Wednesday, March 27, 2013

နွယ် . . . နှင့် . . ရင်



နွယ် . . . နှင့် . . ရင်

ကြယ်ရောင်လင်းနေတဲ့ ညချမ်းက
အချိန်အခါမဟုတ် အိပ်မက်တွေကို ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်
နေ့ရယ် ညရယ် အတိတ်ရယ် အိပ်မက်ရယ်

ထိပ်ထားရယ် . .
ငါ့ကို . . . နွယ်ပါ . .
အသိခေါက်ခက်အ၀င်နက်ခဲ့တာပ
အိပ်မက်ကောင်းကင်မှာသာ . . .
နင့်အတွက် မျှော်လင့်ခြင်းတွေ တပွေ့တပိုက်

ခက်တာပဲ . .
ငါကလည်း ညနေခင်းတစ်ခုတောင် ရူးသွပ်ခုံမင်နေရသူ
တခဏတာ လင်းလက်ခွင့်ပေမယ့်
တစ်ဘ၀စာ ပျော်ရွှင်ခြင်းတွေအတွက်
နင်က ဘုရားပေးတဲ့ ဆုလာဘ်ပါ

နီးနီးလေးမှာလား
ဟိုးအဝေးကြီးမှာလား
သံသရာအဆက်ဆက်
အမှောင်က ဘယ်လောက်ပဲနက်ပါစေ . . .
ထိပ်ထားနဲ့ပတ်သတ်သမျှ နေမ၀င်သရွှေ့
ငါတို့ အိပ်မက်တွေမမေ့ကြေး

မဝေးပါရစေနဲ့
တွေးဆမှုလေးတစ်ခုနဲ့တင် ရင်မှာပူတယ်
ဒီလူက . . . အရာရာ နတ္ထိ
ဘ၀ဆိုတာ ဘာဆိုဘာမှ မသိချင်တဲ့ကောင်
အမှောင် ထုထဲ . . နင်းကာဆင်း . .
တစ်ခါမှလည်း မလင်းခဲ့ရ . .

ထိပ်ထားရေ . .
ထိပ်ထားရေ . .
နွယ် . . တဲ့ . .ရင်မှာ
မလွယ်တဲ့ . . . အသိ. .
ငြိငြိ. .သော . . .မိုး . . .
တိုး. . .တိုး. . .ရွာ စေ . . ကွယ်

သက်တန့်ချို
၂၇.၃.၂၀၁၃

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

6 comments:


  1. နေ့ရယ် ညရယ် အတိတ်ရယ် အိပ်မက်ရယ်
    နီးနီးလေးမှာလား
    ဟိုးအဝေးကြီးမှာလား
    သံသရာအဆက်ဆက်
    အမှောင်က ဘယ်လောက်ပဲနက်ပါစေ . .
    အချိန်အခါမဟုတ် အိပ်မက်တွေကို ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်..

    ReplyDelete
  2. စကားလုံးလေးတွေ သိပ်လှတာပဲ....

    ReplyDelete
  3. “မဝေးပါရစေနဲ့
    တွေးဆမှုလေးတစ်ခုနဲ့တင် ရင်မှာပူတယ်
    ဒီလူက . . . အရာရာ နတ္ထိ
    ဘ၀ဆိုတာ ဘာဆိုဘာမှ မသိချင်တဲ့ကောင်
    အမှောင် ထုထဲ . . နင်းကာဆင်း . .
    တစ်ခါမှလည်း မလင်းခဲ့ရ . .”

    ReplyDelete
  4. အချိန်အခါမဟုတ် အိပ်မက်တွေကို ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်
    နေ့ရယ် ညရယ် အတိတ်ရယ် အိပ်မက်ရယ်


    လွတ်ကြိုက်ဗျာ

    ReplyDelete
  5. အချိန်အခါမဟုတ် အိပ်မက်တွေကို ၀ုန်းကနဲ ဖန်ဆင်းပစ်လိုက်တယ်
    နေ့ရယ် ညရယ် အတိတ်ရယ် အိပ်မက်ရယ်

    လွတ်ကြိုက်ဗျာ

    ReplyDelete
  6. စာသားလေးတွေက...တကယ်ညက်တယ်

    ReplyDelete