Thursday, October 30, 2014

သေသေချာချာ တွေးကြည့်ရင် ၀မ်းနည်းစရာတော့ သိပ်မရှိလှပါဘူး

လူတစ်ချို့က ကိုယ့်အပြစ်ဖြစ်မှာစိုးလို့ သူတစ်ပါးကို အပြစ်ဖို့ဖို့လည်းဝန်မလေးတတ်ကြဘူး

လူတစ်ချို့က ကိုယ့်တာဝန်လွတ်ရင်ပြီးရော သူတစ်ပါးမှာ ၀န်ထုပ်ဝန်ပိုးဖြစ်စေဖို့လည်း မမှုတတ်ကြဘူး

လူတချို့က ကိုယ်အဆင်ပြေရင်ပြီးရော သူတစ်ပါး ဘ၀ကို ချနင်းတတ်ဖို့လည်း ၀န်မလေးတတ်ကြဘူး

တကယ်တော့ ဘ၀တလျှောက်လုံးမှာ
ရယူလိုက်ရတာရော ဆုံးရှုံးလိုက်ရတာရော အရာရာဟာ
သေသေချာချာ တွေးကြည့်ရင် ၀မ်းနည်းစရာတော့ သိပ်မရှိလှပါဘူး

ကိုယ်နဲ့ထိုက်တန်တာသာ ကိုယ့်ဆီ ရောက်လာတတ်ကြတာမဟုတ်လား ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 29, 2014

မနက်ခင်းတစ်ခု စတင်တဲ့အခါ

မနက်ခင်းတစ်ခု စတင်တဲ့အခါ

၁ ။ သင့်စိတ်ထဲက မုန်းတီးမှုတွေကို ဖယ်ထုတ်ထားပါ

၂ ။ ကောင်းသောစကားကို သာ ရွေးချယ်ပြောဆိုပါ

၃ ။ သူတစ်ပါးကို ကူညီနိုင်သမျှ အရာတွေကို ကူညီပေးပါ

၎ ။ ချစ်ခြင်းမေတ္တာတရားနဲ့ ဘေးနားက လူတွေကို ဆက်ဆံပါ

၅ ။ ဘယ်အရာကို မှ မနာလို ၀န်တိုခြင်းမရှိပါစေနဲ့

အထက်ပါ ငါးချက်နဲ့ စတင်တဲ့ မနက်ခင်းတိုင်းဟာ
သင့်အတွက် ကောင်းမွန်ခြင်းတွေကို သာ ယူဆောင်လာမှာ သေချာပါတယ် 

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 28, 2014

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး

သင်အောင်မြင်လာရင် လူတွေ သတိထားမိကြလိမ့်မယ်
သင်ရှုံးနိမ့်သွားရင်တော့ ဘယ်သူမှ သတိထားမိကြမှာမဟုတ်ဘူး

အောင်မြင်သည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ သင်ပေးဆပ်လိုက်ရတဲ့
အရင်းအနှီးကိုတော့ ဘယ်သူမှ စိတ်မ၀င်စားတတ်ကြဘူး

လူတွေက သင့်ရဲ့ အောင်မြင်ခြင်း ဆိုတဲ့ အရာကိုသာ ကွက်ပြီး စိတ်ဝင်စားကြလိမ့်မယ်
ဒါကြောင့် ပညာရှိတွေပြောခဲ့ကြတဲ့စကားက

" အောင်မြင်ခြင်းနောက်ကိုချည်းပဲ လိုက်မနေပါနဲ့
သင်ရရှိလာမဲ့အောင်မြင်ခြင်းနဲ့ထပ်တူ
သင်ပေးဆပ်ရမဲ့အရင်းအနှီးနဲ့ချိန်ဆကြည့်ပါ

တခါတလေ အောင်မြင်ခြင်းနောက် ကျော်ကြားခြင်းနောက်ကို လိုက်နေရင်းနဲ့
ကိုယ့်ရဲ့အဖိုးတန် အချိန်တွေ ကုန်ဆုံးမှန်းမသိ ကုန်ဆုံးနေတတ်တယ် " တဲ့ ။

အောင်မြင်ခြင်းကိုပိုင်ဆိုင်မှ ပျော်ရွှင်ရတာမဟုတ်ပါဘူး
တခါတလေ အဓိပ္ပါယ်ရှိရှိ ရှုံးနိမ့်သွားရတာက အဓိပ္ပါယ်မရှိပဲ အောင်မြင်နေတာထက်
ပို ကျေနပ်ဖို့ကောင်းပါတယ် ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 27, 2014

သင့်ဘ၀ရဲ့အချိန်တွေကို မဖြုန်းတီးမိပါစေနဲ့


လူတစ်ယောက်ချင်းစီအတွက် အချိန်က သိပ်တန်ဖိုးရှိပါတယ်

သင့်ဘ၀ရဲ့အချိန်တွေကို

- ကိုယ့်ကို တန်ဖိုးမထားတတ်တဲ့လူတွေနဲ့ မကုန်ဆုံးမိစေနဲ့

- လူတစ်ယောက်ရဲ့တန်ဖိုးကို ရွှေငွေ ဂုဏ်ရာထူးတွေနဲ့ ဆုံးဖြတ်တတ်တဲ့သူတွေနဲ့ မကုန်ဆုံးမိစေနဲ့

- လူပေါင်းစုံက သင့်အပေါ်ပေးတဲ့ ထင်မြင်ချက်တွေကြားမှာ မကုန်ဆုံးမိစေနဲ့

- ဒရာမာနဲ့ ဟန်ဆောင်မှုတွေကြားမှာ မနစ်မြုပ်မိစေနဲ့

- သိပ်အရေးမပါလှတဲ့ မျက်နှာဖုံးတပ် ဆက်ဆံရေးတွေကြားမှာ မကုန်ဆုံးမိစေနဲ့ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 25, 2014

ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု


ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု

၁ ။ တစ်ခုခု ဖြစ်လာတဲ့အခါတိုင်း ကိုယ့်အပြစ်မဟုတ် သူတစ်ပါးကို အမြဲ လက်ညှိုးထိုးလွှဲချတတ်သော အကျင့်

၂ ။ ပြဿနာတစ်ခုခုကြုံလာတဲ့အခါ တစ်ပါးသူတွေ ဒုက္ခရောက်ရင်ရောက်ပါစေ ကိုယ်ဒုက္ခမရောက်ရင်ပြီးရော ကိုယ်လွတ်ရုန်းပြေးတတ်သော အကျင့်

၃ ။ ကိုယ်သာရင်ပြီးရော သူတစ်ပါးနာရင်နာပါစေ ကိုယ်အဆင်ပြေရင်ပြီးရော သူတစ်ပါးအပြင်မပြေရင်မပြေပါစေ အမြဲကိုယ့်ဖို့ ကြည့်တတ်သေအကျင့်

ထိုအကျင့် ၃ မျိုးကို ပိုင်ဆိုင်သော လူများအား ဝေးဝေးရှောင်ပါလေ မိတ်ဆွေ
ကိုယ့်မှာ ရှိနေခဲ့ရင်လည်း အမြန်ဖျောက်ဖို့ ကြိုးစားပါလေ ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 22, 2014

Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်

Gandhi ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းရှိတယ်

" ကိုယ့်ရဲ့ စိတ် ကို သူတစ်ပါးရဲ့ ညစ်ပေတဲ့ ခြေထောက်တွေနဲ့ ဖြတ်သန်း လျှောက်လှမ်းသွားမှာကို ခွင့်မပြုပါဘူး " တဲ့

တခါတလေ ကိုယ့်စိတ်ထဲက နှလုံးသား အဖြူရောင်ဟာ
တစ်ပါးသူရဲ့ ညစ်ပေမည်းညစ်တဲ့ အပြုအမူ ၊ စိတ်ဓါတ်တွေကြောင့်
ညစ်ပေသွားတတ်တယ်

သူတစ်ပါးရဲ့ လုပ်ရပ်တွေကြောင့် သင့်စိတ်ကို ဒေါသထွက်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ ရက်စက်မှုကြောင့် သင့်စိတ်ကို ပူလောင်ခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ လှောင်ရယ်မှုကြောင့် သင့်စိတ်ကို ညှိုးနွမ်းခွင့်မပြုပါနဲ့
သူတစ်ပါးရဲ့ နှိမ့်ချမှုကြောင့် သင့်စိတ်ကို နိမ့်ကျခွင့်မပြုပါနဲ့

နောက်ဆုံး သူတစ်ပါးရဲ့ ယုတ်ညံ့တဲ့ ခြေထောက်တွေရဲ့နင်းဖြတ်မှုကြောင့်
သင့်ရဲ့ဖြူစင်တဲ့နှလုံးသားတွေ ညစ်ပေခွင့်မပြုပါနဲ့ ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, October 21, 2014

တစ်ခုခုကို လို ချင်ရင်တစ်ခုကိုစွန့်လွှတ်ရတာသဘာဝပါပဲ


မြေကြီးထဲမှာ အတင်းရုန်းကန်ထိုးထွက်လာရတဲ့ သစ်စေ့က
အပင်ဖြစ်လာတဲ့အခါ တခြားမျိုးတူ အပင်တွေထက် ပိုသန်မာသတဲ့

လူ့အရေပြားပေါ်က အမာရွတ်တွေက
တခြား သာမန် အရေပြားတွေထက် နာကျင်မှုဒါဏ်ကို ပိုခံနိုင်သတဲ့

အကြိမ်ကြိမ် ထုနှက်ခံရပြီး ပြင်းထန်တဲ့ မီးတောက်တွေဒါဏ်ကို ခံလာရတဲ့ သံ နဲ့ပြုလုပ်ထားတဲ့ဓါးဟာ
တခြားသာမန်ဓါးတွေထက် ပိုထက်မြက်သတဲ့

မုန်တိုင်းဒါဏ်ကို ကျော်ဖြတ်ဖူးတဲ့ သိမ်းငှက်ဟာ
မြေပြင်ကနေ အမြင့်ပေ ဘယ်လောက်မြင့်မြင့် တက်ရဲသတဲ့

လူ့ဘ၀ဆိုတာ ဒီလိုပါပဲ
မျက်ရည်မကျဖူးပဲနဲ့ ပျော်ရွှင်ခြင်းအရသာကို ဘယ်သိမလဲ
မနာကျင်ဖူးပဲနဲ့ အေးချမ်းခြင်းအရသာကို ဘယ်သိမလဲ
ပူလောင်သောကတွေကို မကျော်ဖြတ်ဖူးပဲနဲ့ ချမ်းမြေ့ငြိမ်သက်ခြင်းကို ဘယ်သိမလဲ

တစ်ခုခုကို လို ချင်ရင်တစ်ခုကိုစွန့်လွှတ်ရတာသဘာဝပါပဲ
အဆင်ပြေချောမွေ့ခြင်းကိုလိုချင်ရင်
ပင်ပန်းဆင်းရဲခြင်းကို ရင်းနှီးရတာ သဘာဝကျပါတယ် ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 20, 2014

နောင်တစ်ချိန်မှာ နောင်တ ကင်းသောနည်း ၃ နည်း


နောင်တစ်ချိန်မှာ နောင်တ ကင်းသောနည်း ၃ နည်း

၁ ။ ဆန္ဒနဲ့ သိက္ခာ ကို ရာခိုင်နှုန်း ညီမျှစွာ ရွေးချယ်ရသည့်အခါ
သိက္ခာကိုသာဦးစားပေးပါ

၂ ။ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာ ကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
ဖြစ်သင့်တာကိုသာ ဦးစားပေးပါ

၃ ။ လိုချင်တာနဲ့ လိုအပ်တာကို ရာခိုင်နှုန်းညီမျှစွာ ရွေးချယ်ရသည့်အခါ
လိုအပ်တာကိုသာ ဦးစားပေးပါ

လတ်တလော သင့်အတွက် အဆင်မပြေလောက်ဘူးထင်ပေမယ့်
နောင်တစ်ချိန်မှာ နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ် ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 18, 2014

အရာရာကို ရင်ဆိုင်ရဲတဲ့သတ္တိရှိမှသာ





လူတစ်ချို့က ချမ်းသာစည်းစိမ်ဆိုတဲ့အရာကို ခံစားနေရချိန်မှာ
လူတစ်ချို့က ဆင်းရဲဒုက္ခဆိုတဲ့အရာကို ကြုံတွေ့နေရတယ်

လူတစ်ချို့က လောကကြီးက သာယာလိုက်တာလို့ ကြည်နူးစွာ ပြောနေချိန်မှာ
လူတစ်ချို့က ထမင်းနပ်မှန်ဖို့ နေ့စဉ်ရုန်းကန်နေရတယ်

လူတစ်ချို့က ဒေါ်လာ ထောင်ချီတန်တဲ့အရက်ပုလင်းနဲ့ ညစဉ် ဇိမ်ရစ်နေစဉ်မှာ
လူတစ်ချို့က မနက်ဖြန်မနက်စားဝတ်နေရေးအတွက် ပူပန်သောကရောက်နေရတယ်

ဘယ်လိုပဲ ဘ၀တွေ မိုးနဲ့မြေလို ကွာခြားပါစေ
ကိုယ်ကြုံရတဲ့ဘ၀ကို စိတ်မပျက်မိစေနဲ့
ကိုယ်ကြုံရတဲ့ အခက်အခဲတွေကို အားမလျော့မိစေနဲ့
ကိုယ်ကြုံရတဲ့ ဒုက္ခတွေကို အရှုံးမပေးမိစေနဲ့

ကြုံလာရတဲ့အရာမှန်သမျှကို
ပျက်ရယ်ပြုလိုက်စမ်းပါ ၊ လှောင်ပြုံးပြုံးလိုက်စမ်းပါ
အရာရာကို ရင်ဆိုင်ရဲတဲ့သတ္တိရှိမှသာ
လောကကြီးက နေလို့ကောင်းတာ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, October 10, 2014

ဟန်ဆောင်ခြင်းက သင့်ကို ကြာရှည်မအောင်မြင်စေဘူး



ကိုယ့်ကိုချစ်တဲ့သူတွေကို ဘယ်တော့မှ ဟန်မဆောင်မိစေနဲ့
ကိုယ့်ကို စေတနာရှိတဲ့လူတွေကို ဘယ်တော့မှ မငြိုငြင်မိစေနဲ့

ကိုယ့်ကို ကောင်းစေချင်တဲ့လူတွေကို ဘယ်တော့မှ မစော်ကားမိပါစေနဲ့
ဟန်ဆောင်ခြင်းဟာ လောကကြီးမှာ ကြာရှည်ခံလေ့မရှိဘူး

ကိုယ့်ဆီက ဟန်ဆောင်ခြင်းတွေ နည်းပါးလေလေ
လူတွေနဲ့ဆက်ဆံရတာ ပိုအဆင်ပြေလာလေလေ ဆိုတာ သိလာပါလိမ့်မယ်

ဟန်ဆောင်ခြင်းက သင့်ကို ကြာရှည်မအောင်မြင်စေဘူး
စစ်မှန်တဲ့အောင်မြင်ခြင်းကို လိုချင်ရင်

- ရိုးသားရမယ်
- ဟန်မဆောင်ရဘူး
- အရှိအရှိအတိုင်းပြောဆိုင်နေထိုင်ဆက်ဆံရမယ်
- မှန်ကန်တဲ့လမ်းအတိုင်းဖြောင့်မတ်စွာ လျှောက်လှမ်းကြိုးစားရမှာဖြစ်ပါတယ် ။

သက်တန့်ချို 



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Monday, October 6, 2014

ကိုယ်ပိုင်အလင်းရောင်ထွန်းညှိနိုင်ဖို့





လောဘကြီးသူက အလိုကြီးအရနည်းတတ်တယ်

အယုံလွယ်တဲ့သူက သူတစ်ပါးလှည့်စားတာခံရတတ်တယ်

သနားကြင်နာလွယ်တတ်သူက သူတစ်ပါးလိမ်ညာတာခံရတတ်တယ်

အားနာတတ်သူက သူတစ်ပါးအနိုင်ကျင့်တာခံရတတ်တယ်

သူတစ်ပါးဆီက ရတဲ့အလင်းရောင်မှာ ကျေနပ်ပျော်မွေ့မနေပါနဲ့
ကိုယ်ကိုယ်တိုင် ထွန်းလင်းနိုင်အောင်ကြိုးစားပြီး
ကိုယ့်ဆီက အလင်းရောင်နဲ့
သူတစ်ပါးရဲ့မှောင်မိုက်ခြင်းတွေကိုအလင်းပေးနိုင်ပါစေ

သက်တန့်ချို 
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Saturday, October 4, 2014

ဖြောင့်မှန်သော လမ်းကိုလျှောက်ပါ


လောကကြီးမှာ ဆိုရိုးစကားတစ်ခွန်းရှိတယ်

" ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် " တဲ့

ကိုယ်က သူတော်စင် သူတော်ကောင်းကြီးမဟုတ်တောင်
မသူတော်မဖြစ်အောင်တော့ ကြိုးစားရမယ်မဟုတ်လား

အရှိကို အရှိအတိုင်း ရိုးရှင်းစွာ နေထိုင်ခြင်းကလည်း
သင့်ကို လူတွေ လေးစားလာမယ့်အချက်တစ်ချက်ပါပဲ

ဆင်းရဲတာချမ်းသာတာ
အပေါင်းအသင်းနည်းတာ အပေါင်းအသင်းများတာ
ရာထူးကြီးတာ ရာထူးသေးတာ အရာအားလုံးဟာ
တဒင်္ဂ မတည်မြဲခြင်းတွေပါ

စစ်မှန်တဲ့အောင်မြင်ခြင်းဆိုတာ တစ်ခုတည်းရှိပါတယ်
အဲ့ဒါကတော့ အရှိကို အရှိအတိုင်းလက်ခံနေထိုင်ပြီး
ဖြောင့်မှန်သော လမ်းကို လျှောက်လှမ်းခြင်းပါပဲ ။

သက်တန့်ချို



စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, October 1, 2014

အဆိုးတွေကို အကောင်းတွေအဖြစ်ပြောင်းလဲယူပါ

ကိုယ့်ကိုကဲ့ရဲ့မှုတွေကို
ရှေ့ဆက်ဖို့ခွန်အားတွေအဖြစ်မှတ်ယူကြည့်ပါ

ကိုယ့်ကို မုန်းနေသူတွေရဲ့အကြည့်တွေကို
ရှေ့ဆက်ဖို့ အားဆေးတွေအဖြစ်မှတ်ယူကြည့်ပါ

ကိုယ့်ကို အထင်သေးတွေရဲ့အပြုအမူတွေကို
ရှေ့ဆက်ဖို့ လမ်းပြပေးတဲ့အလင်းရောင်တွေလို့မှတ်ယူကြည့်ပါ

တခါတလေ အဆိုးတွေကို အကောင်းတွေအဖြစ် ပြောင်းလဲ ယူတတ်ခြင်းကလည်း
အကြိမ်ကြိမ် ကျရှုံးပေမယ့် လုံးဝ လက်မလျော့တတ်ခြင်းနဲ့ဆင်တူပါတယ်

ကိုယ့်တန်ဖိုးကို ကိုယ့်ရင်ဘတ်မှာ ကိုယ်ကိုယ်တိုင်ကပ်နိုင်ကြပါစေ ။

သက်တန့်ချို 

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................