Friday, June 21, 2013

မပြောမပြီး မတီးမမြည်



မပြောမပြီး မတီးမမြည်

ဒီမနက် မှတင်မဟုတ် အခုတလော Mood လည်းသိပ်မကောင်းလှတာကြောင့် စာကိုလည်းထဲထဲဝင်ဝင်မရေးဖြစ်ခဲ့တာကြာပါပြီ ။ ပုံမှန် ဖတ်နေကြ စာဖတ်သူတွေသတိထားမိကြမှာပါ ။ နိုင်ငံရေးအပြောင်းအလဲ အကွက်အကွင်းမှာ ဇာတ်ခုံပေါ်က စစ်တုရင်နယ်ရုပ်ကလေးတွေကို စိတ်ဝင်တစားစောင့်ကြည့်နေမိတယ် ။ ၂၀၁၅ သမ္မတဘယ်သူဖြစ်လာမလဲဆိုတဲ့အတွေးတွေနဲ့ စိတ်ထဲမှာ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးရွှေမန်းတို့က နေရာယူထားတယ် ။ နိုင်ငံရေးကစားကွက်တွေဟာ သိပ်ကို ကြည့်လို့ကောင်းသလို ဆက်ဖြစ်လာမယ့် အပြောင်းအလဲကာလတွေမှာ ဒီ ၃ယောက် ဘယ်လို အားပြိုင်ကြမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလှပါတယ် ။

နိုင်ငံရေးတင်မကပဲ စီးပွားရေး လူမှုရေးနဲ့နောက်ဆုံး ဘာသာရေး အထိပါ မြန်မာနိုင်ငံအတွင်းမှာ မသိမသာဖြစ်စေ သိသိသာသာဖြစ်စေ အပြောင်းအလဲတွေဖြစ်နေကြတာ တွေ့မြင်မိကြမှာပါ ။ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံအတွင်းမှာ အဓိကအားဖြင့် ဗုဒ္ဓဘာသာ ၊ ခရစ္စယာန် ၊ အစ္စလာမ်ဘာသာနဲ့ ဟိန္ဒူဘာသာဝင်တို့ နေထိုင်ကြပါတယ် ။ ထားပါတော့ အခုပြောချင်တဲ့အကြောင်းအရာက ဘာသာရေးနဲ့ပတ်သတ်ပြီး Time မဂ္ဂဇင်း မျက်နှာဖုံးမှာ ဂျူလိုင်လအတွက် တင်ထားတဲ့ ဦးဇင်း ၀ီရသူရယ် ကာဗာအပေါ်မှာ ထိုးထားတဲ့စာတမ်း THE FACE OF BUDDHIST TERROR ဆိုတာလေးပါ ။ ရေးသားသူက Hannah Beech ဖြစ်ပြီး သူတည်ထားတဲ့ခေါင်းစဉ်က “ How Mulitant Monks Are Fueling Anti-Muslin Violence In Asia ” ဆိုပြီးဖြစ်ပါတယ် ။

Terror ဆိုတာ အကြမ်းဖက်မှု အထိတ်တလန့်ဖြစ်စေမှု စသည်တို့ကို ရည်ညွှန်းပြီး Terroist ဆိုတာကတော့အကြမ်းဖက်သမားကို ရည်ညွှန်းပါတယ် ။ ဒီတော့ ဇာတ်လမ်းကိုပြန်ကောက်ကြည့်ရအောင် အတိုချုံးပေါ့ ။

၁ ။ ရခိုင်အရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
၂ ။ မိတ္ထီလာအရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား
၃ ။ လားရှိုးအရေးအခင်း ဘယ်သူကစ ဘာတွေဖြစ် ဘယ်လို အဆုံးသတ်သွား

ကြားထဲမှာ တချို့မြို့တွေက ဖြစ်စဉ်တွေအများကြီးကျန်ပါသေးတယ် ။ ဘာသာရေး ပြဿနာတွေလို့ အပေါ်ယံပြောလို့ရပေမယ့် သေသေချာချာ ထဲထဲ ၀င်ဝင်တွေးကြည့်ရင်တော့ ဒါဟာ လူမျိုးစု ပြဿနာတွေလို့ မြင်လို့ရသလို ဖိနှိပ်ခံရမှု အနိုင်ကျင့်စော်ကားမှုတွေကြားဖြစ်ပေါ်လာတဲ့အမုန်းမီးတောက်သံသယ နဲ့ တကွ အငြိုးအတေးနာကျင်မှုတွေကဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုး ( complication ) တွေလို့မြင်မိတယ် ။

ဦးဇင်းဝီရသူဟာ ကောင်းတာလားဆိုတားလား တော်တာလား ညံ့တာလားဆိုတာ ကျွန်တော့်အနေနဲ့ ဝေဖန်နေစရာအကြောင်းမရှိပါ ။ ဒီနေရာမှာ ဦးဇင်းကို ကြည့်တဲ့နေရာမှာ ကျွန်တော်တို့ဟာ နည်း ၂ နည်းနဲ့မြင်ရတော့မှာပါ ။

၁ ။ Human Right လူ့အခွင့်အရေးဖက်ကနေကြည့်ကြမလား
၂ ။ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ဆိုးကို ကာကွယ်ပေးနေတဲ့ အမျိုးသားရေးစိတ်ဓါတ်ပြင်းထန်သူအဖြစ်ကြည့်ရမလား ဆိုတာပါပဲ ။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ ( အတည်မပြုရသေးတဲ့ အစိုးရဖက်က ဘာမှမပြောသေးတဲ့ ) အမျိုးစောင့်ဥပဒေ မူကြမ်း ဆိုတာနဲ့ပတ်သတ်ပြီး လက်ခံသူတွေ လက်မခံသူတွေ  ကွဲကြပြန်တယ် ။ ထူးတော့လည်းမထူးဆန်းပါဘူး ၉၆၉ ဆိုပြီး အမျိုးဘာသာ သာသနာဆိုင်တွေမှာ အားပေးကြဖို့ ဖြစ်ပေါ်လာတဲ့အခြေအနေတုန်းကလည်း လက်ခံတဲ့သူနဲ့လက်မခံတဲ့သူဆိုပြီးကွဲကြသေးတာပဲမဟုတ်လား ။ ကျွန်တော်တို့ မြန်မာတွေဟာ စည်းလုံးစရာရှိရင်သိပ်ကိုစည်းလုံးသလို မစည်းလုံးကြဘူးဆိုရင်လည်း ဘယ်သူကမှတောင် အင်တိုက်အားတိုက်ဖြိုခွဲနေစရာမလို ကိုယ့်ဘာသာ အချင်းချင်း လွတ်လပ်စွာ ပျော်ပျော်ကြီး သဘောထားကွဲလွဲကြပြီးသားပဲ ။ ဒီနေရာမှာ အိုစမာ ဘင်လာ ဒင်ကို သတိရနေမိတယ် ။ ဝေါထရိတ်စင်တာကို ဖြိုခွဲ လိုက်တဲ့အချိန်မှာ ကမ္ဘာတ၀ှမ်းက ဘင်လာဒင်ထောက်ခံသူတွေဟာ အောင်ပွဲခံခဲ့ကြသလို သူ့လုပ်ရပ်ကို မှားတယ်လို့ ဘင်လာဒင်ဖက်ကလူတွေမမြင်ခဲ့ကြဘူး ။

ဒါဟာမှန်တယ် သူရဲကောင်းဆိုတဲ့ဘွဲ့တပ်လိုက်ကြတယ် ။ ကျွန်တော်ကိုယ်တိုင်ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အလျောက် ကိုယ့်ဘာသာကိုယ်ပဲ ဝေဖန်ကြည့်ချင်တယ် ။

- ဗုဒ္ဓဘာသာဟာ အချင်းချင်း စည်းလုံးသယောင်ရှိနေကြပေမယ့် တကယ်တမ်းစ သာသနာ ကွယ်ပျောက်မှာစိုးလို့ နည်းလမ်းတချို့ထွက်ပေါ်လာတဲ့အပေါ်မှာ သဘောထားကွဲလွဲမှုများစွာရှိနေတဲ့အခါ စည်းလုံးမှု အားနည်းနေသေးတယ်ဆိုတာ တွေ့ရတယ် ။
- သူများ ဘာသာတွေဟာ အချင်းချင်း အပြစ်ပြောသူ သိပ်မတွေ့ ရှိကိုမရှိသလို အချင်းချင်း ဆဲဆိုနေကြတာလည်း လူမှုကွန်ယက်တွေပေါ်မှာ မတွေ့ဖူးပါ ။ ကျွန်တော်တို့ဆီမှာတော့မိုးမွှန်နေအောင်ဆဲကြသည် ။ ဦးဇင်း ၀ီရသူလည်း လည်းအဆဲခံရပါသည် ။
- ဘာသာရေးကိုင်းရှိုင်းမှုကိုကြည့်မယ်ဆိုရင်လည်း ခရစ္စယာန်တွေ တနင်္ဂနွေတိုင်း ဘုရားကျောင်းတက်တယ် အစ္စလာမ်တွေ တစ်နေ့ဘုရားငါးကြိမ်ရှိခိုးတယ် ကျွန်တော်တို့မှာ ရင်ထဲကဘုရားရှိတယ်ဟုအကြောင်းပြချက်ဖြင့် ဘုရားပုံမှန်ရှိခိုးသူရှိပါသလားဟုမေးစရာရှိသည် ။ ရှိသည့်သူတွေလည်းရှိမည် အများစုကတော့ ပုံမှန် လုပ်လေ့မရှိ ဘုရားကိုတောင် တစ်လ ဘယ်နှစ်ကြိမ် သွားသလဲဟုမေးစရာရှိသည် ။ ပျော်ပွဲရွှင်ပွဲဆို အကုန်ပါသည် နောက်ဆုံးမီးနင်းပွဲတောင် ပါသည် ။

ဆိုလိုတာက ကျွန်တော်တို့ငယ်ငယ်တုန်းကလို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကျောင်းလို ကျောင်းပိတ်ရက်တွေမှာဖွင့်သည့်သင်တန်းတွေ မရှိသလောက်နည်းပါးနေသည်ကို ပြန်လည်ထောက်ပြလိုခြင်းဖြစ်သည် ။ ရင်ထဲ နှလုံးသားထဲကနေ ဘာသာတရားကိုကိုင်းရှိုင်းအောင်သင်ပေးတာသည် တခြားဘာသာတွေမှာ Perfect ဖြစ်သည် ။ ကျွန်တော်တို့မှာ သင်ပေးမှု အားနည်းနေသည် ။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ငါဘုရားသည် ဖန်ဆင်းရှင်မဟုတ် လမ်းညွှန်ပေးသူသာဖြစ်သည် ငါဘုရား၏ တရားတော်များကို ယုံကြည်ရမည်ဟုအတင်းအကြပ်မဆို ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးလို့ ယုံကြည်လက်ခံမှ လိုက်နာကြပါဟူသော သဘော မျိုး တရားတော်များပါ ပါသည့်အတွက် ယေဘူယျ ဆန်သည် ကျွန်တော်နှစ်သက်သည်ဟု ၀န်ခံပါသည် ။

ဦးဇင်းဝီရသူ လုပ်နေတဲ့ဘာသာရေးတရား ( အထူးသဖြင့် ၉၆၉ နှင့် လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ် ကို မီးမောင်းထိုးပြသည့်တ ရားများ ) ကို ထောက်ခံသူတွေနဲ့မထောက်ခံသူတွေဆိုပြီးကွဲကြသည် ။ အရင်းစစ်တော့ ဗုဒ္ဓဘာသာတစ်ခုတည်းပင်ဖြစ်သည် ။ အဘယ်ကြောင့်နည်း ။ အိုစမာဘင်လာဒင်ကို အကြမ်းဖက်သည်ဟု သူတို့မမြင်ကြသူရဲကောင်းတံဆိပ်သာကပ်သည် ။ အမျိုးစောင့်ဥပဒေ မူကြမ်းကို လက်ခံသလား လက်မခံသလားဟု ကျွန်တော် အဖြေပေးရန်မလို ။ ကျွန်တော့်ထက်ပို၍ တော်သော တတ်သော ရေရှည်တွေးတတ်သော လူတွေက ဖြစ်သင့်သလား မဖြစ်သင့်သလား ဆုံးဖြတ်ကြပါလိမ့်မယ် ။ သာသနာရေးဝန်ကြီးဌာနမှ ကိုင်တွယ်၍ သုံးသပ်ပါလိမ့်မယ် ကျွန်တော်ထင်တာပါ ။ ယခု Time သည် ဦးဇင်းဝီရသူအကြောင်းကို ဘယ်လောက်သိ၍ ဘာကြောင့်ထိုသို့ပြောပါသလဲ ကျွန်တော်မေးခွန်းထုတ်ချင်သည် ။ အနှစ်နှစ်အကာလ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်လာခဲ့တဲ့ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ကို Time သည် သိမည်မထင် ။ သူတို့လည်း ထိုအန္တရာယ်ကို တိုက်ရိုက်တမျိုးသွယ်ဝှိုက်၍တမျိုးကောင်းကောင်းကြီးခံစားနေရသည်ကိုသူတို့ကိုယ်တိုင်သိမည်ထင်သည် ။

တကယ်တော့ ပြည်တွင်းရေးးဘာသာရေးဖြစ်သည် ။ သံဃာတော်ဘုန်းကြီးတစ်ပါးပုံနှင့် ဗုဒ္ဓဘာသာအကြမ်းဖက်မျက်နှာဟူသော အဓိပ္ပါယ်သက်ရောက်စေသည့်စကားလုံးနှင့်တွဲထားခြင်းသည် Time က ဘာသာရေးပြဿနာများ ပိုမိုဖြစ်ပေါ်လာအောင် ဖန်တီးပေးလိုက်ခြင်းလားဟု ကျွန်တော်စွပ်စွဲချင်သည် ။ မလုပ်သင့် အကယ်၍ အရေးယူလိုလျှင် အစိုးရက ဦးဇင်းဝီရသူကို ထောင်ထဲမှ ပြန်မထွက်နိုင်အောင် လုပ်ထားနိုင်သည် ။ ဦးဇင်းကို ပိတ်ပင်ထားနိုင်သည် ။ အစိုးရကဦးဇင်းအပေါ်ဘယ်လို မြင်သလဲဟူသောအချက်ကို ကျွန်တော်တို့ တွေးမိကြဖို့ကောင်းသည် ။ ကန့်ကွက်ပါသည် Time မှာတင်စရာမျက်နှာဖုံးဒီလောက်ရှားသလားဟုမေးချင်သည် ။ ဦးဇင်း ၀ီရသူ မကောင်းဘူးပဲထား ဗုဒ္ဓဘာသာတစ်ခုလုံးကို သိမ်းကြုံး မစော်ကားသင့် ။

ဗုဒ္ဓဘာသာမှာ ငြိမ်းချမ်းရေးနှင့် ကာကွယ်လိုစိတ် တိုးပွားလိုစိတ်သာရှိသည် တိုက်ခိုက်လိုစိတ်မရှိပါ ။
ဗုဒ္ဓဘာသာမှာ အေချမ်းမှုနှင့် အကျိုးလိုလားခြင်းသာရှိသည် ။
ဗုဒ္ဓဘာသာမှာ ခွင့်လွှတ်သည်းခံခြင်းနှင့် သမာဓိကိုသာ လက်ကိုင်ထားသည် ။
ဗုဒ္ဓဘာသာမှာ တည်မြဲခြင်းဆိုတာ ဘာမှမရှိ မတည်မြဲခြင်းသာရှိသည် ။
ဗုဒ္ဓဘာသာမှာ အိုခြင်း နာခြင်း သေခြင်းကို မီးမောင်းထိုးပြသည် ဆင်ခြင်သုံးသပ်၍ နိဗ္ဗာန်ရောက်ကြောင်းကိုရှေးရှူသည် ။

နောက်ဆုံး .. ဗုဒ္ဓဘာသာသည်အကြမ်းဖက်မဟုတ်ကြောင်း ထို မဂ္ဂဇင်းကိုပြောလိုသည် ။ ထိုမျက်နှာဖုံးနှင့် ဘာသာရေးအသွင်ဆောင်သော မုန်းတီးမှုများ ခေတ်စကားအရပြောလျှင် ( ဖွသည် ) ဟု တည့်တည့်ပြောချင်သည် ။ ပြည်တွင်းရေးကို ပြည်တွင်းရှိ လူများသာအသိဆုံးဖြစ်သလို ပြည်ပက ၀င်ရောက်စွက်ဖက်သည်မှာ အဆန်းတော့မဟုတ် ရှေးယခင်ကတည်းက ရှိသည် ။ ထားပါတော့ တိုင်းပြည်တစ်ပြည်ဆိုတာကလည်း တစ်ခုတည်းရပ်တည်လို့ရတာမှမဟုတ်ပဲ ။ ဒါပေမယ့် ဦးဇင်းဝီရသူရယ် စာတမ်းရယ် မျက်နှာဖုံးရယ်ကိုကြည့်ပြီး ဘ၀င်မကျမိကြောင်း ၀န်ခံသည် ။ ဦးဇင်းကောင်းတာဆိုးတာကို ကျွန်တော့်အနေဖြင့်သာမန်ပုထုဇဉ်အနေဖြင့် မဝေဖန်ပါ ။ ထောက်ပြစရာလည်းမရှိပါ ။

ကျွန်တော်စိတ်မကောင်းဖြစ်တာသည် Terror ဆိုသောစကားလုံးကိုပင်ဖြစ်ပါသည် ။ အမျိုးစောင့်ဥပဒေမူကြမ်းကို လက်ခံသလား ကျွန်တော့်ကိုမေးလျှင် သင့်ကိုလည်းကျွန်တော်က လက်ခံပါသလား ပြန်မေးပါမည် ။ ယေဘူယျအားဖြင့်သုံးသပ်လျှင်

၁ ။ လူ့အခွင့်အရေး အရကြည့်လျှင်ပယ်ချရမည်ဖြစ်သည် ။ အမျိုးသမီးတွေသည် တရားခံများ မဟုတ် မူကြမ်းထုတ်ပြီးတားစရာမလို ဟုပြောရမည် ။ လူမှန်လျှင်ကိုယ်ကြိုက်တာ ကိုယ်လိုက်ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဘာသာနှင့်ယူခွင့်ရှိသည် လိင်တူချင်းလည်းယူနိုင်သည် ယုတ်စအဆုံးလူနှင့် တခြားသတ္တ၀ါများလည်း ယူနိုင်သည် အမျိုးသမီးများကိုမူကြမ်းထုတ်ပြီးအမျိုးသားများကတော့ကြိုက်တာယူခွင့်ရှိတယ်ဆိုတော့ ဒါလူ့အခွင့်အရေးလားဟု မေးကြမည် ။ ဒါကလူ့အခွင့်အရေး သမား များ ပြောလေ့ရှိသော စကားများဖြစ်သည် ။
၂ ။ လူမျိုးခြားစိမ့်ဝင်မှုအန္တရာယ်ကို ထိတ်လန့်တကြား ကာကွယ်လိုက်သော မူကြမ်း သည် အတိုင်းအတာတစ်ခုအထိတော့တပ်လှန့်သွားရာရောက်သည်ဟု တချို့ကပြောကြမည် ။ ကောင်းတယ်ဒါမှ မြန်မာအချင်းချင်းအိမ်ထောင်တွေကျပြီးမြန်မာ မျိုးဆက်သက်ဆိုးရှည်မှာဟု တွက်ကြသူများလည်းရှိမည် ။ ထိုသူတွေကတော့လက်ခံကြမည်ဖြစ်သည် ။

=========================================

အမြင်မတူတာရှိလျှင်မကွဲရဟုမပြောပါ ကွဲကြပါဒါပေမယ့် ရန်သူကြီးတွေဖြစ်ရလောက်တဲ့အထိ ဆိုးဆိုးရွားရွား ရုပ်ပျက်ဆင်းပျက်ကြီးတွေတော့မလုပ်ကြပါနဲ့ ။ အွန်လိုင်းစာမျက်နှာများကို ဆိုလိုယုံသာမကပဲ အပြင်လောကကိုပါ မီးမောင်းထိုးပြလိုသည် ။ လူမှုကွန်ယက်တွေကတော့ တကယ်ကြည့်လျှင် အကောင့်တုတွေ လိမ်နည်းမျိုးစုံတွေနဲ့မို မဆဲပါနှင့်ပြောလျှင် ပြောသည့်သူသာအရူးဖြစ်မည် ။ လှည့်ကွက်တွေကများလွန်းသည် ။

စည်းလုံးကြပါ
စည်းလုံးကြပါ
နောက်ဆုံးစကားတစ်ခွန်းသာပြောချင်သည် ။
ကျွန်တော်စိတ်မကောင်းဖြစ်နေတာသည် Terror ဆိုသောစကားလုံးကု ဗုဒ္ဓဘာသာနှင့်တွဲဖက်သုံးထားခြင်းကိုဖြစ်ပါသည် ။

သက်တန့်ချို
21.6.2012

Photo : http://www.time.com/time/covers/asia/0,16641,20130701,00.html

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

8 comments:

  1. ဆရာ့ စာတွေ မဖတ်ဖြစ်တာကြာလို့ အခုမှ အတိုးချပြီးဖတ်ဖြစ်ပါတယ်။ ရသ ပေါင်းစုံ ပေးတဲ့ အတွက်ကျေှးဇူးပါဆရာ။ လေးစားလျက်...

    ReplyDelete
  2. အမျိုးဘာသာသာသနာကိုကာကွယ်ဖို့တောင်မလွယ်ပါလား မြန်မာနိုင်ငံနဲ့ခေါင်းဆောင်ကောင်း ဆိုတာ တော်တော်ကိုဓာတ်မတည့်ပုံရတယ် မြင်နေကြားနေရတာ ဘယ်လိုခေါင်းဆောင်တွေမှန်းကို မသိဘူး အာဏာရှူးတွေချဉ်းပဲ ဗိုလ်ချုပ်လိုစစ်မှန်တဲ့မျိုးချစ်စိတ် သာသနာချစ်စိတ် စစ်မှန်တဲ့စေတနာရှင်ခေါင်းဆောင်ကြတော့လဲ အသေစောလိုက်တာ ဒေါ်စုကလည်း အမျိုးဘာသာသာသနာအတွက်မကြည့် ကိုယ့်နိုင်ငံဗုဒ္ဓဘာသာကို ကမ္ဘာ့အလည်မှာ သိက္ခာချ အခုတော့ ဗုဒ္ဓဘာသာဘုန်းကြီးက အကြမ်းဖက်သမားဖြစ်ရပြီ ဘယ်ခေါင်းဆောင်ဘာပြောမလဲ ကြည့်ရဦးမယ် မြန်မာနိုင်ငံက ဘင်္ဂါလီတွေ နေစရာမဲ့ပြီး ဒုက္ခသည်တွေ ဖြစ်ရင် အကျိုးဆက်ကဘာဖြစ်မလဲ ဒုက္ခသည်လက်မှတ်ရ ဒီပြင်နိုင်ငံသွား လူဦးရေတိုးပွား အဲဒီနိုင်ငံတွေဘာဖြစ်မလဲ ဘယ်လိုပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာသောင်တင်နေရင် ဗုဒ္ဓဘာသာဝင်တွေ ရဲ့ကိစ္စပဲ ဒီလိုအရှည်ကိုမြင်တတ်တာကိုက ဒီပြင်နိုင်ငံတွေ ဘာသာတွေရဲ့အရည်အချင်းပဲ ဘာသာတိုင်း မွတ်ဆလင်တော့ကြောက်တာပဲ မယုံရင် အိုဘားမားနဲ့ မွတ်ခေါင်းဆောင် တစ်ယောက်တို့ကို စိတ်ကူးနဲ့ ချခိုင်းကြည့် အိုဘားမားသေးတောင်ပန်းထွက်ဦးမယ် သူတို့ကသေရဲ သတ်ရဲတယ် ဗုဒ္ဓဘာသာဘက်က အစစအရာရာမှာအားနည်းတော့ တကမ္ဘာလုံးဝိုင်းနှိပ်ကွပ်နေကြတာ အသားထဲကလောက် ဖအေနာမည်ဖြုတ်ပြီးပြောသင့်တယ် ဒေါ်စုကြည် ကရှေ့ဆုံးက မီးစာကိုင်ပေးနေတာ ဘာအလုပ်ပဲလုပ်လုပ်စာအုပ်ကြီးအတိုင်းလိုက်လုပ်လို့ မရဘူး ကိုယ့်နိုင်ငံအခြေအနေချိန်ညှိလုပ်ရမှာပေါ့ သိသိကြီးနဲ့မသိချင်ယောင်ဆောင်နင်းကန်ပြောနေတာဆိုရင် .......သူ့အန္တရာယ်ကမသေခင် ဘာသာကိုဒုက္ခပေးသွားနိုင်တယ် သန်းရွှေက ဘာသာသာသနာကိုစော်ကားသွားပေမဲ့ ဒေါ်စုကတော့အပြုတ်ဖြုတ်သွားမဲ့ပုံပေါ်တယ်

    ReplyDelete
  3. အမျိုးဘာသာသာသနာကိုကာကွယ်ဖို့တောင်မလွယ်ပါလား မြန်မာနိုင်ငံနဲ့ခေါင်းဆောင်ကောင်း ဆိုတာ တော်တော်ကိုဓာတ်မတည့်ပုံရတယ် မြင်နေကြားနေရတာ ဘယ်လိုခေါင်းဆောင်တွေမှန်းကို မသိဘူး အာဏာရှူးတွေချဉ်းပဲ ဗိုလ်ချုပ်လိုစစ်မှန်တဲ့မျိုးချစ်စိတ် သာသနာချစ်စိတ် စစ်မှန်တဲ့စေတနာရှင်ခေါင်းဆောင်ကြတော့လဲ အသေစောလိုက်တာ ဒေါ်စုကလည်း အမျိုးဘာသာသာသနာအတွက်မကြည့် ကိုယ့်နိုင်ငံဗုဒ္ဓဘာသာကို ကမ္ဘာ့အလည်မှာ သိက္ခာချ အခုတော့ ဗုဒ္ဓဘာသာဘုန်းကြီးက အကြမ်းဖက်သမားဖြစ်ရပြီ ဘယ်ခေါင်းဆောင်ဘာပြောမလဲ ကြည့်ရဦးမယ် မြန်မာနိုင်ငံက ဘင်္ဂါလီတွေ နေစရာမဲ့ပြီး ဒုက္ခသည်တွေ ဖြစ်ရင် အကျိုးဆက်ကဘာဖြစ်မလဲ ဒုက္ခသည်လက်မှတ်ရ ဒီပြင်နိုင်ငံသွား လူဦးရေတိုးပွား အဲဒီနိုင်ငံတွေဘာဖြစ်မလဲ ဘယ်လိုပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာသောင်တင်နေရင် ဗုဒ္ဓဘာသာဝင်တွေ ရဲ့ကိစ္စပဲ ဒီလိုအရှည်ကိုမြင်တတ်တာကိုက ဒီပြင်နိုင်ငံတွေ ဘာသာတွေရဲ့အရည်အချင်းပဲ ဘာသာတိုင်း မွတ်ဆလင်တော့ကြောက်တာပဲ မယုံရင် အိုဘားမားနဲ့ မွတ်ခေါင်းဆောင် တစ်ယောက်တို့ကို စိတ်ကူးနဲ့ ချခိုင်းကြည့် အိုဘားမားသေးတောင်ပန်းထွက်ဦးမယ် သူတို့ကသေရဲ သတ်ရဲတယ် ဗုဒ္ဓဘာသာဘက်က အစစအရာရာမှာအားနည်းတော့ တကမ္ဘာလုံးဝိုင်းနှိပ်ကွပ်နေကြတာ အသားထဲကလောက် ဖအေနာမည်ဖြုတ်ပြီးပြောသင့်တယ် ဒေါ်စုကြည် ကရှေ့ဆုံးက မီးစာကိုင်ပေးနေတာ ဘာအလုပ်ပဲလုပ်လုပ်စာအုပ်ကြီးအတိုင်းလိုက်လုပ်လို့ မရဘူး ကိုယ့်နိုင်ငံအခြေအနေချိန်ညှိလုပ်ရမှာပေါ့ သိသိကြီးနဲ့မသိချင်ယောင်ဆောင်နင်းကန်ပြောနေတာဆိုရင် .......သူ့အန္တရာယ်ကမသေခင် ဘာသာကိုဒုက္ခပေးသွားနိုင်တယ် သန်းရွှေက ဘာသာသာသနာကိုစော်ကားသွားပေမဲ့ ဒေါ်စုကတော့အပြုတ်ဖြုတ်သွားမဲ့ပုံပေါ်တယ်

    ReplyDelete
  4. ကိုသက်တန့်ချိုရေးထားတာကိုလုံးဝထောက်ခံပါတယ်။

    ReplyDelete
  5. ကိုသက်တန့်ချိုပြောတာတွေအားလုံးကိုအပြည့်အဝထောက်ခံပါတယ်။

    မြတ်သန့်

    ReplyDelete
  6. မောင်ဘကြိုင်ကတော့ ဒီပို့စ်ကို လက်မထောင်ပြသွားတယ် ကိုသက်တန့်ရေ ....

    ReplyDelete
  7. သိပ်မှန်ပါတယ်။ကျေးဇူးတင်ပါတယ်

    ReplyDelete
  8. သိပ်မှန်ပါတယ်

    ReplyDelete