Friday, May 2, 2014

နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး


နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး

၁ ။ သင့်ချစ်သူနဲ့အတူထမင်းစားပြီးလို့ သူလေချဉ်တက်တဲ့အခါ ဆောရီးလို့ သူမပြောမိတဲ့အခါ
သင် ခွင့်လွှတ်နိုင်ရဲ့လား

၂ ။ သင့်ချစ်သူနဲ့အတူ အဲကွန်းအခန်းထဲမှာ အတူ ရုပ်ရှင်ကြည့်လို့ သူ လေလည်တဲ့အသံ ကို
သင် သည်းခံနိုင်ရဲ့လား

၃ ။ သင့်လက်မောင်းပေါ်အိပ်နေတဲ့ သင့်ချစ်သူနှုတ်ခမ်းတွေဆီက သွားရည်တွေကျလာတဲ့အခါ
သင် အချစ်ဆိုတာ ကို ဆက်တွေးနေမိရဲ့လား

၎ ။ သင့်ချစ်သူနဲ့အတူ အသုပ်စားပြီးတဲ့အခါ သူ့သွားမှာ ငရုတ်သီးဖတ်ကပ်နေတဲ့အခါ
သင် ကြင်ကြင်နာနာနဲ့ ဖယ်ပေးချင်ရဲ့လား

၅ ။ သင့်ချစ်သူရဲ့ ဆံနွယ်တွေကိုနမ်းရှိုက်တဲ့အခါ သူ့ဦးခေါင်းထက်က နေလောင်ထားတဲ့ အနံ့တွေရှူရှိုက်မိတဲ့အခါ
သင် ဆက်ချစ်နေသေးရဲ့လား

၆ ။ သင့်ချစ်သူ ရေချိုးပြီးတဲ့အခါ ဆပ်ပြာတုံးပေါ်ကျန်ခဲ့တဲ့ ဆံပင်ချည်တွေကိုမြင်ရတဲ့အခါ
သင် ခွင့်လွှတ်သည်းခံနိုင်ရဲ့လား

၇ ။ သင့်ချစ်သူ က လိုချင်တာတွေ အရမ်းပူဆာနေတဲ့အခြေအနေကိုကြုံရတဲ့အခါ
သင် နားလည်ခွင့်လွှတ် ဖြေရှင်းနိုင်ရဲ့လား

၈ ။ သင့်ချစ်သူ ခံတွင်းနံ့က သွားမတိုက်မိလို့ သွားပုပ်နံ့တွေရနေတဲ့အခါ
သင် မျက်လုံးထဲ သူ့အပြုံးတွေ လှနေသေးရဲ့လား

၉ ။ သင့်ချစ်သူ ခန္ဗ္ဓာကိုယ်ကထွက်လာတဲ့ ချွေးနံ့တွေတအားပြင်းတဲ့အခါ
သင် သူ့ကို အချိန်တိုင်း သတိရနေသေးရဲ့လား

၁၀ ။ သင့်ချစ်သူ နေမကောင်းတဲ့အခါ ဆီးဝမ်းထမသွားနိုင်လို့ သင်ကူညီရတဲ့အခါ
သင် ... သူ့ကို ချစ်သေးရဲ့လား

အထက်ပါမေးခွန်းတွေအရင်ဖြေကြည့်ပါဦး နတ်သမီးလောက်ပဲ ချောမောပါစေ နတ်သားလောက်ပဲခန့်ငြားနေပါစေ
သင့်ချစ်သူမှာ အထက်ပါအခြေအနေတွေ သင်တစ်နေ့ကြုံလာရတဲ့အခါ ..
ငြိုငြင်မှုလေး စိတ်ကွက်မှုလေးလုံးဝမဖြစ်ပါဘူးလို့ သင်အာမခံနိုင်ရဲ့လား

နောင်ဘ၀အထိဆက်ချစ်မှာ .. သိပ်ချစ်လိုက်တာလို့ အပြောမစောပါနဲ့ဦး ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

14 comments:

  1. I am with my spouse for 21 years and still I love my other half even we come across above facts.

    ReplyDelete
  2. အာမခံနိုင်ပါတယ် ခင်ဗျာ .... မချစ်ခင်ကတည်းက ကြိုတွေးခဲ့တာမို့ပါ...

    ReplyDelete
  3. ဘဝမှာ အချစ်ကိုတန်ဖိုးမထားသူတွေအတွက်

    ReplyDelete
  4. နားလည်မှုဖြင့်သာ ဘဝကိုတည်ဆောက်တာကောင်းပါတယ်

    ReplyDelete
  5. ချစ်တက်အောင် သင်ပေးသူကိုပဲအပြစ်တင်ပါ

    ReplyDelete
  6. ချစ်တက်အောင် သင်ပေးသူအပြစ်

    ReplyDelete
  7. ချစ်သူအပြစ်

    ReplyDelete
  8. နားလည်မှုရှိရင်အဆင်ပြေပါတယ်

    ReplyDelete
  9. တကယ်​ချစ်​ရင်​ဘာမဆိုခွင့်​လွှတ်​နိုင်​ရမယ်​​လေ

    ReplyDelete
  10. တကယ်​ချစ်​ရင်​သူဘာဘဲဖြစ်​ဖြစ်​နားလည်​​ပေးနိုင်​ရမယ်​​လေ

    ReplyDelete
  11. သည်းခံရမှာပေါ့နော်

    ReplyDelete
  12. တစ်ဝက်တော့မှန်တယ်

    ReplyDelete