Tuesday, July 31, 2012

နတ်သမီးကမ်းခြေ (သို့ ) ဆိုက်ပရပ်မှ မီးအိမ်ရှင်

နတ်သမီးကမ်းခြေ (သို့ ) ဆိုက်ပရပ်မှ မီးအိမ်ရှင်



အစ်မတော်နတ်သမီးဘလော့(ဂ်) သုံးနှစ်ပြည့်အတွက် တစ်ခုခုရေးမယ်လို့ စဉ်းစားတယ် ။ ဒီတော့ ဆောင်းပါး ပဲရေးရမလား ဆိုက်ပရပ်ပဲရေးရမလား စဉ်းစားရင်းနောက်ဆုံးကိုယ်အားသန်တဲ့ကဗျာပဲ ချရေးမိတယ် ။ လွန်ခဲ့တဲ့ ၃နှစ်ကတည်းကစလို့ မောင်နှမရင်းချာတွေလို အတူတူဖေးမကူညီရင်း စာတွေရေးကဗျာတွေရေးလာခဲ့ကြတာ အစ်မတော် နမ်းမ၀ရဲ့ ဘလော့ဂ် ၃ နှစ်ပြည့်ခဲ့ပြီဖြစ် တယ် ။ ဆိုက်ပရပ် မြို့ကလေးရဲ့ ဒဏ္ဍာရီတွေ နူးညံ့လှတဲ့ သူ့က ဗျာတွေဟာ တကယ်တော့ စာဖတ်သူတွေကို စွဲဆောင်နိုင်ယုံသာမက ဗဟုသုတတွေပါတိုးပွားစေခဲ့တယ် ။ အစ်မတော်ရေ ဘလော့ဂ် ၃ နှစ်ပြည့်မှသည် နောင် နှစ်ပေါင်းများစွာ အထိတိုင်အောင် စာပေ ဖြင့် ဘာသာအကျိုး သာသနာအကျိုးကို ဆထက်တံပိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးရင်းဒီကဗျာလေးကို ချရေးလိုက်ပါတယ် ။

နတ်သမီးကမ်းခြေ (သို့ ) ဆိုက်ပရပ်မှ မီးအိမ်ရှင်

အလင်းတွေနဲ့တွယ်ယှက် -- တကယ်ခက်တဲ့ ဘ၀ ဆိုတဲ့အရာမှာ
အမကြီး အမိအရာ -- သွန်သင်ပဲ့ပြင်ဆုံးမမှုနဲ့
ငါတို့ လူလားမြောက်ခဲ့ကြတာ နှစ်ပေါင်း ၃၀ နီးပါး
လေလှိုင်းပေါ်မှာ ရွှေငွေတွေထက်အဖိုးတန်တဲ့ ခင်မင်ရင်းနှီးမှုနဲ့
လေလှိုင်းပေါ်မှာ စိမ်းစည်ဥစ္စာတွေထက်အဖိုးတန်တဲ့ သံယောဇဉ်တွေနဲ့
သူ ရက်လုပ်ခဲ့တာ အခုဆို ရက်ပေါင်း ၁၀၉၅ ။

ကမ်းခြေတစ်ခုသာသာပါပဲ ပင်လယ်ကသယ်ဆောင်တဲ့လှိုင်းဒါဏ်ကိုခံရတယ်
ကမ်းခြေတစ်ခုသာသာပါပဲ လှိုင်းတွေက သယ်ဆောင်တဲ့ အမှိုက်တွေလည်းလာလာကပ်တယ်
ကမ်းခြေတစ်ခုသာသာပါပဲ ဒေါသကြီးတဲ့ မုန်တိုင်းတွေလည်းရင်ဆိုင်ရတယ်
သူ ဟာ ကျောက်ဆောင် -- မားမားမတ်မတ်ရပ်လို့
သူ ဟာ ကမ်းခြေ -- လန်းလန်းဆန်းဆန်း ဖူးပွင့်လို့
သူ ဟာ ပင်လယ် -- အားကြိုးမာန်တက် လှော်ခတ်လို့
ခရီးတစ်ခု မှတ်တိုင်တစ်ခု စိုက်ထူ ခဲ့ ။

လက်တစ်ဖက်မှာ မီးအိမ်တစ်ခုကို ကိုင်စွဲ
သူတိုက်ပွဲဝင်ခဲ့တယ် -- အမှန်တရားအတွက် -- စာပေအတွက်
ချစ်ခင်ရင်းနှီးမှု သံယောဇဉ်တွေအတွက်
ဘယ်တော့မှ မပြယ်တဲ့ တိမ်စိုင် တချို့ -- လေပြည်တချို့ -- ရနံ့တချို့
ဆိုက်ပရပ်မြို့ကလေးမှာ နတ်သမီးတစ်ပါးနေတယ် ။

ရောက်သွားခဲ့တယ် -- အနုပညာ ပျိုးခင်းထဲ
ခရမ်းပြာ အိပ်မက်တွေနဲ့ ကြယ်တွေစုံတဲ့ည
ဘ၀ကခါးလည်း အားတင်းလို့ အပြုံးတွေခြွေချ
ကြွေကျသွားတဲ့ နှင်းဆီ ပွင့်ဖတ်ကလေးတွေတိုင်း
လောကကို သဘာဝအတိုင်းအလှဆင်လို့
ဆိုက်ပရပ်မှ မီးအိမ်ရှင်ကလေးတစ်ဦး---
ကမ်းခြေ မှာ ရပ် -- လှိုင်းတွေရဲ့ အသံ ကို နားစွင့်- -
သူ့ ဆံနွယ်ခက်တွေ --- လေညှင်းတွေကြား တလွင့် လွင့် -- ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 27, 2012

“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”

“ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် ဘယ်လိုပြင်ဆင်ကြမလဲ ရွှေမြန်မာ ”

ဒီခေါင်းစဉ်ဟာ Breaking news ဆိုတာထက်ပိုအရေးကြီးဆိုတာ ပထမဆုံးအနေနဲ့ ပြောပါရစေ ။ အခုရေးမယ့်ဆောင်းပါးဟာ တကယ့်ကို အရေးကြီးတဲ့အချက်တွေနဲ့စဉ်းစားစရာတွေ ၊ ပြင်ဆင်စရာတွေ ပါဝင်လာပြီဖြစ်တဲ့အတွက် စာဖတ်သူများရော တာဝန်ရှိသူများရော အစိုးရပိုင်းကပါ ဒီ တာလီဘန်တွေရဲ့ကြေငြာချက်အပေါ် မပေါ့မလျော့ပဲ အများကြီး သတိထား ပြင်ဆင်ထားကြရမယ်ဆိုတာ ပထမဦးဆုံးပြောလိုပါတယ် ။



တာလီဘန်အဖွဲ့ခေါင်းဆောင်ပိုင်းများ

TTP ဆိုတဲ့စကားလုံးသုံးလုံးရဲ့အရှည်ကောက်ကတော့ Tehreek-e-Taliban Pakistan ကို ရည်ညွှန်းပါတယ် ။ ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမေရိကလို နိုင်ငံကြီးမျိုးကိုတောင် ဒီ TTP အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ အသေခံ ဗုံးခွဲမှုတွေ ပြုလုပ်ခဲ့တဲ့လက်ရဲဇတ်ရဲ အစွန်းရောက်အဖြစ်ဖြစ်တယ် ။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှုများ ပါဝင် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်

TTP ဆိုတဲ့အဖွဲ့ဟာ ဘာလဲ

ဒီဆောင်းပါးရေးဖြစ်ရခြင်းရဲ့အဓိကအကြောင်းအရင်းက TTP ကြေငြာချက်နဲ့ တိုက်ရိုက်ပတ်သတ်တယ် ။ သူတို့ကြေငြာချက်ကို မဖော်ပြခင်မှာ အဲဒီအဖွဲ့အစည်းအကြောင်းအနည်းငယ်တင်ပြချင်ပါတယ် ။ TTP ဆိုတာ များစွာသော အစ္စလာမ် စစ်သွေးကြွအကြမ်းဖက်သူတွေ စုစည်းထားတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပြီး ပါကစ္စတန် ထဲက အာဖဂန်နယ်စပ်တလျှောက် အနောက်မြောက်ဖက် လူမျိုးစု ဧရိယာတွေမှာ အခြေချ ထားတာဖြစ်တယ် ။



၂၀၀၇ ခုနှစ် ဒီဇင်ဘာ မှာ Baitullah Mehsud ရဲဦးဆောင်မှုနဲ့ အုပ်စု ၁၃ ခုဟာ TTP အဖြစ်ဖွဲ့စည်းခဲ့တယ် ။ အဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ကတော့ Parkistani military ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက်ဖြစ်တယ် ။ TTP ရဲ့ပထမဆုံးခေါင်းဆောင်ဖြစ်တဲ့ Baitullah Mahsud ဟာ ၂၀၀၉ ခုနှစ် သြဂုတ်လ ငါးရက်နေ့က ပေါက်ကွဲမှုမှာ အသတ်ခံခဲ့ရပြီး နောက်ထပ်ခေါင်းဆောင် Hakimullah Mahsud ကတော့ အမေရိကမှာ အသေခံ စစ်စင်ရေးတွေကို စတင် တွင်ကျယ်စေခဲ့သူဖြစ်တယ် ။ ဒီအဖွဲ့အစည်းဟာ United state ကို အကြိမ်ပေါင်း များစွာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ် မေ ၁ ရက်နေ့က နယူယောက် မြို့မှ Times Square ကို မအောင်မြင်ခဲ့တဲ့ဗုံးခွဲတိုက်ခိုက်မှုကို ကြံစည်ခဲ့သူတွေလည်းဖြစ်တယ် ။ ၂၀၁၁ ခုနှစ် ဂျွန်လမှာ TTP ရဲ့ပြောဆို ခွင့်ရှိသူတစ်ဦးက အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုအတွက်လက်စားချေဖို့ အတွက် United States နဲ့ ဥရောပကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဆိုခဲ့ပါတယ် ။



ကမ္ဘာတ၀ှမ်းမှာရှိတဲ့ အစ္စလာမ်တွေကလည်း မြန်မာအစိုးရရဲ့ ဘဂါင်္လီအရေးကို ဆောင်ရွက်မှုအပေါ် ယခုလို ပုံတွေ မှာမြင်ရတဲ့အတိုင်း စော်ကားစွာ တုံ့ပြန်ခဲ့ကြတယ် ။


TTP ဆို တာ အစွန်းရောက်အစ္စလာမ်တွေဖွဲ့စည်းထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့အဖွဲ့အစည်းဖြစ်တာနဲ့အညီ အကြမ်း ဖက်တိုက်ခိုက်မှုပေါင်းများစွာ အသေခံ တိုက်ခိုက်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ လူမ ဆန်သော အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ် ။ သူတို့ပြောတာကတော့ အခုနောက်ပိုင်းဆက်လုပ်နေတဲ့ တိုက်ခိုက် မှုပေါင်းများစွာဟာ အိုစမာဘင်လာဒင်ရဲ့သေဆုံးမှုတွေနဲ့ပတ်သတ်နေတယ်လို့ဆိုတယ် ။

ပါကစ္စတန် တာလီဘန်အဖွဲ့တစ်ဖွဲ့မှ ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ခြိမ်းခြောက်မှု များပါဝင် သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်



သူတို့ ကြေငြာချက်ဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ဘဂါင်္လီ - ရခိုင် အရေးအခင်းနဲ့ တိုက်ရိုက်ပတ် သတ်နေ တယ် ။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကဘဂါင်္လီတွေနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ (UNHCR) မဟာမင်းကြီးမစ္စတာ အန်တိုနီယိုဂူတာ ရက်စ်နှင့် တွေ့ဆုံ တုန်းကတိုင်းရင်း သားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လုံးဝလက်မခံနိုင်ဘူး ဆိုတာပြောခဲ့တယ် ။ ဒါ့အပြင် နောက် ဆုံး ဖြေရှင်းသည့် နည်းလမ်းကတော့ ခိုးဝင်လာတဲ့ ဘဂါင်္လီတွေကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်းအဖြစ် ထားရှိဖို့နဲ့ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန်ဆိုပြီးလည်းအတိအလင်းပြောခဲ့တယ် ။ သမ္မတကြီးက ဆက်လက်ပြီး တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်းပြောခဲ့တယ် ။ အဲဒီလို သမ္မတကြီးပြောပြီးလို့ မှမဆုံးခင် TTP က နေကြေငြာချက်ထွက်ပေါ်လာခဲ့တယ် ။ အဲဒီကြေငြာချက်ထဲမှာ -

၁ ။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုများအပေါ် လက်စားချေ တိုက်ခိုက်မှု များ ပြုလုပ် သွားမည်ဖြစ်ကြောင်းနှင့် ပါကစ္စတန် အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံသံတမန်ရေးရာ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်သွားရန်ကိုလည်း ဖိအားပေး တောင်းဆိုထားသည့်အချက်များ

၂ ။ ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးကိုလည်း ပိတ်ပစ်ရန်

၃ ။ TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား မှန်သမျှကို ဖျက်ဆီးသွားမှာဖြစ်သလို မြန်မာနိုင်ငံအပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက် ခိုက်သွားပါမယ်''ဟုပြောကြားခြင်း ။ စတာတွေပါဝင်ပါတယ် ။ ဒါ့အပြင်TTP အဖွဲ့မှ Ehsanullah Ehsan က ''ကျွန်တော်တို့ ပြန်လည်လက်တုံ့ပြန်သွားပါမယ်၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးသွားမှာဖြစ် သလို မြန် မာနိုင်ငံ အပေါ် လိုလားသူတွေကိုလည်း ဆန့်ကျင်တိုက်ခိုက်သွားပါမယ်''ဟုပြောကြား စတာတွေ လည်းပါ ၀င်ပါတယ် ။ ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်တဲ့ Organization of Islamic Cooperation - OIC ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဆိုသူကလည်း သမ္မထံကို “ မြန်မာနိုင်ငံအတွင်း အစ္စလာမ် ဘာသာဝင်များအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေး ရန် ” ဆိုတဲ့စာပေးပို့တိုက်တွန်းခဲ့တယ်လို့ သတင်း တစ်ခုမှာ ဖော်ပြထားတယ် ။

စည်းလုံးညီညွှတ်ကြတဲ့ အစ္စလာမ် များ နှင့် အားနာတတ်သော တို့ မြန်မာ



ဒီခေါင်းစဉ်တပ်ရတာ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရသလိုဖြစ်နေခဲ့တယ် ။ သနားလို့ အားနာလို့ ကျွန်တော်တို့ ဟာ စိတ်ဓါတ်တွေကလည်း နဂိုကတည်းက သနားစိတ်အရင်းခံ ခပ်ပျော့ပျော့များ ရှိတဲ့နည်းတူ ကဲကဲ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ နေကြရယ်လို့ ဆိုပြီး မြန်မာနိုင်ငံ အတွင်းနေထိုင် ခွင့်ပေးခဲ့ကြရာ ကအစ တစတစ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်က သတိထားမိလောက်တဲ့အချိန်မှာ ဆေးမှ မှီပါ့မလားဆိုပြီး ကိုယ့် အနာကို ကိုယ်ပြန်ကြည့်ရသလိုဖြစ်နေခဲ့တယ် ။ ဒီလို တာလီဘန်တွေရဲ့ခြိမ်းခြောက်မှုဟာ အစ္စလာမ် ဘာသာ ၀င်တွေရဲ့စည်းလုံးမှု အပေါ် ပြသရာလည်းရောက်ပြီး ငါတို့ ခြောက်လိုက်ရင်တော့ မြန်မာအစိုးရအနေနဲ့ ဘဂါင်္လီတွေကို တစ်ခုခုတော့စီစဉ်ပေးမှာပဲဆိုပြီးတွေးထားပုံလည်းပေါ်ပါတယ် ။ ခြိမ်းခြောက်တာကို မကြောက်ပေ မယ့် လည်း ပြင်ဆင်စရာရှိတာတွေကို တော့ ပြင်ဆင်ထားရမယ်မဟုတ်လား ။ အားနာတတ် လွန်း လို့ ကိုယ့် တဲထဲပေးဝင်ရာက တဲထဲကပိုင်ရှင်ပါ အပြင်ထွက်ပေးလိုက်ရတဲ့ပုံပြင်လို အခုတော့ ကိုယ့်မြေကိုယ့်ရေ ထဲနေပြီး ကိုယ့်တိုင်းရင်းသာေးတွက မသင့်မမြတ်ဖြစ်ရာကစ လို့ မငြိမ်းသော မီးတွေတောက်လောင်နေကြရပြီ ။ တကယ်ဆိုရင် ဧည့်သည်ဆိုတာ အိမ်ရှင်ရဲ့အရိပ်အကဲ ကို တောင် ကြည့်ပြီး နေတတ် ထိုင်တတ်နေ ရမယ်မဟုတ်လား ။ ဘယ်လို အိမ်ရှင်မျိုးကမှ ဧည့်သည်က ပြန်စော် ကားတာ မျိုးတော့လက်ခံမှာမဟုတ်ဘူး ။ တစ်ကမ္ဘာလုံးမှာလည်း အစွန်းရောက် အကြမ်းဖက် အစ္စလာမ် တာလီဘန်တွေရဲ့ ရိုင်းစိုင်းကြမ်းကြုတ်လို့ လူမဆန်စွာ သတ်ဖြတ်မှုတွေကိုလည်း စာမျက်နှာပေါင်းများစွာ ဓါတ်ပုံပေါင်းများစွာ ကျွန်တော်တို့ ကြည့်ခဲ့ကြပြီးဖြစ်တယ် ။




မြန်မာတွေအားလုံး ကျွန်တော်အပါအ၀င် ကိစ္စတစ်ခုကို လေးလေးနက်နက်ရေ ရှည်မတွေးပဲ ရေ တိုပဲကြည့် တတ်ကြတယ် ။ အခုလို ဖြစ်ခဲ့တာဟာလည်း အကြောင်းအချက်ပေါင်းများစွာရှိတယ် ။

၁ ။ ဘဂါင်္လီ - ရခိုင်အရေးအခင်းမှာ နိုင်ငံခြားပြည်ပ မီဒီယာတွေရဲ့ သတင်းမှားတင်ပြီး သွေးထိုးလှုံ့ဆော်မှု

၂ ။ လူမျိုးခြားစိမ့်ဝင်မှုကို လစ်လျှူရှုလို့ ကိုယ့်စီးပွား တစ်ခုတည်းသာကြည့်တတ်တဲ့ ခရိုနီတစ်စုရဲ့ အတ္တကြီးမှု

၃ ။ သဘောကောင်းလွန်းလို့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေကြပါလို့ ရေရှည်မတွေးပဲ ဘာသာ ပါ ပျောက် ကွယ် ရလောက်အောင် သဘောကောင်းလွန်းတဲ့ မှားယွင်းမှုကြီး

၎ ။ အနီးအနားမှာရှိနေတဲ့ လူတွေကို ကိုယ့်လို စိတ်ဓါတ်မျိုးပဲရှိမှာပဲဆိုပြီး ပေါ့ပေါ့ဆဆတွေးထင်တတ်ကြလို့

၅ ။ တစ်ကမ္ဘာလုံးမှာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို ထိရင်ဆတ်ဆတ်ထိမခံတတ်တဲ့ Organization of Islamic Cooperation-OIC ရဲ့ သွေးစည်းမှု ကို လျှော့တွက်ထားခြင်း

၆ ။ လုပ်ကြံဖန်တီးထားသော ဓါတ်ပုံပေါင်းများစွာဖြင့် အစ္စလာမ် တွေမြန်မာနိုင်ငံမှာ အသတ်ခံနေရပြီဆိုပြီး သတင်းမှားများအား အင်တာနက်စာမျက်နှာအနှံ့တွင်တင်လာခြင်း ။

၇ ။ နိုင်ငံရေးအတိုက်အခံ ပြည်ပရောက်အဖွဲ့အစည်းများက ဘဂါင်္လီများကိုရို ဟင်ဂျာအမည်ခံတိုင်းသား မျိုးနွယ်စု အဖြစ် သွတ်သွင်းရန် ပြည်ပ နိုင်ငံကြီးများအကူအညီယူ၍ ဖိအားပေးလာခြင်း ။

စတဲ့အချက်တွေဖြစ်တယ် ။

ဘာတွေပြင်ဆင်ထားသင့်တယ်လို့ထင်သလဲ

သူတို့ရဲ့ နည်းတွေက အကြမ်းဖက် တိုက်ခိုက်တဲ့နည်းတွေ ဖြစ်တဲ့နည်းတူ အသေခံဗုံးခွဲမယ် အသေခံ ဖောက် ခွဲမယ် စတဲ့ နည်းလမ်းတွေနဲ့အတူ ချောင်းမြှောင်းလုပ်ကြံမယ် ဆိုတဲ့ကိစ္စတွေလည်း ပါလာနိုင် တယ် ။ ဒီတော့ နိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေရဲ့ Security ကို အထူးမြှင့်တင်ထားဖို့လိုသလို အရေးကြုံရင် ကာကွယ်ပေး မယ့် ပြည်သူ့တပ်မတော်ကိုလည်း အရည်အသွေးပြည့်မီအောင် လိုအပ်တာနဲ့ အဆင်သင့် အင် တိုက် အားတိုက် ဖြိုခွဲနိုင်အောင် ပြုလုပ်ရပါမယ် ။ ရေတပ် အင်အားကို အများကြီးတိုချဲ့ဖို့ လိုတယ်လို့မြင်မိသလို တခြားကြည်းတပ်နဲ့ လေတပ်ကိုလည်း အင်အားတွေထပ်ဖြည့်ထားလို့ လိုအပ်တယ် ။ ပြည်တွင်းမှာလည်း လျှို့ဝှက် သတင်းစုံစမ်းရေးတွေဖွဲ့ထားသင့်ပြီး သူတို့ရဲ့ခြေလှမ်းတွေကို ကိုယ်က ဦးအောင်ထောက် လှမ်းနိုင်ဖို့ လိုတယ် ။ ဘယ်သူတွေက အဆက်အသွယ်တွေလုပ်လို့ ဘာတွေကြံစည်နေကြတယ်ဆိုတာ ပြည်သူနဲ့ စစ်သား ၊ ၇ဲ ၊ လုံခြုံရေး ၊ မီးသတ် ၊ ဆက်သွယ်ရေး ကစလို့ အကုန်လုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ် ။ အခုကိစ္စ ကတော့ခြိမ်းခြောက်စာ သဘောမျိုးဖြစ်တဲ့အပြင် သွေးတိုးစမ်းတဲ့သဘောမျိုးလည်းဖြစ်နိုင်တယ် ။ တကယ် သူတို့ မကြံစည်ဘူးလို့လည်းမပြောနိုင်ဘူး ။ ကိုယ့်က ကာကွယ်ထားခြင်းသည်ဟာအ ထိရောက်ဆုံးမဟုတ်ပါလား ။

လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကြီး

တကယ့်ကို အခြေအနေက Alert !!! ဆိုသလိုပါပဲ ။ အရင်ဆောင်းပါးတွေထဲမှာ ရေးခဲ့သလိုပါပဲ တကယ့်စီးပွားရေး လုပ်ငန်းကြီးတွေ ၊ ကုမ္မဏီကြီးတွေနဲ့ ထိပ်သီးနေရာတွေထိအောင် လူမျိုးခြားတွေ စိမ့်ဝင် ပျံ့နှံ့နေ ကြတယ် ။ အဲဒါကိုလည်း ကျွန်တော်တို့ မြန်မာစစ်စစ်တွေက မဟာဂရုဏာတွေထားလို့ သာယာနေကြ တုန်း ။ အခုတော့ ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်အဖွဲ့ကြီးရဲ့ခြိမ်းခြောက်မှုကိုခံနေကြရပြီ ။ သွေးမ နည်းပေမယ့် စစ်ဆိုတာ မဖြစ်ရင်အကောင်းဆုံးပဲ ။ ဘယ်သူကမှ သာသနာတော် ထွန်းကားတဲ့ မြန်မာပြည် ထဲ သွေးမြေ ကျ တာမြင်ချင်ကြမယ်မထင်ဘူး ။ ဒါပေမယ့်လည်း ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူ ကမှ အတိ အကျ မပြောနိုင်သေးဘူး ။ တချို့ကလည်း ဒီသတင်းကြားတာတောင် အေးအေးလူလူ ရှိနေတဲ့သူတွေရှိသလို ဒီသတင်းကို ဘယ်လောက်ထိ အရေးကြီးပြီး အန္တရာယ်ရှိတဲ့သတင်းမှန်းလည်း သိတဲ့သူတွေလည်းရှိကြမှာပါ ။ ရခိုင်ပြည်နယ်ဖက်မှာ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ် ပါဘူး ။ ဆယ်စုနှစ်ပေါင်း များစွာကြာခဲ့ပါပြီ ။ ရခိုင်တင်ပဲလား မဟုတ်သေးဘူး ရန်ကုန်လို မြို့ကြီးတွေ ရဲ့ နေရာတွေ လမ်းတွေ အဆောက် အအုံတွေပေါ်မှာ လည်း လူမျိုးခြားတွေအများကြီး နောက်မန္တလေး လို မြို့ကြီးမှာလည်း လူမျိုးခြားတွေအများကြီး တချို့ဆို ဒီနေရာဟာ မြန်မာနိုင်ငံထဲက နေရာဟုတ်ရဲ့လားလို့ ထင်မိအောင်ကိုယ့်မြန်မာ လူမျိုးတွေပျောက် ကွယ်လို့ လူမျိုးခြားတွေစိမ့်ဝင်နေခဲ့တယ် ။

ကျွန်တော်တို့ ယုံကြည်သက်ဝင်သော ဗုဒ္ဓဘာသာ



ဗုဒ္ဓဘာသာရဲ့ အဆုံးအမဖြစ်တဲ့ အလယ်အလတ်လမ်းစဉ်ဆိုတာကိုတော့ ကျွန်တော်လည်းလက်ခံ ယုံကြည်ပါတယ် ။ ကိုယ်ကိုယ်တိုင်က ဗုဒ္ဓဘာသာယုံကြည်သက်ဝင်သူဖြစ်တဲ့နည်းတူ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေကိုလည်း ယုံကြည်လေးစားကိုးကွယ်ပါတယ် ။ သို့သော် မြတ်စွာဘုရားရှင်လက် ထက်တုန်း က ပေါ်ခဲ့တဲ့ေ၀၀ဒတ် ထက်စာရင် အခုခေတ် တာလီဘန်တွေ ပိုပြီး ရိုင်းစိုင်းယုတ်မာကြတယ်ဆိုတာ တစ်ကမ္ဘာလုံးအ သိဖြစ်တယ် ။ အခုလို ခြိမ်းခြောက်စာရေးတာကလည်းကောင်း တဲ့အလားအလာတစ် ခုတော့မ ဟုတ် ဘူး ။ ကြိုတင်ပြီး မြန်မာနိုင်ငံ အနေနဲ့ပြင်ဆင်ထားလို့ တပ်လှန့်လိုက်တယ်လို့လည်းမြင်မိတယ် ။ အေးချမ်းစွာ နေ ထိုင်တဲ့ ငြိမ်းချမ်းရေးကိုသာ ရှေးရှုတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်း အချိန်ကြာလာတာနဲ့အမျှ လူမျိုးခြားတွေရဲ့စိမ့်ဝင်မှုအန္တရာယ်ရဲ့ ၀ါးမြိုမှုကို စတင်ခံစားနေရတယ် ။ ဒါတွေကို အကောင်းဆုံးဖြေရှင်းဖို့ ဆိုရင်တော့ အရင်ဆုံး လူဝင်မှုကြီးကြပ်ရေးကစလို့ သန်းခေါင်စာရင်း ၊ လူဦးရေစာရင်း ၊ မှတ်ပုံတင် နဲ့တကွ တစ်ပြည်လုံးကို စာရင်းအတိအကျပြုစုလို့ ဟာကွက်မရှိအောင်လုပ်ဆောင်သင့်တယ်လို့မြင်မိတယ် ။

သံဃာတော်တွေ ၊ တရားဒေသနာတော်တွေနဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ မြန်မာပြည်ကို သွေးမြေကျအောင် မလုပ်ကြဖို့ ဆုတောင်းနေမိတယ် ။ အကယ်၍ ဆုတောင်းမပြည့်ခဲ့လို့ ခြိမ်းခြောက်စာထဲကအတိုင်း တာလီ ဘန်တွေ က မြန်မာနိုင်ငံကို ရန်မူဖို့ကြိုးစားလာခဲ့ရင်လည်း တပ်မတော်နဲ့ပြည်သူ လက်တွဲလို့ အကောင်း ဆုံး ကာကွယ် ကာ အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်ကြမယ်လို့ ယုံကြည်ရင်း အဆုံးသတ် လိုက်ပါတယ် ။


သက်တန့်ချို
References

1.Eleven Media Group
2.wikipedia
3.nctc.gov/site/groups/ttp.html
4.tribune.com.pk/story/413231/taliban-threaten-myanmar-over-rohingya/
Photos : Facebook , thargithway

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, July 26, 2012

ကွတ်ကီးသူခိုး

ကွတ်ကီးသူခိုး



တစ်ညမှာ အမျိုးသမီးတစ်ယောက်က လေယဉ်စီးဖို့ လေဆိပ်မှာ စောင့်နေခဲ့တယ် ။ သူမ စီးရမယ့် လေယဉ် မပျံသန်း ခင် နာရီပေါင်းများစွာ စောင့်နေခဲ့ရတယ် ။ ဒါနဲ့သူမဟာ လေဆိပ်မှာရှိတဲ့စတိုင်းဆိုင်ကနေ ဖတ်ချင် တဲ့စာ အုပ်တစ်အုပ်ကို ၀ယ်ပြီး ကွတ်ကီးမုန့်တွေ ထည့်ထားတဲ့ အိတ်ကို သယ်လို့ ထိုင်ခုံတစ်ခုမှာ ထိုင်ချ လိုက်တယ် ။

သူမဟာ စာအုပ်ကို စစဖတ်ခြင်းပဲ အရမ်းကို စိတ်ဝင်စားသွားပြီး စာအုပ်ထဲ နစ်မျောသွားခဲ့ရတယ် ။ ဒါပေမယ့် ဘာတွေဖြစ်နေသလဲဆိုတာတော့ သူမ သတိထားမိလိုက်တယ် ။ အဲဒါကတော့ သူမဘေးခုံမှာ ထိုင်နေတဲ့ အမျိုးသားတစ်ဦးက အရှက်မရှိစွာ နဲ့ သူမနဲ့သူ့ကြားထဲက ကွတ်ကီးထုပ်ထဲကနေ ကွတ်ကီးတွေနှိုက် စားနေ တာတွေ့လိုက်ရတယ် ။ ဒါပေမယ့်လည်း မြင်ကွင်းကို လစ်လျှူရှုဖို့ သူမကြိုးစားခဲ့တယ် ။

ဒါကြောင့် သူမလည်း ကွတ်ကီးတွေကို အိတ်ထဲက ယူလိုက်စားလိုက် နာရီကိုကြည့်လိုက် စာဖတ်လိုက်လုပ်နေခဲ့တယ် ။ ကွတ်ကီးသူခိုးက လည်းနှိုက်စားနေတဲ့အတွက် ကွတ်ကီးထုတ်က တဖြည်းဖြည်း နည်းလာခဲ့တယ် ။ သူမ ပိုပြီး စိတ်တိုဒေါသထွက်လာခဲ့ပြီး စဉ်းစားလိုက်တယ် ။ “ အင်း ငါသာ သည်းမခံလိုက်ရင်တော့ ဒီလူ့မျက်လုံးတွေကို ထိုးဖောက်မိမှာပဲ ”

ဒီလိုနဲ့သူမကွတ်ကီးတစ်ခုယူစားရင် သူလည်းကွတ်ကီးတစ်ခုယူစားခဲ့တယ် ။ သူမလည်းရုတ်တရက် သူ့လက်ထဲ က ကွတ်ကီးကို လုယူလိုက်လိုက် ။ အမျိုးသားက အရမ်းကို အံ့သြသွားပြီး စိတ်လှုပ်ရှားသွားတယ် ။ အမျိုးသမီးက “ ဟင် သူဘာကြောင့်ဒီလောက်နေနိုင်တာလဲ ငါ့ကိုတောင်းပန်ဖို့တော့ကောင်းတာပေါ့ ” လို့တွေးမိလိုက်တယ် ။

သူမ သည်းခံနိုင်မှုကုန်ဆုံးပြီးတစ်ခုခု တုန့်ပြန်ဖို့ ဟန်ပြင်လိုက်စဉ်မှာပဲ သူမစီးရမယ့်လေယဉ် ခရီးစဉ် ကိုကြေငြာ လိုက်တဲ့အတွက် ဖတ်လက်စ စာအုပ်ကို ခရီးဆောင်အိတ်ထဲ ထိုးထည့်လို့ သူမ သက်ပြင်းချ လိုက်ပြီးထထွက်လာခဲ့တယ် ။ သူမပိုင်ဆိုင်တဲ့အိတ်တွေ ကိုသယ်လို့ ဂိတ်ပေါက်ဝဆီလျှောက်လာခဲ့ပြီး ကွတ်ကီး သူခိုးရှိရာကို လှည့်မကြည့်တော့ပဲ ရှေ့ပဲ ခရီးဆက်ခဲ့တယ် ။

သူမ လေယဉ်ပေါ်ရောက်ခဲ့ပါပြီ ။ ထိုင်ခုံမှာ ၀င်ထိုင်လိုက်ပြီး စာအုပ်ကို ဆက်ဖတ်ဖို့ ခရီးဆောင်အိတ်ထဲက စာအုပ်နှိုက်ယူလိုက်တဲ့အခါ သူမ အရမ်းကိုအံ့အားသင့်သွားခဲ့ရတယ် ။ ဘာကြောင့်လည်းဆိုတော့ သူမ၀ယ်ခဲ့တဲ့ ကွတ်ကီးအိတ်ကို ခရီးဆောင်အိတ်ထဲ တွေ့လိုက်ရလို့ပါပဲ ။

----------------------------------------------------------

ဟုတ်ပါတယ် အမျိုးသမီးဟာ ကွတ်ကီးကို ၀ယ်ပြီး ခရီးဆောင်အိတ်ထဲ ထိုးထည့်လို့ ထိုင်ခုံမှာ ထိုင်ခဲ့တာပါ ။ ပြီးတော့ စာအုပ်ထဲ ဈာဉ်ဝင်သွားတဲ့အချိန်မှာ သူနဲ့ အမျိုးသားတစ်ဦးရဲ့ကြားထဲက ကွတ်ကီးထုပ်ကို သူ့ကွတ်ကီး လို့ ထင်ပြီး နှိုက်စားနေခဲ့တာပါ ။ တချိန်လုံး သူနှိုက်စားခဲ့တဲ့ ကွတ်ကီးတွေဟာ သူ ကွတ်ကီးသူခိုးလို့ထင်ခဲ့တဲ့ လူ ရဲ့ ကွတ်ကီးတွေဖြစ်လို့နေခဲ့တယ် ။

သူတပါးကို တစ်ခုခုစွတ်စွဲဖို့အတွက် ကိုယ့်ဖက်ကိုယ်ရော လုံခြုံပါရဲ့လားဆိုတဲ့မေးခွန်းကို ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်မေးရပါမယ် ။ ဘာကြောင့်လည်းဆိုတော့ တခါတရံ ကိုယ်မှန်တယ်လို့ထင်နေ တဲ့အယူအဆ တစ်ခု ဟာ မှားနေတတ်ကြောင်းတွေ့ရတတ်လို့ပါပဲ ။ တစ်ခုခုကို မပြောခင် တစ်ခုခုကို မဆုံးဖြတ်ခင် အမှန်ဟုတ်ရဲ့ လားလို့ ပြန်လည်စဉ်းစားချင့်ချိန် ဖို့ အရမ်းကိုလိုအပ်ပါတယ် ။ စာဖတ်သူများလည်း သူများ ကွတ် ကီး ကို ကိုယ့်ကွတ်ကီးလို့ မထင်မိစေဖို့နဲ့ သူတပါးကို ရမ်းပြီးမစွပ်စွဲဖို့ အမှန်တရားကို စဉ်းစားချင့် ချိန် တတ်သော သူများဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ။

သက်တန့်ချို
Valerie Cox ရေးသားသော “A Matter of Perspective - A Cookie thief ” အားဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ဘာလို့များကိုယ့်ကိုယ်ကို သတ်သေချင်ရသလဲ ညီမငယ်

ဘာလို့များကိုယ့်ကိုယ်ကို သတ်သေချင်ရသလဲ ညီမငယ်



တရုတ်ပြည်က အမျိုးသမီးတစ်ယောက်က လက်ထပ်ပွဲ ၀တ်စုံကြီးနဲ့ ခုနှစ်လွှာမြင့်တဲ့တိုက် အပေါ်မှ ပြ တင်းပေါက် ကနေ ခုန်ချဖို့ကြိုးစားရင်းကိုယ့်ကိုယ်ကို သတ်သေဖို့ကြံစည်ခဲ့ပါတယ် ။ အကြောင်းရင်း ကတော့ သူနဲ့လက် ထပ်ပွဲလုပ်မယ့် အမျိုးသားက လက်ထပ်ပွဲကို ရုတ်တရက်ဖျက်သိမ်းခဲ့တဲ့အတွက်ဖြစ်ပါတယ်တဲ့ ။ ပုံမှာမြင်ရတဲ့ အတိုင်း ယောင်္ကျားတစ်ဦးက သူ့ကို ကယ်ဆယ်ခဲ့ပါတယ် ။ ဒီအဖြစ်လေးကို Almost Hit A billion ဆိုတဲ့ပေ့ခ်ျမှာ တင်ထားခဲ့ပါတယ် ။ ဒါလေးတွေ့ပြီးအောက်ပါ စာစုလေးကို ချရေးမိတယ် ။

- ဘယ်လိုကွဲ့  သေချင်သတဲ့လား -- ဘ၀ဆိုတာ နာရီပေါင်းဘယ်လောက်ရှိသလဲ မင်းသိသလား ညီမငယ် -- သေရုံနဲ့ သာအေး ချမ်းရကြေးဆို ငါ - လူတောင်မဖြစ်ချင်တော့ဘူး။

- ကိုယ့်ကိုယ်ကို သတ်သေခြင်းဆိုတာ ကိုယ်ကြုံတွေ့နေရတဲ့အရှုံးပေါင်းများစွာဆီကနေ ရင်မဆိုင်နိုင် လို့ ရှောင် တိမ်းခြင်းသာဖြစ်တယ် ။ ယောင်္ကျားတစ်ယောက်နဲ့လက်မထပ်လိုက်ရလို့ အဆိုးရွားဆုံးခံစားမှု ဆို ပါတော့
၁ ။ အရှက်တကွဲအကျိုးနည်းဖြစ်ခြင်း
၂ ။ အသိုင်းအ၀ိုင်းအလယ် မျက်နှာမဖော်လိုခြင်း
၃ ။ ယူကြုံးမရခြင်း
၎ ။ ပူလောင်သောကများခြင်း
၅ ။ စိတ်ဓါတ်ကျခြင်း
အဲဒီငါးချက်ကို ရင်မဆိုင်နိုင်လို့ ရင်မဆိုင်ရဲလို့ အသက်တစ်ခု ချုပ်ငြိမ်းအောင်ကြိုးစားတာ သူရဲဘောကြောင် သူတို့ လုပ်ရပ်သာဖြစ်တယ်ညီမငယ် ။

- ဘ၀ ရဲ့ တန်ဖိုး ဘ၀ရဲ့ အဆုံးသတ်ဆိုတာ သေခြင်းတရားလို့ပြောတာဟာ ခပ်ညံ့ညံ့လူတွေရဲ့ အတွေး အခေါ်ဖြစ်တယ် ။ ဘ၀ရဲ့ တန်ဖိုး ဆိုတာ ကိုယ်ဘ၀တစ်လျှောက်လုံးဘယ်လောက်ထိ တန်ဖိုးရှိရှိနေလာသလဲ ဘယ်လောက်ထိတောင် လူ့လောကအကျိုးသယ်ပိုးလို့ လူပီသစွာ နေနိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး တိုင်းတာ တယ် ။ ဘ၀ရဲ့အဆုံးသတ်ဆိုတာ သေခြင်းတရားဆိုတာထက် ပိုနက်ရှိုင်းတယ်ညီမငယ် ။

- မင်းသေသွားယုံနဲ့ မင်းဘ၀ ငြိမ်းချမ်းသွားမယ်လို့ မင်းအာမခံနိုင်ပါသလား ။ မင်းမှာ ဆက်လျှောက်ရမယ့် သံသရာ ခရီးရှည်ကြီးရှိသေးတယ် ။ ဖြတ်သန်း၇မယ့် ဘ၀ပေါင်းများစွာ ရှိသေးတယ် ။ ပေးဆပ်ရမယ့် ၀ဋ်ကြွေးတွေရှိသေးတယ် ။ ကြောက်ဖို့ကောင်းတယ်လို့မင်းမထင်မိဘူးလား ညီမငယ် ။

- သာသနာနဲ့ကြုံတွေ့ရချိန် လူ့ဘ၀မှာ မင်း တန်ဖိုးရှိတဲ့အ နှစ်သာရနဲ့တရားဓမ္မကို မယူဆောင်နိုင်ရင် မင်းဟာ လူဖြစ်ရှုံးကြီး ရှုံးသူသာဖြစ်တယ် ။ ငယ်ငယ်တုန်းက ကိုယ်ကဗျာ စာကြောင်းလေးတွေရွတ်ပြချင်တယ် ။ “ ခွင့်သာ ခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင်ရှိသေးရဲ့လား ” ဆိုသလိုပေါ့ လူ့ဘ၀ဆိုတဲ့ မြင့်မြတ်တဲ့ လူသားဘ၀ ကို ပိုင်ဆိုင်နေပြီးကာမှ ဘာကြောင့်များ စိတ်ခံစားမှုတစ်ခု ၊ အချစ်အမုန်း ပူလောင်သောကတွေနဲ့အချိန်ကုန်ခံပြီး ဘ၀ရဲ့ အနှစ်သာရကိုမေ့လျော့နေရသလဲ ညီမငယ် ။

- သေခြင်းတရားဆိုတာ မင်းထင်နေသလို အဆုံးသတ်တစ်ခုမဟုတ်ဘူး ။ မင်းထင်နေ သလို ငြိမ်းအေး ရာမဟုတ်ဘူး ။ ဘ၀မှာ နေထိုင်ဖို့အချိန်စေ့လို့ တို့တွေ သံသရာမှာ နောက်ဘ၀တစ်ခုကို ကူးပြောင်းဖို့ တံခါးဝ တစ်ခုသာဖြစ်တယ် ။ မင်း ဒီဘ၀မှာ ဘာတွေကို ယူသွားနိုင်လို့ နောက်ဘ၀ကိုကူးမယ့် တံခါးကိုသွားချင်ရသလဲ ။

- အချိန်ကသိပ်နည်းတယ်ညီမငယ် -- ကုသိုလ်တရားနဲ့အကုသိုလ်တရားဟာ ကိုယ်သွားမယ့် သံသရာ တလျှောက် နောက် ကနေ အမြဲ ကပ်လိုက်ပါမယ့် အရိပ်တွေသာဖြစ်တယ် ။ မင်း မှာ အကုသိုလ်တွေ များရင်မင်း ငရဲရောက်မယ် မင်းမှာ ကုသိုလ်တွေများရင်မင်း ကောင်းတဲ့ဘုံဘ၀ကိုရောက်မယ် ။ မင်းအခုအချိန်ထိ ဘာတွေ များ လုပ်နေခဲ့သလဲ ပြန်ဆန်းစစ်ကြည့်ပါ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကျွန်တော်သိလာရတယ် (အပိုင်း ၁)

ကျွန်တော်သိလာရတယ် (အပိုင်း ၁)

ကျွန်တော်သိလာရတယ် -
တစ်စုံတစ်ယောက်က သင့်ကို ချစ်လာအောင်သင်လုပ်ယူလို့မရဘူး ။ သင်ကသာ တစ်စုံတစ်ယောက်အတွက် အကောင်းဆုံးချစ်သူဖြစ်အောင် လုပ်နိုင်တယ် ။ ကျန်တာကတော့ ဘာကိုမှ မမျှော်လင့်ထားပါနဲ့ ။

ကျွန်တော်သိလာရတယ် -
ကျွန်တော်ဘာတွေကို ဘယ်လောက်ပဲဂရုစိုက်စိုက် - လူတချို့က နောက်ကို ပြန်လှည့်ကြည့်ယုံကလေးတောင် လှည့်မကြည့်ကြဘူး ။

ကျွန်တော်သိလာရတယ် -
ယုံကြည်မှုတစ်ခုကို တည်ဆောက်ဖို့နှစ်ပေါင်းများစွာလိုတယ်ဆိုတာ ဒါပေမယ့် အဲဒီယုံကြည်မှုကို ဖျက်ဆီးဖို့ကျတော့ စက္ကန့်ပိုင်းလောက်ပဲလိုအပ်တယ်ဆိုတာ ။

ကျွန်တော်သိလာရတယ် -
သူငယ်ချင်းတစ်ယောက်က သင့်ကို ဘယ်လောက်ပဲကောင်းနေပါစေ သူတို့က သင့်ကို တစ်ကြိမ်တစ်ခါလောက်များ နာကျင်မှုရအောင် လုပ်မိတယ်ဆိုရင် သင်ခွင့်လွှတ်နိုင်ဖို့ကြိုးစားရမယ် ။ မုန်းမေ့ဖို့ကြိုးစားလိုက်တယ်ဆိုရင်တော့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးရလိမ့်မယ် ။

ကျွန်တော်သိလာရတယ် -
သင် ဘယ်ဘ၀ ကို ပိုင်ဆိုင်ထားတယ်ဆိုတာ အရေးမကြီးဘူး သင်ပိုင်ဆိုင်တဲ့ဘ၀မှာ သင်ဟာ ဘယ်လိုလူလဲဆိုတာပဲအရေးကြီးတယ် ။

ကျွန်တော်သိလာရတယ် -
အမှားတစ်ခုအတွက် သင်တောင်းပန်ဖို့ကို ဘယ်တော့မှ ဆင်ခြေဆင်လက်တစ်ခုမသုံးမိစေနဲ့ ။ ရိုးသားစွာ မှားယွင်းကြောင်းဝန်ခံဖို့သာလိုတယ် ။

ကျွန်တော်သိလာရတယ် -
ဘ၀မှာ အအောင်မြင်ဆုံးနဲ့ကောင်းမွန်ဆုံးဖြစ်နေတဲ့လူတွေနဲ့ သင့်ကိုယ်သင်ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့ ။ ဘ၀ ဆိုတာ သူ့ပိုင်ဆိုင်မှုနဲ့ သူ့အရည်အသွေးနဲ့သူလာတာဖြစ်တယ် ။

ကျွန်တော်သိလာရတယ် -
သင်ဘ၀မှာ ဘာရယ်မဟုတ်ပဲပြုလုပ်လိုက်တဲ့အပြုအမှုလေးတစ်ခုက သင့်ဘ၀တလျှောက်လုံး နှလုံးသားတွေနာကျင်မိစေအောင်ပြုလုပ်မိစေတဲ့အရာလည်း ဖြစ်နိုင်တယ် ။

ကျွန်တော်သိလာရတယ် -
သင်ချစ်တဲ့သူတစ်ယောက်နဲ့ခွဲခွာရမယ့်အချိန်မှာ ချစ်ဖို့ကောင်းတဲ့စကားလုံးတွေပဲရွေးချယ်သုံးသင့်တယ် ။ အဲဒါဟာ သင်နောက်ဆုံး သူ့ကိုပေးလိုက်တဲ့အကောင်းဆုံးလက်ဆောင်ဖြစ်နိုင်တဲ့အတွက်ပဲ ။

ကျွန်တော်သိလာရတယ် -
သင်ဘာမှ မတတ်နိုင်တဲ့မလုပ်နိုင်တဲ့ လုပ်ခွင့်မရှိတဲ့အရာတွေကို သင့်ဘ၀တလျှောက်လုံးဖက်တွယ်ထားရတတ်တယ် ။

ကျွန်တော်သိလာရတယ် -
သင်က Attitude ကို ထိမ်းချုပ်တယ် အဲဒီ Attitude ကပဲ သင့်ကိုပြန်ထိမ်းချုပ်ထားတယ်

ကျွန်တော်သိလာရတယ် -
သင်လုပ်ခဲ့တဲ့အရာတွေအတွက် သင့်မှာ တာဝန်ယူနိုင်မှုအပြည့်ရှိရမယ် ။ သင်ဘယ်လိုပဲခံစားနေရပါစေ ။

သက်တန့်ချို
ဘာသာပြန် - အပိုင်း ၂ ဆက်ပါဦးမယ် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, July 24, 2012

သမ္မတကြီးပြောသောစကားကို ဖျက်သိမ်းသောဦးအောင်သိန်းလင်း ဘာလဲ ၊ ဘယ်လဲ ?

သမ္မတကြီးပြောသောစကားကို ဖျက်သိမ်းသောဦးအောင်သိန်းလင်း ဘာလဲ ၊ ဘယ်လဲ ?

အခုတလော ထူးဆန်းတာတွေချည်းကြားနေရတယ် ။ ဒုတိယသမ္မတရာထူးကလည်းဘယ်သူဖြစ်မလဲဆိုတာ Top question ဖြစ်နေတယ် ။ ခေါင်းစဉ်ပါအကြောင်းအရာလေးမပြောခင် ဘဂါင်္လီအကြောင်းနည်းနည်းပြောချင်သေးတယ် ။ မဟာဂရုဏာ ရှင်အမည်ခံ အနောက်နိုင်ငံတွေက ဖိအားပေးသလိုလို နဲ့လူသားချင်းစာနာသလိုလိုနဲ့ လိုလို ၊ လိုလို တွေနဲ့တကယ့်တကယ်တော့ ပုတ်ထုတ်နေကြတာ သိသာလွန်းနေတယ် ။



နိုင်ငံခြားကနေ တက်လာတဲ့ပုံတွေမှာလည်း ဒီလိုမျိုး မြန်မာနိုင်ငံအလံကို တက်နင်းလို့နင်း မီးရှို့လို့ရှို့ စော်ကား ချင်တိုင်းစော်ကားနေကြတယ် ။ သူတို့သတင်းစာတွေမှာ မဟုတ်မဟုတ်တွေရေးမ သိရင်ပဲ မြန်မာနိုင် ငံက လူသားချင်းနှိပ်စက်ပြီး ဘဂါင်္လီတွေကို မျိုးဖြုတ်နေသလိုလို ။တကယ်တော့ မြန်မာတွေကို မျိုးဖြုတ်နေတာ ဘဂါင်္လီတွေဆိုတာ ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူအကုန်လုံးသိတယ် ။ တတိ ယ နိုင်ငံ ဖြစ်ဖြစ်ကျွန်းတစ်ခုခုဖြစ်ဖြစ် ပေးပြီး သီးသန့်နေခိုင်းလိုက်တာ ပိုပြီးသင့်တော်တယ်လို့မြင်မိတယ် ။ လူမျိုးခြားစိမ့်ဝင်မှုပြဿနာဟာကျယ်ပြန့်လွန်းတဲ့အတွက် ကျွန်တော်တို့ အွန်ုလိုင်းကနေ စာတွေ ဘယ်လောက်ရေးရေး တကယ် လုပ်နိုင်တဲ့ တာဝန်ရှိသူတွေလုပ်မှသာ ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်တယ် ။ ဘာသာရေးတွေ နိုင်ငံရေးတွေအသာထား လူမျိုးခြင်း ၀ါးမြိုမယ့်အရေးကနေ အရေးတကြီးနံပတ် ၁ ကာကွယ်ရ မှာကတော့ မြန်မာနိုင်ငံသားတိုင်းရဲ့တာဝန်ဖြစ်တယ် ။ ဒီဆောင်းပါးကို အရှည်ကြီးရေးဖို့စိတ်ကူးမရှိပါဘူး ဒါကြောင့် လိုရင်းတိုရှင်းပဲရေးသွားမှာဖြစ်တယ် ။

အသားထဲကလောက်ထွက်ကြသူများ

အရင်ခေတ်ကတည်းက ဒီမိုကရေစီ လမ်းကြောင်းပေါ်မနင်းခင်ကတည်းက လက်တစ်ဆုပ်စာ ခရိုနီတွေက အရာရာကို ဆုပ်ကိုင်ထားခဲ့တာလူတိုင်းအသိဖြစ်တယ် ။ သူတို့ဟာ အသားထဲက လောက် ထွက် မြန်မာအချင်း ချင်း ဂုတ်သွေးစုပ်ကြတယ်ဆိုတာ အထွေအထူးပြောစရာမလိုဘူး ။ အခုလည်း EMG က တင်ထားတဲ့ တစ်ပုဒ်ကို ဒီနေ့မှ ဖတ်မိလို့ အတော်အံ့သြသွားမိတယ် ။ ဒါဆိုဦးအောင်သိန်းလင်းအကြောင်းအရင်လေ့လာကြည့်ရအောင် ။



(USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရလဒ်ဖြင့် အနိုင်ရခဲ့သူဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲ အများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန် ကုန်မြို့တော် ၀န်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း မဲဆွယ်စည်း ရုံးရေး အတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၄င်းသည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော် စည်ပင်ငွေကြေး များကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူဖြစ်သည်။)

ဒီသတင်းလေးနဲ့ ဆောင်းပါးကိုဆက်လိုက်ရအောင် ။ ပထမဆုံး မြစ်ဆုံစီမံကိန်းနဲ့ပတ်သတ်လို့ သမ္မတကြီးကိုယ် တိုင်က မိမိတို့ အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ အတိအလင်းပြည်သူတွေရှေ့မှာ ၀န်ခံထားပြီးဖြစ်တယ် ။ ထွက်ပြီးသော ဆင်စွယ်သည် ပြန်ဝင်ရိုးထုံးစံမရှိ မင်းတို့မည်သည် ပြောပြီးသား စကားကို ပြန်ပြင် ရိုးထုံးစံမရှိ ဆိုတဲ့အတိုင်း သမ္မတကြီးအနေနဲ့ ဒီစကားကို လက်ကိုင်ထားမယ်ဆိုတာကိုတော့ သံသယ ဖြစ်စရာမရှိပါဘူး ။ သို့သော်----တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဦးအောင် သိန်းလင်း ပြောသွားတဲ့စကားတွေကို ပြန်ပြီးကောက်နှုတ်ကြည့်ရအောင် ။

၁ ။ "ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်"

သမ္မဟာ နိုင်ငံတစ်နိုင်ငံရဲ့ မည်သည့်အစိတ်အပိုင်းမဆို ဆုံးဖြတ်ချက်ချပေးခွင့်ရှိတဲ့ ချပေးနိုင် တဲ့ ခေါင်းဆောင်ဖြစ်တယ် ။ ဦးအောင်သိန်းလင်းပြောတဲ့ ကျွန်တော်တို့ဆိုတဲ့ အသုံးအနှုံး မှာ ပြည်သူတွေ မပါဘူး ။ သူနဲ့အပေါ့င်း အပါတချို့သာပါလိမ့်မယ် ။ တရုတ်မြန်မာဆ က်ဆံရေးရာ မြစ်ဆုံစီ မံကိန်းမဖြစ်မနေပြန်စ မှသာ ကောင်းမွန် မယ်ဆိုရင် ကျွန်တော်တို့ ဆက်ဆံရေးပျက်ပြားပါစေ ။ မချစ်ခင်လည်းရှိစေ ။ မြစ်ဆုံစီမံကိန်း ကိုတော့ ပြန် စရန် လုံးဝမဖြစ်နိုင်ဟု ကျွန်တော်ထင်သည် ။ တရုတ်-မြန်မာဆက်ဆံရေးကိုပျက်အောင်လုပ်ဆိုတဲ့ စွပ်စွဲချက်ဟာ သမ္မတကြီးသာမက သမ္မတကြီး ဆုံးဖြတ်ချက်ကို ထောက်ခံ ခဲ့တဲ့ပြည်သူတွေ ကိုပါ စော် ကားလိုက်ခြင်းဖြစ်တယ် ။

၂ ။ "ဆောက်ကို ဆောက်ရမှာပေါ့၊ ကျွန်တော်တို့လျှပ်စစ် ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကိုရပ် ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ "

ဘာတွေအကျိုးရှိလို့ဆောက်မှာပါလဲ ။ ဓါတ်အားလိုတဲ့အကြောင်းပြချက် လက်တစ်ဆုပ်စာ ခရိုနီတွေ စီးပွား တက်ဖို့ အတွက် ကျွန်တော်တို့ ချစ်တဲ့ဧရာဝတီကို စတေးဖို့ကတော့အိပ်မက်ထဲမှာတောင်မဖြစ်နိုင်ပါဘူး ။ တရုတ်မြန်မာဆက်ဆံရေးပျက်ခြင်းမပျက်ခြင်းထက် ကျွန်တော်တို့အားလုံးဟာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ထမင်း ကိုယ်ရှာစားနေကြတဲ့လူတွေချည်းပါ ။ ကျွန်တော်တို့ ငတ်နေခဲ့ရင် တရုတ်ပြည်က လာကျွေးထားမှာမဟုတ်ပါဘူး ။ အထက်မြန်မာပြည်မှာ တရုတ်တွေ အဓိကနေရာတွေမှာ နေရာယူလာကြခြင်းကို ကြည့်ခြင်းအားဖြင့် သာပေါင်း ညာစား တရုတ်များကို မြန်မာနိုင်ငံသူနိုင်ငံသားများက အလိုမရှိပါ ။

၃ ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်အားလည်း " ကျွန်တော်သူ့ကို မယုံဘူး။ ကုလသမဂ္ဂ ကိုလည်း မယုံဘူး " ဟုဖြေကြားသွားခဲ့သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ဝေဖန်တာ ယုံတာမယုံတာကတော့ သူ၏ စိတ်သဘောဆန္ဒသာဖြစ်မည် ။ ဘာမှမပြောလို ။ သူ့စကားတစ်ခွန်းကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးက မြန်မာနိုင်ငံအပေါ် တစ်မျိုးမထင်ရန် သာလို သည် ။

၎ ။ " ကျွန်တော်တို့ပြည်သူတွေအတွက် ကျွန်တော်တို့နိုင်ငံအတွက် လာတာမဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင် ဆန်းစုကြည်အား ရည်ညွှန်းသည် ) အတွက်လာတာ"

ဟီလာရီကလင်တန် မြန်မာနိုင်ငံကိုလာပြီး ဒေါ်စုနဲ့တွေ့ခဲ့တာကို မျက်မုန်းကျိုးနေပုံရတယ် ။ ဒေါ်စုနဲ့ သူနဲ့ ဘာမှ ယှဉ်စရာ အကြောင်းမရှိ ။ မယှဉ်နိုင်မှန်းလည်း လူတိုင်းသိသည် ။ သို့ရာတွင် စကားပြောရာတွင် လူကြီးပီသစွာ ထိမ်းထိမ်းသိမ်းသိမ်းပြောဖို့တော့သင့်သည် ။ အခုတော့ ငါ့ဆီမှမလာတာ သူ့ဆီပဲလာတာ ငါဘာမှထေက် ခံစရာမ လိုဘူးဟူသည့် ကလေးဆန်သော အတွေးများက လူကြီးတစ်ယောက် ပါးစပ်မှ ပြော ထွက်ခဲ့ခြင်းအား အံသြမိသည် ။



၅ ။ " လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်လို့ပါ "

ဗိုလ်ချုပ်သမီးက ပြည်သူတွေကို မချစ်ခင်ပဲ ပြည်သူ့အကျိုးမလိုလားပဲ ကျွန်တော်တို့က ဗိုလ်ချုပ်သမီးဖြစ်တိုင်း ချစ်ခင်ခဲ့သည် မဟုတ် ။ ဗိုလ်ချုပ်သမီးဖြစ်မဖြစ်ထက် ဒေါ်စုဖြစ်နေ၍ ချစ်ခင်ခဲ့ခြင်းဖြစ်သည် ။ ဒေါ်စု ကို မုန်းသည့်သူ လူအနည်းစုမှလွဲ၍ တစ်ကမ္ဘာလုံးချစ်ကြသည်မှာ လူတိုင်းအသိဖြစ်သည် ။ လူတွေရူးနေကြ သည်ဆိုသည့်စကားက နားထဲ ကန့်လန့်ဖြတ်ဝင်လာသည် ။ သူသည်လည်းလူသား တစ်ယောက်ပင်မ ဟုတ်ပါ လား ။ မင်းကမှ အရူးငါက လူကောင်းကွ ဆိုသည့်စကားသည် ကိုယ်နှင့်မတည့်တိုင်း လက်လွတ် စပယ်ပြော ရမည့်စကားမဟုတ်ဟု ကျွန်တော်မြင်သည် ။

၆ ။ သို့ရာတွင်မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမ ရှိကြောင်းကို ဦးအောင်သိန်းလင်းအနေဖြင့်မသိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက " သူတို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး" ဟု မှတ်ချက်ပြုပါသည်။

မှန်ပါတယ် ။ ၂၀၁၅ အတွက်ကို ယခုအချိန်ကစပြီး ပြင်ဆင်ရမှာဖြစ်တယ် ။ မြစ်ဆုံကိစ္စကတော့ သမ္မတကြီး ပြတ်ပြတ် သားသားပြောထားတဲ့အတွက် သိပ်တော့မစိုးရိမ်မိဘူး ။ နာမည်ကြီးချင်၍ ထိုသို့ဖြေကြားခဲ့ သည်လား သို့မဟုတ် မည်သည့် တွန်းအား ကြောင့် ဖြေခဲ့ သည်လည်းဆိုသည် ကမှု ဖြေကြား သူကိုယ်တိုင်သိပါလိမ့်မယ် ။

အဆုံးသတ်အနေနဲ့ ဆောင်းပါးတိုကို နိဂုံးချုပ်ပါတော့မယ် ။ နောက်ဆုံးပြောချင်တာကတော့ အချက် ၂ ချက်ပါ ။

က ။ ဦးအောင်သိန်းလင်းပြောခဲ့သောစကားများကို ဦးအောင်သိန်းလင်းကိုယ်တိုင်တာဝန်ယူရပါလိမ့်မယ် ။ သမ္မတကြီး ၊ ပြည်သူ ၊ ဒေါ်စု အားလုံးကို ပုတ်ခတ် ပြောဆိုထားသည့်အတွက် လူကြီးတစ်ယောက်ဖြစ် သင့်ရဲ့လား ဟု ကိုယ့်ကိုယ်ကို ပြန်မေးစေလိုသည် ။ မြစ်ဆုံကိစ္စကို ဘယ်လိုအကြောင်းဖြစ်ဖြစ် ၂၀၁၅ မှသည် နှစ် ၃၀၀၀ မက ကျွန်တော်တို့လက်မခံကြောင်းသိစေလိုသည် ။ သမ္မတကြီးအနေနဲ့လည်း တစုံတရာ Action ယူဖို့တိုက်တွန်း လိုပါတယ် ။

ခ ။ လူမျိုးခြားစိမ့်ဝင်မှုပြဿာကို အမြန်ဆုံးနဲ့အထိရောက်ဆုံးဖြေရှင်းစေချင်တယ် ။ သမ္မတကြီးကိုယ်တိုင် လက်မခံနိုင်ဟု ပြောပြီးသည်ဖြစ်ရာ စေတနာရှင်များရှိပါက မိမိတို့နိုင်ငံများ ကိုခေါ်ထားပြီးဆက် လက်ထောက်ပံ့ ထားကြပါ ။ ကျွန်တော်တချိန်က ပြောခဲ့သော လူသားချင်းစာနာမှုဆိုသည်မှာ လူပီသသော လူဆန်သော လူများကိုဆိုလိသည် ။ လူအမည်ခံ များကို မဆိုလို ။ ထို့ကြောင့် ဘဂါင်္လီများကို တစ်လက်မ မျှ နေထိုင်ခွင့် မပေးနိုင်ကြောင်း ပြည်သူထဲပြည်သူတစ်ယောက်အနေနှင့်ရင်ဖွင့်လိုပါသည် ။

သက်တန့်ချို
Ref : EMG
cartoon : ဟာဂျူလီကသာ

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, July 23, 2012

ဖြူစင်နက်ရှိုင်းခြင်းများစွာဖြင့် --- မေ

ဖြူစင်နက်ရှိုင်းခြင်းများစွာဖြင့် --- မေ





(၁)

“ တိတ်စမ်းကွာ မေ မင်းယူခံချက်တွေကို ငါလက်မခံနိုင်ဘူး ငါက ခံစားချက်တဲ့လူ ကွ ငါ့မှာလည်း ငါ့လုပ်ပိုင်ခွင့်လေးအနည်းငယ်လောက်ရှိတယ်လို့ မင်းမထင်မိဘူးလား မင်း..ကွာ ” “ သိပါတယ် ကို ..ကို မေ့ကို ဘယ်လောက် ထိချစ်တယ်ဆိုတာ မေသိပါတယ် မေတို့ နှစ်ယောက်အတွက်အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာ ကိုသိလား ” တိုးတိတ်စွာ ပြောနေသော မေ့ကို ကြည့်ရင်း ကျွန်တော် ပြို ကျတော့ မတတ် ဖြစ်နေခဲ့ရတယ် ။ မေ ဆိုတာ ကျွန်တော့်အချစ်ဆုံး မိန်းမသားတစ်ဦး ဖြစ်သည်ဟု ကျွန်တော့်နှလုံးသားကို အထပ်ထပ်မေးနေစရာမလို ကျွန်တော် အတွက်ကျိန်းသေလွန်းနေသည် ။

“ မေ --နည်းနည်းလောက်ပြန်စဉ်းစားပါကွာ ဒီငွေက မေ့အတွက်ဘယ်လောက် အရေးကြီးပြီး အသုံးလိုတယ်ဆိုတာ ကိုယ်သိပါတယ် ကိုယ့်စကားကို ဒီတစ်ခါတော့နားထောင်ပေးပါကွာနော် ” “ မရဘူးကို --ကိုမေ့ ကို မစော်ကားနဲ့ ကို့ကို မေဘယ်လောက်ချစ်လဲဆိုတာ ကိုသိပါတယ် ကို အားလုံးထက် ပိုသိပါတယ် မေက ကိုယ့်အတွက် အရိပ်ကလေးပဲဖြစ်ချင်တယ် ရေကြည်တစ်စက်ပဲဖြစ်ချင်တယ် ကို့အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေမယ့် ဘယ်လိုအရာမျိုးကိုမဆို မေ လုပ်မှာမဟုတ်ဘူး ” “ တောက် !! မေရာ မင်းခေါင်း မာလိုက်တာ ” “ မတတ်နိုင်ဘူးကို အဲဒါ မေ ဆိုတဲ့မိန်းမသားတစ်ဦးရဲ့ ခံယူချက်ပဲ ကို့ကို တစ် ခုတော့ပြော ချင်တယ် မေ ကို့ကို ချစ်ခဲ့တယ်ဆိုတာ အရိုးသားဆုံးနဲ့ အနက်ရှိုင်းဆုံးချစ်ခဲ့တာပါ ကို့ကို အသည်းပေါက် မတတ်ချစ်တဲ့မိန်းမတစ်ယောက်ဆိုတာတော့ကို နားလည်ပေးပါ ကို့မှာမေ့ကို အချစ်ကလွဲလို့ ဘာမှပေး ပိုင်ခွင့်မရှိဘူး ”

ကျွန်တော် ဆက်မပြောချင်တော့ မေ့အခန်းထဲမှ ထွက်လာခဲ့သည် ။ အပြင်ဖက်မှာ မိုးက တိတ်ဆိတ်စွာ ပျင်းတိပျင်း ရွဲရွာကျနေသည် ။ လောကကြီးက ဒီလိုလည်းဖြစ်တတ်ပါလား ။ မိုးရေထဲမှာ ကျွန်တော် လမ်းလျှောက်နေရင်း ခြေလှမ်းတို့က ဘယ်ကိုလှမ်းနေမှန်းမသိ ။ ကျွန်တော့် အိတ်ထဲတွင် ငွေ ငါးသိန်းပါသည်။ ကျွန်တော် ဘာတွေ ဆက်တွေးမိလည်းမသိတော့ မိုးရေထဲခေါင်းငိုက် စိုက်ချလျှောက်လာ ရင်းကျွန်တော် သတိထားမိတဲ့အချိန် ကျွန်တော့်ရှေ့မှာ အရက်တစ်ခွက်ရှိနေသည် ။ အရက်ဆိုင်ထဲ ကျွန်တော်သတိလက်လွတ် ၀င်ခဲ့ခြင်းဖြစ်မည် ။ ရှေ့မှ အရက်ခွက်ကို မော့ချလိုက်သည် ။ ပြင်းရှပူလောင်သော အရေတွေက လည်ချောင်းတစ်လျှောက်စီးကျသွားသည် ။ ကျွန်တော့်ရင်ထဲကအပူက အရက်ထက်ပိုပူလောင်မှန်း ကျွန်တော် တစ်ယောက်သာ အသိဆုံးဖြစ်မည် ။ မိုးကလည်း အပြင်မှာ ပိုလို့တောင်သည်းလာသည် ။ မေ့ကို ကျွန်တော် စတွေ့ခဲ့ချိန်ကို ပြန်တွေးမိသည်။ အရာရာသည် ကြည်လင်ပြတ်သားစွာ ကျွန်တော့် ဦးနှောက်မှ ပုံရိပ်များအဖြစ် ထင်ကျန်ဆဲပင်ဖြစ်သည်။

(၂)

“ အဲဒါမေတဲ့ --- မင်းကပ်ကြည့်ပါလား ကျော် ” “ ဟာ ကွာ မင်းတို့ကလည်း ငါ့ကို ဘာထင်နေလဲ မင်းတို့အတင်းခေါ် လာလို့ ငါ ဘီယာ လိုက်တိုက်တာနော် ငါ့ဟာငါ တောင် အလုပ်က ပိနေလို့ စိတ်ညစ်ရတဲ့အထဲ ဒါတွေငါမစဉ်းစားချင်သေးပါဘူးကွာ ” “ ဟ ငကျော် မင်းကွာ -- မင်းဒီလောက်အလုပ်ပိနေလို့ စိတ်သက်သာ ရာရအောင် ငါတို့က အကြံပေးတာကို ကြည့်စမ်းမေ့ကို ဟို ဖက်စားပွဲဝိုင်းမှာ ထိုင်နေတယ် မေက ဒီဆိုင်မှာ star ကွ သူ့ကို လိုချင်လို့ကပ်နေသူတွေမှ အများကြီး ပြီးတော့ မေ့ အကြောင်းငါတို့အ ကုန်စုံစမ်းပြီး သွားပြီ မေက စားသောက်ဆိုင်မှာ သီချင်းဆိုတယ် ညဉ့်ငှက်မလေးဆိုပေမယ့် အပေါစားမဟုတ်ဘူးကွ မေတို့ကဆင်းရဲတယ် သူ့အဖေအမေ ဒုက္ခိတကြီးတွေကို သူတစ်ယောက်တည်း ခန္ဓာကိုယ်ရင်းပြီးလုပ်ကျွေးနေတာ မင်းသိလား မင်းလည်း သနားကြင်နာတတ်တဲ့ နှလုံးသားရှိပါတယ်ကွာ မင်းမေ့ကို ကူညီရာလည်းရောက်မင်းလည်း အပမ်းပြေ မကောင်းဘူးလား ” သူတို့ ဒီလောက်ညွှန်းနေမှတော့ မေ့ကို ကျွန်တော် ကြည့်မိလိုက်သည် ။ သူတို့ပြောသည်မှာ မလွန်ကြောင်း ကျွန်တော်၏ မှင်သက်ငေးမောကြည့်မိခြင်းက သက်သေခံရာရောက်သွားသည် ။မေ အရမ်းလှသည် ။ သူဘယ်လောက်လှကြောင့် ကျွန်တော် လည်းကဗျာ ဆရာမဟုတ်၍ မဖွဲ့တတ် ။ မျက်လုံးမျက်ဖန်နှင့် နီထွေးသော နှုတ်ခမ်းတို့က လိုက်ဖက်စွာ မာကြောသေသပ်သည့်မိန်းမတစ်ယောက်ဟု ကျွန်တော် မှတ်ချက်ချမိသည် ။ မေ့ရဲ့တစောင်းထိုင်နေသည့်အလှက ခန္ဓာကိုယ်အလှကိုပေါ်လွင်စေသည် ။ ထိုခြုံငုံကြည့်မိသည့် တခဏ ကျွန်တော့် စိတ်ထဲ ဘာကိုမှန်းမသိ နှမျော တသသည့် စိတ်များဝင်လာသည် ။အို.. ငါနဲ့ဘာဆိုင်လို့တုန်း ။ ကျွန်တော် ရှေ့မှ ဘီယာခွက်ကို မေ့ချလိုက်သည် ။

ကျွန်တော်၏ အမူအရာကို သူငယ်ချင်းများက ရိပ်မိသွားဟန်တူသည် ။ “ တစ်ခုတော့ပြောမယ်နော် ကျော် မင်းကို ငါတို့ မေ့ကို ပြပေးတယ်ဆိုတာက မင်းဘ၀တစ်ခုလုံးကို ရင်းနှီးမြှုပ်နှံပစ်လိုက်ဖို့မဟုတ်ဘူးနော် မင်းအဲဒီလောက် မိုက်မဲတဲ့သူ မဟုတ်ဘူးတာလည်းငါတို့သိပါတယ် မင်းဘ၀ရဲ့ မွန်းကြပ်မှုတွေ အတွက် ခဏတာ အပမ်းဖြေယုံလောက် ဆိုတာ မင်းသဘောပေါက်ထားဖို့လိုတယ် ” ကျွန်တော် ဘာမှသူတို့ကို ပြန်မပြောမိဘူး ။ သူတို့စကားသံတွေကလည်း ကျွန်တော့်နားထဲ ၀င်လာလိုက် ထွက်သွားလိုက် ။ ပြီးတော့ အုပ်စုလိုက် ဘီယာသောက် စကားတွေဖောင်ဖွဲ့ပြောခဲ့ကြသည် ။ ကျွန်တော့်အမူအရာတွေ တိတ်ဆိတ်သွားပြီး ကျွန်တော်မိန်းမော သလိုဖြစ်နေတာကိုတော့ သူတို့ သတိထားမိဟန်မတူ ။ ဒီလိုနဲ့ ည ၁၁ ခွဲလောက် ကျွန်တော်တို့ ဘီယာဆိုင်မှ ထွက်ခဲ့ကြသည် ။ မေ့ကို လည်း တခြားသူတွေလို ရင်းနှီးအောင် အနားခေါ် ထိုင်ခိုင်းတာမျိုးကျွန်တော်မလုပ်ခဲ့ ။ မလုပ်ရက်ဆိုတာကပိုမှန်မည် ။

(၃)

ကားငှားရန် ကျွန်တော်တို့ အုပ်စု ဘီယာဆိုင်မှ ထွက်၍ လမ်းမပေါ်တက်ခဲ့ကြသည် ။ သိပ်ကြာကြာမလျှောက် ရသေး ။ ဓါတ်တိုင်အောက်မှ မြင်ကွင်းက သိပ်မလှ ။ အမျိုးသမီးတစ်ယောက်ကို အမျိုးသားသုံးယောက်က ထိကပါးရိကပါးလုပ်နေသည် ။ ရှင်းရှင်းပြောရလျှင် ဈေးငြှိနေကြခြင်းလား ဘာလား ကျွန်တော်လည်းမပြောတတ် ။ ရုန်းရင်း ဆန်ခတ်ဖြစ်နေကြသည်ကိုတော့ ကျွန်တော်မြင်လိုက်သည် ။ အမျိုးသမီးက ခါးခါးသီးသီးငြင်း ဆန်နေသည်ကိုလည်း ကျွှန်တော်တွေ့လိုက်သည် ။ ကျွန်တော်တို့ အနားရောက်သွားချိန် ထို အမျိုးသမီး မှာ မေဖြစ်နေကြောင်း ကျွန်တော်သိလိုက်သည် ။ သိလိုက်ရသိတခဏ အသံများဆူညံသွားကာ ဘာတွေဖြစ် ကုန်မှန်းကျွန်တော်သဲသဲကွဲကွဲမသိလိုက်တော့ ။ ထိုးကြကြိတ်ကြခြင်းလည်းဖြစ်နိုင်သည် ။ ကျွန်တော် အသိစိတ်ပြန် ၀င်လာချိန်တွင် မေက နံဘေးတွငိုနေသည် ။ ကျွန်တော့် သူငယ်ချင်းတွေက ဟို ၃ ကောင်နောက် ဆက်လိုက်သွားသည် ။ ကျွန်တော့်လက်တွင် သွေးတွေစိုရွဲနေသည် ။ ခေါင်းက မူးနောက်နေသည် ။ ခဏကြာတော့ သူငယ်ချင်းတွေပြန်ရောက်လာသည် ။ “ ငကျော် မင်းကွာ ဘာမပြောညာမပြောနဲ့ ဒီလောက် လုပ်ရလားကွ မသကာ လူသေသွားရင်ဘယ်လိုလုပ်မလဲ ငါတို့ကြည့်ရတဲ့လူတောင် ကြက်သီးထတယ် ” ကျွန်တော် ဘာမှပြန်မပြောမိ ။ မေ့ကို သာစူးစိုက်ကြည့်မိသည် ။ မေ့မျက်နှာကို အနီးကပ်ကြည့်မိ သည့်အတွက် မေ့မျက်ဝန်းတွေမှာ အရမ်းဖြူစင်လှကြောင်းအကြိမ်တစ်သန်းကြေး ကျွန်တော်လောင်းရဲသည် ။

ကျွန်တော့်လက်မှာ ဒါဏ်ရာနှင့်မို့ အိမ်ပြန်လို့မဖြစ် ။ ကျွန်တော့်မာတာ မိခင်က ကျွန်တော်ရန်ဖြစ်သည် သတင်းကြားလျှင် မိုးမီးလောင်သွားနိုင်သည် ။ ဒီတော့ အမေ့ကို သူငယ်ချင်းအိမ်မှာ အိပ်မည်ဟု ဖုန်းဆက်၍ ကျွန်တော်တို့အဖွဲ့ ဟော်တယ်သို့တစ်ညတာ အိပ်ရန် ထွက်ခဲ့ကြလေသည် ။ မေ က ကျွန်တော့်ဒါဏ် ရာတွေကို ဆေးထည့်ပေးသည် ။ ကျွန်တော်နာသည်ဟု မထင်မိ ။ လူက ထုံတုံတုံကြီးဖြစ်နေသည်ဟု ခံစားမိသည် ။ “ ဟို ဒီကလူကို တော့ အရမ်းအားနာပါတယ်ရှင် အရမ်းလည်းကျေးဇူးတင်ပါတယ် ” “ ကျွန်တော့်ကို ကျော်လို့ ခေါ်နိုင်ပါတယ် ” “ ဟုတ် အကို ကျော် သူတို့က ကျွန်မကို အတင်းလိုက်ခဲ့ဖို့ခေါ်တယ် ကျွန်မ ဒီနေ့လိုက် လို့မဖြစ်ဘူး အမေနေမကောင်းလို့ ကျွန်မ အမေ့အတွက်ဆေးဝယ်ပြီးပြန်ရမယ်လေ ဒီအလုပ်က ကျွန်မအလုပ်ဆိုပေမယ့် ကျွန်မလိုက်လို့မဖြစ်ဘူးအဲဒါကြောင့် ငြင်းဆန်ရင်းကနေ အခုလိုဖြစ်ကုန်ကြတာပါပဲ ” “ ရပါတယ် ” “ ဟို -- ကျွန်မ ဘာထပ်လုပ်ပေးရဦးမလဲ ဟို တစ်မျိုးမထင်ပါနဲ့နော် ဒါဏ်ရာသက်သာရဲ့လား ” “ဟုတ်ကဲ့သက်သာပါတယ် မေ အိမ်ပြန်တော့ ကျွန်တော်ရပြီ ဟေ့ ထွန်းဝင်း မေ့ကို ကားငှားပြီးအိမ်ပြန်ပို့ပေးလိုက်ပါကွာ ” “ အေးအေးသူငယ်ချင်း ” “ ကျေး..ကျေးဇူးတင်လိုက်တာအကိုရယ် အကို့ကျေးဇူးမမေ့ပါဘူး ” ဒီလိုနဲ့ ထိုတစ်ညက မေနှင့် ကျွန်တော်ဆုံစည်းခွင့်ရခဲ့သည် ။

(၄)

ကျွန်တော့်အတွေးတွေက ရှေ့မှ အရက်ခွက်ဆီပြန်ရောက်လာသည် ။ မေနှင့် ကျွန်တော်ဆုံဆည်းခဲ့ခြင်းက ချစ်ခြင်းတစ်ခုလား ကျိန်စာတစ်ပုဒ်လား ကျွန်တော်မသိချင်တော့ ။ သိဖို့လည်းမလိုအပ် ကျွန်တော်သတိ ထားမိချိန်တိုင်းမေ့ကို စူးနင့်စွာ ချစ်ခဲ့မိပြီဆိုတော့ ကျိန်းသေလွန်းသည် ။ အဲဒီတုန်းက ကျွန်တော်က ဘာမပြောညာ မပြောနှင့် ထိုလူသုံးယောက်ကို ထိုးကြိတ်ခဲ့သည်ဟုဆိုသည် ။ တစ်ယောက်ဆီမှ ဓါးနှင့်ပြေးလာသည်ကို ကျွန်တော်က မရှောင်ပဲ လက်နှင့်ကာကာ ပြန်ထိုးသည်ဟုဆိုသည် ။ ကျွန်တော် ထို အချိန်များတွင် အသိစိတ်မရှိဟု ထင်သည် ။ ကျွန်တော့်စိတ်ထဲတွင်မေ့ကို စော်ကားသော ထိုလူ၃ ယောက်ကို အမှုန့်ကြိတ်ပစ်ချင်စိတ်သာများနေသည် ။ လဲကျနေသော လူတစ်ယောက်ကို ကျွန်တော်သေလောက်အောင် ထိုးကြိတ်နေချိန်တွင် တခြားသူတစ်ယောက်မှ တုတ်နှင့်၇ိုက်ရန်ပေးလာရာ သူငယ်ချင်းများက ၀င်ကူပေး၍သာ ကျွန်တော် ကံကောင်းသွားရသည် ။ ထားလိုက်ပါတော့ မေ -- ကျွန်တော်ခင်ဗျားအကြောင်းတွေပဲတွေးပါရစေ စတင်ဆုံစည်းချိန်ဟာ အမှတ်တရဆိုပေမယ့်လည်း ကျွန်တော့်အတွက်တော့ မေနဲ့ ရှိနေတဲ့အချိန်တိုင်းက အမှတ်တရချည်းပါပဲ ။ အဲဒီနောက်ပိုင်းမေနဲ့ကျွန်တော် ရင်းနှီးခဲ့ကြတယ် ။ ကျွန်တော်လည်းဘီယာ ဆိုင်ခဏ ခဏရောက်ခဲ့တယ်ဆိုပါတော့ ။ မေက ကျွန်တော့်ကိုပြောတယ် သူ့ကို ခင်တယ်ဆိုရင် ဘီယာဆိုင်ကို ခဏခဏ မလာပါနဲ့ပိုက်ဆံကုန်ပါတယ် လာစေချင်သည့်အချိန်နဲ့နေရာကိုသာချိန်းပါ သူ လာမည်ဟုဆိုသည် ။

တခါတခါ မေ့ဆီက ဘာကို လိုချင်တာလဲဟု ကျွန်တော် စဉ်းစားမိသည် ။ ခန္ဓာကိုယ်လား လိင်ဆန္ဒသွေး သားတောင့်တမှုလား ဂရုစိုက်မှုလား တစ်ခုမှမဟုတ် မေ့ဆီက ကျွန်တော် ဘာမှမလိုချင်ဟု ကျွန်တော် သိလိုက်ရသည့်ခဏ ကျွန်တော့်ခန္ဓာကိုယ်အေးစက်သွားခဲ့ရသည် ။ ဒါဆိုမေ့ကို ကျွန်တော်ဘာလို့ချစ်ခဲ့ရတာလဲ ။ ဟင့်အင်းအချစ်မှာ ဘာအကြောင်းပြချက်မှ မလိုဘူးမဟုတ်လား ။ မေဟာ လူတကာ တံတွေးနဲ့ထွေးချင်တဲ့ အကျင့်ပျက်မဆိုပါတော့ ဒါပေမယ့် မေဟာ ပိုင်းလုံးမဟုတ်ဘူး ။ ချူမစားတတ်ဘူး ။ သူ့လုပ်အားခ ခန္ဓာကိုယ်ရင်းရငွေထက်ပိုမယူဘူး မေစည်းကမ်းကြီးတာ ကျွန်တော်အသိဆုံးဖြစ်သည် ။ မေက ကျွန်တော့်ကို အရှင်းဆုံးပြောထားသည် ။ ကျွန်တော်လိုအပ်တာမှန်သမျှ သူတတ်နိုင်တာအ ကုန်ပေးမည် ခန္ဓာကိုယ်ကအစ ဘ၀ တစ်ခုလုံးအဆုံးပေါ့ ဒါပေမယ့် ကျွန်တော့်ဖက်က ငွေတစ်ကျပ်မှစ၍ မည်သည့်အရာမှ ပေးပိုင်ခွင့်မရှိ ချစ်ခြင်းတစ်ခုနဲ့တင် သူ့ဘ၀ တစ်ခုလုံးလုံလောက်သည်ဟုဆိုသည် ။ မေ့ကို ကျွန်တော်ဘယ် လိုနားလည်ရမှန်းမသိ ။ မေ က အတော်ခေါင်းမာသည် ။

(၅)

အမေ ဆေးရုံတင်ရမယ် အကို ဆိုတဲ့စကားကြားတော့ သူနဲ့ရင်းနှီးဖြူစင်စွာ ပတ်သတ်ခဲ့သည် ကျွန်တော်စိတ်မပူပဲနေပါ့မလား ။ ဒီနေရာမှာ ဖြူစင်ဆိုတဲ့စကားကိုသုံးမိလို့ မအံ့သြလိုက်ပါနဲ့ ။ ကျွန်တော်မေ့ လက်ကလေးမှ လွဲ၍ မေ့ နှုတ်ခမ်း မေ့ပါးပြင်မှ မနမ်းဖူးပါ ။ မနမ်းရက်၍သာဖြစ်သည် ။ မေနှင့်ကျွန်တော် ဆိတ်ကွယ်ရာ များတွင် အကြိမ်ပေါင်းများစွာ အတူရှိဖူးသည် ။ ဒါပေမယ့် မေ့ကို လွန်ကြူးဖို့နေနေ သာသာ မေနဲ့အတူရှိနေချိန်တိုင်းရင်ခုန်သံတွေမြန်လာပြီး လူတစ်ကိုယ်လုံးအေးစက်လာလွန်း၍ ကျွန်တော် အနား သိပ်မကပ်ရဲ ။ မေ့ကို ကျွန်တော်အသည်းပေါက်မတတ်ချစ်သည် ။ မေ့ကို ကျွန်တော် တတ်စွမ်းသလောက်ကူညီချင်သည် ။ ကျွန်တော်နှင့်မေ စသိကတည်းကစ၍ ကျွန်တော့်ပိုက်ဆံ တစ်ပြားတစ်ချပ် မှ မေမသုံးခဲ့။ ယုတ်စွအဆုံး အအေးဆိုင်ထိုင်၍ အအေးဖိုးရှင်းလျှင်ပင် မေက ၂ ယောက်စာရှင်းသည် ။ ကျွန်တော်အတင်းပြောလျှင် သူ့ဖို့သူရှင်းပြီး ထထွက်သွားတတ်သည် ။ ဘယ်လိုနားလည်ရမှန်းမသိတော့ ။ တချို့က အပုပ်ချပြောသည်များလည်းရှိသည် ။ မေက ကျွန်တော့်ကို ချူစားနေသည်တဲ့ ။ မေ--ချူစားလား မချူစားလား ကျွန်တော်အသိဆုံးပင်မဟုတ်ပါလား ။ ဒီတခါ မေ့ ရဲ့ မိခင်ဆေးရုံတက်ဖို့လိုသည်ဆိုတော့ ကျွန်တော် ကူညီချင်သည် ။ မေ့မှာ ၀င်ငွေမကောင်းမှန်းကျွန်တော်သိသည် ။ ကျွန်တော်နှင့်စတွေ့ ကတည်းက မေက သီချင်းဆိုခြင်းတစ်ခုသာလုပ်တော့သည် ။ ညဖက်ခေါ်လျှင် မလိုက်တော့ ။ ကျွန်တော့်ကို အားနာ၍ဖြစ်သည်ဟုလည်းပြောတတ်သည် ။ ဘာကြောင့်မှန်းကျွန်တော်မသိ ။ အမှန်ဆို မေသူ့အလုပ် သူလုပ်တာ ကျွန်တော်ဘာမှပြောစရာမရှိ ။ ရွံ့စရာလည်းမရှိ ။ တိုက်ခန်းကြီးပေါ်တွင် လင်ငယ်နေပြီး ဖဲရိုက် အရက်သောက်ကာ ပျက်ဆီးနေသော အထက်တန်းလွှာ မိန်းမများထက်စာလျှင် မေ့လို မိဘကို ခန္ဓာကိုယ်ရင်း၍ လုပ်ကျွေးသော အလုပ်ကပို၍ မြတ်သည်ဟု ကျွန်တော် တခါတရံတွေးမိသည် ။

မေ့ဆီ ကျွန်တော် ငွေငါးသိန်းယူ၍ ရောက်လာခဲ့သည် ။ မေက လက်မခံ ခါးခါးသီးသီးငြင်းဆန်ခဲ့သည် ။ ဆေးရုံစရိတ် စကနှင့် ထွေလီကာလီ ငွေဘယ်လောက်ကုန်မှန်း ကျွန်တော်နားလည်သည် ။ ကျွန်တော် ဘာကို မှ ဆက်မတွေးချင်တော့ပါဘူး ။နောက်ဆုံး အရက်ခွက်ကိုမော့ချပြီး ကျွန်တော် အိမ်ကို ပြန်လာခဲ့တယ် ။ မိုးကလည်း အဲဒီနေ့က အရမ်းကို သည်းလွန်းနေခဲ့ပါတယ် ။

နိဂုံး

အရက်ဆိုင်က ပြန်လာပြီးတော့ ကျွန်တော် အသည်းအသန်ဖျားနေခဲ့တယ် ။ နမိုးနီးယားဆိုလား အအေးမိပြီး အဆုတ်ယောင်တာတဲ့ ။ ကျွန်တော် တစ်ပတ်လောက်တော့ အပြင်မထွက်ဖြစ် မေ့ဆီလည်းမရောက်ဖြစ် ။ မေ အဆင်ပြေရဲ့လား မေ့မိခင်ရော ဆေးရုံတင်ရသည် ဆိုတာ အဆင်ပြေရဲ့လား မေ့ရဲ့ဘ၀လေး ဘယ်တော့မှအေး ချမ်းပါ့မလဲ ။ မှန်တာပြောရလျှင်မေ့ကို ကျွန်တော် လက်ထပ်မည်ဖြစ်သည် ။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာ လူနှစ်ဦးပေါင်းစပ်ခြင်းဟု သာမန်ရိုးရိုးတွေးသည့်အထဲတွင်ကျွန်တော်မပါ ။ ကျွန်တော်တို့လက်ထပ်ဖို့ ကျွန်တော့် အသိုင်း အ၀ိုင်း တစ်ခုလုံးကို ဆန့်ကျင်ရလောက်သည့်အထိ ကျွန်တော့်မှာ အချိန်ယူဖို့လိုသည် ။ မေကတော့ ခါးခါးသီး သီးငြင်းဆန်မှာသေချာသည် ။ မဖြူစင်တော့သည့် ခန္ဓာကိုယ်ကို ကျွန်တော့်ကို မပေးချင်ဟု သူခဏခဏ ပြောဖူးသည် ။ တခဏတာ ပျော်ရွှင်ရဖို့အတွက်ဆို အချိန်မရွေး သူ့ဖက်က ကို့အတွက် အဆင်သင့်ပါဟု မေ ခဏခဏပြောဖူးသည် ။ ကျွန်တော့်အတွက် ဘာမှ အရေးမကြီး မေ့ကို ကျွန်တော် လက်တွဲကာ ရင်ဆိုင် သွားဖို့သာ စိတ်ကူးရှိသည် ။ ကျွန်တော်မေ့ကို သတိရစိတ်က ထိမ်းမရနိုင်တော့ အဖျားပျောက်နေပြီလား မပျောက်သေးဘူးလား ကျွန်တော်မတွေးမိတော့ မေ့အိမ်ကလေးသို့ ကျွန်တော်ထွက် လာခဲ့တော့သည် ။ တစ်ပတ်လောက် ကြာသွားသည်ဆိုသော်လည်း ဒီလမ်းကလေးက ကျွန်တော့်အတွက် အရင်လိုပါပဲ ။ ဘေးအိမ်ပတ်ဝန်းကျင်ကတော့ ထုံးစံအတိုင်း ကျွန်တော့်ကို စပ်စုကြသည်ထင်သည် ။ ရှိပါစေ လူ့သဘာဝအတိုင်းပေါ့မေ သူတို့ မေနဲ့ကို့ကို ဘယ်လောက်ကဲ့ရဲ့နိုင်မှာတဲ့လဲ ။

မေ့အိမ်ရှေ့ကိုရောက်တော့ ကျွန်တော့်ခြေလှမ်းတို့ တုံ့ကနဲရပ်သွားရသည် ။ အိမ်တံခါးကို သော့ ခတ်ထားသည် ကို တွေ့လိုက်ရသည် ။ မေ-- မေ --အော် မေ ဆေးရုံများရောက်နေမလား ။ ကျွန်တော်မေ့ ဘေးအိမ်က အဒေါ်ကြီးကိုမေးမိသည် ။ “ အန်တီ ဒီအိမ်က မေနဲ့ သူ့ မိဘတွေ ဘယ်သွားလဲသိလားခင်ဗျ ” “ အော် မောင်ရင် အင်း မင်းမလာတာ တစ်ပတ်လောက်ရှိပြီမဟုတ်လား အင်းလေ တစ်ပတ်ဆိုတဲ့အချိန်ကလည်း ကိစ္စတော်တော်များများကိုပြောင်းလဲပစ်နိုင်တာပဲလေ -- မေ့ရဲ့ အမေ ဖျားပြီး ၂ ယောက်လောက်ပဲ အစာအိမ်သွေး အန်ပြီး ဆေးရုံပေါ်မှာ ဆုံးသွားတယ် ကျန်ခဲ့တဲ့ အဖေဒုက္ခိတကြီးကို မေက ခေါ်ပြီး ဒီအိမ်လေးကို ပြန်အပ်ခဲ့တယ်ကွဲ့ သူမောင်ရင် လာရင်ဖတ်ဖို့ဆိုလား စာအိတ်တစ်အိတ်ပေးခဲ့တယ် ခဏနော် အဒေါ်သွားယူပေးမယ် ” ကျွန်တော် မတ်တပ်ရပ်နေတဲ့နေရာမှာ မလှုပ်မယှက်ရပ်နေမိတယ် ။ ခဏကြာတော့ အဒေါ်ကြီးပြန်ထွက်လာပြီး ကျွန်တော့် လက်ထဲ စာအိတ်တစ်အိတ်လှမ်းပေးခဲ့တယ် ။ စာအိတ်က ကျွန်တော်နှစ်သက်တဲ့အေ၇ာင် အပြာရောင်ကလေးပါပဲ ။ စိတ်အိတ်ပြာပြာလေး ထဲမှာ မေဘာတွေ များရေးထားမလဲ ကျွန်တော် အလောတကြီး သိချင်စိတ်နဲ့ဖွင့်ဖတ်မိလိုက်တယ် ။

“ ကို --

အမေ ဆုံးသွားတယ် ကွယ် အဖေ့ကို မေ ဆက်လက်ပြုစုစောင့်ရှောက်ဖို့မေ့မှာ တာဝန်ရှိတယ်လေ ကို့ကိုလည်း ၀န်ထုပ်ဝန်ပိုး ဒုက္ခမဖြစ်စေချင်ပါဘူး ကိုတစ်နေ့ကျရင် မေ့ကို လက်ထပ်မယ်လို့ပြော မှာမဟုတ် လား မေသိပါတယ်ကွယ် ဒါပေမယ့်ကို့ကို မေလက်မထပ်နိုင်ဘူးလေ ဘာကြောင့်လည်းမမေးပါနဲ့ ကို အိမ်ထောင်ပြု တယ်ဆိုတာ လူနှစ်ဦး ပေါင်းစည်းခြင်း သက်သက်မဟုတ်ဘူးကို -- အသိုင်းအ၀ိုင်းတွေပါ ပါတယ်လေ ကို့အသိုင်းအ၀ိုင်းကို မေ့ကိုချစ်တဲ့စိတ်နဲ့ ကို ဆန့်ကျင်ရမှာ မေမလိုမလားဘူး ကို ဘယ်သူံ့ကို မှ ဒူးမထောက်ရဘူး အထူးသဖြင့် မေဆိုတဲ့မိန်းမတစ်ယောက်အတွက်နဲ့ကို့အချိန်တွေအများကြီး ကုန်နေခဲ့ရ တာ မေအား နားနေမိတယ် နောက်မဖြစ်စေရပါဘူးကိုရယ် မေ လေ --ကို့ကို သိပ်ချစ်တယ်သိလား ကို့ကိုသိပ်ချစ် လွန်းလို့ပဲ ကိုနဲ့ အဝေးဆုံးကို မေ ထွက်သွားခဲ့ပါပြီ မေ့ ကိုကိုလိုက်မရှာပါနဲ့နော် ရှာလည်းတွေ့မှာမဟုတ်ဘူးလေ ဘာလို့လည်းဆိုတော့ မေက ပုန်းနေတဲ့သူပဲ ကိုး မေလေ ကို့အနားမှာတော့ အမြဲရှိနေမှာပါကို့ရဲ့အရိပ်ကလေးတစ်ခုအဖြစ်နဲ့ပေါ့ ကို အချိန်တန်ရင် ကိုနဲ့သင့်တော်မဲ့ အမျိုးသမီးတစ်ယောက် နဲ့အိမ်ထောင်ပြုလိုက်ပါနော် တစ်ချိန်က ဖြူစင်စွာ ပတ်သတ်ခဲ့ဖူးတဲ့ေ မဆိုတဲ့ခပ်ညံ့ညံ့ မိန်းမတစ်ယောက်ကို ကို့နှလုံးသားနဲ့ဦးနှောက်ထဲကနေ ထုတ်ပစ်လိုက်ပါကွယ် --

မေ့အတွက်တော့ ဘ၀မှာ အရေးအကြီးဆုံးနဲ့ အသိစေချင်ဆုံးက တစ်ခုပဲရှိတယ်

ကို့ ကို မေ သိပ်ချစ်တယ်

မေ ”

ဒါပါပဲ -- အရာအားလုံးပြီးဆုံးသွားပြီလို့ သိလိုက်ရချိန် ကျွန်တော့်လက်ထဲမှာ စာရွက်ကလေးရှိမနေတော့ဘူး ကျွန်တော့် အသိစိတ်ဟာလည်း ကျွန်တော့်ခန္ဓာကိုယ်မှာ မရှိနေတော့ဘူး ။ ကျွန်တော် ဘယ်အရာကိုမှ လည်းသဲသဲကွဲကွဲမမြင်ရတော့ဘူး ။ ကျွန်တော့် မျက်ဝန်းမှာ မျက်ရည်တွေစီး ကျနေတယ်ဆိုတာတော့ ကျွန်တော် သတိထားမိလိုက်ပါတယ် ။

ရှိစေတော့မေ --

ထားပါတော့ကွယ် ထားပါတော့ ---
ချစ်ခဲ့တယ်ဆိုလည်းထားပါတော့
မဖြစ်နိုင်တဲ့အိပ်မက်တစ်ခုကိုမှ ဥာဉ့်နက်သန်းခေါင်ထမက်ခဲ့မိသတဲ့လား
သွားမယ်ဆိုလည်း -- ငါမမြင်နိုင်တဲ့နေရာဆီ
ထားမယ်ဆိုဆိုလည်း -- ငါမလိုက်နိုင်တဲ့နေရာဆီ
မေ --
ကောင်းကင်ထက်က ကြယ်တွေငါ့ကို လှောင်ပြုံးပြုံးတယ်
သူတို့အပြုံးကို ငါ သိပ်မုန်းတယ် မေရယ်
မင်းငါ့ကို ဘယ်လောက်ချစ်သလဲ သူတို့မသိဘူး
ငါမင်းကို ဘယ်လောက်ချစ်သလဲ သူတို့မသိဘူး
ရှိပါစေတော့မေရယ်
တခဏတာ ဆုံစည်းခွင့်လေးတစ်ခုကိုပဲ မက်မောစွာ ငါသိမ်းဆည်းလို့
ဆုလာဘ်တစ်ခုလို့ မှတ်ထင်ထားတယ်
ခြားသွားခဲ့တဲ့ ကမ္ဘာနှစ်ခြမ်းမှာ
မင်းရယ်ငါရယ် ---- မြတ်နိုးတွယ်တာခြင်းရယ်
ဟိုးအဝေးမှာ တစစီပြန့်ကျဲလို့ မေရယ်
ဘာရယ်မဟုတ်ခဲ့ပါဘူးကွယ် --
မိုးကလည်း သည်းလွန်းနေခဲ့တယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 20, 2012

ဘ၀ကိုဖြတ်သန်းတဲ့အခါ ----



ဘ၀ကိုဖြတ်သန်းတဲ့အခါ ----

> အကျိုးမရှိစေတဲ့ လူတွေနဲ့အချိန်ဖြုန်းခြင်းကိုရှောင်ကျဉ်ပါ

> ပြဿနာတွေက နေပြေးထွက်တတ်တဲ့အကျင့်ကို ရပ်တန့်ပါ

> မိမိကိုယ်ကိုယ် လိမ်လည်ခြင်းကို ရပ်တန့်ပါ

> ကိုယ်မဟုတ်တဲ့တခြားသူတစ်ဦးဦးရဲ့ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းခြင်းမလုပ်ပါနဲ့

> အတိတ်ကို ဖက်တွယ်ထားခြင်းအား စွန့်လွှတ်ပါ

> အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ

> ပျော်ရွှင်မှုကို ရရှိအောင်ကြိုးစားပါ

> အဆိုးမြင်ဝါဒီကို တတ်နိုင်သမျှ စွန့်လွှတ်ပါ

> ကိုယ်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ တွေးထင်ခြင်းကို ရပ်တန့်ပါ

> မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ relationship တစ်ခုကို မတည်ဆောက်ပါနဲ့

> သူတပါးကို မနာလိုဝန်တိုမှုမဖြစ်ပါနဲ့

> ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ့

> ဘယ်အရာကိုဖြစ်ဖြစ် မရပ်မနားပဲ ဆက်ခါဆက်ခါ မပြုလုပ်ပါနဲ့

> Perfect ဖြစ်ဖို့ထက်စာရင် အမှားအယွင်းနည်းအောင်သာကြိုးစားပါ ။

> အရမ်းကာရောစိုးရိမ်ပူပန်တတ်ခြင်းမဖြစ်ပါစေနဲ့ ။

> အကောင်းဆုံးကို လိုချင်ရင် အဆိုးဆုံးကိုလည်း လက်ခံတတ်ပါစေ ။

သက်တန့်ချို
ဖတ်မိသမျှ ၊ မှတ်မိသမျှ ၊ တွေးမိသမျှ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ

အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ



ဆရာမ က ကျောင်းသားတွေကို ဂိမ်းတစ်ခုကစားဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။

ကျောင်းသားတစ်ယောက်ဆီကို အတန်းထဲကို အာလူးအနည်းငယ်ပါတဲ့အိတ်တစ်အိတ်စီ သယ်ဆောင် လာကြဖို့အ တွက် ဆရာမက ကျောင်းသားတစ်ဦးဆီကိုပြောလိုက်တယ် ။ အာလူးတစ်ဦးဆီမှာ သူတို့မုန်းတဲ့သူ ငယ်ချင်းတွေနာမည်ကိုရေးခိုင်းလိုက်တယ် ။ ပလပ်စတစ် အိတ်ထဲမှာ အာလူးဘယ်လောက် ပါလာမလဲ ဆိုတာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သူတို့လူဘယ်နှစ်ယောက်ကို မုန်းနေလဲဆိုတဲ့အပေါ် မူတည်ပါတယ် ။

ဂိမ်းကစားတဲ့နေ့ရောက်တဲ့အခါ ကျောင်းသားတိုင်းက သူတို့မုန်းတဲ့လူနာမည်တွေရေးထားတဲ့ အာလူး တွေကို အိတ်ကလေးတွေထဲထည့်ပြီးယူဆောင်လာကြတယ် ။ တချို့က အာလူး ၂လုံးပါတယ် တချို့ကတော့ အာလုံး ၃ လုံးပေါ့ တချို့ဆို အာလုံး ငါးလုံးအထိတောင်ပါလာခဲ့တယ် ။ ဆရာမက ကျောင်းသားတွေကိုပြောလိုက်တယ် ။

“ တပည့်တို့ အခုပါလာတဲ့အာလူးတွေထည့်ထားတဲ့အိတ်ကလေးတွေကို တစ်ပတ်တိတိ တပည့်တို့ဘယ်ကို သွားသွား ယူသွားရမယ် နောက်ဆုံးအိမ်သာထဲသွားရင်တောင် ဒီအိတ်ကလေးကိုယူသွားရမယ် ” လို့မှာကြား လိုက်တယ် ။

ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့တယ် ။ ကျောင်းသားတွေက အချိန်ကြာလာတော့ ပုပ်အက်လာတဲ့ အာလူးတွေကြောင့် မနှစ်မြို့စရာ အနံ့တွေကို စတင်ပြီး စောဒက တက်လာခဲ့ကြတယ် ။ ဒါ့အပြင် အာလူးငါးလုံးယူလာတဲ့ကျောင်းသားဆိုရင် အိတ်ကြီးကြီး သယ်ရတဲ့အတွက် အဆင်မပြေဘူးဖြစ်နေခဲ့တယ် ။ တစ်ပတ်ပြီးတဲ့ အခါ ကျောင်းသားတွေသက်သာခွင့်ရသွားကြတယ် ။ ဘာလို့လည်းဆိုတော့ သူတို့ကစားပွဲ ကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ဖြစ်တယ် ။

ကျောင်းသားတွေက သူတို့ကြုံရတဲ့ဒုက္ခတွေအတွက် မချင့်မရဲဖြစ်ပြီး ပြဿနာတွေကို စောဒကတက်ခဲ့ကြတယ် ။ ဒီလို လေးလံပြီး အနံ့အသက် မကောင်းတဲ့အိတ်ကြီးကို သူတို့ ဘယ်နေရာသွားသွား သယ်ဆောင် သွားရတယ်ဆိုတာကိုပေါ့ ။

ဆရာမက ကျောင်းသားတွေအားလုံးကိုစုဝေးစေပြီး အခုပြီးဆုံးသွားတဲ့ကစားပွဲရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ကိုပြောပြခဲ့တယ် ။

“ တပည့်တို့ အာလူးတွေအပေါ်မှာ ကိုယ်မုန်းတဲ့သူနာမည်ကို ရေးထွင်းခိုင်းခြင်းဟာ တပည့်တို့ နှလုံးသားထဲမှာ တပည့်တို့ မုန်းနေတဲ့ လူတွေရဲ့ နာမည်တွေအကြောင်းအရာတွေကို ထည့်သွင်းထားခြင်းနဲ့တူတယ် ။ အာလူးတွေကို တပည့်တို့သွားလေရာ အိတ်နဲ့ထည့်ပြီးသယ်ဆောင်သွားရသလို တပည့်တို့ မုန်းနေတဲ့ လူတွေကို တပည့်တို့က နှလုံးသားထဲထည့်ပြီးသယ်ဆောင်သွားကြတယ် ။ အချိန်ကြာလာတော့ အာလူးတွေကပုပ်ပြီး ဆိုးရွားတဲ့အနံ့တွေထွက်လာသလို တပည့်တည်းလည်း ကိုယ်သူတပါးအပေါ် ထားရှိတဲ့အမုန်းတွေကြောင့် အပုပ်နံ့တွေ ထွက်ပြီးနှလုံးသားတွေက မဖြူစင်ကြတော့ဘူး ။ တစ်ပတ်အတွင်းမှာတောင် တပည့်တို့အာလူး ပုပ်တွေရဲ့ဆိုးရွားတဲ့ရနံ့တွေကို ခံခဲ့ကြရတယ်မဟုတ်လား ။ ဒါဆို နှလုံးသားထဲ ထည့်သွင်းမိတဲ့အမုန်းတွေကို ဘာကြောင့်များ တစ်သက်လုံးသယ်ဆောင်သွားကြမလဲ ။ တစ်ပတ်ပြီးနောက်အာလုံးတွေကို ပစ်လိုက်ရတဲ့အခါ ရရှိလာတဲ့ ပေါ့ပါးလန်းဆန်းမှုမျိုးကို တပည့်တို့ပြန်တွေးကြည့်ကြပါ ။ ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးသလဲ ။ ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်နှလုံးသားကို ၀န်ထုပ်ဝန်ပိုးဖြစ်ပြီးပုပ်စော်နံမှု မဖြစ် ပါစေနဲ့”

---------------------------------------------------------

ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်ကိုယ်ကို ၀န်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့ ။ အာလူးပုပ်တွေကို လွှင့်ပစ်လိုက်သလို သင်လည်း အမုန်းတွေကို စွန့်ပစ်လိုက်ပါ ။ သင်သာမစွန့်ပစ်နိုင်ခဲ့ရင် သင်ဘယ်သွားသွား အဲဒီအမုန်းတွေကို သင့်နှလုံးသားကသယ်ဆောင်သွား၇လိမ့်မယ် ။အ ချိန်ကြာလာတဲ့အခါ အာလူးတွေပုပ် သွားသလို သင့် နှလုံးသားမှာလည်းအမုန်းတွေကြောင့် မာကြောခက်ထန်မှုတွေနဲ့ ပူလောင်မှုတွေ သာကြုံတွေ့ ရလိမ့်မယ် ။

ဒီနေ့ကစပြီး

သင့်ရဲ့ အမုန်းတွေထည့်ထားတဲ့ နှလုံးသားကို စွန့်ပစ်လိုက်ပါ စာဖတ်သူ ။

သက်တန့်ချို
The Game အား ဘာသာပြန်ခံစားသည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, July 18, 2012

၉၉ ယောက်သာ ထွက်သွားပါ

၉၉ ယောက်သာ ထွက်သွားပါ



တစ်ခါတုန်းက ကမ္ဘာပေါ်တွင် အရမ်းနာမည်ကြီးသော ကျောင်းတစ်ကျောင်းရှိသည် ။ နှစ်စဉ် လူရည်ချွန်များမွေး ထုတ်ပေးသလို ပညာတတ်များ ပေါက်ဖွားရာဟုနာမည်ကြီးသော ကျောင်းတစ်ကျောင်းဖြစ်သည် ။ ထို ကျောင်း၏ အစဉ်အလာမှ တစ်နှစ်လျှင် ကျောင်းသား ၁၀၀ သာလက်ခံသည် ။

တစ်ခါတော့ ထိုကျောင်းသားတစ်ရာတွင် တစ်ယောက်သော ကျောင်းသားမှာ အလွန်ဆိုးသွမ်းလေသည် ။ စာလည်းမ ကျက် ရန်ဖြစ်လိုက် ပျော်ပါးလိုက်နှင့်အချိန်ကုန်နေလေသည် ။ ထိုကျောင်းသား တစ်ယောက်ကြောင့် တခြား ကျောင်းသားများပါ အပစ်ပြောခံရပြီး နာမည်ပျက်သလိုဖြစ်နေလေသည် ။

ဒီတော့ကျောင်းသား၉၉ ယောက်က တိုင်ပင်ကာ သူတို့ ပါမောက္ခထံသို့သွားရောက်ပြီး ထိုကျောင်းသား အား ကျောင်းထုတ်ပေးရန်ပြောကြလေသည် ။ ပါမောက္ခက လာမည့် ၂ ရက်တွင်ပြုလုပ်မည့်အစည်းအဝေးတွင် ဆုံးဖြတ်ချက်ပေးမည်ဟု ပြောလိုက်လေသည် ။ သို့နှင့် အစည်းအဝေးပြုလုပ်မည့်ရက်သို့ရောက်ရှိလာသည် ။

ထိုနေ့တွင် ကျောင်းသား ၁၀၀ လုံးစုံလင်စွာတက်ေ၇ာက်ကြပြီးပါမောက္ခပြောမည့်စကားကို နားစွင့်နေကြလေ သည် ။ ပါမောက္ခက ကျောင်းသားများ စုံလင်သည်နှင့်အောက်ပါအတိုင်းပြောလိုက်လေသည် ။

“ ကဲ တပည့်တို့ ပြောတဲ့ပြဿနာကို ဆရာစဉ်းစားထားပါပြီ ဒီတော့ လိမ္မာတဲ့တပည့် ၉၉ ရောက်ကို ဆရာ့ကျောင်း ကနေ ထွက်ခွင့်ပြုလိုက်ပါပြီ ဆိုးသွမ်းတဲ့တပည့်ကတော့ လိမ္မာအောင် ဆက်လက် သင်ကြားရဦး မှာဖြစ်တဲ့အတွက်ကျောင်းမှာနေခဲ့ရမှာဖြစ်တယ် ”

ပါမောက္ခပြောတဲ့ စကားကိုကြားတော့ ကျောင်းသားအားလုံး ဟာကနဲဟင်ကနဲဖြစ်သွားကြတယ် ။ ပြီးတော့ကျောင်း သားတစ်ယောက်က ထမေးတယ် ။ “ ဆရာ ဘာဖြစ်လို့ ကျွန်တော်တို့ ကို ကျောင်းကထွက်ခိုင်းပြီး ဒီကျောင်းသားဆိုးကိုမထွက်ခိုင်းတာပါလဲံ ”

ပါမောက္ခကပြန်ပြောတယ် ။ “ တပည့်တို့ ဆရာတို့မည်သည် ဆိုးသွမ်းသော ကျောင်းသားကို တော်လာအောင် မိုက်ရိုင်းသောကျောင်းသားကို ယဉ်ကျေးအောင် ပြုပြင်ဆုံးမပေးရမယ့်တာဝန်ရှိတယ် တပည့်တို့ ၉၉ ယောက်စ လုံးဟာ ယဉ်ကျေးလိမ္မာပြီးသူများဖြစ်လို့ ကျောင်းမှထွက်ခွင့်ပြုပြီး ဆိုးသွမ်းတဲ့ကျောင်း သားအ တွက်တော့ ဆရာ့မှာ တာဝန်ရှိပေတယ် ဆရာတို့မည်သည် မည်သည့်ဆိုးသွမ်းသော တပည့်ကိုမှ စွန့်ခွာ ပစ်ပယ်ရိုးထုံးစံမရှိပါ ” လို့ပြောကြားလိုက်ပါတော့တယ် ။

@@@@@@@@@@@@@@@@@@@@@@@

ဒီပုံပြင်လေးကို လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားဝိုင်းထဲမှာ ကြားသိခဲ့တာဖြစ်ပါတယ် ။ အခု နာမည်ကြီးနေ တဲ့ ဆေးကျောင်းက ဆရာကြီးတချို့နဲ့ယှဉ်ကြည့်မိတယ် ။ ဆိုးသွမ်းတဲ့တပ ည့်တွေကို ယဉ်ကျေးအောင် ဆုံးမပြုပြင်ရမယ့်အစား လစ်လျှူရှုလိုက်တဲ့အခါ ပိုဆိုးပြီး ဆရာဝန်တောင်ဖြစ်ခွင့်မရပဲ လမ်းမှားရောက်သွားကြတဲ့ သူတွေကို တွေ့တွေ့နေရတယ် ။ ဆရာများအားလုံး ဆရာစိတ်ဓါတ်ပီသနိုင်ကြပါစေ ။ ကျောင်းသား သဘာဝ တော် တဲ့ကျောင်းသားရှိသလို ညံ့တဲ့ကျောင်းသားရှိမယ် လိမ္မာတဲ့ကျောင်းသားရှိသလို ဆိုးတဲ့ကျောင်း သား လည်းရှိမယ် ။ တော်တဲ့သူကို ချီးမြှောက်သလို ဆိုးတဲ့သူကို ပဲ့ပြင်ရမှာကလည်း ဆရာတို့ တာဝန်ဖြစ်တယ် ။

သက်တန့်ချို
လက်ဖက်ရည်ဝိုင်းမှ အသိများ ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကလေးရယ်---ကလေးရယ်

ကလေးရယ်---ကလေးရယ်



ကလေးရယ်---ကလေးရယ်

အရမ်းကြောက်နေလား ကလေးရယ်
ငါ့ရင်ထဲလည်း မျက်ရည်ပေါင်းများစွာ စီးကျနေတယ်
ဘ၀ ဆိုတာကလည်း တရားတဲ့ ချိန်ခွင်တစ်ခုမှမဟုတ်တာပဲ
အရမ်းကြောက်နေလား ကလေးရယ်

တချိန်မှာ မင်းတို့အနာဂါတ်ဟာ ဆူးခင်းလမ်းတွေများပြည့်နေမလား
ငါမတွေးရဲဘူးကလေးရယ်
မင်းကြောက်နေသလားဟင် -- ဒါမှမဟုတ် အမှောင်လွှမ်းတဲ့ညနက်ထဲ
မင်းချမ်းနေရှာမလားကလေးရယ်--
ငါလည်း မင်းကိုကြည့်ပြီး ငိုနေမိတယ်

လူချမ်းသာတွေ ဟော်တယ်တက်ပြီးဇိမ်ယစ်နေချိန်
မင်း ကြောက်နေရတယ်ကလေးရယ်
လူချမ်းသာတွေ မွေ့ရာအကောင်းစားတွေအပေါ် အိပ်နေချိန်
မင်း လမ်းေးပျာက်နေရတယ်ကလေးရယ်
“ သနားလိုက်တာ ” ဆိုတဲ့စကားကို ငါ့အကြိမ်ကြိမ်ပြန်မျိုချနေတယ်
မင်းအတွက်ငါလုပ်ပေးနေတာ မျက်ရည်တွေနဲ့ ငိုနေခြင်းပေါ့ကွယ်

လူပဲကွယ် -- လူပဲ
မင်းလည်း အချိန်တန် ဗိုက်ဆာမှာပေါ့
မင်းလည်း အချိန်တန် အိပ်ချင်မှာပေါ့
မင်းလည်း အချိန်တန် ပညာသင်ချင်မှာပေါ့
မင်းလည်း ---
မင်းလည်း ------
ငါ့စကားလုံးတွေ ပျောက်ရှခဲ့ရပြီကလေးရယ်

ကလေးရယ် --ကလေးရယ်
မင်းမေမေကရော ဘယ်မှာလဲကွယ်
မပြည့်စုံခြင်းနဲ့ အိပ်မက်တစ်ခြမ်းမှာ --မင်းကျပျောက်ခဲ့ရတာ
ဘ၀ ဆိုတဲ့အရာတွေပါလား --- မင်းသိပ်ကြောက်နေသလား ကလေးရယ်
ဆာလောင်မွတ်သိပ်ခြင်းနဲ့မင်းရယ်
ဟင်းမကောင်းလို့ မေမေ့ကိုညူဆူတတ်တဲ့ ကလေးတွေရယ်
ငါယှဉ်ကြည့်မိတယ်
မင်း --- အတွက် ကံတရားက ဘယ်မှာလဲ ကလေးရယ်

အနာဂါတ်အတွက် ကြယ်ပွင့်လေးတွေတဲ့လား
အကြောက်တရားနဲ့စိုးရွံ့ထိတ်လန့်ခြင်းတွေ
ကလေးရေ ---ကလေးရေ --
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
မင်းမငိုပါနဲ့ကွယ်
ငါ့ မျက်ရည်တွေနဲ့ငါ တေးတစ်ပုဒ်ဆိုပြချင်တယ်

“ အရှုံးမပေးနဲ့ မိငယ်ရယ် --ရဲရင့်မှ ကျော်ဖြတ်သွား -- ”

သက်တန့်ချို
Photo Credit : Street Corner

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, July 14, 2012

ကော်ဖီစေ့လိုလူ

ကော်ဖီစေ့လိုလူ



တစ်ခါတုန်းကပေါ့ ။ ကောင်မလေးတစ်ယောက်က သူ့မိခင်ဆီသွားပြီး သူမဘ၀ အကြောင်း အရာအားလုံးဟာ သူမအတွက် ခက်ခဲပြီး ပြဿနာမျိုးစုံကြုံတွေ့နေရကြောင်းသွားပြောခဲ့တယ် ။ ဘယ်လို ဖြေရှင်း ရမှန်းလည်းမ သိခဲ့သလို အခုအချိန်မှာ အရာရာကို အရှံပေးချင်နေပြီလို့ ကောင်မလေးက မိခင်ကိုပြောဆိုခဲ့တယ် ။ အခုအချိန်မှာ ကောင်မလေးဟာ တိုက်ခိုက်ရန်မူလိုစိတ်နဲ့ ရုန်းကန်လှုပ်ရှားလိုစိတ်တွေသာ ပြည့်နေဲ့တယ် ။ ပြဿနာ တစ်ခုဖြေရှင်းလို့မပြီးခင်မှာပဲ နောက်ပြဿနာတစ်ခုက သူမကို အသင့်စောင့်ပြီးကြိုနေတတ်တယ် ။

သူမမိခင်က အဲဒီအကြောင်းတွေကြားရတဲ့အခါ ကောင်မလေးကို မီးဖိုချောင်ထဲခေါ်ဆောင်သွားခဲ့တယ် ။ မိခင်က အိုးသုံးလုံးထဲမှာ ရေထည့်ပြီး မီးပြင်းပြင်းအပေါ်မှာ တင်လိုက်တယ် ။ မကြာခင်မှာ အိုးတွေက ဆူပွက်လာခဲ့တယ် ။ ပထမဆုံး အိုးမှာ မိခင်က မုန်လာဥတွေထည့်လိုက်တယ် ။ ဒုတိယအိုးမှာ ကြက်ဥတွေထည့်လိုက်တယ် ။ နောက်ဆုံး တတိယအိုးမှာတော့ ကော်ဖီစေ့တွေထည့်လိုက်တယ် ။ ပြီးတော့ အိုး၃ အိုးစလုံးဆူပွက်နေတဲ့အထိ သူမမိ ခင်က ကောင်မလေးကို ဘာစကားမှ မပြောစေပဲ ထိုင်ကြည့်နေစေခဲ့တယ် ။ မိနစ် ၂၀ လောက်ကြာပြီး တဲ့အခါ မီးဖိုတွေကို ပိတ်ပစ်လိုက်တယ် ။ မုန်လာဥတွေကို ဆယ်ယူပြီး ပန်းကုန်လုံး အလွတ်တစ်ခုထဲထည့်တယ် ။ ကြက်ဥတွေကိုလည်း အပြင်ကို ဆယ်ထုတ်လိုက်တယ် ပြီးတော့ ပန်းကန်လုံးအလွတ်ထဲထည့်တယ် ။ ဟင်းခတ်တဲ့ယောက်ချိုဇွန်းနဲ့ ကော်ဖီတွေကို ဆယ်ယူပြီး ပန်းကန်လုံးထဲထည့်လိုက်တယ် ။ ပြီးတော့ မိခင်က သမီးဖြစ်သူကောင်မလေးဖက်လှည့်ပြီးမေးလိုက်တယ် ။ “ သမီးဘာမြင်လဲ မေမေ့ကိုပြော ”

“ မုန်လာဥ ၊ ကြက်ဥ နဲ့ ကော်ဖီ ” လို့ ကောင်မလေးပြန်ဖြေတယ် ။

မိခင်က ကောင်မလေးကို နီးကပ်စွာ ခေါ်ယူလိုက်ပြီး မုန်လာဥတွေကို ကိုင်ကြည့်ဖို့ပြောတယ် ။ ကောင်မလေးက ကိုင်ကြည့်ပြီးပျော့ပျောင်းနေတယ်ဆိုတာ ခံစားမိလိုက်တယ် ။ ပြီးတော့မိခင်က ကောင်မလေးကို ကြက်ဥကို ကိုင်ခိုင်းပြီး ခွာ ခိုင်းတယ် ။ အခွံကိုခွာပြီးတဲ့အခါ ပြုတ်ထားတဲ့မာကြောသော ကြက်ဥကိုတွေ့လိုက်တယ် ။ နောက်ဆုံး မိခင်က ကော်ဖီကို တစ်ငုံလောက် သောက်ဖို့ပြောခဲ့တယ် ။ ကောင်မလေးကပြုံးပြီးကော်ဖီကို စမ်းသပ်ပြီးသောက်တဲ့အခါမွှေးကြိုင်တဲ့ ရနံ့တွေရှိတယ်ဆိုတာ သတိပြုမိခဲ့တယ် ။ ကောင်မလေးက မိခင် ကိုမေးတယ် ။ “ အဲဒါဘာကိုဆိုလိုတာလဲဟင် အမေ ”

မိခင်က ဒီပစ္စည်းသုံးမျိုးကို လက်ရှိ အရှိတရားပေါ်မူတည်ပြီး ရှင်းပြခဲ့တယ် ။

“ ဒီအရာ ၃ ခုလုံးက ဆူပွက်နေတဲ့ရေမှာ ဓါတ်ပြုခဲ့တာခြင်းအတူတူပါပဲ ။ ဒါပေမယ့် မတူညီသော ဖြစ်စဉ် ဓါတ်ပြုခြင်း (Reaction ) တွေဖြစ်ခဲ့တယ် ။ မုန်လာဥရဲ့ နဂိုဂုဏ်သတ္တိဟာသန်မာတယ် ၊ မာကြောတယ် အလွယ်တ ကူ မကျိုးနိုင်ဘူး ဒါပေမယ့် ဆူပွက်နေတဲ့ရေနဲ့ ထိတွေ့လိုက်တဲ့အခါ ပျော့ပြောင်းလာာပြီး အားနည်း လာတယ် ။

ကြက်ဥကတော့ ကွဲအက်လွယ်တယ် ။ သူ့အတွင်းမှာ အရည်တွေနဲ့ဖွဲ့စည်းထားတဲ့ အပြင်အလွှာပါးလေးရှိတယ် ဒါပေ မယ့် ဆူပွက်နေတဲ့ရေမှာ ထည့်ပြီး ပြုတ်လိုက်တဲ့အခါ အတွင်းပိုင်းဟာ မာကျောလာခဲ့တယ် ။

ဒါပေမယ့်လည်း မြေကြီးပေါ်က ရတဲ့ကော်ဖီစေ့တွေကတော့ အတုယူဖွယ်ရာပါပဲ ။ ဆူပွက်နေတဲ့ရေ ထဲထည့်ပြီး တဲ့အခါ သူတို့ဟာ အဲဒီရေကို မွှေးကြိုင်တဲ့ ကော်ဖီရည်အဖြစ်ပြောင်းလဲနိုင်ခဲ့တယ် ။ ကဲ သမီးကရော ဘယ်လို လူမျိုးလဲကွယ် ” လို့ မိခင်က သမီးကိုမေးခဲ့တယ် ။

________________________________________________________

သင်တို့ရောတွေးဖူးကြလား ? မုန်လာဥလို လူလား ၊ ကြက်ဥလိုလူလား ၊ ကော်ဖီစေ့လို လူလား ?

ပြဿနာတွေ အခက်အခဲတွေနဲ့ ဘ၀မှာ ကြုံတွေ့နေရတဲ့ လောကဓံတွေကို ကျွန်တော်တို့ က ဆူပွက်နေ တဲ့ရေတွေအဖြစ်မှတ်ယူကြပါစို့ ။ ကိုယ်ဟာ နဂိုကတည်း ကစိတ်ဓါတ်မာကျောသူ အလွယ်တကူ အရှုံးမပေး သူ ဖြစ်ပေမယ့် ဒီလို ပြဿနာတွေ အခက်အခဲတွေနဲ့ ကြုံတွေ့တဲ့အခါ မုန်လာဥ လိုမျိုး ပျော့ပြောင်းသွားမလား ။ အလွယ်တကူ ဆူပွက်နေတဲ့ ရေ ရဲ့ ဓါတ်ပြုခြင်းကိုခံလိုက်ပြီး ကိုယ့်ရဲ့ ဂုဏ်သတ္တိကိုပျက်ပြယ်စေမှာလား ။

ဒါမှမဟုတ်ကိုယ်ဟာ ကြက်ဥတစ်လုံးဖြစ်တယ်ဆိုပါစို့ ။ နဂိုကတည်းကကိုယ့်အ တွင်းစိတ် ဟာ ပျော့ပြောင်း တယ် နူး ညံ့ တယ် ဒါပေမယ့် အခက်အခဲ ပြဿနာပေါင်းစုံနဲ့ကြုံတွေ့လာတဲ့အခါ ကိုယ့်အတွင်းစိတ်ဟာ အဲဒီလော ကဓံတွေကြောင့် မာကျောခံစေမှာလား ။ ရိုင်းစိုင်းကြိမ်းကြုတ်စေမှာလား ။

ကဲ ကိုယ်ဟာ ကော်ဖီစေ့လေးလိုကျင့်ကြံမလား ။ ဘယ်လိုပဲ ခက်ခဲတဲ့လောကဓံ နဲ့ ပြဿနာတွေ နဲ့ကြုံတွေ့နေ ပါစေ အဲဒီပြဿနာတွေကို အကောင်းဆုံး နစ်မျောပျော်ဝင်လို့ မွှေးကြိုင်တဲ့ ရနံ့တွေနဲ့ ကော်ဖီ ရည်လေးဖြစ်အောင်စွမ်းဆောင်နိုင်ရမယ် ။ ဘယ်လောက်ပဲ ဆူပွက်နေတဲ့ ရေဖြစ်ပါစေ ကိုယ့် နဲ့တွေ့ တဲ့အခါ မွှေးကြိုင် တဲ့ ရနံ့လေးနဲ့ အရသာရှိတဲ့ ကော်ဖီရည်လေးဖြစ်အောင်သာ စွမ်းဆောင်ကြပါစို့ ။

ဒါကြောင့် အခက်အခဲ ပြဿနာ ပေါင်းစုံနဲ့လောကဓံရဲ့ရိုက်ပုတ်မှုတွေကြုံလာရတဲ့အခါ

၁ ။ ကိုယ်ဟာ အားပျော့သွားသူ အရှုံးပေးသွားသူမဖြစ်ရဘူး
၂ ။ ကိုယ်ဟာ ရိုင်းစိုင်းသွားသူ မာကြောခက်ထန်သွားသူမဖြစ်ရဘူး
၃ ။ အရာရာကို အကောင်းဆုံးဖြေရှင်းလို့ မွှေးကြိုင်တဲ့ ကော်ဖီရနံ့အရသာလေး ထွက်ပေါ်လာနိုင်အောင် ကြိုး စားနေ ထိုင်ကြပါစို့ ။

သက်တန့်ချို
Carrots, eggs, and coffee အား ဘာသာပြန်ခံစားသည် ။ Author : Unknown

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, July 13, 2012

ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီးအမှန်ကိုပြောနိုင်စွမ်းရှိရမယ်

ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီးအမှန်ကိုပြောနိုင်စွမ်းရှိရမယ်




ဆေးရုံတစ်ခုမှာပေါ့ ။ ဓါတ်မှန်နဲ့ပတ်သတ်တဲ့သင်ခန်းစာကိုပို့ချပြီးနောက် ပရော်ဖက်ဆာက စာမေးပွဲစစ်ဖို့ ဆုံးဖြတ် လိုက်တယ် ။

ဓါတ်မှန်ငါးချပ် ချထားတယ် ။ ပထမဆုံးဓါတ်မှန်လေးချပ်က မူမမှန်တဲ့အဖြေတွေ ရှိနေပြီး နောက်ဆုံး တစ်ချပ် ကတော့ ပုံမှန် ဘာရောဂါမှမရှိတဲ့ဓါတ်မှန်ဖြစ်တယ် ။ ပရော်ဖက်ဆာက ကျောင်းသားတွေဆီကို သူ့ လက်ထောက် ကနေတဆင့် သတင်းအတုလွှင့်ခိုင်းလိုက်တယ် ။ နောက်ဆုံးဓါတ်မှန်က မွေးရာပါနှလုံးရောဂါ (TOF ) ရှိ သူရဲ့ဓါတ်မှန်ဖြစ်တယ်လို့ပေါ့ ။

ပထမဓါတ်မှန်လေးချပ်ဟာ အရမ်းကိုရှုပ်ထွေးပြီးကျောင်းသားတွေက ခေါင်းတွေရှုပ်ထွေးသွားကြတယ် ။ ပြီးတော့ မတူညီ တဲ့ရောဂါအမည်တွေတပ်ကြပြီးဖြေရှင်းချက်တွေပေးကြတယ် ။

နောက်ဆုံးဓါတ်မှန်ကိုတော့ ကျောင်းသားအားလုံးလိုလိုက မွေးရာပါနှလုံးရောဂါ (TOF ) လို့ ယုံကြည် စွာဖြေဆိုခဲ့ကြတယ် ။

ဒါပေမယ့်ကျောင်းသားတစ်ယောက်ကတော့ နောက်ဆုံးဓါတ်မှန်ကိုကြည့်ပြီးတဲ့အခါ ပုံမှန်ဓါတ်မှန်တစ်ချပ်ပါပဲ ဘာရောဂါမှ မရှိဘူးလို့ဖြေခဲ့တယ် ။ အဲဒီကျောင်းသားကို အတော်ဆုံးကျောင်းသားအဖြစ် ပရော်ဖက် ဆာကရွှေး ချယ်ခဲ့တယ် ။

@@@@@@@@@@@@@@@@@@@@@@@@@@@@

၁ ။ ကောလဟာလကိုမယုံပါနဲ့
၂ ။ မူမမှန်တဲ့အဖြေတွေကို မဖြတ်သန်းခင် ပုံမှန်ဖြစ်တဲ့အဖြေကိုရအောင်ရှာပါ
၃ ။ စာမေးပွဲဆိုတဲ့အခြေအနေအတွင်းမှာ ပုံမှန်တွေးခေါ်စိတ် (Commonsense ) ကိုမပျောက်သွားစေနဲ့

လူဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရမယ် ။ ဘယ်လောက်ကြီးပဲ ဒီအကြောင်းအရာတစ်ခုဟာ ဒါကြောင့်ဖြစ် တယ် လို့ သတင်းကြီးနေပေမယ့် ကိုယ့်ဖက်ကနေ မှန်နေခဲ့ရင်ငြင်းဆိုပြီး အမှန်ကိုပြောနိုင် စွမ်းရှိရမယ် ။ အများယောင်လို့လိုက်မယောင်မိစေနဲ့ ။ အနည်းဆုံးတော့ကိုယ်ဟာ Abnormal ကို မရှာနိုင်တာတောင်မှ Normal ကိုတော့ရှာနိုင်တာပဲမဟုတ်လား ။

သက်တန့်ချို
The best student chosen by Professor of Medicine အား Dr. Indrajit Rana ရေးသားသည်ကို ဘာ သာပြန်သည် ။

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, July 12, 2012

ကမ္ဘာတ၀ှမ်းမှ ထူးဆန်းထွေလာများ စုစည်းတင်ဆက်မှု

ကမ္ဘာတ၀ှမ်းမှ ထူးဆန်းထွေလာများ စုစည်းတင်ဆက်မှု

ဆင်ဟွာသတင်းဌာနမှာ ၂၀၁၂ ခုနှစ် ဂျူလိုင်၁၀ ရက်နေ့တုန်းက ကမ္ဘာတ၀ှမ်းမှ ထူးခြားဖြစ်စဉ်များကို စု စည်းဖော်ပြပေး ထားပါတယ် ။ အမျိုးမျိုးသော အကြောင်းတွေကြောင့် ကမ္ဘာတ၀ှမ်းဟာ ထူးခြား ဆန်းကြယ် မှုတွေနဲ့ပြည့်နှက်လို့နေတယ် ။



၁ ။ မျက်နှာနှစ်ခုပါသော အိန္ဒိယမှ မိန်းကလေးငယ်


၂ ။ Pacu ငါးအကိုက်ခံရတာတဲ့ - တရုတ်ပြည်တောင်တိုင်း Guangxi Zhuang မှာ ဖြစ်ပွားခဲ့တာပါ



၃ ။ Kanas ကန်မှ ရေသရဲ


၎ ။ စင်ကာပူ - အငူမှကြီးမားသော ၀ိဥာဉ်ရေတပ်သဘောင်္စု



၅ ။ ၂၀၀၇ ခုနှစ် မေလ ၊ မက်ဆီကန် လယ်ကွင်းထဲတွင်တွေ့ရသော ပုတ်သင်သဏ္ဍန် ဂြိုလ်သား


၆ ။ ၂၀၀၉ ခုနှစ် မလေးရှားတွေတွေှ့ရသော ကြီးမားသော မြွေကြီး




၇ ။ ၂၀၀၂ ခုနှစ် ဗြိတိန်နိုင်ငံပန်းခြံထဲတွင်ရိုက်ကူးမိသော Elfin ( ဒဏ္ဍာရီဆန်ဆန် သတ္တ၀ါ )



၈ ။. ၂၀၀၉ ခုနှစ် သြဂုတ်လ တွင် နယူးဇီလန်တွင်ဖြစ်ပွားခဲ့သော နွားသိုး ၂၈ ကောင်ချောက်ကမ်းမှ ထူးဆန်းစွာ တပြိုင်တည်းပြုတ်ကျသေဆုံးမှု

သက်တန့်ချို
Xihnua News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

တရုတ်နိုင်ငံ Xi'an မှ 3 square မီတာအကျယ်သာရှိသော အိပ်ခန်းငယ်လေးများ

တရုတ်နိုင်ငံ Xi'an မှ 3 square မီတာအကျယ်သာရှိသော အိပ်ခန်းငယ်လေးများ



စိတ်လွတ်ကိုယ်လွတ် အခန်းလေးတစ်ခုထဲ သင်အနားယူချင်ပါသလား ။ တရုတ်နိုင်ငံမှာ ဖန်တီးထားတဲ့ဒီ အိပ်ခန်း ငယ်တွေကတော့သင့်ရဲ့ လိုအပ်ချက်ကို ကူညီပေးနိုင်ပါလိမ့်မယ် ။ တစ်ယောက်အိပ် အိပ်ခန်းငယ်လေး များထဲမှာ တီဗွီ ၊ အင်တာနက်လိုင်းထည့်ပေးထားပြီး တစ်ကိုယ်ရေတကာယ အေးအေးလူလူ သီးသန့်နား ချင်တဲ့သူတွေအဖို့တော့ သင့်တော်လှပါတယ် ။ စားရေးမယ့်သူတွေနဲ့ တိတ်ဆိတ်စွာ အလုပ်ကိစ္စ လုပ်မယ့် သူတွေရွေးချယ်သင့်တဲ့ အိပ်ခန်းငယ်လေးများဖြစ်ပါတယ် ။








သက်တန့်ချို
Source : Xhinhua News


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, July 7, 2012

အရိုးခတ်သံများကြားဝယ် စိုလူးနေကြသော ၀ိဥာဉ်ခတ်သံများ




အရိုးခတ်သံများကြားဝယ် စိုလူးနေကြသော ၀ိဥာဉ်ခတ်သံများ

သွေးတွေစိုလူး--ရူးရူးမူးမူးပွင့်ခဲ့ကြပုံများ
ကျည်ဆံတစ်တောင့် ထက် -- သူတို့ယုံကြည်ချက်ကိုပိုမြတ်နိုးတယ်
ကြိုးစင်ထက်ဝယ်--ရင်ကော့ခေါင်းမော့
စနစ်နဲ့ခေတ်ကို တော်လှန် --သူတို့---အော်သံ တွေ ။

(ရာဇ၀င်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ရယ်)***

7 July မမေ့နိုင် -- ပြိုင်ပွဲထက်ဝယ်
စတေးခဲ့သော --- ၀တ်စုံဖြူဖြူလေးတွေလွင့် ---
မြန်မာပြည်ကြီး အေးချမ်းပါစေသား
တေးသီချင်းသံတွေက ၀ိဥာဉ်ချင်းရိုက်ခတ်သံတွေဖြစ်ခဲ့ရ
ဒီဖက်ကမ္ဘာမှာနတ်ဆိုးတွေ နေတာများလား ။

ဘွဲ့ထူးဂုဏ်သိမ်တွေကို ငါတို့မမက်မော
ရွှဲရွှဲစိုလူးသော နှင်းရေစက်များအောက်
ငါတို့ အသက်တွေ ကျပျောက်ခဲ့ပါစေ
ရူးရူးမူးမူး ဆက်လက်တိုက်ပွဲဝင်နေတယ် အို--မြန်မာပြည် ။

ရဲရင့်နှင်းဆီ-- တမလွန်မှ ခြေသံများ
ကြားရလား --- သူတို့ ရှိနေကြတယ် -- ကြားရလား
တိုက်ပွဲဝင်နေကြတယ် -- အရိုးခတ်သံတွေကြား
“ ကမ္ဘာမကြေ -- မြန်မာပြည်--ဒါတို့ပြည်--ဒါတို့မြေ --တို့ပိုင်တဲ့မြေ ”

သက်တန့်ချို
(အမှတ်တရ 7 July )

*** တာရာမင်းဝေ - ဥဒါန်းမှ ။

Photo : Google Image Search

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Sunday, July 1, 2012

မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း

မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း



တစ်ခါတုန်းက လူတစ်ယောက်က လမ်းဘေးဖုန်းဆိုင်မှာ ဖုန်းလာဆက်တယ် ။ ဖုန်းဆိုင်ပိုင်ရှင်ကလည်း မသိလိုက် မသိဘာသာ အဲဒီလူပြောတဲ့စကားသံတွေကိုနားစွင့်နေတယ် ။

ဖုန်းဆက်သူ - “ ဟလို မခင်မြင့် လားခင်ဗျ -- အော် ဒီလိုပါ ကျွန်တော်တစ်ခုလောက်စုံစမ်းချင်လို့ပါ မခင်မြင့် ခြံ ထဲက မြက်တွေရှင်းဖို့ ကျွန်တော့်ကိုအလုပ်တစ်ခုလောက်ပေးနိုင်မလားခင်ဗျ ”
တစ်ဖက်မှ - “ ကျွန်မဆီမှာ မြက်ခင်းတွေရိတ်ဖို့ လူရှိပြီးသားပါရှင် ”

ဖုန်းဆက်သူ “ မခင်မြင့်ရေ ဒီလိုလုပ်ပါလားခင်ဗျ အခု မခင်မြင့်ဆီမှာ လုပ်နေတဲ့ မြက်ခင်းပြင်ရိတ်တဲ့သူထက် ကျွန်တော်က တစ်ဝက်လျော့ယူပါ့မယ် ကျွန်တော့်ကို အလုပ်ပေးလို့ရမလားခင်ဗျ ”
တစ်ဖက်မှ - “ အခု လက်ရှိလုပ်နေတဲ့ အလုပ်သမားကိုပဲ ကျွန်မ ပိုသဘောကျပါတယ်ရှင် ”

ဖုန်းဆက်သူ ( သည်းခံ နှိမ့်ချသောလေသံဖြင့် ) “ မခင်မြင့်ရေ ဒါဆိုလည်း ကျွန်တော့်ကို အဲဒီအလုပ်လေးပဲပေးပါခင်ဗျာ ကျွန်တော် အိမ်တစ်ခုလုံးရဲ့ကြမ်းပြင်နဲ့ လှေကားတွေကို ပိုက်ဆံမယူပဲ သန့်ရှင်းရေးလုပ်ပေးပါ့မယ် ”
တစ်ဖက်မှ “ ဟင့်အင်း---ကျေးဇူးတင်ပါတယ်ရှင် ”

@@@@@@@@@@@@@@@

ဖုန်းဆက်တဲ့လူရဲ့မျက်နှာတစ်ချက်ပြုံးလိုက်တယ် ။ ပြီးတော့ဖုန်းခွက်ကို ပြန်ချထားလိုက်တယ် ။ ဖုန်းဆိုင်ပိုင် ရှင်က ဖုန်းဆက်တဲ့သူဆီလျှောက်လာတယ် ။

ဖုန်းဆိုင်ပိုင်ရှင် “ လူလေး မင်းရဲ့ စိတ်နေသဘောထားကိုငါသဘောကျတယ် ဒီလို အကောင်းမြင် စိတ်နဲ့ အလုပ်တစ်ခု ရဖို့ ကြိုးစားတာကိုငါသဘောကျတယ် မင်းကို ငါအလုပ်ပေးချင်တယ် ”
ဖုန်းဆက်သူ “ ဟင့်အင်း ကျေးဇူးတင်ပါတယ်ခင်ဗျ ”

ဖုန်းဆိုင်ပိုင်ရှင် “ ဒါပေမယ့် မင်း အလုပ်ရဖို့အတွက် ငါ့ရှေ့မှာတင် အသနားခံနေတာငါတွေ့တယ်လေ ”
ဖုန်းဆက် သူ “ မဟုတ်ပါဘူးခင်ဗျ ကျွန်တော့်ရဲ့လုပ်ရည်ကိုင်ရည်ကို ကိုယ့်ဘာသာစမ်းသပ်ကြည့်တာပါ တ ကယ်တော့ ကျွန်တော်ဖုန်းဆက်နေတဲ့အလုပ်ရှင်ဆီမှာ ကျွန်တော်က လက်ရှိအလုပ်လုပ်နေတဲ့သူပါ ”

@@@@@@@@@@@@@@@@@@@@@@@@@@

“ အဲဒါကို မိမိ အရည်အသွေးအား မိမိကိုယ်တိုင် ဆန်းစစ်သုံးသပ်ခြင်း လို့ခေါ်တယ်-- လူဆိုတာ ကိုယ်လုပ်နေ တဲ့အလုပ် ကိုယ်ရောက်နေတဲ့နေရာကို အမြန်တမ်း ဆင်ခြင်သုံးသပ်မှုရှိနေမှသာ တိုးတက်နိုင်မယ် ဒီလိုမှ မဟုတ် ပဲ ရောက်တဲ့နေရာမှာ ရတဲ့အရာလေးနဲ့ပျော်နေရင်တော့ ကိုယ့်အရည်အသွေးဟာ ဘယ်တော့မှ တိုးတက် လာမှာ မဟုတ်ဘူး ”

သက်တန့်ချို
A little boy and the store owner အားဘာသာပြန်သည်

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................