Friday, April 1, 2022

" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "


အနောက်က ဆင်ထိန်းက တကယ်တော့ ဆင်ကြီးကို တွန်းတင်နိုင်တဲ့ခွန်အားလည်းမရှိသလို တွန်းတင်ပေးနေတာလည်းမဟုတ်ဘူး

နောက်မှာ သူ့လက်တင်ပြီး " မင်းအနောက်မှာ ငါရှိတယ် အားငယ်စရာမလိုဘူးဆက်ကြိုးစားပါ " ဆိုတဲ့ အဓိပ္ပါယ်နဲ့အားပေးနေခဲ့တာ

ကိုယ်တို့ဘ၀တွေဖြတ်သန်းတဲ့အခါ .. လောကဓံဆိုတာ ကြမ်းတမ်းလွန်းပါတယ်

တခါတလေကိုယ့်အနောက်မှာ " မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် " ဆိုတဲ့ခံစားချက်မျိုး ပေးတတ်တဲ့ မိတ်ဆွေမျိုးရှိရင်လုံလောက်ပြီမဟုတ်လား။ 

သက်တန့်ချို
၀၁ ဧပရယ် ၂၀၂၂

No comments:

Post a Comment