ကိုယ့်အနားမှာ ရှိနေပေးတဲ့သူ

- ကိုယ်ဒုက္ခရောက်နေချိန်မှာတောင် မျက်နှာလွှဲခဲပစ်မလုပ်ပဲ ကူညီစောင့်ရှောက်ပေးတဲ့သူ

- ခွင့်မလွှတ်နိုင်တဲ့အမှား ကျူးလွန်မိတာတောင် နောက်ဆုံးအကြိမ်အဖြစ် ခွင့်လွှတ်ပေးနိုင်တဲ့သူ

- ကိုယ့်အခက်အခဲတွေကို သူဖြေရှင်းရမယ့် အခက်အခဲလို့မှတ်ယူတဲ့သူ

- ကိုယ်ဘယ်လောက်လွှတ်ချလွှတ်ချ သူ့ဖက်က လုံးဝ လက်မလွှတ်ချတဲ့သူ

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 23, 2014

သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ်


မှတ်သားဖွယ် စကားတစ်ခွန်းကြားဖူးတယ်

" ဘယ်အရာကိုမှ မလိုချင်ရင် သင့်မှာ အရာအားလုံးပြည့်စုံနေလိမ့်မယ်
တစ်ခုခုကို လိုချင်နေပြီဆိုရင်တော့ လိုချင်နေသမျှ စိတ်ဆန္ဒနဲ့ထပ်တူ သင့်မှာ ကွက်လပ်တွေဖြစ်ပေါ်လာလိမ့်မယ် " တဲ့

တကယ်တော့ ကျွန်တော်တို့ ပိုင်ဆိုင်သမျှ အရာအားလုံးဟာ
( ရွှေ ၊ ငွေ ၊ ရာထူး ၊ ဂုဏ် တွေက အစ )
တကယ့် ပိုင်ဆိုင်မှု အစစ်တွေမဟုတ်ကြဘူး

တကယ့်ပိုင်ဆိုင်မှုအစစ်ဖြစ်တဲ့
မေတ္တာတရား ဆိုတဲ့ သူတစ်ပါးကို အေးချမ်းစေလိုတဲ့စိတ်
စေတနာတရား ဆိုတဲ့သူတစ်ပါးကို ကောင်းစားစေလိုတဲ့စိတ်
မုဒိတာတရား ဆိုတဲ့သူတစ်ပါးကောင်းစားရင်ကိုယ်ပါ ၀မ်းသာကြည်နူးတတ်တဲစိတ်

အဲ့ဒီစိတ် ၃ ခုကိုသာ တစ်နေ့ထက်တစ်နေ့ တိုးပွားအောင်ကြိုးစားကြရမှာပါ

သူတစ်ပါးစိတ်ချမ်းသာရင် ကုသိုလ်ပိုရပါတယ် ။

သက်တန့်ချို


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 20, 2014

အမုန်းမီးတောက်တွေနဲ့ပူလောင်နေသလား


လောကမှာ အခက်အခဲအားလုံး နဲ့ အပူသောက
အမုန်းမီးတောက်တွေအားလုံးကို အနိုင်ယူနိုင်တဲ့
အစွမ်းအထက်ဆုံး လက်နက် သင့်ဆီမှာရှိပါတယ် ။

အဲ့ဒါကတော့ မေတ္တာတရား ပါပဲ

ခွင့်လွှတ်ပြီး မစွန့်လွှတ်နိုင်ရင် မအေးချမ်းသလို
စွန့်လွှတ်ပြီး မခွင့်လွှတ်နိုင်ရင်လည်းမအေးချမ်းပါဘူး

တကယ်အေးချမ်းချင်ရင် တပြိုင်တည်း ခွင့်လွှတ်လိုက်သလို တပြိုင်တည်းစွန့်လွှတ်ရလိမ့်မယ်

သင်မယုံဘူးဆိုရင် သိပ် ဒေါသထွက်ပြီး သိပ်မုန်းတီးနေတဲ့ လူကို ခွင့်လွှတ်ခြင်း စွန့်လွှတ်ခြင်းနဲ့အတူ
အေးချမ်းတဲ့မေတ္တာ ထားကြည့်လိုက်

ကိုယ်ပါ အလိုလို အေးချမ်းသွားတာ တွေ့လိမ့်မယ်

သက်တန့်ချို 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 19, 2014

အမျိုးသမီးကင်ဆာကာကွယ်ရေးအထိမ်းအမှတ် အခမ်းအနားပြုလုပ်မည်

အမျိုးသမီးကင်ဆာကာကွယ်ရေးအထိမ်းအမှတ် အခမ်းအနားပြုလုပ်မည်

၂၀၁၄ ခုနှစ် ၊ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီကနေစပြီး၁၂ နာရီအချိန်အထိ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ သူနာပြုတက္ကသိုလ် တွင်ကျင်းပမည်ဖြစ်ပါသည် ။

စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ပါသည် ။ တက်ရောက်လာသူများကို အထိမ်းအမှတ် တီရှပ်လက်ဆောင်ပေးအပ်မည်ဖြစ်ပြီး စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များအဖြစ်

- ဥာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း
- အဖြေမှန်သူများအား ဆုလက်ဆောင်များပေးအပ်ခြင်း
- Photo Gallary ကြည့်ရှုခြင်းအပြင်အမှတ်တရ ဓါတ်ပုံများရိုက်နိုင်ခြင်း
- အမျိုးသမီး ကင်ဆာနှင့်ပတ်သတ်သည့် အသိပညာပေးအစီအစဉ်များ နားထောင်ကြည့်ရှုခွင့်ရခြင်း
- လက်ဆောင်ပစ္စည်းများ ရရှိခြင်း တို့စသည်တို့ပါဝင်ပါသည် ။

ဆက်သွယ်စုံစမ်းစာရင်းပေးရန် - မအိအိခိုင် ( ၀၉၄၃၁၅၈၂၀၈ ) ကိုကျော်သက်နောင် ( ၀၉၂၅၆၁၄၄၈၄၃ ) 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 18, 2014

ဘာကိုမှ စိတ်ဓါတ်မကျပါနဲ့

ဘာကိုမှ စိတ်ဓါတ်မကျပါနဲ့

လူအမျိုးမျိုး စိတ်အထွေထွေမို့
အတွေးအမြင်တွေလည်း ကွာခြားနိုင်ပါတယ်

အတွေးအမြင်တွေကွာခြားနိုင်သလို
ထင်မြင်ယူဆချက်နဲ့ ကောက်ချက်ချမှုတွေလည်း ကွာခြားနိုင်ပါတယ်

ခဏခဏ ရေးခဲ့ဖူးသလို ကိုယ့်လိပ်ပြာကိုယ်လုံရင်ပဲ ကျေနပ်စရာမို့

လာထား ....
မိုးကောင်းကင်လောက်ပဲကျယ်ပြန့်မလား
ပင်လယ်ကြီးလောက်ပဲနက်မလား
တောင်တန်းတွေလောက်ပဲမြင့်မလား
အခက်အခဲ ဆိုရင် ရင်ကော့ကြိုလို့ ရင်ဆိုင်ပစ်လိုက်စမ်း

ရှောင်ပုန်းတယ်ဆိုတာ အားနည်းခြင်းတစ်မျိုးပဲ
ကိုယ့်အားနည်းချက်ကို ထုတ်ဖော်မပြသနဲ့
တုန်းတိုက်တိုက် ကျားကိုက်ကိုက် အရာရာကို ရင်ဆိုင်ရဲတဲ့ခွန်အားဆိုတာ
ကိုယ့်မှာ ရှိရမယ် ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 13, 2014

တန်ဖိုး


ပြောပြီးသား စကားကို ပြန်မနှုတ်ပါနဲ့
ပေးပြီးသား ကတိကို ပြန်မဖျက်ပါနဲ့

လျှောက်ပြီးသားလမ်းကို ပြန်မကွေ့ပါနဲ့
ထွေးပြီးသား တံတွေးကို ပြန်မကြည့်ပါနဲ့

စွန့်ပစ်ပြီးသား ပစ္စည်းကို ပြန်ကောက်မယူပါနဲ့

ဘယ်အရာပဲဖြစ်ဖြစ်
ခပ်လွယ်လွယ်ပြော
ခပ်လွယ်လွယ်လုပ် တဲ့လူဟာ
တန်ဖိုးမဲ့နေတတ်တယ် ။ 

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အနေမတတ်ရင် အသေခက်တတ်တယ်

ကိုယ်ရွေးထားတဲ့ လမ်း
ကိုယ်လျှောက်နေတဲ့လမ်း
မှားမှားမှန်မှန် ကိုယ့်မှာ ပဲ တာဝန်ရှိတယ်

ဘ၀ဆိုတာ တိုတိုလေးမို့
နေတတ်အောင်နေပါ
အနေမတတ်ရင်
အသေခက်တယ်ဆိုတဲ့စကားတောင်ရှိသေးတယ်မဟုတ်လား

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, September 12, 2014

စိတ်ချမ်းသာမှုကို ဘယ်အရာနဲ့မှ မလဲမိစေနဲ့





 မိမိတွင် မရှိအပ်သော အရာများ

- မောက်မာလွန်းသော မာနတရား
- ဆင်ခြင်နိုင်စွမ်းကင်းမဲ့သော လုပ်ရပ်
- နေရင်းထိုင်ရင်း ဘ၀င်မြင့်မှု
- လူလူခြင်း လူလို့မထင်ပဲ သနားစရာ သတ္တ၀ါလို ကြည့်တတ်သော မျက်လုံး
- ကိုယ်ဟာ အရာအားလုံးအတွက်အရေးပါတယ် ကိုယ်မရှိရင်မဖြစ်ဘူးဟု ထင်နေတတ်ခြင်း

မိမိတွင် ရှိသင့်သော အရာများ

- အရာရာကို သတိနှင့် ထိမ်းချုပ်စဉ်းစားနိုင်စွမ်း
- မာန်မာနကို လိုအပ်သော အခါမှသာ ထုတ်သုံးတတ်ခြင်း
- အမြင့်ဘယ်လောက်ရောက်ရောက် ကိုယ်တက်ခဲ့တဲ့အောက်ခြေဘ၀ကို မမေ့မလျော့ခြင်း
- ရယူခြင်းထက် ပေးဆပ်ခြင်းကိုသာ ဦးစားပေးတတ်ခြင်း
- လူကို လူလို့မြင်တတ်ခြင်း နှင့်ကိုယ်ချင်းစာ တရားပြည့်စုံခြင်း

စည်းစိမ်ဥစ္စာ ချမ်းသာမှုက မျက်မှောက်ကာလမှာ အရေးကြီးကောင်းကြီးပါလိမ့်မယ်
ဒါပေမယ့် သင့် စိတ်ချမ်းသာမှုနဲ့တော့ မလဲမိစေနဲ့

တစ်ခါတစ်လေ ကိုယ်စိတ်ချမ်းသာမယ်ထင်လို့ ရွေးလိုက်မိတဲ့ အပေါ်ယံချမ်းသာမှုတွေက
ကြာလာလေလေ စိတ်ဆင်းရဲမှုတွေဖြစ်လာလေ
ကိုယ်လဲလိုက်တဲ့ စိတ်ချမ်းသာမှုနဲ့ ယှဉ်ကြည့်ရင် မတန်ဘူးဆိုပြီးနောင်တရလာလေလေ ဖြစ်တတ်တယ် ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 11, 2014

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်လေးစားနိုင်ဖို့





လူတချို့က ကိုယ် အနိုင်ရဖို့အတွက် ကိုယ့်သိက္ခာကိုရောင်းစားတတ်တယ်
လူတချို့က ကိုယ် ပျော်ရွှင်အဆင်ပြေဖို့အတွက် ကိုယ့်သိက္ခာကိုရောင်းစားတတ်တယ်

လူတချို့က ကိုယ် အသာစီးရဖို့အတွက် သူတစ်ပါးအားနည်းချက်ကိုဖော်ထုတ်တတ်တယ်
လူတချို့က ကိုယ် အာသီသပြေဖို့အတွက် သူတစ်ပါးမကောင်းကြောင်း ပြောတတ်ကြတယ်

အားသာချက်အားနည်းချက်ကိုယ်စီရှိနေကြတဲ့ လူ့ဘ၀မှာ
ဘယ်သူကမှ ထူးပြီးမြင့်မြတ်မနေသလို
ဘယ်သူကမှ ထူးပြီး နိမ့်ကျမနေပါဘူး

ကိုယ်သွားရာလမ်းတလျှောက်ထင်ကျန်ခဲ့တဲ့ခြေရာတွေကို
ကိုယ်ပြန်လှည့်ကြည့်ရဲတဲ့ သတ္တိ သင့်မှာရှိပါစေ

ကိုယ်တက်ခဲ့တဲ့လှေကားတစ်လျှောက် ကိုယ်နင်းခဲ့တဲ့ လှေကားထစ်တွေကို
ပြန်လည်ငုံ့ကြည့်ရဲတဲ့ သတ္တိသင့်မှာရှိပါစေ

ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပြန်မကြည့်ရဲ ကိုယ်ပြန်မတွေးရဲ ကိုယ်ပြန်တာဝန်မယူရဲဘူးဆိုရင်
သင်ဟာ တရားမျှတမှုမရှိ တဲ့ လူ့အမှိုက်ပင်ပါပဲ ။

တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်လေးစားနိုင်ဖို့
ကိုယ့်သိက္ခာကိုယ်ပြန်ဦးညွှတ်နိုင်ဖို့
ကိုယ့်ဆန္ဒတွေကို ချိုးနှိမ်ပါ
ကိုယ့်လုပ်ရပ်တွေကို ဖြူစင်ပါစေ ။

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 10, 2014

ကိုယ့်တာဝန်ကိုယ်ယူကြပါစို့


ကိုယ့်အသုံးမကျမှုကြောင့် တစ်ပါးသူဒုက္ခမရောက်ပါစေနဲ့

ကိုယ့်အားနည်းချက်ကြောင့် တစ်ပါးသူ မထိခိုက်ပါစေနဲ့

ကိုယ့်အပြစ်တွေကို တစ်ပါးသူကို မဆပ်ခိုင်းမိစေနဲ့

လူရယ်လို့ဖြစ်လာရင် ကိုယ့်တာဝန်ကိုယ်ယူ
ကိုယ့်လမ်းကိုယ်လျှောက်
ကိုယ်လုပ်သမျှ ကိုယ်ရှင်း
ကိုယ့်လုပ်ရပ်တွေကောင်းရင် စံ မကောင်းရင် ခံ

လူတိုင်းကိုယ်စီ အသိစိတ်နဲ့
ကိုယ့်ကြောင့်ဖြစ်လာရတဲ့အရာအားလုံး
ကိုယ့်ဘာသာပဲ တာဝန်ယူကြပါစို့ ။

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, September 6, 2014

ပြုံးပြီးသာနေလိုက်ပါလေ မိတ်ဆွေ


ပြုံးပြီးသာနေလိုက်ပါလေ မိတ်ဆွေ

--------------------------------------------------------------

တချို့လူတွေအကြောင်း ပိုသိလာတဲ့အခါ မအံ့သြပါနဲ့

တချို့လူတွေက သင့်အားနည်းချက်တွေကို တိုက်ခိုက်လာတဲ့အခါ မအံ့သြပါနဲ့

တချို့လူတွေက သင့်အားသာချက်တွေကို မနာလိုမရှုစိမ့်ဖြစ်နေတဲ့အခါ မအံ့သြပါနဲ့

အရင်ကမပြောင်းလဲ အခုမှ ပြောင်းလဲတတ်တဲ့လူတွေနဲ့တွေ့ရင်မအံ့သြပါနဲ့

" မထင်ရဘူးနော် .... တော်တော်အံ့သြဖို့ကောင်းတာပဲ " ဆိုတဲ့စကားကို သိပ်မသုံးပါနဲ့
ဒီထက်အံ့သြစရာကောင်းတဲ့ ပြောင်းလဲခြင်းတွေ အများကြီးရှိပါသေးတယ်

ဒါကြောင့်ရှေးလူကြီးတွေကပြောခဲ့ကြတယ်
ဘယ်သူတရားပျက်ပျက် မပျက်ပျက်
ကိုယ်မပျက်ပါစေနဲ့ တဲ့ ။

ဘယ်သူတွေ ဘယ်လိုပဲ စိတ်ထားတွေ စိတ်ဓါတ်တွေ
ပြောင်းပြောင်းမပြောင်းပြောင်း
ကိုယ့်စိတ်ထဲက စစ်မှန်ခြင်းနဲ့ယုံကြည်ချက်ကို မပျက်စီးစေပဲ
မပြောင်းလဲအောင်နေပါ မိတ်ဆွေ ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, September 4, 2014

လွှင့်ပစ်လိုက်ပါ






အမုန်းနဲ့နာကျင်မှုကို ကိုယ့်စိတ်တံခါးထဲမှာ သော့ခတ်သိမ်းထားမိလား
လွှင့်ပစ်လိုက်ပါ

အမုန်းနဲ့နာကျင်မှုက အမှိုက်နဲ့ဆင်တူတယ်
သယ်ဆောင်မထားပါနဲ့

ချစ်ခြင်းမေတ္တာနဲ့ ဂရုဏာတရားက ရွှေနဲ့ဆင်တူတယ်
များများစုဆောင်းပါ

ကိုယ့် နှလုံးသား အိမ်ခန်းမှာ အမှိုက်တွေနဲ့မပြည့်စေပါနဲ့
ရွှေနဲ့တူတဲ့ မေတ္တာတရားတွေသာ ပြည့်နေပါစေ

တစ်ခါတစ်လေ လွှင့်ပစ်သင့်တဲ့အရာတွေကို
လွှင့်မပစ်ရက်လို့ဖြစ်စေ
လွှင့်မပစ် နိုင်လို့ဖြစ်စေ
ကိုယ့်ကို ပိုပို ပူလောင် ညစ်နွမ်းစေတာကလွဲလို့ ဘာမှ ဖြစ်မလာနိုင်ဘူး

အမုန်း ၊ နာကျင်မှု ၊ သ၀န်တိုမှု ၊ မနာလိုမှု ၊ မကောင်းကြံစည်မှု ၊ မုဒိတာမပွားနိုင်ခြင်း စတဲ့
အမှိုက်နဲ့တူတဲ့ ညံ့သော စိတ်တွေကို သယ်ဆောင်ထားမိတယ်ဆိုရင်
အခုပဲ လွှတ်ချလိုက်ကြပါစို့ ။ 

သက်တန့်ချို
4 Sept 2014

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, September 3, 2014

တစ်နေ့တစ်နေ့ပိုဆိုးလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အစိုးရမင်းတွေ ဒီအတိုင်းကြည့်နေကြတော့မှာလား

တစ်နေ့တစ်နေ့ပိုဆိုးလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အစိုးရမင်းတွေ ဒီအတိုင်းကြည့်နေကြတော့မှာလား 



( စက်တင်ဘာလ ၃ ရက် မနက် ၈း၂၀ ခန့် ကမ္ဘာအေးလမ်းပေါ်ရှိ ဆီဒိုးနားဟိုတယ်ရှေ့တွင် ယာဉ်ပိတ်ဆို့မှုဖြစ်ပေါ်နေစဉ် )

အချိန်ကိုကြည့်လိုက်တော့မနက် ၇ နာရီခွဲ ကျွန်တော်နေထိုင်ရာ မြောက်ဥက္ကလာပ မြို့လေးမှာ စထွက်ကတည်းက ကြုံတွေ့ရသည်က အ၀ိုင်းကြီးဆိုသော နေရာမှာ အဆမတန် ယာဉ်ပိတ်ဆို့နေခြင်းဖြစ်သည် ။ ကားသမားအားလုံးကိုကြည့်လိုက်တေတာ့ မျက်နှာများက သုန်သုန်မှုန်မှုန် ။ သူလို ကိုယ်လို အလုပ်ကို အချိန်မမှီမှာစိုးတာနဲ့ အရေးကြီးကိစ္စများ နောက်ကျမှာ စိုးသည်နှင့် ပူလောင်သောကရောက်နေသော မျက်နှာများနှင့်ပင်ဖြစ်သည် ။ မြို့ထဲကို ရောက်ဖို့ လမ်း ၃ လမ်းသာရှိသည် ။ လမ်းဝအောက်ကနေ သွား၍ ဝေဇယန္တာလမ်းအတိုင်းသွား ဒါမှမဟုတ် ကမ္ဘာအေးလမ်းကြောအတိုင်းသွား ဒါမျမဟုတ် ပြည်လမ်းကနေသွား ဒါပဲဖြစ်သည် ။ ၃ လမ်းစလုံးသည် နေ့စဉ် ရုံးတက်ရုံးဆင်းချိန်သာမက အချိန်တိုင်းလိုလို ယာဉ်ကြောပိတ်ဆို့နေလေ့ရှိပါသည် ။  ကျွန်တော့်စိတ်ထဲ မေးခွန်းတွေ မေးချင်လာသည် ။

၁ ။ နေ့စဉ်ပိုဆိုးလာနေသော ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်မည်သူ့တွင် တာဝန်ရှိသနည်း
၂ ။ တာဝန်ရှိသူများသည် ဘာကြောင့် မသိကျိုးနွံနေ့စဉ်ပြုနေရသနည်း
၃ ။ ဘာကြောင့် ယာဉ်ကြောပိတ်ဆို့ရသနည်း
၎ ။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကိုဖြေရှင်းရန်နည်းလမ်းတကယ်မရှိတာလား ရှိရဲ့သားနဲ့ မလုပ်ပေးကြတာလား
၅ ။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဘာတွေ နစ်နာသွားသလဲ

အမ်အာတီတွေ ဘာအာတီတွေ ညာအာတီတွေ ခဏထားပါ လောလောဆယ် ရန်ကုန်မှာ နေ့စဉ်သွားလာနေရတဲ့ပြည်သူတွေအဖို့ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို မှန်အနက်ကြီးတွေတပ်ပြီး အဲကွန်းဖွင့်ထားတဲ့ ဇိမ်ခံကားစီးနေသော လူကြီးမင်းများ သိဖို့ကောင်းလှပါတယ် ။ VIP ဆိုသော လူတန်းစားတစ်ရပ် နှင့် လမ်းကြောင်းဆိုသော အရာ ၊ မော်တော်ပီကယ်တွေမှ မှုတ်သော ၀ီစီတံ တညံညံနှင့်သွားလာနေကြ အစိုးရလူကြီးမင်းတို့ ထိုအချက်အလက် ကို ကြုံတွေ့ဖူးကြမည်မထင် ။ တစ်ခါလောက် တာဝန်ရှိသူ အာဏာပိုင်အစိုးရမင်းတို့အနေနနှင့် လိုင်းကားတိုးမစီးတာတောင် မော်တော်ပီကယ် လမ်းကြောင်းရှင်းမပါပဲ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို စနည်းနာကြည့်စေချင်ပါသည် ။ နံပါတ် ၁ တွင် မေးထားသော မေးခွန်းအတိုင်း ယာဉ်ကြောပိတ်ဆို့မှုသည် မည်သူ့တွင်တာဝန်ရှိသနည်း ။ အစိုးရအာဏာပိုင်လူကြီးမင်းတွေလား ၊ နေ့စဉ် သွားလာနေသော ပြည်သူတွေလား ၊ ဘတ်စ်ကားသမားတွေလား ၊ ကိုယ်ပိုင်ယာဉ်မောင်းသူတွေလား ၊ တက်စီအမောင်းသမားတွေလား ၊ မထသ လား ပို့ဆောင်ရေးဝန်ကြီးဌာနလား စည်ပင်သာယာလား ကျွန်တော် တကယ်ကိုသိချင်မိသည် ။ နိုင်ငံတစ်နိုင်ငံကို အာဏာရ အစိုးရဖြစ်စေ လူထု တင်မြှောက်ထားသော အစိုးရဖြစ်စေ အစိုးရမင်းသာ အုပ်ချုပ်ပါသည် ။ ထို အစိုးရမင်းတွင် နိုင်ငံသားတိုင်း လိုလို ကြုံတွေ့နေရသော ပြဿနာကို ဖြေရှင်းရန် တာဝန်ရှိသည်ဟု ယူဆပါသည် ။ တာဝန်မရှိဟုဆိုလျှင် အစိုးမင်းများမှာ ဘာတွေ တာဝန်ရှိသနည်း ။ သေချာပါသည် ။ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို မြန်မြန်ဖြေရှင်းရန်လိုအပ်လာနေသော First Priority (ပထမဦးစားပေး ) အဆင့်ဖြစ်သည် ဟု ကျွန်တော်ယူဆပါသည် ။

မီဒီယာများမှဖြစ်စေ Social Network များ မှဖြစ်စေ နေ့စဉ်ယာဉ်ကြောပိတ်ဆို့နေခြင်းကို အမြဲတင်ပြနေခဲ့ပါသည် ။ သို့သော်ဘယ်လောက်ပဲ ရေးသည်ဖြစ်စေ တင်ပြသည်ဖြစ်စေ တာဝန်ရှိသူများသည် မသိကျိုးနွံပြုနေကြဆဲပင်ဖြစ်သည် ။ ကိုယ့်ကိုယ်ကို တာဝန်မရှိဟု ယူဆနေကြခြင်းလော သို့တည်းမဟုတ် ကြည့်ကောင်းကောင်းနှင့် ကြည့်နေကြခြင်းပေလော တာဝန်ရှိသူများမှပင်သိပေလိမ့်မည် ။ အဓိကကတော့ လူတွေ မှာ ကိုယ်ချင်းစာတရား ပျောက်ဆုံးနေခြင်းသာဖြစ်ပေလိမ့်မယ် ။ သူများ ဘယ်လောက်အခက်အခဲ ဖြစ်ဖြစ် ကိုယ့်အခက်အခဲမဖြစ်သရွေ့ ကိုယ်နဲ့မဆိုင် ကိုယ့်တွင်တာဝန်မရှိဟူသော တာဝန်မဲ့စိတ်ဓါတ်များ ကိန်းအောင်းနေသရွေ့ ကျွန်တော်တို့ ရန်ကုန်မြို့သည် စင်ကာပူကိုမှီဖို့မဆိုထားနှင့် ဒုံရင်းကဒုံရင်း လူနေထူထပ်သည်းသည်းကားကြပ်စိတ်ရှုပ်စရာမြို့ကြီးသာ ဖြစ်လာလိမ့်မည် ။


ဘာကြောင့် ယာဉ်ကြောပိတ်ဆို့ရသနည်း ဆိုသော မေးခွန်းကို ဖြေချင်နေတာကြပါပြီ ။ မိုးရွာလည်းလမ်းပိတ်သည် မီးပွိုင့်စနစ်တွေ Timing မကိုက်၍ လမ်းပိတ်သည် ဘတ်စ်ကားတွေ မှတ်တိုင်မှာ ပိတ်ရပ်၍ လူစောင့်တင်နေ၍လမ်းပိတ်သည် အိမ်ကားတွေများလာ၍ လမ်းပိတ်သည် ။ လမ်းတွေကျဉ်း၍ လမ်းပိတ်သည် ။ လမ်းပေါ် ဈေးသည်တွေ တက်ရောင်း၍ လမ်းပိတ်သည် ဘုရားဘုရား ကျွန်တော် တွေးကြည့်တာတင်အတော်များသည် ။

ထိုသို့ဆိုလျှင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန်နည်းလမ်းမရှိကြတော့ဘူးလား ။ အမြန်လမ်းတွေ ပြေးဖို့တွေ ဘီအာတီတွေ အမ်အာတီတွေ ခဏထားကြပါ မိုးပျံရထားတွေကောင်းကင်ရထားတွေ မြေအောက်ရထားတွေ ခဏထားကြပါဦး အပေါ်မှာ ဖော်ပြထားတဲ့ အရာတွေကို ဖြေရှင်းရန် နည်းလမ်းတကယ်မရှိကြတာလား ။ ရှိပါသည် ။ နည်းလမ်းများစွာရှိပါသည် ။ ရှိလျှင် ဘာကြောင့် မဖြေရှင်းပေးကြသနည်း ဟုတ်ကဲ့ တာဝန်မဲ့သော စိတ်ဓါတ်တွေကိန်းအောင်းနေခြင်းကြောင့်သာဖြစ်ပါသည် ။ တစ်ချက်ချင်းကို ပြန်လည်တင်ပြပါမည် ။


၁ ။ မိုးရွာလို့လမ်းပိတ်သည် အမှန်တော့ ဆင်ခြေဆင်လက်သာဖြစ်သည်။ မိုးရွာတိုင်းလမ်းပိတ်စရာမရှိပါသည် ။ အန္တရာယ်ဖြစ်မှာစိုး၍ ကားအရှိန်ကို လျော့ချလိုက်၍ ကားသွားနှေးသွားခြင်းသာဖြစ်နိုင်သည် ကားတွေ ဘီးလှိမ့်လို့မရလောက်အောင် ပိတ်ဆို့စရာအကြောင်းမရှိပါ ။ ဟော .... အဖြေတွေ့ပါပြီ မိုးနည်းနည်းရွာလိုက်တိုင်း လမ်းပေါ် ရေတင်သော စနစ်ဆိုးကြီးကြောင့်ဖြစ်သည် ။ ဘာကြောင့် စနစ်ဟူသော စကားကို ထည့်ပြောရသနည်း ။ မိုးရွာလျှင် ရေတင်သည် ကို ဖြေရှင်းရန် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းစေရန် လုပ်ဆောင်ရမည့်အစား အဘယ် ဥာဏ်ကြီးရှင်က ချော်တောငေါ့၍ လမ်းသားတွေမြှင့်ရမည်ဟု ရွှေဥာဏ်တော်စူးရောက်သွားသည်မသိ ကွန်ကရစ်ထုထည်အမြင့်ကြီးနှင့် လမ်းတွေ ခင်းလိုက်ကြသည် ။ သူတို့စိတ်ထဲ လမ်းမြင့်ရင် ရေမတင်ဟု တွေးနေပုံရသည် ။ မိုးက နာရီဝက်လောက်ရွာသည် ရေတွေပြန်တင်သည် ကားတွေပိတ်သည် ဒုံရင်းကဒုံရင်းသာဖြစ်နေလေတော့သည် ။

၂ ။ မီးပွိုင့်စနစ်တွေ ဒါတော့ကျွန်တော်သိပ်နားမလည်ချင် ရန်ကုန်မှ မီးပွိုင့်များသည် မော်တော်ပီကယ်လက်ထဲတွင် နီချင်သလို စိမ်းချင်သလို လုပ်လို့ရသည် ။ ခင်ဗျားတို့ တွေ့ဖူးကြသလတော့မသိပါဘူး တစ်ခါကဆိုလျှင် မီးပွိုင့် နှစ်ဖက်စလုံးမှာ အနီအ၀ါအစိမ်း ၃ ခုစလုံး လင်းနေတာတွေ့ရသည် ။ ကားတွေက မထွက်ရဲကြ ။ ဘယ်ထွက်ရဲမလဲ မတော် ရွှီ ဆိုပြီး အသံထွက်လာမှဖြင့် လိုင်စင်အသိမ်းခံရရင် သိမ်းခံရ ဒါမှမဟုတ် အိတ်ကပ်ထဲကပို်က်ဆံတချို့တော့ပါသွားမည်ဖြစ်သည် ။ ကမ္ဘာ့ အံ့သြစရာအကောင်းဆုံးမီးပွိုင့်စနစ် ရန်ကုန်မြို့တွင်ရှိပါသည် ။ စီမ်းနေရင်းတန်းလန်းက ကိုယ့်အလှည့်မှ တစ်ခါတည်း တန်းနီချင်နီသွားသည် အ၀ါကို ဘယ်လို ကျော်သွားမှန်းမသိ ကိုယ်က အ၀ါဆိုပြီး ကွေ့ကြောဖြတ်မည်ကြံတော့ ခဏလေးနဲ့နီသွားလို့ Back ပြန်ဆုတ်ရတာတွေရှိသည် တော်တော် အံ့သြစရာ မီးပွိုင့်စနစ် ဥာဏ်ကြီးရှင်များ ထွင်ထားသော မီးပွိုင့်စနစ်ဟု နေ့စဉ်တွေးနေမိတော့သည် ။

၃ ။ ဘတ်စ်ကားတွေ မှတ်တိုင်မှာ အကြာကြီးရပ်၍ လူစောင့်တင်လို့လမ်းပိတ်သည် ။ အမှန်တော့ ဘတ်စ်ကားတွေကို သိပ်မပြောချင်ပါ ဘာကြောင့်လည်းဆိုတော့ လူပေါင်းများစွာ ကို နေ့စဉ်တင်ဆောင်နေရသော ယာဉ်လိုင်းတွေ မရှိလျှင် ကျွန်တော်တို့အခြေခံလူတန်းစားတွေအဖို့ ခြေကျင်လျှောက်မှသာ မြို့ထဲရောက်နိုင်မည်ဖြစ်သည် ။ လိုင်းကားတစ်စီးတွင် လူငါးဆယ်တင်နိုင်သည်ဆိုပါစို့ အိမ်စီးကား တစ်စီးတွင် လူ ၂ ယောက်စီးလျှင် လိုင်းကားတစ်စီးက အိမ်စီးကား ၂၅ စီးစာနှင့်ညီမျှပါသည် ။ ဒါကြောင့် လိုင်းကားတွေ လမ်းကိုပိတ်ပြီး လူရပ်တင်တာမျိုးမဖြစ်ရလေအောင် Bus stop တွေကို ယာဉ် ၃ စီးစာ အနည်းဆုံး လမ်းဘေးမှ ချဲ့၍ လုပ်ပေးစေချင်ပါသည် ။ မှတ်တိုင်တိုင်းလိုလို လုပ်ရမည်ဟု ကျွန်တော်ယူဆပါသည် ။ လမ်းပိတ်လေ့ရှိသော မှတ်တိုင်များတွင် ပို၍ လုပ်ရမည်ဖြစ်သည် ။ လယ်တွေ မြေတွေသိမ်းနေမည့်အစား ထိုသို့အမှန်တကယ်လိုအပ်သော နေရာများတွင် လမ်းများ ချဲ့ထွင်စေချင်သည် ။ အိမ်ကားတွေများလာတာကတော့ ဘယ်လို မှမတတ်နိုင် ကျွန်တော်တို့မြန်မာနိုင်ငံမှာကလည်း ငွေလေးနည်းနည်းစုမိပြီဆိုလျှင် နေစရာမရှိရင်မရှိပလေ့စေ ကားဝယ်စီးမည်ဆိုသည့်လူအများကြီးပင်ဖြစ်သည် ။ ဘာကြောင့်မှန်းမသိပါ ကားမောင်းဝါသနာပါကြ၍ပင်ဖြစ်မည်ထင်သည် ။


၎ ။ လမ်းတွေကျဉ်းသည် မကျဉ်းအောင်ချဲ့မည် ချဲ့မည်ဆိုလျှင်ချဲ့လို့ရပါသည် ။ လူတွေ ကားလမ်းပေါ်တက်လမ်းမလျှောက်ရအောင် လူသွားလမ်းလုပ်စေချင်သည် ။ လူသွားလမ်းပေါ်တွင်လည်းလူများသာသွားစေချင်သည် ။ ဈေးသည်တွေ က တခမ်းတနား ဆိုင်ခန်းတွေ ဘာတွေဘာတွေဖွင့်၍မ ရောင်းစေချင် ။ ထိုသို့ပြောလျှင် ဈေးသည်တွေစီးပွားရေးတုတ်နှင့်ထိုးရာရောက်ဦးမည် ။ အဓိကကတော့ လိုင်းကြေးစနစ်ဆိုလား ဈေးကောက်ဆိုလား တရားမ၀င် ဈေးသည်တွေ ပလက်ဖောင်းပေါ်လမ်းပေါ် တက်ရောင်းနေသည်ကို ခွင့်ပြုထားသည့် ဆိုးရွားလွန်းသော လုပ်ရပ်ကြောင့်ဖြစ်သည် ။ စစ်ဆေးရေးလာမည်ဆိုလျှင် ကြိုတင်အကြောင်းကြားပြီး ဈေးသည် တစ်သည်နှစ်သည်လောက်ကို ဟန်ပြဖမ်း ပြီးလျှင် တစ်ပတ်လောက်တော့ရှင်းသွားသည် ။ တစ်ပတ်ကျော်လျှင်ဒုံရင်းကဒုံရင်း ဈေးသည်တွေပြန်ရောက်မြဲ ဈေးကောက်တွေကောက်၍ ခွင့်ပြုမြဲ လမ်းတွေကပိတ်မြဲပိတ်မြဲပင်ဖြစ်ပေတော့သည် ။

နည်းလမ်းများစွာ ရှိပါသည် ။ တမင်မဖြေရှင်းကြပေးခြင်းသာဖြစ်သည် ။ ဘာကြောင့်မရှင်းတာလဲဆိုလျှင် ကိုယ်ကိုယ်တိုင်ထိုဒုက္ခမျာားကို မကြုံတွေ့ဖူး၍သော်လည်းကောင်း ကြုံတွေ့ဖူးလျှင်လည်းအရေးမကြီးဟုထင်နေသလား ဆိုသည်ကတစ်ကြောင်း ကျွန်တော်လည်းသိပ်မတွေးတတ်တော့ပါ ။ တာဝန်မဲ့လွန်းသည်ဟူသော စကားတစ်ခွန်းသာပြောချင်ပါသည် ။ အဆုံးသတ်အနေနှင့်ယာဉ်ကြောပိတ်ဆို့မှုကြောင့် နစ်နာရသောအရာများကိုတင်ပြလိုသည် ။ တခါတလေ VIP လမ်းကြောင်းကြောင့် မော်တော်ပီကယ်က လမ်းပိတ်ထားပြီး တစ်ဖက်မှာ ဆေးရုံတင်ကားထဲကလူနာက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေရသော အခြေအနေများ မမြင်မတွေ့ချင်မှအဆုံး ။ ထို ဆေးရုံ့တင်ကားကို ရုပ်ရှင်တွေထဲက စူပါမန်းလို မ ပြီး VIP လမ်းကြောင်းပေါ်ချထားပေးလိုက်ချင်သည် ။ လူလူချင်း သူတို့ဘာကြောင့် ကျွန်တော်တို့ထက် အရေးကြီးလူသားများဖြစ်နေရသနည်း ။ တကယ်တွေးကြည့်လျှင် ကျွန်တော်တို့က ပြည်သူတွေဖြစ်သည် ။ ပြည်သူတွေ တင်မြှောက်ထားသော အစိုးရသည် ပြည်သူတွေလို ဒုက္ခတွေခံစားရမည် ပြည်သူတွေစားသည့်ဆန်ပဲစားရမည် ပြည်သူတွေနဲ့တစ်သားတည်းဖြစ်နေရမည်မဟုတ်ပါလား ။

ပိတ်ဆို့နေသော ယာဉ်ကြောထဲတွင် အဖေအသက်မမှီမှာစိုး၍ မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနှင့်ဆေးရုံးကိုတက်စီငှား၍ ထွက်လာရသော ဆင်းရဲသားတစ်ယောက်ပါကောင်းပါမည် ။ အရေးကြီးအစည်းအဝေးရှိ၍ မျက်နှာမှာ ချွေးပျံနေသော ၀န်ထမ်းတစ်ယောက်ပါကောင်းပါမည် ။ လူနာက သွေးပေါင်ချိန်တက်နေ၍ လေဖြတ်မှာစိုး၍ လူနာပင့်ခံထားရသော ရေးကြီးသုတ်ပျာ ဆရာဝန်တစ်ယောက်ပါကောင်းပါမည် ။ ဆေးရုံခွဲမှ မနိုင်တော့၍ ရန်ကုန်ဆေးရုံကြီးသို့အရေးပေါ်လွှဲလိုက်သော တက်စီပေါ်မှ အောက်ဆီဂျင်ဘူးနှင့်လူနာတစ်ယောက်ပါကောင်းပါမည် ။ ရုံးချိန်မမှီမှာစိုး၍ သောကရောက်နေသော ဘတ်စ်ကားပေါ်မှ လူအုပ်ကြီးပါကောင်းပါမည် ။ အများကြီးပင်ဖြစ်နိုင်ပါသည် ။ ငွေကြေးအရ တွက်ချက်မည်ဆိုလျှင်လည်း Time waste အရ Man power တွေလည်းဆုံးရှုံး ငွေကြေးများလည်း အချိန်နှင့်အမျှ ဆုံးရှံးနေရသည် ။

တွေးမိကြရဲ့လား အစိုးရမင်းများခင်ဗျာ တစ်နေ့တစ်နေ့ပိုဆိုးလာတဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို အစိုးရမင်းတွေ ဒီအတိုင်းကြည့်နေကြတော့မှာလား ဟု မေးချင်ပါသည် ။

သက်တန့်ချို
3rd Sept 2014
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, September 2, 2014

ကိုယ့်ကိုယ်ကိုတော့အနည်းဆုံးရိုးသားစမ်းပါ


ကိုယ့်ကိုယ်ကိုတော့အနည်းဆုံးရိုးသားစမ်းပါ

ကိုယ်လုပ်နေတဲ့အလုပ်အပေါ်ကို ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင် တစ်သက်လုံးအလုပ်သမားဘ၀မှာပဲနေရလိမ့်မယ်

ကိုယ်ရနေတဲ့လစာငွေ အပေါ်ကို ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင် ကိုယ်ရတဲ့လစာငွေဟာ ဘယ်တော့မှ ဖြူစင်မှာမဟုတ်ဘူး

ကိုယ့်ဘေးနားက အပေါင်းအသင်း သူငယ်ချင်း တွေအပေါ်ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင် ကိုယ့်မှာ အတိုက်အခံရန်သူတွေ များလာလိမ့်မယ်

ကိုယ် ကျင်လည်ဖြတ်သန်းနေတဲ့ဘ၀မှာ ရိုးသားမှုရှိပါ
ရိုးသားမှုမရှိရင်ကိုယ့်ဘ၀ဟာ ကောင်းစားလည်းအချိန်ပိုင်းပဲ ပြန်လည်နိမ့်ကျလာလိမ့်မယ်

တစ်ခါတစ်လေ ဘယ်သူမှ မသိပါဘူးလေဆိုပြီး ကိုယ်လုပ်လိုက်တဲ့မရိုးသားမှုတွေက
အနည်းဆုံးကိုယ်ကိုယ်တိုင်တော့ သိနေသေးတာပဲမဟုတ်လား

ဘယ်သူ့ကိုမှ သင်မရိုးသားခဲ့ဘူးဆိုရင်တောင်
သင့်ကိုယ်သင်တော့ ရိုးသားမှုရှိစမ်းပါ

ထိမ်းသိမ်းရခက်ခဲတဲ့အရာ
ရှားပါးလို့ မမြင်မတွေ့နိုင်တဲ့အရာ
လွယ်လွယ်နဲ့ ၀ယ်ယူလို့မရတဲ့အရာ မှန်သမျှ
တန်ဖိုး မြင့်မားလွန်းပါတယ် ။

သက်တန့်ချို 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, August 30, 2014

သင်ရော ဘယ်လို လူစားမျိုးလဲ ?

George Bernard Shaw က ဒီလိုပြောခဲ့တယ်

" ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်လုပ်ခဲ့သမျှ အလုပ်ဆယ်ခုမှာ ကိုးခုလောက် ရှုံးနိမ့်တာ တွေ့ခဲ့ရတယ်
ကျွန်တော် ရှုံးနိမ့်မှုကို မလိုချင်ဘူး
ဒါကြောင့် နောက်ထပ်အလုပ်ကို ဆယ်ကြိမ်ပိုလုပ်ခဲ့တယ် "

------------------------------------------------------------------

လူမှန်ရင် အရှုံးဆိုတာ တွေ့ဖူးကြမှာပါပဲ
လောကကြီးမှာ မရှုံးဖူးတဲ့လူမရှိပါဘူး လူတိုင်း ရှုံးနိမ့်ဖူးပါတယ်

ဘာကွာသွားသလဲဆိုရင်
အရှုံးကို သင်ခန်းစားယူပြီး ခွန်အားအဖြစ်ပြောင်းလဲ အသုံးချတတ်တဲ့လူနဲ့
အရှုံးကို စိတ်ဓါတ်ကျပြီး အလျော့ပေးပျော့ညံ့သွားတဲ့လူနဲ့
၂ မျိုးကွာသွားပါတယ် ။

သင်ရော ဘယ်လို လူစားမျိုးလဲ ?

သက်တန့်ချို
30 August 2014
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, August 29, 2014

သိဖို့ မှတ်ဖို့

သိဖို့ မှတ်ဖို့

ရေရေရာရာမသိပဲ သူတစ်ပါးမကောင်းကြောင်းကို မပြောမိစေနဲ့
ကိုယ်ထင်သလိုမဟုတ်ခဲ့ရင် ကိုယ့်ကိုယ်ကို ရှက်ဖို့ကောင်းတယ်

အလကားနေရင်းသူများချမ်းသာကြီးပွားတာ မနာလိုမဖြစ်စေနဲ့
မုဒိတာစိတ်ကို မထားနိုင်ရင် ကိုယ့်ဘာသာပဲ ပူလောင်ဆင်းရဲတတ်တယ်

သူတစ်ပါးကောင်းစားနေတာ မြင်ရရင် ကြည်နူးပျော်ရွှင်လိုက်ပါ
မနာလို မုန်းတီးခြင်းတွေအစား ကြိုးစားလိုစိတ်ကိုသာ မွေးမြူပါ

ကိုယ့်ရန်သူကို စိတ်ထဲမှာ မွေးမြူမထားနဲ့
မခွင့်လွှတ်နိုင်ဘူးဆိုရင်တောင် စိတ်ထဲကနေ အပြီးစွန့်လွှတ်လိုက်ပါ

သူတစ်ပါးကို စိတ်ဆင်းရဲအောင်လုပ်ရင် အရင်ဆုံးစိတ်ဆင်းရဲရမှာကကိုယ်ပါ
သူတစ်ပါးအကျိုးကို ပျက်စီးအောင်လုပ်ရင် အရင်ဆုံး ထိခိုက်ပျက်စီးမှာ ကိုယ်ပါ
သူတစ်ပါးကို မုန်းတီးရင် အရင်ဆုံးပူလောင်ရမှာ ကိုယ်ပါ
သူတစ်ပါးကို မကောင်းပြောရင် အရင်ဆုံးမကောင်းပြောခံရမှာကကိုယ်ပါ

ဘာကြောင့်လည်းဆိုတော့ ကိုယ်လက်ညှိုးထိုးလိုက်တိုင်း
ကျန်တဲ့လက်လေးချောင်းက ကိုယ့်ကို ပြန်ထိုးသလို
သဘာဝ လောကကြီးက တန်ပြန်အကျိုးသက်ရောက်မှုတွေ ပေးလေ့ရှိတဲ့အတွက်ပါပဲ ။ 

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, August 28, 2014

ယုံကြည်စမ်းပါ ။





ကိုယ့်တန်ဖိုးနဲ့ ကိုယ့်ပျော်ရွှင်မှု
ကိုယ့်အရည်အချင်းကို တစ်ပါးသူ လာကပ်ပေးတာမဖြစ်စေနဲ့
ကိုယ့်ရင်ဘတ်မှာ ကိုယ်ကိုယ်တိုင် ကပ်နိုင်တဲ့လူ ဖြစ်အောင်ကြိုးစားပါ

လောကကြီးမှာ အခက်ခဲဆုံးဆိုတဲ့အရာ မကျော်ဖြတ်နိုင်တဲ့အရာဆိုတာမရှိပါဘူး
လူ့စွမ်းအားထက်ကျော်လွန်တဲ့ ခက်ခဲကြမ်းတမ်းမှုဆိုတာလည်းမရှိပါဘူး
ကိုယ့်ကိုယ်ကိုသာ ယုံကြည်ချက် ရှိနေခဲ့ရင်
ဘယ်လောက်ထိ မြင့်မားတဲ့ တောင်တန်းကြီးဖြစ်နေပါစေ
ဟိုး ထိပ်ဆုံးထိရောက်အောင် သင်တက်နိုင်ပါတယ်

ယုံကြည်စမ်းပါ ။

သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ပျော်ရွှင်ခြင်းက သင့်ဆီမှာ


ကိုယ့်ဖက်က မိုးလောက်ကြီးတဲ့ ပြဿနာဖြစ်နေပေမယ့်
တစ်ပါးသူအတွက် ဇီးစေ့လောက်သာ ကြီးတဲ့ ပြဿနာဖြစ်နေတတ်တယ်

ကိုယ့်ဖက်က ခက်ခဲကြမ်းတမ်းလွန်းတယ်ထင်ရပေမယ့်
တစ်ပါးသူအတွက် ဒီလောက်လည်း မကြမ်းတမ်းပါဘူးလို့ ထင်နေတတ်တယ်

သူတစ်ပါးကို နားမလည်ရကောင်းလားဆိုပြီး  အပြစ်မတင်လိုက်ပါနဲ့
တကယ်တော့ သူတို့ ကြုံတွေ့ဖူးတဲ့ ပြဿနာနဲ့အခက်အခဲတွေက
ကိုယ်ကြုံနေရတာထက်ပိုကြီးမား ကြမ်းတမ်းခဲ့လို့လည်း ဖြစ်နိုင်ပါတယ်

အသက်တစ်ရာ မနေရ အမှုတစ်ရာကြုံရ ဆိုတဲ့စကားလည်းရှိသားပဲ
ကိုယ်တစ်ယောက်တည်း ကံဆိုးမှုတွေချည်းကြုံနေရတယ်မထင်ပါနဲ့
လူတိုင်းလိုလို ကံဆိုးတဲ့နေ့ရက်တွေ ကြုံတွေ့ဖူးပါတယ်

ပြဿနာနဲ့အခက်အခဲတွေကို ကျော်ဖြတ်ပြီး
သူများတွေတောင် ပျော်ရွှင်တဲ့ နေ့ရက်တွေဆီ သွားနိုင်သေးတာ
ကိုယ်ရော ဘာလို့ သူတို့လို မလုပ်နိုင်ရမှာလဲ

တကယ်တော့
ပျော်ရွှင်ခြင်းကသင့်ဆီမှာ
အရည်အချင်းကသင့်ဆီမှာ
ယုံကြည်ခြင်းကသင့်ဆီမှာပါ ။

သက်တန့်ချို 


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................