Friday, October 4, 2019

ဘဝဖတ်စာ



လူ့ဘ၀ဆိုတာ ဒီလိုပါပဲ



-----------------------------

" နေရောင်ခြည်ပျောက်ကွယ်သွားလို့ ဘယ်တော့မှ မငိုပါနဲ့
မျက်ရည်တွေ ဖုံးလွှမ်းနေရင် ညဖက်ကောင်းကင်က ကြယ်တွေကို မြင်ရတော့မှာ မဟုတ်ဘူး " တဲ့

ဘဝမှာ အခက်အခဲနဲ့ ရှုံးနိမ့်မှုတွေကြောင့် အကြိမ်ကြိမ်လက်လျော့ဖို့ စဉ်းစားမိပြီလား
ဒါဆို မနက်ဖြန်ရဲ့ နေရောင်ခြည်ကို သင်ဘယ်မြင်ရတော့မလဲ

လူ့ဘဝဆိုတာ ဒီလိုပါပဲ

- နာကျင်မှုတွေက ခံနိုင်ရည်ရှိအောင်သင်ပေးတယ်
- ရှုံးနိမ့်မှုတွေက သင်ခန်းစာတွေကို သင်ပေးတယ်
- ဒါဏ်ရာတွေက  နောက်တစ်ကြိမ်မထိခိုက်အောင် သတိပေးတယ်

တစ်ခါလွှတ်ချမိတဲ့သူဟာ အကြိမ်ကြိမ်လွှတ်ချရလေ့ရှိတယ်
သင့် စိတ်ခွန်အားနဲ့ မာကြောတဲ့စိတ်ဓါတ်ကို ဘယ်တော့မှ မလွှတ်လိုက်ပါနဲ့ ။

-----------------------------

သက်တန့်ချို
4-Oct-2019

Read More - thettantcho.blogspot.com

No comments:

Post a Comment