Facebook Page မှာမဟုတ်ပဲ Profile မှာ Comment to Comment reply ပေါ်အောင်လုပ်နည်း
ပေ့ခ်ျတွေမှာပဲ ရတယ်လို့ထင်ရတဲ့ Comment to comment reply feature ဟာ တကယ်တော့ Profile တွေမှာလည်းရပါတယ် ။ ဒါပေမယ့် Public တင်တဲ့ပို့စ်တွေမှာသာ ရနိုင်တာပါ ။ Friend only တင်တဲ့ပို့စ်တွေ ရမရတော့မသိပါဘူး ။ မရလောက်ဘူးထင်ပါတယ် ။ ကဲ Public Post တင်တဲ့ပိုင်ရှင်တွေ ၀ါသနာပါသူများအောက်ပါ အတိုင်းစမ်းကြည့်ရအောင် ။
ကွန်ပြူတာပေါ်မှာ ကိုယ်သုံးနေတာ Chrome latest version ဖြစ်ရပါမယ် ။ Mozilla အတွက်လည်းရပေမယ့် အခု Chrome အတွက်ရှင်းပြပေးမှာပါ ။
အဆင့် ၁ ။ ။ အောက်မှာပေးထားတဲ့ လင့် ၂ ခုစလုံးကို ဒေါင်းလုပ်ဆွဲရပါမယ် ။
- Manual Geolocation Download link - https://chrome.google.com/webstore/detail/manual-geolocation/mfodligkojepnddfhkbkodbamcagfhlo
- Ultimate User Agent Switcher Download Link -https://chrome.google.com/webstore/detail/ultimate-user-agent-switc/ljfpjnehmoiabkefmnjegmpdddgcdnpo
အဆင့် ၂ ။ ။ ၂ ခုစလုံးကို Add လုပ်ပြီး Install လုပ်ပြီးတဲ့အခါ ပုံမှာမြင်ရတဲ့အတိုင်း Chrome Menu နားက Manual Geolocation Extension Icon ကို ကလစ်နှိပ်ပါ ။
ပြီးရင် Enable လင့်ကိုနှိပ်ရပါမယ် ။ အကယ်၍ ကိုယ့်ဆီမှာ Disable လို့ပေါ်နေပြီးသားဆိုရင် လုပ်စရာမလိုပါဘူး Enable ဖြစ်ပြီးသားပါ ။ New Zealand ဆိုပြီး ရိုက် Search နဲ့ရှာလိုက်ပါ ။ မိုးရေစက်ပုံ အနီလေးထဲမှာ အမဲစက်လေးနဲ့ New Zealand ကိုထောက်ပြထားပြီးတွေ့ပြီဆိုရင်ရပြီ ။
အဆင့် ၃ ။ ။ Manual Geolocation Extension ကို Enable လုပ်ပြီးပြီဆိုရင်တော့ နောက်ထပ် Ultimate User Agent Switcher ကို Activate လုပ်ဖို့လိုပါတယ် ။ ပုံမှာပြထားတဲ့အတိုင်း မျှားအနီဝိုင်းလေးကို ကလစ်နှိပ်ပါ ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Activate Now!! ဆိုတာကို အမှန် Tick လုပ်ပေးပါ ။
အဆင့် ၄ ။ ပြီးရင်တော့ new tab ကိုဖွင့်ပြီး အောက်ပါလင့်ကိုသွားလိုက်ပါ ။
အဆင့် ၅ ။ ။ Tablet တွေမှာတွေ့ရတဲ့ Interface မျက်နှာပြင်လိုမျိုးတွေ့ရပါလိမ့်မယ် ။ Check in ကိုနှိပ်ပါ ။ New Zealand နားတ၀ှိုက်ကို အော်တိုရှာပေးပါလိမ့်မယ် ။ တစ်ခုခုကိုရွေးလိုက်ပါ ။ ဥပမာ Coastlands Mall ပေါ့ ပြီးရင် Only me နဲ့ Status တစ်ခုတင်လိုက်ပါ ။
အဆင့် ၆ ။ ပြီးရင် New Tab ဖွင့်ပြီး ပုံမှန် ဖေ့ဘုတ်စာမျက်နှာကိုသွားပါ ( www.facebook.com ) ပြီးတဲ့အခါ သင်တင်ချင်တဲ့စာကို Public Post နဲ့တင်လိုက်ပါ ။
Amazing !! You are now successfully installed Comment To Comment Reply :D
မူရင်း Trick မှာပြောထားတာကတော့ နေ့စဉ်ကိုယ့် Ultimate User Agent Switcher ထဲကနေပြီး Activate လေးနှိပ်ဖို့လိုပါတယ် Activate မဟုတ်ရင် Comment to Comment Reply ရမှာမဟုတ်ပါဘူး ။ ပြီးရင် touch.facebook.com ကို ၀င်ပြီးတစ်နေ့တစ်ခါလောက်တော့ Only me လေးနဲ့ Check in ၀င်ပေးဖို့လိုပါသတဲ့ ။ ( ဒါက နောက်တစ်နေ့ရောက်တဲ့အခါ Comment to comment reply ပျောက်သွားရင်လုပ်ရမှာကိုပြောတာပါ .. တစ်ခါလုပ်ပြီးမပျောက်သွားဘူးဆိုရင်တော့အိုကေတာပေါ့ )
Credit: Arjun, Cryptlife and 99tricks
သက်တန့်ချို ဝေမျှသည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
ရောက်ခဲ့တယ် မောင်သက်တန့်ရေ...မမြင်တာကြာပေါ့
ReplyDeleteနည်းပညာလေး လေ့လာသွားတယ်...
မေတ္တာဖြင့်
တီတင့်