Saturday, December 31, 2011

ကြောက်စရာလူသားများ (သို့မဟုတ်) ကျားသတ္တ၀ါများကိုကာကွယ်ပါ

ကြောက်စရာလူသားများ (သို့မဟုတ်) ကျားသတ္တ၀ါများကိုကာကွယ်ပါ



ကမ္ဘာမြေကြီးပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ သတ္တ၀ါချင်းအတူတူ ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ် မှုတွေ ဟာ နေရာတိုင်းမှာ မြင်မကောင်းလောက်အောင်တွေ့ကြုံနေရတယ် ။ ကိုယ့်ထက် အသိဥာဏ်နည်းတဲ့ ဒီလို သတ္တ၀ါတွေကို အကြောင်းမဲ့သတ်ဖြတ်ခြင်းကိုတော့ ရှောင်ရှားသင့်တယ်လို့မြင်ပါတယ် ။ မကြာခင်မှာ ကျား သတ္တ၀ါတွေမျိုးသုဉ်းပျောက်ကွယ်သွားတော့မယ့် အန္တရာယ်ကြောင့် ကျားထိမ်းသိမ်းရေး စခန်းတွေဖွင့် လှစ်နေတာ နဲ့အညီ ယခုလို ပုံပါအတိုင်းဖြစ်ရပ်မျိုးကိုတော့ ရှံ့ချရမှာဖြစ်ပါတယ် ။ ကျားဆိုတာဟာလည်း လူ သားတွေ အ တွက် ဟင်းစား အဖြစ်ကျွန်တော်ကတော့မသတ်မှတ်ပါဘူး ။ လူသားတွေအ တွက်စားသောက် ဖွယ်ရာတွေဟာ အလွန်ပဲ ပေါများလွန်းလှပါတယ် ။ ဒီတော့ ရှားပါးသတ္တ၀ါတွေ ကို ထိမ်းသိမ်းခြင်းအားဖြင့် ဂေဟ စနစ် ( Ecosystem) ကိုပါ ထိမ်းသိမ်းရာရောက်ပြီး သတ္တ၀ါတွေ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ် ။



ဒီလို သတ်ဖြတ်မှုတွေ ကမ္ဘာမြေကြီးပေါ်မှာ နောက်ထပ် မကြုံတွေ့ကြပါစေနဲ့ ။



အရေခွံကို ဆုတ်ပြီး အသားကို ၀ိုင်းနွှာနေကြသောသူများ ။



ကျားသားကိုစားရဖို့ အလုအယက် စောင့်ဆိုင်းနေကြသူများ ။



အရိုးပါမကျန် အကုန် လုံး နွှာယူကြလေတယ် ။



ဦးခေါင်းခွံအရိုးပဲကျန်ရှိတော့တယ် ။



လူချမ်းသာတွေဆီမှာ ဒီလို အရေခွံကြီးတွေ ကို အလှဆင်ယင်ထားကြသတဲ့ သူများအသက် ကို ရင်းပြီး ကိုယ့် ကြွားဝါမှု အတွက် စတေးကြတယ် အိုမြေကမ္ဘာရေ စာနာထောက်ထားမှု ၊ ဂရုဏာ တရားနဲ့ သနားကြင် နာခြင်းတွေ ဟာ လူသားတွေဆီကနေ ဘယ်လိုပျောက်ကွယ်ကုန်ကြပါလိမ့် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

စိမ်းစိုနေသော သစ်ပင်ဥမင်ရထားလမ်း

စိမ်းစိုနေသော သစ်ပင်ဥမင်ရထားလမ်း



အိုး . . ကဗျာဆန်လိုက်တာ ကြည့်ရတာ မြင်သူရင်ထဲကို အေးမြသွားစေတဲ့နေရာလေးပါပဲ ။ ဒီသစ်ပင် ဥမင် ရထားလမ်းလေးဟာ ကျန်းမာရေးအတွက်လည်း အောက်ဆီဂျင်အပြည့်အဝေပေးနိုင်တဲ့နေရာ လေးဖြစ်ပြီး သွားရောက် လည်ပတ်ဖို့သင့်တော်တဲ့နေရာလေးတစ်ခုပါပဲ ။ အင်တာနက်စာ မျက်နှာတွေကတ ဆင့်ရှာတွေ့ခဲ့ တာဖြစ်ပြီး ဘယ်နိုင်ငံမှာလည်းရယ်တော့အတိအကျမသိရပါဘူး ။ သိတဲ့သူများရှိရင်လည်းပြောပေးသွားကြပါဦး ။












သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရှေးခေတ်ဟောင်း စစ်လက်နက်ကြီးများ

ရှေးခေတ်ဟောင်း စစ်လက်နက်ကြီးများ



ဆင်ဟွာ သတင်းဌာနမှာ ရှေးခေတ်ဟောင်းလက်နက်ကြီးများကို စုစည်းဖော်ပြပေးထားပါတယ် ။ တခါမှ မမြင်ဖူးတဲ့ လက်နက်တွေမို့ စိတ်ဝင်စားစရာပါပဲ ။ ကွန်ပြူတာ သိပ္ပံခေတ်ကြီးထဲမှာ ဒီလို ရှေးဟောင်း လက် နက်တွေက ရှားပါးပုံတွေမို့ စုစည်းဖော်ပြပေးလိုက်ပါတယ် ။



















သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 30, 2011

သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer

သားအိမ်ခေါင်းကင်ဆာ (သို့မဟုတ်) Silent Killer



ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးထုကြီးတရပ်လုံးကို ဖွဲမီးလို တငွေ့ငွေ့လှိုက်စားပြီး အသက်ဇီ ၀ိန်ခြွေချနေ တဲ့ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုကို ပြပါဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာကို လက်ညိုးထိုးပြ ရပါလိမ့် မယ် ။ သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လိုဆိုရင်တော့ Cervical cancer လို့ခေါ်ပါတယ် ။ သား အိမ်ခေါင်း ကင်ဆာဟာ သားအိမ်ရဲ့ အ၀ Cervix uteri မှာ အခြေခံတဲ့ ဆဲလ်တွေကနေ ကင်ဆာ ဖြစ်ပွားစေသော ဆဲလ်များ ဖြစ်ပွားမှု Malignant neoplasm ကို ခေါ်ဆိုခြင်းဖြစ်ပါတယ် ။ သားအိမ်ခေါင်း ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုကတော့ မူမမှန်သွေးဆင်းခြင်းဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ကင်ဆာ ဟာ အရမ်းကို ဆိုးရွားတဲ့အဆင့်ရောက်တဲ့အထိတိုင်အောင် ဘာမှသိသာထင်ရှားတဲ့ လက္ခဏာ မပြပဲနဲ့လည်း ဆက်လက်ဖြစ်ပွားနေတာတွေရှိပါတယ် ။ စောစောအဆင့်ပိုင်းတွေမှာတော့ ခွဲစိတ်ကုသလို့ရနိုင်ပြီး ပိုဆိုးရွား တဲ့ နောက်ပိုင်းအဆင့်တွေဖြစ်နေပြီဆိုရင်တော့ ကင်ဆာဆေးသွင်းခြင်းနဲ့ ဓါတ်ရောင်ခြည်ပေး၍ ကုသခြင်းတွေ ပြုလုပ်ရမှာဖြစ်ပါတယ် ။



ကင်ဆာရှိမရှိစစ်ဆေးခြင်းဖြစ်တဲ့ Pap smear ယူပြီးစစ်ခြင်းဟာလည်း သားအိမ်ခေါင်းမှာ ရှိတဲ့ဆဲလ်တွေ နဲ့တစ်ရှူးတွေ မှာ ကင်ဆာအဆင့်မရောက်ခင် precancerous အခြေအနေနဲ့ပြောင်းလဲမှုတွေကို ကြိုတင်ပြီး သိရှိနိုင် ပါတယ် ။ တိုးတက်ဖွံ့ဖြိုးနေတဲ့တိုင်းပြည်တွေမှာဆိုရင် Cervical screening ကို ကျယ်ပြန့်စွာ အသုံးပြုနေကြပြီး ဒီလိုစစ်ဆေးခြင်းအားဖြင့် အလွန်အမင်းဆိုးရွားသောအဆင့် Invasive cervical cancer ဖြစ်ပွားမှုနှုန်းကို ၅၀ % အထက် လျော့ချပေးနိုင်ပြီဖြစ်ပါတယ် ။ သားအိမ်ခေါင်းကင်ဆာရဲ့ ရာခိုင်နှုန်း ကိုးဆယ်ကျော်လောက်အောင် Human Papillomavirus (HPV) ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ် ။ US , Canada နဲ့ EU မှာဆိုရင် ဒီ HPV vaccines ဟာ သားအိမ်ခေါင်းကင်ဆာကို ၇၀% လောက်အ ထိဖြစ် ပွားစေနိုင်တဲ့ ဗိုင်းရပ်အမျိုးအစား မျိုးကွဲ ၂ မျိုး ( two strains) ကို ကာကွယ်ပေးနိုင်ပါတယ် ။ ဒါပေမယ့် လည်း Vaccines ဆိုတာဟာ အဖြစ်များတဲ့ အမျိုးအစား HPV နဲ့ကင်ဆာကို သာကာ ကွယ်ပေးနိုင် တာဖြစ်တဲ့အတွက် အမျိုးသမီး အားလုံးဟာ ကာကွယ်ဆေးထိုးပြီးတာတောင်မှပဲ ဒီလို Pap Smear Screening ကို ပုံမှန်ပြု လုပ်သင့်ပါတယ် ။ သားအိမ်ခေါင်း ဆိုတာဟာ သားအိမ်ရဲ့ အကျဉ်းဆုံးအစိတ်အပိုင်းဖြစ်ပြီး မိန်းမ ကိုယ်အ၀ Vagina နဲပဆက်သွယ်ထားတဲ့ နေရာလည်းဖြစ်ပါတယ် ။

သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ ။

အစောပိုင်းအဆင့်တွေမှာတော့ သားအိမ်ခေါင်းကင်ဆာဟာ ဘာလက္ခဏာမှ မပြပဲနဲ့ရှိနေနိုင်ပါတယ် ။ ဒါ့အပြင် မူမမှန်သွေး ဆင်းမှု ၊ အမျိုးသားနဲ့အတူနေသည့်အခါ သွေးဆင်းခြင်း တခါတရံ သွေးခဲဆင်းခြင်း ( ရှားတော့ ရှားပါတယ် ဒါပေမယ့် ကင်ဆာအဆင့် ဖြစ်တယ်ဆိုတာ ပြသနေခြင်း ) စသည်တို့ဖြစ်တတ်ပါတယ် ။ ဒါ့အပြင်မှာ အမျိုးသားနှင့်အတူနေသည့်အခါ နာကျင်ခြင်း နှင့် သွေးဆင်းခြင်းတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့အဆင့်ရောက်နေပြီဆိုရင်တော့ ၀မ်းဗိုက် ၊ အဆုတ်နဲ့နေ ရာတော်တော် များများမှာ ပျံ့နှံ့ခြင်း Metastases တွေကို တွေ့ရမှာဖြစ်ပါတယ် ။ ပိုမိုးဆိုးရွားတဲ့ သားအိမ်ခေါင်း ကင်ဆာ ရဲ့လက္ခဏာတွေကတော့ အစားအသောက်ပျက်ခြင်း ၊ ပိန်ချုံးခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ တင်ပ ဆုံရိုးအ တွင်းကိုက်ခဲခြင်း ၊ ခါးနာခြင်း ၊ ခြေထောက်များနာခြင်း ၊ ခြေထောက်များရောင်လာခြင်း ၊ သွေးအလွန် အမင်းဆင်းခြင်း ၊ အရိုးကျိုးခြင်းများ ၊ တခါတရံ မိန်းမကိုယ်မှ ဆီး သို့မဟုတ် မစင်များ ထွက်ကျခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရနိုင်ပါတယ် ။

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်ပွားရတာလဲ ။

Human Papilloma Virus ဟာ သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအချက်ဖြစ်ပါတယ် ။ ဒါ့အပြင် လိင် ဆက်ဆံဖက်များခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ HIV ပိုးစတာတွေဟာလည်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေ ရခြင်းရဲ့ risk factor တွေဖြစ်ပါတယ် ။ ဒါ့အပြင် အခြားအကြောင်းအရာတွေကတော့ Chlamydia ပိုးဝင်ခြင်း ၊ စိတ်ဖိစီးမှုနှင့်ဆက်နွယ်နေသောအခြေအနေများ ၊ အစားအသောက် ၊ ဟော်မုန်းပါသော သား ဆက်ခြားဆေးများ ၊ ကိုယ်ဝန်ပေါင်းများစွာ ယူခြင်း ၊ မျိုးရိုးထဲတွင် သားအိမ်ခေါင်းကင်ဆာရှိခြင်း စတဲ့အ ချက်တွေဟာလည်း သားအိမ်ခေါင်းကင်ဆာဖြစ်စေခြင်းရဲ့ Cofactors အနေနဲ့ပါဝင်နေပြန်ပါတယ် ။ အသက် ငယ် ရွယ်စဉ်တွင် လိင်ဆက်ဆံခြင်း နဲ့ အသက်ငယ်ရွယ်စဉ်တွင် ကိုယ်ဝန်ဆောင်ခြင်း ၊ အသက်ငယ် ရွယ်စဉ်တွင် သားဆက်ခြားဆေးများသောက်သုံးခြင်းဟာလည်း risk factors တွေ ထဲမှာပါဝင်နေ တာကိုတွေ့ ရပါတယ် ။

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်နိုင်သလဲ ။

၁ ။ Screening ပြုလုပ်ခြင်း

Pap smear ပြုလုပ်ကာ သားအိမ်ခေါင်းကင်ဆာကိုစစ်ဆေးခြင်းဖြစ်ပါတယ် ။ ၃ နှစ်တစ်ကြိမ် ငါးနှစ်တစ်ကြိမ် စစ်ဆေးပေးခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းကို ၈၀% အထိလျော့ချပေးတာတွေ့ရပါတယ် အကယ်၍ မူမမှန်သော အဖြေတွေတွေ့ခဲ့ရင်လည်း Precancerous change ကိုကြိုတင်သိရှိနိုင်ပြီးတော့ လိုအပ် တဲ့ ကာကွယ်ကုသမှုတွေပေးနိုင်မှာဖြစ်ပါတယ် ။ အကယ်၍ သားအိမ်ခေါင်းကင်ဆာကို စောစီးစွာ သိရှိပါက လည်း အနည်းငယ် မျိုးပွားနိုင်မှု စွမ်းရည်ကို ထိခိုက်နိုင်ယုံကလွဲလို့ မခွဲမစိတ်ရပဲ ကုသမှုတွေပေးနိုင်ပါတယ် )

၂ ။ Vaccine ထိုးခြင်း

HPV vaccine နှစ်မျိုးရှိပါတယ် ။ Gardasil နဲ့ Cervarix ဇြစ်ပြီး ဒီဗက်ဆင်းတွေက သားအိမ်ခေါင်းနဲ့ စအိုဝတ ဂှိုက်မှာ ကင်ဆာဖြစ်ပွားနိုင်မှုကို ၉၃% အထိ လျော့ချပေးနိုင်တာကိုတွေ့ရပါတယ် ။ HPV Vaccine ကို အသက် ၉ နှစ်မှ ၂၆ နှစ်အတွင်းအမျိုးသမီးတွေကို ပိုးမ၀င်မှာ ကြိုတင်ထိုးထားနိုင်ပြီး ဒါကလည်း ရောဂါပိုးမရှိမှသာလျှင် ထိရောက်မှုရှိတာဖြစ်ပါတယ် ။ Vaccine တွေဟာ လေးနှစ်မှ ခြောက်နှစ်အထိ စွမ်းဆောင်နိုင်မှုရှိပြီး ဒီထက်ပို စွမ်းသလား booster ထပ်ထိုးဖို့လိုအပ်သလားဆိုတာကိုတော့ မသိရှိရသေးပါဘူး ။ ဈေးနှုန်းကြီးမားမှုက ပြဿနာ တစ်ခုဖြစ်နေပြီး နိုင်ငံပေါင်းများစွာကတော့ HPV Vacinnation Fund တွေ တည်ထောင်ဖို့ ကြိုးစားနေကြပါပြီ ။

၃ ။ ကွန်ဒုံးအသုံးပြုခြင်း

ကွန်ဒုံးအသုံးပြုခြင်းဟာ အချို့သော သားအိမ်ခေါင်းကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ် ။ ကွန်ဒုံးဟာ HPV ကိုကာကွယ်ပေးနိုင်တာမပေးနိုင်တာအသာထား အနည်းဆုံးတော့ genita wart (လိင်အဂါင်္တွင်ဖြစ်သော ကြွက်နို့ ) နဲ့တ ခြား ရောဂါပိုးတွေကိုတော့ကာကွယ်ပေးနိုင်ပါတယ် ။ ( ဥပမာ STD , Chlamydia ) သုတ်ရည် Semen ဟာ Precancerous changes (CIN 3) ကို ပြောင်းလဲစေနိုင်တဲ့ risk ရှိတဲ့အတွက် ကွန်ဒုံးအ သုံးပြုခြင်းအားဖြင့် ကာကွယ်ပေးရာရောက်ပါတယ် ။

၎ ။ အာဟာရ

ဗီတာမင်အေ ၊ ဗီတာမင် ဘီတွဲ ၊ ဗီတာမင်စီ ၊ ဗီတာမင်အီးနဲ့ ဘီတာကာရိုတင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေတဲ့ အာဟာရဓါတ်တွေဖြစ်ပါတယ် ။

ဖြစ်ပြီးမှ ကုသတာထက်စာရင် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ လွန်စွာထိရောက်လှပါတယ် ။ တတ်နိုင်သမျှ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုလျော့ချပြီး အမျိုးသမီးအားလုံး Pap smear ပြုလုပ်ဖို့ တိုက်တွန်းလိုပါတယ် ။ ကာကွယ်ဆေးထိုးထားကြဖို့လည်း တိုက်တွန်းလိုပါတယ် ။ အားလုံးပဲ ကျန်းမာ သုခ ပြည့်ဝကြပါစေ ။

Ref : http://en.wikipedia.org/wiki/Cervical_cancer

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Thursday, December 29, 2011

ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ် :(

ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ် :(



စိတ်မကောင်းပါဘူး . . . ဆေးရုံကို လူနာကားတွေ မနက်ထိရောက်လာတာမပြတ်သေးဘူးလို့ မျက်မြင်တွေ က ပြော ကြတယ် ။ မရှိသင့်တဲ့ လူနေရပ်ကွက်ထဲမှာ ဒီလို ပေါက်ကွဲစေတတ်တဲ့ အရာတွေ ထားစေခဲ့လို့ မဖြစ်သင့် တဲ့ ဖြစ်ရပ်တွေ ဖြစ်ရတာလို့ ကျွန်တော်ကတော့ထင်တယ် ။ မီးလောင်မှုကို ငြိမ်းသက်ရင်း အသက်ပေး သွားရတဲ့ မီးသတ်ရဲဘော်တွေကို မိသားစုတွေ ကိုယ်စား အလွန်စိတ်ထိခိုက်ရကြောင်း ထပ်တူထပ်မျှ ၀မ်းနည်းမိ ပါကြောင်းပြောပါရစေ . . . ဒီအတွက်လည်း နိုင်ငံတော်က အကျိုးခံစားခွင့်တွေးပေးမယ်လို့ မျှော်လင့်မိပါတယ် .. ဒါဏ်ရာ ရနေသော သူတွေလည်း နောက်ထပ် အသက်ဆုံးရှုံးမှုတွေမဖြစ်ကြပါစေနဲ့ ၂၀၁၁ ရဲ့ နောက်ဆုံးနှစ် ကုန်ခါနီးမှာ ဒီဖြစ်ရပ်ဟာ နောက်ဆုံး ၀မ်းနည်းဖွယ်ဖြစ်ရပ်ကြီးလို့ မျှော်လင့်ပါရစေဗျာ . . .တချို့ဆို ဘာ မှန်းတောင် မသိလိုက်ရပဲ သေဆုံးသွားကြရသူတွေရှိပါတယ် ..ဒီလို အက်ဆစ် ကန်ကြီးတွေနဲ့ပေါက် ကွဲစေတတ်သော ဓါတ်ဆီ လောင်စာဆီတွေကို လူနေရပ်ကွက်တွေထဲမှာ တိတ်တိတ်ပုန်းဖြစ်စေ ပေါ်တင်ဖြစ်စေ ထားရှိစေခြင်းကို တားမြစ်ပေးကြပါလို့ . . မကြာခင် ပွင့်လင်းရာသီရောက် လာတော့မှာဖြစ်တဲ့ အတွက်ယခုဖြစ် ရပ်ကို နမူနာထားပြီး မီးလောင်မှုတွေမဖြစ်ရအောင် တားဆီးပေးကြစေလိုပါတယ် ယခုဖြစ်ရပ်အတွက် အလွန်ပဲ ၀မ်းနည်းမိပါကြောင်းပြောပါရစေ . . :(

Photo credit to 7 Day News

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Wednesday, December 28, 2011

ဂြိုလ်သားတွေကြောင့် ကိုယ်ဝန်ရသွားတဲ့ အီတလီအမျိုးသမီး

ဂြိုလ်သားတွေကြောင့် ကိုယ်ဝန်ရသွားတဲ့ အီတလီအမျိုးသမီး



မယုံနိုင်ဖွယ်ရာပါပဲ ။ အီတလီအမျိုးသမီး Gionanna ဆိုသူဟာ ဂြိုလ်သားတွေရဲ့ အဓမ္မခေါ်ဆောင် အနိုင် ကျင့်ခြင်း ခံခဲ့ရပြီး ကိုယ်ဝန်ရခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ် ။ ဂြိုလ်သားတွေဟာ သူမ လေးနှစ် သမီး အရွယ် ကတည်းက သူမဆီကို ပထမဆုံးအကြိမ်လာရောက်ခဲ့ပါတယ် ။ အခုဆိုရင် သူမဟာ ၄၁ နှစ်ရှိပါပြီး ။ သူမဆီမှာ ဂြိုလ်သားတွေကြောင့် ရရှိခဲ့တဲ့ ဒါဏ်ရာဒါဏ်ချက်တွေလည်း ရှိနေတယ်လို့ပြောဆိုခဲ့ပါတယ် ။




စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ညဖက်တွေမှာ ဂြိုလ်သားတွေ လာရောက်လည်ပတ်ခဲ့တယ်ဆိုတဲ့ သက်သေတွေ ရှိနေတာပါပဲ ။



သူမကို အဓမ္မအနိုင်ကျင့်လိင်ဆက်ဆံခဲ့တဲ့ ဂြိုလ်သားကို သူမက ဓါတ်ပုံရိုက်ထားခဲ့ပါသတဲ့ ။



သူမ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖော့စပရပ် အလင်းရောင်လေး ။ ( ဂြိုလ်သားတွေလက်ချက်ကြောင့်ပါ )





ဒီလို မျိုး ဘဲဥပုံ ပျံသန်းနေတဲ့ အ၀ိုင်းအချပ်ကြီးတွေဟာ သူမ ဆီကို ပထမအကြိမ် လာလည် ကတည်း က တွေ့ခဲ့ရတယ် ။



သူမကို ဆရာဝန်တွေဆီပေးဖို့ စမ်းသပ်စေတဲ့အခါမှာတော့ သူမဆီမှာ ကလေးငယ်တစ်ယောက် ရဲ့ နှလုံး ခုန်သံတဲ့ တူတဲ့ rhythm ကို ရှာတွေ့ခဲ့ကြတယ် ။



အဲဒီနောက်မှာတော့ ဆရာဝန်က ထိတ်လန့်ဖွယ်ရာ ဂြိုလ်သားသန္ဓေသားကို တွေ့ခဲ့ရပါသတဲ့ ။



အမြီးလည်းပါတယ် ဒါပေမယ့် မျက်နှာကပိုပြီး ဆင်တူတယ် ။



ဘုရားဘုရား ဒီသတင်းသာ တကယ်ဆိုရင်တော့ ကမ္ဘာကြီးရဲ့ အနာဂါတ်မတွေးဝံ့စရာပါလား အမျိုးသမီးတွေ သတိသာ ထားနေကြပေတော့ဗျို့ ။

သက်တန့်ချို

မူရင်း - ဆင်ဟွာ

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Tuesday, December 27, 2011

ကြောက်မက်ဖွယ်ရာ ထင်ပေါ်လာသော ၀ိဥာဉ်ပုံရိပ်များ

ကြောက်မက်ဖွယ်ရာ ထင်ပေါ်လာသော ၀ိဥာဉ်ပုံရိပ်များ



လှိုဏ်ဂူအထဲတွင်မြင်ရသော ၀ိဥာဉ်ပုံရိပ် ။

အမှတ်တမဲ့ ကြည့်လိုက်တဲ့အခါ ထင်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ ၀ိဥာဉ်ပုံရိပ်တွေကို ဆင်ဟွာ ကနေ ဖော်ပြပေးထားပါတယ် ။ ဖိုတိုရှော့ပညာမသုံးထားပဲ တကယ်မြင်ရတဲ့အတိုင်းဖော်ပြထားတာမို့ သရဲ တစ္ဆေ ကို စိတ်ဝင်စားသူတွေအဖို့ နှစ်သက်ဖွယ်ရာပါပဲ ။




စုံတွဲဘေးမှ ၀ိဥာဉ်ပုံရိပ် ။



မြင်ရလား ၀ိုးတိုးဝါးတားနဲ့ ။



ဒါကတော့ကြောက်ဖို့ကောင်းတယ် မြူတွေဝေ့ဆိုင်းလို့ ။



ဖြူဖြူအကွက်ကြီး ။



ထင်ထင်ရှားရှားကိုတွေ့ရတာ ။



မှင်စာလားမသိဘူး ။



သံတိုင်ကြားမှ ပိတ်မိနေသော ၀ိဥာဉ် ။



ဒါလည်း ထင်ထင်ရှားရှားတွေ့ရတယ် ။



Oh ! Ghost . . .

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Friday, December 23, 2011

♥ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်♥ (Tagged by White Angel )

♥ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ်♥ (Tagged by White Angel )



ငယ်ငယ်ကလေးဘ၀ တွေကအတိုင်း ပွဲတော် တစ်ခုခုရက်ရောက်ပြီဆိုလျှင်ကျွန်တော်ပျော်သည် ။ သင်္ကြန်ရောက် လည်း စိတ် က မြူးလာပြီး ရွှင်လန်းလာသည် ။ သီတင်းကျွတ်လည်း ရင်ထဲချမ်းမြေ့သည်။ တန်ဆောင် တိုင်လည်း မီးထွန်းရတာ ပျော်စရာကောင်းသည်ဟုထင်သည် ။ ထို့အတူ ခရစ်စမတ် ရက် သည် လည်း ပျော်ရွှင်ကြည်နူးစရာကောင်းသည်ဟု ကျွန်တော်ထင်မိသည် ။ ကျွန်တော်၏ ပျော်ရွှင်ကြည်နူးခြင်း ပွဲတော် ရက်များ အထိမ်းအမှတ်နေ့များ (ဥပမာ လွတ်လပ်ရေးနေ့ အမျိုးသားနေ့ ကရင်နှစ်သစ်ကူးနေ့ စသည် ) သည် ဘာ သာရေးနှင့်လည်း မသက်ဆိုင် မည်သည့်အကြောင်းတရားနှင့်မှလည်း မသက်ဆိုင်ပဲ ကိုယ့်ဘာသာကိုယ် အလိုလို လူတွေချမ်းမြေ့ကြည်နူးနေတာမြင်လျှင် ကိုယ်ပါ ကူးစက်ချမ်းမြေ့ပျော်ရွှင်လာသည်ဟု ရိုးရိုးကလေး ခံယူထား မိခြင်းသာဖြစ်၏ ။ ဒါက ယခု ကျွန်တော်ဖြေမည့်တဂ်ပို့စ် အားအကြို နိဒါန်းပျိုးနေခြင်းပင် ။ ခရစ်စမတ် ကို ကျွန်တော်က အလွန်ပျော်သည် ။ ကျွန်တော့်အကို နှစ်ယောက်ဖြစ်သော ဇော်၂ ဇော်မှ ကျွန်တော့်အား အလွန် ချစ်သော အကြီးဖြစ်သူ ဇော်လတ်မှာ ခရစ်စမတ် ဒီဇင်ဘာ ၂၅ တွင်မွေးဖွားသော သူတစ်ဦးဖြစ်၏ ။ ဟိုးယခင် ကဆိုရင် သူ့မွေးနေ့လျှင် မနက်အစောကြီး ထ ညီငယ်ညီမငယ်များ ကျွန်တော်တို့ တစ်သိုက်ကို လက်ဆွဲကာ ရွှေတိဂုံသို့ တက်လေ့ရှိသည် ။ အပြန်ကျလျှင်တော့ သူ့သူငယ်ချင်းတွေနဲ့ဆုံကာ ယစ်ဆိုင်သို့ရောက် သွားစမြဲပင် ။

ထိုအခါ ကျွန်တော်က ဇော်လတ်ခေါ် ဘိုးတော်အား အမြဲပြောလေ့ရှိသည် ။ “ ဟာဗျာ ဘိုးတော် ကလည်းမမိုက်ပါဘူး မနက်ကျတော့ဘုရားတက် ပြန်ဆင်းတော့ အရက်ဆိုင်ဝင် ဘယ်မှာ လာကုသိုလ်ရမှာတုန်း ” လို့ပြောတော့ ဘိုးတော်က ချစ်စနိုးကျွန်တော့် ခေါင်းကိုပုတ်လို့ပြန်ပြောတယ် ။ “ ဒီမယ်ညီလေး ရယ် မွေးနေ့ ဆိုတာ တကယ်တော့တစ်ရက်ထဲရှိတာပါကွာ ငါက အရက်ကို စိတ်ညစ်လို့လည်း မသောက် ဘူး ပျော် လို့လည်း မသောက်ဘူး မုန်းလို့လည်းမသောက်ဘူး ချစ်လို့လည်း မသောက် ဘူး သောက်ချင်လို့ကို ကြိုက် လို့သောက် တာကွ ဒီတော့ ငါမွေးတဲ့ရက်မှာ ငါကြိုက်တဲ့ အရက်နဲ့ ငါ့ကိုယ်ငါ ပြန်ဂုဏ်ပြုခြင်းပေါ့ကွာ ” အဲဒီ လို အူကြောင်ကြောင် စကားတွေပြောပြီး သူဟာ အမြဲရယ်မောနေလေ့ရှိတယ် ။ ကျွန်တော်က တော့ ငယ်ငယ် တုန်းက ထိုအတွေးအခေါ်များကိုနားမလည်ချေ ။ ယခု နှစ် ခရစ်စမတ်မှာတော့ သူ့အနားတွင် ကျွန်တော် မရှိနေချေ ။ မန္တလေးရောက်နေခြင်းကြောင့်ဖြစ်သည် ။ ခရစ်စမတ်အကြောင်းဆက်ပြောရမည်ဆိုလျှင် ခရစ်စမတ် သစ်ပင်တွင် မီးလုံးကလေးတွေ သိကြားလုံးကလေးတွေ နှင့် လက်ဆောင်ပစ္စည်းထုပ်ကလေးတွေ အလှဆင်ချိတ်ဆွဲထားခြင်းအား ကျွန်တော်က လွန်စွာ သဘောကျ၏ ။ ခရစ်စမတ်ဘိုးဘိုးကြီးက ခရစ်စမတ် ညတွင် ကျွန်တော့်အား အရုပ်ကြီးများလာပေးသည်ဟု ငယ်ငယ်က အိပ်မက်ထဲ ခဏခဏ မက်တတ်၏ ။ Merry X ' mas to you !! ဟု သံပြိုင်အော်ဟစ်ဆိုရခြင်းကို ကျွန်တော်ပျော်သည်။ ကျွန်တော် သည်ခရစ်ယာန်ဘာသာမဟုတ်သော်လည်း ခရစ်ယာန်သူငယ်ချင်းများရှိသည့်အလျှောက်သူတို့နှင့် ဂီတာ များတီး ကာ ခရစ်စမတ်နီးသော ရက်များတွင် ခရစ်ယာန်အိမ်များအား သီချင်းလိုက်ဆိုဖူး၏ ။ ကျွန်တော့်အတွက် အမှတ် တရများစွာ ရှိသော ခရစ်စမတ်ပင် ။ ကျွန်တော်အစပျိုးသည်မှာ အတော်ရှည်သွားပြီထင်သည် ။ ယခု အစ်မတော် အဖြူရောင်နတ်သမီးတဂ်သော “ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား” ဟူသော ပို့စ်ကို စတင်ရေးတော့မည်ဖြစ်သည် ။

[♥] ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

ရိုးရိုးသားသား ၀န်ခံရလျှင်သော ကျွန်တော် တစ်ခါမှ ခရစ်စမတ်နေ့မှာ အိမ်ကို ခရစ်စမတ် သစ်ပင်တွေနှင့်အ လှဆင်ဖို့ကို အခွင့်အရေးမရခဲ့သလို ဒီအတိုင်း ပဲကျော်ဖြတ်ခဲ့တာများသည် ။ သို့သော် သူငယ်ချင်း အိမ်များတွင်မှု ကျွန်တော်ညလုံးပေါက် ခရစ်စမတ်သစ်ပင်များ အလှဆင်ခြင်း မီးလုံးများချိတ်ဆွဲခြင်းကိုမှု လွန်စွာ ၀ါသနာ ထုံလေသည် ။

[♥] နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေ ထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ် သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

ကျွန်တော်သည် ငယ်ငယ်ကတည်းက နှင်းရူးရုးနေသူဖြစ်သည် ။ နှင်းတွေကို ကျွန်တော်အလွန်ချစ်သည် ။ ဖြူလွှလွှ နှင်းစိုင်တွေထဲမှာ မာဖလာလေးဝတ် ကုတ်အကျီနှင့် နှင်းတွေဆုပ်ပြီး ပစ်ပေါက်တမ်း ကလေးတွေ ကစားနေသည်ကိုလည်း ကျွန်တော်အမြဲ စိတ်ကူးယဉ်ခဲ့ဖူးသည် ။ ထို့ကြောင့် ကျွန်တော် နှင်းတွေ ရှိသည့်နေရာ သွားလည်ချင်ပါသည် ။ ကျွန်တော် သာ ရွေးချယ်ခွင့် ရှိရင် နှင်းတွေကျရောက်နေတဲ့ ခရစ်စမတ် ကို တောင့်တ မိမှာပါ ။ ဘာကြောင့်လည်းဆိုတော့ နှင်းနဲ့ ခရစ်မတ်ဆိုတာ ဒီဇင်ဘာရဲ့ အေးချမ်းသော အမှတ် သင်္ကေတတွေ မဟုတ်ပါ လား ။

[♥] ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။

ခရစ်မတ်ပိတ်ရက်ကို ကျွန်တော်သည် အခန်းလေးတစ်ခန်းတွင် တပည့်များနှင့်အတူ စာသင်နေရပါသည် ။ ခရီးထွက်နေ သည်ဟုပြောလည်းရနိုင်ပါသည် ။ ထို့ကြောင့် ခရစ်စမတ် တနင်္ဂနွေသည် ကျွန်တော့်အဖို့မူ ပျင်းရိဖွယ် စာသင်ရက်များဖြစ်ယုံကလွဲလို့ ဘ၀မှာ ထူးထူးခြားခြား ပြောင်းလဲမှုများမရှိခဲ့ပါချေ ။

[♥] ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

ကျွန်တော့်တွင် လွန်စွာ ကြီးမားသော အားနက်ချက်တစ်ခုရှိ၏ ။ ထိုအရာကား အချိန်ရှားပါးခြင်းဖြစ်ကြောင်း ကျွန်တော့်သူငယ်ချင်းများ ကျွန်တော်နှင့်ပေါင်းဖူးသူများအသိဆုံးဖြစ်၏ ။ ကျွန်တော်အပေး ချင်ဆုံးလက်ဆောင် မှာ ကျွန်တော် ၏ အချိန်များသာဖြစ်၏ ။ ကျွန်တော့်အတွက်မှာမူ ထိုအချိန်များသည် လွန်စွာ တန်ဖိုးရှိသည်ဟု မြင်မိသည် ။ ကျွန်တော့်အချိန်များတွင် ကျွန်တော်က ဒိုင်ယာရီစာအုပ်များ ၊ ကဗျာ စာရွက်ကလေးများ ၊ နှင်းဆီ ပန်းခြင်းနှင့် သစ်သီးများ ၊ ကျန်းမားရေးဆောင်းပါးစာအုပ်များ စသည်တို့ကို လက်ဆောင်ပေးလိုသည် ။


[♥] ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။

ထူးထူးခြားခြားအမှတ်ရစရာဆိုလို့ ကျွန်တော် ဂစ်တာ စတီးတတ်စအချိန်တွင် သူငယ်ချင်းနှင့်အိမ်များအား ခရစ် စမတ်သီးချင်း ဘုရားသီချင်းများလိုက်သီဆိုရင်း ဂီတာတီးသူတစ်ယောက်အဖြစ် ပါဝင်ခဲ့ရခြင်းပင် ။ မတီးတတ် တီးတတ်နှင့်ရင်တွေခုန် Cord တွေမှား Rhythm တွေ လွဲနှင့် ကျွန်တော် အတော်ကြီးပျော်ခဲ့ရဖူးသည် ။ ၂ ပုဒ်လောက်တီးပြီးသည်နှင့်ကျွန်တော်သည် အလွယ်တကူပင် အဖွဲ့နှင့်အသားကျသွားပြီး ခရစ်စမတ် သီချင်း ဂီတာ ကျွန်တော် တစ်သားတည်းဖြစ်သွားခြင်းမှာ ကျွန်တော်၏ အမှတ်တရပင်ဖြစ်သည် ။

[♥] နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။

ကျွန်တော့်နှစ်သစ်အကြိုည မှာ ကျွန်တော် က အေးချမ်းစွာ ဂစ်တာလေးတစ်လက် စာရွက်ဖြူ ဘောပင် တစ်ချောင်းနှင့် ဂစ်တာလေးတီးရင်းကဗျာလေးရေးရင်းအေးချမ်းစွာ ကုန်ဆုံးချင်သည် ။ ထို့ကြောင့် နှစ် သစ်အကြိုည မှာ အတူရှိနေချင်သည်မှာ ကျွန်တော်၏ ကဗျာများ ၊ ဂစ်တာတစ်လက်နှင့် ကျွန်တော် ၏ စိတ်အာရုံ ခံစားမှုများပင်ဖြစ်ပေလိမ့်မည် ။

[♥] New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။

တစ်နှစ်တွင် (မည်သည့်နှစ်လည်းတော့မမှတ်မိတော့ပါ ) ကျွန်တော်အချိန်ကို ၁၂ နာရီတိတိ ရေ တွက်ကာ နှစ်သစ်ကို ကြိုခဲ့ဖူးသည် ။ သို့သော်ကျွန်တော့်ရည်ရွယ်ချက်အထမမြောက်ခဲ့ပါ ။ ၁၂ နာရီထိုးခါနီး ၅ စက္ကန့်လောက် အလိုတွင် ကျွန်တော့်နာရီ ဓါတ်ခဲကုန်ကာ ရပ်တန့်သွားခြင်းဖြစ်၏ ။ ကျွန်တော်သည် နောက်ထပ် ၂ မိနစ်လောက် ငြိမ်သက်စွာ နာရီအားငေးရင်း ဘာကိုတွေးနေမိမှန်းမသိတွေးနေဖြစ်ခဲ့သည် ။ ပြီးနောက် ကျွန်တော် နယူးရီးယား ဘာညာလည်းအော်ဟစ်ခဲ့မိ အိပ်မက်ထဲ နှင်းတွေ လျှောစီးရင်း နှင်းမုန်တိုင်းထဲ ကျွန်တော်ပါ သွားသည်ဟု အိပ်မက်မက်ကာ ကျွန်တော်အိပ်ပျော်သွားခဲ့လေသည်မှာ ကျွန်တော်၏ အမှတ်ရ ပင်ဖြစ်ပေလိမ့်မည် ။

[♥] နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော်ပြပေးပါ။

နေရာသီးသန့်မရှိပါ ။ ကျွန်တော်သည် ဖြစ်နိုင်လျှင်တော့ တရုတ်မဟာတံတိုင်းကြီးပေါ်မှ သော်လည်းကောင်း ၊ နိုင်ဂရာရေ တံခွန်၏ ညအလှအားရှူစားရင်းလည်းကောင်း မြစ်ဆုံဒေသသို့သွားရောက် ကာ ညဖက် နယူးရီးယား အား ကုန်ဆုံးစေမည်လားဟုတော့တွေးဖြစ်သည် ။ အလည်အပတ်အစီအစဉ်မရှိပါ ။

[♥] နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အ ထည် ဖော်တတ်ပါသလဲ။

နှစ်ဟောင်းနှစ်သစ်ဆိုသည်မှာ ဘာမှမထူးခြားသော ပြက္ခဒိန်တွေထဲက သာမန်နေ့ရက်များဟု ကျွန်တော်ထင်သည် ။ နှစ်ဟောင်းတွင်လုပ်ခဲ့သမျှ ဘာမှမပြောင်းလဲ သွားသလို နှစ်သစ်တွင်ပြုလုပ် မည့်အရာ များလည်း ဘာမှပြောင်လဲမသွားနိုင်ချေ ။ သူ့ဘာသာသူ အစီအစဉ်တကျ Program အတိုင်း ဘ၀က ဖြတ်သန်းသွားမည်သည်ဖြစ်သည် ။ ထိုဘ၀ရေစီးထဲ ကျွန်တော်တို့က အလိုက်သင့်စီးမျောသွား ယုံပင်မ ဟုတ်ပါလား ။ ဘ၀ရေစီးအား ပြောင်းပြန်ကူး မိသူတွေ ရေဆန်အားဆန်တက် ချင်သူတွေ ရေစီး သဘောနား မလည်သူတွေသာ ဘ၀ ပင်လယ်ထဲ နှစ်မြုပ်ကုန်ကြသည်ဟု ကျွန်တော် ထင်မိပါသည် ။

[♥] နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။်

အလွမ်းဆိုသည်မှာ ပူဆွေးတတ်ခြင်းသဘောမပါလျှင်တော့ ကျွန်တော်လွမ်းချင်ပါသည် ။ နှစ်တစ်နှစ်ကုန် ဆုံးသွား သည့် အပေါ်တော့ ထူးထူးခြားခြားလွမ်းမိမည်မဟုတ်ပါ ။ အချိန်မကုန်စေချင်တာမျိုးလည်းမရှိပါချေ ။ အရာရာ ဟာ သူ့ဘာသာသူ လှလှ ပပ သို့မဟုတ်ရုပ်ဆိုးစွာ ပြီးဆုံးသွားမည်သာဖြစ်သည် ။

[♥] နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိပါသလား။

ကျွန်တော့်သည် ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသည့်သူ မဟုတ်သူပီပီ ဆွေမျိုးဆိုသည်မှာလည်း ရွာတွင်အဖေဖက်က အမျိုးအနည်းငယ်နဲ့မြို့တွင်လည်း ဆယ်ယောက် ပင်မပြည့်သော ဆွေမျိုးအနည်းငယ် သာရှိသည် ။ ရွာမှဆွေမျိုး များ မှာ ခေတ်ပေါ်သိပ္ပံ ပစ္စည်းများနှင့်အလှမ်းဝေးသူများပီပီသူတို့သည် အင်တာနက်မ သိသလို အီးကတ်ဆိုသည်မှာလည်း အလွန်အလှမ်းဝေးသည် ။ ကျွန်တော်ပို့စ်ကဒ်ရေးပို့လိုက်လျှင် အူကြောင်ကြောင် နိုင်သောကောင် ဟု ထင်မည်စိုး၍ ကျွန်တော် မလုပ်တော့ဟု ဆုံးဖြတ်လိုက်ပါသည်။ သို့သော် ကျွန်တော့် ထံမှ အွန်လိုင်းပေါ်လုပ်၍ရသော ပို့စ်ကဒ် အီးကဒ်များ လိုချင်လျှင်တော့ကျွန်တော်ပို့ပေးနိုင်ပါသည် ။

ဤသို့သာပင် ခရစ်စမှတ် .. ဒီဇင်ဘာ... ကျွန်တော့်မွေးနေ့ အရာရာသည် နှစ်သစ်ကူးမတိုင်ပင် ရက်အနည်းငယ် တွင် အစီအစဉ်တကျ ကုန်ဆုံးသွားတတ်သော ပြက္ခဒိန်ထဲမှ သင်္ကေတများပင်ဖြစ်ပေတော့သည် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

မီးယပ်သွေးဆုံးနှင့် အရိုးပွရောဂါ (Menopause and Osteoporosis)

မီးယပ်သွေးဆုံးနှင့် အရိုးပွရောဂါ (Menopause and Osteoporosis)




အရိုးပွရောဂါကို အင်္ဂလိပ်လိုဆိုရင်တော့ Osteoporosis လို့ခေါ်ပါတယ် ။ အော့စတီရိုပရိုးဆစ် ဆိုတာဟာ အရိုးတွေကို အားနည်းစေပြီး ရုတ်တသို့ သို့မဟုတ် မမျှော်လင့်တဲ့ အရိုးကျိုးခြင်း Fractures တွေကို ဖြစ်ပွားစေမှု များစေ တဲ့အခြေအနေတစ်ခုဖြစ်ပါတယ် ။ ဘာသာပြန်ရရင်တော့ Porus bone ဆိုတာဟာ အရိုးရဲ့သိပ်သည်းဆ ဆုံးရှုံးမှု ကို များစပြေီး အရိုးရဲ့ သန်မာမှုကို လျော့နည်းစေခြင်းကို ဆိုလိုပါတယ် ။ ဒီရောဂါဟာ တခါတရံမှာ ဘာလက္ခဏာ မှမပြပဲ ဘယ်လိုနာကျင်မှုမှမပြပဲနဲ့ ပိုပိုဆိုးရွားလာတတ်တာလည်းရှိပါတယ် ။ ယေဘူယျ အားဖြင့်တော့ Osteoporosis ကို လူနာဟာ အရိုးကျိုးခြင်းမှ တဆင့် နာကျင်ခြင်းကို ခံစားရခြင်း မတွေ့ကြုံရသမျှ အဲဒီလို အ ရိုးပွရောဂါ ဖြစ်နေပါတယ်လို့ သိရှိကြတာနည်းပါတယ် ။ အထူးသဖြင့် ဒီလို နာကျင်ခြင်းဟာလည်း ခါးနာခြင်း သို့မဟုတ် တင်ပဆုံရိုးမှာ နာခြင်းကို ကြုံတွေ့ရပါတယ် ။ ကံမကောင်းတဲ့အချက်ကတော့ အကယ်၍ သင့်မှာ အရိုးပွရောဂါကြောင့် ကျိုးဖူးတယ်ဆိုရင်တော့ တခြား အရာတွေပါဖြစ်ဖို့များနေပါပြီ ။ ကံကောင်း တဲ့အချက်ကတော့ အဲဒီလိုဖြစ်စဉ်တွေဟာ အဆင့်လိုက် ဖြစ်ပွားတဲ့အတွက် Osteoporosis မဖြစ်အောင် ကာကွယ် လို့ ရခြင်းဖြစ်ပါတယ် ။ အကယ်၍ သင့်မှာ အရိုးပွရောဂါရှိတယ်ဆိုရင်တော့ ကုသမှုတွေက အရိုးဆုံး ရှုံးခြင်း ( bone loss ) ကို လျော့နည်းစေမှာဖြစ်ပါတယ် ။

ဘာကြောင့်အရိုးပွ ရောဂါဖြစ်တာလဲ ?



ကျွန်တော်တို့ဟာ အရိုးပွရောဂါ ဘာကြောင့်ဖြစ်သလဲဆိုတာ တိတိကျကျမသိပေမယ့် ဒီရောဂါ ဘယ်လို ဖြစ်ပွားပြီး ဘယ်လို ဆိုးရွားလာတယ်ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ် ။ သင့်ရဲ့အရိုးတွေဟာ ရှင် သန်နေသော ကြီးထွားနေသော တစ်ရှူးတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားကြပါတယ် ။ ရေမြှုပ်သဏ္ဍာန်ရှိတဲ့ အရိုး သို့မ ဟုတ် trabecular bone ကို သိပ်သည်းတဲ့အရိုးသို့မဟုတ် cortical ရဲ့ အပြင်ဖက် အလွှာကနေ ဖုံးအုပ်ထား ပါတယ် ။ အကယ်၍ အရိုးဟာ အရိုးပွရောဂါကြောင့် အားနည်းလာပြီဆိုရင်တော့ ရေမြှုပ်သဏ္ဍာန် တွေထဲက အပေါက်ကလေးတွေဟာ ကြီးသထက်ကြီးလာပြီး များသထက်များလာပါတယ် ။ ဒီလိုများလာတဲ့အခါမှာတော့ အရိုးရဲ့အတွင်းပိုင်းဖွဲ့စည်းမှုကို အားနည်းစေလာပြီဖြစ်ပါတယ် ။

အသက် ၃၀ အရွယ်အထိ လူဟာ ယောင်္ကျားဖြစ်စေ မိန်းမဖြစ်စေ အရိုးကို ပုံမှန် တည်ဆောက်နိုင်ကြပါတယ် ။ အသက် ၃၅ နှစ်ကျော်သွားပြီဆိုရင်တော့ အရိုးတည်ဆောက်မှုဟာ ရပ်တန့်သွားပြီး အရိုးရဲ့ သိပ်ဆည်း ဆတွေဟာ လည်း ဆုံးရှုံးလာပြီဖြစ်ပါတယ် ။ ဒီလိုအရိုးဆုံးရှုံးမှုဟာ သတ်မှတ်ထားတဲ့ အခြေအနေ Point တစ်ခု ကိုရောက်ပြီဆိုတာနဲ့ အဲဒီလူမှာ Osteoporosis ရှိလာပြီဖြစ်ပါတယ် ။

အရိုးပွရောဂါနဲ့ မီးယပ်သွေးဆုံး ဘယ်လို ပတ်သတ်သလဲ ။

သွေးဆုံးပြီးတဲ့အခါမှာ အီစရိုဂျင်ဟော်မုန်းတွေ လျော့နည်းသွားခြင်းနဲ့ အရိုးပွရောဂါ ဖြစ်ပွားလာခြင်းဟာ တိုက်ရိုက် ကြီးကို ဆက်သွယ်မှုရှိပါတယ် ။ သွေးဆုံးပြီးတဲ့အခါမှာ အရိုးပျက်ဆီးခြင်း ဟာ အရိုးသစ်တွေ တည်ဆောက် ခြင်းကို ကျော်လွန်ပြီး အသစ်ဖြစ်ပေါ်ခြင်းထက်ကို ဆုံးရှုံးခြင်းက များလာပါတယ် ။ Early menopause လို့ခေါ်တဲ့ အသက် ၄၅ အောက်ဖြစ်ခြင်း ၊ ဟော်မုန်းပမာဏ နည်းသော ကာလ ရှည်ကြာခြင်း နဲ့ သွေး ဆင်းသော ကာလ Menstrual Period မရှိခြင်းသိုပမဟုတ် မမှန်ခြင်းတွေဟာလည်း အရိုးရဲ့သိပ် ဆည်းဆ ကို နည်းစေပါတယ် ။

အရိုးပွရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ ။

အော့စတီရိုပရိုးဆစ်ကို တခါတရံမှာ တိတ်ဆိတ်သော ရောဂါ Silent disease လို့ခေါ်ပါတယ် ။ ဘာကြောင့် လဲဆိုတော့ အရိုးဆုံးရှုံးခြင်းဟာ တခါတရံ ဘာလက္ခဏာမှမပြပဲ ဖြစ်ပွားလေ့ရှိခြင်းကြောင့် ဖြစ်ပါတယ် ။ လူတွေ ဟာ သူတို့ အရိုးတွေ အားနည်းလာခြင်းကို မကြုံတွေ့ရသေးသမျှ ၊ ချော်လဲခြင်း ၊ အရိုးမျက်ခြင်း ၊ တစ်စုံတစ်ခုနဲ့ ၀င်တိုက်မိခြင်း တို့ကြောင့် အရိုးကျိုးခြင်း ကိုမကြုံတွေ့ရသေးသမျှ အရိုးပွရောဂါ ဖြစ်ပွားနေမှန်းကို မသိရှိကြသေး ပါဘူး ။ အရိုးပျက်ဆီးသွားပြီဆိုရင် ပြင်းထန်သော ခါးနာခြင်း သာမက တခါတရံ အရပ်ပုဝင်သွားခြင်း သို့မ ဟုတ် ကျောရိုးဆစ် ပုံသဏ္ဍာန်မမှန်တော့ခြင်း စတာတွေပါ ကြုံတွေ့ရနိုင်ပါတယ် ။

ဘယ်လိုလူတွေမှာ အရိုးပွရောဂါ ရနိုင်သလဲ ။

၁ ။ အသက်အရွယ် - အသက် ၃၀ အရွယ်လောက်ဆိုရင်တော့ အမြင့်ဆုံးအရိုးသိပ်သည်းဆနဲ့ အရိုးသန်မာမှုဟာ ရလာ ပြီဖြစ်ပါတယ် ။ အဲဒီအသက်အရွယ်အနောက်မှာတော့ အသက်ကြီးလာတာနဲ့အမျှ အရိုးရဲ့ သိပ်သည်းဆ bone mass ဟာလည်း တဖြည်းဖြည်းလျော့ကလာပြီဖြစ်ပါတယ် ။

၂ ။ လိင် အမျိုးအစား - အသက်ငါးဆယ်ကျော်သွားတဲ့အမျိုးသမီးတွေမှာတော့အ ရိုးပွရောဂါဖြစ်ပွာဖို့ အခွင့် အရေး ပိုများလာပြီဖြစ်ပါတယ် ။ တကယ်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အရိုးပွရောဂါ ဖြစ်နိုင်ချေ လေးဆ ပိုများပါတယ် ။ အမျိုးသမီးတွေရဲ့ ပေါ့ပါး ပါးလွှာတဲ့ အရိုးတွေရယ် ရှည်လျှားတဲ့အသက် အရွယ်တွေ ဟာ အရိုးပွ ရောဂါတွေဖြစ်စေတဲ့ အဓိကအချက်တွေမှာပါ အပါအ၀င်ဖြစ်ပါတယ် ။

၃ ။ လူမျိုး - လေ့လာမှုစမ်းသပ်မှုတွေအရတော့ အာရှအမျိုးသမီးတွေနဲ့ လူဖြူအမျိုးသမီးတွေမှာ အရိုးပွရော ဂါဖြစ်နိုင်ချေ ပိုများတယ်လို့ဆိုပါတယ် ။ လူဖြူအမျိုးသမီးတွေမှာဆိုရင် တင်ပဆုံရိုးကျိုးလွယ်ခြင်းဟာ လူမည်းအ မျိုးသမီးတွေထက် နှစ်ဆ ပိုများပါတယ် ။

၎ ။ အရိုးတည်ဆောက်ပုံနှင့် ခန္ဓာကိုယ်အလေးချိန် - ပိန်ပါးတဲ့အမျိုးသမီးမှာ အရိုးပွ ရောဂါပိုအဖြစ်များပါတယ် ။ ဘာကြောင့် လည်းဆိုတော့ သူတို့မှာ ခန္ဓာကိုယ်ဝတဲ့ တုတ်ခိုင်တဲ့ အမျိုးသမီးတွေထက်စာရင် အရိုးပမာဏ နည်းပါးတဲ့ အတွက်ဖြစ်ပါတယ် ။ အဲဒီလိုပဲ အရိုးသေးတဲ့သူတွေ နဲ့ ပိန်တဲ့အမျိုးသားတွေမှာလည်း ခန္ဓာကိုယ် တုတ်ခိုင်တဲ့အမျိုးသားတွေထက် အရိုးပွရောဂါဖြစ်နိုင်ချေ ပိုများပါတယ် ။

၅ ။ မျိုးရိုးရာဇ၀င် - အရိုးပွ ရောဂါမှာ မျိုးရိုးလိုက်ခြင်း Heridity ဟာလည်း အရေးကြီး တဲ့အချက် တစ်ချက်ဖြစ်ပါတယ် ။ အကယ်၍ သင့်မိဘတွေနဲ့ အဖွားစသည်တို့မှာ အရိုးပွရောဂါ ဖြစ်နေတဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ (ဥပမာ သာမန် ချောလဲခြင်းမှတဆင့် တင်ပဆုံရိုးကျိုးခြင်း ) သင့်မှာလည်း ဒီရောဂါဖြစ်ဖို့ အခွင့်အ လမ်းများနေပါပြီ ။

အရိုးပွရောဂါရှိမှန်း ဘယ်လိုသိနိုင်မလဲ ။

ဒီလိုပြဿနာတွေမဖြစ်ခင်မှာ သင့်ရဲ့အရိုးအတွက် အချက်အလက်တွေပေးနိုင်တဲ့ မနာမကျင်တဲ့ မှန်ကန်တဲ့ စမ်းသပ်မှု တစ်ခုရှိပါတယ် ။ အဲဒါတွေကတော့ BMD လို့ခေါ်တဲ့ Bone Mineral Density တွက်ဆခြင်း သို့မဟုတ် Bone Measurements ဒါမှမဟုတ် ဓါတ်မှန်ရိုက်ခြင်းစသည်တို့ပဲဖြစ်ပါတယ် ။ မှတ်သားထားဖို့တစ်ချက်ကတော့ ဘယ်လို risk factors တွေမှမရှိတဲ့အမျိုးသမီး တစ်ယောက်ဟာ BMD T-Socres -2.5 ရှိနေတယ်ဆိုရင်တော့ အရိုးကျိုးလွယ်မှုကိုလျော့ချမှုအတွက် ကုသမှု ခံယူသင့်တယ်ဆိုတာဖြစ်ပါတယ် ။ T-scores ဆိုတာဟာ လူတစ်ယောက်ရဲ့ အရိုးသိပ်သည်းဆ Bone Mineral Density နဲ့ အသက် ၃၀ အရွယ်မှာ ရှိသင့်တဲ့ စံ Optimal သို့မဟုတ် peak desity ( စံသတ်မှတ်ထားသော အရိုးသိပ်သည်းဆနှုန်း ) နဲ့ နှိုင်းယှဉ်တွက်ချက်ခြင်းကို ဆိုလိုပါ တယ် ။ အမျိုးသမီးတစ်ယောက်ဟာ BMD-T scroes -1.5 အောက်လည်းရောက်နေမယ် အရိုးကျိုးလွယ်တဲ့ risk factors တွေလည်းရှိနေမယ်ဆိုရင်တော့ အရိုကျိုးလွယ်မှုနှုန်းကိုလျော့ချဖို့အတွက် ကုသမှု ခံယူဖို့ လိုအပ်နေ ပြီဖြစ်ပါတယ် ။

ဘယ်လိုလူတွေက BMD စမ်းသပ်မှု ပြုလုပ်သင့်သလဲ ။

- အရိုးကျိုးဖူးသော သွေးဆုံးပြီးသား အမျိုးသမီးအားလုံး
- အသက်၆၅ နှစ်အောက် risk factor တစ်ခုသို့မဟုတ် တစ်ခုထက် ပိုရှိနေသော သွေး ဆုံးပြီး သားအ မျိုးသမီး အားလုံး
- အသက် ၆၅ နှစ်အထက် Risk factors ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သွေးဆုံးပြီးသား အမျိုးသမီးအားလုံး

အရိုးပွရောဂါကို ဘယ်လိုကုသမလဲ ။

အရိုးပွရောဂါကို ကုသမှုပေးတဲ့နေရာမှာ အောက်ပါတို့ ပါဝင်ပါတယ် ။

- ကယ်လ်စီယမ်နှင့်ဗီတာမင်ဒီဆေးဝါးများ
- Risedronate , Ibandronate , Raloxifene , Alendronate , Zoledronic acid စသော ဆေးဝါးများ
- Calcitonin ဆေး
- Senosumab
- အီစရိုဂျင် ကုသမှုများ
- အလေးပင့်လေ့ကျင့်ခန်းများ ( weight bearing exercises - မြေထုဆွဲအားကို ဆန့်ကျင်ပြီး ကြွက်သားတွေကို အလုပ်လုပ်စေခြင်း )

ဟော်မုန်း ဆေးဝါးတွေနဲ့ ကုသသင့်သလား။

ဟော်မုန်းကုသမှု (Hormone Therapy - HT ) ဟာ အရိုးပွရောဂါ ကာကွယ်တဲ့အခါမှာရော အရိုးဆုံးရှုံးမှုကို ဖယ်ရှားတဲ့နေ ရာမှာပါ အလွန်အသုံးဝင်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ် ။ ယေဘူယျအားဖြင့်တော့

- သွေးဆုံးချိန်စောသာ သွေးဆုံးပြီးသူများ
- BMD test နှင့်စမ်းသပ်သောအခါ bone mass နည်းသူများ နှင့် သွေးဆုံး ကိုင်လက္ခဏာများခံ စားနေ ရသော သွေးဆုံးပြီးသူများ
- အရိုးပွရောဂါအတွက်များစွာသော risk factors များရှိသူများ ( ဥပမာ ပိန်ပိန်ပါးပါး ၊ မျိုးရိုးတွင် အရိုး ပွရော ဂါရှိသူ ၊ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သူများ )
စသည့်သူများမှာ ဟော်မုန်းကုသမှု ပေးဖို့ ထောက်ခံထားပါတယ် ။

ဒါပေမယ့် အဆိုးအကောင်းဒွန်တွဲနေတဲ့ သဘောရှိသည့်အလျှောက် ဟော်မုန်းကုသမှု ရဲ့ ဆိုးကျိုးတွေကို တိတိ ကျကျမသိရပေမယ့် အချို့သော ဟော်မုန်းကုသမှုတွေကတော့ အောက်ပါ အခြေအနေများကို ဖြစ်ပွားစေ တတ်ပါတယ် ။

- ရင်သားကင်ဆာ
- သည်းခြေ နှင့်ဆိုင်သော ရောဂါများ
- သွေးခဲခြင်းများ
- သွေးပေါင်ချိန်တက်ခြင်း

အကယ်၍ အရိုးပွရောဂါ ကာကွယ်ဖို့အတွက် ဟော်မုန်းကုသမှု ပေးမယ်ဆိုရင်တော့ သင်ဟာ သင့် ဆရာဝန်ကို သင့်မှာ နှလုံး ရောဂါ ၊ သွေးခဲခြင်းပြဿနာများ နဲ့ ရင်သားကင်ဆာတွေရှိနေရင်တော့ ပြောဖို့လိုပါတယ် ။ လိုအပ်မယ် ဆိုရင်တော့ ဆရာဝန်က အရိုးပွရောဂါနဲ့ အရိုးကျိုးလွယ်ခြင်းကို ကာကွယ်ဖို့အတွက်သင့်ကို တခြား ကုသမှုတွေပေးမှာဖြစ်ပါတယ် ။ နောက်ဆုံးမှာ အရေးတကြီးမှတ်ထားရမယ့်အချက်ကတော့ သားအိမ်ထုတ်ခြင်း Hysterectomy လုပ်ထားတဲ့အမျိုးသမီးတွေဟာ အီစရိုဂျင် တစ်ခုတည်းပါတဲ့ဆေးတွေသာ ညွှန်ကြားသင့် ပါတယ် ။ ဟော်မုန်းကုသမှုမှာပါဝင်တဲ့ ပေါင်းစပ်ကုသမှုတွေမပေးသင့်ပါဘူးတဲ့ ။ အီစရိုဂျင်တစ်ခု တည်းပါ တဲ့ ဆေးတွေက ပေါင်းစပ်ဆေးတွေထက် Risk ပိုနည်းတာကိုတွေ့ရပါတယ် ။ သင့်ဆရာဝန်နဲ့တိုင်ပင်ပြီး အကောင်း ဆုံး ကိုယ်နဲ့သင့်တော်တဲ့ ကုသမှုကို ခံယူရမှာဖြစ်ပါတယ် ။

ဟော်မုန်းကုသမှုတွေအစားသုံးတဲ့ Alternative ကုသမှုတွေကတော့ Fasamax , Actonel , Ateliva , Boniva , Fortical , Miacalcin , Evista , Reclast , Prolia စတဲ့ဆေးဝါးတွေဖြစ်ပါတယ် ။

အရိုးပွရောဂါကို ဘယ်လိုကာကွယ်ပေးနိုင်သလဲ ။

အောက်ပါ အချက်တွေနဲ့ အရိုးပွရောဂါတွေကို ကာကွယ်နိုင်ပါတယ် ။

- လေ့ကျင့်ခန်းပြုလုပ်ခြင်း ( ပုံမှန်လေ့ကျင့်ခန်းအချိန်မှန်ပြုလုပ်တဲ့အစီအစဉ်ဖြစ်ပါတယ် ။ )
- ကယ်လ်စီယမ်ပါဝင်သောအစာများစားခြင်း
- ဗီတာမင်ဒီ ပါဝင်သောအစာများစားခြင်း ( ဥအမျိုးမျိုး ၊ အဆီများသော ဆယ်လ်မွန်ငါး ၊ ပြောင်း ၊ နို့ )
- အီစရိုဂျင်ဆေးဝါးများ
- အချို့သောကုသမှုများရှောင်ခြင်း ( စတီးရွိုက် နှင့် အတက်ရောဂါကုသဆေးများ ၊ သွေးကျဲဆေးများ ၊ သိုင်းရွက်ကုသဆေးများ )
- တခြားကာကွယ်ခြင်းများ ( အရက်လျော့သောက်ခြင်း ၊ ဆေးလိပ်ဖြတ်ခြင်း - ဆေးလိပ်သောက်တဲ့အခါ အီစရိုဂျင်တွေ နည်းသွားစေတယ် ဆေးလိပ်ဖြတ်တဲ့အတွက် အရိုးကိုပါ ကာကွယ်ပြီးသားဖြစ်တယ် ၊ အရက်သောက် တဲ့အခါ မူးပြီးမှောက်လွယ်တဲ့အတွက် အရိုးကျိုးလွယ်တာပိုများပါတယ် )

အမျိုးသမီးတွေသာမက အမျိုးသားတွေပါ အရိုးပွရောဂါအကြောင်း သိရှိပြီး ရှောင်ရန်ဆောင်ရန်များကို မှတ်သား လိုက်နာပြီး ကျန်းမာ သုတပြည့်ဝကြပါစေ ။

References
- National Institute on Aging. Health Information. Publications. Age Page. Osteoporosis: The Bone Thief. www.nia.nih.gov Accessed 3/14/2011
- North American Menopause Society. Menopause Guidebook: Helping Women Make Informed Healthcare Decisions Around Menopause and Beyond. www.menopause.org Accessed 3/14/2011
- American Congress of Obstetricians and Gynecologists. Publication. Patient Education: Osteoporosis www.acog.org Accessed 3/14/2011
© Copyright 1995-2011 The Cleveland Clinic Foundation. All rights reserved.

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ရေပေါ်ဘတ်စ်ကား

ရေပေါ်ဘတ်စ်ကား




ကဲ သင်မြင်ဖူးရဲ့လား ။ ဒီဘတ်စကားကတော့ ရေပေါ်မှာ တင်သွားနိုင်ပါသတဲ့ ။ ခရီးသည်ပေါင်းများစွာ ကို တင်ဆောင်နိုင် တဲ့ ဒီအဆင့်မြင့်ယဉ်ဟာ ရေပေါ်မှာရော ကုန်းပေါ်မှာပါ ဘယ်နေရာမဆို သွားလာနိုင်ပါပြီ ဖြစ် ပါတယ် ။ ကြိုက်တဲ့နေရာကိုသာ ခရီးထွက်ပေတော့ :)























သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................