Thursday, February 26, 2015

မေတ္တာဖြင့် ချည်နှောင်ခြင်းနှင့် ရှင်ဘုရင်တစ်ပါးရဲ့ ချစ်ပုံပြင်

ဒီနေ့ ကိုသုတ ရဲ့ Synergy Publication ကနေထုတ်တဲ့ မနိုင်းနိုင်းစနေနဲ့ ပူးတွဲ ရေးသားထားတဲ့ မေတ္တာဖြင့် ချည်နှောင်ခြင်းနှင့် ရှင်ဘုရင်တစ်ပါးရဲ့ ချစ်ပုံပြင်ဆိုတဲ့စာအုပ်ကလေး လက်ဝယ်သို့ရောက်ရှိလာခဲ့ပါပြီ ။

အလုပ်တွေပိနေတာကတကြောင်း စာရေးဖို့ mood သိပ်မ၀င်သေးတာကတစ်ကြောင်းကြောင့် အခုတလောစာသိပ်မရေးဖြစ်ခဲ့ဘူး ။ မနိုင်းရဲ့ အကြံပေးမှုနဲ့ တို့တွေ စာအုပ်တစ်အုပ်လုပ်ကြရအောင်ဆိုတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို ၀မ်းသာအားရလက်ခံခဲ့ပါတယ် ။
မနိုင်းဟာ ဟိုးအရင် ဘလော့ဂ်တွေမှာ စာစရေးကတည်းက ကျွန်တော် လေးစားအတုယူခဲ့ရတဲ့ စာရေးသူတစ်ယောက်ပါ ။ အထူးသဖြင့် စကားလုံး သုံးနှုံးဖွဲ့သီပုံတွေကို နှစ်သက်ရတာကြောင့် အမြဲလိုလို စာဖတ်ပရိတ်သတ် ဖြစ်ခဲ့ပါတယ် ။

အခု လို ကိုယ်နှစ်သက်တဲ့ စာရေးသူတစ်ယောက်နဲ့ အတူပူးတွဲပြီး စာအုပ်တစ်အုပ်အပေါ်မှာ ပုံနှိပ်ခွင့်ရတာ ပြောမပြတတ်အောင်ဝမ်းသာလှပါတယ် ။ ပထမဆုံး မနိုင်းနိုင်းစနေနဲ့ ကိုသုတ ( ထုတ်ဝေသူ ) ကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

စာရေးသက်နုနယ်ပြီး စာရေးကျဲတဲ့ ကျွန်တော့်စာတွေက တကယ်တော့ပြီးပြည့်စုံတဲ့အဆင့်ကိုမရောက်သေးပါဘူး ။ လိုအပ်ချက်များစွာ ရှိခဲ့ပါတယ် ။ ကျွန်တော့်ကို လက်တွဲပြီး အခုလို စာပေခရီးကို ဖေးမခေါ်ဆောင်ပေးတဲ့ အတွက် အလွန်ပဲဝမ်းသာမိပါတယ် ။

၂၅.၂.၂၀၁၅ မနေ့ကတည်းက ဒီစာအုပ်လေးကို ဖြန့်ချီခဲ့တယ်လို့သိရပါတယ် ။  အားပေးကြပါဦး စာဖတ်သူများခင်ဗျာ စာအုပ်ဆိုင်တွေတိုင်းမှာ ရရှိနိုင်ပါတယ်ခင်ဗျာ ။

ချစ်ခြင်းများစွာဖြင့်

သက်တန့်ချို 
26//2/3015

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

3 comments:

  1. ခုနက ကွန်မန့် ဘယ်ရောက်ပြီ မသိ။ congratulation နော် မောင်လေး။ စာအုပ်မျက်နှာဖုံးကို သေချာမှတ်သွားပါပြီ၊ ရှာဝယ်ဖတ်မလို့။ pdf ဖိုင်လ်ရှိရင် ပို့ပေးနော်။ မရှိရင်လည်း နေပစေ။ အစ်မက net နဲ့ myanmar language တို့ ဝေးရာ ခဏခဏ ရောက်နေတယ်။ မနိုင်းဘလော့ဝင်ချင်တယ်။ တနှစ်လောက် ရှိရော့ပေါ့။ အစ်မကို နည်းလမ်းပေးပါဦး။ ဒီဇင်ဘာမောင်လေး ကျန်းမာပျော်ရွှင် တိုးတက်အောင်မြင်ပါစေ

    ReplyDelete
  2. ကွန်မန့်ပေးတိုင်း ပြန်ပျောက်ပျောက်သွားတယ်။းဝ
    မလွယ်ရေးချ ဖြစ်နေပြီ။ အစ်မ မောင်လေးစာအုပ်ဖတ်ချင်လို့လေ။ မနိုင်းဘလော့ကလည်း ဝင်မရဘူး။း(

    ReplyDelete
  3. သက်တန့်ချို က အရင်တုန်းက ကျေးကျွန် ဆိုတာလားဗျာ

    ReplyDelete