Saturday, April 20, 2013

လောဘကြီးပါရစေ



 ရပ်ကွက်တွေထဲမှာ ဖုန်းတွေ ( CDMA 800 ) ကို ခွဲတမ်းအရ မဲနှိုက်ရမယ်ဆိုပြီး ဆိုင်းဘုတ်တွေထောင်ထားပါတယ်
မှတ်ပုံတင်သန်းကောင်စာရင်းမိတ္တုတွေလိုပါတယ်

ဖုန်းအလုံးရေပမာဏက ဆယ်ဂဏန်း လိုချင်သူကရာနဲ့ထောင်နဲ့ချီနေပါတယ်
အဆင်မပြေသေးပါဘူး
တကယ်လိုအပ်တဲ့လူတွေလက်ထဲမရောက်ပဲ ကြားထဲက ပွဲစားတွေနဲ့လုပ်စားတွေလက်ထဲမရောက်သွားဘူးလို့
အားမမခံနိုင်ပါဘူး

လိုချင်သူတွေကတော့ပေါက်လိုပေါက်ငြားလျှောက်လွှာဝိုင်းတင်ကြမှာပါ
ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့အခါ အရင်လိုပဲ လိုအပ်ချက်တွေရှိနေဦးမှာပါပဲ

လောဘလေးနည်းနည်းတက်ပါရစေ

၁ ။ အခြေခံလိုအပ်တဲ့ ပမာဏကိုတွက်ချက်ပြီး Infrastructure တွေ တည်ဆောက်ပြီးတဲ့အခါ ရပ်ကွက် အင်အားအလိုက်
ဝယ်လိုအားပမာဏနဲ့ကိုက်ညီတဲ့ရောင်းလိုအားဖြစ်အောင်လုပ်လို့မရဘူးလား

၂ ။ လျှောက်လွာခတွေနဲ့ မိတ္တူကူးခတွေ သက်သာအောင် လွယ်လွယ်ကူကူ ( နိုင်ငံခြားမှာလို ရော့ပတ္တမြား ရော့နဂါး ) ၀ယ်လို့မရသေးဘူးလား

၃ ။ Internet speed တွေကရော သိန်းလေးဆယ်တန် ၊ ဆယ့်ငါးသိန်းတန် ၊ ငါးသိန်းတန် ၊ နှစ်သိန်းတန်ဖုန်းတို့လို အတူတူပဲလား အတူတူဖြစ်မယ်လို့ထင်ပါတယ်

၎ ။ လျှောက်လွှာတင်တဲ့စနစ်ကြီးနဲ့မဲဖောက်တဲ့စနစ်ကို ပယ်ဖျက်ပြီး တကယ်လိုချင်တဲ့သူတွေ ရဲ့ဝယ်လိုအားကို လိုက်မှီအောင်စစ်ပြီး ရောင်းလိုအားကိုတိုးပေးလို့မရဘူးလား

၅ ။ ကြားပွဲစားတွေနဲ့လုပ်စား တွေကြောင့် တကယ်လိုအပ်တဲ့အခြေခံလူတန်းစား တစ်ရပ်ဆီအရောက်ပို့ပေးနိုင်ပါ့မလားဆိုတာ ဘယ်သူ အာမခံပါသလဲ

တွေးမိတာလေးတွေပါ ။ သူမရလို့ငါမရလို့ ဖြစ်ကြဦးမယ် ။ သူကတော့မဲပေါက်လို့ ဖုန်းနှစ်လုံးဖြစ်သွားပြီ ငါကတော့တစ်လုံးမှမရှိဘူး မဲလည်းမပေါက်ဘူး ဒါလေးစောင့်နေပါတယ် လျှောက်လွှာတင်နှိုက်တော့လည်း မဲမပေါက်ဘူး ဆိုပြီး ဒုံရင်း ဒုံရင်းဘ၀ပဲရှိနေတဲ့သူတွေအတွက်ရော . . ။
ကျုပ်လောဘကြီးနေတာပါ တကယ်တော့ ၀ုန်းကနဲ ရောင်းလိုအားကို ပြည်သူတွေအတွက် ပြည့်မှီအောင်လုပ်ပေးဖို့ဘယ်လွယ်ပါ့မလဲလို့ ဆက်သွယ်ရေး ကဏ္ဍကို ဖေးဖေးဆဆ တွေးမိပေးပါတယ်
ဒါပေမယ့်
အရှိန်နဲ့
အဟုန်နဲ့တော့ . . . လုပ်စေချင်နေမိပြီ

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

5 comments:

  1. ကောင်းလိုက်တဲ့ဝေဖန်ထောက်ပြမှုလေးသူများတိုင်းပြည်တွေ
    မှာဈေးဝယ်ရင်ဖုန်းကဒ်လက်ဆောင်ပေးတယ်တဲ့

    ReplyDelete
  2. ဝယ်ယူခွင့်ပေးတဲ့ပမာဏနဲ့ နေရာတွေက မတူညီကြဖူး
    တလကိုသုံးသိန်းကျော်ဆိုတော့ လောလောဆယ်ဖြေရှင်းနည်း လိုင်းချောင်ရင်ချောင်သလို ကြပ်ရင်ကြပ်သလို နေရာချထားပေးသလိုများလား တွေးမိတယ်

    ReplyDelete
  3. ကိုသက်တန့် ချို ပြောသလိုပဲ နည်းနည်းလောက်လောဘကြီးချင်လိုက်တာ...။
    ၂ ။ လျှောက်လွာခတွေနဲ့ မိတ္တူကူးခတွေ သက်သာအောင် လွယ်လွယ်ကူကူ ( နိုင်ငံခြားမှာလို ရော့ပတ္တမြား ရော့နဂါး ) ၀ယ်လို့မရသေးဘူးလား နော်...။

    ReplyDelete
  4. Dear Website Owner,

    We would like to invite you to join our advertisement program - iMyanmarAds (www.imyanmarads.com).

    This is a new opportunity for you to make money from your website.

    iMyanmarAds serves banner advertisements from Myanmar Businesses on many websites.

    All you need to do is:

    (1) Sign up for our program at www.imyanmarads.com (under Publisher)
    (2) Place Javascript code on your web pages.
    (3) Earn monthly passive income.

    For more details, please go to www.imyanmarads.com and sign up for the program. This program can be joined by Invitation only.

    Thank you.

    Best regards,
    iMyanmarAds Team
    www.imyanmarads.com
    A Division of iMyanmar Co., Ltd.
    Tel: 0943139566 (Myanmar Office), 68718945 (Singapore Office)

    ReplyDelete